အလင်းရောင်၏ အောက်၌ [မြင့်သန်း]
“ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းလည်း
မနေ့ကနဲ့ကွာ၊ မနေ့ကလို မနာတော့ပြီ…”
~ စိုင်းခမ်းလိတ်၊ အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ
အကုန်လုံး ဖွေးဖွေးဖြူနေတာပဲ။ နံရံ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်တွေ အားလုံးက အဖြူရောင်ဆိုတော့ အခန်းတစ်ခုလုံး ဖွေးနေတယ်။ လင်းလက်နေသလိုပဲ။ အပြင်ဘက်မှာတော့ မိုးလင်းနေပြီလားမသိဘူး။ မိုးလင်းရင် အလင်းရောင်ရလာလို့ အမှောင်ပျောက်သွားလိမ့်မယ်။ အခန်းထဲမှာတော့ သိပ်ထူးမှာမဟုတ်ဘူး။ မှောင်သွားမှာစိုးလို့ အခန်းထဲမှာ အမြဲတမ်း မီးဖွင့်ထားတယ်။ အမြဲတမ်း အလင်းရောင်ရှိနေတယ်။ မကြာခင်ပဲ သူနာပြုကိုချစ်စိန် ရောက်လာတယ်။ ထုံးစံအတိုင်း ဆရာကြီး နေထိုင်ကောင်းရဲ့မဟုတ်လားလို့ပြောပြီး ပြတင်းပေါက်က အခန်းစည်း ဖယ်လိုက်တယ်။ နောက် ပြတင်းပေါက်ကိုဖွင့်တယ်။ ဟုတ်တယ်၊ အပြင်ဘက်မှာလည်း လင်းထိန်နေပြီ။ လေအေးကလေး၊ တိုးဝင်လာတယ်။ မနက်ခင်းလေလို့ ခေါ်ချင်ခေါ်ကြလိမ့်မယ်။ မှောင်ထဲမှာ ထိုင်နေရင်း လေတိုးခံရရင် ဘယ်လိုနေမလဲ၊ ညဘက်မှာတိုးလာတဲ့ လေပြေလေးနဲ့ ဘာကွာသလဲ စဉ်းစားကြည့်နေမိတယ်။ ကိုချစ်စိန်က မနက်စာလည်းယူလာတယ်။ မနက်စာဗန်းထဲကို စားပွဲကလေးမှာချလိုက်ပြီး ပြင်နေတယ်။ မနက်စာစားရင်း သောက်ရမယ့်ဆေးတွေကို ပလတ်စတစ်ခွက်ကလေးထဲမှာထည့်ပြီး စားပွဲပေါ်မှာတင်ထားတယ်။ ဒီနေ့စပြီး ဟိုဆေးတစ်ခုမပါတော့ဘူးလို့ ကျွန်တော့်ကိုမကြည့်ဘဲ လှမ်းပြောလိုက်တယ်။ သူပြောလိုက်ပုံက ၀မ်းသာစရာလိုပဲ။ ဆေးတစ်လုံးမသောက်ရရုံနဲ့တော့ ကျွန်တော့်မှာ ဘာမျှဝမ်းသာစရာမရှိဘူးထင်တယ်။ ၀မ်းသာတယ်၊ ၀မ်းနည်းတယ်ဆိုတာက ခံစားချက်ရှိမှ။ ကျွန်တော့်မှာ ခံစားချက်မရှိတာကြာပြီ။
ကိုချစ်စိန်က မျှော်လင့်ချက်ဆိုတာကို ယုံတယ်။ အရင်တုန်းက သူက ဆေးတပ်ထဲမှာ အလုပ်လုပ်ဖူးတယ်။ စစ်မြေပြင်မှာ သူကိုယ်တိုင်ဒဏ်ရာရတော့ တခြားရဲဘော်တစ်ယောက်ကကယ်လို့ အသက်ရှင်တာ။ ဒီတော့သူက အသက်ရှင်နေဖို့ဆိုတာ မျှော်လင့်ချက်နဲ့ နေတတ်ဖို့ပဲလို့ မြင်တယ်။ အသက်ရှင်နေတာဟာ အခွင့်အရေးတစ်ခုပဲလို့ မြင်တယ်။ စိတ်ရင်းက သိပ်ကောင်းတဲ့လူ။ တပ်ကနေထွက်ပြီး ဒီမှာ သူနာပြုဝင်လုပ်နေတယ်။ အရင်ကဒဏ်ရာကြောင့် လမ်းလျှောက်ရင် နည်းနည်းဖြေးတာကလွဲလို့ ဘာမှပြောစရာမရှိဘူး။ ဆေးရုံအုပ်ကြီးက ဒါကျုပ်မိတ်ဆွေဗျ သူ့မှာ ဘာဆွေမျိုးမှမရှိဘူး။ ခင်ဗျားဂရုစိုက်ပါလို့ပြောပြီး သူ့ကိုအပ်ထားတာ။ ဒီတော့လည်း သူက ကျွန်တော့်ကို အစ်ကိုကြီးလို၊ ဦးလေးလိုမျိုးသဘောထားပြီး ဆက်ဆံတယ်။ ဘာမှလိုလေသေးမရှိအောင်ပဲ။ ကျွန်တော်မနက်စာစားတိုင်း သူက ထိုင်ပြီး စကားပြောလေ့ရှိတယ်။ ဘာရယ်တော့မဟုတ်ဘူး။ ကြုံရာပဲ။ ဆရာဝန်ကြီးကမှာထားလို့ ကျွန်တော်စိတ်အနှောင့်အယှက် ဖြစ်မယ့်ဟာမျိုး မပြောဘူး။ တကယ်လို့ သူပြောလည်း ကျွန်တော့်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်မှာမှ မဟုတ်ပဲ။ ခံစားချက်မရှိတော့ဘူးဆိုမှတော့ ဘယ်လိုလုပ်စိတ်ထဲမှာ အနှောင့်အယှက်ဖြစ်တော့မှာလဲ။
ကျွန်တော်မနက်စာစားပြီးမှ လင်ဗန်းကိုသိမ်းရင်း ကိုချစ်စိန်က မေးလေ့ရှိတယ်။ ဒီနေ့ ဘယ်သူများ ဆရာကြီးကို လာတွေ့ဦးမလဲတဲ့။ ဒီနေ့တော့ ကျွန်တော့်ခေါင်းထဲမှာ မောင်ဝဏ္ဏကို သတိရလိုက်မိတယ်။ မောင်ဝဏ္ဏများ လာမလားမသိဘူး၊ မလာတာကြာပြီလို့ ပြောလိုက်မိတယ်။ ကိုချစ်စိန်က သူ့ကို အလမ္ပာယ်ဆရာလို့ညွှန်းရင်း ခေါ်လေ့ရှိတယ်။ ကျွန်တော့်တပည့်တွေထဲမှာ သူက ထူးခြားတယ်။ မြွေအလမ္ပာယ်ပြစားတယ်။ တစ်ခါက မင်းအလုပ်က အန္တရာယ်များလှပါသကွာလို့ ကျွန်တော်ကပြောဖူးတယ်။ ဒီတော့ သူက အသက်ရှင်နေရတာကကော အန္တရာယ်မများဘူးလားဆရာလို့ ပြန်မေးတယ်။ သေသေချာချာတွေးကြည့်ရင် သူမေးလည်း မေးစရာပဲ။ အသက်ရှင်နေတယ်ဆိုတာက မသေသေးလို့ကိုး။ သေတယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။ အသက်ရှူသွင်း ရှူထုတ်လုပ်နေရင်း အသက်ဆိုတာက ကိုယ့်ဆီကနေ အချိန်မရွေး ထွက်သွားနိုင်တာပဲ။ ဒီတော့ အသက်ရှင်နေတာကိုက အန္တရာယ်ရှိနေတာပဲပေါ့။ ဟုတ်တော့ဟုတ်တယ်။ သူပြောသလို အဆိပ်ရှိတဲ့ မြွေပွေးမြွေဟောက်က ပခြုပ်ထဲမှာနေတုန်း ကိုယ့်ကို အန္တရာယ်ပေးတာမဟုတ်ဘူး။ အသက်ဆိုတာ ရှင်နေသရွေ့ ဘယ်တော့များသေမလဲဆိုပြီး အန္တရာယ်ကို မျှော်နေရသလိုပဲ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ အလမ္ပာယ်ပြရင်း မြွေပွေးကို မျိုပြသတဲ့။ ရင်ထဲရောက်တော့ မြွေပွေးက ပူလို့ထင်တယ်၊ ထပေါက်လိုက်လို့ သေရောတဲ့။ ကျွန်တော်ဒီဆေးရုံရောက်နေတဲ့ ခြောက်လခုနစ်လအတွင်းမှာတော့ မကြာမကြာလာတွေ့ပြီး စကားပြောလေ့ရှိတယ်။ ဒီနေ့မှာများ သူလာခဲ့ရင်တော့ မလာနဲ့တော့ကွာလို့ ပြောရဦးမယ်။
ကိုချစ်စိန်က ကုတင်ပေါ်က အိပ်ယာခင်းကို အတင်းဆွဲဆန့်နေတယ်။ ကျွန်တော်ကတော့ အပြင်ဘက်ကို ငေးနေမိတယ်။ ကျွန်တော့်ပြတင်းပေါက်ကနေ တွေ့ရတတ်တဲ့ ကန်စောင်းဆီက ဘဲတစ်သိုက်ကို မတွေ့ရတာကြာပြီ။ ကိုချစ်စိန် ရေဘဲတွေ မတွေ့ရတာကြာပြီဗျာ။ ဘယ်ရောက်ကုန်ပြီလဲလို့ ကျွန်တော်ကမေးတော့ ကိုချစ်စိန်က ဆောင်းဝင်ပြီလေ ဆရာကြီးရယ်၊ နွေးတဲ့ဆီပြောင်းကြပြီထင်တယ်လို့ ဖြေတယ်။ အတော်ကြာတော့မှ အပင်တွေအရောင်ပြောင်းစပြုလာတာ ဆရာကြီးသတိမထားမိဘူးထင်တယ်လို့ ထပ်ပြောတယ်။ ဒီတော့မှ ကျွန်တော်လည်း အပင်တွေကိုကြည့်လိုက်မိတယ်။ သတိမမူ ဂူမမြင်ဆိုတာကိုပဲ ကိုချစ်စိန်ရယ်လို့ ကျွန်တော်က အပြင်ဘက်ကိုဆက်ကြည့်နေရင်း လှမ်းပြောလိုက်တယ်။ သစ်ပင်တွေအများကြီး အရောင်ပြောင်းသွားတာ ကျွန်တော်မမြင်ဘူး။ ရေဘဲကလေး လေးငါးကောင် ပျောက်သွားတာကိုတော့ ကျွန်တော်သတိထားလိုက်မိတယ်။ အော် လူ့စိတ်ဟာ အတော်ဆန်းပါကလား။ စိတ်ဆိုတာထက်၊ သိပုံ, သိနိုင်ပုံတွေဟာ ဆန်းပါလားလို့ တွေးကြည့်နေမိတယ်။ လှည့်မကြည့်ပေတဲ့ ကိုချစ်စိန်တစ်ယောက် ကျွန်တော်ထိုင်နေတဲ့ ကုလာားထိုင်နောက်နားဆီမှာလာပြီး ရပ်နေမှန်း သိလိုက်မိတယ်။ သွားတော့မှာလား ကိုချစ်စိန်လို့ ကျွန်တော်က လှည့်မကြည့်ဘဲ မေးလိုက်တယ်။
သွားဦးမယ် ဆရာကြီး။ ဆရာကြီးနဲ့ နှစ်ခန်းကျော်က ရုပ်စုံဆရာကြီးဆီ သွားဦးမှ။ သူကလည်း ဆရာဝန်ကြီးမိတ်ဆွေပဲ။ ဆရာကြီးလိုပဲ စောင့်ရှောက်ဖို့ ဆရာဝန်ကြီးက မှာထားတယ်။ ဆရာကြီးနဲ့လည်း ရင်းတယ်မဟုတ်လားလို့ ကိုချစ်စိန်က ပြန်ဖြေတယ်။ ရင်းပါတယ်၊ အေးကွာ စောင့်ရှောက်ပါ၊ သူက အနုပညာသမားဆိုတော့ နူးညံ့တယ်ကွလို့ ကျွန်တော်က ပြောလိုက်တယ်။ ဟုတ်တယ် ဆရာကြီး။ မနက်စာဆိုရင် သူနာပြုဆရာမ ချောချောကလေးတွေက ပြင်ကျွေးမှ။ ကျွန်တော်တို့ ကိုမြဟန်တို့ ပြင်ကျွေးရင် မစားဘူး။ ကလေးများလိုပဲ မျက်နှာကြီးစူနေတတ်တယ်။ ခုချိန်လောက်ကျမှ ကျွန်တော်သွားရင် အတော်ပဲ။ မနက်စာစားသောက်ပြီးရင် သူက ကလေ့ရှိတယ်လို့ ကိုချစ်စိန်က ပြန်ဖြေတယ်။ ကျွန်တော်က ပြံုးလိုက်မိတယ်။ ဖိုးကျော်စွာကြီးက ကတုန်းလားကိုချစ်စိန်လို့ မေးလိုက်မိပြန်တယ်။ ကိုချစ်စိန်က ချက်ချင်းမဖြေဘူး။ အတော်ကလေးကြာမှ ခုလိုပြောတယ်။ သူ့ရုပ်သေးရုပ်ကလေးတွေ မရှိတော့ဘူးလို့ပြောပြီး မျက်ရည်ကျတတ်တယ်။ ဘယ်ရောက်သွားလဲလို့ ကျွန်တော်ကမေးရင် ပင်နိုကယိုလိုပဲ၊ အသက်ဝင်ပြီး ငါ့ဆီက ထွက်သွားကြပြီလို့ ပြောတယ်။ ခုတော့ ငါက ရုပ်သေးရုပ်ပြန်ဖြစ်သွားပြီ။ မင်းကြိုးဆွဲပေးစမ်း၊ ငါ, ကမယ်လို့ ပြောလေ့ရှိတယ်။ ကျွန်တော်လည်း သူကျေနပ်အောင် ပါးစပ်ဆိုင်းကလေးနဲ့ ရုပ်သေးရုပ်ကြိုးဆွဲသလို လုပ်ရတာပေါ့။ သူကျေနပ်လောက်တဲ့အထိ ကတယ်။ ပြီးမှ တစ်ခန်းရပ်ကြစို့ဆရာကြီးရေ ဆိုမှ သူလည်း ကုတင်ပေါ် အသာသွားလှဲနေတော့တယ်။ သူ့ကိုယ်သူ ရုပ်သေးရုပ်ကလေးလို့ထင်ပြီး ကနေတာကိုကြည့်တိုင်း ကျွန်တော့်စိတ်ထဲမှာ မချမ်းသာဘူးလို့ ကိုချစ်စိန်က ပြောတယ်။
ဘာလို့လဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ ကိုချစ်စိန်က ချက်ချင်းမဖြေဘူး။ နောက်မှ ဆရာကြီးရာ၊ ဆရာကြီးသိတဲ့အတိုင်းပဲ၊ တစ်ချိန်က ရုပ်စုံဆရာဦးကျော်စွာရယ်ဆိုပြီးနေရာက ခုတော့ သူ့ကိုယ်သူ ရုပ်သေးရုပ်လေးလို့ စိတ်ထဲမှာထင်နေတာဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ဘယ်ချမ်းသာနိုင်ပါ့မလဲလို့ ဖြေတယ်။ မဟုတ်သေးဘူးဗျကိုချစ်စိန်လို့ ကျွန်တော်က စကားစလိုက်တယ်။ ခင်ဗျားအနေနဲ့ သနားစိတ်ဝင်နေပေတဲ့ သူ့ကိုယ်သူ ရုပ်သေးရုပ်ကလေးလို့ စိတ်ထဲမှာထင်ပြီး ကနေတဲ့အချိန်ဟာ သူ့အတွက် အကျေနပ်ဆုံး အသာယာဆုံးအချိန်ပဲ။ ခင်ဗျားက သူ့ဘက်က စဉ်းစားမကြည့်မိလို့ပဲလို့ ကျွန်တော်ကပြောလိုက်တယ်။ ကိုချစ်စိန်က ဘာမှပြန်မပြောဘူး။ အေးလေ ဆရာကြီးပြောတာလည်း ဟုတ်မှာပဲလို့ အတော်ကြာမှ ပြန်ပြောတယ်။ ကိုင်း သွားလိုက်ဦး၊ ခင်ဗျားကိုမျှော်လှရော့မယ်လို့ ကျွန်တော်ကပြောလိုက်တော့ ကိုချစ်စိန်က တစ်ခုခုသတိရလိုက်ပုံပေါ်တယ်။ မနက်စာ ဗန်းယူလာတုန်းက ကိုချစ်စိန်က လွယ်အိတ်ကြီးတစ်လုံး လွယ်လာတယ်။ ဘာတွေများလဲလို့ ကျွန်တော်က မေးမယ်လို့စိတ်ကူးသေးတယ်။ ဒါပေတဲ့ မမေးဖြစ်ဘူး။ ကိုချစ်စိန်က လွယ်အိတ်ထဲက စာအုပ်လေးငါးအုပ်ထုတ်လာပြီး ဆရာကြီးဖတ်ချင်ရင် တစ်အုပ်ယူထားလေလို့ ပြောတယ်။
ကျွန်တော်က ဘာမှမပြောသေးဘဲ ကိုချစ်စိန်ကို ကြည့်နေမိတယ်။ ဒီတော့မှ ကိုချစ်စိန်ကပြောတယ်။ ဆရာဝန်ကြီးက ဆရာကြီးယူလာတဲ့ စာအုပ်တွေထဲက လေးငါးအုပ်ယူသွားချေ၊ သူဖတ်ချင်တာရှိရင် တစ်အုပ်ပေးခဲ့လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်ယူလာတာတဲ့။ ဒီတော့မှ မင်းတို့ဆရာဝန်ကြီးကပဲ ငါ့ကို ဘာစာမှမဖတ်ရဘူးဆို လို့ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်တယ်။ ကျွန်တော် ဒီကိုရောက်လာတော့ စာအုပ်တွေပါလာတယ်။ ဆရာဝန်ကြီးက သုံးလလောက် ဘာမှမဖတ်ရဘူးလို့ တားထားတယ်။ ခုတော့ သုံးလမကတော့ဘူး။ ခင်ဗျား ဘာသာစကားနဲ့ကင်းကင်းနေနိုင်ရင် အကောင်းဆုံးပဲ။ ခဏဖြစ်ဖြစ် နေနိုင်အောင်ကြိုးစားပါလို့ သူက ပြောတယ်။ သူငယ်ချင်းပေတဲ့ သူက ကိုယ့်ဆရာဝန်။ ကိုယ်က သူ့လူနာ။ သူပြောတာ နားထောင်ရမှာပဲ။ ဒီအကြောင်းအရာ၊ ဒီဘာသာရပ်မှာ သူကကျွမ်းတာ။ ကိုယ်က မကျွမ်းတော့ သူပြောတာ နားထောင်ရမှာပဲ။ ဘာသာစကားထဲ နက်နက်ရှိုင်းရှိုင်းရောက်လာလေ၊ ခင်ဗျားနဲ့ပြောစရာလူတွေ၊ ပြောစရာအကြောင်းအရာတွေ များလာမှာပဲ။ အဲဒီလို များလာလေ ခင်ဗျားဘာသာ ပိတ်မိလာလေပဲ။ ဘာသာစကားထဲမှာ ပိတ်မိလာတော့ ခင်ဗျားဟာ ခင်ဗျားရဲ့အတိုင်းအတာကို သိလာတယ်။ ခင်ဗျားရဲ့အတိုင်းအတာကို ခင်ဗျားသိသွားရင် လမ်းဆုံးသွားတာပဲ။ ခင်ဗျားအသက်ရှူနေတာဟာ အသက်ရှင်ဖို့မဟုတ်သလို ဖြစ်သွားတာပေါ့။ ဒီတော့ ခင်ဗျားမှာ ခံစားချက်လည်းမရှိတော့ဘူးလို့ ဆရာဝန်ကြီးပြောခဲ့တာတွေကို ကျွန်တော်သတိရလိုက်မိတယ်။
တစ်အုပ်ရွေးလေဆရာကြီးလို့ ကိုချစ်စိန်ရဲ့အသံ ကြားရတော့မှ အတွေးပြတ်သွားတယ်။ ကိ(စ)ရဲ့ ကဗျာစာအုပ် လှမ်းယူလိုက်တယ်။ ကိုချစ်စိန်က မတိုးမကျယ်နဲ့ တောက်ခေါက်လိုက်တယ်။ ကျွန်တော်လည်း အံ့အားသင့်သွားမိလို့ ဘာဖြစ်လို့လဲကိုချစ်စိန်လို့ မေးလိုက်မိတယ်။ ကိုချစ်စိန်က ခေါင်းခါလိုက်ရင်း၊ စာအုပ်တွေကို ကျွန်တော့်လွယ်အိတ်ထဲ ထည့်နေတုန်းက ဆရာဝန်ကြီးကရပ်ကြည့်နေရင်း သူဘယ်စာအုပ်ရွေးမယ်ထင်သလဲလို့ မေးတယ်။ ကျွန်တော်က မသိဘူးလို့ပြောလိုက်တော့ ဆရာဝန်ကြီးက အခု ဆရာကြီးယူလိုက်တဲ့စာအုပ်ကိုကိုင်ကြည့်ပြီး ဒီစာအုပ်သူဖတ်လိမ့်မယ်လို့ ပြောတယ်။ ပြီးတော့ မင်းနဲ့ငါလောင်းမယ်၊ ဒီစာအုပ်သူရွေးရင် မင်းကငါ့ကို ဘီယာတစ်လုံးတိုက်၊ ဒီစာအုပ်ကို မရွေးဘဲ ကျန်တဲ့လေးအုပ်ထဲက တစ်အုပ်ကိုရွေးရင် မင်းကြိုက်တာ အဝငါတိုက်မယ်လို့ ပြောတယ်။ ကိုချစ်စိန်က စကားပြောတာ ခဏနားလိုက်တယ်။ ငါးအုပ်ထဲကတစ်အုပ်ဆိုတော့ မှားမယ်ဆိုရင် သူက မှားဖို့အခွင့်အရေးများတယ်။ ကျွန်တော်က မှားနိုင်ကိန်းနည်းတယ်လို့ တွေးမိတာနဲ့ ကျွန်တော်လည်း ဆရာကြီးနဲ့ ဘီယာတစ်ပုလင်းလောင်းကြေးကို လက်ခံလိုက်တယ်လို့ ကိုချစ်စိန်ကဆက်ပြောတယ်။ ဘာဖြစ်လို့ ဒီစာအုပ်ကိုရွေးမယ်လို့ သူက ပြောတာလဲလို့ မေးလိုက်တယ်။ ကိုချစ်စိန်က ချက်ချင်းပဲပြန်ဖြေတယ်။ ကျွန်တော်လည်း ဆရာဝန်ကြီးကို မေးကြည့်လိုက်တယ်။ ဆရာဝန်ကြီးက ပြောတယ်။ ဆရာကြီးမှာ ခံစားချက်မရှိတော့ဘူးတဲ့။ ဝေဒနာကို ပြန်တည်ဆောက်ယူရမယ်တဲ့။ ဝေဒနာကိုတည်ဆောက်ဖို့ အကောင်းဆုံးအရာဟာ ကဗျာဖတ်တာပဲတဲ့။ ဟုတ်သလားဆရာကြီးလို့ ပြောရင်းမေးတယ်။
ကျွန်တော် ဘာမှပြန်မဖြေတော့ဘဲ ပြံုးနေလိုက်တယ်။ ကိုချစ်စိန်က စာအုပ်တွေ လွယ်အိတ်ထဲပြန်ထည့်လိုက်ပြီး သူယူလာတဲ့ မနက်စာဗန်းကိုကောက်ကိုင်ရင်း အခန်းဝဘက်ကို လျှောက်သွားတယ်။ အခန်းတံခါးဖွင့်မယ်လို့လုပ်နေရင်း မမအယ်မလီရော လာဦးမလားလို့ မေးပြန်တယ်။ မလာတော့ဘူးထင်တယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ ကိုချစ်စိန်ဟာ အံ့အားသင့်သွားတယ်။ ဗန်းကို အခန်းဝနားက စားပွဲပေါ်မှာတင်ထားလိုက်ပြီး ကျွန်တော်ထိုင်နေတဲ့ ပြတင်းပေါက်နားဆီ ပြန်လျှောက်လာတယ်။ ကျွန်တော်ကလည်း ကဗျာစာအုပ်ဖတ်မယ်လို့တွေးရင်း ကုလားထိုင်ကို ပြတင်းပေါက်ဘက် ကျောပေးလိုက်တယ်။ ကိုချစ်စိန်က ကျွန်တော့်ရှေ့တည့်တည့်မှာရပ်ရင်း မမက ဘာဖြစ်လို့ မလာတော့တာလဲလို့ မေးတယ်။ ကျွန်တော်က ကိုချစ်စိန်ကိုကြည့်ရင်း ပြံုးလိုက်မိတယ်။ ပြီးမှ၊ မင်းကိုငါပြောပြဖူးတာပဲ၊ ပြီးခဲ့တဲ့အခေါက် အယ်မလီလာတုန်းက သူနဲ့ငါ စကားပြောကြတဲ့အကြောင်း မင်းကိုငါပြောပြဖူးတာပဲမဟုတ်လားလို့ ကျွန်တော်ကမေးလိုက်တယ်။ ပြောဖူးပေတဲ့ မလာတော့ဘူးဆိုတာကို ဆရာကြီးကမှမပြောဘဲလို့ သူကပြောတယ်။ ဟုတ်လိမ့်မယ်၊ အသေးစိတ်တော့ ကျွန်တော်ပြောလိုက်မိပုံ မရဘူး။ ဒီဆေးရုံမှာ လာနေရကတည်းက ကျွန်တော့်ဆီပုံမှန်လာစကားပြောကြတဲ့ လူတွေထဲမှာ အယ်မလီလည်းပါတယ်။
အယ်မလီက ကျွန်တော်နဲ့ ငယ်ငယ်တည်းက အတူတူကြီးတာ။ ခုနစ်တန်းလောက်ကတည်းက ဆရာဝန်ဖြစ်ချင်တာ။ ဆရာဝန်မှမဖြစ်ရရင် ဘာမှမဖြစ်တာ အကောင်းဆုံးပဲတဲ့။ သူရည်ရွယ်တဲ့အတိုင်း ဖြစ်တယ်။ ဘာမှမဖြစ်ရတာဟာ ကောင်းတယ်ဆိုတာက ကျွန်တော့်ရည်ရွယ်ချက်။ ကျွန်တော့်ရည်ရွယ်ချက်လည်း အောင်မြင်တယ်။ ကျွန်တော် ဒေါသထွက်နေတဲ့အခါမျိုးတိုင်းလို အယ်မလီက ပြေရာပြေကြောင်းကလေးတွေ ပြောပြတတ်တယ်။ ကျွန်တော်ကတော့ သူနဲ့ဖက်ပြိုင်ပြီး မငြင်းဘူး။ သူက ကျွန်တော့်ကို လမ်းပျောက်နေတဲ့လူလို့ ထင်တယ်။ ဒါပေမဲ့ သူမသိတာတစ်ခုရှိတယ်။ အမှောင်ထဲမှာ ပျောက်ဆုံးနေခဲ့ရင် အလင်းရောင်ရတဲ့အခါ တွေ့လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတယ်။ အလင်းရောင်ထဲမှာ ပျောက်ဆုံးနေခဲ့ရင် ရှာတွေ့ဖို့မလွယ်ဘူး။ လူတိုင်းဟာ ပျောက်ဆုံးနေကြတယ်ဆိုတာကို သူ, မသိဘူး။ ဘယ်မှာပျောက်ဆုံးနေသလဲကို မသိတာက ပိုဆိုးတယ်။ ဟိုတစ်နေ့က စကားပြောပြီးလို့ သူပြန်တော့မယ်လုပ်တော့ သူက မေးတယ်။ ငါ့ကို နင့်ဆီ လာတွေ့စေချင်သေးသလားတဲ့။ ဒီတစ်ခါတော့ ကျွန်တော်လည်း ရဲရဲတင်းတင်းပဲ ပြန်ပြောလိုက်တယ်၊ မလာနဲ့တော့လို့။ သူက ပြံုးတယ်။ ဘာလို့လဲလို့ မေးတယ်။ နင်နဲ့ငါနဲ့ အခုလိုစကားပြောနေကြတာဟာ ငါ့အတွေးထဲမှာ သက်သက်ပဲ။ နင့်အတွက် အချိန်မကုန်ပေတဲ့ ငါ့အတွက် အချိန်ကုန်တယ်။ နင့်လိုပဲ ငါနဲ့လာပြီး စကားပြောတဲ့ လူအတော်များများကိုလည်း မလာကြနဲ့တော့လို့ ပြောလိုက်တယ်။ အတော်များများလည်း မလာကြတော့ဘူး။ နင်လည်း မလာနဲ့တော့လို့ ကျွန်တော်ပြောလိုက်တယ်။
ကိုချစ်စိန်က ကျွန်တော်ပြောတာတွေနားထောင်နေရင်း ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်ကို ငေးနေတယ်။ ရုပ်တရက် သူက နွေဦးရောက်လို့ ကန်စောင်းဆီရေဘဲတွေပြန်ရောက်လာရင် ဆရာကြီး ဒီဆေးရုံမှာ ရှိတော့မှာမဟုတ်ဘူး။ အဲဒီအချိန်လောက်ဆိုရင် ဆရာကြီးလည်း ဘဝရဲ့အလှအပတွေနဲ့ ပြန်ပြီးပျော်မွေ့နေတော့မှာပဲလို့ ပြောတယ်။ အတော်ကလေးကြာအောင် ကျွန်တော်က ဘာမှမပြောဘဲ သူဘာများဆက်ပြောမလဲလို့ စောင့်နေမိတယ်။ ကိုချစ်စိန်က ဘာမှထပ်မပြောဘဲ ရေကန်စပ်ဆီပဲ ငေးနေတယ်။ အတော်ကလေးကြာအောင် ကျွန်တော်တို့အကြားမျာ စကားပြောစရာမရှိကြသလိုပဲ ငြိမ်နေမိကြတယ်။ နောက်တော့မှ ကျွန်တော်ကစပြီး ပြောလိုက်တယ်။ ဘဝမှာ အလှအပရှိတယ်လို့ မင်းထင်သလား။ ငါကတော့ ဘဝဆိုတာ ဝေဒနာတွေနဲ့တည်ဆောက်ထားတာပဲလို့ မြင်တယ်။ ဘဝရဲ့အလှအပဆိုတာဟာ ဘဝရဲ့ဝေဒနာတွေပဲ။ ဝေဒနာဆိုတာ အကောင်းဝေဒနာ၊ အဆိုးဝေဒနာရယ်လို့ ရှိတယ်။ ဝေဒနာဆိုတာနဲ့ အဆိုးချည်းပဲထင်မှတ်ထားလို့မရဘူး။ ကိုချစ်စိန်က ဘာမျှမပြောဘဲ ကျွန်တော့်မျက်နှာကိုကြည့်နေတယ်။ ဝေဒနာပေါ်ပေါက်လာဖို့ ဘာသာစကားလိုတယ်။ ဘာသာစကားဆိုပေတဲ့ ရေးတာ၊ ပြောတာကိုချည်းပဲ ပြောတာမဟုတ်ဘူး။ သဘောကတော့ကွာ ပန်းချီဆရာအတွက် ဘာသာစကားဟာ အရောင်တွေ၊ မျဉ်းကြောင်းတွေလိုပေါ့။ လူတစ်ဦးချင်းစီမှာ သူတို့နားလည်တဲ့ ဘာသာစကားကိုယ်စီ ရှိကြတာပဲ။ အဲဒီဘာသာစကားပျောက်ဆုံးသွားတာနဲ့ လူမှာ ခံစားချက်မရှိတော့ဘူး။ ငါ့မှာ ပျောက်ဆုံးသွားတာကြာပြီ။ အလင်းရောင်အောက်မှာ ပျောက်ဆုံးနေတာမျိုးပဲ။ အခုတော့ ငါသိတဲ့ ဘာသာစကားတွေ ဖြည်းဖြည်းချင်းငါ့ဆီ ပြန်ရောက်လာကြပြီထင်တယ်။
ကိုချစ်စိန်က ခပ်ဖြည်းဖြည်းပြံုးတယ်။ သူပြံုးနေတုန်း ကျွန်တော်ကပဲ ဆက်ပြောလိုက်မိတယ်။ မင်းကိုလည်း ငါ ကျေးဇူးတင်တယ်လို့ ပြောလိုက်တော့ ကိုချစ်စိန် အ့ံသြသွားပုံရတယ်။ ဘာလို့လဲဆရာကြီးလို့ သူက ချက်ချင်းပြန်မေးတယ်။ ငါနဲ့ စကားပြောဖြစ်တဲ့ တကယ့်ဘဝထဲကလူဆိုလို့ မင်းနဲ့ မင်းတို့ဆရာဝန်ကြီးတို့ နှစ်ယောက်သားပဲ ရှိတာပဲ။ ငါ့အတွေးထဲကလူတွေဟာ ငါပြောတာကို နားလည်ကြတယ်။ တကယ့်ဘဝထဲကလူတွေက ငါပြောတာကို နားမလည်ကြသလို သူတို့ပြောတာတွေကိုလည်း ငါသိပ်နားမလည်ဘူး။ ခုတော့ တကယ့်ဘဝထဲကလူတွေနဲ့ ဆက်ဆံနိုင်ဖို့ သူတို့ကိုနားလည်အောင် ငါကြိုးစားကြည့်ဖို့လိုတယ်လို့ ငါမြင်လာတယ်လို့ ကျွန်တော်က ပြောပြလိုက်မိတယ်။ ကိုချစ်စိန်က အားရပါးရပြံုးတယ်။ ကိုင်း ဒါဖြင့် ကျွန်တော်သွားလိုက်ဦးမယ်လို့ပြောရင်း ကိုချစ်စိန်က အခန်းတံခါးဝဘက် လျှောက်သွားတယ်။ အခန်းဝနားရောက်တော့မှ ဘာဖြစ်လို့ ဟိုဆေးတစ်မျိုးကို ဆရာကြီးသောက်စရာမလိုတော့တာ ကျွန်တော်သိပြီလို့ပြောရင်း ခေါင်းညိတ်ပြပြီး အခန်းထဲက ထွက်သွားတော့တယ်။ သူ့ကိုကြည့်ရတာ ကျေနပ်မှုတစ်ခုခုရသွားတဲ့ လူတစ်ယောက်လိုပဲ။ ကိုချစ်စိန်အတွက်တော့ ကျွန်တော်က ဘာဖြစ်လို့ ဟိုဆေးတစ်မျိုးမသောက်ရတော့တာကို သိလိုက်ရတာဟာ ခရစ်သက္ကရာဇ် ၂၀၀၀ ရဲ့ ဒီဘက်မှာ အကြီးမားဆုံး ကြံဆတွေးတောချက်တစ်ရပ် ဖြစ်လိမ့်မယ်ထင်တယ်။
~ မြင့်သန်း
ချင်းတွင်း၊ ဇွန်၊ ၂၀၀၆
Showing posts with label Myint Than. Show all posts

Sunday, September 22, 2013
Wednesday, September 11, 2013
ကာတီရေးနဲ့မိန်းမ (မြင့်သန်း)
ကာတီရေးနဲ့မိန်းမ (မြင့်သန်း)
ဧည့်ခံပွဲလုပ်တဲ့လူက ကျွန်တော်တို့အပေါ်မှာ ကောင်းခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ လောကမှာ အပြန်အလှန်ကူညီတာ၊ စောင့်ရှောက်ရတာဟာ ရေးသားမထားတဲ့ မူတစ်ခု။ ဒီတော့လည်း ကျွန်တော်တို့ အနေနဲ့ သူ အကူအညီလိုနေတာကို ကူညီရမယ့်သဘော။ သူကတော့ တည့်တည့်ချည်း ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မှာ တင်နေတဲ့ ကြွေးကို ချေပစ်ချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့အပေါ်မှာ ထပ်ပြီး သူ အကြွေးတင်လာအောင် လုပ်ထားချင်နေကြတာ။ ဒီတော့မှ ကျွန်တော်တို့လည်း သူ့ကို အသုံးချလို့ ရမှာကိုး။ တစ်နေ့ကတော့ ဂေါက်သီးရိုက်ရင်း သူ့ကိစ္စကိုပြောတယ်။ မင်းလိုချင်တဲ့ အဖြေရဖို့ဆိုရင်တော့ အကူအညီပေးနိုင်တယ်။ ဒါပေတဲ့ တို့ လုပ်ခိုင်းတာကိုတော့ မင်းက လုပ်။ တို့ ဘာလုပ်မယ်ဆိုတာကို အသေးစိတ် မင်းသိစရာမလိုဘူးလို့ သူ့ကိုပြောတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ သူ့အိမ်မှာ ဧည့်ခံပွဲကလေးတစ်ခု လုပ်ဖြစ်သွားတယ်။ အကြောင်းပြချက်ကတော့ အသစ်ရောက်လာတဲ့ သံတမန် တစ်ယောက်ကို ကျန်လူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကောက်တေး(လ်)ပွဲပဲ။ ဒါကလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။
ဒီလိုနဲ့ ကျွန်တော်တို့ လေးယောက်သား သူ့ဧည့်ခံပွဲကို ရောက်လာခဲ့တာပဲ။ ကျွန်တော်တို့ဆိုတာက အေဒရီယံရယ်၊ ပက်ဒီရယ်၊ လူးရယ်၊ ကျွန်တော်ရယ်။ ပက်ဒီနဲ့ လူးတို့ နှစ်ယောက်က မှတ်တမ်းတင် ရုပ်သေ၊ ရုပ်ရှင်ရိုက်တဲ့သူတွေရဲ့ လက်ထောက် လုပ်နေကြတယ်။ အမှန်မတော့ လူးက ကျွန်တော်တို့ ကြည့်ချင်တဲ့လူတွေရဲ့ ပုံတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာ တကယ်ရိုက်တဲ့လူတွေကို ကပ်ပြီး ညွှန်ကြားနေကြတာ။ ကျွန်တော်တို့ကတော့ ဧည့်သည်တော်တွေအဖြစ် လာပေတဲ့ အခန်းထောင့်တစ်နေရာမှာ လိမ္မော်ရည်ခွက်ကိုင်ရင်း မိုးတိုးမတ်တပ်ပဲ။ ယမကာမှီဝဲလို့ မဖြစ်သေးဘူး။ ဒီတော့လည်း ပျင်းလာတယ်။ သူတို့ အသိုင်းအဝိုင်းက ဟန်များကြတယ်။ ဟန်များတယ်ဆိုတာ ဟန်လုပ်နေကြရတာ များတာ။ လုံးလုံးချည်းမသိတာကို သိသလိုလုပ်ပြီး လိမ်နေတဲ့ လူတွေပါသလို သိနေတာကို မသိသလိုလုပ်ပြီး ညာနေတဲ့လူတွေလည်း ပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့လူတွေတော့လည်း မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထောင့် တစ်နေရာက ရပ်ကြည့်ရင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပျင်းပြေအောင် လုပ်နေကြရတယ်။ တခြားတော့ မဟုတ်ဘူး။ တတိယကမ္ဘာက လာကြတဲ့ သံအမတ်ကတော်တွေရဲ့ လူပုံစံ၊ ဝတ်ပုံစားပုံဆိုတာတွေကြည့်ပြီး ပြက်လုံးထုတ်နေမိကြတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ဆယ်ယောက်မှာ ကိုးယောက်လောက်က မဝတ်တတ် မစားတတ်တာများတယ်။ မစားတတ်ဘူးဆိုတာကလည်း မဟုတ်လောက်ဘူး။ အစားကောင်းလို့ ကျားကိုစီး စားလို့မကုန် ပုံကြီးတွေ များတယ်။
ကောင်းတဲ့ဘက်က ရှာကြံပြောပြရရင်တော့ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ထူးခြားတယ်လို့ပဲ ပြောရမှာပဲ။ သူတို့တစ်တွေ အများစုဟာ အထိုက်အလျောက် သံတမန်လောကထဲမှာ ကျင်လည်လာခဲ့ပေတဲ့ တကယ်တော့ သူတို့ယောက်ျားတွေက ပွဲတက်မယားအဖြစ်လောက်ပဲ သဘောထားပြီး ခေါ်ခဲ့ကြပုံရတယ်။ တချို့ တတိယကမ္ဘာက သံအမတ်တွေ ကိုယ်တိုင်ဟာ အကြောင်းကြောင်းကြောင့် သံအမတ်ဖြစ်လာကြတာ။ နိုင်ငံတကာ ဆက်ဆံရေးဆိုတာကို လက်ပူတိုက်သင်ပေးထားလို့ ပြောလို့ဆိုလို့ ကောင်းရုံလောက် သိတာ။ အဓိကလုပ်ကိုင်ပေးနေကြတာက သံတမန်လောကမှာ အရိုးရင့်နေကြတဲ့ သံရုံးက ပထမနဲ့ ဒုတိယ အတွင်းဝန်တွေပဲ။ ပြောရရင်တော့လည်း မကောင်းလှဘူး။ ဆု(တ) Suit ဝတ်တာကို ကြည့်ရုံနဲ့ သင်းတော့ဖြင့် တတိယကမ္ဘာက သံအမတ်ဆိုတာ ပေါ်လွင်တယ်။ ရပ်ကြည့်နေရင်း အေဒရီယံနဲ့ ကျွန်တော်တို့နှစ်ယောက်သား သူတို့ဝတ်ထားတဲ့ ဆု(တ)ကို တန်ဖိုးဖြတ်ကြည့်ကြတယ်။ ဒါကတော့ နှစ်ရာ့ငါးဆယ်တန်။ ဒါကတော့ နည်းနည်း စျေးပိုကြီးမယ်။ နှစ်ရာ့ခုနစ်ဆယ့်ငါး ဒေါ်လာလောက် ပေးရမယ်။ ရှားရှားပါးပါး သုံးရာ့ငါးဆယ်တန်လောက် ဝတ်လာတာ တွေ့ရရင် ဒီငနဲတော့ဖြင့် သံတမန်အသိုင်းအဝိုင်းမှာ အတော်ကလေးကြာခဲ့ပုံရတယ်။ ဒီလို ဆု(တ)မျိုးကို စျေးပေါပေါနဲ့ ဘယ်မှာရတယ်ဆိုတာ သင်း သိပုံရတယ်။ သင်းတော့ဖြင့် သိပ်မဆိုးလှဘူး။ ဒီည ဧည့်ခံပွဲမှာဖြင့် သင်းကတော့ နံပါတ်တစ်ပဲဆိုပြီး ကျွန်တော်တို့အချင်းချင်းပြောရင်း တိတ်တိတ်ဟားနေကြရတယ်။ ဒီကြားထဲ ကြိုးမပါတဲ့ ရှူးဖိနပ်ဝတ်ထားတဲ့ ငနဲ၊ ခရီးဆောင်ဖုန်းကို ခါးထဲချိတ်လာတဲ့ ငနဲပါသေးတယ်။ ဒီလိုမျိုး ရာထူးရာခံနဲ့ လူတွေအဆင့်မှာမပြောနဲ့ သာမန်ညွှန်ကြားရေးမှူးအဆင့် လောက်မှာတောင် ခရီးဆောင်ဖုန်းကို ခါးကြားထဲ မချိတ်ကြဘူဆိုတာ သင်းတို့ သိပုံမပေါ်ကြဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ အရပ်တွေမှာက ရေပိုက်ပြင်တဲ့ ငနဲတွေ၊ အုတ်စီတဲ့ငနဲတွေ။ လူငယ်ပိုင်းတွေက ခရီးဆောင်ဖုန်းကို ခါးကြားထိုးထားရတာ။ သူတို့က လမ်းပေါ်မှာ အနေများတာကိုး။ စီအီးအိုတွေ မပြောနဲ့ တော်ရုံ မန်နေဂျာလောက်၊ ညွှန်ကြားရေးမှူးလောက်ဆိုရင်တောင် အတွင်းရေးမှူးတို့၊ ကိုယ်ရေးအရာရှိတို့ စတဲ့ တပည့်လက်သား အစုံအလင်နဲ့ နေကြတော့ ခရီးဆောင်ဖုန်းကို ခါးကြားထိုးထားစရာမှ မလိုတော့ဘဲ။ လူမြင်မှာစိုးလို့ အတွင်းအိတ်ထဲမှာ ထားကြတာများတယ်။
သံအမတ်ကတော်တွေကတော့ အတော်ပြောရခက်တယ်။ ကြည့်လိုက်တာနဲ့ သူကတော့ဖြင့် တတိယကမ္ဘာက သံအမတ်ရဲ့ မိန်းမပဲဆိုတာ ဘယ်သူကမှ ပြောစရာမလိုလောက်အောင်ပဲ။ ပိန်ပိန်ပါးပါးဆိုတာတောင် အတော်ရှာရလိမ့်မယ်။ ပိန်ပိန်ညှောင်ညှောင် ဆိုပြန်ရင်လည်း လက်ပြင်ကျကျ၊ ခါးကိုင်းကိုင်း ရှေ့ကို ဟပ်ထိုးမလဲရုံပဲ။ နဝဒေးကြီးရေးတဲ့ "ဆောင်ရာဆယ်ဆ သာလွန်းလှ၍ . . " ဆိုတာမျိုးကတော့ တတိယကမ္ဘာက သံအမတ်ကတော်တွေအကြားမှာ အတော်ရှားလိမ့်မယ်။ အများစုကတော့ စားကောင်း အိပ်ကောင်းနဲ့ အဆီတစ်နေတဲ့ လိုက် ဟဲဗီးဝိတ်လောက်ဟာကြီးတွေပဲ။ ရှိတာတွေကိုလည်း အကုန်ထုတ်ဝတ်ကြသေးတာ။ သူတို့ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်၏ မလိုက်၏ဆိုတာကလည်း ထည့်တောင် စဉ်းစားကြပုံ မရဘူး။ ကျောက်တွေ၊ စိန်တွေ အရောင်ကို စုံနေတာပဲ။ ဒီအကြားထဲ အပေါစား ကိုယ်နံ့ပျောက်ဆေးနဲ့ ရေမွှေးအမျိုးကောင်းကောင်းကို မကွဲတဲ့ မိန်းမတွေ ပါလာသေးတယ်။ အကောင်းစား ရေမွှေးရဲ့အနံ့က ဘယ်လိုဆိုတာတောင် သိကြပုံမရဘူး။ ကျွန်တော်က ခပ်တိုးတိုး တောက်တစ်ချက်ခေါက်လိုက်ရင်း ဆကိုးစီ မိန်းမလိုမျိုး တစ်ယောက်လောက်ပါလာရင်တောင် သိပ်မဆိုးလှဘူး။ မျက်စိအပျင်းပြေလောက်တယ်လို့ ပြောလိုက်တော့ အေဒရီယံက ပြုံးတယ်။ ဟိုဟာမက မော်ဒလ်ကလာတာလို့ သူက ပြန်ပြောတယ်။ မော်ဒလ်ဆိုတာ ငါလည်း သိပါတယ်။ ငါပြောချင်တာက အဒက်(ပ)တေးရှင်းအကြောင်း။ ဒီအသိုင်းအဝိုင်းထဲ ရောက်လာရင် ဘယ်လိုဝတ်စားရတယ်ဆိုတာကတော့ လေ့လာယူရမှာပေါ့ကွာ။ အရင်က စျေးသည်ပဲ လုပ်လာ လုပ်လာ ကျောင်းဆရာမတို့ သူနာပြုဆရာမတို့ လုပ်လာလုပ်လာ ဒီအသိုင်းအဝိုင်းမှာ ဒီလိုဆိုတာမျိုးကို ပုံတူကူးရမှာပဲ။ သူတို့တိုင်းပြည်မှာ သူတို့ဘာသာ ဘာလုပ်လုပ် ဘယ်လိုနေနေ တစ်ပြည်တစ်ရွာမှာ သူတို့ ယောက်ျားတွေရဲ့ အသိုင်းအဝိုင်းထဲမှာတော့ သူတို့ရဲ့ ပါဝင်ပတ်သက်မှုဟာ အရေးကြီးတာပဲ။ အထူးသဖြင့် အဝတ်အစားတင်မကဘူး။ ဝတ်တတ် စားတတ်တာဟာ သိပ်အရေးကြီးတယ်ဆိုတာ ဒီမိန်းမတွေသိဖို့ ကောင်းတာပေါ့လို့ ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ အေဒရီယံက ခေါင်းညိတ်တယ်။ ပြီးမှ ဟိုမှာလို့ပြောပြီး မသိမသာမေးငေါ့ပြတယ်။ ငါ့အထင်တော့ ဒီညအတွက် သူက ပထမပဲ။ ဝိတ်ကတော့ ဆူပါဟဲဗီးဝိတ်။ ဝတ်ထားတာက ရွှေရောင်တောက်တောက်။ လည်ပင်းမှာ၊ နားရွက်မှာ ဆွဲထားတာတွေကတော့ စုစုပေါင်း တွက်လိုက်ရင် တစ်ကီလိုလောက် လေးမလားပဲ။ သူက ဆက်ပြောတယ်။ ကျွန်တော်က မင်းပြောတာ မှန်တယ်ဆိုတဲ့သဘောနဲ့ အသာပဲ လက်မထောင်ပြလိုက်တယ်။ ကြိတ်ပြံုးမိကြတယ်။
ကော့ပရိတ်လူကြီးတွေ၊ ကုန်သည်ကြီးတွေရဲ့ မိန်းမတွေကျတော့ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ဘယ်အရပ်က ကော့ပရိတ်လူကြီးဖြစ်ဖြစ် ဘယ်အရပ်က ကုန်သည်ကြီးဖြစ်ဖြစ် သူတို့ရဲ့ မိန်းမတွေကတော့ မျက်စိကျလောက်တာချည်းပဲ။ အဓိကကတော့ စတိုင်ကျတာပဲ။ အင်္ဂလိပ်လိုပြောရင်တော့ grooming ရှိတယ်လို့ ပြောရမှာချည်းပဲ။ ဒီလူကြီးတွေနဲ့ စာရင်တော့ သူတို့မိန်းမတွေက ငယ်ကြတာ များတယ်။ တချို့ကတော့ အတော့်ကို အသက်ကွာတယ်။ ကွာတော့ ဘာဖြစ်တုန်းလို့ပဲ သဘောထားကြစို့ရဲ့။ မထားလို့လည်း မဖြစ်ဘူး။ ကော့ပရိတ်လူကြီးလောက် ဖြစ်လာရင် ငယ်ချစ်ကိုပယ်လို့ အသစ်ကို တွယ်ရမယ်ဆိုတဲ့မူက ရေးသားမထားပေတဲ့ ရှိနေတယ်။ ဒီတော့လည်း ကော့ပရိတ်လူကြီးတွေနဲ့ ကုန်သည်ကြီးတွေအဖို့ ငယ်ပေါင်းကို အကြောင်းပြ ဂျောင်းကွလို့ဆိုပြီး သက်မပြည့်ခင်ပဲ ကြိုတင်ပင်စင်ပေးလိုက်ကြတာများတယ်။ ပြောရရင်တော့ ဒီမိန်းမတွေဟာ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ တိုက်ရိုက် ဆန့်ကျင်ဘက်ပဲ။ သူတို့က ဖြီးတတ်တယ်။ အသိုင်းအဝိုင်းထဲ ဝင်ဆန့်အောင် သူတို့ယောက်ျားတွေအတွက် အကျိုးရှိအောင် တိုက်ရိုက်မဟုတ်တောင် သွယ်ကာ ဝိုက်ကာနဲ့ ညာတတ် ဖြီးတတ်တယ်။ ယှဉ်ပြောရရင်တော့ တတိယကမ္ဘာက သံအမတ်ကတော်တွေလို ဗြောင်လိမ်တာမျိုး မဟုတ်ဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေကို သူ့ ယောက်ျား ကိုယ်စားပြုတဲ့ တိုင်းပြည်အကြောင်း မဟုတ်က ဟုတ်က တစ်ခု လုပ်ကြံသာမေးလိုက်၊ မဟုတ်မှန်းသိပေတဲ့ မဟုတ်ဘူးလို့ မပြောဘူး။ မသိဘူး၊ မကြားမိဘူး။ ကျွန်မယောက်ျားနဲ့ မဆိုင်တော့ မသိဘူး ဆိုတာမျိုးပဲ ဖြေတတ်ကြတယ်။ မဟုတ်တာကို မဟုတ်ဘူးလို့မပြောဘဲ မသိဘူးလို့ လိမ်ပြောတတ်ကြတာကိုး။ သူတို့ စကားပြောနေတဲ့လူရဲ့ အရည်အသွေးကို ထည့်မတွက်တတ်ဘူး။ ကော့ပရိတ်လူကြီးတွေ၊ ကုန်သည်ကြီးတွေရဲ့ မိန်းမတွေကျတော့ သူတို့နဲ့ ပြောနေတဲ့လူကိုကြည့်ပြီး တွက်ဆ လိမ်တာ။ ဘယ်လိုပဲလိမ်လိမ် ဒီမိန်းမနှစ်မျိုးစလုံးကို အခုခေတ်မှာ Micro expression နဲ့ကြည့်ပြီး လိမ် မလိမ် အဖြေထုတ်ကြည့်လို့ စိစစ်ကြည့်လို့ရတယ်ဆိုတာ ကြားဖူးကြပုံမပေါ်ဘူး။ မလိမ်တတ်ပဲ လိမ်တဲ့မိန်းမတွေနဲ့ လိမ်လို့ ရမယ်ထင်လို့ လိမ်ကြည့်တဲ့ မိန်းမတွေပဲ။ တတိယကမ္ဘာက မိန်းမတွေကိုတော့ သိပ်အပြစ်တင်လို့ မဖြစ်ဘူး။ အကြောင်းက သူတို့ ယောက်ျား သံအမတ်မဟုတ်တော့ရင် သူလည်း သူ့ယောက်ျားရဲ့ ထမင်းချက်သာသာလောက် ပြန်ဖြစ်တော့မှာမဟုတ်လား။
ကျွန်တော်တို့အထဲမှာ လူးက အလိမ်ဖမ်းတတ်တယ်လို့ ပြောရမှာပဲ။ တော်ရုံမဟုတ်ဘူး၊ သူက ပါမောက္ခ အက်ကာမင်ရဲ့ နည်းတွေကို အများကြီး လေ့လာဖူးတယ်။ သူ့အဖေက သိပ်ချမ်းသာတယ်။ သူ့ကို အနောက်နိုင်ငံပို့ပြီး ဆရာဝန်ဖြစ်အောင် ဆေးပညာသင်ခိုင်းတာ။ သူက စိတ်ပညာသင်ပြီး ပြန်လာတယ်။ ပီအိပ်(ချ)ဒီရပြီးတော့ ကျွန်တော်တို့နဲ့လာပြီး အလုပ်လုပ်တယ်။ အရင်ကတော့ သူ့အဖေက သူ့ကို ခွေးဖြစ်မယ့်အကောင်လို့ ညွှန်းလေ့ရှိတယ်။ အဘိုးကြီးက စီးပွားရေးသမား အတော်လည်း ချမ်းသာတယ်။ အဘိုးကြီးကုမ္ပဏီတွေရှိတဲ့ အရပ်ရောက်တိုင်း ကျွန်တော်တို့က ဝင်တွေ့လေ့ရှိတော့ ခုဆို အဘိုးကြီးက သူ့သားကို ခွေးဖြစ်မယ့်အကောင်လို့ မခေါ်တော့ဘဲ မကြီးပွားချင်တဲ့ အကောင်လို့ပဲခေါ်တယ်။ အမှန်မှာတော့ လူးမှသာမဟုတ် ကျွန်တော်တို့တစ်တွေက မကြီးပွားချင်တဲ့ ကောင်တွေချည်းပဲ။ လူးက သူ့အဖေရဲ့ မိတ်ဆွေ ကုန်သည်ကြီးတချို့ကို ပြောတာဆိုတာကြည့်ပြီး အလိမ်ဖမ်းပြတယ်။ အဲဒီကတည်းက အဘိုးကြီးက သိပ်သဘောကျသွားတယ်။ မကြာခင်ကတင် ကျွန်တော်တို့နဲ့ နေ့ခင်းစာ စားရင်း အဘိုးကြီးကပြောတယ် အရင်ကတော့ မင်းတို့ကို ငါက အလကားကောင်တွေလို့ထင်တာ ခုတော့မှ ငါ သဘောပေါက်တယ်။ မင်းတို့က တကယ့်အလကားကောင်းတွေပဲလို့ ရယ်စရာပြောတယ်။ အခုလည်း လူးက မသိမသာ ကျွန်တော်တို့အနား ရောက်လာပြီး ဘားဆီကို ခဏလောက် သွားကြည့်စမ်းလို့ပြောတယ်။ ငါတော့ ချာလီနဲ့ စကားပြောလိုက်ဦးမယ်လို့ပြောပြီး ထွက်သွားတယ်။ ချာလီဆိုတာက လုံခြံုရေးရဲ့ အကြီးအကဲ။ ကျွန်တော်တို့လည်း ဘားရှိရာဘက်ကို ထွက်ခဲ့ကြတယ်။
ဘားဆီမရောက်ခင် လှမ်းကြည့်လိုက်တော့ ဘားကောင်တာမှာ အမျိုးသမီးတစ်ယောက်တည်း ထိုင်နေတာတွေ့ရတယ်။ ကျွန်တော်တို့ လက်ထဲက လိမ္မော်ရည်ခွက်ကို ဗန်းအလွတ်ကိုင် စောင့်နေတဲ့ စားပွဲထိုးရဲ့ ဗန်းထဲထည့်လိုက်ပြီး ဘားဆီလာတော့ အေဒရီယံက မင်းသွားတော့လို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်မိတယ်။ သူနဲ့ကျွန်တော် အကြားမှာလည်း နားလည်မှုတစ်ခု ရှိတယ်။ ဥရောပရုပ်ရည်နဲ့ လူ တစ်ယောက်ယောက်ကို စူးစမ်းဖို့ဆိုရင် သူ့အလုပ်။ အေရှံအသွင်အပြင်နဲ့လူဆို ကျွန်တော့် တာဝန်။ ခုတော့ ဘားမှာ ထိုင်နေတဲ့ အမျိုးသမီးက ယူရေရှံလို့ ခေါ်ကြတဲ့ ဥရောပနဲ့ အေရှံအစပ်။ ဒါပေတဲ့ ရပ်ဝန်းက အေရှံရပ်ဝန်းဆိုတော့လည်း ကျွန်တော့်တာဝန်ပဲ။ အေဒရီယံကတော့ မလှမ်းမကမ်းကို ထွက်သွားပြီး အစားအသောက် တာဝန်ခံလုပ်တဲ့ လူနဲ့ရပ်ပြီး မသိမသာ လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း ဘားရဲ့ ဘယ်ဘက်စွန်းမှာ ထိုင်လိုက်ရင်း အမျိုးသမီးကို ခေါင်းညိတ်ရင်း နှုတ်ဆက်တဲ့သဘောနဲ့ အသိအမှတ်ပြု လိုက်တယ်။ သူက သူ့လက်ထဲက မာတီနီခွက်ကို အသာမပြီး နှုတ်ဆက်ရင်း ပြန်ပြီး အသိအမှတ်ပြုတယ်။ ဘားက ကောင်ကလေးက ကျွန်တော့်ရှေ့မှာရပ်ရင်း ဘာမှာမလဲလို့ စောင့်နေတာနဲ့ ရေခဲများများနဲ့ တောနစ်၊ သံပုရာသီး နှစ်စိတ်သုံးစိတ်လောက် ညှစ်စမ်းပါလို့ပြောရင်း မှာလိုက်တယ်။ ဒီတော့ ယူရေရှံမကပြံုးလိုက်ရင်း အလုပ်မပြီးသေးဘူးထင်တယ်လို့ လှမ်းပြောတယ်။ ကျွန်တော်က အသာခေါင်းညိတ်ပြရင်း မင်းကော ပြီးသွားပြီလားလို့ လှမ်းမေးလိုက်တယ်။ ငါက ဖိတ်လို့လာတာ အလုပ်မပါဘူးလို့ ပြန်ဖြေတယ်။ တကယ်တော့ ကောက်တေး(လ) ပွဲလိုဟာမျိုးကိုလာပြီး ကလပ်ဆိုဒါတို့၊ တောနစ်တို့ သောက်တယ်ဆိုရင်ပဲ ဒီလူတွေမှာ အကြောင်းရှိတာကို။ ဘာသာရေးကြောင့်၊ ကျန်းမာရေးကြောင့် မဟုတ်ရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ လုပ်ထုံးအရ တစ်ခုခုတော့ သောက်ကြတာပဲ။ အဲဒီ အထဲမှာ အကြောင်းကိစ္စ တစ်ခုခုကြောင့် ရောက်နေတဲ့ လူတွေသာ ကိုယ့်ကိုယ်ကို ထိန်းတဲ့မူ self displine အရ လက်ထဲမှာ ဖန်ခွက်ရှိရုံ အပြ သောက်ကြရတာ။ အဲဒါကို သိပုံရတယ်။ ဒီလိုဖြင့်တော့ ဒီမိန်းမဟာ တတိယနိုင်ငံတွေက သံအမတ်ကတော်တော့ မဖြစ်နိုင်တော့ဘူး။ တတိယနိုင်ငံတွေက သံအမတ်ကတော်တွေဟာ အဲဒီလောက်ထိ တွေးတတ်ပုံ မရရှာဘူး။ စီအီးအို တစ်ယောက်ယောက်ရဲ့ မိန်းမဖြစ်နိုင်တယ်။ စီအီးအို တစ်ယောက်ယောက်ရဲ့ မိန်းမ ဆိုရင်လည်း ဒီမှာလာပြီး တစ်ယောက်တည်း ထိုင်နေစရာ အကြောင်းမရှိဘူး။ ပြီးတော့ လူတစ်ယောက်ယောက်က ဘားမင်းကို မှာလိုက်ပုံကြည့်ပြီး အနေအထားကို ခုလို တွက်ကြည့်တတ်မှာ မဟုတ်ဘူး။
ယူရေရှံမ ဝတ်ထားတဲ့ ညနေဘက်ဝတ် အင်္ကျီအဖျားစ ကလေးတွေဟာ လေထဲမှာလွင့်နေတယ်။ ဘားကောင်တာက ပင်လယ်ဘက်ကို ကျောပေးထားတဲ့ ဝရန်တာပေါ်မှာ ကျွန်တော့်ရဲ့ ရှေ့တည့်တည့်မှာရှိတဲ့ ဘားကောင်တာရဲ့ ညာဘက်အခြမ်းကို ကျော်ပြီးကြည့်လိုက်တော့ မသိမသာ မှောင်ရိပ်ကျနေတဲ့ နေရာမှာ ရပ်နေတဲ့ ချာလီကိုတွေ့ရတယ်။ သူက လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း တောနစ်ခွက်ကို ကောက်ကိုင်ပြီး မသောက်သေးဘဲ အနံ့ရှူသလို လုပ်နေမိတယ်။ ချာလီက သဘောပေါက်သွားပုံရတယ်။ သူ့လက်ညှိုးနဲ့ သူ့နှာခေါင်းဖျားကို မသိမသာ ပွတ်ပြတယ်။ ကျွန်တော်က ယူရေရှံမဟာ ဘယ်သူလဲလို့မေးလိုက်တာကို သူကသူလည်း မသိဘူးလို့ ပြောချင်တာပဲ။ ကျွန်တော်လည်း အမျိုးသမီးကို လှမ်းကြည့်လိုက်မိတယ်။ သူက ကျွန်တော့်ကို ကြည့်နေရင်း အကြည့်ချင်းဆုံသွားတော့ သူက ဘယ်ဘက်တံတောင်ကို ကောင်တာပေါ်မှာတင်လိုက်တယ်။ ပြီးတော့ လက်လေးချောင်းကိုဆုပ်ရင်း လက်မကို ကော့်လိုက်ပြီး ကျွန်တော့်ဘက်ကိုညွှန်တယ်။ အဲမ်ဘိုရဲ့ မြင်းသည်တော်တွေလားလို့ ပြံုးရင်း မေးတယ်။ အဲမ်ဘိုဆိုတာက သံအမတ်ကို ပြောတာ။ မြင်းသည်တော်ဆိုတာက အနောက်ကသုံးတဲ့စကား၊ စစ်ကူလို့လည်း အဓိပ္ပာယ်ရတယ်။ ဒီအသိုင်းအဝိုင်းမှာက တစ်ယောက်ယောက်က ငါ့မြင်းသည်တော်တွေ လာလိမ့်မယ်လို့ ပြောတာ ငါ့အတွက် စစ်ကူတွေလာမယ်ဆိုတဲ့ အဓိပ္ပာယ်အပြင် ငါယုံကြည်အားကိုးတဲ့လူတွေ၊ ငါ့မိတ်ဆွေတွေ လာလိမ့်မယ်လို့ ဆိုလိုတာပဲ။ ဒီရွေ့ဒီမျှ သိထားရင်တော့ ဒီအမျိုးသမီးဟာ သံအမတ်နဲ့ တိုက်ရိုက်ကို သိထားတဲ့ သူတစ်ယောက်ပဲလို့ ကျွန်တော် တွက်ကြည့်လိုက်မိတယ်။ သူ့ကိုလည်း စိတ်ဝင်စားသွားမိတယ်။ ဒါပေတဲ့ သူဟာ ဘယ်သူဖြစ်ဖြစ် ဘာလုပ်လုပ် ကျွန်တော် စိတ်အဝင်စားဆုံးကတော့ သူ့ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ဆီက နာရီပဲ။ ကြည့်လိုက်တာနဲ့ ကျွန်တော် ချက်ချင်းသိလိုက်ရမိတယ်။ ကာတီရေး နာရီပဲ။ ဒါမျိုးက လက်ပတ်နာရီကို တန်ဖိုးထားတတ်တဲ့ သူတွေ ဝတ်လေ့ရှိတယ်။
ဒီအမျိုးသမီးဟာ ခုနက တွေ့ခဲ့ရတဲ့ တတိယကမ္ဘာက သံအမတ်ကတော်တွေနဲ့ ဘာမျှမဆိုင်ဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေကို ကာတီရေးနာရီ သွားပြီးပေးလည်း ဘာမှန်းသိမှာ မဟုတ်ဘူး။ မျောက်လက်ထဲ ရွှေတုံးရောက်တယ် ဆိုသလိုနေမှာ။ ဘယ်လက်မှာ ဘာဝတ်ရတယ်ဆိုတာတောင် သိပ်မှမသိကြပဲ။ ယူရေရှံမက ထိုင်နေရာက မသိမသာထလိုက်ပြီး လက်ကမ်းရင်း သူ့နာမည်ကို ပြောတယ်။ သူထိုင်နေတာနဲ့ ကျွန်တော်ထိုင်နေတာအကြားမှာက ခုံငါးလုံးရှိနေတော့ သူ့ရဲ့ ဘယ်ဘက်လက်ကိုထောက်ပြီး ရှေ့ကိုနည်းနည်း ငိုက်လိုက်ရတယ်။ ကျွန်တော်လည်း ထိုင်ရာက ထလိုက်ပြီး ရှေ့ကိုငိုက်ရင်း လက်ကမ်းလိုက်ပြီး နှုတ်ဆက်လိုက်တယ်။ ပါးစပ်ကတော့လည်း အသင့်ပြင်ထားတဲ့ နာမည်တစ်လုံး ပြောလိုက်မိတယ်။ မျာက်စိကတော့ ကာတီရေးဆီ ရောက်သွားတယ်။ သိပ်သေချာသွားတယ်။ ကာတီရေး တူနိုး။ သူက ကျွန်တော်တို့မိတ်ဆွေ သံအမတ်နဲ့ သူနဲ့ ကျောင်းအတူနေခဲ့ဖူးတဲ့ အကြောင်း ပြောတယ်။ သံအမတ်ကတော်က အတော်ရိုးတယ်ဆိုတာ ပြောတယ်။ ဒါပေတဲ့ သူ ဘာလုပ်တယ်ဆိုတာ မပြောဘူး။ ကျွန်တော်လည်း မသိချင်ဘူး။ စကားပြောရင်း ကျွန်တော် ဘာလုပ်သလဲလို့ မေးတယ်။ ဒီ မေးခွန်းမျိုးကိုဖြေဖို့ ကျွန်တော့်မှာ အဖြေပေါင်း နှစ်ဆယ်လောက်ရှိတယ်။ အဲဒီအထဲက သူနဲ့ အမြီးအမောက် တည့်မယ်လို့ ယူဆရတဲ့ အဖြေတစ်ခု ပေးလိုက်တယ်။ သူက ကုန်သွားတဲ့ မာတီနီဖန်ခွက်ကို ဘားမင်းကို လှမ်းပြလိုက်ရင်း ခေါင်းညိတ်ပြလိုက်တော့ နောက်တစ်ခွက်ဆိုတဲ့ သဘောပဲ။ သူ ဝတ်ထားတဲ့ ညနေခင်းဝတ်အင်္ကျီဟာ စပြီး ထွန်းလိုက်တဲ့ အပြာနုရောင် မီးအောက်မှာ ပိုပြီးပြာလာတာ ကျွန်တော် သတိထားလိုက်မိတယ်။ စတော့ပွဲစားတဲ့လားလို့ သူ့ဘာသူ ပြောသလိုလိုနဲ့ပြောရင်း ကျွန်တော့်ကို လှမ်းကြည့်တယ်။ ပြီးတော့မှ တခြားပစ္စည်းတွေအတွက် ကုန်သည်ပွဲစား မဟုတ်ဘူးလားလို့ ကျွန်တော့်ကို ကြည့်ရင်း မေးတယ်။ ကျွန်တော်က ဘာမျှပြန်မဖြေဘဲ ခေါင်းကို အသာရမ်းပြလိုက်တယ်။
ဒီတော့ သူကပြောတယ်။ မင်းတို့သူငယ်ချင်း ငါ့သူငယ်ချင်းမှာ တခြားနိုင်ငံက သံအမတ်က အကူအညီတောင်းထားတာရှိတယ်။ မင်း သိတယ် မဟုတ်လားလို့မေးပြန်တယ်။ ကျွန်တော်ကတော့ တည့်တည့်ပဲ ပြန်ဖြေလိုက်တယ်။ ငါ သိလည်းမသိဘူး။ သိလည်း မသိချင်ဘူး။ ဒီကို ငါလာတာ ငါ ဒီရောက်နေတာနဲ့ကြံုလို့ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူဖိတ်လို့ လာတာလို့ ဖြေလိုက်တယ်။ သူက ဘာမှပြန်မပြောသေးဘဲ အသစ်ထပ်ချလိုက်တဲ့ မာတီးနီခွက်အခြေကို လက်ညှိုးနဲ့ ပွတ်သပ်နေတယ်။ သူ့ဘယ်ဘက်လက် လှုပ်လိုက်တိုင်း ကာတီရေးဆီက အရောင်လက်သွားတယ်။ ဒီနေ့ နီကေး ဘယ်လိုနေသလဲလို့ ကျွန်တော့်ကိုမကြည့်ဘဲ လှမ်းမေးတယ်။ ဒီမေးခွန်းမျိုးအတွက်လည်း ကျွန်တော့်မှာ အလေ့အကျင့်က ရှိပြီးသားပဲ။ သိပ်မကောင်းလှဘူး။ ပိုင့်သုံးဆယ်လောက် ကျနေတယ်။ ဆက်ကျလိမ့်ဦးမယ်။ သူတို့ဆီမှာ ဝန်ကြီးချုပ် ပြောင်းလဲလုပ်မှာဆိုတော့ ကျဖို့ပဲရှိတယ်။ အပြောင်းအလဲ ပြီးကာမှ တခြား ကိစ္စတွေကိုကြည့်ပြီး ပြန်ပြီးငြိမ်မယ်လို့ တန်းပြီးဖြေချလိုက်တယ်။ သူက ပြံုးတယ်။ သူ့အပြံုးကို ကျွန်တော်ရိပ်မိတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း သိနေတာတစ်ခုရှိတယ်။ ကာတီရေး ပတ်ထားတဲ့ မိန်းမကို ခပ်လွယ်လွယ် ဖြီးလို့ရမယ် မထင်ဘူး။ ဒါကြောင့်လည်း ပိုင်အောင်ဖြေလိုက်ရတာ။ နောက်တော့ သူက ကျွန်တော့်ကို လှမ်းကြည့်တယ်။ သေသေချာချာကြည့်ရင်း ခုနက လုပ်သလို သူ့ဘယ်ဘက်တံတောင်ကို ကောင်တာပေါ် ထောက်လိုက်ရင်း လက်မနဲ့ ကျွန်တော့်ဘက်ကို ညွှန်တယ်။ ကျွန်တော်ကတော့ ကာတီရေးကိုပဲ ကြည့်လိုက်မိတယ်။ သူက ပြောတယ်။ သံအမတ်ကြီးရဲ့မိတ်ဆွေ သံအမတ်ကြီးက သူတို့ ကာကွယ်ရေး ဌာနအတွက် လိုချင်တာကလေးတွေ ရှိတယ်လို့ ပြောတယ်ဆိုတာ ကျွန်မကို ပြောတယ်လို့ပြောပြီး ဘာမျှ ဆက်မပြောဘဲ ရပ်တယ်။ ဒီကိစ္စကိုတော့ဖြင့် ငါ အကူအညီပေးနိုင်မယ် မထင်ဘူး။ မင်းမှာ ပိုက်ဆံပိုနေရင် အခု ဒူဘိုင်းမှာ ရောင်းနေတဲ့ အိမ်ဖြစ်ဖြစ် အခန်းဖြစ်ဖြစ်ဝယ်ပြီး အတော်ကလေးကြာအောင် ကိုင်ထား၊ မမှားဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ မနက်ကတည်းက ဖိုင်နယ်ရှယ်တိုင်း(မ) ထဲမှာ ဖတ်ထားတာတွေကို ကျွန်တော် လက်တွေ့အသုံးချ လိုက်တာပါ။
ကျွန်တော်က ညာဘက်လက်ကို မြှောက်လိုက်မိတယ်။ အတွင်းက ပေါ်လာတဲ့ ရှပ်အင်္ကျီလက်ကို အသာဆွဲတင်လိုက်ရင်း ကျွန်တော့်လက်ပတ်နာရီကို ကြည့်လိုက်မိတယ်။ ယူရေရှံမက ဒီကပြီးရင် သွားစရာ ရှိသေးသလားလို့ မေးတယ်။ တစ်နေရာရာသွားပြီး ညစာစားရမှာပဲလို့ ဖြေလိုက်တယ်။ သူက အဆက်အစပ် မရှိဘဲ ငါဖတ်ဖူးတာတစ်ခုရှိတယ်။ ညာဘက်လက်မှာ နာရီပတ်တဲ့ လူတွေဟာ မဟုတ်တာတော့ ပြောချင်ပြောမယ် မဟုတ်တာတော့ မလုပ်တတ်ကြဘူးဆိုတာ ဟုတ်သလားလို့ မေးတယ်။ ငါ ညာဘက်လက်မှာ နာရီပတ်လေ့ရှိပေတဲ့ မင်းပြောတာကိုတော့ တစ်ခါမှ မကြားဖူးဘူးလို့ သူ့ကိုပြောရင်း ကျွန်တော့်ဘာသာ ရယ်လိုက်မိတယ်။ သူကလည်း ရယ်တယ်။ ပြီးတော့မှ ငါ တကယ်ဖတ်ဖူးတာ ယူရိုပိုး(လ)က လူတစ်ယောက်ရေးတဲ့ လူတွေစရိုက်၊ လူတွေအကြောင်းထဲမှာလို့ သူက ပြောတယ်။ ကြံကြီးစည်ရာကွာလို့ပြောပြီး ကျွန်တော်က တောနစ်ခွက်ကို လှမ်းယူပြီး တစ်ကြိုက်လောက် သောက်လိုက်တယ်။ ပြီးမှ လောလောဆယ် ငါသိလိုက်ရတာ တစ်ခုကတော့ ကာတီရေးတူနိုးဝတ်တဲ့ မိန်းမတွေက အတော်တော့ ခေါင်းကောင်းကြပုံရတယ် ဆိုတာပဲလို့ ပြောလိုက်တယ်။ သူက အံ့အားသင့်သွားပုံရတယ်။ သူ့ဘယ်ဘက် လက်ကောက်ဝတ်ကို ကြည့်လိုက်ရင်း သူ့လက်ကို ထောင်ပြတယ်။ ပြီးတော့ ရယ်တယ်။ သူ့ဘာသာခေါင်းခါရင်း ပြံုးနေတယ်။ အဲဒီတုန်းမှာပဲ အေဒရီယံတစ်ယောက် ကျွန်တော့်အနား ရောက်လာလို့ ကျွန်တော်လည်း ယူရေရှံမနဲ့ မိတ်ဆက်ပေးလိုက်တယ်။ မင်းလည်း စတော့ပွဲစားပဲလားလို့ အမျိုးသမီးက မေးတယ်။ ဟုတ်တယ်လို့ပြောရင်း အေဒရီယံက မင်း ဘာဝယ်ချင်သလဲလို့ နောက်တောက်တောက်နဲ့ ယူရေရှံမကို မေးလိုက်တယ်။ ငါ့မှာ ဝယ်စရာပိုက်ဆံမရှိဘူး။ ဒါပေတဲ့ မင်း ဘယ်လက်မှာ နာရီပတ်သလဲလို့ သူက ပြန်မေးတယ်။ အေဒရီယံက သူ့လက် နှစ်ဖက်စလုံးကို လှန်ပြန်တယ်။ နှစ်ဖက်စလုံးမှာ နာရီနဲ့။ မင်း ဘယ်ဘက်လက်မှာ နာရီပတ်တာနဲ့ ညာဘက်လက်မှာ နာရီပတ်တဲ့အကြောင်း ပြောမလို့လားလို့ မေးလိုက်တယ်။ ကျွန်တော်ကပဲ ကြားဝင်ပြီး ဟုတ်တယ်။ အခုတင်ပဲ သူက ပြောပြနေတယ်လို့ ပြောလိုက်တယ်။ သူက ဘာမှမပြောတော့ဘူး။
သွားစို့လို့ အေဒရီယံက ကျွန်တော့်ကိုပြောရင်း သူ့ကိုကြည့်လိုက်ပြီး သံအမတ်ကြီးကတော်ဘက်က အမျိုးတစ်ယောက်က ရှုံးနေတဲ့ စတော့ သေနေတဲ့စတော့ ဝယ်ချင်တယ်ဆိုလို့ သွားပြီး ရှင်းပြလိုက်ဦးမယ်လို့ပြောပြီး ဆင်ခြေပေးလိုက်တယ်။ ယူရေရှံမက ဘာမျှမပြောဘဲ ထိုင်ရာကထပြီး နောက်တွေ့ကြသေးတာပေါ့လို့ ပြောတယ်။ လက်ကမ်းပေးတယ်။ လက်ဆွဲနှုတ်ဆက်နေရင်း ရှုံးနေတဲ့ စတော့ သေနေတဲ့စတော့က ဘယ်လိုအသုံးကျသလဲလို့ မေးတယ်။ အရှုံးအမြတ်ဆိုတာ ငွေရေးကြေးရေး အခြေခံမှာတင် မတည်ဘူး၊ အသုံးဝင် အသုံးတည့်မှုမှာလည်း တည်သေးတယ်။ ဒါကြောင့် တချို့လူတွေရဲ့ အရှုံးဟာ တခြားလူတစ်ယောက်ဆီမှာ အမြတ်ဖြစ်သွားနိုင်တယ်လို့ အေဒရီယံက ဖြေတယ်။ နောက်တော့ ယူရေရှံမ လက်ထဲက ကာတီရေးကို အေဒရီယံက သတိထားလိုက်မိပုံရတယ်။ မင်းလက်ထဲကနာရီကို ဟိုအထဲက သံအမတ်ကတော်တွေကို သွားပေးရင် ယူမယ်ထင်သလားလို့ မေးလိုက်တယ်။ သူက ဘာမှ ပြန်မဖြေဘဲ ပြံုးနေတယ်။ စတော့ပွဲစားတွေဟာ တခြားလူတွေ ဘာဝတ်တယ်၊ ဘာပြောတယ်ဆိုတာမှာ ဂရုစိုက်တတ်တာကတော့ အံ့သြစရာပဲ။ ရှင်တို့ဟာ ရှင်တို့ ဘာလုပ်လုပ် ကျွန်မအလုပ် မဟုတ်ဘူး။ ကံကောင်းကြပါစေ လို့ပြောပြီး နောက်ဆုံး နှုတ်ဆက်လိုက်တယ်။ ကျွန်တော်တို့လည်း ဘားကောင်တာဆီကနေ ထွက်လာပြီး ချိန်းထားတဲ့ အခန်းတစ်ခန်းဆီ လာခဲ့ကြတယ်။ ကျွန်တော်တို့မိတ်ဆွေ သံအမတ်ကြီးနဲ့ သူ့မိတ်ဆွေ သံအမတ်ကြီးတို့လည်း ရောက်နေကြတယ်။ ကျွန်တော်တို့လည်း တစ်နာရီလောက်ကြာအောင် ပြောစရာ လုပ်စရာရှိတာတွေလုပ်ပြီးတော့ အဲဒီကပြန်ဖို့ စီစဉ်ကြတယ်။ အေဒရီယံကတော့ အလွမ်းပြေ တတိယကမ္ဘာက သံအမတ်ကတော်တွေကို သွားကြည့်လိုက်ဦးမယ်လို့ ရယ်စရာပြောပြီး ကောက်တေး(လ)အခန်းထဲ ဝင်သွားလို့ ကျွန်တော်လည်း ဘားရှိရာဆီ ထွက်ခဲ့တယ်။
ကျွန်တော့်စိတ်ထဲမှာတော့ ကာတီရေးနဲ့ မိန်းမကို စွဲနေတယ်။ စွဲနေတယ်ဆိုတာကလည်း မတော်မတည့် အတွေးနဲ့ မဟုတ်ဘူး။ ဘားက ကောင်ကလေးကို အာ့ဒမိုးမော့(လ) မှာလိုက်ရင်း သူနဲ့ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးပြီး စိစစ်ကြည့်မိတယ်။ သူပြောတဲ့စကားတွေမှာ ယုံစရာ ကောင်းလောက်အောင် အကြောင်းတွေပါလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူ့သူငယ်ချင်း သံအမတ်ကြီး အကြောင်း၊ သံအမတ်ကြီးသူငယ်ချင်း သံအမတ်ကြီးအကြောင်း စတာတွေဟာ အမှန်ပဲ။ အမှန်ဆို ကျွန်တော်တို့ တွေ့ခဲ့တာကိုး။ ဒါပေတဲ့ ကျွန်တော် ပြောတာတွေကိုတော့ သူ ယုံမှာမဟုတ်ဘူးဆိုတာ ကျွန်တော့်ခေါင်းထဲမှာ ပေါ်နေတယ်။ ဘာလို့မှန်းတော့ မသိဘူး။ သေသေချာချာချည်း တွေးနေစရာတောင် မလိုဘူး။ မကြာခင် အေဒရီယံ ရောက်လာပြီး ဝီစကီတစ်ခွက်သောက်ရင်း သွားကြရအောင်လို့ပြောတယ်။ ပက်ဒီနဲ့ လူးလည်း လိုက်လိမ့်မယ်။ အပြင်မှာ ဆုံကြမယ်လို့ ပြောတယ်။ ဘယ်သွားကြမလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ လူလိမ်လူညာတွေ မရှိတဲ့ဆီကိုလို့ သူကပြောလို့ ကျွန်တော်က အံ့သြသွားမိတယ်။ ဘယ်သွားမလို့လဲ။ ညကြီးမင်းကြီး ဘုရားကျောင်းသွားမလို့လား လို့မေးတော့ သူက ပြောတယ်။ မဟုတ်ဘူး ဟိုဘက်ကမ်းက ကဆီနိုဆီကိုလို့ ပြောပြီး ရယ်တယ်။ ကျွန်တော်လည်း ရောပြီး ရယ်လိုက်မိတယ်။ အပြင်ရောက်တော့ ပက်ဒီနဲ့လူးလည်း ရောက်နေကြတယ်။ ကျွန်တော်တို့အတွက် ပေးထားတဲ့ ကားပေါ်တက်ပြီး ဟိုဘက်ကမ်းကူးတဲ့ လေထဲက တိုက်စီလို့ခေါ်တဲ့ ဟယ်လီကော့ပတာရပ်တဲ့ အဆောက်အဦဆီ လာခဲ့ကြတယ်။ ညနေ ခုနစ်နာရီလောက်ပဲမို့ ကောင်းကင်ရဲ့ အနောက်ဘက် အဝေးဆုံးနေရာတွေမှာ ရဲနေတုန်းပဲ။ မီးရောင်တွေလည်း စပေါ်လာပြီ။ ကားပေါ်မှာ ကျွန်တော်တို့ လေးယောက်သား အတင်းအဖျင်း ကလေးတွေ ပြောဖြစ်သွားတယ်။ အဲဒီတုန်းမှာပဲ လူးက ချာလီကပြောတယ်လို့ အစချီပြီး ကျွန်တော်နဲ့ ဘားမှာထိုင်ပြီး စကားပြောခဲ့တဲ့ ယူရေရှံမအကြောင်း ပြောတယ်။ ဒီတော့ ကျွန်တော်လည်း ဝန်ခံစရာကို ဝန်ခံလိုက်မိတော့တယ်။ ငါလည်း အထင်သားပဲ။ ငါပြောနေတာတွေလည်း ယုံမှာ မဟုတ်ဘူး။ ခေါင်းကလည်း အတော်ကောင်းပုံရတယ်။ အရေးကြီးတဲ့ တစ်နေရာရာတော့ ဖြစ်မယ်လို့ ငါ တွက်ကြည့်တယ်လို့။ မင်း ဘယ်လိုလုပ် တွေးမိသလဲလို့ ပက်ဒီက မေးတယ်။ ကျွန်တော်က မဖြေရသေးခင် အေဒရီယံက ကာတီရေးဝတ်ထားလို့ ပြောတာနဲ့ ကျွန်တော်တို့အားလုံး ရယ်လိုက်မိကြတယ်။
ကျွန်တော်လည်း ချက်ချင်းလို သတိရလိုက်တာကလေးရှိလို့ မဆင်မချင် အိတ်ထဲကဖုန်းထုတ်လိုက်ပြီး အိမ်ကို ဖုန်းဆက်လိုက်တယ်။ အတော်ကြာအောင် စောင့်ရသေးတယ်။ နောက်တော့ မိန်းမက ဖြေတယ်။ ဘယ်အချိန်ရှိပြီလို့ ရှင်ထင်သလဲဆိုတာက စမေးတော့တာပဲ။ ကျွန်တော်က ဘာမှမဖြေရသေးခင် အဲဒီနဲ့ဒီက လေးနာရီခွဲ အချိန်ကွာတာ ရှင်သတိရရဲ့လား။ ဒီမှာ ညသန်းခေါင် ကျော်နေပြီလို့ ပြောပြီးကာမှ ပြောလို့ ခွင့်ပြုချက်ချတယ်။ ဒီညနေက ကိုယ်မိန်းမတစ်ယောက် တွေ့ခဲ့တယ်လို့ ပြောတော့ အိပ်ချင်မူးတူးနဲ့ ပြန်ဖြေတဲ့ အိမ်က မိန်းမခမျာ မျက်လုံး အတော်ကျယ်သွားပုံရတယ်။ ရှင်က အဲဒီ မိန်းမကို ကြိုက်သွားရောလား။ ဒါကတော့ ကျွန်မအတွက် သိပ်မဆန်းတော့ဘူးထင်တယ်။ ရှင် ကြိုက်သွားရင်တော့လည်း ကျွန်မဆီ တကူးတက ဖုန်းဆက်ပြီး ပြောမှာမဟုတ်ဘူးလိို့ ပြောတယ်။ မဟုတ်ဘူး အဲဒီမိန်းမက ကာတီရေးနဲ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒီတော့ . . လို့၊ သူက စကားထောက်ပေးတယ်။ ကာတီရေးတူနိုးနဲ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒီတော့ . . လို့ပဲ သူက စကားဆက်ဖို့ ဖြည့်ပေးပြန်တယ်။ ကိုယ်တို့ လက်ထပ်တာ အနှစ်သုံးဆယ်ပြည့်တုန်းက အထိမ်းအမှတ်အနေနဲ့ အမှတ်တရဝယ်ပေးတဲ့ ကာတီရေးတူနိုးပဲလို့ ကျွန်တော်က ရှင်းပြ လိုက်တယ်။ ကျွန်မသိပါတယ်။ ကာတီရေးဆိုရင် လုံလောက်ပါတယ်။ အဲဒီလောက်ထိ ရှင်းပြရလောက်အောင် ကျွန်မ မညံ့ဘူးလို့ ပြန်ပြောပြီး သူက ခဏရပ်နေတယ်။ နောက်တော့မှ အဲဒီ မိန်းမက လှသလားလို့ မေးတယ်။ ကျွန်တော်တွေးထားတဲ့ မေးခွန်းပဲ။ ဒီတော့ မင်းလိုတော့ ဘယ်လှမလဲ ကြည့်ပျော်ရှုပျော်လောက်ပါပဲလို့ ချက်ချင်းဖြေလိုက်တယ်။ ဒါပဲလားလို့ သူက မေးလို့ ဒါပဲလို့ ကျွန်တော်က ဖြေလိုက်တယ်။ သူက ဂွတ်နိုက်ဆိုပြီး တယ်လီဖုန်း ချသွားတယ်။ ကာတီရေးနဲ့ မိန်းမနဲ့ ပတ်သက်လို့ ကျွန်တော့်ရင်ထဲမှာ ပေါ့သွားတယ်။ အိတ်ထဲကို တယ်လီဖုန်းပြန်ထည့်နေတုန်း ပက်ဒီက လှမ်းပြောတယ်။ လောကမှာ လိမ်လို့ ညာလို့ မရမယ့်သူတွေကို လိမ်ဖို့ညာဖို့ မကြိုးစားတာဟာ အကောင်းဆုံးပဲတဲ့။
ဒါကလည်း ဟုတ်လောက်တာပဲ။
မြင့်သန်း

လူနှင့်သူ၏လိုအပ်မှု (မြင့်သန်း)
လူနှင့်သူ၏လိုအပ်မှု (မြင့်သန်း)
နောက်ဆုံးတော့ အစည်းအဝေးခန်းထဲက အေဒရီယံနဲ့ ကျွန်တော် ထွက်လာခဲ့တယ်။ အခန်းရဲ့ ပြင်ဘက်နားရောက်တာနဲ့ ဘာနဘီနဲ့ တွေ့တယ်။ ဘာနဘီက အရေးကြီးတဲ့လူတွေအတွက် လုံခြုံရေးတာဝန် ယူရတဲ့လူ။ အရင်က ကမာန်ဒို လုပ်ခဲ့ဖူးတော့ အလုပ်က ထွက်ခွင့်ရတာနဲ့ ကိုယ်ပိုင် လုံခြံုရေးကုမ္ပဏီကလေး ထောင်တယ်။ အပေါင်းအသင်း အဆက်အသွယ်ကောင်းတော့ အောင်မြင်တယ်။ တက္ကသိုလ်က ဘွဲ့ရထားတဲ့သူမို့လည်း အမြော်အမြင်ရှိတယ် ပြောရမှာပဲ။ အေဒရီယံနဲ့ ကျွန်တော်တို့နှစ်ယောက်သား အားတဲ့အခါ အချိန်ပိုင်းသင်ကြားပေးတဲ့ သင်တန်းတွေလည်း ကြိုးစားတက်လေ့ရှိတယ်။ ကျွန်တော်တို့ သင်တန်းတွေက အိုင်ကျူစစ်ပြီးမှ လက်ခံတော့ ဘာနဘီ တက်ခွင့်ရတာကို ကြည့်တာနဲ့ သူ့ အနည်းဆုံး အိုင်ကျူဘယ်လောက်ရှိမယ်ဆိုတာ တွေးလို့ရတယ်။ ခုချိန်အထိ တစ်မိနစ်ကို စာလုံးရေ သုံးရာ၊ သုံးရာ့ငါးဆယ်လောက် ဖတ်နေနိုင် သေးတယ်ဆိုကတည်းက ဘာနဘီဟာ လူညံ့တော့ မဟုတ်ဘူး။ လုပ်ဖော်ကိုင် ဖက်မဟုတ်ပေတဲ့ ကျွန်တော်တို့ကို လေးစားတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ။ ဘာကြောင့်မှန်းတော့ မသိဘူး။ တခြား လူတစ်ယောက်ရဲ့ အသက်ရှင်နေနိုင်ရေးဟာ သူ့မှာ တာဝန်ရှိတယ်ဆိုတာ ယုံယုံ ကြည်ကြည် လက်ခံထားတဲ့ လူတစ်ယောက်ပဲ။ တစ်ခါတလေ ကျွန်တော်တို့ သိချင်တာကလေးတွေ သိချင်တဲ့ အဆက်အသွယ်တွေ သူ့ဆီက ရနိုင်တယ်။ အလုပ်ပြီးသွားကြပြီလားလို့မေးရင်း ကလယ်တော့ ဟိုဖက်အခန်းထဲမှာ ရှိတယ်လို့ သူက လှမ်းပြောတယ်။ ကလယ်က ကျွန်တော်တို့အဖွဲ့ရဲ့ အတွင်းရေးမှူး။
ပြီးသွားပြီကွာ။ ပြီးသွားတာပဲ ကျေးဇူးတင်နေရသေးတယ်လို့ အေဒရီယံက ပြန်ဖြေလိုက်တယ်။ ကျွန်တော်တောင် ဒီကိုရောက်နေတာ နှစ်ပတ် ကျော်သွားပြီလို့ ဘာနဘီက ထပ်ပြောပြီး ပြန်ကြတော့မှာလား မေးလိုက်တယ်။ အေဒရီယံက မဖြေဘူး။ ကျွန်တော့်ကို လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း စိတ်ထဲမှာရှိတာ ဖွင့်ပြော လိုက်မိတယ်။ အလုပ်ကတော့ ပြီးပြီကွာ။ တစ်နေရာရာ သွားချင်တယ်။ အိမ်ပြန်လည်း နှင်းဆီပင်တွေရေလောင်း။ ကြောင်ကို အစာကျွေး။ ဒါပဲ လုပ်စရာရှိတယ်။ တစ်နေရာရာကို သွားပြီး ဘာမျှမလုပ်ဘဲ ထိုင်နေချင်တယ်လို့ ပြောလိုက်မိတယ်။ ချက်ချင်းဆိုသလိုပဲ အေဒရီယံက ဒါကတော့ မိန်းမယူမိတဲ့ လူတွေရဲ့ ဒုက္ခတစ်ခုပဲ။ ချစ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးတရားတွေကို ပေါ့ပေါ့တန်တန် တွေးခဲ့မိတဲ့လူတွေ ကြံုရတတ်တဲ့အကျိုးဆက်တွေပေါ့ကွာလို့ ပြောပြီး ခဏရပ်နေလိုက်တယ်။ ပြီးမှ မင်း စိတ်ကူးကိုတော့ ငါလည်း သဘောအကျသား။ ငါရော လိုက်ခဲ့လို့ရမလားလို့ မေးတယ်။ လိုက်ချင်လိုက်ခဲ့ပေါ့။ လိုက်တာမလိုက်တာက မင်းရဲ့လွတ်လပ်ခွင့်။ မင်းရဲ့အခွင့်အရေးပဲ။ ဒါပေတဲ့ ငါ့ရဲ့စိတ်ကူးအတွက်ကတော့ တန်ရာတန်ကြေး မင်းပေးရမယ်။ ပီနိုနွား တစ်လုံးကောင်းကောင်း မင်းဝယ်တိုက်ရမယ်လို့ ပြောတော့ အေဒရီယံက ကျွန်တော့်ကို ဘာမျှပြန်မပြောဘဲ ဘာနဘီကို ကြည့်ပြီး ပြံုးပြရင်း ကျွန်တော့်ဖက်ကို လက်ညှိုးထိုးပြနေတယ်။ မြင်ရဲ့မဟုတ်လားလို့ သူက ပြောချင်တာပဲ။ ဘာနဘီကလည်း ပြံုးတယ်။ ပြီးမှ သူက ဦးနှောက်ရောင်းစားနေတဲ့လူ။ ဦးနှောက်အတွက် အဖိုးအခကို မင်းပေးရမှာပေါ့လို့ ပြောရင်းရယ်တယ်။ ဒီတော့မှ အေဒရီယံက အိုကေလို့ ပြောပြီး ဘယ်သွားမှာလဲလို့ တစ်ဆက်တည်းမေးတယ်။
ကျွန်တော့်ဆီမှာ သွားချင်တဲ့ စိတ်ကူးပဲရှိတယ်။ ဘယ်သွားရမှန်းမသိဘူး။ အဲဒီကိစ္စတော့ ငါ့ခေါင်းထဲမှာမရှိဘူးလို့ ကျွန်တော်က ပြန်ပြောလိုက်တော့ ဘာနဘီက ကျွန်တော့်ကိစ္စတော့ မဟုတ်ဘူး။ ရိုင်းနေရင် ခွင့်လွှတ်ပါ။ ခင်ဗျားတို့က ဘယ်လိုနေရာမျိုးသွားပြီး ဘာလုပ်ချင်တာလဲလို့ မေးတယ်။ ဘယ်သွားရမှန်းတော့မသိဘူး။ အဲဒီနေရာ ရောက်ရင်တော့ ဘာမှမလုပ်ဘဲ နေချင်တယ်။ ဘာမှမလုပ်ဘဲဆိုတာက တို့စိတ်ကျေနပ်တာပဲလုပ်မယ်။ ထိုင်ချင် ထိုင်မယ်။ ထ ချင် ထမယ်။ ဘာမှမလုပ်ဘဲ လေချွန်နေမယ်ကွာ။ နာရီကို ချွတ်ထားမယ်။ တယ်လီဖုန်းမဖြေဘူး။ ရုပ်မြင်သံကြားမကြည့်ဘူး။ သတင်းစာမဖတ်ဘူး။ အဲဒီလို ခဏနေချင်တာပဲလို့ ကျွန်တော်က ဖြေလိုက်တယ်။ ဘာနဘီ မျက်နှာကို ဆရာ့ဆီက အဖြေမျှော်တဲ့ ကျောင်းသားရဲ့မျက်နှာမျိုးနဲ့ ကျွန်တော်ရော အေဒရီယံကပါ လှမ်းကြည့်လိုက်မိတယ်။ ဘာနဘီက ဒီလိုဆို ချင်းမိုင်သွားပါလား။ ခင်ဗျားတို့ နေနေကြ ရဆော့ကို သွားကြပါလား။ ခုအချိန်ဆို အဲဒီဆီမှာ ဘာ အစည်းအဝေးမှမရှိဘဲ။ အဲဒီမှာ ခင်ဗျားကြိုက်တဲ့ ဝက်အူချောင်း ပူပူစပ်စပ်လည်း ရှိတယ်။ တောသူတောင်သားတွေစားတဲ့ ဂျန်ဂလ်ကာရီလည်း ရှိတယ်။ ခင်ဗျားတို့ သူငယ်ချင်း ပရာမွတ်လည်း ရှိနေတာပဲလို့ ပြောတယ်။ ကျွန်တော်က သူ့ကို တစ်ခုခုပြောမယ်လို့ လုပ်နေတုန်း အေဒရီယံက ငါ့အကြောင်းရော မင်းဘယ်လောက်သိထားလဲလို့ နောက်သလိုလိုနဲ့ အတည်မေးလိုက်တယ်။ ဒီတော့မှ ဘာနဘီက အားနာသလိုဖြစ်သွားတယ်။ အလုပ်သဘောအရ သိထားရတာပါလို့ ပြောရင်း သူ့အတွင်း အိတ်ထဲက စာရွက်ကလေးတစ်ခုကို ထုတ်ပြီး စာအုပ်အဟောင်းဆိုင်တစ်ဆိုင် နာမည်ရေးပေးတယ်။ ပျင်းလို့ စာဖတ်ချင်ရင် သွားပါလို့ ပြောတယ်။ တကယ်တော့ စာအုပ်အဟောင်းဆိုင် ဆိုတာက သတင်းဖလှယ်တဲ့နေရာပဲ။ စာအုပ် အဟောင်းရောင်းတဲ့သူဆိုတာက စာအုပ် အသစ်ရောင်းတဲ့သူလို မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ သိချင်တဲ့ အကြောင်းတွေကို ပြောပြလိုက်။ သူ့မှာ ရှိရင်ရှိတယ်။ မရှိရင် မရှိဘူးလို့ တန်းပြီး ပြောနိုင်တယ်။ စျေးကတော့ သူ့စျေးနဲ့ သူ။ ဘာနဘီဆီက စာရွက်ယူရင်း ကျေးဇူးတင်ကြောင်း ပြောပြီး ကျွန်တော်တို့လည်း ထွက်လာခဲ့ကြတယ်။
လက်ထောက်တွေ၊ အတွင်းရေးမှူးတွေ စောင့်တဲ့အခန်းဝမှာ ကလယ်က ရပ်စောင့်နေတယ်။ ကျွန်တော့်ကိုကြည့်ရင် ခုနက ညွှန်ကြားရေးမှူးလာပြီး ရှင်တို့ကို ရှာနေတယ်။ တာဝန်ရှိတဲ့လူတစ်ယောက် ရောက်နေလို့ တွေ့ချင်တယ်လို့ ပြောသွားတယ်လို့ ပြောတယ်။ ဘာမျှမစဉ်းစားလိုက်ရဘဲ ပါးစပ်က ဘာလို့လဲဆိုတာ ထွက်သွားတယ်။ ကလယ်ကတော့ မျက်လုံးပေကလပ်ပေကလပ်လုပ်ရင်း ပခုံးတွန့်ပြတယ်။ အေဒရီယံက မင်းလက်ဖဝါးကို ကိုင်ပြီး နှုတ်ဆက်ချင်လို့ ဖြစ်မှာပေါ့လို့ နောက်တယ်။ အမျိုးသမီးက ယောက်ျားမရှိဘူး။ ချောတယ်လို့ ကလယ်က ပြောပြီး ဒီအနားတင်ရှိမှာ။ ဘာနဘီ အလုပ်ရှုပ်နေတာပဲ ကြည့်လို့ ပြောပြီး မျက်နှာပေးနဲ့ မသိမသာပြတယ်။ ကျွန်တော်ကတော့ လောလောဆယ် သူတို့ကို မတွေ့ချင်သေးဘူး။ ကလယ်ကို ကြည့်လိုက်ရင်း ငါတို့ ချင်းမိုင်ကိုသွားပြီး တစ်ပတ်လောက် နားချင်တယ်။ ဒီနေ့ခင်းရအောင် စီစဉ်ပေးစမ်းပါလို့ ပြောပြီး ဘားရှိတဲ့ဖက်ကို မေးငေါ့ပြပြီး ထွက်လာခဲ့တယ်။ အေဒရီယံက ကလယ့်ကို လွန်ပရာဘန်ကနေ ကုန်းတစ်တန်၊ ရေ တစ်တန်သွားရတဲ့ ခရီးစဉ်မျိုးတော့ မဟုတ်ဘူးလို့ ပြောရင်းနောက်လိုက်တယ်။ ရုတ်တရက် သတိရလိုက်တာနဲ့ ကလယ်ဆီ ပြန်လှည့်သွားတော့ ကလယ်က ပြံုးနေရင်း သူ့လက်ဝါး နှစ်ဖက်ဖြန့်ထားတာ တွေ့ရလို့ သူ့လက်ထဲကို ကျွန်တော့် ပီဒီအေတို့၊ ဘလိုက်ဘယ်ရီတို့၊ နားကြပ်တို့ အကုန်ထည့်ပေးလိုက်တယ်။ အေဒရီယံကလည်း သူ့ပစ္စည်းတွေ လှမ်းပေးလိုက်တယ်။ ကလယ်က တစ်ခုလား၊ နှစ်ခုလားလို့ မေးတာနဲ့ နှစ်ခုလို့ ကျွန်တော်ဖြေလိုက်တယ်။ ကလယ်က သူ့တာဝန်ကို သိပ်သိတဲ့လူမျိုး။ သူ့အပိုင်းကို သူ မလစ်ဟင်းစေတဲ့လူမျိုး။ အလုပ်ပြီးသွားတယ်ဆိုရင် ကျွန်တော်တို့ ပီဒီအေတို့ ဘာတို့ကို မသုံးချင်ကြတော့ဘူး။ လိုကလ်နက်(တ)ဝ့ါနဲ့ ဆက်ထားတဲ့ ပိုက်ဆံကြိုပေးပြီးသား၊ သုံးပြီးလွှင့်ပစ်ရတဲ့ မိုဘိုလ်ဖုန်းတွေပဲ သုံးတော့တယ်။ ကျွန်တော်တို့ ပုံမှန်သုံးတဲ့ ဆက်သွယ်ရေး ကိရိယာတွေလို ဂျီပီအက်(စ) မပါတော့ ကျွန်တော်တို့ကို ဆက်သွယ်ဖို့ မလွယ်ဘူး။ ရှာဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ပိုင်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ သီးခြားလွတ်လပ်မှုကို လိုတယ်။ ပီဒီအေတို့ မိုဘိုလ်ဖုန်းတို့ ဆိုတာတွေက သီးခြားလူ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လွတ်လပ်မှုနဲ့ အချိန်ကို စားသုံးနေတဲ့ ကင်ဆာ တစ်မျိုးပဲလို့ ကျွန်တော် မြင်တယ်။ အိပ်ဇက်ကတဖ်ဘားထဲ ရောက်တာနဲ့ ညွှန်ကြားရေးမှူးနဲ့ တိုးတော့တာပဲ။ သူ့ နောက်နားဆီက မှိုရတဲ့ မျက်နှာနဲ့ကတော့ တာဝန်ရှိတယ်ဆိုတဲ့ ငနဲမ။ ဘယ်သူကမှ နှုတ်ဆက်မပေးရသေးခင် သူကရှေ့တိုးလာပြီး ကွန်ဂရက်ကျူလေးရှင်းလို့ ပြောရင်း လက်ဆွဲနှုတ်ဆက်တော့ ကျေးဇူးတင်ကြောင်း ပြန်ပြောရင်း အေဒရီယံကို မိတ်ဆက်ပေးလိုက်တယ်။ နောက်နားက ကပ်ပြီးပါလာတဲ့ သံအမတ်ဆိုတဲ့ ငနဲကတော့ တစ်ခုခု သောက်ကြပါလားလို့ ပြောတယ်။ ကျွန်တော်တို့ဆီက ဘီယာလည်း ရှိတယ်လို့ သူက ဆက်ပြောတယ်။
လမ်ဘိုဂိနီး စီးတဲ့သူဆိုတော့ အေဒရီယံက ဘီယာသောက်လေ့မရှိဘူး။ “သောက်တာကိုကြည့်ရင် နောက်ပါ အကြောင်းကို သိတယ်” ဆိုတဲ့ ဆိုစကားလိုပဲ။ သောက်မယ်ဆိုရင်တောင် ဘူတိဘီယာမျိုးလောက်ကို အာစိုရုံ သောက်တဲ့လူမျိုး။ ဒီတော့ သံအမတ်ကို နောက်သလိုလိုနဲ့ ခင်ဗျားတို့ဆီက နေပူပူမှာ အုတ်စီတဲ့ပန်းရံတွေ၊ ကုန်ကားမောင်းတဲ့ ကောင်တွေ သိပ်ကြိုက်တယ်ဆိုတဲ့ ဘီယာလားလို့ ကပ်ပြီးနှိပ်လိုက်တယ်။ သံအမတ် မျက်နှာပျက်သွားပေတဲ့ သံအမတ်တွေရဲ့ ပါးရိုးဆိုတာက ကြက်ပေါင်စေးနဲ့ လုပ်ထားတာဆိုတဲ့အတိုင်း ချက်ချင်းပြန်ပြီး ပြံုးလိုက်နိုင်တယ်။ ညွှန်ကြားရေးမှူးကတော့ လုပ်ကြပြန်ပြီဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ရင်း စကားလမ်းလွှဲလိုက်တယ်။ တာဝန်ရှိတယ်ဆိုတဲ့ ခပ်ချောချောမကြီးက ကျေးဇူးတင်ကြောင်းနဲ့ ပရော်ဖက်ရှင်နယ်လစ်ဇင်အကြောင်း ကောင်းတာတွေချည်းပဲ ပြောနေတော့တယ်။ တကယ်တော့ သူ သဘောတူတာ ယုံကြည်တာတွေက သူပြောတာနဲ့ မဆိုင်ဘူး။ သူ ကျွမ်းကျင်မှုကိုက အဲဒီလိုပြောဖို့ပဲ။ အဲဒီလို ပြောနိုင်တာကိုက သူ့လိုအပ်မှု ဖြည့်ဆည်းပေးနေတာပဲ။ သူပြောတာ သဘောကျလို့ မဟုတ်ပေတဲ့လည်း ခပ်ချောချောကြီး ဆိုတော့ ရှာကြံပြီး ကောင်းတဲ့ဖက်က တွေးရင်း သူ့မျက်နှာကြည့် နားထောင်နေလိုက်ရတယ်။ ဒါပေတဲ့ တို့ ခေါင်းမီး တောက်နေတုန်းက နင် ဘယ်မှာ သွားအိပ်နေသလဲလို့တော့ စိတ်ထဲက ပြောလိုက်မိတယ်။ သူ့လောကွတ်တွေနဲ့ သူ့ရဲ့ တရားထောက် လုပ်နေတဲ့ သံအမတ်ပြောတာ နားထောင်နေတုန်း အေဒရီယံက ရေ ပုလင်းနှစ်လုံး သွားယူလာတယ်။ အနားကို ပြန်လာပြီး စကားကိုဖြတ်တဲ့ အနေနဲ့ ရေပုလင်းတစ်လုံး ကျွန်တော့်ကို လှမ်းပေးရင်း မင်းသောက်နေကျ စန်ဘာနဒက်တိုးတော့ မရှိဘူးလို့ပြောပြီး သူ့လက်ထဲက ရေပုလင်းတစ်လုံးလှမ်းပြီး ပေးလိုက်တယ်။ သံအမတ်ကတော့ အေဒရီယံ ပြောတာကို နားထောင်ရင်း ကြက်ပေါင်စေးနဲ့ လုပ်ထားတဲ့ သူ့ပါးရိုးကို အသုံးချပြီး ပြံုးပြပြန်တယ်။ အဲဒီတုန်းမှာပဲ တာဝန်ရှိတဲ့ ခပ်ချောချောမကြီးက ဘာစိတ်ကူးရတယ်မသိဘူး။ ဒီဘိုနိုရဲ့ ဦးထုပ်ခြောက်လုံး အကြောင်းပြောတယ်။ အေဒရီယံက မထိန်းမသိမ်းဘဲ ရယ်ပါလေရော။
စကားပြောနေတာတွေ အားလုံးရပ်သွားတယ်။ ငြိမ်သွားတယ်။ ဒီတော့မှ အေဒရီယံက ရေပုလင်းထဲက ရေကို တစ်ငုံသောက်လိုက်ပြီး ဒီဘိုနိုရဲ့ ဦးထုပ်ခြောက်လုံးက အခြေခံယုတ္တိဗေဒလောက်ကိုမျှ နားမလည်တဲ့ ကော့ပိုရိပ် စီအီးအိုတွေ ဖတ်ဖို့ရေးတာ။ ကျွန်တော်တို့ လုပ်ကိုင်နေရတဲ့ အနေအထားမှာ သုံးလို့မရဘူးလို့ ပြောပြီး သံအမတ်ကို လှမ်းကြည့်လိုက်တယ်။ ဒီတစ်ခါတော့ သံအမတ်ခမြာ ကြိုးစားပြံုးပေတဲ့ အေဒရီယံရဲ့စကားကို မငြင်းရဲဘူး။ ဟုတ်တာပေါ့။ ဟုတ်တာပေါ့ . . . လို့ ပြောရင်း မတင်မကျနဲ့ ထောက်ခံလိုက်တယ်။ သူကိုယ်တိုင်ကလည်း ပထမ အတွင်းဝန်ဘဝက နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ရထားတာ။ အေဒရီယံ ပြောတာကို ဆန့်ကျင်လိုက်ရင် ကျွန်တော်တို့ မျက်စေ့ထဲမှာ မင်း ဒီလောက်တောင် တုံးပါသေးသလားလို့ အထင်သေးသွားမယ်ဆိုတာ သူရိပ်မိလိုက်ပုံရတယ်။ စနစ်တကျ အကွက်ချစိုက်ထားတဲ့ သစ်ပင်အများကြီးကို ခင်ဗျားမြင်ဖူးတယ်မဟုတ်လားလို့ အေဒရီယံက မေးတယ်။ ခပ်ချောချောမကြီးက ပြံုးပြီး ခေါင်းညိတ်ပြတယ်။ အဲဒီသစ်ပင်တွေကို အပေါ်ကနေ ဆီးကြည့်ရင် အားလုံးကို မြင်ရပေတဲ့ စိုက်ကွင်းရဲ့ ထောင့်တစ်နေရာက ရပ်ကြည့်ရင် တချို့အပင်ကို မမြင်ရဘူး။ ကြည့်တဲ့လူရဲ့ရှေ့မှာ သစ်ပင်ခံနေလို့ပဲလို့ အေဒရီယံက ပြောပြီး ရေ တစ်ငုံ သောက်လိုက်ပြန်တယ်။ ပြီးတော့မှ သူက ဆက်တယ်။ ဒီအကြောင်းကို ယူကလစ်က ပြောခဲ့တာ။ ယူကလစ်ရဲ့ သစ်ပင်တွေ Euclid’s orchard အကြောင်း ခင်ဗျားကြားဖူးရဲ့မဟုတ်လားလို့မေးတော့ ခပ်ချောချောမကြီးက ပြံုးပြီးခေါင်းခါပြတယ်။ ကျွန်တော်တောင် နည်းနည်းအားနာချင်သလို ဖြစ်လာတယ်။ အေဒရီယံက ပြံုးတယ်။ ဒီ အပြံုးကို ကျွန်တော် ကောင်းကောင်းသိတယ်။ ရိုးသားတဲ့အပြံုးမဟုတ်ဘူး။ ဆက်ရှင်းပြနေလည်း သိပ်တော့ အကျိုးမထူးမှာမဟုတ်ဘူးလို့ သူ့ဘာသာ လက်ခံလိုက်တဲ့အပြံုး။ ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ။ အဓိက ကျွန်တော် ပြောချင်တာ ကွယ်နေတဲ့ သစ်ပင်အကြောင်း ကျွန်တော်တို့ သိချင်တာ သိရအောင်လုပ်တာ။ ဒီတော့ ဒီ-ဘိုနို ဦးထုပ်ခြောက်လုံးလောက်နဲ့ ကျွန်တော်တို့အတွက် မလုံလောက်ဘူးလို့ စကားကိုဖြေချလိုက်ပြီး ပုလင်းထဲက လက်ကျန်ရေကို အကုန်သောက်ချလိုက်တယ်။ ဘာမှ ထပ်မပြောတော့ဘူး။
ညွှန်ကြားရေးမှူးကတော့ သိပ်မျက်နှာမကောင်းပေတဲ့ ဘာမှ ဝင်မပြောဘူး။ ကျွန်တော်ကပဲ ငနဲမကြီးကို ကတ်စကိတ်ဒင်းဖေလျှာ Cascading failure တို့ ဘိုင်ဇင်တိုင်း ဖေလျှာ Byzintine failure တို့ ဆိုတာတွေ ခင်ဗျား ကြားဖူးသလားလို့ မေးလိုက်တော့ သူက ပြံုးရင်းခေါင်းခါပြတယ်။ သူ့ရဲ့ဝန်ခံမှု အတွက်တော့ တန်ဖိုးထားလိုက်မိတယ်။ တိုင်းကြီးပြည်ကြီးသားတွေရဲ့ ချစ်စရာ ကောင်းတဲ့အပြုအမူတစ်ခုဟာ မသိတာက ရှက်စရာပဲလို့ မမြင်ဘဲ မသိဘူးလို့ ဝန်ခံတဲ့အလေ့အကျင့်ပဲလို့ ကျွန်တော် မြင်တယ်။ ကက်စကိတ်ဒင်းဖေလျှာ ဆိုတာကတော့ အစုလိုက်အပြံုလိုက် ပြိုဆင်းသွားတာ။ ရေတံခွန်က ရေတွေ စီးဆင်းသွားသလိုပဲ။ အမှန်မှာတော့ ဒီအသုံးအနှုန်းက သိပ္ပံပညာကလာတာလို့ အစချီပြီး ကျွန်တော်က ရှင်းပြလိုက်တယ်။ တချို့ စနစ်၊ အဆောက်အအုံ စတာတွေဟာ အတွင်းသားမှာ၊ အပိုင်းအစပေါင်းအများကြီးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်မှီတွယ်ပြီး ရပ်တည်နေတာ။ တည်ဆောက်ထားတာ။ အပိုင်းအစတချို့ကို ထုတ်လိုက်လို့ ဘာမျှမဖြစ်ဘူး။ ပြိုပျက်မသွားဘူး ဆိုပေတဲ့ အပိုင်းအစ ကလေးတစ်ခုကို ထုတ်လိုက်တာအခါ၊ ဖယ်လိုက်တဲ့အခါ၊ တစ်ခုပြီးတစ်ခု ဆင့်ကဲ ဆင့်ကဲ ပြိုပြီး ပျက်သွားတတ်တယ်။ လျှပ်စစ်ဓာတ်မှာ ဖျူ့စ်ကလေးတစ်ခုက မီးစက်ကြီးတစ်ခုလုံး လောင်သွားနိုင်သမျိုးပဲ။ တို့က ဘယ်အစကလေးက ပြိုတယ်ဆိုတာကို ကြည့်တာ။ သာမန် ယုတ္တိဗေဒဟာ ဒီနေရာမှာ မလုံလောက်ဘူးလို့ ကျွန်တော်က ခပ်ရှည်ရှည်ရှင်းပြလိုက်မိတယ်။ တာဝန်ရှိတဲ့ ခပ်ချောချောမကြီးကတော့ ဆိုလိုတာကို သဘောပေါက်ပုံသိပ်မပေါ်ဘူး။ ကျန်လူတွေကတော့ သိလိုက်ကြတယ်။ စိတ်သိပ်ရှည်ပုံမရတဲ့ အေဒရီယံက အတွင်းရေးမှူးစောင့်နေပြီထင်တယ်လို့ ပြောပြီး စကားကို အတင်းဖြတ်လိုက်တယ်။ ငနဲမကြီးက ဘိုင်ဇင်တိုင်းဖေလျှာအကြောင်း မရှင်းပြတော့ဘူးလားလို့ မေးတယ်။ နောက်တစ်ကြိမ် ခင်ဗျားညစာကျွေးမယ်ဆိုတဲ့အခါ ကျွန်တော်ရှင်းပြမယ်။ အဲဒီကျရင် Strategic surprises အကြောင်းပါ ရှင်းပြမယ်လို့ ကျွန်တော်က ပြောလိုက်တော့ သူက လက်ကိုကမ်းလိုက်ပြီး လက်ဆွဲနှုတ်ဆက်ရင်း အိုကေ ငါ ချိန်းလိုက်မယ်လို့ ပြောတယ်။ ညွှန်ကြားရေးမှူးက မသိမသာ မျက်စေ့မှိတ်ပြတယ်။ သံအမတ်ခမြာလည်း ခုမှ လွတ်လွတ်လပ်လပ် ပြံုးနိုင်တယ်။ ကျွန်တော်ကပဲ ညွှန်ကြားရေးမှူးကို သွားတော့မယ်။ နှစ်ပတ်လောက်ကြာမှ တွေ့မယ်လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တော့တယ်။ အေဒရီယံက ငနဲမကြီးကို လှမ်းကြည့်လိုက်ပြီး ကျွန်တော်ကတော့ ကိုသျှာပဲ စားတယ်လို့ ပြောရင်း နောက်တယ်။
တကယ်တော့ ကျွန်တော်တို့ ဘဝက သိပ်စိတ်ချမ်းသာစရာ ကောင်းလှတဲ့ ဘဝမျိုး မဟုတ်ဘူး။ အဆိုးဆုံးက သိပြီးသားတွေကို မသိသလိုလုပ် နားထောင်နေရတဲ့အခါ မဟုတ်မှန်းသိပေတဲ့ အဟုတ်လိုသဘောထားပြီး နားထောင်နေရတဲ့အခါမျိုးတွေ။ ရာထူးရာခံ ကောင်းကောင်းရထားပေတဲ့ ဘာမှနားမလည်တဲ့၊ မသိတဲ့ နိုင်ငံရေးသမားတွေကို ရှင်းပြရတဲ့အခါမျိုးတွေပဲ။ ဘာမျှ မသိတဲ့လူကို ငါရှင်းပြပေတဲ့ သူဘာမှ သိမှာမဟုတ်ဘူးလို့ သိနေရက်ကနဲ့ ရှင်းပြနေရတာဟာ အပင်ပန်းဆုံးပဲ။ ငါတို့ ဘာလို့များ ဒီဒုက္ခတွေ ခံနေသလဲ မသိဘူးလို့ တစ်ခါက အေဒရီယံရှေ့မှာ ပြောမိတယ်။ ဒီတော့ သူက ပိုက်ဆံကောင်းကောင်းရတာကိုးလို့ ပြန်ဖြေတယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ဒါပေတဲ့ ကျွန်တော်တို့အလုပ်မျိုးမှာက ကိုယ် ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ့်ဘာသာသိနေတဲ့အလုပ်မျိုး။ ဂေါ့သီးရိုက်တဲ့လူလိုပဲ။ ဘယ်သူကိုမျှ ထောက်ခံစာတောင်းလို့ရတဲ့အလုပ်၊ ပေးလို့ရတဲ့အလုပ်မျိုးမဟုတ်ဘူး။ အလုပ်လျှောက်ဖို့ ထောက်ခံစာလည်း မရနိုင်ဘူး။ ဒီအလုပ် လုပ်မစားချင်ရင် တို့ဘာလုပ်စားကြမလဲလို့ ကျွန်တော်ကမေးတော့ အေဒရီယံက ဒါတော့ ငါမသိဘူး။ ငါ့ဘဝအတွက်တော့ ငါ့ရဲ့လိုအပ်မှု ရနေရင် ပြီးတာပဲ။ ပိုက်ဆံမရှိရင်၊ အလုပ်မရှိရင် ဘာလုပ်မလဲ ဆိုတာထက် ပိုက်ဆံရှိနေတုန်း၊ အလုပ်ရှိနေတုန်း၊ အသက်ရှင်နေတုန်း၊ ငါရဲ့လိုအပ်မှုကို ငါဖြည့်စွမ်းပေးနိုင်ဖို့ လိုတယ်လို့ ပြောဖူးတယ်။ တကယ်တော့ ကျွန်တော်တို့ အေဒရီယံတို့ရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း နှစ်ပိုင်းရှိနေတယ်။ အပြင်မှာ တစ်ဘဝ။ အတွင်းထဲမှာ တစ်ဘဝ။ အတွင်းထဲကဘဝရဲ့ လိုအပ်မှုကို မဖြည့်စွမ်းနိုင်ရင် ကျွန်တော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ဘဝကို ရင်ဆိုင်ဖို့ မလွယ်ဘူး။ ဖြေရှင်းပေးဖို့ မလွယ်ဘူး။ တစ်ခါတလေ စိတ်ရှုပ်လို့ တောက်ခေါက်တာ၊ ညည်းတာကို ကလယ်ကြားမိသွားရင် သူက ရှင်တို့ ကိုယ်ထဲမှာရှိနေတဲ့ ဘိုင်ဇင်တိုင်းအင်ပါယာက စစ်သူကြီးတွေ ဆုံးဖြတ်ချက်ချလို့ မရကြသေးဘူးလားလို့ မေးတတ်တယ်။ ဒီတော့လည်း ပြံုးရ ရယ်ရပြန်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့မှာ ကလယ်လို အတွင်းရေးမှူး ကောင်းကောင်းလိုတာပဲ။ အတွင်းရေးမှူးကောင်းကောင်းတစ်ယောက်ဟာ အမေလို၊ မိန်းမလို အစစအရာရာ သဘောပေါက်တဲ့သူမျိုးတွေပဲ။ အိမ်မှာ မွေးထားတဲ့ ခွေးလိုလည်း အငေါက်ခံနိုင်ကြရတယ်။ ကျွန်တော်တို့ သိပ်ပြီး စိတ်ပင်ပန်းနေပြီဆိုတာသိတာနဲ့ ကျွန်တော်တို့ နားဖို့လိုပြီဆိုတာ တိုက်တွန်းလေ့ နားချလေ့ရှိတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့က ဦးသွားတယ်။
ချင်းမိုင်ကို ခြေချလိုက်တာနဲ့ ကျွန်တော့်စိတ်ထဲမှာ လွတ်လပ်သွားသလိုပဲ။ အေဒရီယံကို ပြောပြလိုက်တော့ ငါကတော့ လေယာဉ်ပျံ လေထဲ ရောက်ကတည်းက ဝမ်းသာနေတာတဲ့။ တွေ့နေကျအကောက်ခွန်အရာရှိနဲ့ ခဏရပ်ပြီး ရယ်စရာပြောနေတုန်း သူ့တပည့်တစ်ယောက်က ခင်ဗျားတို့လာကြိုတဲ့သူ အပြင်မှာရှိတယ်လို့ပြောလို့ ကလယ်က ပရာမွတ်ဆီ အကြောင်းကြားထားပြီးပြီလို့ တွေးကြည့်လိုက်မိတယ်။ ကျွန်တော်တို့က မဲရင်ဖက်မှာနေမှာဆိုတော့ သက်သက်သာသာသွားရင် နာရီဝက်တော့ ကြာတာပဲ။ လမ်းမှာ ကျွန်တော်တို့နှစ်ယောက်သား တော်တော်နဲ့စကားမပြောနိုင်ဘူး။ ကားရဲ့အပြင်ဖက်ကိုကြည့်ပြီး သာယာနေမိတယ်။ ခုလို လင်းလင်းထင်းထင်း နေရောင်ခြည်မျိုးကို မတွေ့ရတာကြာပြီ။ အတော်ကလေးကြာမှ အေဒရီယံက ကားမောင်းတဲ့လူငယ်ကို မင်းတို့ကံကောင်းကြသကွာ။ တို့မှာတော့ ကွန်ကရစ် တောနက်ထဲမှာ လူလုပ် အလင်းရောင်အောက်မှာ။ အတု လုပ်ထားတဲ့ အပြံုးတွေအကြားထဲမှာ။ ပြင်သစ်ကလာတဲ့ ရေမွှေးနံ့တွေအကြားမှာ နေနေရတာ။ မင်းတို့ကတော့ နေ့စဉ် နေ့တိုင်း သဘာဝအလှအပတွေ။ ရိုးသားတဲ့အပြံုးတွေ။ သဘာဝကပေးထားတဲ့ တောနံ့တောင်နံ့တွေနဲ့ နေကြရတာလို့ လှမ်းပြောလိုက်ရင်း ကျွန်တော့်ကို လှည့်ကြည့်လိုက်တယ်။ ပြီးတော့ မဟုတ်ဘူးလားလို့ မေးတာနဲ့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။ ကားမောင်းတဲ့လူငယ်က တစ်ခုခုပြောချင်ပုံရတယ်။ နောက်ကြည့်မှန်ထဲက လှမ်းကြည့်တာ၊ ကျွန်တော် သတိထားလိုက်မိတယ်။ မင်း ဘာများပြောချင်လို့တုန်းလို့ ကျွန်တော်က လမ်းဖွင့်ပေးလိုက်တော့ သူက ကျွန်တော့်ကို လွတ်လွတ်လပ်လပ် စကားပြောခွင့်ပြုပါလို့ သူကပြောတယ်။ ကျွန်တော်ကပဲ ပြောပါ။ တို့ အလုပ်ကိစ္စနဲ့ လာကြတာမဟုတ်ဘူးလို့ ပြောရင်း အေဒရီယံကို မျက်စေ့မသိမသာ မှိတ်ပြလိုက်မိတယ်။ အေဒရီယံက ပြန်ပြံုးပြတယ်။ ဆိုလိုတာကတော့ ကားမောင်းတဲ့လူငယ်ဟာ အရပ်ဝတ်နဲ့ဆိုပေတဲ့ ပရာမွတ်လက်အောက်က အရာရှိငယ် တစ်ယောက်ပဲဆိုတာ သူလည်း ရိပ်မိလိုက်တဲ့သဘောပဲ။ အထက်အရာရှိတွေကို လွတ်လွတ်လပ်လပ်စကားပြောခွင့်တောင်းတယ်ဆိုတာက စနစ်တကျ လေ့ကျင့်ထိန်းကျောင်းခံထားရတဲ့သူတွေပဲ။ ကားမောင်းတဲ့ လူငယ်က ဆရာသမားတို့ပြောတဲ့အတိုင်း သဘာဝလောကဟာ သာယာဖို့ကောင်းတယ်ဆိုတာ ကျွန်တော် မငြင်းပါဘူး။ ပြဿနာကတော့ ကွန်ကရစ်တောနက်ကြီးတွေ ထဲမှာလို မှန်လုံတံခါးတွေ၊ အအေးစက်တွေ တပ်မထားတော့၊ သဘာဝတရားထဲမှာ ခြင်ကိုက်ပါတယ်။ မြောင်းပုပ်နံ့လည်း ရပါတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ပြိုင်တူလိုရယ်မိကြတယ်။ မင်းမှာ ဟာသဓာတ်ခံရှိတော့ ပရာမွတ် အနားမှာ နေတဲ့လူပဲဖြစ်ရမယ်လို့ ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ ရင်းနှီးသလိုဖြစ်လာတော့ သူက သူ့အဆင့်ကို ပြောပြတယ်။ ပရာမွတ်ကတော့ ညနေ ခြောက်နာရီကျမှပဲ ကျွန်တော်တို့ရှိရာကိုလာပြီး ညစာ သွားစားကြမယ်ဆိုတာကိုပါ သတင်းပေးတယ်။
ကျွန်တော်တို့အခန်းတွေက နေနေကျမို့ ရင်းနှီးပြီးသားအခန်းတွေ။ ကျွန်တော့်အခန်းက အဆောက်အဦရဲ့ ထောင့်စွန်း။ အေဒရီယံက ကပ်ရက်အခန်းမှာနေတယ်။ ကျွန်တော့်အခန်းက နံရံသုံးခုစလုံးမှာ မှန်ပြတင်းပေါက် အကျယ်ကြီးတွေရှိတယ်။ သူ့အခန်းမှာတော့ နံရံတစ်ခုမှာပဲ မှန်ပြတင်းပေါက် တစ်ခုရှိတယ်။ အခန်းထဲမဝင်ခင် လက်ပတ်နာရီကို ကြည့်လိုက်တော့ နှစ်နာရီ ထိုးပြီးစပဲ ရှိသေးတယ်။ အေဒရီယံကလည်း သူ့နာရီကြည့်ပြီး တို့ နားဖို့သုံးနာရီလောက် အချိန်ရသေးတယ်လို့ ပြောတာနဲ့ ကျွန်တော်ကပဲ သူ့ကို ဂွတ်နိုက်လို့ ပြောလိုက်တယ်။ သူကလည်း ဂွတ်နိုက်လို့ ပြန်ပြောပြီး ကလယ် ဝယ်ပေးလိုက်တဲ့ဖုန်းတစ်လုံးကို ထောင်ပြတယ်။ ဂွတ်နိုက်လို့ ပြောတာ ကျွန်တော်နဲ့ သူ့အကြားက အစဉ်အလာတစ်ခုပဲ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အခန်းထဲက ပြန်ထွက်လာတဲ့အခါ ကျွန်တော်တို့အဖို့ နေ့သစ်တစ်ခုပဲ။ အခန်းထဲဝင်သွားတုန်းက ကျွန်တော်တို့ရဲ့ ဘဝအနေအထားဟာ အခန်းထဲက ထွက်လာချိန်မှာ ပြောင်းသွားပြီ။ အခန်းထဲရောက်တာနဲ့ ကျွန်တော်လည်း အားရပါးရ တစ်ကိုယ်လုံးနွေးသွားအောင် ရေပူပူနဲ့ အတော်ကြာအောင် စိမ်လိုက်တယ်။ ပြီးတော့မှ ပြတင်းပေါက်က ခန်းဆီးတွေကို ဖယ်လိုက်တယ်။ ခုတင်ပေါ်က ခေါင်းအုံးတစ်လုံးကိုယူပြီး ခုတင်နဲ့ပြတင်းပေါက်အကြားက ကြမ်းပြင်ပေါ်မှာ ချလိုက်တယ်။ ခုလောက်ဆိုရင် အေဒရီယံ တစ်ယောက်လည်း ကျွန်တော့်လိုပဲ ပြင်ဆင်နေလိမ့်မယ်လို့ တွေးကြည့်လိုက်မိတယ်။ သူကတော့ ကျွန်တော်လုပ်သလို မဟုတ်ဘူး။ ရေမိုးချိုးပြီးတာနဲ့ အခန်းက ခန်းစီးတွေကို လုံအောင်ပိတ်၊ မီးပိတ်ပြီး ပန်းချီကားတို့ ဘာတို့ချိတ်မထားတဲ့ နံရံတစ်ခုရှေ့ တစ်ပေသာသာလောက်မှာ ကုလားထိုင်တစ်လုံးချလေ့ရှိတယ်။ ပြီးတော့ ဘာအသံမျှမကြားရအောင် နားထဲမှာ နားအပိတ်တပ်ပြီး ကုလားထိုင်ပေါ်မှာထိုင်တယ်။ ကုလားထိုင်ပေါ်မှာထိုင်ရင်း သူ့ရှေ့တည့်တည့်က နံရံကို စိုက်ကြည့်နေတတ်တယ်။ ဘယ်လောက်ကြာအောင် ကြည့်သလဲလို့ ကျွန်တော်မေးကြည့်ဖူးတယ်။ မသိဘူးလို့ သူက ဖြေတယ်။ ဒါပေတဲ့ အဲဒီလို ကြည့်နေတဲ့အခါ ကာလအတိုင်းအတာဟာ အရေးမကြီးဘူး။ ပျောက်ဆုံးနေတာပဲ။ ကြည့်နေရင်းနဲ့ အားလုံးရပ်သွားတယ်။ လူမှာကပ်ငြိနေတဲ့ ပယောဂတွေ ပျောက်သွားတယ်။ လူရဲ့ဖြစ်-ရှိနေခြင်းလည်း ပျောက်သွားတယ်။ နံရံကို ဖောက်ပြီး နောက်ကွယ်ဆီက နက်ရှိုင်းရာတစ်ခုဆီကိုသွားသလိုပဲ။ အားလုံး ဘာမှ မရှိတော့သလိုပဲ။ နက်ရှိုင်းမှုရဲ့ ကြမ်းပြင်အထိ ရောက်သွားသလိုပဲ။ အဲဒီနောက် တစ်ချိန်ချိန်မှာ ကုလားထိုင်ပေါ်မှာဆိုတဲ့ အသိ ပြန်ရလာတယ်။ ဖြစ်-ရှိနေခြင်းကို ပြန်သိလာတယ်။ နံရံရဲ့ရှိနေခြင်းကို ပြန်တွေ့လာတယ်။ ငါ့ရဲ့ ဖြစ်-ရှိနေခြင်းအတွင်းမှာ လိုအပ်နေတာတွေ ရလိုက်တယ်။ အဲဒီလိုဖြစ်လာရင် ငါကတော့ ဘဝသစ်တစ်ခုကို ရလိုက်သလိုပဲလို့ သူက ပြောပြဖူးတယ်။
ကျွန်တော်ကတော့ ကြမ်းပြင်မှာ ချထားတဲ့ ခေါင်းအုံးပေါ်မှာ ခေါင်းချလိုက်ပြီး ပက်လက်လှန်နေရင်း ပြတင်းပေါက်အပြင်ဖက်က မိုးကောင်းကင်ကြီးကိုပဲ မလှုပ်မရှား ကြည့်နေမိတယ်။ ကောင်းကင်တစ်ခုလုံးပြာနေတယ်။ ကျွန်တော့်ရဲ့မြင်ကွင်းဟာ အေဒရီယံရဲ့ နံရံလို ပိတ်မနေဘူး။ လုံးဝဖွင့်ထားတယ်။ ဖွင့်ထားတဲ့အမြင်ကနေ ကျွန်တော့်စိတ်ကို လွှင့်ပစ်လိုက်တယ်။ သွားချင်ရာသွား။ နားချင်ရာနားပဲ။ အတားအဆီးမရှိဘူး။ ပက်လက်လှန်အိပ်ရင်း မိုးကောင်းကင်ကြီးကို ကြည့်နေပေတဲ့ ကျွန်တော့်အမြင်တွေဟာ အထက်ဆီးကနေ သိမ်းငှက်တစ်ကောင်က ကြည့်နေသလိုလည်း မြင်လာရတယ်။ ပေါတာလက လားမားကြီးတွေ စိတ်ကို စွန့်လွှတ်တာမျိုးများလားတော့ မသိဘူး။ ကြောင်တစ်ကောင်လို ညအမှောင်ထဲမှာ မြင်ရတာတွေလည်း တွေ့လာတယ်။ မှုန်ဝါးနေတာတွေ ကြည်လင်လာတယ်။ ကာလနဲ့ အာကာသဟာ ကျွန်တော့်အတွက်မဟုတ်တော့ဘူး။ အတိတ်နဲ့ အနာဂတ်ဟာ ပြင်ညီတစ်ခုတည်းမှာ။ ဘာသာစကားမှန်သမျှဟာ သေဆုံးနှင့်ခဲ့ကြပြီ။ အဲဒီလိုအနေအထားမျိုးမှာ အဲဒီလို အခါမျိုးမှာ ကျွန်တော်ဟာ ကျွန်တော့်ဘဝမှာလစ်ဟာနေခဲ့တဲ့ ကွက်လပ်တွေကို ပြန်ပြီးဖြည့်ရသလိုပဲ။ ဒါပေမဲ့ ဘယ်လိုအခါမျိုးမှာ ဖြစ်လာမှန်းတော့ မသိဘူး။ ပက်လက်အိပ်နေရင်းမြင်ရတဲ့ ကောင်းကင်ပြင်ကြီးထဲမှာ ကျွန်တော်ဟာ အသစ်တဖန်ဖြစ်နေရခြင်းတစ်ခုကို တည်ဆောက်လိုက်ရသလိုပဲ။ အေဒရီယံရဲ့ နံရံနဲ့ ကျွန်တော့်ရဲ့ မိုးကောင်းကင်ဟာ သာမန်အနေအထားမှာ တူပုံမရပေတဲ့ ရလဒ်ကတော့ တူကောင်းတူမယ်ထင်တယ်။ ကျွန်တော့်အမြင်ထဲက တဆင့်လွှင့်ထုတ်လိုက်တဲ့ အနှောင်အတဲမဲ့ သိမှတ်ခံစားနိုင်မှုတွေမှန်သမျှဟာ အတားအဆီးမရှိဘူး။ နာရီပေါင်း များစွာ နေ့ရက်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ရတဲ့ ကျွန်တော့်ရဲ့ ဖြစ်-ရှိနေခြင်း မှန်သမျှဟာ ဖြစ်-ရှိနေနိုင်ခြင်းမရှိမှု အတွင်းမှာ ရုပ်-ဒြပ် ကင်းပမှုအတွင်းမှာ အားသစ်အင်သစ်တွေနဲ့ ပျော်မြူးနေတယ်။ ကောင်းကင်ပြာပြာကြီးအထဲမှာ လှည့်ပတ်ပျော်မြူးနေရာက ကြမ်းပြင်ပေါ်က ခေါင်းအုံးပေါ်မှာ ပက်လက်လှန် လဲနေတဲ့ ကျွန်တော့်ဆီ ကျွန်တော် ပြန်ရောက်လာတဲ့အခါ ကျွန်တော်ဟာ ကျေနပ်မှုရလိုက်တဲ့လူတစ်ယောက်ပဲ။ နေ့အသစ်တစ်ခုထဲက လူသစ်တစ်ယောက်ပဲ။
လှဲနေရာက ထလိုက်တော့ ခရီးဝေးက ပြန်လာတဲ့လူတစ်ယောက်လိုပဲ။ ရေဆာသလိုလိုပဲမို့ ရေခဲစက်ထဲက ရေတစ်ပုလင်းယူသောက်လိုက်မိတယ်။ ခုတင်ဘေးဆီက မိုဘိုလ်ဖုန်းတစ်လုံး တစ်ချက်တစ်ချက် တုန်နေတာသတိထားမိတယ်။ ကျွန်တော်တို့ရဲ့ ဖုန်းတွေကို အသံတိတ်ထားလေ့ရှိတယ်။ တယ်လီဖုန်းထဲမှာ စာရောက်နေတယ်။ ကြည့်လိုက်တော့ တစ်ခုက အေဒရီယံဆီက ငါ အဆင်သင့်ပဲ။ မင်းအဆင်သင့်ဖြစ်ရင် ဖုန်းဆက်လိုက်ပါတဲ့။ နောက်တစ်ခုက ရဆော့ရဲ့ဧည့်ကြိုစားပွဲက။ မြို့ကပြန်လာတဲ့ မျောက်တစ်ကောင်ရောက်နေတယ်လို့ ရေးထားတာမို့ ပရာမွတ်ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ ပရာမွတ်က ဖိုးအေ လက်ထဲမှာကြီးတာ။ သူ့ကို ငယ်ငယ်က မြို့မှာ ကျောင်းထားတော့ ကျောင်းပိတ်လို့ အဖိုးဆီပြန်လာရင် အဖိုးက သူ့ကို သိပ်ကြည့်လို့မရဘူး။ သူ့ အဖိုးက သူ့ကို မြို့က ပြန်လာတဲ့မျောက်လို့ ခေါ်လေ့ရှိတယ်။ ခုတော့ ကျွန်တော်တို့ အကြားမှာ နာမည်ဝှက်အနေနဲ့ တွင်နေတယ်။ ကျွန်တော်လည်း အဝတ်အစားလဲပြီး အေဒရီယံဆီ ဖုန်းဆက် လိုက်တယ်။ မင်း ဖုန်းဆက်တာကို စောင့်နေတာ ဝီစကီတောင် နှစ်ခွက် သောက်ဖြစ်သွားပြီလို့ သူက ပြောလို့ နာရီကို ကြည့်လိုက်မိတယ်။ ခြောက် နာရီသာသာတောင် ရှိသွားပြီ။ အပြင်မှာ နေမဝင်သေးဘူး။ သွားစို့လို့ အေဒရီယံကို ပြောပြီး ကျွန်တော်တို့နှစ်ယောက်သား ရဆော့ရဲ့ ရှေ့ဖက်ကို ထွက်လာခဲ့ကြတယ်။ စောင့်နေတဲ့ ပရာမွတ်ကို တွေ့ရတယ်။ သူ့ထုံးစံအတိုင်း သွားကြားထိုးတံ တစ်ချောင်း ပါးစပ်မှာကိုက်လို့ရယ်။ ငါ့ကို ဒီကလေးမတွေက ဂဏန်းကြော်ကျွေးလို့ မြည်းကြည့်တာလို့လည်း ပြောတယ်။ အစား စားစား မစားစား ပါးစပ်ထဲမှာ သွားကြားထိုးတံ ကိုက်ထားတာ သူ့အကျင့်ပဲ။ ပြီးတော့မှ သူက သွားကြစို့ ဆိုတာနဲ့ ကျွန်တော်တို့လည်း သူ့ကားနဲ့ ထွက်လာကြတယ်။
နေမဝင်သေးဘူးဆိုပေတဲ့ ကျနေမို့ အရောင်က ခပ်သွယ်သွယ်ဖြစ်နေပြီ။ လှပခြင်းတွေအားလုံးရဲ့ အရိုးသားဆုံးအလှဟာ နောက်ဆုံးကာလရဲ့ အလှလို့ပြောကြတာမျိုးပဲ။ အမေအို အပြံုးဆိုတာမျိုးပဲ။ ကျွန်တော်တို့အားလုံး အတော်ကြာအောင် စကားမပြောဖြစ်ကြဘူး။ အပြင်ဖက်ကို ကြည့်ရင်း ကိုယ့်အတွေးနဲ့ကိုယ် နေနေမိကြတယ်။ လမ်းဆံတစ်နေရာရောက်တော့မှ ပရာမွတ်က သူ့ကားမောင်းတဲ့လူကို အာရွှန်းပြောတဲ့နေရာ သွားကွာလို့ ပြောတယ်။ ပြီးတော့ ကားနောက်ခန်းက ကျွန်တော်တို့ကို လှည့်ပြီး ဒီနှစ် ဖားတွေဆူတယ်။ ငါ အော်ဒါလုပ်ထားတယ်။ ခု ငါတို့ဆီက ထုတ်တဲ့ ဝိုင်တွေလည်းကောင်းတယ်လို့ ပြောတယ်။ နောက်ဆုံးတစ်ခေါက် မကောဝ်ရောက်တုန်းက စားပြီးကတည်းက တို့ ဖားကြော်မစားရတာ ကြာလှပြီလို့ အေဒရီယံက ပြန်ပြောတယ်။ ပရာမွတ်က ပါးစပ်ထဲမှာ ကိုက်ထားတဲ့ သွားကြားထိုးတံကို အပြင်ဖက်ဆီ ထွေးထုတ်လိုက်ရင်း သူ့အိတ်ထဲက ပြူတာဗူးကလေးထဲက သွားကြားထိုးတံ အသစ်တစ်ချောင်းကိုထုတ်ယူပြီး ကိုက်လိုက်တယ်။ ဘာဖြစ်လို့မှန်းတော့ မသိဘူး။ မဆီမဆိုင် ကျွန်တော်က ပရာမွတ်ကို မင်းကိုကြည့်ရတာ အမြဲလို ကျေနပ်မှု ရှိနေသလိုပဲ။ လူတစ်ယောက်မှာ ဘာများလိုအပ်မှုရှိနေတယ်လို့ မင်းထင်သလဲလို့ မေးမိတယ်။ သူက လှည့်ကြည့်ပြီး ချက်ချင်းပဲဖြေတယ်။ လူဆိုတာ ဘယ်မှာ ပြည့်စုံကျေနပ်မှုရှိနေမှာလဲ။ တစ်ခုခုတော့ လိုနေတာချည်းပဲ။ လိုအပ်မှုတွေအများကြီးအထဲမှာ အဓိကကျတဲ့ လိုအပ်ချက်တစ်ခုဟာ အမြဲရှိနေတယ်။ မင်းတို့အတွက်တော့ မသိဘူး။ ငါ့ အတွက်တော့ သွားကြားထိုးတံ တစ်ချောင်း လိုတယ်လို့ ပြောတယ်။ ကျွန်တော်နဲ့ အေဒရီယံ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြတယ်။ ဘာမှတော့ ပြန်မပြောမိဘူး။ မရယ်မိ၊ မပြံုးမိကြဘူး။ ပရင်စတန်မှာ ကျောင်းသွားတက်တုန်းက ရောက်စ နှစ်ပတ်လောက်မှာ သွားကြားထိုးတံရှာမရလို့ နေမရ၊ ထိုင်မရဖြစ်ပြီး အိပ်လို့ မရတဲ့အကြောင်း သူက ဆက်ပြောနေလိုက်တာများ ပျော်ပွဲစားရုံကို ရောက်တာတောင် မပြီးတတ်ချင်သေးဘူး။

မင်းကိစ္စ၊ ငါ့ကိစ္စ၊ ခင်မောင်ကျော့်ကိစ္စ၊ မြမြဆင့်ကိစ္စ (မြင့်သန်း)

ကျော်မြင့်ကြီးက သူ့တုတ်အသစ် ပြချင်လို့ဆိုပြီး အတင်းခေါ်တာနဲ့ မရိုက်စဖူး စနေနေ့မှာ သွားရိုက်ဖြစ်တာပဲ။ တနင်္လာနေ့ကတည်းက ကျော်မြင့် ဖုန်းဆက်တယ်။ စနေနေ့ကျရင် ရိုက်ကြရအောင်တဲ့။
"စနေ၊ တနင်္ဂနွေနေ့တွေမှာ ငါမရိုက်ဘူး" လို့ ကျွန်တော်က ပြောလိုက်တယ်။
ဘာလို့တုန်းလို့ သူက ပြန်မေးတော့ "မင်းလည်း သိသားပဲ စနေ၊ တနင်္ဂနွေတွေမှာ မရိုက်ဘူးဆိုတာ" လို့ ကျွန်တော်က ထပ်ပြောလိုက်တယ်။ "စနေ၊ တနင်္ဂနွေဆိုရင် လူများတယ်။ ပြီးတော့ ဂေါက်သီးဆိုတာက သူ့အက်တိကက်၊ သူ့ပရိုတိုကော်(လ) နဲ့သူရှိတယ်။ ယဉ်ကျေးမှုတစ်ရပ်ပဲ။ ခုတော့ စနေ၊ တနင်္ဂနွေဆိုရင် ကွင်းမှာ ပိုက်ဆံရှိလို့ ဂေါက်သီးရိုက်တယ် ဆိုတာမျိုးတွေ၊ ကလေကဝတွေ များလာတော့ ရိုက်ချင်စိတ်ရှိရင် လူပါးတဲ့ရက် ရွေးရိုက်တယ်လို့" ကျော်မြင့်ကို ရှင်းပြလိုက်ရတယ်။ ငယ်ငယ်ကတည်းက ဂေါက်သီးကိုကြိုက်လို့ ရိုက်ပေတဲ့ အရသာကို နားမလည်ဘူး။ ကျွန်တော့်ကို ဂေါက်သီးရိုက်တဲ့အရသာ လမ်းဖွင့်ပေးသွားတဲ့ လူကြီးက သံအမတ်ဟောင်းကြီး။ ဒီအရင်ကတော့ အက်ဂျူဒင့် ဂျင်နရယ်လား၊ ကွာတာ မာစတာ ဂျင်နရယ်လား မသိဘူး လုပ်ခဲ့တာ ထင်တယ်။ ဂေါက်ကွင်းပိတ်တဲ့တစ်နေ့ ဂေါက်ကွင်းသွားပြီး ကယ်ဒီတွေနဲ့ ထိုင်စကားပြောနေရင်း ကွင်းထဲမှာ ကယ်ဒီတစ်ယောက်နဲ့ ဂေါက်ရိုက်နေတဲ့ လူတစ်ယောက်တွေ့ရလို့ မေးကြည့်တော့ ဘယ်သူဘယ်ဝါလို့ သိရတယ်။ ဒီတော့မှ အပြင်ဘက်က သစ်ပင်ရိပ်အောက်မှာ ရပ်ထားတဲ့ ကားနက်ကြီးကို သတိထားလိုက်မိတယ်။ "ဆရာကြီးက ရွှေဘဲသုံးလိပ်နဲ့ လာရိုက်တာလို့" ကယ်ဒီတစ်ယောက်က ပြောတယ်။ ဟုတ်ပုံရတယ်။
ကျွန်တော်တို့ သုံးလေးယောက်က ဆယ့်ရှစ်ကျင်းအဆုံးနားက သစ်ပင်ရိပ်အောက်မှာ ထိုင်နေကြတယ်။ အဲဒီအန်ကယ်ကြီးက ရိုက်လို့ပြီးသွားတော့ သစ်ပင်ရိပ်အောက်မှာ ခဏလာနားတုန်း ဟိုဟိုဒီဒီပြောဖြစ်သွားတယ်။ သူပြောတာတွေအထဲက ခုထိ ကျွန်တော် သတိရနေ သလောက်ကတော့ "ဂေါက်သီးဆိုတာ ကိုယ့်ဘာသာ ကိုယ့်ဟင်ဒီကက်နဲ့ ကိုယ်ရိုက်တာ။ ကိုယ့်ကိုယ်ကိုယ် ပြိုင်တာ။ လူတွေနဲ့ရိုက်ရိုက်၊ တစ်ယောက်တည်းရိုက်ရိုက် အရည်အသွေးမှန်သမျှဟာ ကိုယ့်အပေါ်မှာပဲတည်တယ်။ ချီးကျူးစရာရှိလည်း ငါပဲ၊ ပျက်ရင် ပြင်ရမှာလည်း ငါပဲ၊ ကျေနပ်စရာရှိရင် ဝမ်းမြောက်ရမှာလည်း ငါပဲ။ ခုလို အေးအေးလူလူ လာရိုက်ရတော့ ပြင်စရာရှိရင် အချိန်ယူ ပြင်နိုင်တယ်။ ကိုယ့်ဘာသာအချိန်ယူပြီး သတိထားကြည့်မှ ကိုယ်ဘယ်မှာ မှားတယ်ဆိုတာ ကိုယ်သိမယ်" တဲ့။ အန်ကယ်ကြီးက နောက်ဆုံး ရွှေဘဲတစ်လိပ်ကို ကျေကျေနပ်နပ်ထုတ်ပြီး မီးညှိသောက်လိုက်တယ်။ ပုခုံးပေါ် တင်ထားတဲ့ မျက်နှာသုတ်ပုဝါ အသေးကလေးနဲ့ ချွေးသုတ်နေပုံကို ကျွန်တော်ကြည့်နေရင်း သူရဲ့အေးချမ်းနေမှုအတွက် ဘေးနားကထိုင်ပြီး သာယာတဲ့စိတ် ပေါ်လာတယ်။ အဲဒီတုန်းက ဒီကွင်းကို သူ့လိုကားနက်ကြီး စီးတဲ့လူတွေ သိပ်ပြီးမလာတတ်ကြဘူး။ လာလည်း နေ့ခင်းပိုင်းတို့ စနေ၊ တနင်္ဂနွေတို့လောက်ပဲ။ သူတို့ရိုက်ပြီး တက်လာပြန်ရင်လည်း ဘီယာတွေ၊ ဝီစကီတွေ အလျှံပယ်ပဲ။ တောရိုက် တောင်ရိုက်ဆိုပေတဲ့ ဂေါက်သီးရိုက်အိတ်အသစ်၊ ဂေါက်ရိုက်တံအသစ်၊ ဖိနပ်ဆို ဖွတ်ဂျွိုင်းက အညံ့ဆုံးလောက် သဘောထားကြတာ။ ဒါပေတဲ့ အန်ကယ်ကြီးပြောတဲ့ တကယ်က ငါပဲဆိုတာကို မေ့နေတဲ့သူတွေ။ နောက်တစ်ပတ်ကျတော့ ကျွန်တော်လည်း လူရှင်းတဲ့နေ့ တစ်ယောက်တည်းသွားပြီး ရိုက်ကြည့်မိတယ်။
အဲဒီ အန်ကယ်ကြီးပြောတဲ့ ဂေါက်သီးရိုက်ခြင်းရဲ့ အမှန်တရားတွေအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ရှာတွေ့လာတယ်။ ကျင်းနံပါတ် တစ်ဆယ့်ခုနစ်ကကျင်းကို ရိုက်တဲ့နေရာမှာ ကျင်းရဲ့အကြားက လျှိုလိုဖြစ်နေတဲ့ နေရာလေးမှာ ရေကန်ရှိတယ်။ ရေကန်ထဲကို ဘောလုံးသုံးလုံး လိမ့်ကျသွားပြီးတဲ့နောက် နောက်ထပ် ဘောလုံးဆယ်လုံးကို အချိန်ယူ ရိုက်ကြည့်လိုက်မိတယ်။ နောက်ဆုံးသုံးလုံးဟာ ကျင်းနဲ့ ခြောက်လက်မ တစ်ပေမှာကျတယ်။ အဲဒီနေ့ကစလို့ နောက်ဆို ဘယ်သူနဲ့ ကစားကစား ဆယ့်ခုနစ်ကျင်းရောက်ရင် ကျွန်တော်နိုင်ဖို့ များလာတယ်။ နောက်တော့ အဲဒီအန်ကယ်ကြီး ပြောခဲ့တဲ့ ဂေါက်သီးရိုက်ခြင်းရဲ့ အရသာကို ပိုခံစားတတ်လာတယ်။ ခုထိ ရွှေဘဲသုံးလိပ်နဲ့ ကျေနပ်သာယာစွာ ဂေါက်သီးရိုက်လေ့ရှိတဲ့ အဲဒီအန်ကယ်ကြီးကို သတိရရနေတတ်သေးတယ်။ အရင်တုန်းက ဘဝဟာ ချိုချဉ်လိုပဲလို့ ထင်ခဲ့ဖူးတယ်။ ငယ်သေးတာကိုး။ ခုတော့ ဘဝဟာ ဂေါက်သီးရိုက်သလိုပဲ။ နိုင်တာ ရှုံးတာတွေထက် ကျေနပ်သာယာစွာ ပါဝင်ပတ်သက်နိုင်ဖို့ပဲ လိုတာ။ ကျေနပ်သာယာဖို့ဆိုတာကလည်း လူများများမှ မလိုဘဲ။ လူများများနဲ့ ပတ်သက်နေစရာမှ မလိုပဲ။
* * *
ချာလီလာခေါ်တယ်။ ကျော်မြင့်ကြီးနဲ့ စကားပြောတုန်းက မင်း ကားစီစဉ်လို့ ပြောလိုက်တယ်။ သူနေတာက ဂေါက်ကွင်းဘက်ဆီမှာ ဆိုတော့ ကျွန်တော့်ဆီ တကူးတကန့် လာမနေစေချင်ဘူး။ "ချာလီ လာခေါ်လိမ့်မယ်" လို့ သူကပြောတယ်။ ချာလီက ရွှေတောင်ကြားထဲမှာ။ ကျွန်တော်က ကမ္ဘာအေးဘုရားလမ်းပေါ်က ဟိုတယ်မှာ။ လမ်းသင့်တယ်။ ချာလီကတော့ ဂေါက်ရိုက်ဖို့ခေါ်ရင် မငြင်းတဲ့လူမျိုး။ ခုတော့ ပိုဟန်ကျနေတယ်။ သူ့လုပ်ငန်းတွေကို သားသမီးတွေနဲ့ လွှဲထားလိုက်လို့။
"တယ်ဟုတ်ပါလား၊ ပင်း နဲ့ပါလား" လို့ ချာလီက ကျွန်တော့်ဂေါက်အိတ်ကိုကြည့်ပြီး ပြောတယ်။ သူ့ကားမောင်းသမားက ဂေါက်အိတ်ကို ကားနောက်ထဲ ထည့်နေတုန်း ချာလီက ဂေါက်အိတ်ကို လက်နဲ့လှမ်းပွတ်ရင်း ပြောတာ။ "ဟကောင် ဖြည်းဖြည်းလုပ် ပွန်းသွားရင် မင်းနဲ့ငါ ဒီတစ်သက် လျော်ကြေးပေးလို့ ဆုံးမှာမဟုတ်တော့ဘူး" လို့ပြောရင်း၊ သူ့ကားမောင်းသမားကို နောက်တယ်။ သူ့ကားမောင်းသမားကတော့ ပြုံးတယ်။ ဂေါက်ရိုက်သွားမယ့်လူတွေမှာ ရိတာ ထေ့တာ များပါ့လို့ သူ့စိတ်ထဲမှာ တွေးချင်တွေးနေမှာ။ ငါ့ဟာ မဟုတ်ဘူး။ ဂေါက်လေးဘာလေး ရိုက်ရရင် ကောင်းမယ်လို့ ပြောလိုက်မိလို့ ညီအစ်ကိုတော်တစ်ယောက်က လာပေးထားတာ။ သူ့မှာပိုနေလို့တဲ့ ကျွန်တော်က ရှင်းပြလိုက်ရတယ်။ ငါလည်း တစ်ခါနှစ်ခါပဲ ရိုက်ကြည့်ရသေးတယ်။ ကောင်းသားကွလို့ ကျွန်တော်က ဆက်ပြီး မှတ်ချက်ပေးလိုက်တယ်။
ပင်း ဂေါ့(ဖ)ဆက် ပိုနေလို့ အလကားပေးထားမယ်ဆိုတဲ့ လူရှိရင် ငါနဲ့မိတ်ဆက်ပေးစမ်းပါကွာ။ ငါ့မှာ အရွယ်ရောက်နေတဲ့ သမီးနှစ်ယောက် ကျန်နေသေးတယ်။ မင်းရဲ့ ဆွေထဲမျိုးထဲကဆို ပိုလို့ဟန်ကျတာပေါ့။ မင်းနဲ့ငါ အမျိုးတော်ရတာပေါ့လို့ ချာလီက ပြောပြန်တယ်။ ကျွန်တော်က အသံထွက်အောင် ရယ်လိုက်ရင်း ကားရဲ့ ရှေ့ခန်းမှာ ဝင်ထိုင်လိုက်တော့ သူ့ကားမောင်းသမားက အူကြောင်ကြောင် ဖြစ်သွားပုံရတယ်။ "ဘာကြောင့်မှန်းတော့မသိဘူး။ ကားရှေ့ခန်းက စီးရတာ ကျွန်တော့်အတွက် ပိုလုံခြံုသလိုပဲ။ မတတ်သာမှ နောက်ခန်းမှာ ကျွန်တော်ထိုင်တယ်" လို့ သူကို ပြောလိုက်တော့ သူက ဘာမှမပြောတော့ဘဲ ပြံုးနေတယ်။ မတတ်သာဘူးလို့ သဘောထား၊ နောက်ခန်းမှာ လာထိုင်လို့ ချာလီကပြောရင်း ကားနောက်ခန်းကနေ ကျွန်တော့်အင်္ကျီကုပ်ကို လှမ်းကိုင်တယ်။ ကျွန်တော့်ကိုကြည့်နေတဲ့ သူ့ကားမောင်းသမားကို အသာပြံုးရင်း ပခုံးတွန့်ပြလိုက်ပြီး ကားနောက်ခန်းကို ပြောင်းထိုင်လိုက်ရတော့တယ်။
အတော်ကလေးကြာအောင် ကျွန်တော်တို့ချင်း ဘာမှမပြောဖြစ်ကြဘူး။ ချာလီကတော့ တစ်ခုခုပြောမယ်ရယ်လို့ စိတ်ကူးနေပုံပဲ။ ဟုတ်တယ် ကောက်ကာငင်ကာ သူက ပြောတယ်။
"သလ်မာက မင်းနဲ့တွေ့ချင်လို့"။
"သူက ငါ့ကိုတွေ့ချင်တာ မင်းနဲ့ဘယ်လိုပတ်သက်နေသလဲ။ ငါ့ဆီတန်းပြီး ဖုန်းဆက်လည်း ရတာပဲ။"
"မင်းကို ကြောက်လို့တဲ့။ ဟိုတစ်ခါကလို ဆဲဆိုသွားမှာ စိုးလို့တဲ့။"
"ဆဲဆိုတာရယ်လို့လည်း မဟုတ်ဘူးကွာ။ အဲဒီလို ပြောလို့ရမယ့်လူကို အဲဒီလိုပဲ ပြောရမှာပဲ။ သူ အသုံးမကျလို့ သူ့ယောက်ျား အိမ်ပေါ်က ဆင်းသွားတာ ငါက ဘာလုပ်ပေးနိုင်မှာလဲ။ လင်မယားအကြားမှာ မာနထားတယ်ဆိုတာကိုက မဟုတ်သေးဘူး။ ကောင်မလေးတွေ ပေါလာတဲ့ ကိစ္စအတွက် ခေတ်တွေ စနစ်တွေကို အပြစ်တင်လို့ မရဘူး။ အပြစ်တင်ချင်ရင် လိုအပ်တာထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတဲ့ လူတွေကို အပြစ်တင်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မမှားနိုင်ဘူးလို့ ထင်ထားတဲ့ လူတွေကို ငါ မကြိုက်ဘူး။ အဲဒီလို လူမျိုးတွေထဲမှာ ဒီကောင်မ ပါတယ်။ နောက်တစ်ခုက မင်းတို့ ငါတို့ဟာ ခုအရွယ်မှာ တည့်တည့်မပြောရင် ပြောဖို့အချိန်ရှိမှာမဟုတ်ဘူး။ မတော် နှလုံးရပ်သွားလို့ ဖျတ်ခနဲသေသွားရင် ပြောလိုက်ရမှာ မဟုတ်ဘူး။ မင်းကိုယ်မင်းပဲကြည့်။ အချိန်မရွေး သေနိုင်တဲ့ အရွယ်ရောက်ပြီ" လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
"မဟုတ်က ဟုတ်ကတွေကွာ" လို့ ချာလီပါးစပ်က ထွက်လာတယ်။
"ဘယ်အပိုင်းက မဟုတ်တာလဲ။ မင်း အချိန်မရွေး သေနိုင်တယ်ဆိုတာလား။ သလ်မာက ငါဆဲတယ် ဆိုတယ် ဆိုတာလား။ ငါ့ကိုကြောက်တယ်ဆိုတာလား။"
"စောစောစီးစီးကွာ" လို့ ချာလီက ပြန်ပြောပြီး စကားရပ်လိုက်တယ်။ သူ့ကားမောင်းသမားက နောက်ကြည့်မှန်ထဲက လှမ်းကြည့်တာ တွေ့လိုက်ရလို့ ကျွန်တော်က ဘယ်နှယ့်ရှိစဆိုတဲ့ သဘောမျိုးနဲ့ မျက်ခုံးကို မြှင့်ပြလိုက်တော့ ကားမောင်းသမားက သဘောကျတဲ့ မျက်နှာနဲ့ ပြန်ပြီးပြံုးပြတယ်။ ချာလီကလည်း သူ့ကားမောင်းသမားကို လှမ်းကြည့်ပြီး "ဒီကောင်တွေ၊ ပြောလိုက်ရင် ဒီလိုချည်းပဲ" လို့ ပြောတယ်။
ဘယ်ကောင်တွေဟာ ဘယ်လိုချည်းပဲရယ်လို့တော့ ကျွန်တော် မသိဘူး။
* * * ကျော်မြင့်ကြီး ပြချင်လှချည်ရဲ့ဆိုတဲ့တုတ်က ကောလဝေးက ထုတ်တာ။ အရင်ကထုတ်တဲ့ ဘစ်ဘာသာလိုမျိုးပဲ။ ဒါပေတဲ့ သူ့ဟာက နောက်ဆုံးပေါ်။ လိပ်တက်(စ)။ ဂေါက်တံရဲ့ ရှ(ဖ)ကိုက ဒေါ်လာ ငါးရာလောက် တန်ဆိုပဲ။ ရှေ့ကဘုကြီး ဘယ်လောက်တန်တယ်ဆိုတာကိုတော့ မပြောတော့ဘူး။ ထိချက်များ ကောင်းလိုက်ရင် အသံကို 'တင်' လို့ မြည်သတဲ့။ မြည်နေကျ 'တိန်' လို့တောင် မမြည်ဘူးတဲ့။ သူပြောနေတုန်း အနားမှာ ရပ်နားထောင်နေတဲ့ စိန်ဝင်းက ဝင်ပြောတယ်။ "ခင်ဗျား အဲဒါကလေး အသံသွင်းထားပြီး ရိုက်တဲ့အခါ အသံဖွင့်နားထောင်ပါလား။ ကောင်းကောင်းမထိလည်း 'တင်' လို့တော့ ကြားရမှာပေါ့" တဲ့။ သဘောကျကြလို့ ရယ်ကြတော့ "သေချင်းဆိုး" ဆိုပြီး ကျော်မြင့်က စိန်ဝင်းကို လှမ်းဆဲတယ်။ စိန်ဝင်းက စပ်ဖြဲဖြဲလုပ်ပြီး ထွက်သွားရော။
ကျော်မြင့်က ဖုန်းဆက်ပြီး ဂေါက်သီးရိုက်ကြရအောင်ကွာလို့ ပြောကတည်းက ငါ ဇံရွှီအောင်ကို ခေါ်လိုက်မယ်လို့ ကျွန်တော်က ပြောတယ်။ ခေါ်လေလို့ပဲ သူကပြောတယ်။ စိတ်ပါလက်ပါတော့ မဟုတ်ဘူး။ လူချင်းတော့ ခင်ကြပေတဲ့ ဂေါက်ရိုက်ရာမှာ ဇံရွှီအောင်က ကျော်မြင့်တို့လို မဟုတ်ဘူး။ တုတ်အသစ်တို့၊ ဒီဇိုင်နာအင်္ကျီတို့ကို သာယာတဲ့လူမျိုး မဟုတ်ဘူး။ စိတ်မထင်ရင် ကျော်မြင့်တို့ကို "ဒီသောက်ရူးတွေ" လို့ ညွှန်းသေးတာ။ "မင်းပါ ရိုက်မှာဆိုရင်တော့ ငါလာမယ်။ မဟုတ်ရင် ဒီသောက်ရူးတွေနဲ့ ငါမရိုက်ဘူး" လို့ ပြောလို့ "လာပါကွာ မင်းနဲ့စကားမပြောရတာလည်း ကြာပြီ။ ပြီးတော့ တစ်နေရာသွား လေပစ်ကြရအောင်" လို့ စကားအခံနဲ့ ခေါ်ထားလိုက်ရတာ။ သူက ဂေါ့(ဖ)ဆက်တစ်စုံဆို ဆယ်စုနှစ် တစ်ခုနဲ့ချင့်ပြီး ကိုင်တဲ့လူမျိုး။ ဂေါက်မရိုက်ခင် ကျော်မြင့်ကြီးက သူ့တုတ်အသစ်ကိုပြတော့ ဇံရွှီအောင်က သူ့ရဲ့ ညာဘက်နားထဲကို လက်ညှိုးတစ်ချောင်းထိုးပြီး ပိတ်ထားတယ်။ ပြီးတော့ ပြောတယ်။ "မင်းပြောတာတွေကို ငါ ဘယ်ဘက်နားနဲ့ ထောင်ထားတယ်။ ပြီးရင် ညာဘက်နားကို ဖွင့်ပေးလိုက်မယ်။ ဘယ်ဘက်နားထဲ ဝင်လာတာတွေ ညာဘက်နားထဲက ထွက်သွားလိမ့်မယ်" တဲ့။ ဒီတော့လည်း ကျော်မြင့်ကြီးက ဇံရွှီအောင်ကို ဂေါက်ရိုက်ရာမှာ သိပ်မညွှတ်တာ သူ့ဟာနဲ့သူတော့ အဟုတ်သားလို့ ပြောရတော့မှာပဲ။
ဇံရွှီအောင်ကို ငယ်ပေါင်းတွေက အာရကန်လို့ပဲ ခေါ်ကြတယ်။ သူ့နာမည်ခေါ်ရတာ ပါးစပ်ထဲမှာ လျှာလိပ်သွားကြလို့တဲ့။ သူနဲ့ ချာလီက ဂေါက်ရိုက်ရင်တော့ အတော်တွဲကြတယ်။ ဂေါက်ရိုက်တယ်ဆိုတာ ပြောချင်ရာပြော လုပ်ချင်ရာလုပ်ဖို့ လာတယ်လို့ သဘောထားကြပုံ ရတယ်။ တစ်ခုပဲ ချာလီက အာရကန်ရဲ့ ဒရိုက်ဗာတို့ ပတ်တာတို့ ထိန်းသိမ်းစောင့်ရှောက်ရေးမူကို သဘောမတူဘူး။ အာရကန်ရဲ့မူက "ဒရိုက်ဗာတို့ ပတ်တာတို့ဆိုတာ ဘယ်လောက်ပဲ ပွန်းပဲ့နေနေ အသုံးတည့်နေသေးတယ်ဆိုရင် အိမ်က မိန်းမလိုပဲ သည်းခံပေါင်းနေဖို့လိုတယ်" တဲ့။ ချာလီက ဒရိုက်ဗာအပိုင်း ပတ်တာအပိုင်းမှာ သိပ်ကန့်ကွက်လှတာတော့ မဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း ခုနစ်အို ရှစ်အို ဂေါ့(ဖ)ဆက်နဲ့ ကစားနေတာ။ သူ သဘောမတူတဲ့အပိုင်းက အိမ်ကမိန်းမကို နမူနာပေးတဲ့အပိုင်း။ မတူဆို ချာလီ့အမြင်က လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို အဟောသိကံ အဖြစ်မခံသင့်ဘူးဆိုတဲ့ အမြင်ပဲ။ မြစ်ထဲမှာ ငါးမြင်းတွေ ငါးကြင်းတွေ အများကြီး ရှိနေရက်ကနဲ့ အရိုးများတဲ့ ငါးစင်ရိုင်းတစ်ကောင်တည်းကို မက်နေလို့ မဖြစ်ဘူးတဲ့။ ဒီတော့လည်း ချာလီက ငယ်ပေါင်း ကျောင်းအစ်မကိုဖြင့် စောစောပဲ ဆေးခွင့်နဲ့ နားခိုင်းပြီး စပွန်ဆာရှစ်တွေ ပေးနေပုံရတယ်။ သူ့ကို အာရကန်က ပြောလေ့ရှိတယ် "သတိတော့ထား မဲင်းနေ့(ဂျ)မင့် လွဲတဲ့နေ့ မင်း ကွဲမှာပဲတဲ့။ ဒေဝါလီခံရမယ်" တဲ့။ ခုထိတော့ ချာလီတစ်ယောက် ကျွမ်းမပစ်သေးဘူး။ ချာလီ့အခြေအနေက ဘယ်လိုမှန်း မသိပေတဲ့ အာရကန်ရဲ့ စကားတွေက စိတ်ဝင်စားစရာ ကောင်းတယ်။ ကောင်းဆို သူက ဟားဗတ်ဘစ်ဇနက်စကူးဆိုတာက ထွက်တာ။ သူကလည်း ပြောလေ့ရှိတယ်။ "တို့အမျိုးထဲမှာ ငါလို ခပ်ညံ့ညံ့ကောင်တောင် ဟားဗတ်ရောက်တယ်" တဲ့။ ဟုတ်လောက်တယ်။ သူတို့အမျိုးထဲမှာ အိုင်စီအက်(စ)တွေ၊ ဘီအေတွေ၊ အမ်အေတွေတင်မကဘူး ကျက်သရေဆောင် ရွှေစလွယ်ရမင်းတို့ဆိုတဲ့ ကေအက်(စ)အမ်တို့ ဘာတို့လည်း အပုံကြီး။ စိန်ဝင်းကတော့ နောက်လေ့ရှိတယ်။" အာရကန်တို့ အမျိုးတစ်သိုက်ကို ဘွဲ့ပေးရလွန်းလို့ အင်္ဂလိပ်အစိုးရမင်းခမျာ လွတ်လပ်ရေးပေးပြီး အင်္ဂလန်ပြန်တော့ အေ ဘီ စီ ဒီတွေ အကုန်လုံး ပြန်ပါမသွားတော့ဘူး" တဲ့။
* * *
ဂေါက်ရိုက်ပြီးတော့ ကလပ်ဟော့(စ)မှာ ဘီယာတစ်ကြိုက်လောက်စီ သောက်ကြတယ်။ ကျွန်တော်ရော အာရကန်ပါ ဘီယာမကြိုက်လှဘူး။ ချာလီကတော့ ရိုက်ပြီးတာနဲ့ စပွန်ဆာတစ်ယောက်နဲ့ သွားတွေ့ရမယ်ဆိုပြီး လစ်ရော။ ကျော်မြင့်ကြီး တစ်ယောက် တခြားလူတွေကို သူ့တုတ်အသစ် ကြွားနေတုန်း ကျွန်တော်နဲ့ အာရကန်လည်း သူရိုက်ပုံကို ထိုင်ပြီး တိတ်တိတ် ဟားနေမိကြတယ်။ တုတ်ကတော့ ကောင်းမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ လူကတော့ ခေါက်ရိုးက ကျိုးနှင့်ပြီးသား။ တစ်သက်လုံး စလိုက်(စ)ဖြစ်ပြီး ညာဘက်ထွက်နေတာကို ပြင်မယ်မစဉ်းစားဘူး။ တုတ်အသစ်ဝယ်ပြီး ဂေါက်ရဲ့ ကိုးဆယ့်ခြောက်ပါးကို ပျောက်အောင် ကုမယ်လို့ စဉ်းစားတဲ့အကောင်။ ဆယ့်ရှစ်ကျင်းရိုက်တာ သုံးလေးခါလောက်ပဲ ဖဲဝေးတဲ့ တည့်တည့်ဝင်တယ်။ ဒါပေတဲ့ ဒေါ်လာထောင်ကျော်ပေးပြီး ဂေါက်တုတ်ဝယ်နိုင်လောက်အောင်တော့ စီးပွား အရှာကောင်းတယ်။ သူ့မှာ ဟားဗတ်စီးပွားရေးကျောင်းက ဘာလက်မှတ်မှ မရှိဘူး။
ဂေါက်ကလပ်က ထွက်ကြတော့မယ်လို့လုပ်နေတုန်း စိုးဝင်းကို လှမ်းတွေ့လိုက်တာနဲ့ လိုက်ခဲ့ပါလားလို့ ခေါ်လိုက်လို့ ကျွန်တော်တို့နဲ့ ပါလာတယ်။ စိုးဝင်းကလည်း အလကား ပဲတင်းကောင်တော့ မဟုတ်ဘူး။ သမားတော်ကြီး ဆိုသလားပဲ။ ဆရာဝန်ဖြစ်၊ အက်(ဖ)အာစီအက်(စ)တွေ၊ အမ်အာစီပီတွေ ဘာတွေသွားယူ။ ခေတ်ကြီး ငါးခေတ်ထဲက နောက်ဆုံးခေတ်မှာ သာယာဝပြောတဲ့ လောကသစ်ကြီးဆီကို ပြည်သူတို့နှင့်အတူု မရောက်ရောက်အောင်သွားဖို့ပဲ။ ဖြစ်ချင်တော့ ကုလားပြည်ကရလာတဲ့ အဘ်အမ်ပီကို သွားငြင်းလိုက်မိတော့ ပြုတ်ရော။ အဲဒီခေတ်က စိုးဝင်းလိုပဲ ခပ်ညံ့ညံ့ကောင်တွေ ရှိတယ်။ ဆရာဝန်သာဖြစ်တယ် အေ၊ ဘီ၊ စီ၊ ဒီ ကို အစီအစဉ်အတိုင်း မရတဲ့ကောင်တွေ။ ကြည့် အလ်အမ်ပီဆိုတာ အလ်နဲ့စတော့ ရှေ့ကနေတာ။ အမ်ဘီဘီအက်(စ)တို့ အမ်အာစီပီတို့က အမ်နဲ့စတော့ နောက်မှာ။ ဒီပြင် ကျွန်တော်တို့မှာက တစ်နေ့ တစ်ရက် တစ်နာရီ တစ်မိနစ် တစ်စက္ကန့်ကြီးတဲ့လူကို ပြန်မပြောနဲ့၊ ပြန်မငြင်းနဲ့ဆိုတာကလည်း ရှိပြီးသား။ နောက်ကကောင် အောက်ကကောင်ဆိုတာ ပြန်မပြောရဘူး။ ပြန်ပြီးမေးခွန်းမထုတ်ရဘူးဆိုတာကို နားမလည်တဲ့ကောင်တွေ။ ထရစ်ဒင်ရှင်နယ် ကာ(လ)ချားလို့ ခေါ်တဲ့ အစဉ်အလာယဉ်ကျေးမှု ထုံးဓလေ့တွေကို မသိတဲ့ကောင်တွေ။ ဒီတော့ စိုးဝင်းလည်း ပြုတ်ကရော။ ပြုတ်တော့ တစ်ရပ်တစ်ကျေးမှာ အလုပ်သွားလုပ်။ နောက်တော့ ဒီပြန်လာ။ ပြန်လာတော့ ပါသွားတဲ့ မိန်းမနဲ့ မဟုတ်တော့ဘူး။ ခုတော့ နောက်ဖွင့်တဲ့ ဆေးရုံကြီးတွေမှာ အကြံပေးတယ် ဆိုသလားပဲ။
"မင်း၊ ခင်မောင်ကျော်နဲ့ တွေ့ပြီးပြီလား။"
ပျော်ပွဲစားရုံထဲက သီးသန့်အခန်းထဲမှာ ကျွန်တော်တို့လေးယောက် ထိုင်လိုက်ရုံရှိသေးတယ် စိုးဝင်းက မေးတယ်။
"အား ပါး ပါး" အာရကန်ဆီက အသံကြားရလို့ ကျွန်တော် လှမ်းကြည့်လိုက်တယ်။
အာရကန်က လက်ဖျားခါပြတယ်။ ပြီးတော့
"ခင်မောင်ကျော် ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ မင်း ကြည့်သွားဖို့ကောင်းတယ်" လို့ ပြောတယ်။
"ဘာလို့ ငါက ကြည့်ရမှာလဲ။"
"မြင်ဖူးအောင်လို့။"
"မင်းကိုတောင် မေးနေသေးတယ်။ မင်းမပြန်သေးဘူးဆိုရင် နယ်က သူပြန်ရောက်လာရင် လာတွေ့လိမ့်မယ်" လို့ ကျော်မြင့်က လှမ်းပြောတယ်။
"ဒီမှာ . . " လို့ စိုးဝင်းက စကားစတယ်။ ကျွန်တော်တို့အားလုံး သူဘာပြောမယ်ဆိုတာကို မျှော်နေကြတယ်။
"ခင်မောင်ကျော် မပြောနဲ့ သူ့သား အလတ်ကောင်က တစ်ခါတလေ စင်္ကာပူက မူတူးဆိုင်မှာ ထမင်းသွားစားသတဲ့။ မနက် ဒီကနေ သွားပြီး ညနေ ပြန်လာတယ်ဆိုပဲ။"
"ကောင်းတာပေါ့" လို့ ကျွန်တော်က ပြောလိုက်တော့ အားလုံးက ကျွန်တော့်ကို လှမ်းကြည့်ကြတယ်။ "အရင်ကဆိုရင် စင်္ကာပူဆိုတာက တစ်ခမ်းတနား။ သင်းတို့ လူဝင်မှုကြီးကြပ်ရေးက သိပ်မျက်နှာကြောတင်းတာ။ ခုတော့ မင်းတို့ဆီလာတာ ထမင်းစားရုံလေးတင်ပါကွာလို့ ပြောလို့ရတာပေါ့။ ငါကတော့ သဘောကျတယ်" လို့ ရှင်းပြလိုက်တယ်။
စိုးဝင်းက သိပ်ဘဝင်ကျပုံ မပေါ်ဘူး။
"မင်းတို့ ငါတို့ငယ်ငယ်က စမတ်အင်မုကဒန်မှာ ကာတွန်းစာအုပ်ဝယ်ဖို့ အဖေ အမေဆီက ငွေ တစ်ဆယ်ရရင် အတော်များတယ်လို့ ထင်တာ . . " လို့ ပြောပြီး စိုးဝင်းက စကားမဆက်တော့ဘူး။ ကျော်မြင့်ကတော့ ပြံုးနေရင်း အစာမှာမယ်လို့ အစာစာရင်း ကြည့်နေတယ်။ အားလုံးငြိမ်သွားတော့ အာရကန်က စိုးဝင်းရဲ့ပုခုံးကို အသာပုတ်ပြီး ကိုစောညိမ်းရဲ့ သီချင်းပိုဒ်ကလေးတစ်ခုကို ဖြတ်ဆိုလိုက်တယ်။
"သဘာဝတရား၊ မတားသာပဲမို့ကွယ်၊ ပြံုးလိုက်ပါတော့လားကွယ်၊ သနားခြင်းကင်းတဲ့ အလှနှင်းဆီရယ် . ." တဲ့။
စားပွဲထိုးကောင်လေးကတော့ ပြံုးတယ်။ သူတို့ခေတ်က သီချင်း မဟုတ်မှန်းတော့ သိပုံရတယ်။ စိုးဝင်းက "သေခြင်းဆိုး လာလာချည်သေးရဲ့" လို့ ပြောပြီး ထိုင်ရာက ထတယ်။ ငါ ရှူးရှူးသွားပေါက်ဦးမယ်လို့ ပြောပြီး အခန်းပြင် ထွက်သွားရော။
* * *
အစာတချို့ရောက်လာလို့ မြည်းကြည့်နေတုန်း ကျော်မြင့်ဆီ ဖုန်းလာတယ်။ ကိန်းဂဏန်းတွေအကြောင်း ပြောနေကြတယ်။ အာရကန်က အမြင်ကပ်လာပုံ ရတယ်။ တော်တော့ကွာ။ ဒီကို စားရသောက်ရအောင်လာတာ။ စီးပွားရေးအကြောင်း ပြောဖို့မဟုတ်ဘူး။ ဘယ်သေခြင်းဆိုးကများ ဒီ ဟင်းဖုန်းဆိုတာကို တီထွင်လိုက်တယ် မသိဘူးလို့ပြောရင်း ခေါင်းခါလိုက်လို့ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်မိတယ်။ ကျော်မြင့်လည်း စကားဖြတ်လိုက်တယ်။ ပြီးတော့မှ စိုးဝင်းတစ်ကောင် ရှူးရှူးသွားပေါက်တာ ကြာလှချည်လား။ အိမ်သာအိုးထဲများ ပြုတ်ကျသွားပြီလား မသိဘူးလို့ ပြောတယ်။ ဒီတော့မှ ကျွန်တော်လည်း သတိထားလိုက်မိတယ်။ လူနာဟောင်းနဲ့ တွေ့နေလို့ဖြစ်မယ်လို့ အာရကန်က ရယ်စရာပြောတယ်။
အခန်းထဲကို စိုးဝင်းပြန်ဝင်လာတယ်။ နောက်နားက အမျိုးသမီးတစ်ယောက် ပါလာတယ်။ ကျွန်တော်က ထ, ရပ်လိုက်မိတယ်။ ခေါင်းထဲစွဲနေတဲ့ အနောက်တိုင်းယဉ်ကျေးမှုက အလိုလို ထ, ရပ်ခိုင်းလိုက်တာ ဖြစ်မယ်။
"ဟယ် .. ဆင့်" လို့ ပါးစပ်က ထွက်သွားတယ်။ မြမြဆင့်ရယ်။ ကျွန်တော်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ထိုးပေးလိုက်တော့ သူက လက်ဆွဲနှုတ်ဆက်ရုံမကဘူး တခြား လက်တစ်ဖက်နဲ့ ပုခုံးကို လှမ်းဖက်ထားတယ်။ သူ့မှာလည်း အနောက်က သင်ပေးထားတဲ့ ယဉ်ကျေးမှုတွေ အပုံချည်းပဲကိုး။ "ထိုင်ဦးလေ" လို့ ကျွန်တော်က ပြောလိုက်တော့ ထိုင်မယ်လို့ လုပ်နေတဲ့ စိုးဝင်းက မထိုင်တော့ဘဲ သူ့ခုံကို ကျွန်တော့်နား ဆွဲပေးလိုက်ပြီး သူကတော့ တခြားခုံတစ်လုံးမှာ သွားထိုင်တယ်။
"ငါ့ ကလိုင်းရင့်တွေကို ထမင်းလာကျွေးတာ" လို့ ပြောပြီး ပြံုးလိုက်ရင်း "သူတို့ပိုက်ဆံနဲ့သူတို့ကို လာကျွေးတာပေါ့ဟယ်" လို့ ဆင့်က ပြောတယ်။
"မြဆင့်တို့ တော်တယ်ဆိုတာ အဲဒါပဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တတ်တယ်" လို့ အာရကန်ဆီက အသံထွက်လာတယ်။
"ဟုတ်တယ်။ ဟားဗတ်က ပြန်လာတဲ့လူတွေဆီမှာ တပည့်ခံထားတာ။"
အာရကန်လည်း ဘာမှ ပြန်မပြောတော့ဘူး။
ကျွန်တော်က ဆင့်ကို ကြည့်နေမိတယ်။ သိပ်ပြောင်းလဲမသွားဘူး။ ထူးခြားသွားတာကတော့ ဒီကနေ့ ကမ္ဘာကြီးရဲ့ စီးပွားကုန်သွယ်မှု လောကထဲမှာ တွေ့ရတတ်တဲ့ ပညာတတ် မိန်းမတွေရဲ့ အပြင်အဆင်မျိုး။ ဥပဓိရုပ်မျိုး။ ကလက်တက်တက် မဟုတ်ဘူး။ အထင်ကြီးခံချင်လို့ စိန်တွေ ကျောက်တွေ တသီကြီးဝတ်တဲ့ အရွယ်လွန် မိန်းမဟိုင်းကြီးတွေလို မဟုတ်ဘူး။ ငယ်ငယ်ကလို တပ်မက်စရာ ကြိုက်ချင်စရာ ချစ်ချင်စရာရုပ်မျိုး မဟုတ်တော့ဘူး။ လေးစားစရာ တန်ဖိုးထားစရာ ရုပ်ရည်မျိုး။ ထိုင်နေရင်း သူ့ညာဘက်လက်နဲ့ ကျွန်တော့် ဘယ်ဘက်ပုခုံးကို လှမ်းပုတ်လိုက်ရင်း "ငါ အေးအေးဆေးဆေး လာတွေ့ဦးမယ်" လို့ ပြောတော့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်မိတယ်။
"ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ။ သူ့မှာလည်း သားကြီး မယားကြီးနဲ့။ နင်က တိုးတိုးတိတ်တိတ် သွားတွေ့လို့ ဘယ်ကောင်းပါ့မလဲ" လို့ ကျော်မြင့်က နောက်တယ်။
"နင်ပဲ ဒီအသက် ဒီအရွယ်အထိ ဒါတွေတွေးနေတာ" ဆင့်က ပြန်ပြောလိုက်တယ်။ ဟိုအကြောင်း ဒီအကြောင်းတွေ ပြောကြပြီးတော့ သူ့ ကဒ်ပြားလေးတစ်ခုပေးတယ်။ နောက်တော့ ကျွန်တော့်လက်ထဲက ပြန်ယူပြီး နောက်ကျောဘက်မှာ ဖုန်းနံပါတ်တစ်ခု ထပ်ရေးပေးရင်း ပြံုးပြတယ်။ သူ ထိုင်ရာက ထတော့ ကျွန်တော်လည်း ထိုင်ရာက ထလိုက်တယ်။ အားလုံးလည်း ထကြတယ်။ ပြောရမယ်ဆိုရင်တော့ အနောက်က ပို့ချထားတဲ့ နေ့စဉ် လူမှုဆက်ဆံရေး ဘဝထဲက ယဉ်ကျေးမှုတွေဟာ ကျွန်တော်တို့မျိုးဆက်ရဲ့ ဦးနှောက်တစ်နေရာရာ တစ်ထောင့်ထောင့်မှာ ရှိနေတယ်လို့ပဲ ပြောရမှာ။
"ကားသစ်ကြီးက နင့်ဟာမဟုတ်လား။ ကွန်ဂရက်ကျူးလေးရှင်း" လို့ ကျော်မြင့်ကိုကြည့်ရင်း လှမ်းပြောလိုက်တော့ ကျော်မြင့်မျက်နှာမှာ ပီတိတွေဖြာလို့။ "ငါ့ကားက . . " လို့ ကျော်မြင့်က စကားစလိုက်တော့ "ဟကောင်၊ ဒီလောက်ဆို တော်ပြီ။ အသေးစိတ်ပြောပြချင်ရင် သူ့အိမ်သွားပြောချေ" လို့ အာရကန်က ဝင်တားတယ်။ မြမြဆင့်က စိုးဝင်းကို လှမ်းပြောတယ်။ "စိုးဝင်း၊ အညာသားတွေမှာ သစ်ရင်ကောင်းတယ်ဆိုတဲ့ အမြင်ရှိတယ်။ ရောဂါတစ်မျိုးလို့ ငါထင်တယ်။ အဲဒါကလေး ကုပေးလို့ မရနိုင်ဘူးလား" တဲ့။ စိုးဝင်းက ခေါင်းခါပြတယ်။ ကျော်မြင့်လည်း စကားမဆက်လိုက်ရတော့ဘူး။ ကျော်မြင့်က ဘာမဆို သစ်မှ။ သူပိုင်ဆိုင်တာနဲ့ ပတ်သက်လာရင် သိပ်တန်ဖိုးထားတတ်တယ်။ အသေးစိတ်ကျလွန်းတယ်။ နောက်တော့ မြမြဆင့် ထွက်သွားရော။
* * *
ပျော်ပွဲစားရုံကအပြန် ကျော်မြင့်ကြီးရဲ့ ကားအသစ်ကြီးဆိုတာအပေါ်မှာ မြမြဆင့်အကြောင်း တချို့ ပြောဖြစ်သွားကြတယ်။
မြမြဆင့် အောင်မြင်တာ။ ငယ်သူငယ်ချင်းတွေအပေါ် ကောင်းတာ။ သူတို့လင်မယား ကွဲတာ။ . . အစုံပဲ။
"မြမြဆင့်ကို မင်း မကြိုက်ဘူးလား" လို့ စိုးဝင်းက တဲ့ချည်း မေးတယ်။
"ဟင့်အင်း"
"ဘာလို့လဲ"
"ဘာလို့မှ မလဲဘူး။ သူနဲ့ငါ ကလေးကတည်းက ခင်တာ။ ခင်တာက ခင်တာပဲ မကြိုက်တာက မကြိုက်တာဘဲ"
"ဟေ့ . . အာရကန် မင်းကို မြမြဆင့် ဘာပြောတယ်ဆိုတာ ပြောပြလိုက်စမ်း"
"ဒီလိုကွာ၊ မြမြဆင့် ဟိုမှာ သွားပြီး အင်တာနေရှင်နယ်လောတို့ ထရိဒ်လောတို့ တက်ပြီးပြန်လာတော့ ငါ့ဆီလာပြီး စီးပွားရေးလုပ်ငန်းသဘောလာပြီး တပည့်ခံတယ်။ တစ်နေ့ တစ်နာရီ နှစ်နာရီလောက် ငါက သင်ပေးတယ်။ ပိုက်ဆံလည်း ကောင်းကောင်း ပေးတယ်။ တစ်နေ့တော့ ဟိုမှာ သူကျောင်းတက်ဖို့ကိစ္စနဲ့ပတ်သက်လို့ မင်းတို့လင်မယားက ကူညီတဲ့အကြောင်း စကားစပ်မိသွားတယ်။ ဒီတော့ ငါကလည်း မနေနိုင်ဘူး။ နင်သူ့ကို မကြိုက်ဖူးလားလို့ မေးလိုက်တော့ သူက ခဏစဉ်းစားပြီး ကြိုက်တယ်လို့ ဖြေတယ်။ ဒါပေတဲ့ မင်း သူ့ကိုမကြိုက်ဘူးဆိုတာ သူသိတယ်။ . . . နေစမ်းပါဦး ကြံုတုန်း မင်းကို ငါတစ်ခုလောက် မေးချင်တယ်။ မေးရမလား . . " တဲ့။ အာရကန်က ဆက်မပြောသေးဘဲ ကျွန်တော့်ဆီက အဖြေကို စောင့်နေတယ်။
"မမေးနဲ့ . . " လို့ ပြန်ဖြေလိုက်ရင်း ကားရဲ့ ဓားလွယ်ခုတ်လောက်က လမ်းဘေးတစ်နေရာဆီမှာ လူအတော်များများ ရပ်နေတာကို လှမ်းကြည့်နေမိတယ်။ ပြီးတော့ "ဟိုမှာ လူတွေ ဘာရပ်လုပ်နေတာလဲ" လို့ မေးလိုက်မိတယ်။
"ကားစောင့်နေကြတာ ထင်တယ်" လို့ ကျော်မြင့်ကို ဖြေတယ်။
"စနေနေ့ ညနေဘက်ချည်းကွာ။ ဒီနေ့ အလုပ်ပိတ်တယ် မဟုတ်လား။"
"အိုဗာတိုင် လုပ်တာတို့ ဘာတို့ ရှိမှာပေါ့။ မဟုတ်လည်း အဲဒီနားဆီမှာ ပွဲလေး လမ်းလေး ရှိမှာပေါ့။ ဘာဖြစ်လို့ပဲ" လို့ ကျော်မြင့်က ပြန်မေးတယ်။
အဲဒီရှေ့နားဆီကို ကားက ဖြတ်မောင်းလာတော့ စိုးဝင်းက အသေအချာကြည့်လိုက်ပြီး "ကားမှတ်တိုင်ကွ" လို့ ပြောတယ်။
"ကားမှတ်တိုင်မှာ လူတွေ ဘာလုပ်နေကြတာလဲ။ ကားစောင့်နေကြတာလား။"
"ဒါပဲရှိမှာပေါ့"
"ဘာလို့လဲ" လို့ အာရကန်က ဖြတ်မေးတယ်။
"ကားမှတ်တိုင်မှာ လူတွေဘာလို့ ရပ်နေကြတယ်ဆိုတာ သိချင်လို့။ လူတွေက အများကြီးပဲ။"
"ဟုတ်တယ်၊ လူတွေအများကြီးပဲ" လို့ အာရကန်က ဖြေတယ်။ "ကားမှတ်တိုင်မှာ ကားလာဖို့ စောင့်နေတဲ့လူတွေ ရှိတယ်။ အဲဒါ သူတို့ကိစ္စ။ မင်းတို့ ငါတို့ရဲ့ ပြဿနာတစ်ခုက ဘယ်အကောင်မှ ဘတ်(စ)ကား မစီးဖူးကြတာ။ ကားမှတ်တိုင်မှာ ကားမစောင့်ဖူးကြတာပဲ။ ဒါပေတဲ့ တို့က ကျော်မြင့်ရဲ့ ကားသစ်ကြီးပေါ်ကထိုင်ပြီး ဒီလူတွေအကြောင်း စဉ်းစားကြည့်တယ်ဆိုရုံပဲ" လို့ သူက ဆက်ပြောတယ်။
"အက်စပေါက်(စ) သီဝရီ Espoused theory အကြောင်း ပြောတော့မယ်လို့လား" လို့ ကျွန်တော်က အာရကန်ကို လှမ်းနောက်လိုက်တယ်။ အာရကန်က စကားဆက် မပြောတော့ဘဲ သေခြင်းဆိုးလို့ပဲ ပြောတော့တယ်။
သူပြောတဲ့အထဲမှာ မှန်တာတော့ ပါတယ်။ ကျွန်တော်တို့တစ်တွေက ဘတ်(စ)ကားမစီးဖူးကြဘူး။ ဒီတော့လည်း ကျွန်တော့်အနေနဲ့ ကားရဲ့ရှေ့ခန်းမှာ ကျေကျေနပ်နပ်ထိုင်ပြီး ကားမှတ်တိုင်က လူတွေကိစ္စကို တွေးကြည့်နေတာဟာ မဟုတ်သေးဘူး။ ကျွန်တော်တို့နဲ့ မဆိုင်လှဘူး။ မဆိုင်လှဘူးလို့ဆိုတာကလည်း မဟုတ်ဘူး။ ဆိုင်ကို မဆိုင်ဘူးလို့ ပြောမှ။ ။

Monday, September 9, 2013
နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)
နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)
ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နေတဲ့ ဟိုတယ်က ပျင်းဖို့ကောင်းတယ်။ ပျင်းဖို့ကောင်းရတဲ့ အကြောင်းတစ်ခုကတော့ ဟိုတယ် သက်သက်မဟုတ်လို့ပဲ။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ရဆော့ဟိုတယ်။ တချို့အရပ်တွေမှာတော့ ရဆော့ဟိုတယ်ဆိုတာ အတော်ပျော်ဖို့ကောင်းတာ။ လူစည်တယ်၊ ပျော်စရာပါးစရာ စုံတယ်။ ရဆော့ဟိုတယ်ဆိုတာကလည်း အပန်းဖြေလာတဲ့လူတွေမို့ ပိုက်ဆံလည်းကောင်းကောင်း ပေးရတယ်။ ကျွန်တော်တို့နေတဲ့ ဟိုတယ်ကတော့ ရဆော့ဟိုတယ်ရဲ့ ရှိရမယ့်ဂုဏ်ရည်တွေ အကုန်ရှိပေတဲ့ လူမရှိသလောက်ပဲ။ မြို့နဲ့လည်း ဝေးတယ်။ မြို့ထဲဆီကနေလာရင် တစ်နာရီလောက် လာရတယ်။ အဝေးပြေးလမ်းမကြီးကနေ ခွဲထွက်၊ မြို့ပတ်လမ်းကနေမောင်းပြီး အတွင်းထဲကို ဆယ်မိနစ်လောက် ထပ်ဝင်ရသေးတယ်။ အထဲရောက်တော့မှ ဟိုတယ်ကို တွေ့ရတယ်။ အထပ်တွေအများကြီးနဲ့ ဟိုတယ်မျိုးလည်း မဟုတ်ဘူး။ ၀င်းကြီးကတော့ အကျယ်ကြီးပဲ။ အထဲမှာ နှစ်ထပ်တိုက်၊ တစ်ထပ်တိုက်တွေနဲ့။ ကျွန်တော်တို့ နေတာက ဟိုတယ်ရဲ့ တစ်ဖက်စွန်းမှာ။ ကျွန်တော်တို့ အဆောက်အဦတွေရဲ့နောက်က မီတာတစ်ရာလောက်မှာ အုတ်စည်းရိုး။ အဲဒီနောက်မှာ ချောင်းသာသာမြစ်ကလေး။ ကျွန်တော်တို့နေတဲ့အပိုင်းက အခန်းငါးခန်းစီရှိတဲ့ အဆောက်အဦကလေး လေးခုကို မျက်နှာချင်းဆိုင် ဆောက်ထားတာ။ စတုရန်းပုံရဲ့ အနားလေးဖက်လိုပဲ။ အလယ်ခေါင်မှာ မြေကွပ်လပ်ကလေးရှိတယ်။ အမြင့်ပိုင်းမှာဆောက်ထားတော့ ဟိုတယ်ရဲ့ တခြားအပိုင်းက အဆောက်အဦတွေကို မြင်နေရတယ်။ အဆောက်အဦတွေအများကြီး။ ၀င်းက အကျယ်ကြီး။ ရေကူးကန်ကို သုံးခုရှိတယ်။ ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့နေတဲ့အပိုင်းမှာ ကျွန်တော်တို့လူသိုက်ချည်းပဲ။
ဒီမှာလာပြီးနေကြရတိုင်း ဟိုတယ်မှာလာတည်းတဲ့လူ နှစ်ဆယ်လောက်ထက် ပိုမတွေ့ဖူးဘူး။ ကျွန်တော်တို့အဖွဲ့ထဲက ဆန်ဂျေးဆိုရင် ဒီဟိုတယ်ကို အတော်စိတ်ကုန်တယ်။ သူက အိန္ဒိယက။ မိဘက ကြေးရတတ်ထဲက။ လူကလည်း လူချော။ အမီတာဘဂျန်း ငယ်ငယ်ကရုပ်မျိုး။ ဒါနဲ့ပဲ သူ့ကို အမီတာလို့ပဲခေါ်ကြတော့တယ်။ သင်းက အားရင် တင်းနစ်ရိုက်ချင်တယ်။ အားရင်ဆိုတာထက် တစ်နေ့ကိုတစ်ကြိမ်လောက် တင်းနစ်ရိုက်လိုက်ရမှ။ ကျန်းမာရေးအတွက်လို့ ပြောပေတဲ့ အမှန်မှာတော့ အရူးတစ်မျိုးပဲလို့ ကျွန်တော်တို့က ထင်ကြတယ်။ ကျွန်ပြူတာနဲ့ပတ်သက်လို့တော့ မိုးပျံအောင်တော်တယ် ပြောရမှာပဲ။ သူလုပ်စရာရှိတာ လုပ်ပြီးရင် ရုပ်မြင်သံကြားက တင်းနစ်ပွဲတွေ ထိုင်ကြည့်တယ်။ ဒီတော့လည်း ကျွန်တော်တို့က သူ့ကိုပြောကြတယ်။ မင်းကိုအိန္ဒိယမှာမွေးလို့ ဥရောပမှာသာမွေးရင် ဖယ်ဒရာတို့၊ နဒါ(လ)တို့အရင် ကမ္ဘာကျော်မှာလို့။ ဒီလိုပြောပြန်တော့လည်း သူက သိပ်မကြိုက်ချင်လှဘူး။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဒီဟိုတယ်မှာ တင်းနစ်ကွင်းဆယ်ကွင်းရှိတယ်။ နှစ်ကွင်းက မြက်နဲ့ကွင်း။ တင်းနစ်ရိုက်တံ ဘောလုံး စတာတွေက ဟိုတယ်ရဲ့ အားကစားကလပ်မှာ အလကားသွားယူလို့ရတယ်။ ပြဿနာက ရိုက်မယ့်လူမရှိဘူး။ ဧည့်သည်မရှိတော့ တင်းနစ်ရိုက်မယ့်လူ မရှိဘူး။ အားကစားကလပ်မှာရှိတဲ့ လူတွေကလည်း တင်းနစ်အရိုက်မကောင်းကြဘူး။ နောက်ဆုံးတော့ ဟိုတယ်ကပဲ ဆန်ဂျေးအတွက် တင်းနစ်အရိုက်ကောင်းတဲ့လူကို ငှားပေးရတယ်။ ဒီတော့ ဒီဟိုတယ်ကို ဆန်ဂျေးမကြိုက်တာ သူ့အပြစ်ချည်းပဲတော့လည်း မဟုတ်ဘူး။
ဒီဟိုတယ်ကို မကြိုက်တဲ့အထဲမှာ မိန်းမတွေလည်း ပါတယ်။ မိန်းမဆိုတာက ကျွန်တော်တို့အဖွဲ့ထဲက မိန်းမရှိတဲ့လူရဲ့ မိန်းမ။ မိန်းမမရှိတဲ့လူအတွက်တော့ မိန်းကလေးမိတ်ဆွေ။ တစ်ခါတလေ ကျွန်တော်တို့က တစ်လကိုးသီတင်း ဟိုတယ်မှာ နေကြရတတ်တယ်။ အဲဒီလိုအခါမျိုးမှာ အလည်လိုက်လာတဲ့ မိန်းမတိုင်း ဒီဟိုတယ်ကိုမကြိုက်ကြောင်း ထုတ်ပြောတတ်ကြတယ်။ အဓိကကတော့ စျေးလျှောက်စရာ နီးနီးနားနား မရှိလို့ပဲ။ မိန်းမဆိုတာကလည်း ဘယ်အရပ်ရောက်ရောက် စျေးလျှောက်ချင်ကြတာချည်းပဲ။ စျေးကလည်း မြို့ထဲမှာရှိတယ်။ ဒီကနေ လေးဆယ့်ငါးမိနစ် နာရီဝက် သွားရတယ်။ သွားဖို့ ကားနဲ့မောင်းမယ့်လူတွေကလည်း အဆင်သင့်ရှိတယ်။ ဒါပေတဲ့ မြို့ထဲဆီက ဟိုတယ်ကြီးတွေမှာလို ဟိုတယ်ကထွက်တာနဲ့ စျေးဆိုင်တွေဆီကို မရောက်ဘူး။ ၀ယ်တာမဝယ်တာ အပထား စျေးဆိုင်တွေကို လိုက်ကြည့်လိုက်ရမှ။ ကျွန်တော့်မိန်းမကိုယ်တိုင်ကလည်း ပြောဖူးတယ်။ ကျွန်မက ရှင့်လို အလုပ်လာတာမဟုတ်ဘူး။ နန်းတော်ထဲမှာ အကျယ်ချုပ်နဲ့ နေရတာမျိုးတော့လည်း မနေနိုင်ဘူးတဲ့။ ဒါကြောင့်မို့ပဲ ထင်တယ်။ ဒီဟိုတယ်မှာ ဟိုတယ်အမှုထမ်းတွေကလွဲလို့ ဧည့်သည်မိန်းမ အတော်တွေ့ရခဲတယ်။ တစ်ခါတလေ ဟန်းနီးမွန်းလာတဲ့ လင်မယား၊ မဟုတ်ရင် ကလေးတွေနဲ့လာတဲ့ မိသားစုထဲက ကလေးတွေရဲ့ အမေ။ ဒါမျိုးလောက်ပဲ။ ထူးထူးခြားခြားတစ်ယောက်တော့ ကျွန်တော်တို့ဆုံရတာ ရှိတယ်။ တစ်ကြိမ်မကဘူး။ ကျွန်တော်တို့ ဒီကိုလာတိုင်းလိုလိုတွေ့ရတတ်တော့ ပထမတော့ ဒီဟိုတယ်က အမှုထမ်းများလို့တောင် ထင်မိတယ်။ သူက ကျွန်တော်တို့နေတဲ့ အဆောက်အဦနဲ့ အတော်လှမ်းတဲ့အဆောက်အဦမှာ နေလေ့ရှိတယ်။ ကျွန်တော်တို့အတွက် အဆောက်အဦရဲ့ ကျောဘက်ဆီမှာ တင်းနစ်ကစားကွင်းဆယ်ကွင်းနဲ့ ရေကူးကန်ရှိတယ်။ တင်းနစ်ကစားကွင်းတွေရဲ့ အဆုံးလောက်ဆီမှာက ရေကူးကန်။ ရေကူးကန်ရဲ့ တခြားဖက်မှာ သစ်ပင်အုပ်ကလေးတွေ ရှိတယ်။ ကျွန်တော်တို့အခန်းကနေ ရေကူးကန်နဲ့ တင်းနစ်ကစားကွင်းကို မြင်နေရတယ်။ သစ်ပင်အုပ်ကလေးတွေရဲ့ နောက်ဖက်မှာ အဆောက်အဦတစ်ခုရှိတယ်။ အဲဒီအဆောက်အဦက ဒီဟိုတယ်ရဲ့ စျေးကြီးတဲ့ အခန်းတွေပဲ။ အဲဒီဆီမှာ နေတာ။
သူ့ကို စတွေ့တာက အေဒရီယံပဲ။ ဒီလို။ တစ်ညတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး ညစာစားပွဲတစ်ခု သွားကြရတယ်။ အဲဒီက ပြန်လာတော့ မြက်ခင်းမှာထိုင်ပြီး အရက်သောက်ကြရင်း စကားဆက်ပြောကြတာ။ ညနှစ်နာရီထိုးရော။ ဒီတော့ နောက်တစ်နေ့ အိပ်ယာထ နောက်ကျတယ်။ မနက်ရှစ်နာရီလောက်မှာနိုးတော့ အေဒရီယံက သူ့အခန်းရဲ့ပြတင်းပေါက်က လိုက်ကာကိုဖယ်ပြီး ရေကန်ဘက်ဆီ လှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ရေကူးပြီးလို့ ကန်နံဘေးမှာထိုင်ပြီး လိမ္မော်ရည်သောက်ရင်း စာဖတ်နေတာကိုတွေ့ရသတဲ့။ အေဒရီယံက အခန်းထဲကနေ လှမ်းလှမ်းပြီးကြည့်တယ်။ နောက်တော့ အမျိုးသမီးက ထပြီး သူနေတဲ့ဘက်ဆီ ထွက်သွားတော့တယ်။ ဒီအကြောင်းကို မနက်စာစားတော့ သူက ပြောပြတယ်။ ဒီတော့ လူးက ကျွန်တော်တို့ကိုတာဝန်ယူတဲ့ စားပွဲထိုး နောင်ဆိုတာကို ခေါ်ပြီး မေးတယ်။ လူးက သူတို့စကားလည်း အတော်အသင့်တတ်တာကိုး။ အဲဒီအမျိုးသမီးက မစ်စစ်.. ဘယ်သူ ဆိုသလားပဲ။ ဘယ်သူဆိုသလားပဲလို့ ပြောရတာက သူတို့နာမည်တွေက ရှည်တယ်။ ခေါ်ရခက်တယ်။ စားပွဲထိုးကောင်လေးက မစ်စစ်လို့ခေါ်တော့ လင်ယောက်ျားရှိတဲ့ အမျိုးသမီးပဲ။ ကျွန်တော်က အေဒရီယံကို မင်းနောက်ကျသွားပြီလို့ လှမ်းပြောလိုက်တော့ ကျွန်တော်တို့ရဲ့ အတွင်းရေးမှူး ကလယ်က အေဒရီယံမှာ စောတာက အိပ်ယာထတာတစ်ခုပဲရှိတယ်လို့ ပြောရင်း ၀င်ပြီးထောက်ခံလိုက်တယ်။ စားပွဲထိုးကောင်ကလေးက အင်္ဂလိပ်လို အတော်ကလေး ပြောနိုင်ဆိုနိုင်ရှိတော့ ကလယ်ကပဲ မေးတယ်။ အဲဒီအမျိုးသမီးယောက်ျားရော ဘယ်မှာလဲ။ တစ်ခါတလေ လာတယ်။ လာလည်း တစ်ရက်နှစ်ရက်ပဲလို့ပြောပြီး သူ့ဘာသာ တစ်ခုခုတွေးနေပုံရတယ်။ ဆက်ပြောသင့်မပြောသင့် တွေးနေတာဖြစ်မယ်။ နောက်တော့မှပြောတယ်။ မိန်းမဆိုပေတဲ့ မစ်စထရက်သဘောပဲ ထင်တယ်။ သူ့ယောက်ျားက အတော့်ကို ချမ်းသာတယ်။ သူလား၊ သူ့ယောက်ျားလား မသေချာဘူး။ တစ်ယောက်ယောက်ကတော့ အဘိုးကြီးနဲ့ အမျိုးတော်တယ်ထင်တယ်။ ဒါကြောင့် တစ်ည ဒေါ်လာရှစ်ရာကျော်ပေးရတဲ့အခန်းမှာ လချီနေနိုင်တာလို့ပြောတယ်။
အဘိုးကြီးဆိုတာကတော့ ဒီဟိုတယ်ကြီးကိုပိုင်တဲ့ လူကြီးပဲ။ သူက ဘီယာကုမ္ပဏီလည်းပိုင်တယ်။ အဘိုးကြီးက စိတ်ရင်းအတော်ကောင်းတယ်။ အမြော်အမြင်လည်းရှိတယ်။ ဒီရဆော့ဟိုတယ်ကိုဆောက်ထားတာလည်း အမြော်အမြင်တစ်ခုနဲ့ပဲ။ သူက အုပ်ချုပ်ရေးပိုင်းကလူတွေ၊ မဟာမျိုးမဟာနွယ်တွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ ရှင်းရှင်းပြောရရင်တော့ သူက အပြည်ပြည်ဆိုင်ရာအဆင့်ဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး။ ဒီတော့ ဒီဟိုတယ်ဟာ သူ့အကျိုးစီးပွားကို အထောက်အကူဖြစ်မယ့်ကိစ္စတွေမှာ အသုံးချဖို့ ဆောက်ထားတာပဲ။ ပိုက်ဆံရဖို့က အဓိကမဟုတ်ဘူး။ ဒီဘက်မှာ အရှုံးပေါ်သမျှ တခြားဟာတွေမှာ အနုတ်လက္ခဏာထည့်လိုက်ပြီး အမြတ်တော်ကြေး ဘာဘာညာညာကြေးတွေနဲ့ ထေလိုက်တော့ ဘာမှရှုံးစရာမရှိတော့ဘူး။ အဘိုးကြီးက ကနေ့အထိ သူ့စီးပွားရေးလုပ်ငန်းတွေကို တစ်လမှာတစ်ရက် လျှောက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ရောက်နေတဲ့အချိန်နဲ့ သူလာတဲ့အချိန်နဲ့ တိုးနေခဲ့ရင် ကျွန်တော်တို့ကို လက်ဖက်ရည်ပွဲကလေးနဲ့ ဧည့်ခံလေ့ရှိတယ်။ ကျွန်တော့်ကိုတော့ ကောင်းပေ့ဆိုတဲ့ သင်္ဘောသီးနှစ်လုံး ပေးလေ့ရှိတယ်။ တစ်ခါက ဒီဟိုတယ်မှာစားရတဲ့ သင်္ဘောသီးထက် ကောင်းတာ မစားဖူးဘူးလို့ ပြောဖူးလို့။ သူလာတိုင်း သူ့အလုပ်သမားတွေနဲ့လည်း လိုက်ပြီး စကားပြောလေ့ရှိတယ်။ ပန်းခြံအလုပ်သမားတွေ၊ သန့်ရှင်းရေးအလုပ်သမားတွေအထိပဲ။ စကားစပ်မိတော့ ကျွန်တော်က ကျွန်တော့်အဖေဟာ သူ့လိုပဲ စီးပွားရေးမှာတော်တယ်လို့ပြောတော့ သူက ဆုံးမတယ်။ ခု မင်းတို့လူသိုက်ဟာ ၀ါသနာကြောင့်လုပ်နေကြတာ။ မင်းတို့ဘယ်လောက်ကြီးတော်တော် ၀ါသနာကြောင့်လုပ်တယ်ဆိုတာ မှန်သမျှဟာ ကြီးကြီးကျယ်ကျယ် ချမ်းသာမလာနိုင်ဘူး။ ကြီးပွားချမ်းသာချင်ရင် ၀ါသနာဆိုတာကလေး ဘေးနားချပြီး ကြိုက်ကြိုက်မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာပဲ။ ကြီးပွားချမ်းသာတဲ့လူတိုင်းဟာ လုပ်သင့်တာကို လုပ်ရမယ့်အချိန်မှာ လုပ်နိုင်ခဲ့တဲ့လူတွေချည်းပဲ။ မင်းတို့လို ကျေနပ်မှုအတွက် အချိန်ကုန်ခံနေကြတာ မဟုတ်ဘူးတဲ့။ ပြီးတော့ သူက အေဒရီယံနဲ့ကျွန်တော့်ကို သူ့ဟိုတယ်မှာ အလုပ်လုပ်ဖို့ခေါ်တယ်။ မင်းတို့လုပ်ကိုင်နေတာတွေကို မလုပ်ချင်တော့တဲ့တစ်နေ့ ဒီမှာလာပြီး လုပ်ငန်းကိုလေ့လာ။ လေးငါးလဆိုရင် မင်းတို့သဘောပေါက်မှာပဲ။ မင်းတို့လုပ်နေတဲ့အလုပ်လောက် မခက်ဘူး။ အန္တရာယ်လည်း မများဘူး။ မင်းတို့ လုပ်တတ်ကိုင်တတ်တာနဲ့ မင်းတို့လက်ထဲကို ဒီဟိုတယ်လွှဲမယ်။ မင်းတို့ ဂျီအမ်လုပ်ကြတဲ့။
ခုတစ်ခေါက် ဒီဟိုတယ်ကိုရောက်နေတုန်းမှာ အဘိုးကြီးလာတာနဲ့ ဆုံပြန်တယ်။ အဘိုးကြီးက တစ်ညနေဖက် ရေကူးကန်စောင်းမှာ လက်ဖက်ရည်ပွဲကလေးပေးပြီး ကျွန်တော်တို့နဲ့ ထိုင်စကားပြောတယ်။ အဲဒီတော့ ဟိုအမျိုးသမီးလည်း ပါလာတယ်။ သူက သူ့တူရဲ့မိန်းမဆိုပြီး မိတ်ဆက်ပေးတယ်။ ဒါပေတဲ့ ကျွန်တော်တို့နဲ့ အဲဒီအမျိုးသမီးနဲ့က သိပြီးကြပြီ။ သိကြရတာက ဒီလို။ တစ်ညနေဖက်ဆီတော့ ကျွန်တော်တို့လူသိုက် တောင်ခြေဖက်ဆီကို အသွားအပြန် ပြေးကြတယ်။ ဟိုတယ်ရဲ့ နောက်ဖေးပေါက်ကနေထွက်ရင် တောင်ခြေဘက်ကိုသွားတဲ့ လူသွားလမ်းရှိတယ်။ ဒီလမ်းက ဟိုတယ်ရဲ့ဝင်းအပြင်ဘက်က အလုပ်သမားတွေရဲ့အိမ်တွေဆီသွားဖို့ ဖောက်ထားပုံပဲ။ တောင်ခြေကို အသွားအပြန်ဆိုရင် သုံး-လေးမိုင်လောက်ရှိမယ်။ အဲဒီလမ်းကလေးပေါ်မှာ ကျွန်တော်တို့ကအသွား၊ သူက အပြန် မျက်နှာချင်းဆိုင် ဆုံကြတာ။ ပြေးနေကြရင်းမို့ လက်ပဲ ဝှေ့ယမ်းပြခဲ့ကြရတယ်။ မျက်မှန်းတန်းမိသွားတယ် ဆိုရုံပဲ။ လူးကတော့ ပြောတယ်။ အတော်တော့ချောတဲ့ အေရှံမ-ပဲတဲ့။ အဲဒီနောက် တစ်နေ့တော့ တင်းနစ်ရိုက်ကွင်းတွေဆီမှာ။ ဆန်ဂျေးတစ်ယောက် တင်းနစ်ရိုက်နေတုန်း ကျွန်တော်တို့လည်း အပျင်းပြေ ဘေးနားကထိုင်ကြည့်ရင်း နောက်ပြောင်နေကြတယ်။ အဲဒီအမျိုးသမီးရောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်ရင်း သူလည်း တင်းနစ်ရိုက်ချင်သတဲ့။ ဒါနဲ့ပဲ ဆန်ဂျေးက သူ့တင်းနစ်ရိုက်တံကို ပေးလိုက်ပြီး ရိုက်ခိုင်းတယ်။ အတော်ရိုက်နိုင်တယ်။ တစ်ပတ်တစ်ခါလောက် လာရိုက်ပါရစေလို့ခွင့်တောင်းတာနဲ့ ဆန်ဂျေးက သဘောတူလိုက်တယ်။ ဆန်ဂျေးမှမရိုက်လည်း ရိုက်မယ့်လူမှ မရှိပဲ။ ခဏရိုက်ပြီးတော့ ရေကူးကန်နားမှာ ကျွန်တော်တို့နဲ့အတူ လိုက်သောက်ရင်း စကားစမြည်ပြောဖြစ်သွားတာ။ သူ့နာမည်ကတော့ ခပ်ရှည်ရှည်ပဲ။ ခေါ်လို့မလွယ်လှဘူး။ ဒီတော့ ကျွန်တော်က သူ့နာမည်ထဲက စာလုံးတချို့ကိုထုတ်ပြီး ရတနာလို့ခေါ်ပါရစေဆိုတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ပဲ သူ့ကို ရတနာလို့ခေါ်ကြတော့တယ်။ အဘိုးကြီးနဲ့ထိုင်ပြီးစကားပြောရင်း အဘိုးကြီးကပဲ သူ့တူမကို ဒီလူတွေက လူကောင်းတွေပါ။ မင်းကို စောင့်ရှောက်ကြမှာပါ။ မင်းအကူအညီလိုရင်ပြောလို့ပြောတော့ ကျွန်တော်တို့တောင် အံ့သြသင့်မိကြတယ်။
စကားအသွားအလာကိုထောက်ပြီး ပြောရရင်တော့ အဘိုးကြီးမှာ သားမရှိဘူး။ သမီးချည်းပဲ။ ရတနာရဲ့ယောက်ျားက သူ့သားလိုဖြစ်နေတယ်။ သူ့စီးပွားရေးလုပ်ငန်းတွေမှာ အတော်မျက်နှာလွှဲထားလို့ရတဲ့ သူမျိုး။ ဒီပြင် သူ့တူရဲ့အဖေ သူ့ယောက်ဖက နန်းတွင်းက။ နိုင်ငံရေးဘက်မှာ သြဇာရှိတယ်။ ပြောရမယ်ဆိုရင်တော့ မလိုင်ချည်းမို့ မြိုင်သဗျို့ဆိုတာမျိုးပဲ။ သူ့တူအကြောင်းပြောနေရင်း အဘိုးကြီးက ငါ့တူကတော့ကွာလို့ပြောပြီး စကားရပ်သွားတယ်။ ခဏကလေး သူ့ခြေထောက်ကိုလှမ်းကြည့်လိုက်ပြီး သူထိုင်နေတဲ့ကုလားထိုင်က လက်ကိုင်တန်းကို လက်နဲ့အသာဆုပ်လိုက်ရင်း၊ အလုပ်ကတော့ အတော်များသားလို့ပြောပြီး မသိမသာပြုံးလိုက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရိပ်လိုက်မိတယ်။ အဘိုးကြီးအနေနဲ့ ပြောမယ့်စကားကိုရုပ်ပြီး၊ စကားပြောင်းပြောလိုက်တယ်ဆိုတာ။ ဒေါက်တာအက်ကာမင်ရဲ့ လူတွေရဲ့ မိုက်ခရိုစရိုက်လက္ခဏာအကြောင်း လေ့လာခဲ့ဖူးတဲ့လူမှန်သမျှ ရိပ်မိတတ်တဲ့ လက္ခဏာတစ်ခုပဲကိုး။ ကျွန်တော်တို့ မသိသင့်ဘူးထင်လို့ ဖြစ်ချင်ဖြစ်မယ်။ မဟုတ်ရင် ရတနာမသိသင့်လို့ ဖြစ်ချင်ဖြစ်မယ်။ ဘာရယ်လို့တော့ ကျွန်တော်တို့အနေနဲ့ မသိသေးဘူး။ အဲဒီနောက်ပပိုင်းတော့ ရတနာနဲ့ မကြာမကြာတွေ့ရတတ်တယ်။ ဆန်ဂျေးနဲ့ တင်းနစ်ရိုက်တဲ့အခါပဲဖြစ်ဖြစ်၊ အေဒရီယံနဲ့ ကျွန်တော်တို့ နှစ်ယောက်တည်း ရေကူးကန်နံဘေးမှာထိုင်ပြီး နေ့ခင်းစာ ညနေစာစားတဲ့အခါမျိုးမှာဖြစ်ဖြစ် ကျွန်တော်တို့နဲ့ ကြံုရာဆုံရာပြောရင်း ၀ိုင်တစ်ခွက်သောက်လေ့ရှိတယ်။ သူ့ယောက်ျား မလာသေးဘူးလားလို့မေးရင်တော့ ကျွန်တော်တို့ခရီးထွက်နေတုန်းက ရောက်လာသလိုလို ပြောတယ်။ ကျွန်တော်တို့ကတော့ စကားအဖြစ် မေးမိလိုက်ကြတာပဲ။
တစ်နေ့တော့ ဟိုတယ်ထဲမှာ လူအတော်ပါးတယ်။ ပါးတာမှ လူမရှိသလောက်ပဲ။ ရတနာလည်း ရှိပုံမရဘူး။ ကျွန်တော်တို့အဖွဲ့ကလူတွေလည်း မြို့ထဲသွားသူသွား၊ စင်ကာပူဘက် စျေးဝယ်ထွက်သူထွက်မို့ အေဒရီယံနဲ့ကျွန်တော်ပဲ ကျန်ရစ်ခဲ့တယ်။ နေကလည်း အတော်ကလေးပူလို့ ရေကူးကန်ထဲမှာ ရေကူးကြပြီး ကန်နံဘေးမှာထိုင်ပြီး မြင်းဖြူဝီစကီ သောက်နေမိကြတယ်။ သူတို့အရပ်ကထွက်တဲ့ ၀က်အူချောင်း ချဉ်တင်တင်နဲ့ တောဟင်းချိုကိုမြည်းကြတယ်။ သူတို့တောဟင်းချိုက ကျွန်တော်တို့ဆီက တာလပေါ့ဟင်းနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီတုန်းမှာပဲ ဗြုန်းခနဲ သတိရလိုက်မိတယ်။ ဒီဟိုတယ်က မီးဖိုခန်းမှာ သူတို့ဌာနေအစာ တွေလာပြီးချက်ပြုတ်ပေးလေ့ရှိတဲ့ မိုမိုဆိုတဲ့ အဒေါ်ကြီး။ ဒီအဒေါ်ကြီးကို အရင်လာခဲ့တဲ့ အခေါက်တွေကတည်းက သိတာ။ သူက အဘိုးကြီးရဲ့လက်စွဲ။ ကျောင်းဆရာမကြီးဘဝကနေ အနားယူထားတာ။ အချက်အပြုတ်ကောင်းတာနဲ့ အဘိုးကြီးက သူ့ဟိုတယ်မှာ အချိန်ပိုင်းအလုပ်ပေးထားတယ်။ ကျွန်တော်တို့က သူ့လက်ရာကြိုက်တယ်ဆိုလို့ ကျွန်တော်တို့ဒီမှာနေတဲ့အခါ သူ့ကို ခေါ်ထားတတ်ကြတယ်။ သူက အင်္ဂလိပ်လိုလည်း အတော်ကလေးပြောနိုင်တယ်။ အားရင် ကျွန်တော်တို့နဲ့ စကားပြောနေကျ။ စားပွဲထိုးကောင်ကလေးကို မိုမိုရှိသလားဆိုတော့ ရှိတယ်ဆိုတာနဲ့ သွားခေါ်ကွာ။ ဘီယာတစ်လုံးလည်းယူခဲ့လို့ ပြောလိုက်တယ်။ မိုမိုက ဘီယာတော့ ကြိုက်တယ်။ ဒီလိုနဲ့ မိုမိုရောက်လာပြီး ကျွန်တော်တို့နဲ့ စကားဝိုင်းဖြစ်သွားတယ်။ ပထမတော့ အစားအသောက်အကြောင်း ပြောကြရင်း နောက်တော့ အဘိုးကြီးတို့အကြောင်း၊ ရတနာတို့အကြောင်းတွေ ရောက်သွားတယ်။ အဲဒီတုန်း အေဒရီယံက အဘိုးကြီးက ငါတို့နှစ်ယောက်ကို ဒီဟိုတယ်မှာလာပြီး အလုပ်လုပ်ကြ၊ ကြီးကြပ်ကြလို့ပြောတယ်လို့ပြောလိုက်တော့ မိုမိုက ပြံုးတယ်။ ပြီးတော့ ပြောတယ်။ ဒီအဘိုးကြီးက တော်တယ်ဆိုတာ အဲဒါပဲ။ ဘယ်သူ့ကို ဘယ်လိုနေရာမှာသုံးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ မင်းတို့နှစ်ယောက် ဟိုတယ်နဲ့ပတ်သက်လို့ ဘာမှမသိဘူးဆိုတာ သူသိတယ်။ ဒီတော့ မင်းတို့ကို ရင်းနှီးမြှုပ်နှံတဲ့သဘောပဲ။ သူက ပိုက်ဆံတင်မဟုတ်ဘူး၊ လူကိုလည်း အရင်းအနှီးလုပ်ထားတတ်တယ်လို့ မိုမိုကပြောတယ်။
ကျွန်တော်လည်း မနေနိုင်လို့ ရတနာအကြောင်း မေးကြည့်လိုက်မိတယ်။ မိုမိုက ဘီယာကို ဖြည်းဖြည်းချင်းငုံလိုက်ပြီးမှ ရတနာက သနားစရာကောင်းတယ်လို့ အရင်ပြောပြီး စကားကိုဆက်မပြောဘဲ ခဏနေလိုက်တယ်။ အဲဒီတော့ ရေကူးကန်တစ်ကြောလုံး ငြိမ်သက်နေမှန်း သတိထားလိုက်မိတယ်။ ကျွန်တော့်ခွက်ထဲကို အေဒရီယံက ၀ီစကီဖြည့်ပေးပြီး သူ့ခွက်ထဲကို ထည့်လိုက်တယ်။ နောက်တော့ မိုမိုက ဖြည်းဖြည်းချင်းပြောပြတယ်။ သူ့ယောက်ျားကလည်း လူကောင်းပဲ။ အဘိုးကြီးက မျက်နှာလွှဲလို့ ရတဲ့သူမျိုး။ တစ်ခုပဲ၊ ဒီကောင်က မိန်းမမြင်ရင် မနေနိုင်တဲ့ကောင်မျိုး။ ရတနာက အဘိုးကြီးတပည့်တစ်ယောက်ရဲ့ သမီး။ အနောက်နိုင်ငံလွှတ်ပြီး ပညာသင်ထားတာ။ နောင်ကို အဘိုးကြီးရဲ့လုပ်ငန်းမှာပဲ လုပ်ဖို့။ ဒါပေတဲ့ ဟိုအကောင်ကမြင်တော့ မနေနိုင်မထိုင်နိုင်ဖြစ်ရော။ သူ့မှာကလည်း သားကြီးမယားကြီး ရှိနေတယ်။ သူတို့ကိုကွာရင် ဆွေပြတ်မျိုးပြတ်တွေဖြစ်မယ်။ သူတို့ရဲ့စည်းဝိုင်းအတွင်းက ထွက်ရမယ်။ အဘိုးကြီးအလုပ်တွေလည်း လုပ်ပေးနိုင်မှာမဟုတ်တော့ဘူး။ ဒီတော့ အဘိုးကြီးကပဲ စီစဉ်ပြီး ပေးစားလိုက်တာ။ ငါသိထားသလောက်ကတော့ အဘိုးကြီးက သူ့တူကို ချည်ပြီးတုပ်ပြီးမှ ပေးစားတာ။ ဒီကောင်က နောက်ထပ်မိန်းမ ဘယ်နှစ်ယောက်ယူယူ ရတနာကို ကွာမပစ်ရဘူး။ ရတနာဟာ အမြဲတမ်း တရားဝင်ဇနီးပဲ။ တရားဝင်ဇနီး နောက်တစ်ယောက်ပေါ့ကွယ်။ မင်းသားကြီးလိုပေါ့ သိတယ်မဟုတ်လားလို့ပြောပြီး မိုမိုက ရယ်လိုက်တယ်။ တိုက်ရိုက်တော့ ဘယ်ဟုတ်မလဲ၊ ဓာတ်ပုံထဲတော့ မြင်ဖူးတာပေါ့လို့ ချက်ချင်းပဲ ကျွန်တော်က ဖြေလိုက်မိတယ်။ မိုမိုက ပြံုးတယ်။ ဓာတ်ပုံထဲမှာ နောက်က တန်းစီရပ်နေတဲ့မိန်းမတွေကို တွေ့ဖူးသလားလို့မေးလို့ ကျွန်တော်တို့နှစ်ယောက်စလုံးက စကားနဲ့မတုန့်ပြန်ဘဲ ချက်ချင်းခေါင်းငြိတ်ပြလိုက်တယ်။ ဒီတော့ မိုမိုကပြောတယ်။ တို့လူမျိုးမှာ အဲဒီလိုအလွှဲထဲ အဲဒီအဆင့်အတန်းထဲ ရောက်သွားခဲ့ရင် လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုခုလိုပဲ။ အသုံးမရှိတဲ့အခါ မှန်ဗီရိုထဲထည့်ပြီး ပြထားလိုက်တဲ့အခြေအနေ ရောက်သွားရော။ မိုမိုက ပြောနေတာကို ခဏရပ်ပြီးမှ ဆက်ပြောတယ်။ ကောင်းတဲ့ဘက်ကပြောရင်တော့ လွှင့်မပစ်လိုက်တာထက်စာရင် တော်သေးတယ်လို့ ပြောရမှာပဲတဲ့။
အခု သူ့ယောက်ျားက ဘယ်မှာလဲလို့ အေဒရီယံက မေးလိုက်တယ်။ ငါက ဘယ်လိုလုပ်သိမှာလဲလို့ မိုမိုကဖြေပြီး မနှစ်ကတော့ ဒီကို နှစ်ခေါက်လောက်လာတယ်။ ဒီကောင့်မှာက တရားဝင်တာရော၊ မဝင်တာရော အများကြီး။ တစ်အိမ်တစ်ရက်နေရင်တောင် နှစ်ပတ်မလည်ဘူးထင်တယ်။ လာရင် ဒီမှာနေတယ်။ နေလည်း တစ်ရက်နှစ်ရက်ပဲ။ အဘိုးကြီးကြောင့် ဒီကိုမလာဘဲတော့ မနေရဲဘူး။ သူလာမယ်ဆိုရင် ရတနာက ဒီမှာ စောင့်ရတယ်။ ရတနာတို့က အရှေ့ဘက်ထဲက။ ဒီကနေ နှစ်နာရီသုံးနာရီ ကားနဲ့သွားရတယ်။ သူတို့ကလည်း ချမ်းသာပါတယ်။ ဒါပေတဲ့ ရတနာ့အတွက်တော့ ဘာမှမလုပ်ပေးနိုင်ကြတော့ဘူး။ ရတနာက ဟိုကောင်ရဲ့ တရားဝင် မြောက်ဘက်ကမယားလို့ လူတွေက လက်ခံထားကြတယ်လို့ မိုမိုကရှင်းပြတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုကောက်ချက်မှ မချတတ်ဘူး။ မိုမိုရဲ့ဘီယာကုန်သွားလို့ ကျွန်တော်ကပဲ ကောင်ကလေးလို နောက်ထပ်တစ်လုံးမှာလိုက်တယ်။ ငါ သုံးလုံးထက်ပိုမသောက်ဘူးလို့ မိုမိုက ရယ်စရာပြောတယ်။ ပြီးတော့မှ ငါကတော့ ကျောင်းဆရာမလုပ်ခဲ့ဖူးလို့လား မသိဘူး ငါ့စိတ်ထဲမှာ ဘဝင်မကျတာတွေရှိတယ်။ ဒါပေတဲ့လည်း ငါကိုယ်တိုင် ဘာမှမတတ်နိုင်ဘူးတဲ့။ မိုမို ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်က စကားထောက်ပေးလိုက်တော့ မိုမိုက ရှင်းပြတယ်။ တို့တိုင်းပြည်က ဒီတစ်ကြောမှာ ခေတ်မီတယ်။ အနောက်တိုင်းဆန်တယ်ဆိုပေတဲ့ ရေးသားမထားပေတဲ့ ရှိနေတဲ့အစဉ်အလာတွေ အများကြီးပဲ။ ဘယ်သူမှ ဘာမှ မလုပ်နိုင်ဘူး။ အဲဒီအစဉ်အလာဆိုတဲ့အထဲမှာ ပိတ်မိနေတာတွေ အများကြီးပဲ။ နောက်တစ်ခုက ယောက်ျားကလေး လူငယ်တွေဟာ ထုံးစံအတိုင်း မချမ်းသာတဲ့လူက ချမ်းသာချင်တယ်။ ချမ်းသာတဲ့လူက ထင်ပေါ်ကျော်ကြားချင်တယ်။ ဘဝမှာရှိတဲ့ တခြားကျေနပ်သာယာစရာတွေကို မေ့ထားလိုက်ကြတော့ နောက်ဆုံးတော့ ငါခုနပြောတဲ့ မှန်ဗီရိုထဲကပစ္စည်းဘဝမှာ မလှုပ်နိုင်မရှားနိုင် ဖြစ်ကုန်ကြရတာပဲတဲ့။ မှန်ဗီရိုထဲက ခုန်ထွက်ကြပေါ့လို့ အေဒရီယံက နောက်လိုက်တယ်။ မိုမိုက ပြံုးရင်း မှန်ဗီရိုထဲက ခုန်ထွက်လိုက်လို့ မှန်ကွဲသွားရင် ရှတော့ရှမှာပဲလို့ ပြောတယ်။ အေဒရီယံက ဟုတ်တော့ဟုတ်သားပဲလို့ အမြင်မှန်ရသွားတဲ့အနေနဲ့ ကောက်ချက်ချတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ ကျွန်တော်ကတော့ ကျွန်တော့်မိန်းမပြောဖူးတဲ့ နန်းတော်ထဲကအကျဉ်းသားဆိုတဲ့အကြောင်းကို သတိရလိုက်မိတယ်။
ဒီနောက်တော့ ကျွန်တော်တို့လည်း တခြားအကြောင်းတွေ ဆက်ပြောနေလိုက်မိကြတယ်။ နောက်တော့ မိုမိုက မင်းတို့စားချင်တာရှိရင်ပြော၊ ငါသွားပြီးချက်ထားမယ်။ ကနေ့တော့ ငါ အိမ်စောစောပြန်မယ်လို့ပြောတာနဲ့ ကျွန်တော်တို့စားချင်တာကလေးတွေ ပြောလိုက်ကြတယ်။ မိုမိုက ထိုင်ရာကထလိုက်ရင်း တို့ဘက်မှာပြောလေ့ရှိတာလေးတစ်ခု ငါ ပြောပြမယ်လို့ စကားခံလိုက်တယ်။ ပြီးတော့ ခုလိုပြောတယ်။ တို့ဆီမှာ သစ်ကောင်းကောင်းထွက်တယ်။ အကောင်းဆုံးသစ်သားကို နန်းတော်ကြီးဆောက်ဖို့ ပို့ရတယ်။ နန်းတော်ကြီဆောက်တော့ တော်ရုံကောင်းတဲ့၊ မာတဲ့သစ်တွေကို တခြားနေရာတွေမှာသုံးပြီး အကောင်းဆုံးသစ်၊ အကွက်အလှဆုံးသစ်ကို ကြမ်းခင်းတယ်။ ဖယောင်းမှန်မှန်တိုက်တယ်။ ဒီတော့ သစ်သားချင်းအတူတူ၊ အကောင်းဆုံးသစ်သားတွေက သူတို့ကိုယ်သူတို့ ဂုဏ်ယူကြသပေါ့။ သစ်သားချင်းအတူတူ၊ နန်းတွင်းရောက်ရတာချင်းအတူတူ တို့က အမြဲတစေ ဖယောင်းတိုက်ပြီး ပြောင်လက်နေအောင် ပွတ်သပ်ခံရတာလို့ ဂုဏ်ယူလေ့ရှိကြသတဲ့။ သူတို့မေ့နေတာတစ်ခုကတော့ သူတို့ဟာ လူတကာရဲ့ ခြေထောက်အောက်က ဆိုတာပဲ။ မိုမိုက သူပြောနေတဲ့စကားကို အဆုံးသတ်လိုက်ပြိး ပြံုးတယ်။ ကျွန်တော်တို့လည်း ပြံုးလိုက်ကြရင်း မတ်တတ်ထပြီး သူ့ကို ရိုသေသမှုနဲ့ လက်အုပ်ချီပြလိုက်ကြတယ်။ မိုမိုက ဘီယာအတွက် ကျေးဇူးတင်တယ်။ မင်းမိန်းမ လာရင်ပြော။ သူက ငါကြော်တဲ့ ၀ါးပိုးမျှစ်ခေါက်ကြိုက်တယ်။ ငါကြော်ကျွေးမယ်လို့ပြောပြီး ထွက်သွားတော့တယ်။ ကျွန်တော်တို့ရဲ့ မြင်းဖြူလည်း ခါးကျိုးပြီ။
နောက်သုံးရက်လောက်ကြာတော့ ကျွန်တော့်မိန်းမ ရောက်လာတယ်။ ကျွန်တော်တို့အလုပ်ကိစ္စတွေပြီးလို့ ပြန်ဖို့အချိန်ကျမှ ရောက်လာတာ။ တခြားအဖွဲ့သားတွေရဲ့ မိန်းကလေးမိတ်ဆွေ တစ်ယောက်နှစ်ယောက်လည်း ရောက်လာကြတယ်။ ကျွန်တော်ကပဲ ရတနာကို ကျွန်တော့်မိန်းမနဲ့အတူ တခြားမိန်းကလေးမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးလိုက်တယ်။ သူတို့ချင်းလည်း ခင်သွားကြတယ်။ ကျွန်တော့်မိန်းမကလည်း ရတနာကို သနားနေပုံရတယ်။ ကျွန်တော်တို့တတွေ ပြန်ကြတော့မယ့်မနက်မှာ ကားတွေပေါ် ပစ္စည်းတွေတင်နေတုန်း ရတနာလာပြီး နှုတ်ဆက်တယ်။ ကျွန်တော့်မိန်းမအတွက် မြောက်ပိုင်းက ပိုးပဝါတစ်ထည် လက်ဆောင်ပေးရင် နောက်တစ်ကြိမ်လာရင် ဒီမှာ ကြာကြာနေဖို့ ပြောရှာတယ်။ အားလုံးကို နောက်တစ်ကြိမ်တွေ့ကြဦးစို့လို့ ပြောပြီး နှုတ်ဆက်တယ်။ ရဆော့ကက မန်နေဂျာက ဆန်ဂျေးကို နောက်တဲ့အနေနဲ့ ဟိုတယ်ရဲ့အားကစားကလပ်ကိုယ်စား စပို့ရှပ်တစ်ထည် လက်ဆောင်ပေးတယ်။ မိုမိုကလည်း မြို့ကြီးပြန်ရောက်ရင် ကျွန်တော်တို့ဝီစကီနဲ့မြည်းဖို့ သူကိုယ်တိုင်လုပ်ထားတဲ့ မြောက်ပိုင်းက ၀က်သားချဉ်ထုပ်တွေ လာပေးရှာတယ်။ ဟိုတယ်ကထွက်တော့ ကျွန်တော်တို့တစ်တွေစိတ်ထဲမှာ အတွေးကိုယ်စီပါလာကြတာ အမှန်ပဲ။ ဒီဟိုတယ်မှာနေရတာ ပျော်လှလို့တော့ မဟုတ်ဘူး။ ဒါပေတဲ့ လွမ်းစရာတစ်ခုခုကို ချန်ထားရစ်ခဲ့ရသလိုပဲ။ ကျန်ရစ်တာမဟုတ်ဘူး။ ချန်ထားရစ်ခဲ့ရတာ။ နောက်တော့ မိုမိုချက်ကျွေးတာတွေအကြောင်း စပြီး ပြောဖြစ်တယ်။ ပြောနေကြရင်း တစ်နေ့၊ ရေကူးကန်နံဘေးမှာ၊ မိုမိုနဲ့ကျွန်တော်တို့နှစ်ယောက် စကားထိုင်ပြောကြတဲ့အကြောင်းရောက်သွားတယ်။ အေဒရီယံက ငါတော့ သိပ်နားမလည်လှဘူးလို့ စကားခံပြီး ကျွန်တော့်မိန်းမကို မိုမိုပြောတဲ့ နန်းတွင်းက ကြမ်းခင်းထားတဲ့ သစ်သားကောင်းတွေအကြောင်း ပြောပြတယ်။ ကျွန်တော့်မိန်းမက ငြိမ်ပြီးနားထောင်နေတယ်။ အေဒရီယံပြောလို့ပြီးသွားတော့ ချက်ချင်းဘာမှပြန်မပြောသေးဘူး။ ခဏကြာမှ ကြမ်းခင်းတွေချောပြောင်နေတာကို အဲဒီအပေါ်လျှောက်သွားတဲ့လူတွေက သတိထားမိချင်မှ ထားမိမှာ။ တွေ့ချင်မှ တွေ့မှာ။ အဲဒီအပေါ် လျှောက်မသွားဘဲ ခပ်လှမ်းလှမ်းက ရပ်ကြည့်နေတဲ့လူတွေကသာ၊ အဲဒီကြမ်းခင်းတွေဟာ ဘယ်လောက်ချောပြောင်ပြီး ဘယ်လောက်ကျက်သရေရှိနေတယ်ဆိုတာတွေ သိကြမှာလို့ ပြောတယ်။ အဲဒီနောက်တော့ ဘယ်သူမှ ဘာမှထပ်ပြီးမပြောကြတော့လို့ ကားထဲမှာ ငြိမ်သွားတယ်။ ကားကို ကန့်လန့်ဖြတ်ပြီးတိုးလိုက်တဲ့လေရဲ့ တိုးသံကို မကြားရပေတဲ့လည်း ကားထဲကလူတွေက လေတိုးသွားဆိုတာကိုတော့ သိလိုက်ကြတယ်။
မြင့်သန်း
ချင်းတွင်းမဂ္ဂဇင်း
..

Subscribe to:
Posts (Atom)
-
ပွဲတိုင်းအောင် ဂါထာ(အမှတ်စဉ် ၈) ဒေဝါနံ နန္ဒနော ဒေဝေါ ဒေ၀ ဒေ၀ န နန္ဒိနော။ ဝေဒ ဒိနေန ဝေဒေန ဝေဒိ ဝေဒေန ဝေဒိနော။ ဧတေနသစ္စဝဇ္ဇေန ဟော တုမေ ဇယျ...
-
အောင်ခြင်းရှစ်ပါး ဂါထာ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂ...
-
ကြာနီကန်ဆရာတော် ဦးဇဋိလ ၊ သာမညတောင်ဆရာတော် အမြဲရွတ်ဖတ် ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စ...