ရွှေတောင်နန္ဒသူ
မွေ့နန်းရကန် - နိဂုံး
ဂဝံပတေ့ ရသေ့ဆရာ ကျမ်းအလာမူ ကာလကဏ္ဍီ ဂမုန်းနီကတိုး မွှေးမျိုးများစွာ နံ့သာကရမက် ယင်သေဖက်မှာ ထည့်စွက်၍လောင်းတုံ ဆင်မုန်နှစ်ပါး ပြဒါးသံလိုက် ဆေးသိုက်ရှိတိုင်း ဉာဏ်ရိုင်းသည့်ဆရာ မြင်းသီလာထပ်လောင်း ဖယောင်းပျားသွန် စီမံသည်တခြား ရုပ်ထားပုံနှိပ် ကျိတ်လိပ်သေယတြာ ခြေရာမြေကောက် အလျောက်ရုပ်ထွေ နတ်စေနတ်တွန်း စရိတ်များပွန်းအောင် မီးထွန်းအင်းချ တချို့ကသော်လည်း တော်မိကြထင့် တေဇပွင့်ငုံ မြို့ဒဂုံမှာ ကြေးမုံမျက်နှာ မင်းနန္ဒာ၏ ရတနာအသက် သန်လျင်ဘက်မှာ ဖြူညက်နှစ်နှော အိပ်မက်ဇောမျှ မော၍ဟိုက်ပန်း မယ်နွန်းရိုးရိုးကို လူကိုစင်ထား မိုးသကြားမှ ဖျားလုဖျားချင် မြင်တိုင်းချစ်လို့ မေတ္တာဝင်သည် မိန်းမတွင်ဂုဏ်ထင်သည့် ယဉ်ခေါင်ကြူးလေ ။
Subscribe to:
Post Comments (Atom)
-
ဂုဏ်တော် ကွန်ချာ ၁၊ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ ...
-
ဓဇဂ္ဂသုတ် (ပါဠိ + အနက်) ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်...
-
ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။ သားတွေအ...
No comments:
Post a Comment