Tuesday, July 5, 2022

ဓမ္မစက်ြာနည်းဖြင့် လွတ်မြောက်ပုံ (အ သောကစာရီ)

ဓမ္မစက်ြာနည်းဖြင့် လွတ်မြောက်ပုံ အကျဉ်း ပထမဦးစွာ ရုပ်ဇာတိကို ကြေညက်စွာ နားလည် သဘောပေါက်အောင် ဘဝင် ကျသည်အထိ အဖန်ဖန်အထပ်ထပ် နာကြားဘို့ လိုအပ်ပါသည်။ ကလလ ရေကြည်မှ ပြာပုံအထိ ရုပ်ဖြစ်စဉ်မှာ အမည်တွေ ဘယ်လို ပြောင်းပြောင်း ဓာတ်ကြီးလေးပါး သဘာဝ သူ့အလုပ်သူလုပ်နေကြသည် ကို ကျေနပ်စွာ လက်ခံနိုင်မှသာ ရုပ် အပေါ်စွဲသော ငါ့ရုပ် ငါ့ကိုယ် ငါ့ခန္ဓာ အမှားအထင်ပျောက် အမှန်အမြင် ရောက်ပါမည်။ ဓမ္မာရုံမှာ ပေါ်သမျှ ရုပ်နာမ်အာရုံများသည် အရိပ်အယောင်များသာဖြစ်၍ သတ္တဝါပညတ်မရှိကြောင်း အမှန်ကို ဦးစွာနားလည်ပြီး လွတ်မြောက်ပါမည်။ အာရုံမှန်သမျှသည် အရိပ်အယောင်များသာဖြစ်၍ အသက်မရှိသည့်အသေများ၊ တန်ဘိုးမရှိသည့် သုညများ လို့ လက်ခံလာနိုင်သောအခါ တွယ်တာစရာမရှိကြောင်း၊ စွဲလန်း၍မရကြောင်း၊ ဖမ်းယူဆုပ်ကိုင်ခွင့်မရှိကြောင်း နားလည်လာသောအခါ တွယ်တာမှု၊ စွဲလန်းမှု၊ ဖမ်းယူဆုပ်ကိုင် လိုမှုများကြောင့် ဖြစ်ရသော ပူလောင် ပင်ပန်း ဆင်းရဲခြင်းများမှ လွတ်မြောက်လာပါလိမ့်မည်။ ရုပ်ဘက်က အပူအအေး အပျော့အမာ အလှုပ်အငြိမ် ယိုစီး ဖွဲ့စည်းမှုများ ဖောက်ပြန်ပြောင်းလဲမှု သဘာဝများ ဘာလာလာ အလိုက်သင့်လက်ခံပေး နေနိုင်ရပါမည်။ စိတ်ဘက်မှာလည်း စိတ်ကြည်ကြည် မကြည်ကြည် ၊အတွေးစိတ် ဖြစ်ဖြစ် မဖြစ်ဖြစ် ၊ကုသိုလ်စိတ် အကုသိုလ်စိတ် ၊လောဘ ဒေါသ သောက ၊သဒ္ဓါ ဝီရိယ ပညာ ဘာစိတ်ဖြစ်ဖြစ် ဘာလာလာ အကုန်လုံးကို လက်ခံပေးနေရပါမည်။ အတွေးစိတ်များလို့ ပျံ့လွင့်စိတ်ဖြစ်လဲ အတွေးတွေကို မကျေမနပ်မဖြစ်ပဲ လက်ခံပေးနိုင်ရပါမည်။ သတိထားလို့ သတိရှိပြီး အတွေးကင်းနေလဲ တွေးစိတ်မပေါ်လဲ လက်ခံ နေရပါမည်။ ကြိုတ်တဲ့စိတ် မကြိုတ်တဲ့စိတ် ဘာစိတ်ဖြစ်ဖြစ် တားဘို့မကြိုးစားပဲ တားမရတာကို နားလည်ပြီး သတိထားကာ ဘာလာလာ လက်ခံနေရပါမည်။ ရုပ်ပိုင်းမှာကော စိတ်ပိုင်းမှာပါ ဖြစ်ချင်ရာဖြစ် ကြိုတ်တာဖြစ် ဖြစ်စဉ်တရပ်အနေနဲ့ နားလည်ပြီး လက်ခံပေးနေရပါမည်။ အကြောင်း အကျိုး သဘာဝ သဘော အမှန်ကို နားလည်နေရင် ဘာလာလာ လက်ခံနေနိုင်ပါသည်။ ရာသီဥတု အပူအအေး အပြောင်းအလဲ နွေမိုးဆောင်း သဘာဝကိုလဲလက်ခံနိုင်ရသလို ရောဂါကပ်ဘေး အစရှိသော ကပ်ဘေးအမျိုးမျိုးကိုလဲ လက်ခံနိုင်ရပါမည်။ ဖြစ်စရာရှိလို့ဖြစ်တာ ကြုံဘို့ ဆုံဘို့ အကြောင်းရှိလို့ ကြုံရဆုံရတာမို့ လက်ခံနိုင်ရပါမည်။ အကြောင်း အကျိုးကို ပိုင်ပိုင်နိုင်နိုင် နားမလည်လျှင် လက်မခံနိုင်ခြင်း ဖြစ်ရပါသည်။ အကြောင်းအကျိုး တိုက်ဆိုင်လို့ သူ့ဖြစ်စဉ် အတိုင်း ဖြစ်နေတာကို လက်မခံနိုင်စရာ ဘာများရှိနေလဲလို့ ဆန်းစစ်ကြည့်ရပါမည်။ အကြောင်းအကျိုး တိုက်ဆိုင်လို့ ကြုံရ ဆုံရသမျှ အားလုံးသည် အာရုံ အနေနှင့်သာ ဆုံရတာမို့ ဖြစ်သမျှသည် ဖြစ်စရာရှိနေသေးရင်တော့ ဖြစ်မည် ဒါပေမယ့် မြင်ရပြီး မရှိဘူး ဖြစ်ပြီးတော့ မရှိဘူး လို့ အာရုံရဲ့ သဘောအမှန်ကို သိနားလည်နေလျှင် ဖြစ်သမျှ အရာရာကို လက်ခံနိုင်လျှင် စိတ်က ဖြစ်တဲ့အပေါ် ပေါင်းခြင်း ပယ်ခြင်း အလုပ်တွေ မလုပ်တော့လို့ ပိုလို့ လွတ်မြောက်လာပါသည်။ ကုသိုလ်အာရုံလို့ အကောင်းစွဲ အချစ်နဲ့ ဆုပ်လို့ ပြုလုပ်ဘို့ ပေါ်တဲ့အာရုံနဲ့ အတင်းပေါင်းဘို့ အရေးကြီးနေရတာ အကုသိုလ်အာရုံလို့ အဆိုးစွဲ အမုန်းနဲ့ ဆုပ်လို့ ဖယ်ရှားဘို့တွေ မဖြစ်ဘို့တွေပေါ်တဲ့ အာရုံကို အတင်းပယ်ဘို့ အရေးကြီးနေရတာမျိုး မရှိတော့လို့ အဝိဇ္ဇာကနေ ဝိဇ္ဇာဖြစ်လို့ လွတ်မြောက်ရပြန်ပါတယ်။ မဖြစ်အောင်လဲမလုပ်ဘူး။ဖြစ်သမျှကလဲမရှိဘူးလို့ အာရုံရဲ့သဘောအမှန်ကို သိလို့ ကပ်ငြိမှုတွေက ကင်းစင်ပြီး စိတ်သန့်ရှင်း လွတ်မြောက်ရပါတယ်။ အရိပ်တွေ အသေတွေ အနှစ်အသား မရှိတဲ့ အရာတွေကို ဘာများသွားလုပ် နေရအုံးမှာလဲ၊ လုပ်လို့ကော ရနိုင်ပါအုံးမလား။ ဖြစ်နေတာက အကြောင်းအကျိုးပါ။ အကြောင်းအကျိုးကို လည်းနားလည်ပါ။ ဖြစ်စဉ်တွေကို လက်ခံပါ။ ဖြစ်စရာရှိရင် ဖြစ်နေမှာ။ ဖြစ်လာတာတွေကလဲ မရှိတော့ဘူး။ ဖြစ်အောင် မဖြစ်အောင် မလုပ်ပါနဲ့။ ပေါင်းခြင်း ပယ်ခြင်း မလုပ်ပါနဲ့။ အပ္ပမာဒ မမေ့မလျော့ မပေါ့မဆ ထက်သန်ပြင်းပြသော သတိတရားဖြင့် အမှန်တရားကိုသာ သိနေလိုက်ပါ။ အမှန်ကိုသိတဲ့ အသိဉာဏ်က ဓမ္မဗျာပါရဖြင့် ဓမ္မအလုပ် ဓမ္မလုပ်လို့ ဓမ္မကဆောင်သွားပါလိမ့်မည်။ အပ်ပမာဒနေ သမ်ပာဒထေ။ မေတ္တာခံယူလျက် မေတ္တာဖြင့် အ သောကစာရီ (၃-၇-၂၂)

သစ္စာလေးချက် တပြိုင်နက်ဖြစ်ပုံ (အသောကစာရီ)

သစ္စာလေးချက် တပြိုင်နက်ဖြစ်ပုံ မတူညီ ကွဲပြားရခြင်း နှိုင်းယှဉ်မှု သတိပဋ္ဌာန်ကိုပွါးများအားထုတ်မည့် ယောဂီတွေဟာ သမုတိသစ္စာ ကံနယ်က လိုက်နာကျင့်သုံးရမည့် စည်းကမ်းများကို ဦးစွာလိုက်နာကျင့်သုံးထားဘို့ လိုအပ်ပါသည်။ ကျေးဇူးတရား သိသူဖြစ်ရပါမည်။ ရိုးသားသောစိတ်အခြေခံရှိရပါမည်။ ဗြဟ်မစိုရ်နှလုံးသားရှိသူဖြစ်ရပါမည်။ သိင်္ဂလောဝါဒသုတ်လာ ဆိုင်ရာ ဆိုင်ရာ မိဘကျင့်ဝတ် သားသမီးကျင့်ဝတ် ဇနီးမယား ကျင့်ဝတ် ခင်ပွန်းကျင့်ဝတ် အစရှိသဖြင့် မိမိ၏ ဝတ္တရားများကို ကျေပြွန်ပြီးသူ ဖြစ်ရပါမည်။ ကမ္မသကတာသမ္မာဒိဋ္ဌိ အသိဉာဏ်ရှိသူ လည်း ဖြစ်ရပါမည်။ သမုတိသစ္စာကို မြတ်စွာဘုရားရှင် မပယ်ရခြင်း အကြောင်းရင်း(၈) ချက်ကို သိနားလည်ထားရပါမည်။ သစ္စာသိလိုသူတိုင်း လိုက်နာရမည့် အချက်(၄) ချက်ကို လိုက်နာရပါမည်။ တောင်းပန်ခြင်း၊ခွင့်လွှတ်ခြင်း အမှုကို ပြုနိုင်ရပါမည်။ စတုရာရက္ခကမ္မဋ္ဌာန်း(၄) ပါး ပွါးများ ထားပြီးသူဖြစ်လျှင်လည်း ပိုကောင်းပါသည်။ ကံနယ်က ဝတ္တရားများအပါအဝင် ပြည့်စုံသင့်သည့် အရည်အသွေးများ ပြည့်စုံမှသာ ဉာဏ်နယ် ပရမတ္ထသစ္စာ ရုပ်နာမ်(၂) ပါး၊ခန္ဓာ(၅) ပါး၊ စိတ်.စေတသိက်.ရုပ် သဘောများကို မိမိဖြည့်ကျင့်ခဲ့သည့် ပါရမီ စရိုက် ကမ္မဋ္ဌာန်း အားလျော်စွာ သတ္တဝါပညတ် မရှိကြောင်းကို သတိပဋ္ဌာန်(၄)ပါး၊ဓာတ်(၁၈) ပါး၊ ဓာတ်ကြီး(၄) ပါး၊ (၃၂) ကောဋ္ဌာသ၊အာယတန(၁၂) ပါး၊ခန္ဓာ(၅) ပါး၊ ရုပ်နာမ်(၂) ပါး အစရှိသဖြင့် မိမိ၏ စရိုက်နှင့် ကိုက်ညီသော ကမ္မဋ္ဌာန်းကိုရွေးချယ်ပွါးများ အားထုတ်ရပါသည်။ ပုဂ္ဂိုလ်သတ္တဝါပညတ် မရှိကြောင်း၊ ရုပ်နာမ်(၂) ပါးသာဖြစ်ကြောင်း နားလည်လက်ခံနိုင်ပြီးမှသာ ရုပ်နာမ် တို့၏ သဘောသဘာဝကို အသေးစိတ် လေ့လာရပါသည်။ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ပိုင်နိုင်ကျွမ်းကျင် သိမြင်မှသာ ရုပ်နာမ်တို့၏ သာမည လက္ခဏာ အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ၊ သုည သဘောတရားများကို နားလည် လာရမည် ဖြစ်ပါသည်။ နောက်ဆုံး ရုပ်နာမ်ဟုပင်(၂) မျိုးမကွဲပြားတော့ပဲတခုထဲသော အမှန်တရားမှာ မပြတ် တရစပ် ချုပ်ပျောက်ပျက်စီးမှုသာရှိကြောင်း နားလည်သဘောပေါက် သွားပါသည်။ ထိုမှ သစ္စာ(၄) ပါးကို တဆင့်တက်ခါ နားလည်လာရမည်ဖြစ်ပါသည်။ တခုထဲသော အမှန်တရားဖြစ်တဲ့ ရုပ်နာမ်တို့ရဲ့ မပြတ် တရစပ် ချုပ်ပျောက်ပျက်စီးမှုကို နားလည် လက်ခံ သဘောပေါက်သွားရင် ဒုက္ခသစ္စာ ကို ပိုင်းပိုင်းခြားခြားသိတာ၊ ဒုက္ခသစ္စာတွေချည်းသာ အပျက်တွေ ချည်းသာမို့ လိုချင် ဖြစ်ချင် ရချင်မှု တဏှာ ကိုပယ်တာက သမုဒယသစ္စာ ၊ လိုချင် ဖြစ်ချင် ရချင်မှုတွေကြောင့် ဖြစ်ရတဲ့ ပူလောင် ပင်ပန်းဆင်းရဲမှုတွေ ကလွတ်မြောက်လို့ ငြိမ်းအေးမှုကို မျက်မှောက်ပြုသွားနိုင်တာက နိရောဓသစ္စာ၊ ချုပ်ပျောက်ပျက်စီးမှုနဲ့ ချုပ်ပျောက်ပျက်စီးမှုကိုသိတဲ့ ဉာဏ် တထပ်ထဲ တသားထဲဖြစ်တာမဂ္ဂသစ္စာ၊ ဤသို့အားဖြင့် သတိပဋ္ဌာန်နည်းတွင် သစ္စာလေးချက် တပြိုင်နက် ဖြစ်ရပါသည်။ ဓမ္မစက်ြာနည်း ဝိမုတ္တိနည်းတွင်မူ အဆင့်ဆင့် နားလည်သဘောပေါက် သွားရခြင်းမျိုး မဟုတ်တော့ပဲ အာရုံမှန်သမျှ၏ အမှန်တရားမှာ ပုဂ္ဂိုလ်သတ္တဝါလည်း မဟုတ်ကြပဲ အရိပ်အရောင်များသာဖြစ်ကြောင်း၊ အရှင်မဟုတ်သော အသက်မရှိသော အသေများသာ ဖြစ်ကြောင်း၊ အရိပ်အရောင်များသာ ဖြစ်၍ တန်ဘိုး အနှစ်သာရ လုံးဝမရှိသော သုညသာ ဖြစ်ကြောင်း၊ အရိပ် အသေ သုည အမှန်တရားမှာလဲ တခဏမျှသာ မဟုတ်ပဲ အစဉ် ထာဝရ အရိပ် အသေ သုည သဘောသက်သက်မျှသာ ဖြစ်ကြောင်း၊ တခုထဲသော အမှန်တရားဖြစ်သော အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ၊သုည သဘော သဘာဝ အမှန်တရားကို နာယူပြီးလျှင် ပြီးခြင်းပင် ချက်ခြင်း လက်ခံ ဆုံးဖြတ်ချက်ချစေနိုင်သော ပညာဝိမုတ္တိနည်းမျိုး ဖြစ်ပါသည်။ အစဉ်ထာဝရ သုညဟု သိမြင်နားလည် သဘောပေါက်ကာ ဆုံးဖြတ်ချက်ချနိုင် သွားခြင်းသည် ဒုက္ခသစ္စာကို သိခြင်း၊ အစဉ်ထာဝရ သုညဟု နားလည်လက်ခံ သည့်အတွက် အရိပ် အသေ သုည ပေါ်တွင် အတွယ်အတာ အစွဲအလန်း ဖမ်းယူဆုပ်ကိုင် သိမ်းပိုက်လိုခြင်းများ ကင်းသွား ဖယ်ရှားသွားနိုင်တာက သမုဒယသစ္စာကို ပယ်ခွါနိုင်ခြင်း၊ အစဉ်ထာဝရ သုညဟု သိမြင်နားလည် လက်ခံခြင်းကြောင့် အတွယ်အတာကင်း စွဲလန်းခြင်းကင်းသည့်အတွက် တွယ်တာခြင်း စွဲလန်းခြင်းကြောင့် ဖြစ်ရသော ပူလောင် ပင်ပန်း ဆင်းရဲ ခြင်းများမှ လွတ်မြောက်ခါ ငြိမ်းအေးမှု ကို မျက်မှောက်ပြုသွားနိုင်တာက နိရောဓသစ္စာ၊ အစဉ်ထာဝရ သုည အမှန်တရား အရိပ် အသေ သုည သဘောတရားကို နားလည်သဘောပေါက်သည့် အသိဉာဏ်နှင့် အစဉ်ထာဝရ သုည အရိပ် အသေ သုည သဘောတရားနှင့် တထပ်ထဲ တသားထဲ ဖြစ်သွားတာ မဂ္ဂင်(၈) ပါး ပြည့်စုံသွားတာက မဂ္ဂသစ္စာ၊ ဧကောဓမ္မော တခုထဲသော အမှန်တရား ကို ဝိဇ္ဇာဉာဏ်နဲ့ လက်ခံ ဆုံးဖြတ်ချက်ချအပြီး အဝိဇ္ဇာ ကင်းကွာ သစ္စာလေးချက် တပြိုင်နက် ဖြစ်ရတာပါ။ သတိပဋ္ဌာန်မှာ သမုဒယသစ္စာကို ပယ်တာက လိုချင် ဖြစ်ချင် ရချင်မှု ကို ပယ်ရတာပါ ဓမ္မစက်ြာမှာ သမုဒယသစ္စာကို ပယ်ပြီးသား ဖယ်ရှားပြီးသား ဖြစ်စေတာက အာရုံတွေရဲ့ သဘောအမှန်ကို ဝိဇ္ဇာဉာဏ်နဲ့ သိမြင်လက်ခံပြီးလို့ အစဉ်ထာဝရ သုညမို့ အရိပ် အသေ သုညမို့ လိုချင် ဖြစ်ချင် ရချင်မှုကို မဖြစ်တော့တာပါ။ ဖြစ်ကို ဖြစ်မလာတော့တာမျိုးပါ။ အစဉ်ထာဝရ သုညကို သိမြင် နားလည် ဆုံးဖြတ်ချက်ချပြီး လက်ခံတဲ့ ဉာဏ်ကြောင့် အတွယ်အတာ ကင်းစေတာပါ။ အာရုံရဲ့သဘောအမှန်ကိုသိလို့ ဘာကိုမှ မကပ်ငြိတော့ပဲ သံသရာက လွတ်စေတာပါ။ နှစ်သက်ရာ ကမ္မဋ္ဌာန်းဖြင့် ဉာဏ်အလင်းပွင့်ကြပြီး သစ္စာ(၄) ချက်တပြိုင်နက်ဖြစ်ကာ ဝိရာဂ နိရောဓ သန္တိသုခ နိဗ္ဗာနဓာတ်နှင့် တထပ်ထဲ တသားထဲ ဖြစ်ကြပါစေ မေတ္တာခံယူလျက် မေတ္တာဖြင့် အသောကစာရီ (၄-၇-၂၂)