Wednesday, July 31, 2019

ယုဇန မခင်ပျို

ယုဇန မခင်​ပျို (​ဇော်​​ဇော်​​အောင်​) ယုဇန မခင်ပျို အစအဆုံး ----------ဇော်ဇော်အောင် ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညှို့ပြီ မခင်ပျို။အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်ဆင့်သို့ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင် ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားရုံးကို လက်ကိုင်ထားနိုင်သူ ဟုလည်းထင်မိသေး၏။ တခါတုန်းက မခင်ပျို၏ ထမီအနားခတ်လိုက်ပုံသည် ကျွန်တော၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာဖြစ်၏။တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံးပြန်လာပါသည်။ အခုတော့ မခင်ပျိုနေဝင်တော့မည်ထင်ပါသည်။သွားကြစို့၊ သွားကြစို့ မခင်ပျို။ တယောက် တလမ်းစီဆိုပေမယ့် ဆုံရဦးမှာသေချာပါသည်။ နီရဲစေးပျစ်သော လက်ဘက်ရည် ပန်ကန်လုံးထဲမှာ နိူ့နှစ်အဆီများဝေ့နေ၏။ခပ်ဝေးဝေးမှာ ဆိုင်းသံများကြားရသည်။ အေးမြသော လေထုကို ဖြတ်၍ဆိုင်းတီးသံသည် ချမ်းတုန်းစွာပြေးလာသည်။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာရနံ့များဝေ့နေ၏။ ကြက်သွေးရောင် ကတ္တီပါ ကားပေါ်မှာ ရွှေခြည် ငွေခြည်ဘော်ကြယ်စာလုံးတွေ ဝင်းလက် ဖိတ်ဖိတ်တောက်နေသည်။ ဒီနေ့ည မခင်ပျို ဘယ်မှာကမှာလဲ ရွှေဘုန်းဒိန်မှာလား။ ပုလဲ ငွေရောင်မှာလား။ ရုံးတော်ကြီးမှာလား၊မလွန်မှာလား။ စျေးချိုမှာပဲလား။ လူတယောက်ရဲ့ ရင်ထဲမှာလား။ ဘာမှမဟုတ်သောသာမန် ရေမြောင်းကလေးဖြစ်ပေမယ့် ရေနီမြောင်းသည် လူပေါင်းများစွာ၏။အတွင်းရေးများကို ကျောက်တုံး၊ ရွှံ့နှစ်နှင့် ရေညှိရွက် အကြားမှာသိမ်းဆည်းထားသူဖြစ်၏။ စိန်မြင့်လာ၍ ကျွန်တော်တို့ နူကြည်အဆောင်ကို သွားကြ၏။ ဟိုကောင်ကို မတွေ့၍ ရေနီမြောင်းဘေးမှာ ကျွန်တော်တို့ဉာဥ့်နက်အောင်ထိုင်ကြည်သည်။ စိန်မြင့်သည် စကားများပေမယ့် စကားပြောကောင်း၏။ ကဗျာအကြောင်း၊ အလင်္ကာအကြောင်းတွေကို ပြောသည်။နတ်သျှင်နှောင် အကြောင်း၊ အိုမာခယမ် အကြောင်း၊ နီရူဒါ အကြောင်း၊ခေတ်စမ်းကဗျာ အကြောင်းတွေပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ်အကြောင်းလည်းပြောသည် ထင်သည်။ ကျွန်တောသည် ကြက်သွေးရောင် ကတ္တီပါကားလိပ်အကြောင်းကိုသာ စိတ်ရောက်နေ၏။ ပွဲစျေးတန်းက မိုနဲ့မောင်နှမ အိုးကင်ညှော်နံ့သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။ လထွက်ပြီး ထူးထူးဆန်းဆန်းမှတ်နေသည်က ထိုည ကျွန်တော်မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ထနောင်းပင် ကိုင်းဖျား လတခြမ်းချိတ်သော အချိန်တွင် အချစ်အကြောင်းစကားစပ်မိကြ၏။ စိန်မြင့်နှင့် ကျွန်တော် သဘော ကွဲလွဲခဲ့ကြသည်။ အချစ်ဆိုတာ ဘာလဲ။ ရွှန်းလဲ့ ညိုမှောင် အလိုမကျဟန်ဆောင်တဲ့မျက်စောင်းကလေးလား။ ဘယ်တဆစ်၊ ညာတဆစ် ချိုးချလိုက်တဲ့လက်မောင်းသွယ်သွယ်ကလေးရဲ့ အဆုံးမှာ ကော့ညွှတ်ပျံတတ်နေတဲ့ လက်ဖျားကလေးတွေလား။ဆိုက်မီး အပြောင်းမှာတချက်ဝင်းလက်သွားတဲ့ ရင်ညွန့်ဝါဝါကလေးလား။ဒူးကလေးတွေ ညွှတ်ပြီးဒူးပေါ်မှာလက်နှစ်ဘက်တနှီးလန်ချလို့ပခုံးကလေးဘယ်ညာလှုပ်လို့ ဇာတ်စင် အရှေ့ပိုင်းကို အပြေးကလေး ထွက်လာတဲ့ဟန်ကလေးလား။အချစ်ဆိုတာ မခင်ပျိုရဲ့ မျက်နှာလား၊ အသံလား၊ကိုယ်လုံးလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား အကျိုးသက်ရာက်မှုလား။လူတွေ ညာပြောနေကြာတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော် လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်ကစပြီး မုသားတွေမမြင်သာအောင်ဖုံးဖို့ ၀ှက်ဖို့ နေရာကောင်းတခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲမခင်ပျိုရယ်။ ရချင်ယူချင်တာ ပိုင်ဆိုင်ချင်တာပါ မခင်ပျိုရယ်။ ငါတော့ပေးဆပ်လိုက်ပြီလို့ ထင်နေတဲ့သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။ အဲဒီတညကလည်း အရင် ညတွေလိုပါပဲ။မခင်ပျို ကျွန်တော့ကို ကြည့်ပြီးတော့ သီချင်းဆိုနေတယ်လို့ ထင်မိတာဟုတ်မဟုတ် ပြန်စဉ်းစား မနေပါဘူး။ မန္တလေးမြို့ရဲ့ တန်ဆောင်မုန်းညတွေဟာအားလုံး ကဗျာတွေ ချည်းပါပဲ။ နှစ်ပေါင်းများစွာကတည်းက အငြိမ့်မင်းသမီးပေါင်းများစွာဟာမနလေးမြို့တနေရာက ဇာတ်စင်ပေါ်မှာ မီးရောင်အောက်မှာ ကရင်းဆိုရင်းနဲ့ကဗျာတွေကို ဖန်တီးသွားခဲ့ကြပါတယ်။ ပွဲပြီး မီးမှိတ်လို့ ကားလိတ်တွေရုတ်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေဟာချက်ချင်းကွယ်ပျောက်သွားကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီကဗျာတွေဟာ လောကရဲ့နှလုံးသားထဲက တနေရာမှာ အားလုံး စုရုံးနေကြတယ်။ သွေးကြောထဲမှာလှည့်ပတ်နေကြတယ်။ နှလုံးသားထဲမှာ ပြန့်ဝင်နေကြတယ်။ လောကရဲ့ ရင်ခုန်သံတချက်ကြားရတိုင်း အဲဒီကဗျာတွေ အားလုံးဟာ သီဆိုကခုန်နေကြတယ်ဆိုတာ။လူတိုင်း သတိပြုမိကြမယ် မထင်ပါဘူး။ သေဆုံးကွယ်လွန်သွားကြတဲ့အငြိမ့်မင်းသမီးကြီးတွေလည်း အဲဒီကဗျာတွေထဲမှာ ရှိနေကြတယ်။ မခင်ပျို ကပါ၊ဆိုပါ အနူပညာဆိုတာ မခင်ပျိုရဲ့အလုပ်ပါ။ ကျွန်တော် ပြောပြီးပါပကော။လူဆိုတာ ညာပြောတတ်တယ်။ လိမ်ပြောတတ်တယ်။ ဒါပေမယ့် ခု ဒီတခါတော့ ကျွန်တော်မညာပါဘူး။ ကျွန်တော်ချစ်တာ မခင်ပျိုကိုပါ။ ဝေးလံသော အရပ်တပါးမှ ဓါးပတလားသံ ခပ်သဲ့သဲ့ ခပ်အုပ်အုပ်ကြားနေရသည်။ဝါးရွက်နှင့် လက်ခတ် ထိတွေ့လိုက်သည့် အခါတိုင်း၊ ဝါးရွက်ပေါ် လက်ခတ်ကျသည့်အခါတိုင်း ရင်မှာပေါက်ကွဲမှု ဖြစ်ရသည်။ ဝေဒနာ၏ နာကျင်စွာသောအဖြစ်သည်ပင်လျှင် နှစ်လိုဖွယ် ကောင်းလှချေသည်။ တောင်တောင်ငယ် တောယံနှင့်မောလေအောင် ဝေးကျူးသီခေါင်၊ ရီမှောင်ညိုညိုဆိုင်းဆိုင်း ဝေမှိုင်းမှိုင်းလေး ပင်တိုင်းသာ မာလာကြိုင်ကြိုင်သင်း။နှင်းယွန်းဝသန်နွေ၊ စုံမြိုင်ခြေဦး သာဟန်လေ သာဆန်းထူး။ သံသရာတောအုပ်အတွင်းမှာ မှောင်လွန်းလှသည်။ ဘယ်သော အခါမှ လမ်းမမှားဟုဟစ်ကြေးနေသူသည် သူလမ်းမှားနေကြော်းမသိ။ အင်ကြင်းပန်းတွေ ပင်လုံးဝေဝေပွင့်နေ၏။ ဒီနေရာမှာ ဘယ်သူလာ၍ ကျွန်တော့်ကို ပစ်ချထားခဲ့သနည်။ အထီးကျန်မှု၊ အားကိုးမဲ့မှု။ ဘာဆို ဘာမှ မတတ်နိူင်မှုတို့သည် ခင်းထားသောကျွန်ုပ်၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာကျလာသည်။ လောက တရေးနိူးပြီးလား။တဖန်သစ်ပြီလား။ တနေ့ဟောင်းသွားပြီလား မသိပါ။ တော အလယ်မှာ မောတယ် မရယ်။ သူတို့ ဘာလိုချင်ကြည်သည်လဲ။ ဘာဖြစ်ချင်ကြသည်လဲ။ ကျွန်တော် ဘာကိုမှမလိုချင်ပါ။ ဘာမှ မဖြစ်ချင်ပါဟု လိမ်ညာ၍ ပြောလိုက်သောအခါ ကမ္ပာပေါ်မှာအရှက်မဲ့သူတယောက် တိုးသွားပြီ။ အိုး လှလွန်း လှလွန်းလှပါသည်။ မိန်းမဆယ့်သုံးယောက်ကို တွေ့ရ၏။ သေတ္တာထဲမှာ မြေအစိမ်းရောင် တဆယ့်သုံးကောင်ခွေနေသည်။ ဘယ်ကိုသွားကြမည်နည်း။ ကျွန်တော့ ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆံများ ကတီပါပွင့်ဖတ်များ မိုးကဲ့သို့ ဖွဲဖွဲရွာကျလာသည်။ ကျွန်တော့်တကိုယ်လုံးပွင့်ဖတ် ဝတ်ဆံတွေ ဖုံးလွှမ်းသွားတော့သည်။ အနီရောင် ခတာပန်းများပွင့်ဖတ်လိန်၍ ဖူးပွင့်နေကြသည်။ အချိန် ခုနှစ်မိနစ် စေ့သွားပြီ။မောလှချည့်ရဲ့ ...။ တောအုပ်သည် ပို၍ ပို၍ မှောင်လာနေသည်။ မခင်ပျို။ ယုဇန မခင်ပျို။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။အောင်မြင်တာတွေ၊ ကြီးမြင့်တာတွေ။ ကျော်ကြားတာတွေ။ အခုနေ ကျုံးဘေးမှာလေပြည် တဖြူးဖြူး ရှိနေမှာပေါ့။ ဘယ်သစ်ပင် စိမ်းပုံနဲ့မှမတူတဲ့ထနောင်းပင် ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့်လက်ကိုရဲရဲတွဲပါ။ ချစ်တယ် ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲလမ်းလျှောက်ခြင်း တမျိုးပဲလို့ ကြားဖူးတယ်။ ကြည့်စမ်း မခင်ပျို၊ကော့လိုက် ကွေးလိုက်၊ ညွှတ်လိုက် လှုပ်ရှားလိုက်တာနဲ့ လောကကိုအသက်ရှူတခဏရပ်သွားစေနိုင်တဲ့ လက်ချောင်းဖြူဖြူ သွယ်သွယ်ကလေးတွေ။ဒီလက်ချောင်းကလေးတွေ လှုပ်ရှားရင်းကွေးညွှတ်ကော့ပျံတဲ့ လက်နဲ့စပ်လိုက်တဲ့ ကဗျာလေးတွေကို ကျွန်တော့် မျက်လုံးထဲမှာ သိမ်းထားတယ် သိလား။အောင်ပင်လယ်တာတရိုးမှာ ရွှေမိုးတွေ ညို့ပြီ မခင်ပျို။ မိုးရွာမယ် မထင်မိပါလို့ တဘက်ကလေး မပါပေမယ့် ကျွန်တော့် ရင်မှာ မိုးခိုလို့ရပါတယ်။မိုးတွေသည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ စုတ်ချာယိုင်ရွဲ့တဲ့လဘက်ရည်ဆိုင်ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေးတခက်လက်နေတယ်။မိုးခက် မိုးပွင့် ကန့်လန့်ကာကို ဖြတ်လာတဲ့ နေရောင်ခြည်ဟာမခင်ပျိုပြုံးတာနဲ့ သိပ်တူတာပဲ။ ကျွန်တော့် အနားမှာ သစာမဲ့သူတွေဝိုင်းဝိုင်းလည် နေလိုက်ကြတာ။ ဘာဆိုတာမှတ်လို့ မခင်ပျိုကတော့ပြောလိမ့်မယ်။ အဲဒီ အခါမှာ မခင်ပျိုကို သတိရတယ်။ ဘာမှတော့ မဆိုင်ဘူးလေ။ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတမကျော်ရယ်၊ ဇော်ဂျီရယ်၊ဇေယျရယ်၊ ပန်းချီအောင်စိုးနဲ့ ခင်မောင်ရင်ရယ်၊ စိန်ဗေဒါရယ်လွတ်လပ်ခွင့်ရယ်၊ ပိတောက်ပန်းရယ်၊ လဘက်ရည် ချိုပေါ့ကျရယ်။ ခေတ်ပေါ်ဂီတရယ်၊ မခင်ပျိုရယ်။ များတော့ အများသား မကြိုက်ဆုံးအရာတွေက ဟိတ်ဟန်ကြီးတာရယ်၊ဝက်သားပေါက်စီရယ်၊ သဘောင်္သီးအစေ့ရယ်၊ တတိယ တန်းစားဝေဖန်ရေး ဆရာရယ်၊ကုန်းချောတိုက်တာရယ်၊ မနာလိုမှုရယ်၊ သဇင်ပန်းရယ်၊ ဒံပေါက်ထမင်းရယ်၊အနီရောင်ရယ်၊ နေကာမျက်မှန်ရယ်၊ စိန်ရွှေရတနာရယ်။ ကြိုက်တာတွေ မကြိုက်တာတွေ ပြောမယ့်သာပြောရတာပါ။ တကယ်တမ်းတော့လည်းဘာမှမဟုတ်ပါဘူး။ ကိုယ်ဘာမှ မဟုတ်ဘူးဆိုတာ မသိလိုက်ခင်မှာပဲ ဘဝဟာနိဂုံးချုပ်သွားတာပါပဲ။ ဘဝဆိုတာ နေဖို့လား။ နေဖို့ ထိုင်းဖို့ပြင်ဆင်နေလိုက်ကြတာ။ သူတို့တွေရဲ့ မဟုတ်တဲ့အလုပ်တွေကိုကမာ့အပြင်ဘက်ထါက်ပြီး ခပ်ခွာခွာကြည့်မှ မြင်ရတာမဟုတ်ပါဘူးတဲ့။ဒီသစ်ပင် အောက် ကြည့်ရင်လည်း တကယ်လို့ကြည့်တတ်ရင်ပေါ့လေ။ မြင်ရပါတယ်တဲ့။ တယောက်ယောက်က ကျွန်တော့်ကိုပြောဖူးတယ်။ ပြောပြီးတော့သူလည်းနေစရာပြင်ရဦးမယ် ဆိုပြီး ထွက်သွားပေါလေရော။ ရယ်တော့ ရယ်ရသားပဲ။ဘဝဆိုတာ စကတည်းက မြှးလာတယ် ဆိုတဲံ အကြောင်း၊ ယန်းပေါဆက်ကို ဖတ်ဖူးဖို့မလိုပါဘူး အစကတည်းက သိတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါပေမယ့် ဖတ်တော့ဖတ်ကြည့်ပါတယု် ဖတ်ရှင်ပေါ့လေ။ ကျော်ကြားလှတဲ့ သူရဲ့ ထရိုင်ယော်လော်ဂျီဝတုကြီးသုံးပုဒ် ဖတ်တယ် မကြိုက်ပါဘူးဗျာ။ နောက်ဆုံးစာကြောင်းကလေးတွေတော့သဘောကျသလိုလိုရှိရဲ့ မနက်ဖြန်ဆိုလျှင် အနက်ရောင်ငှက်များ လာကြတော့မယ်တဲ့။ ။ ဒါေပေမယ့် မခင်ပျို။ အဲဒီညက မခင်ပျိုဟာ ဘော်ကြယ်တွေ လက်နေတဲ့အဖြူရောင်ဝတ်စုံနဲ့ ကျွန်တော့် မျက်စိထဲမှာတော့ ငှက်ဖြူမလေး တကောင်၊ခိုဖြူမလေးတကောင်ပါပဲ။ အမြီးကော့ကော့ ထောင်ထောင်နဲ့ ကျွန်တော်အသည်းနှလုံးရှိတဲ့ ရင်ထဲမှာ လိုဏ်ခေါင်းမျာ တောင်ပံ တဖျက်ဖျက်ခက်နေသလိုပါပဲ။ ဆင်စွယ်ယပ်တောင် ဖြူဖြူကလေး ကျွန်တော်ရှိရာအရပ်ကိုတည့်တည့်ညွန်ပြီး ““မိဘပေးစား ဒီလူကြီး ဇနီးရပါစေ”” ဆိုတဲ့သီးချင်းကို မခင်ပျိုဆိုခဲ့တယ်။ နောက်တနှစ်မှာပဲ မိဘပေးစားလို့ ကျွန်တော်ဇနီးရခဲ့တယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ မသာယာဘူးတဲ့လူတိုင်းပြောကြတာပါပဲ ၀တုဆရာတွေ ရုပ်ရှင် ဆရာတွေ ဆိုရင်သိပ်ပြေကြတာပဲ။ ထပ်နေပါပြီ။ အဲဒါကိုက ပရမတ်တရားတခုလို၊ တုမတသစာတရားတခုလို ဖြစ်နေတယ်။ပြောလိုက်ကြတာ ဟိုမှာ မခင်ပျို။ မိုးရွာပြီးစ ခဲသားရောင်ထနေတဲ့ကောင်းကင်ပြင်ကျယ်ကြီးကို ဗျိုင်းဖြူတအုပ် တြ်ပျံသွားတာ လှလိုက်တာ။ကျွန်တော့် အဖို့တော့ အခြားသူတွေ အတွက်တာဝန်မယူနိုင်ပါဘူး။ ကိုယ့်အတွက်ကိုယ်တောင် မနည်းတာဝန်ယူရတာ။ ကျွန်တော့် အဖို့တော့ အချစ်မပါတဲ့ အိမ်ထောင်ရေး မသာယာဘူးဆိုတာသဘောမပေါက်ပါဘူး။ သီတာကို ကျွန်တော် လက်ထပ်တာ မိဘတွေ ပေးစားလို့။ပြီးတော့ ကျွန်တော် သူ့ကိုချစ်သလား၊ မချစ်ဘူးလား ဆိုတာစဉ်းစားချိန်မရလိုက်ပါဘူး။ လေးဘက်လေးတန်က တောင်ကြီးလေးလုံး ပိကျလာသလိုရှောင်မရတဲ့ မိဘဆွေမျိုးအသိုင်းအဝန်း ဘာညာတွေ စုပြုံဖိညှပ်ပြီး သီတာနဲ့ကျွန်တော့်ကို ပေးစားလိုက်ကြတာပါပဲ။ အဲဒီတုန်းက ကျွန်တော် ငြင်းဖို့မကြိုးစားမိပါဘူး။ သီတာဟာ သိပ်လှတယ် မခင်ပျို။ သိပ်ကိုလှတယ်။ ရှားရှားပါးပါး ရက်ရက်စက်စက်လှတယ်။ မကွယ်မဝှက် မလိမ်မညာပြောရရင်မခင်ပျိုထက် အများကြီး ပိုလှတယ်။ သူ့အလှမှာ ကျွန်တော့်အထင်တော့တကယ်အပြစ်မရှိဘူး။ သိပ်လှတာပဲ။ ပြီးတော့ ကျွန်တော့် အယူအဆကဟိုးငယ်ငယ်ကတည်းကရှိခဲ့တာက မိန်းမတယောက်မှာ ရုပ်လှဖို့က အဓိကပဲ။စိတ်လှဖို့ဆိုတာ သာမည။ အဲဒီ အယူအဆက ခိုင်ခိုင်မာမာပဲ တယောက်ယောက်ကမကျေနပ်လို့ ပြင်းလာလျှင်၊ စောဒကတတ်လာလျှင် ကျွန်တော် နိူင်အောင်ပြောနိုင်ချင်မှ ပြောနိုင်မယ်။ ဒါပေမယ့် ဒီ အယူအဆကိုတော့မစွန့်လွှတ်နိုင်ဘူး။ ပင်လယ်ပြင်မှ နေဝင်သွားတဲ့ မြင်ကွင်းလှတာရေးစပ်ကသဲသောင် ဖွေးဖွေးပြန့်ပြန့်လှတာ ပိတောက်ပင်ကပင်လုံးပွင့်လို့လှတာ၊ မှိုင်းညို့မြင့်မားတဲ့ တောင်စဉ်တန်းကြီးတွေ လှတာ။အုန်းပင်အုန်းလက် တွေပေါ်မှာ ကျနေတဲ့လရောင်ခြည် လှတာ အဲဒါမျိုးပေါ့။ သီတာလှတာ အဲလိုပါပဲ။ ကျွန်တော့အဖို့တော့လက်ထပ်ပြီးလို့နှစ်ရက်ခွဲလောက်ကြာတဲ့အခါ သီတာ ကျွန်တော့ကို မေးတယ်။ သူ့ကိုချစ်လားတဲ့။ကျွန်တော် ဘယ်လိုဖြေလိုက်တယ်ထင်သလဲ မခင်ပျို။ မဆိုင်းမတွပါပဲ။ သီတာကို သိပ်ချစ်တယ်လို့ ဖြေလိုက်တယ်။ သီတာ ပြုံးပြံုးကလေး ကျွန်တော့ ပုခုံးပေါ်ခေါင်းတင်ပြီး မျက်စိ မှိတ်ထားတယ်။ အဲဒီ အဖြေကို ပေးလိုက်ပြီးတဲ့ အခါလောကတခုလုံး တိတ်ဆိတ်သွားတာကို ချောက်ချောက်ချားချား ခံစားလိုက်ရတယ်။ကျွန်တော်တို့ အိပ်ခန်းထဲက လေအေးစက်သံ၊ ဓါတ်ပြားချိန်ချာမှာလည်းလင်ဒါရွန်စတတ်ရဲ့ သီချင်းတပုဒ်ကို ခပ်သဲ့သဲ့ ကြားနေရတယ်။ ပြီးတော့သီတာရဲ့ တတွတ်တွတ်ပြောနေတဲ့ ချစ်စကားတွေကိုလည်း ပူနွေးတဲ့ထွက်သက်နဲ့ရောယှက်ပြီး ကြားနေရတယ်။ ဒါပေမယ့် သူ့ကို သိပ်ချစ်တယ်လို့ ပြောလိုက်ပြီးတဲ့ ခဏ ကျွန်တော်ခံစားိမတဲ့ တိတ်ဆိတ်ခြင်းဟာ ဘာနဲ့မှ မတူပါဘူး။ တသက်မှာ တခါမှမခံစားဖူးပါဘူး။ သလောကလုံးတိတ်ဆိတ်သွားလိုက်တာ ကြောက်စရာတောင်ကောင်းပါတယ်။ သီတာကတော့ သိပ်ကျေနပ် သိပ်ပျော်သွားမှာပါပဲ။ မပျော်တာကကျွန်တော် အင်မတန်လှတဲ့ သီတာ ဘာမှပြောစရာမရှိတဲ့ သီတာ သူ့ကို ကျွန်တော်သိပ်ချစ်ပုံရတဲ့ သီတာ သူ့ကို ကျွန်တော် ပိုင်ဆိုင်လိုက်ရပြီ။ မနက်ပိုင်းဆေးရုံကြီးလိုက်ပို့၊ နေ့လည်ပိုင်း ထမင်းစားဖို့ သွားကြိုပြန်ပို့ညနေကျတော့ ရွှေဘုံသာလမ်းက သူ့ဆေးခန်းကိုလိုက်ပို့ ဆေးခန်းပိတ်ချိန်ပြန်ခေါ်ကျွန်တော် အလုပ်က ဒါပါပဲ။ ကျွန်တော့် ဘဝမှာ ဘာမှမလိုဘူး တော်တော်များများပိုနေတယ်။ အပိုဆုံးကတော့ အချိန်တွေပဲ။ တလောကလုံးအုတ်အုတ်ကျပ်ကျပ် အလုပ်တွေရှုပ်နေကြတဲ့ အချိန်မှာ ကျွန်တော်က အချိန်တွေကုန်ဆုံးအောင် ကြံရဖန်ရတဲ့ အလုပ်ကိုလုပ်နေရတယ်။ကျွန်တော်ပျော်သလားလို့မေးတယ်။ ကျွန်တော် ဘယ်လိုပြောရမယ် စိတ်ညစ်စရာ သောကမရှိတာကို ပျော်တယ်လို့ပြောရင်တော့ ကျွန်တော် ပျော်တာပေါ့။ ကျွန်တော့်အိမ်ထောင်ရေး သာယာသလားမေးရင်လည်း သာယာတယ်လို့ ဖြေရမှာပါပဲ။ဘာပြသနာမှမရှိတာ အရာအရာ အဆင်ပြေချော့မွေ့နေတာကို သာယာတယ်လို့ ခေါ်ရင်တော့ကျွန်တော့ အိမ်ထောင်ရေးဟာ သာယာနေတာပါပဲ။ သိပ်လှတဲ့ သီတာဟာ ကျွန်တော့်ကိုသိပ်ချစ်တယ် ဆိုတာ ခံစားသိရှိလာရတယ်။ အဲဒီ အချစ်ကို သူဘယ်လိုမွေးမြူယူသလဲ။ ကျွန်တော် ခုထိ မသိဘူး။ ကျွန်တော် သူ့ကို ချစ်သလား မခင်ပျို။ အဲဒီမေးခွန်းဟာ တစ်ကနေပြန်စတဲ့ မေးခွန်းမျိုးထက် ပိုတယ်။တစ်ရဲ့ဟိုဘက် တစ်ရဲ့ရှေ့မှာ ဘာဂဏန်းများ ရှိသေးလဲ။ အဲဒီက စရမယ်။ချစ်တယ်ဆိုတာ ဘာလဲ မခင်ပျို။ ချစ်တယ် ဆိုတာ ဘာလဲကိုမှ ရေရေရာရာ မသိပဲနဲ့သီတာကို ကျွန်တော် ချစ်သလားမေးလိုက်ရင် အဆင့်ကျော်နေပြီပေါ့။ကျွန်တော်ဘယ်လိုလုပ်ဖြေမလဲ။ ချစ်တယ်ဆိုတာ ရယူခြင်း ပိုင်ဆိုင်ခြင်းသစ်ခွပန်းပွင့်ကလေးလိုလှတဲ့ မသီတာကို ကျွန်တော် ရယူပြီး ပိုင်ဆိုင်ခဲ့ပြီး။ ကျွန်တော် သူ့ကို ချစ်သလား ကျွန်တော် သူ့ကိုချစ်သလား။ ဟန်ဆောင်ခြင်းများကို အရည်ကျို၍ လောက၏နံရံအား သုတ်လိမ်းညစ်ညမ်းစေသူကိုဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါ။ ကျွန်တော့်တွင် မုသားရင်နှင့်အပြည့်ရှိပါသည်။ အချစ်၏အစနှင့်အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွှဲမသွေဖြတ်သန်းသွားရကြောင်း ကျွန်တော်ကောင်းကောင်းသိပါသည်။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ကြပါ။ ထိုအချက်ကို သူကပင် စတင်တွေ့ရှိလေဟန်ကြားဝါ ဂိုက်ထုတ်သောဇော်ဇော်အောင်သည် ဘာမှ မဟုတ်ပါ။ အချို့လူများ အစာမကြေသော ရောဂါရှိ၏။သူတို့ပါစပ်မှ မာ့က်စ်ဝါဒလေချဉ်တတ်သော ရနံ့ရသည်။ တခါတရံစကားလုံးများသည်မြေကိုခွဲ၍ ဘွားခနဲပေါ်လာတတ်သည် နေ့ညဘယ်မှကမည်လဲ။ ညနေခင်းသည် ဆည်းဆာတို့အနှံ့ပြန့်လွှတ်နေ၏။ လက်ကိုတွဲဋ္ဋရဲရဲဆုပ်ကိုင်၍ ကျွန်တော်နှင့်အတူ အမိုးအောက် ကော်ရစ်ဒါစင်္ကြ ံတလျှောက်ရေညှိများဖြင့် ချောကျိလျက်။ မိုးစက်များ ထိတွေ့သောအခါ ရေအိုင်ထဲကကံ့ကော်ရွက်များ။ ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ûလေကတွင်အကောင်းဆုံးသတိရနေခြင်းသည် မေ့လျော့ထားခြင်းပင် ဖြစ်ကြောင်း လောကကကျွန်တော့်အား ပြောကြားခဲ့သည်ကို မေ့သွားပြီ။ စုတ်ချာသောလဘက်ရည်ဆိုင်ကလေးမှာ သူ့ကိုချစ်ကြောင်းပြော၍ ကလောသို့ခိုးယူထွက်ပြေားသွားချင်သည်ကို သူသိဖို့ကောင်းပါသည်။ လူတချို့ရင်ထဲမှာမီးပုံးများရှိကြောင်း ယုံပါပြီ။ အနူပညာ ဆိုသည်မှာ သီတာရေစင်လိုအေးမြသည်ဟု ဆိုစကားရှိသော်လည်း သီတာရေစင်ကို ကျွန်တော် မတွေ့မမြင်ဖူးပါ။ကျွန်တော် ဘယ်ကလာဋ္ဋ ဘယ်ကိုသွားမည်လဲ။ ကျွန်တော်၏ ဆရာသည် ဇော်ဂျီဖြစ်သည်။ဆရာရှေ့ကသွားပါ။ လောက၏ အစွန်အဖျားတနေရာ နဝမမြောက် တိမ်တိုက်ပေါ်တွင်ဆရာနှင့်ကျွန်တော် ဆုံပါမည်။ တောင်ဆီက မိုးတွေ ညို့လာပြန်ပြီ။ဘယ်များရောက်နေသလဲ မခင်ပျိုရယ်။ မနလေးအသင်းနှစ်ပတ်လည် ဆုပေးပွဲရှိတယ်လို့ စိန်မြင့်ကပြောတယ်။ကျွန်တော် မနလေးသား မဟုတ်ပေမယ့် မနလေးအသင်းကို စိန်မြင့်နဲ့သွားနေကျ။အရက်သောက်၊ ဘိလိယက်ထိုး။ မခင်ပျိုကို စပယ်ရှယ် ဖိတ်ထားတယ်လို့လဲ ပြောတယ်။ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်စမ်းပါ။ အချစ်ဆိုတာဘာမှန်းခုထိမသိသေးပေမယ့် မခင်ပျိုကျတော့ သိပ်ချစ်တယ်လို့ထင်နေတဲ့ကျွန်တော် ဘယ်လောက် ဝမ်းသာလိုက်မလဲ။ မနလးအသင်းမှာ ယုဇန မခင်ပျို ကမယ်တဲ့။ဖြစ်ချင်တော့အဲဒီနေ့က ရက်အား သီတာကို ဆံပင်အလှပြင်တဲ့ဆိုင်လိုက်ပို့ရတယ်။ကြိုလဲပြောမထားဘူး။ဆိုင်မှာထားခဲ့ပြီးနောက်မှပြန်ခေါ်မယ်ဆိုလည်းမရ။ တခုရှိတာက သီတာဟာ ဒီလိုနှစ်ယောက်တည်းအတူနေရတဲ့ ရက်အားဆိုရင် ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။သူ့အလုပ်သွားတဲ့အခါလည်း ကျွန်တော်ကို တခါတည်းခေါ်သွားချင်တယ်။တာနောယကဘီလူးလို လည်ပင်းမှာဆွဲပြီး ရွှေကြုပ်ကလေးထဲထည်းခခေါ်သွားချင်တယ်တဲ့။ ကျွန်တော့ကို ထည့်ခေါ်သွားနိုင်လောက်အောင်ဂျူတီကုတ်မှာ အိတ်ထောင်အကြီးကြီး ချုပ်တပ်ထားရကောင်းမလားလို့လဲ ပြောရဲ့။ ယောကျင်္ားကို မျက်စိအောက်က အပျောက်မခံချင်တာဟာ စိတ်မချတာလား၊ သိပ်ချစ်တာလား။ ကျွန်တော့်ကိုတော့ သူစိတ်ချတယ်။ ကျွန်တော်ကလည်း ဝီစကီသောက်တာရယ်၊ဘိလိယက်ထိုးတာရယ်၊ ဘောလုံးပွဲကြည့်တာရယ်ကလွဲလို့ တခြားရှုပ်ရှုပ်ပွေပွေမရှိပါဘူး။ ကျွန်တော့မှာ အငမတန်လှတဲ့ အင်မတန်စွဲမက်စရာကောင်းတဲ့၊ အင်မတန်တွတ်တီးတွတ်တာ လုပ်တတ်တဲ့ သီတာရှိနေပြီပဲ။အဲလေ ဒါနဲ့ဆံပင် အလှပြင်ဆိုင်မှာထိုင်စောင့်နေလိုက်ရတယ်။ ပြီးတော့တခါမိုးကုတ်က သူ့သူငယ်ချင်း တယောက် ရန်ကုန်လာလို့သွားတွေ့တယ် လိုက်သွားရတယ်။အဲဒီ အမျိုးသမီးကိုခေါ်ပြီး ညစာစားတယ်။ ပြန်ပို့ရတယ် ည ကိုးနာရီကိုထိုးပါရော။ မခင်ပျိုနဲ့လွဲရတာ စိတ်ထဲမှာ မကောင်းလိုက်တာ။ဒါပေမယ့်ဘာတတ်နိူင်မှာလဲ။မန္တလေအသင်းနှစ်ပတ်လည်ပွဲနှစ်ရက်ဆက်မလုပ်ဘူး။ မခင်ပျိုလည်း နှစ်ခါဆက်ကမှာမဟုတ်ဘူး။ ကျွန်တော် စိတ်မကောင်းလိုက်တာညိကိုးနာရီ အိမ်ပြန်ရောက်လို့ အိပ်တဲ့အထိ စိတ်ထဲမှာ ဘယ်ဘိုဖြစ်နေမှန်းမသိဘူး။ ဆယ့်တနာရီလောက် အိပ်ပျော်သွားတယ် ထင်ပါရဲ့။ အဲဆယ့်တနာရီထိ မခင်ပျိုနဲ့လွဲရတာ စိတ်မကောင်းဘူး။ အိပ်ပျော်နေတုန်းမှာကျွန်တော် အိပ်မက်မမက်တော့ဘူး။ အိပ်ပျော်နေတုန်းတော့ ဘယ်သတိရမလဲ။ မနက်မိုးလင်းတော့ ကျွန်တော်အမှန်ပြောရမလား မခင်ပျို ကျွန်တော်သတိမရတော့ဘူး။ အိပ်ယာက နိူးလဲနိူးရော ငယ်ငယ်တုန်းက သူငယ်ချင်းတွေစောစောစီးစီးပေါက်ချလာတယ်။ မြင့်သိန်းရယ်၊ ကျော်မောင်ရယ်၊ အေးကိုရယ်။ငှက်ကျားရယ်၊ ဘသန်းတင်ရယ်၊ ကိုသန်းလွင်ရယ် ဘယ်သတိရဖို့ အချိန်ရှိတော့မလဲ။နောက်ရက်တွေမှာလည်း ကျွန်တော် မေ့တေ့တေ့ဖြစ်နေတယ်။ တခါ တခါတော့ သတိရရဲ့။ဒီလိုပါပဲလေ နောက် မခင်ပျို မန္တလေး ပြန်သွားတယ်ဆိုတာ ကြားလိုက်ရရဲ့။ ပြန်သွားတော့လည်း ပြီးသွားတာပဲ။ မိုးကုန်လို့ဆောင်းဦးပေါက်ပြီဆိုရင်ပဲမန္တလေးမှာ အငြိမ့်ပွဲတွေခြိမ့်ခြိမ့်သဲတော့မယ်ဆိုတာ အသိကတော့တနှစ်တခါပေါ်လာတတ်ရဲ့။ အဲလို အခါမျိုးမှာတော့ မခင်ပျိုကို သတိရတာတော့မဟုတ်ပါဘူး။ တမ်းတမိတာ မခင်ပျိုကတာ ဆိုတာလေးတါကို ချမ်းချမ်းအေးအေးဇာတ်စင်ဘေးက ငေးကြည့်နေချင်တဲ့ တမ်းတမှုမျိုး ဉာဥ့်နက်လာတာနဲ့အမျှအအေးဓါတ်က ပိုလာတယ်။ ပွဲမပြီးပါစေနဲ့ ပွဲမပြီးပါစေနဲ့ဦးလို့ ရင်ထျွှဲာလှုပ်ရှားရတဲ့အရသာ။ အဲဒါတွေကိုအစားထိုးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ ယုဇန မခင်ပျို နှစ်ယောက်မရှိလို့ပါပဲ။ သီတင်းကျွတ်၊တန်ဆောင်မုန်းမှာ မခင်ပျိုကို သိပ်တမ်းတမိတာပဲ။ လေထဲမှာ ၀ဲပျံလွင့်မျောလာတဲ့ ပတ်မသံ၊ စခွံသံ၊ သံပတ္တလာသံ၊ ကြေးနောင်းသံ၊အဲဒီအသံတွေမြှ နှင်းရည်စက်တွေ ခိုတွဲလို့ အဲဒီအချိန်မှာ ကျွန်တော်ဟာကျွန်တော့် အိပ်ခန်းထဲမှာ ဗီဒီယိုကြည့်နေတယ်။ အရပ်ရှည်တဲ့ ရွှေရောင်မိန်းကလေး ဆူန်အင်တန်ဟာ အားကစားဘောင်းဘီတိုကလေးနဲ့ အပြေးလေ့ကျင့်နေလေရဲ့။သွယ်ပျောင်းတဲ့ ခြေတံရှည်ကလေးတွေ လှုပ်ရှားပြေးသွားနေတာ ကြည့်ရင်းနဲ့မခင်ပျိုရဲ့ ထဘီအနားခတ်လိုက်ပုံ၊ ထဘီနားဖြူဖြူကြီးဝဲကျသွားပုံကိုမြင်နေမိတယ်။ ကြည့်ပြီးသွားလို့ အိပ်ယာဝင်ကြတော့ တဘက်လှည့်အိပ်ချင်ယောင်တောင်နေတဲ့ သီတာရဲ့မေးရိုးကလေး ဖွဖွညင်သာနမ်းလိုက်တဲ့ အခါမှာတော့ မခင်ပျိုကို သတိမရတာအမှန်ပါပဲ။ ဒါပေမယ့် မခင်ပျိုရယ်ကိုယ့်ဘာသာ ကျိတ်ပြီး အကြိမ်ကြိမ် အခါခါမေးမိတဲ့ မေးခွန်းနှစ်ခုကျွန်တော်ပြောပြမယ် အချစ်ပါတယ်မပါဘူး ဘာညာ မသိဘူး အခုတော့သီတာ ကျွန်တော့ကို သိပ်ချစ်တယ် အိမ်ထောင်ရေးသာယာတယ် သီတာ့ကိုချစ်သလားမေးတဲ့အခါမျိုးမှာ အဖြေဟာတုံ့ဆိုင်းဝေ့ဝဲပြီးတော့ တခုခုကို မီးခိုးလုံးတွေ ဝေ့ဝိုင်းဖုံးအုပ် သွားသလိုမျိုးအဖြေပျောက်ကွယ်သွားတတ်တယ် မခင်ပျိုကို ချစ်သလားလို့မေးတဲ့အခါ အဖြေဟာ ပါးစပ်ဖျား နှုတ်ဖျား မရောက်ခင်ရင်ထဲက ဖြေပြီးသွားပြီ။ မခင်ပျိုကိုကျွန်တော် ချစ်တယ် ဘယ်လိုလဲရှင်လို့မေးမလို့လား မမေးနဲ့မခင်ပျို ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး။ သက်သေထူဖို့မဟုတ်ဘူး ရှင်းပြလို့လည်းရချင်မှရမယ် ထူစရာသက်သေလည်း ၇ှိချင်မှရှိမယ် ရှိတယ်ထားဦးယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။ နေဝင်ချိန် တိမ်တောက်ခြင်းသည် ကဗျာဖြစ်၏ အညိုရောင်မျက်မှန်ကိုင်းနောက်မှ မျက်လုံးများသည် ကဗျာဖြစ်၏ သူတောင်းစားအိုးကြီး၏ဆုတောင်းသံသည် ကဗျာဖြစ်၏။ မစားရတာကြာပြီဖြစ်သော ကြက်သားဆီပြန်ဟင်းသည်ကဗျာဖြစ်၏ ဆယ်နှစ်ကြာမှ ပန်လာဆပ်သော အကြေးငါးကျပ်သည် ကဗျာဖြစ်၏နှုတ်ခမ်းပါးလှပ်ပါးစပ်ပိတ်ထားသော အပြုံးသည် ကဗျာဖြစ်၏ အမေ၏ခေါ်သံသည်ကဗျာဖြစ်၏ အဖေကျိုပေးသော ရေနွေးကြမ်းတအိုးသည် ကဗျာဖြစ်၏ခရမ်းရောင်သစ်ခွပန်းသည် ကဗျာဖြစ်၏ ဆံတိုပြတ်နှင့် သမီးလေးသည် ကဗျာဖြစ်၏အော်ဟစ်ရယမောနေသော သူငယ်ချင်း၏ မျက်နှာသည် ကဗျာဖြစ်၏ စပါးခင်းသည် ကဗျာဖြစ်၏ အရာအားလုံးသည် ကဗျာဖြစ်၏ မခင်ပျိုသည် ကဗျာဖြစ်၏ ကဗျာ၏ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်သို့ရောက်အောင် ပို့အောင်ပုံကို အပန်းတကြီးရှာဖွေနေကြသော သူများ ကျွန်တော်နှင့်ကြမ်းသပြေးတည်း။ မထိုင်ပါနှင့်။အပြင်ဘက်တွင် နူပျိုသော နှင်းဆီပန်းရနံ့များကြိုင်လှိုင်စွာကူးခတ်လွှင့်မျောလျှက်ရှိနေသည်။ အခန်းတွင်းက အံဆွဲထဲမှာ ပိုးဟပ်တကောင်၊ပျို့ဟောင်းတစောင်နှင့် ပင်အပ်တထုပ်ရှိသည်။ လူတယောက်သည် ကဗျာဆိုသောအရာကို စားမဖြင့် နူပ်နူပ်စဉ်း၍ ညကဗျာကောင်းသည်ဟု ပြောသည်။ နောက်တယောက်က ကဗျာကို မတို့မသိ အဝေးကကြည့်၍ ကောင်းသည်ဟု ပြော၏။ထိုလူနှစ်ယောက်စလုံးကို ကျွန်တော်က ကားစင်တင်၍ ကွပ်မျက်လိုက်ပြီး။ကဗျာဆိုတည်မှာ မည်သူ့အတွက် ဖြစ်သည်ဟု မည်မျှပင် ပြောကြစေကာမူဉာဏ်တိမ်သူများအတွက် မဟုတ်သည်ကား သောချာ၏။ ညလဘက်ရည်ခွက်ကိုပြန်ယူသွားပါလေ။ ကျွန်တော်အိပ်တော့မယ် ပန်းပေါင်းတစ်ရာဆီဖျန်းပတ်၍ပြတင်းကို ဖွင့်ထားပါ။ ဟိုးလိမ်ကအရာအားလုံးတွင် ကဗျာရှိသည်ဟု ပြောဖူးသည်။ ဆန်းတော့အဆန်းသား။ လောကကြီးမှာ ဆရာဝန်တွေလည်း ဖျားတတ်နာတတ်ကြတာကိုး။ တနေ့ကဆို နည်းနည်းတော့ကြာပါပြီ။ မသီတာ ဖျားတယ်တော်တော်နဲ့ မပျောက်ဘူး။ အပူရှိန်ကြီးလွန်းလို့ထင်ပါရဲ့ နဖူးကလေးပေါ်ရေသဘက်ကလေးတင်ပေးရတဲ့အထိပါပဲ။ သူ့နဖူးကလေးပေါ်မှာ ရေဆွတ်ထားတဲ့ မွှေးပွလက်ကိုင် ပုဝါလေး အသာအယာတင်ပေးရင်း သူ့မျက်နှာလေးကို ငေးကြည့်နေမိတယ်သိပ်သနားတာပဲ ကျွန်တော့်ရင်ထဲ အလိုလိုပြည့်ကျပ်ခွန်းသိပ်လာတယ် ငိုချင်သလိုလိုပဲ ဖြစ်နိုင်ရင် လူချင်းလဲပြီ ဝေဒနာခံလိုက်ချင်ပါတယ်။ တကယ်ပါ မသဲမကွဲညည်းညူပြီ ကယောင်ကတမ်းတွေတောင်ပြောလာတယ် မခင်ပျို ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး မျက်လုံးတွေပြာသွားတဲ့အံ့သြမှုမျိုးကြုံဖူးလား။ လျှပစ်စစ်ဓာတ် အလိုက်ခံရသလိုလန့်သွားတာလည်းပါမယ် မခင်ပျို။ မသီတာဟာ ကယောင်ကတမ်းနဲ့ အပူရှိန်ပြင်းပြီးပြောချင်ရာ ပြောနေတဲ့ စကားတွေထဲမှာ ဘာပါဘာတယ်ထင်လဲ။ ကိုကိုတဲ့ မသီတာ ကျွန်တော့်ကို ကိုကိုလို့ခေါ်တယ် ကိုကိုတဲ့ ကိုကို မခင်ပျိုကိုသိပ်ချစ်သလားတဲ့ ကျွန်တော့် တကိုယ်လုံး အစိတ်စိတ် အမြာမြာကွဲထွက် လွင့်စင်သွားသလို ခံစားလိုက်ရတယ် သူ့ကိုကိုဟာ မခင်ပျိုဆိုတဲ့အငြိမ့်မင်းသမီးတယောက်ကို ချစ်နေတာ သူသိနေတာကို..... အချစ်သည် ဤကမာလောကတွင် အကြီးကျယ်ဆုံးသော ဟုတ်ယောင်ထင်မှုဖြစ်ကြောင်း ကျွန်တော့်အား ပြောကြားသော ဒသနိကဗေဒ ပါမောက အိုကြီးသည်ကျောက်ဖြူသား လှေကားထစ်ပေါ်တွင်ထိုင်၍ ငိုက်မျဉ်းနေ၏။ ဘယ်ကစ၍ဘယ်မှာဆုံးသည်လဲ။ အချစ်ဆိုသည်မှာ အစလားအဆုံး။ အစနှင့်အဆုံးဆိုသောစကားနှစ်ရပ်၏ အဓိပါယ်ကို တိတိကျကျ သိလိုလှပါသည်။ တောင်ပင်လယ် တိမ်စွန်များ မိုးတွေညို့လာပြန်ပါပြီ။ ဒီနေ့မနက် ဘာစားထားသလဲ။ လူအချို့ကိတ်မုန့်စား၏ လူအချို့ ပီတိကိုစား၏ လူအချို့ အာလူးစား၏ လူအချို့ကျော်ကြားမှုကိုစား၏ လူအချို့ မနာလိုဝန်တိမှုကိုစား၏ ဇော်ဇော်အောင်သည်မုသားများကိုစား၏။ ပုပ်အဲ့နံစော်နေသော ခံတွင်းကို ရှဲနယ်နံပါတ်(၅)ရေမွှေးဖြင့် ဆေးကောပလုပ်ကျင်းလိုက်သောအခါ လောကသည် အတွေ့အကြုံရင့်ကျက်စွာ ပြံုး၏။လူတွေအများကြီး သေဆုံးသွားကြပြီး။ သူတော်စင်တွေ၊ အာဇာနည်တွေ၊သူရဲကောင်းတွေ၊ လူယုတ်မာတွေ၊ သစ္စာဖောက်တွေ၊ ဖန်တီးသူတွေ၊ ဖြည့်ဆည်းသူတွေ၊ထည့်ဝင်သယ်ပိုးသူတွေ၊ ဖျက်ဆီးသူတွေ၊ အသရေယုတ်လျော့စေသောသူတွေ၊ညစ်ညမ်းစေသူတွေ လူပေါင်းများစွာ သေကြေလှပြီ။ ဇော်ဇော်အောင်မသေသေး။ မသေသေးသမျှ နေသေးကြဦးပေါ့။ မျောက်အကောင် နှစ်ဆယ်သည်ရှင်သတမကျော်တောလားကြီးကို သံပြိုင်ရွတ်ဆိုနေကြသည် ကျွန်တော် ခွေးတကောင်မွေးရဦးမည်။ နာတာရှာ ကင်စကီကို စပါးကြီးမြေတကောင် ရစ်ပတ်ထား၏ တခါတရံရယ်စရာဟာသများသည် မရယ်ရ။ အရယ်ရဆုံးဟာသသည် ကျွန်တော်၏ အချစ်ဖြစ်သည်ကျွန်တော့်တွင် အချစ်ဖြစ်သည် ကျွန်တော့်ကို အချစ်ဖြစ်သည် ကျွန်တော့်နှင့်အချစ်ဖြစ်တည် စနေဂြိုလ်၏ တတိယမြောက် ခါးပတ်ထဲမှာကျွန်တော်၏ ဒိုင်ယာရီ စာအုပ်ကို သိမ်းထားသည်။ အဝါရောင်တိုက်တလုံးကစောင့်နေပါ။ ကျွန်တော့်ကိုလိုက်၍ တုပနေသော သူများသည် ကျွန်တော်ဒနောက်ကသာဖြစ်သည် အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ပါ။(ဂျိမ်းဂျွိုက်စ်ဒယူလီဆီ၊ ၁၉၆၁ စာမျက်နှာ ၁၆၄) အမုန်း အချစ် အမည်ပညတ်များသာဖြစ်၏။ (စာမျက်နှာ ၂၈၅) အချစ်သည် အချစ်ကို ချစ်ရန်ချစ်၏။(စာမျက်နှာ -၃၃၃)ဝါကြွားဟန်ရေးပြလိုက်ခြစ်းသည် သရက်မျိုးကောင်း မှည့်မှည့် တလုံးထက်ချိုမြိန်၏။ ဂျက်ကေရိုဗက်၏ ၀တုကိုဖတ်ဖူးပါသလား။ဗာနေကျလာနယ်ရေးတစ်နှင့်စထရီးအော့ ကွန်စီးရှပ်စ်နက် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိရဲ့လား။ ကျွန်တော်သည် အများသူငါ၏မုန်းတီးအမြင်ကပ်ခံရခြင်းကို စျေးကြီးလေ၍ ဝယ်ထားရပါသည်။ မခင်ပျိုရယ် ယုဇန မခင်ပျိုရယ် ကျွန်တော်ချစ်တယ်လို့ ထင်ထားတဲ့အငြိမ့်မင်းသမီး ယုဇန မခင်ပျိုရယ်။ သတိရလိုက်တာ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ၊ မသီတာ၊ မသီတာ၊မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ ခဏလေးနော် မသီတာ။ ချစ်စဖွယ် နူထွေးအိသော အပျိုမကလေးကို ပွေ့ချီ၍ ကျွန်တော်ချောင်းကိုဖြတ်ခဲ့သည်။ ချောက်တဘက်တွင် သူ့ကိုထားခဲ့သော်လည်းကျွန်တော်နေသော နေရာအထိ လိုက်ပါလာသည်။ ထိုအခါ ချောင်းရေသည် စီးသွားပြီ။အနူပညာလား အတတ်ပညာလား။ လူတချို့တောင် ပိနဲပင်အောက်တွင် အိမ်သလုံးဆောက်ရာတိုင်မထူပဲ အမိုးမိုးနေကြသည်။ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသားကြိုးကြိုးစားစား လုပ်ရုံနှင့်မပြီးသေး။ ကိုယ့်အလုပ်ကိုယ် သိကြဖို့လည်းလိုသေးကြောင်း ကျွန်တော် ပြောကြားခဲ့ခြင်းကို မှတ်သားဖို့မလိုပါ။ဉာဏ်ပညာဖြစ်စေတတ်သော ကိတ်မုန့်တလုံးဖုတ်၍ ကျွေးချင်စမ်းလှသည်။ကျွေးစမ်းချင်လှသည်။ အတင်းအဖျင်းပြောတတ်သူ တယောက်သည် ရွှေရောင်အကျီကိုဝတ်၍ လာနေပြီ။ ညံ့ဖျင်းစွာ ဖျော်ထားသော ကော်ဖီတခွက်ဟူသော စကားရပ်သည် မြန်မာ မဆန်ပါ။ သိသမျှပြောတတ်သူရှိသော်လည်းပြောသမျှသိသူတွေလည်း လိုသေး၏။ လှုပ်ယမ်းနေသော သရက်ပင် ကိုင်းဖျားကိုခွေးဟောင်နေသည်။ လွယ်အိတ်ထဲက ပညာများသည် ကျိုးလဲ့တွန့်ကျေလျက် ရှိသည်။အစီအစဉ်ကျနမှုဟူသော စကားရပ်၏ အဓိပါယ်ကိုလည်း ကျွန်တော်နားမလည်ပါ။အစီအစဉ်ဆိုသည်မှာ ရှိနှင့်ပြီးသောအရာလာ၊ သဘောလား။ နောက်မှရှိလာတာလား။တခါရှိလိုက်တာနဲ့ နောင်အမြဲတည်နေတာလား။ ဇော်ဇော်အောင်သည် ကာလနှစ်ပါးလုံးတွင် အစီအစဉ် မရှိသူဖြစ်သည်။ အနာဂတ်ကာလအတွက် အစီအစဉ်ကြိုတင်ပြောရဲသော အာဂလူမိုက်များ ရှိပါသေးသလား။ ဆယ်နှစ်နာရီ သံချောင်းခေါက်သံကြားရသည်။ နေ့သစ်သို့ ကူးပြီ။ ထိုနေ့သစ်တွင်ကျွန်တော်နေမည်။ မည်မျှကြာကြာနေရမည်ကို ပြေပြထားရန် ကျွန်တော်ငြင်းဆန်ရလိမ့်မည်။ ဆောင်းဦးတခါ ရောက်ပြန်ပြီ လေထဲမှာ လွင့်မျောလာတဲ့ပတ်မသံ။ စခွံသံ၊သံပတလားသံ၊ ကြေးနောင်းသံတွေဟာ နှင်းရည်စက်တွေ ခိုတွဲလို့ ရင်ထဲကိုဝင်လာတယ်။ ဖြူဖွေးတဲ့ မီးရောင်အောက်မှာ ထဘီနားဖြူဖြူကြီးဝဲလို့ပျံလို့။အကျီမှာ ဘော်ကြယ်တွေ သက်တန့်ရောင်တလက်လက်နဲ့၊ ပုဏားကွယ်၊ ကတီပါအစိမ်းစမှာ ညိုမှောင်တဲ့ လှိုင်းရိပ်တွေ ထနေတယ်။ ပွဲခင်ဘေး အကြော်ဖို ဆီဒယ်အုံးထဲက အနံသင်းသင်းလေး ဆီနံ့သင်းသင်းလေး၊ အေးမြနှင်းရည်နဲ့စိုစွတ်တဲ့ မီးခိုးပြာပြာတွေ ဇာတ်စင်အထက်က မီးရောင်ထဲမှာ ပျံတတ်နေတယ်။ကဗျာတွေ အလှအပတွေ ရုံးတွင်းချဉ်ဆီထဲ ဝင်နေကြတယ်။ ကပါ၊ ဆိုပါ။ကတယ်ဆိုတယ်ဆိုတာ အနူပညာရှင်တွေရဲ့အလုပ်ပါ ကကြပါ ဆိုကြပါအဲဒါတွေအားလုံးကို ဧရာဝတီမြစ်ထဲမှာ ထည့်သိမ်းထားလိုက်မယ် ဘယ်တိုင်းပြည် ဘယ်လူမျိုးကမှ ဘာမှ လုပ်ကိုင်လို့မရပါဘူး။ ဘယ်သူလာလို့မှဖျက်ဆီးလို့မရပါဘူး ဘယ်သူလာလို့မှ ပြောင်းလဲပစ်လို့မရပါဘူး မခင်ပျို။ကဗျာများ၊ အလှအပများနှင့် မခင်ပျို ဧရာဝတီမြစ်ထဲမှာရှိသည်။ အငြိမ့်မင်းသမီး ယုဇန မခင်ပျို၊ ဆရာဝန် ဒေါက်တာ မသီတာနှင့်ဘာမှအသုံးမကျသော ဇော်ဇော်အောင်တို့ သုံးယောက် ကွယ်လွန်သွားကြသောအခါသူတို့ သုံးယောက် အသက်ရှင်၍ ကျန်ရစ်ခဲ့လေသည်။ ဇော်ဇော်အောင် ယုဇနမခင်ပျို မိုးပိတောက် စကားပြေ ဝတ္ထုတိုစု ယုဇန မခင်ပျို (ဇော်ဇော်အောင်) --------------------------------- ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညို့ပြီ မခင်ပျို။ အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်တစ်ဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင် ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်သူ ဟုလည်း ထင်မိသေး၏။ တစ်ခါတုန်းက မခင်ပျို၏ ထမီအနား ခတ်လိုက်ပုံသည် ကျွန်တော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာ ဖြစ်သည်။ တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့် အသည်းနှလုံး ပြန်လာပါသည်။ အခုတော့ မခင်ပျို နေဝင်တော့မည် ထင်ပါသည်။ သွားကြစို့၊ သွားကြစို့ မခင်ပျို။ တစ်ယောက် တစ်လမ်းစီ ဆိုပေမယ့် ဆုံရဦးမှာ သေချာပါသည်။ * * * နီရဲစေးပျစ်သော လက်ဖက်ရည် ပန်ကန်လုံးထဲမှာ နို့နှစ်အဆီများ ဝေ့နေ၏။ ခပ်ဝေးဝေးမှာ ဆိုင်းတီးသံ ကြားရသည်။ အေးမြသော လေထုကို ဖြတ်၍ ဆိုင်းတီးသံသည် ချမ်းတုန်စွာ ပြေးလာသည်။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာ ရနံ့များ ဝေ့နေ၏။ ကြက်သွေးရောင် ကတ္တီပါ ကားပေါ်မှာ ရွှေခြည် ငွေခြည် ဘော်ကြယ်စာလုံးတွေ ဝင်းလက် ဖိတ်ဖိတ်တောက်နေသည်။ ဒီနေ့ည မခင်ပျို ဘယ်မှာ ကမှာလဲ။ ရွှေဘုန်းရှိန် မှာလား၊ ပုလဲငွေရောင် မှာလား။ ရုံတော်ကြီး မှာလား၊ မလွန် မှာလား၊ ဈေးချို မှာပဲလား၊ လူတစ်ယောက်ရဲ့ ရင်ထဲမှာလား။ ဘာမှမဟုတ်သော သာမန် ရေမြောင်းကလေး ဖြစ်ပေမယ့် ရေနီမြောင်းသည် လူပေါင်းများစွာ၏ အတွင်းရေးများကို ကျောက်တုံး ရွှံ့နှစ်နှင့် ရေညှိရွက် အကြားမှာ သိမ်းဆည်းထားသူ ဖြစ်၏။ စိန်မြင့်လာ၍ ကျွန်တော်တို့ နုကြည်ရိပ်သာကို သွားကြ၏။ ဟိုကောင်ကို မတွေ့၍ ရေနီမြောင်းဘေးမှာ ညဉ့်နက်အောင် ထိုင်ကြ၏။ စိန်မြင့်သည် စကားများပေမယ့် စကားပြော ကောင်း၏။ ကဗျာအကြောင်း၊ အလင်္ကာအကြောင်း တွေကို ပြောသည်။ နတ်ရှင်နောင် အကြောင်း၊ အိုမာခယမ် အကြောင်း၊ နီရူးဒါး အကြောင်း၊ ခေတ်စမ်းကဗျာတွေ အကြောင်း ပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ် အကြောင်းလည်း ပြောသည် ထင်၏။ ကျွန်တော်သည် ကြက်သွေးရောင် ကတ္တီပါ ကားလိပ် အကြောင်းကိုသာ စိတ်ရောက်နေ၏။ ပွဲဈေးတန်းက မုန့်မောင်နှမ အိုးကင်း ညှော်နံ့ သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။ လထွက်ပြီး ထူးထူးဆန်းဆန်း မှတ်နေသည်က ထိုည ကျွန်တော် မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ ထနောင်းပင် ကိုင်းဖျား လတစ်ခြမ်း ချိတ်သော အချိန်တွင် အချစ်အကြောင်း စကားစပ်မိကြ၏။ စိန်မြင့်နှင့် ကျွန်တော် သဘော ကွဲလွဲခဲ့ကြသည်။ * * * အချစ်ဆိုတာ ဘာလဲ။ ရွှန်းလက်ညိုမှောင် အလိုမကျယောင်ဆောင်တဲ့ မျက်စောင်းကလေးလား။ ဘယ်တဆစ်၊ ညာတစ်ဆစ် ချိုးချလိုက်တဲ့ လက်မောင်း သွယ်သွယ်ကလေးရဲ့ အဆုံးမှာ ကော့ညွှတ် ပျံတက်နေတဲ့ လက်ဖျားကလေးတွေလား။ ဆလိုက်မီး အပြောင်းမှာ တစ်ချက် ဝင်းခနဲ လက်သွားတဲ့ ရင်ညွန့်ဝါဝါကလေးလား။ ဒူးကလေးတွေ ညွှတ်ပြီး ဒူးပေါ်မှာ လက်နှစ်ဘက် တန်းတန်းချလို့၊ ပခုံးကလေး ဗယ်ညာလှုပ်လို့ ဇာတ်စင်ရှေ့ပိုင်းကို အပြေးကလေး ထွက်လာတဲ့ ဟန်ကလေးလား။ အချစ်ဆိုတာ မခင်ပျိုရယ်၊ မျက်နှာလား၊ အသံလား၊ ကိုယ်လုံးလား၊ အသံလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးသက်ရာက်မှုလား။ လူတွေ ညာပြောနေကြတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော် လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်က စပြီး မုသားတွေ မမြင်သာအောင် ဖုံးဖို့ ဝှက်ဖို့ နေရာကောင်းတစ်ခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲ မခင်ပျိုရယ်။ ရချင်ယူချင်တာ ပိုင်ဆိုင်ချင်တာပါ။ ငါတော့ ပေးဆပ်လိုက်ပြီလို့ သူ့ကိုယ်သူ ထင်နေတဲ့ သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။ အဲဒီ တစ်ညကလည်း အရင်ညတွေလိုပါပဲ။ မခင်ပျို ကျွန်တော့်ကို ကြည့်ပြီး သီချင်းဆိုနေတယ်လို့ ထင်မိတာ ဟုတ်မဟုတ် ပြန်စဉ်းစား မနေပါဘူး။ မန္တလေးမြို့ရဲ့ တန်ဆောင်မုန်း ညတွေဟာ အားလုံး ကဗျာတွေ ချည်းပါ။ နှစ်ပေါင်းများစွာ ကတည်းက အငြိမ့်မင်းသမီးပေါင်း များစွာဟာ မန္တလေးမြို့ တစ်နေရာက ဇာတ်စင်ပေါ်မှာ မီးရောင်အောက်မှာ ကယင်း ဆိုယင်းနဲ့ ကဗျာတွေကို ဖန်တီးသွားခဲ့ကြပါတယ်။ ပွဲပြီး မီးမှိတ်လို့ ကားလိပ်တွေ ခေါက်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေဟာ ချက်ချင်း ကွယ်ပျောက်သွားကြ ပြန်တယ်။ ဒါပေမယ့် အဲဒီကဗျာတွေဟာ လောကရဲ့ နှလုံးသားထဲက တစ်နေရာမှာ အားလုံး စုရုံးနေကြတယ်။ သွေးကြောတွေထဲမှာ လှည့်ပတ်နေကြတယ်။ နှလုံးသားထဲကို ပြန့်ဝင်နေကြတယ်။ လောကရဲ့ ရင်ခုန်သံတစ်ချက် ကြားရတိုင်း အဲ့ဒီကဗျာတွေ အားလုံးဟာ သီဆိုကခုန်နေကြတယ် ဆိုတာ လူတိုင်း သတိပြုမိမယ် မထင်ပါဘူး။ သေဆုံး ကွယ်လွန်သွားကြတဲ့ အငြိမ့်မင်းသမီးကြီး တွေလည်း အဲဒီကဗျာတွေထဲမှာ ရှိနေကြတယ်။ မခင်ပျို ကပါ၊ ဆိုပါ။ အနုပညာဆိုတာ မခင်ပျိုရဲ့ အလုပ်ပါ။ ကျွန်တော် ပြောပြီးပါပြီကော။ လူဆိုတာ ညာပြောတတ်တယ်။ လိမ်ပြောတတ်တယ်။ ဒါပေမယ့် အခု ဒီတစ်ခါတော့ ကျွန်တော် မညာပါဘူး။ ကျွန်တော် ချစ်တာ မခင်ပျိုကိုပါ။ * * * ဝေးလံသော အရပ်တစ်ပါးမှ ဝါးပတ္တလားသံ ခပ်သဲ့သဲ့ ခပ်အုပ်အုပ်ကြားနေရသည်။ ဝါးရွက်နှင့် လက်ခတ် ထိတွေ့လိုက်သည့် အခါတိုင်း၊ ဝါးရွက်ပေါ် လက်ခတ် ကျလိုက်သည့် အခါတိုင်း ရင်မှာ ပေါက်ကွဲမှုများ ဖြစ်ပေါ်၏။ ဝေဒနာ၏ နာကျင်စွာသော အဖြစ်သည်ပင်လျှင် နှစ်လိုဖွယ် ကောင်းလှချေသည်။ တောင် တောင်ယံ တောငယ်နှင့် မောလေအောင် ဝေးကျူးသီခေါင် ရီမှောင် ညို့ညို့ဆိုင်းဆိုင်း၊ ဝေမှိုင်းမှိုင်းလေး ပင်တိုင်းသာ မာလာ ကြိုင်ကြိုင်သင်း။ နှင်းယွန်းဝသန်နွေ၊ စုံမြိုင် ခြေဦး သာဟန်လေ သာဆန်းထူး။ သံသရာ တောအုပ် အတွင်းမှာ မှောင်လွန်းလှသည်။ ဘယ်သော အခါမှ လမ်းမမှားဟု မှားနေသူသည် သူလမ်းမှားနေကြောင်း မသိ။ အင်ကြင်းပန်းတွေ ပင်လုံးဝေဝေ ပွင့်နေ၏။ ဒီနေရာမှာ ဘယ်သူလာ၍ ကျွန်ုပ်ကို ပစ်ချထားခဲ့သနည်။ အထီးကျန်မှု၊ အားကိုးမဲ့မှု၊ ဘာဆို ဘာမျှ မတတ်နိုင်မှုတို့သည် စင်းထားသော ကျွန်ုပ်၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာ ကျလာသည်။ လောက တစ်ရေးနိုးပြီးလား။ တစ်နေ့ သစ်ပြီလား။ တစ်နေ့ ဟောင်းသွားပြီလား မသိပါ။ တောအလယ်မှာ မောတယ် မေရယ်။ သူတို့ ဘာလိုချင်ကြသည်လဲ။ ဘာဖြစ်ချင်ကြသည်လဲ။ ကျွန်ုပ် ဘာကိုမှ မလိုချင်ပါ။ ဘာမှ မဖြစ်ချင်ပါဟု လိမ်ညာ၍ ပြောလိုက်သောအခါ ကမ္ဘာပေါ်မှာ အရှက်မဲ့သူ တစ်ယောက် တိုးသွားပြီ။ အို ... လှလွန်း လှလွန်းပါသည်။ မိန်းမ ဆယ့်သုံးယောက်ကို တွေ့ရ၏။ သေတ္တာထဲမှာ မြွေအစိမ်းရောင် တစ်ဆယ့်သုံးကောင် ခွေနေသည်။ ဘယ်ကို သွားကြမည်နည်း။ ကျွန်ုပ် ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆန်များ၊ ကတ္တီပါ ပွင့်ဖတ်များ မိုးကဲ့သို့ ဖွဲရွာကျလာသည်။ ကျွန်ုပ် တစ်ကိုယ်လုံး ပွင့်ဖတ် ဝတ်ဆံတွေ ဖုံးလွှမ်းသွားတော့သည်။ အနီရောင် ခတ္တာပန်းများ ပွင့်ဖတ်လန်၍ ဖူးပွင့်နေကြသည်။ အချိန် ခုနှစ်မိနစ် စေ့သွားပြီ။ မောလှချည့်ရဲ့။ မောလှချည့်ရဲ့။ တောအုပ်သည် ပို၍ ပို၍ မှောင်လာနေသည်။ * * * မခင်ပျို။ ယုဇန မခင်ပျို။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။ အောင်မြင်တာတွေ၊ ကြီးမြင့်တာတွေ၊ ကျော်ကြားတာတွေ။ အခုနေ ကျုံးဘေးမှာ လေပြည် တဖြူးဖြူး ရှိနေမှာပေါ့။ ဘယ်သစ်ပင် စိမ်းပုံနဲ့မှ မတူတဲ့ ထနောင်းပင် ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ချစ်တယ် ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက် မရှိဘဲ လမ်းလျှောက်ခြင်း တစ်မျိုးပဲလို့ ကြားဖူးတယ်။ ကြည့်စမ်း မခင်ပျို။ ကော့လိုက်၊ ကွေးလိုက်၊ ညွှတ်လိုက် လှုပ်ရှားလိုက်တာနဲ့ လောကကို အသက်ရှူ တစ်ခဏ ရပ်သွားစေနိုင်တဲ့ လက်ချောင်း ဖြူဖြူ သွယ်သွယ်ကလေးတွေ။ သည် လက်ချောင်းကလေးတွေ လှုပ်ရှားရင်း ကွေးညွှတ်ကော့ပျံတဲ့ လက်နဲ့ စပ်လိုက်တဲ့ ကဗျာတွေကို ကျွန်တော့် မျက်လုံးထဲမှာ သိမ်းထားတယ်၊ သိလား။ အောင်ပင်လယ် တာတစ်ရိုးမှာ ရွှေမိုးတွေ ညိုပြီ မခင်ပျို။ မိုးရွာမယ် မထင်မိပါလို့ ရှန်တဘက်ကလေး မပါပေမယ့် ကျွန်တော့် ရင်မှာ မိုးခိုလို့ရပါတယ်။ မိုးတွေ သည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ။ စုတ်ချာယိုင်ရွဲ့တဲ့ လက်ဖက်ရည်ဆိုင်ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေး တစ်စက် လက်နေတယ်။ မိုးခက် မိုးပွင့် ကန့်လန့်ကာကို ဖြတ်လာတဲ့ နေရောင်ခြည်ဟာ မခင်ပျို ပြုံးတာနဲ့ သိပ်တူတာပဲ။ ကျွန်တော့် အနားမှာ သစ္စာမဲ့သူတွေ ဝိုင်းဝိုင်းလည် နေလိုက်ကြတာ။ ဘာဆိုင်တာ မှတ်လို့လို့ မခင်ပျိုကတော့ ပြောလိမ့်မယ်။ အဲဒီ အခါမှာ မခင်ပျိုကို သတိရတယ်။ ဘာမှတော့ မဆိုင်ဘူးလေ။ ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတ္တမကျော်ရယ်၊ ဇော်ဂျီရယ်၊ ဇေယျရယ်၊ ပန်းချီအောင်စိုးနဲ့ ခင်မောင်ရင်ရယ်၊ စိန်ဗေဒါရယ်၊ လွတ်လပ်ခွင့်ရယ်၊ မာမာအေးရယ်၊ ပိတောက်ပန်းရယ်၊ လက်ဖက်ရည် ချိုပေါ့ကျရယ်၊ ခေတ်ပေါ်ဂီတရယ်၊ မခင်ပျိုရယ်။ များတော့ အများသား။ မကြိုက်ဆုံး အရာတွေက ဟိတ်ဟန်ကြီးတာရယ်၊ ဝက်သားပေါက်စီရယ်၊ သဘောင်္သီး အစေ့ရယ်၊ တတိယတန်းစား ဝေဖန်ရေးဆရာရယ်၊ ကုန်းချောတိုက်တာရယ်၊ မနာလိုမှုရယ်၊ သဇင်ပန်းရယ်၊ ဒံပေါက်ထမင်းရယ်၊ အနီရောင်ရယ်၊ နေကာမျက်မှန်ရယ်၊ စိန်ရွှေရတနာရယ်။ ကြိုက်တာတွေ မကြိုက်တာတွေ ပြောမယ့်သာ ပြောရတာပါ။ တကယ်တမ်း ကျတော့လဲ ဘာမှမဟုတ်ပါဘူး။ ကိုယ်ဘာမှ မဟုတ်ဘူးဆိုတာ မသိလိုက်ခင်မှာပဲ ဘဝက နိဂုံးချုပ်သွားတာပါပဲ။ ဘဝဆိုတာ နေဖို့လား။ နေဖို့ ထိုင်ဖို့ ပြင်ဆင်နေလိုက်ကြတာ။ သူတို့တတွေရဲ့ မဟုတ်တဲ့ အလုပ်တွေကို ကမ္ဘာ့အပြင်ဘက် ထွက်ပြီး ခပ်ခွာခွာကြည့်မှ မြင်ရတာ မဟုတ်ပါဘူးတဲ့။ ဒီသစ်ပင် အောက်က ကြည့်ယင်လဲ တကယ်လို့ ကြည့်တတ်ယင်ပေါ့လေ။ မြင်ရပါတယ်တဲ့။ တစ်ယောက်ယောက်က ကျွန်တော့်ကို ပြောဖူးတယ်။ ပြောပြီးတော့ သူလဲ နေစရာ ပြင်ဆင်ရဦးမယ် ဆိုပြီး ထွက်သွားပါလေရော။ ရယ်တော့ အရယ်ရသားပဲ။ ဘဝဆိုတာ စကတည်းက မှားလာတာ ဆိုတဲ့ အကြောင်း၊ ယန်းပေါဆတ်ကို ဖတ်ဖူးဖို့ မလိုပါဘူး။ အစကတည်းက သိတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါပေမယ့် ဖတ်တော့ ဖတ်ကြည့်ပါတယ်။ ဖက်ရှင်ပေါ့လေ။ ကျော်ကြားလှတဲ့ သူရဲ့ ထရိုင်လော်ဂျီ ဝတ္ထုကြီး သုံးပုဒ် ဖတ်တယ်။ ကြိုက်ပါဘူးဗျာ။ နောက်ဆုံး စာကြောင်းကလေး ကတော့ သဘောကျသလို ရှိရဲ့။ မနက်ဖြန်ဆိုယင် အနက်ရောင်ငှက်များ လာကြတော့မည်တဲ့။ ဒါပေမယ့် မခင်ပျို။ အဲ့ဒီညက မခင်ပျိုဟာ ဘော်ကြယ်တွေ လက်နေတဲ့ အဖြူရောင် ဝတ်စုံနဲ့။ ကျွန်တော့် မျက်စိထဲမှာတော့ ငှက်အဖြူကလေး တစ်ကောင်၊ ခိုဖြူမလေး တစ်ကောင်။ အမြီး ကော့ကော့ ထောင်ထောင်နဲ့ ကျွန်တော့် အသည်းနှလုံးရှိတဲ့ ရင်ထဲက လိုဏ်ခေါင်းမှာ တောင်ပံ တဖျပ်ဖျပ် ခတ်နေသလိုပါပဲ။ ဆင်စွယ်ယပ်တောင် ဖြူဖြူကလေး ကျွန်တော်ရှိရာ ဘက်ကို တည့်တည့်ညွှန်ပြီး “မိဘပေးစား ဒီလူကြီး ဇနီးရပါစေ” ဆိုတဲ့ သီချင်းကို မခင်ပျို ဆိုခဲ့တယ်။ နောက်တစ်နှစ်မှာပဲ မိဘက ပေးစားလို့ ကျွန်တော် ဇနီးရခဲ့တယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေး ဆိုတာ မသာယာဘူးတဲ့။ လူတိုင်း ပြောကြတာပါပဲ။ ဝတ္ထုဆရာတွေ၊ ရုပ်ရှင်ဆရာတွေ ဆိုယင် သိပ်ပြောကြတာပေါ့။ ထပ်နေပါပြီ၊ အဲဒါကိုက ပရမတ်တရား တစ်ခုလို၊ ပရမတ္တသစ္စာတရား တစ်ခုလို ဖြစ်နေတယ်။ ပြောလိုက်ကြတာ။ ဟိုမှာ မခင်ပျို။ မိုးရွာပြီးစ ခဲသားရောင် ထနေတဲ့ ကောင်းကင်ပြင်ကျယ်ကြီးကို ဗျိုင်းဖြူတစ်အုပ် ဖြတ်ပျံသွားတာ လှလိုက်တာ။ ကျွန်တော့် အဖို့တော့ တစ်ခြားသူတွေ အတွက် တာဝန်မယူနိုင်ပါဘူး။ ကိုယ့်အတွက် ကိုယ်တောင် မနည်း တာဝန်ယူရတာ။ ကျွန်တော့် အဖို့တော့ အချစ်မပါတဲ့ အိမ်ထောင်ရေး မသာယာဘူး ဆိုတာ သဘောမပေါက်ပါဘူး။ သီတာ့ကို ကျွန်တော် လက်ထပ်တာ မိဘတွေ ပေးစားလို့။ ပြီးတော့ ကျွန်တော် သူ့ကို ချစ်လား၊ မချစ်ဘူးလား စဉ်းစားချိန်လဲ မရလိုက်ပါဘူး။ လေးဘက်လေးတန်က တောင်ကြီးလေးလုံး ပိကျလာသလို ရှောင်မရတဲ့ မိဘဆွေမျိုး အသိုင်းအဝန်းတွေ ဘာညာတွေ စုပြုံဖိညှပ်ပြီး သီတာနဲ့ ကျွန်တော့်ကို ပေးစားလိုက်ကြတာပဲ။ အဲဒီတုန်းက ကျွန်တော် ငြင်းဖို့ မကြိုးစားမိဘူး။ သီတာဟာ သိပ်လှတယ် မခင်ပျို။ သိပ်ကိုလှတယ်။ ရှားရှားပါးပါး ရက်ရက်စက်စက် လှတယ်။ မကွယ်မဝှက် မလိမ်မညာ ပြောရယင် မခင်ပျိုထက် အများကြီး ပိုလှတယ်။ သူ့အလှမှာ ကျွန်တော့် အထင်တော့ တကယ် အပြစ်မရှိဘူး။ သိပ်လှတာပဲ။ ပြီးတော့လဲ ကျွန်တော့် အယူအဆက ဟိုးငယ်ငယ်ကတည်းက ရှိခဲ့တာဟာ မိန်းမတစ်ယောက်မှာ လှဖို့သာ အဓိကပဲ။ စိတ်လှဖို့ ဆိုတာ သာမည။ အဲဒီ အယူအဆက ခိုင်ခိုင်မာမာပဲ။ တစ်ယောက်ယောက်က မကျေနပ်လို့ ငြင်းလာယင်၊ စောဒက တက်လာယင် ကျွန်တော် နိုင်အောင် ပြောနိုင်ချင်မှ ပြောနိုင်မယ်။ ဒါပေမယ့် ဒီ အယူအဆကိုတော့ မစွန့်လွှတ်နိုင်ဘူး။ ပင်လယ်ပြင်မှ နေဝင်သွားတဲ့ မြင်ကွင်း လှတာ၊ ရေစပ်က သဲသောင် ဖွေးဖွေးပြန့်ပြန့် လှတာ၊ ပိတောက်ပင် တစ်ပင်လုံး ပွင့်လို့ လှတာ၊ မှိုင်းညို့ မြင့်မားတဲ့ တောင်စဉ်တန်းကြီးတွေ လှတာ၊ အုန်းပင်အုန်းလက်တွေ ပေါ်မှာ ကျနေတဲ့ လရောင်ခြည် လှတာ အဲဒါမျိုးပေါ့။ သီတာ လှတာ။ အဲဒီလိုပါပဲ။ ကျွန်တော့် အဖို့တော့ လက်ထပ်ပြီးလို့ နှစ်ရက်ခွဲလောက် ကြာတဲ့အခါ သီတာ ကျွန်တော့်ကို မေးတယ်။ သူ့ကို ချစ်လားတဲ့၊ ကျွန်တော် ဘယ်လိုဖြေလိုက်တယ် ထင်သလဲ မခင်ပျို။ မဆိုင်းမတွပါပဲ။ သီတာကို သိပ်ချစ်တယ်လို့ ဖြေလိုက်တယ်။ သီတာ ပြုံးပြံုးကလေး ကျွန်တော့် ပခုံးပေါ် ခေါင်းတင်ပြီး မျက်စိ မှိတ်ထားတယ်။ အဲဒီ အဖြေကို ပေးလိုက်ပြီးတဲ့ အခါ လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားတာကို ချောက်ချောက်ချားချား ခံစားလိုက်ရတယ်။ ကျွန်တော်တို့ အိပ်ခန်းထဲက လေအေးစက်သံ၊ ဓာတ်ပြားချိန်ချာမှာလည်း လင်ဒါရွန်စတက်ရဲ့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ဖွင့်ထားသေးတယ်။ လမ်းပေါ်က သွားလာနေတဲ့ ကားသံတွေလဲ ခပ်သဲ့သဲ့ ကြားနေရတယ်။ ပြီးတော့ သီတာရဲ့ တတွတ်တွတ် ပြောနေတဲ့ ချစ်စကားတွေကိုလဲ ပူနွေးတဲ့ ထွက်သက်နဲ့ ရောရှက်ပြီး ကြားနေရတယ်။ ဒါပေမယ့် သူ့ကို သိပ်ချစ်တယ်လို့ ပြောလိုက်ပြီးတဲ့ ခဏ ကျွန်တော် ခံစားမိတဲ့ တိတ်ဆိတ်ခြင်းဟာ ဘာနဲ့မှ မတူပါဘူး။ တစ်သက်မှာ တခါမှ မခံစားဖူးပါဘူး။ တစ်လောကလုံး တိတ်ဆိတ်သွားလိုက်တာ ကြောက်စရာတောင် ကောင်းပါတယ်။ သီတာကတော့ သိပ်ကျေနပ်၊ သိပ်ပျော်သွားမှာပဲ။ မပျော်တာက ကျွန်တော်။ အင်မတန်လှတဲ့ သီတာ ဘာမှပြောစရာ မရှိတဲ့ သီတာ။ ကျွန်တော့်ကို အင်မတန် ချစ်ပုံရတဲ့ သီတာ။ သူ့ကို ကျွန်တော် ပိုင်ဆိုင်လိုက်ရပြီ။ မနက်ပိုင်း ဆေးရုံကြီးကို လိုက်ပို့။ နေ့လယ် ထမင်းစားဖို့ သွားကြို ပြန်ပို့၊ ညနေကျတော့ ရွှေဘုံသာလမ်းက သူ့ဆေးခန်းလိုက်ပို့ ဆေးခန်းပိတ်ချိန် ပြန်ခေါ်။ ကျွန်တော် အလုပ်က ဒါပါပဲ။ ကျွန်တော့် ဘဝမှာ ဘာမှမလိုပါဘူး။ တော်တော်များများ ပိုနေတယ်။ အပိုဆုံးကတော့ အချိန်တွေပဲ။ တစ်လောကလုံး အုတ်အုတ်ကျက်ကျက် အလုပ်တွေ ရှုပ်နေကြတဲ့ အချိန်မှာ ကျွန်တော်က အချိန်တွေ ကုန်ဆုံးအောင် ကြံရဖန်ရတဲ့ အလုပ်ကို လုပ်နေရတယ်။ ကျွန်တော် ပျော်သလားလို့ မေးလာယင် ဘာဖြေရမလဲ။ စိတ်ညစ်စရာ သောက မရှိတာကို ပျော်တယ်လို့ ပြောယင်တော့ ကျွန်တော် ပျော်တာပေါ့။ ကျွန်တော့် အိမ်ထောင်ရေး သာယာသလား မေးယင် သာယာတယ် ဖြေရမှာပါပဲ။ ဘာပြဿနာမှ မရှိတာ၊ အရာအရာ အဆင်ပြေ ချောမွေ့တာကို သာယာတယ်လို့ ခေါ်ယင်တော့ ကျွန်တော့် အိမ်ထောင်ရေးဟာ သာယာနေတာပေါ့။ သိပ်လှတဲ့ သီတာဟာ ကျွန်တော့်ကို သိပ်ချစ်တယ် ဆိုတာ ခံစားသိရှိလာရတယ်။ အဲဒီ အချစ်ကို သူဘယ်လို မွေးမြူယူသလဲ ကျွန်တော် အခုထိ မသိဘူး။ ကျွန်တော် သူ့ကို ချစ်သလား မခင်ပျို။ အဲ့ဒီမေးခွန်းဟာ တစ်ကနေပြန်စတဲ့ မေးခွန်းမျိုးထက် ပိုတယ်။ တစ်ရဲ့ဟိုဘက် တစ်ရဲ့ရှေ့က ဘာဂဏန်းများ ရှိသေးသလဲ။ အဲဒီက စရမယ်။ ချစ်တယ်ဆိုတာ ဘာလဲ မခင်ပျို။ ချစ်တယ် ဆိုတာ ဘာလဲ ဆိုတာကိုမှ ရေရေရာရာ မသိပဲနဲ့ သီတာကို ကျွန်တော် ချစ်သလား မေးလိုက်ယင် အဆင့်ကျော်နေပြီပေါ့။ ကျွန်တော် ဘယ်လိုဖြေမလဲ။ ချစ်တယ်ဆိုတာ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း သစ်ခွပန်းပွင့်ကလေးလို လှတဲ့ မသီတာကို ကျွန်တော် ရယူပြီး ပိုင်ဆိုင်ခဲ့ပြီ။ ကျွန်တော် သူ့ကို ချစ်သလား။ ကျွန်တော် သူ့ကိုချစ်သလား။ * * * ဟန်ဆောင်ခြင်းများကို အရည်ကျို၍ လောက၏ နံရံအား သုတ်လိမ်း ညစ်ညမ်းစေသူကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြပါ။ ကျွန်တော့်တွင် မုသား ရင်နှင့်အပြည့် ရှိပါသည်။ အချစ်၏ အစနှင့်အဆုံးကို မသိသေးသော်လည်း ဟန်ဆောင်သော အရပ်ဒေသ တစ်ခုကို မလွှဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိသည်။ အမှန်စင်စစ် ဘယ်သူမှ ဘာမှ မဟုတ်ကြပါ။ ထိုအချက်ကို သူကပင် စတင်တွေ့ရှိလေဟန် ကြွားဝါ ဂိုက်ထုတ်သော ဇော်ဇော်အောင်သည် ဘာမှ မဟုတ်ပါ။ အချို့လူများ အစာမကျေသော ရောဂါရှိ၏။ သူတို့ပါးစပ်မှ မာ့က်စ်ဝါဒ လေချဉ်တက်သော အနံ့ရသည်။ တစ်ခါတရံ စကားလုံးများသည် မြေကိုခွဲ၍ ဘွားခနဲ ပေါ်လာတတ်၏။ သံသရာလမ်းသည် အဝါရောင် တောက်ပသော သုညတစ်လုံးထဲသို့ ငုပ်လျှိုးဝင်သွား၏။ သူ သည်နေ့ည ဘယ်မှာ ကမည်လဲ။ ညနေခင်းသည် ဆည်းဆာအား ဖြန့်လွှတ်နေ၏။ လက်ကိုတွဲ၍ ရဲရဲဆုပ်ကိုင်၍ ကျွန်တော်နှင့်အတူ အမိုးအောက် ကော်ရစ်ဒါစင်္ကြံတစ်လျှောက် ရေညှိများဖြင့် ချောကျိလျက်။ မိုးစက်များ ထိမှန်သောအခါ ရွှံ့အိုင်ထဲက ကံ့ကော်ရွက်များ။ ကျွန်ုပ်လက်ကို ရဲရဲတွဲပါ။ ္ပ္ပ့ဤလောကတွင် အကောင်းဆုံး ဖြစ်နေခြင်းသည် မေ့လျော့ထားခြင်းပင် ဖြစ်ကြောင်း လောကက ကျွန်ုပ်အား ပြောကြားခဲ့သည်ကို မေ့သွားပြီ။ စုတ်ချာသော လက်ဖက်ရည်ဆိုင်လေးမှာ သူ့ကိုချစ်ကြောင်း ပြော၍ ကလောသို့ ခိုးယူထွက်ပြေးသွားချင်သည်ကို သူသိဖို့ ကောင်းပါသည်။ လူအချို့ ရင်ထဲမှာ မီးပုံများရှိကြောင်း ယုံပါပြီ။ အနုပညာ ဆိုသည်မှာ သီတာရေစင်လို အေးမြသည်ဟု အဆိုစကား ရှိသော်လည်း သီတာရေစင်ကို ကျွန်ုပ် မတွေ့မမြင်ဖူးပါ။ ကျွန်ုပ် ဘယ်ကလာ၍ ဘယ်ကိုသွားမည်လဲ။ ကျွန်ုပ်၏ ဆရာသည် ဇော်ဂျီဖြစ်သည်။ ဆရာရှေ့က သွားနှင့်ပါ။ လောက၏ အစွန်းအဖျား တစ်နေရာတွင် နဝမမြောက် တိမ်တိုက်ပေါ်တွင် ဆရာနှင့်ကျွန်ုပ် ဆုံပါမည်။ တောင်ဆီက မိုးတွေ ညိုလာပြန်ပြီ။ ဘယ်များရောက်နေသလဲ မခင်ပျိုရယ်။ * * * မန္တလေးအသင်း နှစ်ပတ်လည် ဆုပေးပွဲရှိတယ်လို့ စိန်မြင့်က ပြောတယ်။ ကျွန်တော် မန္တလေးသား မဟုတ်ပေမယ့် မန္တလေးအသင်းကို စိန်မြင့်နဲ့ သွားနေကျ။ အရက်သောက်၊ ဘိလိယက်ထိုး။ မခင်ပျိုကို စပယ်ရှယ် ဖိတ်ပြီးထားတယ်လို့လဲ ပြောတယ်။ ကျွန်တော့် ရင်ထဲ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ စဉ်းစားကြည့်စမ်း။ အချစ်ဆိုတာ ဘာမှန်း အခုအထိ မသိသေးပေမယ့် မခင်ပျိုကျတော့ သိပ်ချစ်တယ်လို့ ထင်နေတဲ့ ကျွန်တော် ဘယ်လောက် ဝမ်းသာမလဲ။ မန္တလေးအသင်းမှာ ယုဇန မခင်ပျို ကမယ်တဲ့။ ဖြစ်ချင်တော့ အဲ့ဒီနေ့က ရက်အား။ သီတာကို ဆံပင်အလှပြင်တဲ့ဆိုင် လိုက်ပို့ရတယ်။ ကြိုလဲ ပြောမထားဘူး။ ဆိုင်မှာထားခဲ့ပြီး နောက်မှပြန်ခေါ်မယ် ဆိုတော့လဲ မရ။ တစ်ခုရှိတာက သီတာဟာ ဒီလို နှစ်ယောက်တည်း အတူတူ နေရတဲ့ ရက်အားဆိုယင် ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။ သူ အလုပ် သွားတဲ့အခါမှာလဲ ကျွန်တော့်ကို တစ်ခါတည်း ခေါ်သွားချင်တယ်၊ တာနောယက္ခ ဘီလူးလို လည်ပင်းမှာဆွဲပြီး ရွှေကြုတ်ကလေးထဲ ထည့်ခေါ်သွားချင်တယ်တဲ့။ ကျွန်တော့ကို ထည့်ခေါ်သွားနိုင်လောက်အောင် ဂျူတီကုတ်မှာ အိတ်ထောင်အကြီးကြီး ချုပ်တပ်ထားရ ကောင်းမလားလို့လဲ ပြောရဲ့။ ယောက်ျားကို မျက်စိအောက်က အပျောက်မခံချင်တာဟာ စိတ်မချတာလား၊ သိပ်ချစ်တာလား။ ကျွန်တော့်ကိုတော့ သူ စိတ်ချတယ်။ ကျွန်တော်ကလဲ ဝီစကီ သောက်တာရယ်၊ ဘိလိယက် ထိုးတာရယ်၊ ဘောလုံးပွဲ ကြည့်တာရယ်က လွဲလို့ တခြား ဘာမှ ရှုပ်ရှုပ်ပွေပွေ မရှိပါဘူး။ ကျွန်တော့်မှာ အင်မတန်လှတဲ့ အင်မတန် စွဲမက်စရာကောင်းတဲ့၊ အင်မတန် တွတ်တီးတွတ်တာ လုပ်တတ်တဲ့ သီတာ ရှိနေပြီပဲ။ အဲလေ ... ဒါနဲ့ ဆံပင် အလှပြင်ဆိုင်မှာ ထိုင်စောင ့်နေလိုက်ရတယ်။ ပြီးတော့ တစ်ခါ မိုးကုတ်က သူ့သူငယ်ချင်း တစ်ယောက် ရန်ကုန်လာလို့ သွားတွေ့တယ်။ လိုက်သွားရတယ်။ အဲဒီ အမျိုးသမီးကို ခေါ်ပြီး ညစာစားတယ်။ ပြန်ပို့ရတယ်။ ည ကိုးနာရီကို ထိုးပါရော။ မခင်ပျိုနဲ့ လွဲရတာ စိတ်ထဲမှာ မကောင်းလိုက်တာ။ ဒါပေမယ့်လဲ ဘာတတ်နိုင်မှာလဲ။ မန္တလေးအသင်း နှစ်ပတ်လည်ပွဲ နှစ်ရက် ဆက်မလုပ်ဘူး။ မခင်ပျိုလဲ နှစ်ခါ ဆက်ကမှာ မဟုတ်ဘူး။ ကျွန်တော် စိတ်မကောင်းလိုက်တာ။ ညကိုးနာရီ အိမ်ပြန်ရောက်လို့ အိပ်တဲ့အထိ စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှန်း မသိဘူး။ ဆယ့်တစ်နာရီအထိ မခင်ပျိုနဲ့ လွဲရတာ စိတ်မကောင်းဘူး။ အိပ်ပျော်သွားတော့ ကျွန်တော် အိပ်မက် မမက်တတ်ဘူး။ အိပ်ပျော်နေတုန်းတော့ ဘယ်သတိရမလဲ။ မနက်မိုးလင်းတော့ ကျွန်တော် အမှန်ပြောရမလား မခင်ပျို။ ကျွန်တော် သတိမရတော့ဘူး။ အိပ်ယာက နိုးလဲ နိုးရော ငယ်ငယ်တုန်းက သူငယ်ချင်းတွေ စောစောစီးစီး ပေါက်ချလာတယ်။ မြင့်သိန်းရယ်၊ ကျော်မောင်ရယ်၊ အေးကိုရယ်၊ ငှက်ကျားရယ်၊ ဘသန်းတင်ရယ်၊ ကိုသန်းလွင်ရယ်။ ဘယ်သတိရဖို့ အချိန်ရှိတော့မလဲ။ နောက်ရက်တွေမှာလည်း ကျွန်တော် မေ့တေ့တေ့ ဖြစ်နေတယ်။ တစ်ခါတစ်ခါတော့ သတိရရဲ့။ ဒီလိုပါပဲလေ။ နောက် မခင်ပျို မန္တလေး ပြန်သွားတယ်ဆိုတာ ကြားလိုက်ရရဲ့။ ပြန်သွားတော့လဲ ပြီးသွားတာပဲ။ မိုးကုန်လို့ ဆောင်းဦးပေါက်ပြီ ဆိုယင်ပဲ မန္တလေးမှာ အငြိမ့်ပွဲတွေ ခြိမ့်ခြိမ့်သည်းတော့မယ် ဆိုတဲ့ အသိကတော့ တစ်နှစ်တစ်ခါ ပေါ်လာတတ်ရဲ့။ အဲဒီ အခါမျိုးမှာတော့ မခင်ပျိုကို သတိရတာတော့ မဟုတ်ဘူး။ တမ်းတမိတာ။ မခင်ပျို ကတာ၊ ဆိုတာကလေးတွကို ချမ်းချမ်းအေးအေး ဇာတ်စင်ဘေးက ငေးကြည့်နေချင်တဲ့ တမ်းတမှုမျိုး၊ ညဉ့်နက်လာတာနဲ့အမျှ အအေးဓာတ်က ပိုလာတယ်။ ပွဲမပြီးပါစေနဲ့၊ ပွဲမပြီးပါစေနဲ့ဦးလို့ ရင်ထဲမှာ လှုပ်ရှားရတဲ့ အရသာ။ အဲဒါတွေက အစားထိုးလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ ယုဇန မခင်ပျို နှစ်ယောက်မရှိလို့ဘဲ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ မခင်ပျိုကို သိပ်တမ်းတမိတာပါပဲ။ လေထဲမှာ ဝဲပျံလွင့်မျောလာတဲ့ ပတ်မသံ၊ စခွံ့သံ၊ ပတ္တလားသံ၊ ကြေးနောင်သံ၊ အဲဒီ အသံတွေမှာ နှင်းရည်စက်တွေ ခိုတွဲလို့။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ကျွန်တော့် အိပ်ခန်းထဲမှာ ဗီဒီယို ကြည့်နေတယ်။ အရပ်ရှည်တဲ့ ရွှေရောင် မိန်းကလေး ဆူဇန်အင်တန်ဟာ အားကစား ဘောင်းဘီတိုကလေးနဲ့ အပြေးလေ့ကျင့် နေလေရဲ့။ သွယ်ပျောင်းတဲ့ ခြေတံရှည်ကလေးတွေ လှုပ်ရှားပြေးသွားနေတာ ကြည့်ရင်းနဲ့ မခင်ပျိုရဲ့ ထဘီအနားခတ်လိုက်ပုံ၊ ထဘီအနား ဖြူဖြူကြီး ဝဲကျသွားပုံကို မြင်နေမိတယ်။ ကြည့်ပြီးသွားလို့ အိပ်ရာဝင်ကြတော့ တစ်ဖက်လှည့် အိပ်ချင်ယောင် ဆောင်နေတဲ့ သီတာရဲ့မေးရိုးကလေးကို ဖွဖွညင်သာ နမ်းလိုက်တဲ့ အခါမှာတော့ မခင်ပျိုကို သတိမရတာ အမှန်ပါပဲ။ ဒါပေမယ့် မခင်ပျိုရယ်။ ကိုယ့်ဘာသာ ကျိတ်ပြီး အကြိမ်ကြိမ် အခါခါ မေးမိတဲ့ မေးခွန်းနှစ်ခု။ ကျွန်တော်ပြောပြမယ်။ အချစ်ပါတယ် မပါတယ် ဘာညာ မသိဘူး။ အခုတော့ သီတာ ကျွန်တော့်ကို သိပ်ချစ်တယ်။ အိမ်ထောင်ရေး သာယာတယ်။ သီတာ့ကို ချစ်သလား မေးတဲ့ အခါမျိုးမှာ အဖြေဟာ တုံ့ဆိုင်းဝေ့ဝဲပြီးတော့ တစ်ခုခုကို မီးခိုးလုံးတွေ ဝေ့ဝိုက်ဖုံးအုပ် သွားသလိုပဲ အဖြေ ပျောက်ကွယ်သွားတတ်တယ်။ မခင်ပျိုကို ချစ်သလားလို့ မေးတဲ့အခါ အဖြေဟာ ပါးစပ်ဖျား နှုတ်ခမ်းဖျား မရောက်ခင် ရင်ထဲက ဖြေပြီးသွားပြီ။ မခင်ပျိုကို ကျွန်တော် ချစ်တယ်။ ဘယ်လိုလဲရှင်လို့ မေးမလို့လား။ မမေးနဲ့ မခင်ပျို။ ချစ်တယ်ဆိုတာ ရှင်းပြဖို့ မဟုတ်ဘူး။ သက်သေထူဖို့ မဟုတ်ဘူး ရှင်းပြလို့လဲ ရချင်မှ ရမယ်။ ထူစရာ သက်သေလည်း ရှိချင်မှ ရှိမယ်။ ရှိတယ်ထားဦး။ ယုံလောက်အောင်လဲ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲ။ ချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။ * * * နေဝင်ချိန် တိမ်တောက်ခြင်းသည် ကဗျာဖြစ်၏။ အညိုရောင် မျက်မှန်ကိုင်းနောက်မှ မျက်လုံးများသည် ကဗျာဖြစ်၏။ သူတောင်းစားအိုကြီး၏ ဆုတောင်းသံသည် ကဗျာဖြစ်၏။ မစားရတာ ကြာပြီဖြစ်သော ကြက်သားဆီပြန်ဟင်းသည် ကဗျာဖြစ်၏။ ဆယ်နှစ်ကြာမှ ပြန်လာဆပ်သော အကြွေးငါးကျပ်သည် ကဗျာဖြစ်၏။ နှုတ်ခမ်းပါးလှပ် ပါးစပ်ပိတ်ထားသော အပြုံးသည် ကဗျာဖြစ်၏။ အမေ၏ ခေါ်သံသည် ကဗျာဖြစ်၏။ အဖေ ကျိုပေးသော ရေနွေးကြမ်း တစ်အိုးသည် ကဗျာဖြစ်၏။ ခရမ်းရောင် သစ်ခွပန်းသည် ကဗျာဖြစ်၏။ ဆံတိုပြတ်နှင့် သမီးလေးသည် ကဗျာဖြစ်၏။ အော်ဟစ်ရယ်မောနေသော သူငယ်ချင်း၏ မျက်နှာသည် ကဗျာဖြစ်၏။ စပါးခင်းသည် ကဗျာဖြစ်၏။ အရာအားလုံးသည် ကဗျာဖြစ်၏။ မခင်ပျိုသည် ကဗျာဖြစ်၏။ ကဗျာ၏ ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်သို့ ရောက်အောင် ပို့ဆောင်ပုံကို အပန်းတကြီး ရှာဖွေနေကြသူများ ကျွန်တော်နှင့် ကြမ်းတပြေးတည်း မထိုင်ကြနှင့်။ အပြင်ဘက်တွင် နုပျိုသော နှင်းဆီပန်း ရနံ့များ ကြိုင်လှိုင်စွာ ကူးခတ်လွင့်မျောလျှက် ရှိနေသည်။ အခန်းတွင်းက အံဆွဲထဲမှာ ပိုးဟပ်တစ်ကောင်၊ ပျို့ဟောင်းတစ်စောင်နှင့် ပင်အပ်တစ်ထုပ် ရှိသည်။ လူတစ်ယောက်သည် ကဗျာဆိုသော အရာကို ဓားမဖြင့် နုပ်နုပ်စဉ်း၍ ဤကဗျာကောင်းသည်ဟု ပြော၏။ နောက်တစ်ယောက်က ကဗျာကို မတို့မထိ အဝေးကကြည့်၍ ကောင်းသည်ဟု ပြော၏။ ထိုလူ နှစ်ယောက်စလုံးကို ကျွန်ုပ် ကားစင်တင်၍ ကွပ်မျက်လိုက်ပြီ။ ကဗျာဆိုသည်မှာ မည်သူ့အတွက် ဖြစ်သည်ဟု မည်မျှပင် ပြောကြစေကာမူ ဉာဏ်တိမ်သူများအတွက် မဟုတ်သည်ကား သေချာသည်။ ဤလက်ဖက်ရည်ခွက်ကို ပြန်ယူသွားပါလေ။ ကျွန်ုပ် အိပ်တော့မည်။ ပန်းပေါင်းတစ်ရာ ဖျန်းသတ်၍ ပြတင်းကို ဖွင့်ထားပါ။ ဟိုလဗ်က အရာအားလုံးတွင် ကဗျာရှိသည်ဟု ပြောဖူးသည်။ * * * ဆန်းတော့ အဆန်းသား။ လောကကြီးမှာ ဆရာဝန်တွေလဲ ဖျားတတ် နာတတ်ကြတာကိုး။ တစ်နေ့ကဆို နည်းနည်းတော့ ကြာပါပြီ။ မသီတာ ဖျားတယ်။ တော်တော်လေး ဖျားတယ်။ အပူရှိန် ကြီးလွန်းလို့ ထင်ပါရဲ့၊ သူ့ နဖူးလေးပေါ် ရေတဘက်ကလေး တင်ပေးရတဲ့ အထိပါပဲ။ သူ့နဖူးကလေး ပေါ်မှာ ရေဆွတ်ထားတဲ့ မွေးပွလက်ကိုင်ပုဝါလေး အသာအယာ တင်ပေးရင်း သူ့မျက်နှာကလေးကို ကျွန်တော် ငေးကြည့်နေမိတယ်။ သိပ်သနားတာပဲ။ ကျွန်တော့် ရင်ထဲ အလိုလို ပြည့်ကျပ် မွန်းသိပ်လာတယ်။ ငိုချင်သလိုလိုပဲ။ ဖြစ်နိုင်ယင် လူချင်းလဲပြီ ဝေဒနာ ခံလိုက်ချင်ပါတယ်။ တကယ်ပါ။ မသဲမကွဲ ညည်းညူပြီး ကယောင်ကတမ်းတွေတောင် ပြောလာတယ် မခင်ပျို။ ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး မျက်လုံးတွေ ပြာသွားတဲ့ အံ့ဩမှုမျိုး ကြုံဖူးလား။ လျှပ်စစ်ဓာတ် အလိုက်ခံလိုက်ရသလို လန့်သွားတာလဲ ပါမယ် မခင်ပျို။ မသီတာဟာ ကယောင်ကတမ်းနဲ့ အပူရှိန်ပြင်းပြီး ပြောချင်ရာ ပြောနေတဲ့ စကားတွေထဲမှာ ဘာပါလာတယ် ထင်သလဲ။ ကိုကိုတဲ့။ မသီတာ ကျွန်တော့်ကို ကိုကိုလို့ ခေါ်တယ်။ ကိုကိုတဲ့။ ကိုကို မခင်ပျိုကို သိပ်ချစ်သလားတဲ့။ ကျွန်တော့် တစ်ကိုယ်လုံး အစိတ်စိတ် အမြွာမြွာ ကွဲထွက် လွင့်စဉ်သွားသလို ခံစားလိုက်ရတယ်။ သူ့ကိုကိုဟာ မခင်ပျိုဆိုတဲ့ အငြိမ့်မင်းသမီး တစ်ယောက်ကို ချစ်နေတာ သူ သိနေတာကိုး။ * * * အချစ်သည် ဤကမ္ဘာလောကတွင် အကြီးကျယ်ဆုံးသော ဟုတ်ယောင်ထင်မှုဖြစ်ကြောင်း ကျွန်ုပ်အား ပြောကြားသော ဒဿနိကဗေဒ ပါမောက္ခအိုကြီးသည် ကျောက်ဖြူသား လှေကားထစ်ပေါ်တွင် ထိုင်၍ ငိုက်မျဉ်းနေ၏။ ဘယ်ကစ၍ ဘယ်မှာ ဆုံးသည်လဲ၊ အချစ်ဆိုသည်မှာ အစလား အဆုံးလား။ အစနှင့် အဆုံးဆိုသော စကားနှစ်ရပ်၏ အဓိပ္ပါယ်ကို တိတိကျကျ သိလိုလှပါသည်။ တောင်ပင်လယ် တိမ်စွန်များ မိုးတွေ ညို့လာပြန်ပါပြီ။ သည်နေ့မနက် ဘာစားထားသလဲ။ လူအချို့ ကိတ်မုန့် စား၏။ လူအချို့ ပီတိကို စား၏။ လူအချို့ အာလူးစား၏။ လူအချို့ ကျော်ကြားမှုကို စား၏။ လူအချို့ မနာလို ဝန်တိုမှုကို စား၏။ ဇော်ဇော်အောင်သည် မုသားများကို စား၏။ ပုပ်အဲ့နံစော်နေသော ခံတွင်းကို ရှနဲလ်နံပါတ်(၅) ရေမွှေးဖြင့် ဆေးကြော ပလုပ်ကျင်းပစ် လိုက်သောအခါ လောကသည် အတွေ့အကြုံ ရင့်ကျက်စွာ ပြံုး၏။ လူတွေအများကြီး သေဆုံးသွားကြပြီး။ သူတော်စင်တွေ၊ အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ လူယုတ်မာတွေ၊ သစ္စာဖောက်တွေ၊ ဖန်တီးသူတွေ၊ ဖြည့်ဆည်းသူတွေ၊ ထည့်ဝင် သယ်ပိုးသူတွေ၊ ဖျက်ဆီးသူတွေ၊ အသရေ ယုတ်လျော့စေသူတွေ၊ ညစ်ညမ်းစေသူတွေ လူပေါင်းများစွာ သေကြေလှပြီ။ ဇော်ဇော်အောင် မသေသေး။ မသေသေးသမျှ နေသေးကြဦးပေါ့။ မျောက်အကောင် နှစ်ဆယ်သည် ရှင်ဥတ္တမကျော် တောလားကြီးကို သံပြိုင် ရွတ်ဆိုနေကြ၏။ ကျွန်တော် ခွေးတစ်ကောင် မွေးရဦးမည်။ နာတာရှာကင်စကီးကို စပါးကြီးမြွေတစ်ကောင် ရစ်ပတ်ထား၏ တစ်ခါတစ်ရံ ရယ်စရာဟာသများသည် မရယ်ရ၊ အရယ်ရဆုံး ဟာသသည် ကျွန်ုပ်၏ အချစ်ဖြစ်၏။ ကျွန်ုပ်သည် အချစ်ဖြစ်၏။ ကျွန်ုပ်အား အချစ်ဖြစ်၏။ ကျွန်ုပ်၌ အချစ်ဖြစ်၏။ ကျွန်ုပ်တွင် အချစ်ဖြစ်၏။ ကျွန်ုပ်ကို အချစ်ဖြစ်၏။ ကျွန်ုပ်နှင့် အချစ်ဖြစ်၏။ စနေဂြိုလ်၏ တတိယမြောက် ခါးပတ်ထဲမှာ ကျွန်ုပ်၏ ဒိုင်ယာရီ စာအုပ်ကို သိမ်းထားသည်။ အဝါရောင် တိုက်တစ်လုံးက စောင့်နေပါ။ ကျွန်ုပ်ကို လိုက်၍ တုပသူများသည် ကျွန်ုပ် နောက်ကသာ ရှိ၏။ အမှန်စင်စစ် ဘယ်သူမှ ဘာမှ မဟုတ်ပါ။ (ဂျိမ်းဂျွိုက်(စ) ၏ ယူလီဆီး ၁၉၆၁၊ စာမျက်နှာ ၁၆၄) အမုန်း၊ အချစ်၊ အမည် ပညတ်များသာ ဖြစ်၏။ (စာမျက်နှာ ၂၇၅) အချစ်သည် အချစ်ကို ချစ်ရန် ချစ်၏။ (စာမျက်နှာ ၃၃၃) ဝါကြွွား ဟန်ရေးပြလိုက်ခြင်းသည် သရက်မျိုးကောင်း မှည့်မှည့် တစ်လုံးထက် ချိုမြိန်၏။ ဂျက် ကေရိုဗက်၏ ဝတ္ထုကို ဖတ်ဖူးပါသလား။ ဗာနေကူလာနရေးတစ်နှင့် စထရီးအော့ကွန်းရှပ်စ်နက်စ် ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိရဲ့လား။ ကျွန်ုပ်သည် အများသူငါ၏ မုန်းတီးအမြင်ကပ် ခံရခြင်းကို ဈေးကြီးပေး၍ ဝယ်ထားရပါသည်။ * * * မခင်ပျိုရယ်။ ယုဇန မခင်ပျိုရယ်။ ကျွန်တော်ချစ်တယ်လို့ ထင်ထားတဲ့ အငြိမ့်မင်းသမီး ယုဇန မခင်ပျိုရယ်။ သတိရလိုက်တာ မခင်ပျိုရယ်။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ ဟင် မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မသီတာ။ မခင်ပျို။ မသီတာ။ မခင်ပျို။ မသီတာ။ မသီတာ။ မခင်ပျို။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျို။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျို။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျို။ ဟင် မသီတာရယ်။ သီတာရယ်။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ ခဏလေးနော် မသီတာ။ * * * ချစ်စဖွယ် နုထွေးအိသော အပျိုမကလေးကို ပွေ့ချီ၍ ကျွန်ုပ် ချောင်းကို ဖြတ်ခဲ့သည်။ ချောင်းတစ်ဖက်တွင် သူ့ကို ထားရစ်ခဲ့သော်လည်း ကျွန်ုပ်နေသော နေရာအထိ သူ လိုက်ပါလာ၏။ ထိုအခါ ချောင်းရေသည် စီးသွားပြီ။ အနုပညာလား၊ အတတ်ပညာလား။ လူအချို့ တောင်ပိန္နဲပင်အောက်တွင် အိမ်တစ်လုံးဆောက်ရာ တိုင်မထူဘဲ အမိုးမိုးနေကြ၏။ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကြရုံနှင့် မပြီးသေး။ ကိုယ့်အလုပ်ကိုယ် သိကြဖို့လည်း လိုသေးကြောင်း ကျွန်ုပ် ပြောကြားခဲ့ခြင်းကို မှတ်ထားဖို့ မလိုပါ။ ဉာဏ်ပညာ ဖြစ်စေတတ်သော ကိတ်မုန့်တစ်လုံး ဖုတ်၍ ကျွေးချင်စမ်းလှသည်။ ကျွေးစမ်းချင်လှသည်။ အတင်းအဖျင်း ပြောတတ်သူ တစ်ယောက်သည် ရွှေရောင် အကျႌကို ဝတ်၍ လာနေပြီ။ ညံ့ဖျင်းစွာ ဖျော်ထားသော ကော်ဖီတစ်ခွက် ဟူသော စကားရပ်သည် မြန်မာ မဆန်ပါ။ သိသမျှ ပြောပြတတ်သူ ရှိသော်လည်း ပြောသမျှ သိသူတွေလည်း လိုသေး၏။ လှုပ်ယမ်းနေသော သရက်ပင် ကိုင်းဖျားကို ခွေးဟောင်နေသည်။ လွယ်အိတ်ထဲက ပညာများသည် ကျိုးပဲ့တွန့်ကြေလျက် ရှိသည်။ အစီအစဉ် ကျနမှုဆိုသော စကားရပ်၏ အဓိပ္ပါယ်ကိုလည်း ကျွန်ုပ် နားမလည်ပါ။ အစီအစဉ် ဆိုသည်မှာ ရှိနှင့်ပြီးသော အရာလား၊ သဘောလား။ နောက်မှ ရှိလာတာလား။ တစ်ခါရှိလိုက်သည်နှင့် နောင်အမြဲ တည်နေသည်လား။ ဇော်ဇော်အောင်သည် ကာလ နှစ်ပါးလုံးတွင် အစီအစဉ် မရှိသူ ဖြစ်၏။ အနာဂတ် ကာလအတွက် အစီအစဉ် ကြိုတင် ပြောရဲသော အာဂလူမိုက်များ ရှိပါသေးသလား။ ဆယ့်နှစ်နာရီ သံချောင်းခေါက်သံ ကြားရ၏။ နေ့သစ်သို့ ကူးပြီ။ ထိုနေ့သစ်တွင် ကျွန်ုပ် နေမည်။ မည်မျှကြာကြာ နေရမည်ကို ပြောပြထားရန် ကျွန်ုပ် ငြင်းဆန်ရလိမ့်မည်။ * * * ဆောင်းဦးတစ်ခါ ရောက်ပြန်ပြီ။ လေထဲမှာ လွင့်မျောလာတဲ့ ပတ်မသံ၊ စခွံ့သံ၊ သံပတ္တလားသံ၊ ကြေးနောင်သံတွေဟာ နှင်းရည်စက်တွေ ခိုတွဲလို့ ရင်ထဲကို ဝင်လာတယ်။ ဖြူဖွေးတဲ့ မီးရောင်အောက်မှာ ထဘီနား ဖြူဖြူကြီး ဝဲလို့ပျံလို့။ အကျႌမှာ ဘော်ကြယ်တွေ၊ သက်တံရောင် တလက်လက်နဲ့ ပုဏ္ဏားကွယ် ကတ္တီပါ အစိမ်းစမှာ ညိုမှောင်တဲ့ လှိုင်းရိပ်တွေ ထနေတယ်။ ပွဲခင်းဘေး အကြော်ဖို ဆီဒယ်အိုးထဲက အနံ့သင်းသင်းကလေး ဆီနံ့သင်းသင်းကလေး၊ အေးမြနှင်းရည်နဲ့ စိုစွတ်တဲ့ မီးခိုးပြာပြာတွေ ဇာတ်စင်အထက်က မီးရောင်ထဲမှာ ပျံတက်နေတယ်။ ကဗျာတွေ အလှအပတွေ ရိုးတွင်းခြင်ဆီထဲ ဝင်နေကြတယ်။ ကပါ၊ ဆိုပါ။ ကတယ် ဆိုတယ် ဆိုတာ အနုပညာရှင်တွေရဲ့အလုပ်ပါ ကကြပါ၊ ဆိုကြပါ အဲဒါတွေ အားလုံးကို ဧရာဝတီမြစ်ထဲမှာ ထည့်သိမ်းထားလိုက်မယ်။ ဘယ်တိုင်းပြည် ဘယ်လူမျိုးကမှ ဘာမှ လုပ်ကိုင်လို့ မရပါဘူး။ ဘယ်သူ လာလို့မှ ဖျက်ဆီးလို့ မရပါဘူး ဘယ်သူ လာလို့မှ ပြောင်းလဲပစ်လို့ မရပါဘူး မခင်ပျို။ ကဗျာများ၊ အလှအပများနှင့် မခင်ပျို ဧရာဝတီမြစ်ထဲမှာ ရှိ၏။ အငြိမ့်မင်းသမီး ယုဇန မခင်ပျို၊ ဆရာဝန် ဒေါက်တာ မသီတာနှင့် ဘာမှအသုံးမကျသော ဇော်ဇော်အောင်တို့ သုံးယောက် ကွယ်လွန်သွားကြသော အခါ သူတို့ သုံးယောက် အသက်ရှင်၍ ကျန်ရစ်ခဲ့လေသည်။ ------- ဇော်ဇော်အောင်

Tuesday, June 25, 2019

Summary of Project Oxygen 10 skills of best manager

From Project Oxygen by google, here are the 10 key skills about best manager We found that over time, the qualities of a great manager at Google had grown and evolved with along with the company. The 10 Oxygen behaviors of Google's best managers (behaviors 3 and 6 have been updated and behaviors 9 and 10 are new): 1. Is a good coach 2. Empowers team and does not micromanage 3. Creates an inclusive team environment, showing concern for success and well-being 4. Is productive and results-oriented 5. Is a good communicator — listens and shares information 6. Supports career development and discusses performance 7. Has a clear vision/strategy for the team 8. Has key technical skills to help advise the team 9. Collaborates across Google 10. Is a strong decision maker

Google spent 10 years researching what makes the 'perfect' manager, Inc reports

A company could spend all the money it wants recruiting, interviewing, and hiring the best people around. But if the boss is a jerk, those people will leave the first chance they get. In contrast, if you have great managers and team leads, not only will you get the best out of your people, but they'll also be more likely to stick around. For over 10 years, Google has conducted research under the code name Project Oxygen. The goal? Figuring out what makes the perfect manager, so it could train its leaders to develop those behaviors. The research has paid off, as over the years Google has seen marked improvement in employee turnover, satisfaction, and performance. Interestingly, technical skill mattered much less than you might guess. What was far more important for managers were emotional intelligence skills--the ability to understand and control emotions (both their own and those of their people). Check out the 10 behaviors that make up the perfect boss, according to Google. 1. Is a good coach Rather than solve every problem as soon as it arises, the best managers use problems as teaching moments. They guide their teams and share insights when needed. This allows their team to gain valuable experience and grow. 2. Empowers team and does not micromanage "I love to be micromanaged," said no employee, ever. In contrast, great managers give their people the freedom they crave: freedom to explore their ideas, to take (smart) risks, and to make mistakes. They also provide the physical tools their people need, and allow for flexible schedules and working environments. 3. Creates an inclusive team environment, showing concern for success and well-being In another research project, Google discovered that the single greatest key to a team's performance was creating a "psychologically safe" environment. As Google puts it: In a team with high psychological safety, teammates feel safe to take risks around their team members. They feel confident that no one on the team will embarrass or punish anyone else for admitting a mistake, asking a question, or offering a new idea. In other words, great teams thrive on trust--and great managers help build that trust. 4. Is productive and results-oriented The best managers are more than star players--they make their teammates better, too. They do so by setting the right example and getting down and dirty whenever necessary. They're not afraid to roll up their sleeves and help out, and that motivates their team. 5. Is a good communicator--listens and shares information The best managers are great listeners. This helps them to better understand their teams, and show appropriate empathy. Additionally, good managers realize knowledge is power. That's why they are transparent and willing to share information with their teams, so their people know the "why" behind the "what." 6. Supports career development and discusses performance Great managers encourage their people by sharing sincere and specific praise. But they aren't afraid to share critical feedback, too--making sure to frame it in a way that is both tactful and constructive. They also invest in their people by helping them reach their personal career goals. By doing so, they naturally motivate their teams to give back. 7. Has a clear vision/strategy for the team Great managers know exactly where the team is right now, where they are headed, and what they need to do to get there. Through good communication, they help keep the team on track. They also make sure each team member understands their individual role in executing that strategy. 8. Has key technical skills to help advise the team Great managers understand the jobs of their people, including their everyday tasks and challenges. If the manager is moved into a new department, he or she will take time to get to know how things are done, and work to build trust before making drastic changes or offering advice. 9. Collaborates effectively Bad managers view their team as a silo, working against or even sabotaging other teams within the same company. In contrast, great managers see the big picture. They work for the good of the company as a whole, and encourage their teams to do the same. 10. Is a strong decision maker Great managers aren't impulsive, but they are decisive. After getting to know the facts and considering the thoughts and perspectives of their teams, they move things forward--even if that requires making a decision not everyone will approve of. Then, they commit to those decisions. If your company can train and promote managers who do these 10 things, you'll build trust and inspire your people to become the best versions of themselves. They'll follow, not because they have to. But because they want to. Read the original article on Inc.

Tuesday, May 21, 2019

The Family by Tin Tun Oo

The Family ဦးကျော် ကျနော်တို့အိမ်ကို ဘယ်အချိန်တည်းက ရောက်လာခဲ့တာလဲ ကျနော်မသိပါ။ ကျနော် လူမှန်းသိတတ်စ အရွယ်တည်းက ညအိပ်ရာဝင်ခါနီး အချိန်ဆို ဦးကျော်က အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ထိုင်၊ ကျနော်က သူ့ပေါင်ပေါ် ခေါင်းအုံးပြီး ပုံပြင်တွေ ပြောပြခိုင်းတာ မှတ်မိနေပါသည်။ ဦးကျော် ပြောပြသော ပုံပြင်များကို ကျနော် တအားကြိုက်ပါသည်။ ဆင်ကြီးများကိုပင် အစွယ်ချိုးနိုင်သည့် ဗလကောင်းသော သူရဲကောင်းကြီး၊ မြေလျှိုးမိုးပျံနိုင်သော ညီအစ်ကို၊ ကျွဲချိုထိပ်မှာ ကင်းမြီးကောက်ထောင်နိုင်သည့် မင်းသား၊ လှပသလောက် မာန်မာနကြီးသော ဘုရင်မ စသည့် ပုံပြင်များကို နေ့စဉ်နားထောင်နေရပေမယ့် မရိုးနိုင်ပါ။ "မောင်ကျော်က အင်မတန်အားကိုးရတယ်" လို့ ဖေဖေ ခဏခဏပြောတတ်ပါသည်။ ဦးကျော်က ဖေဖေခိုင်းသမျှ မညီးမညူ လုပ်ပေးတတ်ပါသည်။ အလုပ်လုပ်တာလည်း အင်မတန်တိကျသေချာပါသည်။ "အဲ..ဒါပေမယ့်" ဒီစကားက ဖေဖေအမြဲ ဆက်ပြောနေကျ စကားပါ။ ဦးကျော်က ညနေစောင်းရင်တော့ ရီဝေတတ်ပါသည်။ ဖေဖေက အနုနည်းနှင့် သွေးဆောင်၍ တမျိုး၊ အကြမ်းနည်းနဲ့ ခြိမ်းခြောက်၍ တဖုံ အမျိုးမျိုး လုပ်ဖူးပါသည်။ မရပါ။ "အစ်ကိုကြီးရယ် ကျနော့်မှာ ဒါလေးပဲဖြေစရာရှိတာပါ" ဆိုတဲ့ ဦးကျော်စကားကြောင့် ဖေဖေ အမြဲ လက်လျော့ရပါသည်။ နောက်ပိုင်းကျ မေမေကပဲ ဝင်ပြီး "ရှင်ကလည်း မောင်ကျော် သောက်တာက ရှင့်လုပ်ငန်းကိုင်ငန်း ပျက်လောက်အောင် ဖြစ်နေတာမှ မဟုတ်တာ။ မူးပြီး ဟော့ဟော့ရမ်းရမ်းလည်း မလုပ်တတ်ပါဘူး။ သူဝါသနာပါတဲ့ ကြက်တိုက်တဲ့ ကိစ္စလည်း ရှင်မကြိုက်ဘူးဆိုလို့ စွန့်လွှတ်ပြီးပြီလေ။ သူ့မှာ ဒါလေးပဲကျန်တာကို။ ဆွေမျိုးမရှိ ဘာမရှိနဲ့ ဒီလောက်တော့ လွှတ်ထားပေးလိုက်ပေါ့ရှင်" ဆိုပြီး ဖျောင်းဖျတော့မှ ဖေဖေလည်း စိတ်လျှော့သွားပါသည်။ ဒါတောင် မင်းဦးကျော် မူးလာရင် သူ့နားမကပ်နဲ့နော် ဆိုပြီး ကျနော့်ကို ကြိတ်မှာတတ်သေးသည်။ ခက်တာက ကျနော်ကလည်း ညဘက်မှ ဦးကျော်နှင့် ဆုံရတာဖြစ်သည်။ တနေကုန် ကျောင်းမှာ အချိန်ကုန်၊ ပြန်လာရင်လည်း ဦးကျော်က ဖေဖေ့အလုပ်တွေ လုပ်နေရတာ မပြီးသေး။ ပြီးရင်လည်း သူက ထွက်သွားလိုက်တာ (သူ့ထုံးစံမပျက် သွားရီဝေတာပဲ နေမှာပါ) ညအိပ်ခါနီးလောက်မှ ပြန်ပြန်ရောက်လာသည်။ အဲဒီလိုအချိန်မျိုးဆို ခေါင်းငိုက်ငိုက်နှင့် ရေချိန်ကိုက်လာပြီး ကွပ်ပျစ်ပေါ် လှဲအိပ်တော့သည်။ ကျနော်က ဖေဖေမမြင်အောင် မယောင်မလည်နဲ့ သွားပြီး ဦးကျော် ပုံပြင်ပြောပြ ဆိုပြီး အတင်းကပ်ရသည်။ နောက်တစ်ခုရှိတာက ဦးကျော်က မထွေပြားတဲ့ ပုံမှန်အချိန်ဆို ခပ်တည်တည်နှင့် နေတတ်သည်။ ဘယ်သူနှင့်မှလည်း သိပ်အရောဝင်လေ့ မရှိပါ။ ရီဝေလာပြီဆိုရင်တော့ ဦးကျော် အူမြူးလာပြီ။ စကားတွေရွှင်လာသည်။ တဟီဟီနှင့် ပြောချင်ရာတွေ ပြောတော့သည်။ "သားအစ်ကိုတွေလည်း ဦးကျော် ပေါင်ပေါ် ခေါင်းအုံးပြီး ပုံပြင်တွေ ပြောခိုင်းခဲ့ဖူးတာပဲကွ" လို့ဦးကျော်က ပြောတတ်သည်။ ဦးကျော်နားက အရက်နံ့ ပြင်းပါသည်။ ဦးကျော် အဲဒီလိုပြောပေမယ့် ကျနော့်အတွက်တော့ ယုံရခက်နေပါသည်။ အဲဒီတုံးက ကိုလေးက ကိုးတန်းလား ဆယ်တန်းလားမသိ၊ ကိုကြီးကတော့ ရန်ကုန်မှာ ကောလိပ်သွားတက်နေတဲ့အချိန် ဖြစ်ပါသည်။ ကိုလေးရော ကိုကြီးရော ဦးကျော်ကို သိပ်အရောဝင်တာ ကျနော်မတွေ့ဖူးပါ။ မေးထူးခေါ်ပြောလောက်သာ ခပ်တန်းတန်း ဆက်ဆံကြပါသည်။ ဖေဖေက သူတို့ကိုလည်း မောင်ကျော့်နားသိပ်မကပ်နဲ့ကွ ဆိုပြီး ပြောထားလားမသိ။ သူတို့ကလည်း ဘာလို့ ဖေဖေ့စကား နားထောင်ပါလိမ့်။ တခါတော့ ကိုကြီးရန်ကုန်ပြန်တော့ ကျနော်တို့ ဘူတာလိုက်ပို့ကြပါသည်။ ဦးကျော်မောင်းတဲ့ ကားနဲ့ပေါ့။ ကိုကြီးက ရထားပေါ်မတက်ခင် ကျနော့်ကို ပွေ့ချီပြီး တရှုတ်ရှုတ်နှင့် နမ်းပါသည်။ "ကိုကြီးနောက်တခါ ပြန်လာရင် ပူတူးအတွက် မုန့်ဝယ်ခဲ့မယ်နော်၊ ဘာမုန့်စားမလဲ" ဆိုပြီးမေးပါသည်၊ ကျနော်က "သားအတွက်က အမြဲဝယ်ဝယ်လာနေတာပဲ မစားတော့ပါဘူး။ ကိုကြီးက ဦးကျော်အတွက်ကျ ဘာမှ မဝယ်လာဘူး။ ဒီတခါပြန်လာရင် ဦးကျော်အတွက်ဝယ်ခဲ့" ဆိုပြီး ပြောလိုက်ရာ ဖေဖေရော မေမေပါ ပွဲကျသွားပါသည်။ ကိုကြီးကလည်း တဟားဟားနှင့် တော်တော်စကားတတ်တဲ့ ကောင်လေးဆိုပြီး ဖက်နမ်းပြန်ပါသည်။ "အရက်သမား လူမိုက်အတွက်များ" ကိုလေးအသံက သူ့ဆံပင်ပုံလို ခပ်ရွဲ့ရွဲ့ဖြစ်နေပါသည်။ ဦးကျော်က မလှမ်းမကမ်းက ကွမ်းယာဆိုင်လေးမှာ ဆေးလိပ်မီးညှိနေပါသည်။ ကိုလေးစကားကို ဦးကျော် ကြားမကြားတော့ ကျနော်မသိပါ။ ထိုနေ့ညက ဖေဖေ့အခန်းထဲမှာ ကိုလေးကို ဆူနေကြတာ ကျနော်တစွန်းတစကြားပါသည်။ "ဘာမှ ရိုသေစရာမလိုဘူး။ သားတို့နဲ့လည်း အမျိုးတော်တာမဟုတ်ဘူး" ဆိုတဲ့ ကိုလေးအသံက လူပျိုဖော်ဝင်ခါစဆိုတော့ ခပ်အုပ်အုပ်။ ဘာတွေဖြစ်ကြလဲတော့ ကျနော်မမြင်ရပါ။ ဒါပေမယ့် "အကို အကို လွန်မယ်နော်" ဆိုပြီး မေမေက ဖေဖေ့ကို အတင်းဆွဲနေတဲ့ အသံကိုတော့ ကျွန်တော်ကြားပါသည်။ နောက်နေ့ ကိုလေး မျက်နှာမှာ ညိုညိုမည်းမည်းကြီး ဖြစ်နေတာ ကျွန်တော်တွေ့သည်။ "မင်းတို့အားလုံးမှတ်ထား၊ အကြီးကောင်ပြန်လာရင်လည်း ထပ်ပြောဦးမယ်၊ ကိုယ့်မိဘက မတောင့်မတ မကြောင့်မကြထားလို့ အေးအေးဆေးဆေးနေရတာကို အသားလွတ် ဘဝင်မြင့်မနေနဲ့၊ မင်းတို့ သူဌေးသားတွေ မဟုတ်ဘူး" အင်္ဂါသားဖေဖေ့ အသံက ခြင်္သေ့လို ဟိန်းပြီးထွက်လာသည်။ ........... ဦးကျော်က ကိုလေးပြောသလို အရက်သမား လူမိုက်ဆိုတာတော့ ကျနော်မယုံပါ။ ဒါပေမယ့် ဦးကျော်ပုံကတော့ လူမိုက်ကြီးတွေရဲ့ ပုံစံနှင့် တူနေတာ အမှန်ပင်။ ဦးကျော်၏ ဆံပင်ရှည်ကြီးက ကောက်ကောက်ကွေးကွေးနှင့် အမြဲ မျက်နှာကို ဖုံးနေတတ်သည်။ နှုတ်ခမ်းမွှေးစစနှင့် မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေကလည်း အပြည့်။ ခြံထဲက ရေတွင်းမှာ ဦးကျော် ရေချိုးတဲ့အချိန်ဆို ခါးတောင်းကျိုက်ထားသည့် ဦးကျော်ပေါင်မှာ ထိုးကွင်းတွေ အပြည့်ဖြစ်နေတာလည်း ကျနော် တွေ့ဖူးတယ်။ ထိုမည်းမည်းအရာများကို ထိုးကွင်းဟု မသိခင်က ဖေဖေ့ကို ကျနော်မေးဖူးသည်။ "ဖေဖေ ဦးကျော်ပေါင်က မည်းမည်းကြီးတွေက ဘာတွေလဲဟင်၊ ဖေဖေ့မှာကျ ဘာလို့မရှိတာလဲ" "အဲဒါ ထိုးကွင်းလို့ခေါ်တယ် သားရဲ့။ ဟိုးရှေးရှေးတုန်းက၊ သားကြားဖူးနေကျ ပုံပြင်တွေထဲက မြန်မာကြီးတွေမှာပဲ ရှိတာ" "ဟင် ဦးကျော်မှာကျ ဘာလို့ရှိလဲ၊ သူက ပုံပြင်ထဲက မြန်မာကြီးလည်း မဟုတ်ဘဲနဲ့" "ေဩာ် သူက ရှေးအစဉ်အလာ ထိန်းသိမ်းတဲ့ မျိုးရိုးက လာလို့ပေါ့ကွာ၊ မောင်ကျော့်မှာက အတော်စုံတယ်ကွ၊ နဂါးတို့ ဂဠုန်တို့လေ၊ သား ဘုရားတွေမှာ တွေ့ဖူးတဲ့ အရုပ်တွေလေ၊ အဲဒါတွေလည်း သူ့မှာ ရှိတယ်ကွ၊ ကြောင်တွေ အိမ်မြောင်တွေရော၊ စုံလို့ကွာ" "ဟင် အိမ်မြောင်၊ သား အိမ်မြောင်ကြည့်ချင်တယ် အိမ်မြောင်ကြည့်ချင်တယ်" ကျနော်က ပူဆာတော့ ဖေဖေက မျက်လုံးတွေ မို့အစ်သွားအောင် ရယ်ပါသည်။ "အေး ကြည့်ချင်ရင် မင်းဦးကျော်ကို ပြခိုင်းပေတော့" "ဖေဖေ ဟိုဟာ မဖြေရသေးဘူး၊ ဖေဖေ့မှာရော အဲဒီအရုပ်တွေ ဘာလို့ မရှိတာလဲဆိုတာ" ဖေဖေက တဟားဟားနှင့် ထပ်ရယ်ပါသည်။ "လူလည်လေး၊ မေ့များမေ့သွားမလားလို့ ရောချလိုက်တာ၊ မမေ့ဖူးဘဲ" ဖေဖေက မျက်မှန်ချွတ် မျက်လုံးထဲမှာ အိုင်ထွန်းနေသော မျက်ရည်များကို သုတ်ပြီးမှ "ဖေဖေ့မှာ မရှိတာက ဒီလိုလေ၊ အဲဒီဟာတွေကို ဆေးမင်ကြောင်လို့ ခေါ်တယ်ကွ။ စုတ်နဲ့ ပေါက်ရတာ၊ စုတ်ဆိုတာ အပ်လိုမျိုးပဲကွာ၊ သူကနည်းနည်း ပြားပြား၊ ကြီးကြီး၊ အဲဒီအပ်ကြီးနဲ့ ပေါက်ပေါက်ပြီး ထိုးရတာ၊ အရမ်းနာတယ်၊ ကွမ်းသီးခဲကို ပါးစပ်မှာ ကိုက်ပြီး အထိုးခံရတာ" "ဘာလို့လဲဟင်၊ ဘာလို့ကိုက်ရတာလဲ" "နာလွန်းလို့ ကိုယ့်လျှာကိုယ်ပြန်ကိုက်မိမှာ စိုးလို့ပေါ့ကွ" "ေဩာ် လက်စသတ်တော့ ဖေဖေက နာလို့မထိုးတာကိုး" ဆိုတော့ ဖေဖေ ပက်လက်ကုလားထိုင်လေး သိမ့်သိမ့်တုန်သွားတော့သည်။ မေမေကတောင် ဒီသားအဖ ဘာတွေ ဒီလောက်အူမြူးနေကြတာလဲ ဆိုပြီး မီးဖိုခန်းထဲက ထွက်လာကြည့်ရသည်။ "မင်းသားကို ကြည့်စမ်းပါဦးကွာ။ လူကြီးလေးကျနေတာပဲ စကားတတ်လိုက်တာ" ဆိုပြီး ကျနော့်ဆံပင်တွေကို ထိုးဖွပေးပါသည်။ "သားဦးကျော် သတ္တိကောင်းတာကတော့ မမေးနဲ့၊ သားအဖေကိုမေးကြည့်ပါလား" ဆိုပြီး မေမေက ပြောသည်။ ဖေဖေက ကုလားထိုင်ပေါ်မှာ ကိုယ်ကို မတ်လိုက်ပြီး ချက်ချင်း ဟန်ပြင်လိုက်သည်။ ကွက်စိပ်ဆရာ တစ်ယောက်နှင့်ပင် တူနေသေးသည်။ "အမယ်လေး အဲ့အကြောင်းများ ပြောရရင် မမောနိုင် မပန်းနိုင် ပြောပါတော့မယ်" ဆိုပြီး မေမေက စကားနာထိုးတာတောင် ဂရုမစိုက်တော့ဘဲ "ဒီလိုသားရဲ့" ဟု အစချီကာပြောတော့သည်။ ထိုနေ့က စပြီး ပုံပြင်ထဲက ဗလကောင်းတဲ့ သူရဲကောင်းတွေ၊ မြေလျှိုးမိုးပျံတဲ့ ညီနောင်တွေ နေရာမှာ သူရဲကောင်း အသစ်တစ်ယောက် ထပ်တိုးလာခဲ့သည်။ သူကတော့ ပုံပြင်ထဲက မဟုတ်ပေ။ ညတိုင်း အိမ်ရှေ့ကွပ်ပျစ်မှာ ကျနော့်ကို ပုံပြင်ပြောပြနေကျ ဦးကျော်ပင်ဖြစ်သည်။ ခေတ်ကာလ မကောင်းသော အခြေအနေမှာမှ အရင်းအနှီးတွေ ချေးငှားပြီး စွန့်စားချင်သည့် ဆန်ကုန်သည်ပေါက်စလေး ဖေဖေသည် ထုံးစံအတိုင်း တောလမ်းတစ်နေရာတွင် ဓားပြ အတိုက်ခံရတော့သည်။ "မင်းဦးကျော်က အဲဒီတုံးက သျှောင်တစောင်းနဲ့ကွ၊ ဖေဖေပြောပါတယ် ဒီကောင်က အစဉ်အလာထိန်းသိမ်းတဲ့ ပတ်ဝန်းကျင်သိုင်းအဝိုင်းကပါလို့" "အဲဒီတုန်းက ဒီကောင်ချပုံက အခုသားတို့ကြည့်နေတဲ့ ဒေးဗစ်ချန်းတို့ တီလုံးတို့ ထက်တောင် လှသေးတယ်ကွာ။ ဖေဖေဖြင့် ပိုက်ဆံထုပ် တစ်ဖက်ကပိုက်ပြီး တုန်နေတာ တမျိုး၊ သူ့ကို ဘယ်အချိန် ဓားနဲ့အပိုင်းခံရမလဲဆိုပြီး ရင်ကလည်း တုန်နေသေးတယ်" "ဓားရှည်တွေနဲ့ ဓားပြ လေး ငါးယောက်လောက်ကို တစ်ယောက်တည်း ခံချတာကွာ၊ သူ့လွယ်အိတ်ထဲမှာက ရှေးတုန်းက ရေတကောင်းကြီးပါလာတယ်၊ အဲဒါကြီးနဲ့ ခေါင်းတွေကို ပြေးပြေးရိုက်တာ၊ အဲဒါကြီး သူ့အခန်းထဲမှာခုထိရှိလိမ့်ဦးမယ်၊ ဘယ်သူ့မှ အကိုင်မခံဘူးဟေ့၊ ဖေဖေ့တောင် မပေးဘူး၊ တခါက ရှေးဟောင်းပစ္စည်းဘာညာ နားလည်တဲ့ ဖေဖေ့မိတ်ဆွေတစ်ယောက် အိမ်လာတော့ ဖေဖေက စကားစပ်မိလို့ သူ့ တောင်းတောင်းပန်ပန်နဲ့ မောင်ကျော်ရယ် ခဏလေးပဲ ကြည့်မှာပါ ပြလိုက်ပါဆိုမှ သူ့အခန်းထဲက သွားထုတ်ချလာတယ်၊ ဖေဖေ့မိတ်ဆွေကတော့ တော်တော်မျက်လုံးပြူးသွားတာပဲ၊ သူနောက်ကွယ်ကျမှ ဖေဖေ့ကိုပြောတယ် ကိုခင်ဇော် ဒါကြီးက နှစ်ပေါင်းကို မနည်းလောက်တော့ဘူးဗျ၊ ခင်ဗျားလူက ဘယ်က ဘယ်လိုရထားတာလဲတဲ့၊ ဖေဖေလည်း သူတို့ဘိုးဘွားပိုင် ဘာညာနေမှာပါဗျာဆိုပြီး အင်းအဲနဲ့ ရောချလိုက်ရတယ်၊ တကယ့်ရှေးဟောင်းပစ္စည်းအစစ်ဆို နိုင်ငံတော်ကို အပ်ရမှာလေ" "အဲဒီ ဓားပြတိုက်တဲ့ကိစ္စလည်း ပြီးရော သူ့ကို ဖေဖေတခါတည်း မြို့ခေါ်ချလာတာပဲ။ ဒီကောင့်ကို မိသားစု ဆွေမျိုးတွေ မေးတော့လည်း အကုန်သေပြီတဲ့။ ဒါနဲ့.. မင်းငါနဲ့ လိုက်မလား၊ အလုပ်ပေးမယ်၊ ထမင်းကျွေးမယ်၊ နေစရာပေးမယ်ဆိုတော့ အရက်ပုံမှန်သောက်ရရင် တော်ပါပြီတဲ့" "အဲဒီတုန်းက မေမေဖြင့် မင်းအဖေ ဘယ်က ဇာတ်မင်းသား ခေါ်ချလာတာလဲလို့ လန့်သွားတာပဲ၊ သျှောင်တစ်စောင်းကြီးနဲ့၊ တိုက်ကြက်ဖကြီးကလည်း ပိုက်ထားသေးတယ်၊ အဲဒီတုန်းက မင်းကိုကြီးတောင် ခါလည်သားပဲ ရှိဦးမယ်၊ သူကတော့ မင်းဦးကျော်ကို လူထူးလူဆန်းထင်ပြီး ပျော်နေတာပဲ၊ အင်း..ကလေးတွေလည်း ငယ်ငယ်က မောင်ကျော့်ကို တော်တော် တွယ်တာရှာတာနော် ..အခုမှ" မေမေ့အသံက ပြောရင်းနှင့် တိမ်ဝင်သွားသည်။ ဖေဖေက "မင်းကလည်း မဆိုင်တာတွေ ဝင်ပြောပြန်ပြီကွာ။ တို့သားအဖ ပျော်နေတာလေးတွေ ပျောက်အောင် မလုပ်ပါနဲ့" ဆိုပြီး ဆူသလိုလိုနဲ့ မေမေ့ကျောကို သပ်ရင်း နှစ်သိမ့်ပေးနေသည်။ ကျနော်ကတော့ မေမေတို့ ဘာတွေ ဆက်ပြောနေလဲ မသိတော့ပါ။ ကျနော့် ပုံရိပ်ထဲမှာ ဓားပြတွေကို သျှောင်တစ်စောင်းကြီးနဲ့ ချနေတဲ့ ဦးကျော်ပုံရိပ်တွေက တရုတ်သိုင်းကားတစ်ကားလို မြင်ယောင်လာသည်။ ...... ဦးကျော် တကယ် ချတာကို ကိုယ်တွေ့ကြုံရတော့ ကျနော်ရှစ်တန်း၊ ကြီးကောင်ဝင်စ ပြုနေပြီ။ အဲဒီနေ့က ကျောင်းက အပြန်။ လာကြိုနေကျ ဦးကျော်က လာမကြိုလို့ သူငယ်ချင်းတွေ စက်ဘီးနဲ့ ကပ်လိုက်လာခဲ့သည်။ လမ်းထဲဝင်လာတော့ ရှေ့ဆုံးက နင်းသွားသော တင်မောင်မြင့်က ဟေ့ကောင်တွေ ရှေ့မှာ ရန်ဖြစ်နေတယ်ကွဆိုပြီး အော်ပြောသည်။ ကျနော့်ကို တင်နင်းလာသော နို့ဘူးက ဟေ့ကောင်ငါ ကြောက်တယ် ဆိုပြီး စက်ဘီးကို ရပ်လိုက်သည်။ ကျနော်လည်း နို့ဘူး မင်းကလည်း စောက်ကြောက်ပဲဟု ဆဲဆိုကာ ဘီးပေါ်မှ ဆင်းပြီး လူအုပ်ကြားထဲ တိုးဝှေ့ကြည့်တော့ ဆံပင်ရှည်ကြီးတွေကို ခြင်္သေ့လည်ဆံမွှေးလို ခါရမ်းနေသည့် ဦးကျော်ကို တွေ့လိုက်ရသည်။ "စောက်ရူးတွေ သတ္တိရှိရင် တက်လာခဲ့" အရက်ပုလင်းအကွဲကို မြောက်ပြီး ဦးကျော်က စိန်ခေါ်နေသည်။ တဖက်မှာ ဦးကျော်ကို စားမတတ် ဝါးမတတ် မီးဝင်းဝင်း တောက်မျက်လုံးတွေနဲ့ ကြည့်နေသည့်သူတွေကို တွေ့မှ ကျနော် သဘောပေါက်တော့သည်။ "အစ်ကိုကြီး အဲ့ဒီနတ်ပွဲက တရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်ဗျာ၊ တော်တော် အာရုံနောက်လာပြီ" လွန်ခဲ့တဲ့ အပတ်တည်းက ဦးကျော် ဖေဖေ့ကို ပြောနေတာ ဖြစ်သည်။ လမ်းထိပ်ကနေ လော်စပီကာနှင့် အကျယ်ကြီး ကခုန်တီးမှုတ်နေသော နတ်ပွဲကို ဦးကျော် တော်တော် ုမြင်ပြင်းကပ်နေပုံရသည်။ ဖေဖေက ထားလိုက်ပါကွာ ဆိုပြီး တရားချပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားဟန်တူသည်။ နတ်ပွဲလုပ်သည့် အိမ်ကို ကျနော် သိပါသည်။ ကိုလေး ဝင်ထွက်နေကျ အန်တီစောတို့ အိမ်ဖြစ်သည်။ အန်တီစော သမီးတွေနဲ့ ကိုလေးနဲ့ကလည်း ဘာလိုလို၊ ရပ်ကွက်ထဲမှာ အသံတွေထွက်နေတဲ့အချိန်ဖြစ်သည်။ ပိုက်ဆံတတ်နိုင်တဲ့ လူတွေဆိုတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ အပျော်သက်သက် နတ်ပွဲလုပ်သည်။ သူများလို သုံးလေးရက်လည်း မဟုတ်။ တပတ်ကျော်ပြီး ဆယ်ရက်ပြည့်ခါနီးနေပြီ။ ဒီနေ့က နတ်ပွဲ နောက်ဆုံးနေ့။ ကျနော် ကျောင်းသွားတဲ့ မနက်က အဲဒီက ဖြတ်သွားရသည်။ အသားကုန် မူးကြ ရူးကြ သောင်းကျန်း ကခုန်နေကြသည်။ "အောင်ကြီး မင်း မတရားမလုပ်နဲ့ ၊ သတ္တိရှိရင် တစ်ယောက်ချင်း ချလေ" နတ်ပွဲကို ပွဲထိန်းလုပ်ပေးနေတာက ရပ်ကွက်ထဲက အလုပ်မရှိအကိုင်မရှိ လူမိုက် အောင်ကြီးတို့အဖွဲ့။ သူတို့က ဦးကျော် မူးနေတာကို အခွင့်ကောင်းယူပြီး အုပ်စုအားနဲ့ ဖိဖို့ ကြိုးစားနေသည်။ ဒါပေမယ့် ဦးကျော်က ဝင်လာသမျှ အကုန်လုံးကို ရှောင်တိမ်းပြီး ချက်ကောင်းတွေချည်း ပိတ်ပိတ်ကန်နေ၍ သုံးလေးယောက်လောက် မြေကြီးပေါ် လဲကျသွားပြီးပြီ။ ဖေဖေပြောတဲ့ ဒေးဗစ်ချန်းတို့ထက် ကြည့်ကောင်းတယ်ဆိုတာ အပိုပြောတာ မဟုတ်မှန်း ကျနော်သိလိုက်သည်။ "ငါတို့နဲ့တော့ မဆိုင်ဘူးထင်လည်း မဆိုင်ဘူးပေါ့ကွာ။ အေး ငါတို့ကတော့ ဆိုင်တယ်။ ဆိုင်ကိုဆိုင်တယ်။ ဦးကျော်ဆိုတာ ငါတို့နဲ့ မိသားစုလို နေလာတာ၊ ငါတို့ ဦးလေးဆိုလည်း မမှားဘူး" ကိုကိုနဲ့ ညီညီ လူအုပ်ထဲ ဝင်လာတာတော့ အကုန်ရှဲသွားသည်။ အောင်ကြီးတို့ပင် နည်းနည်း အိုးတို့အမ်းတမ်းဖြစ်သွားသည်။ ပန်းပဲဖိုက အဘတင့် သားတွေကို ဒီရပ်ကွက်သာမက ဟိုဘက်ရပ်ကွက်တွေကပါ ရှိန်ကြသည် မဟုတ်လား။ ကိုကိုနဲ့ ညီညီက အမြွာဆိုပေမယ့် ရုပ်တော့ ချွတ်စွပ်တူတာ မဟုတ်ပါ။ ဆင်တာတော့ တော်တော်ဆင်ပါသည်။ လက်သံပြောင်တဲ့ နေရာမှာလည်း အတွဲညီပါသည်။ အဘတင့်တို့ ဒီရပ်ကွက်ထဲ ပြောင်းလာတော့ ကျနော်က သုံးတန်း။ အဲဒီတုန်းက အဘတင့်ရယ်၊ သူ့မိန်းမ ကြီးကြီးရွှေရယ်၊ ကိုကိုညီညီ အမြွာနှစ်ယောက်ရယ် စုစုပေါင်းလေးယောက်သာဖြစ်သည်။ နောက် ၂ နှစ်လောက်နေမှ အဘတင့် ညီမတွေနှင့် အဘတင့်သမီးလေးပါ လိုက်လာကြသည်။ ရပ်ကွက်ထဲက လူတွေနှင့် သိပ်အစေးမကပ်သော ဦးကျော်က အဘတင့်တို့ မိသားစုနဲ့တော့ ခဏလေးနဲ့ ရင်းနှီးသွားသည်။ တစ်လလောက်နဲ့ အဘတင့်ပန်းပဲဖိုက သူ့စားအိမ်သောက်အိမ်ဖြစ်သွားသည်။ ဖေဖေကတောင် "မောင်ကျော်လည်း ကိုမောင်တင့်တို့ ရောက်လာမှ အရင်ထက် ပိုပျော်လာသလိုပဲကွ" လို့ ပြောရသည်။ "ပျော်တာတော့ မပြောနဲ့လေ၊ အဲဒီမှာပဲစား၊ အဲဒီမှာပဲ အိပ်နေတာ၊ အိမ်တောင်မလာဘူးလေ၊ ရှင်တောင် ပွဲရုံကျမှ တွေ့ရတာမှတ်လား၊" ဆိုပြီး မေမေက ဝင်ပြောသည်။ ဟုတ်သည်။ ဦးကျော် အိမ်ကို သိပ်မလာတော့။ နောက်ပိုင်းကျ ကျနော်က ဖေဖေခိုင်း၍ ဦးကျော်ကို အဘတင့် ပန်းပဲဖိုသို့ သွားသွားခေါ်ရသည်။ အဲဒီမှာတင် ကျနော်ပါ အဘတင့်တို့ မိသားစုနဲ့ ရင်းနှီးသွားပြီး စားအိမ်သောက်အိမ် ဖြစ်သွားရသည်။ "ကျွန်မအထင်တော့ ကိုမောင်တင့်တို့က မောင်ကျော့်ရွာက ဆွေမျိုးနီးစပ်တွေ ဖြစ်လိမ့်မယ်" လို့ မေမေက မှန်းမှန်းဆဆပြောသည်။ ဖေဖေကတော့ အဲဒီလောက် မတွေးပါ။ "သူပျော်တယ်ဆိုလည်း ပြီးတာပါပဲကွာ" ဟုသာဆိုသည်။ "ဟေ့ ပူတူး ညီလေး ဝေးဝေးနေစမ်း ငါ့ညီ၊ မင်းနဲ့ မဆိုင်ဘူး" လွယ်အိတ်ကို ပစ်ချပြီး ရန်ပွဲထဲ ဝင်ဖို့ လုပ်နေသော ကျနော့်ကို ညီညီက လှမ်းတွေ့၍ အော်ပြောလိုက်သည်။ ထိုအခါမှ ကိုကိုရော ဦးကျော်ပါ ကျနော့်ကို မြင်သွားသည်။ "သား ပူတူး မလာနဲ့ လူလေး အန္တရာယ်များတယ်" ဦးကျော်က ကျနော့်ကို စိုးရိမ်တကြီးနဲ့ တားသည်။ ကိုကိုကလည်း ကျနော့်ကို ဝင်မလာရန် မျက်ရိပ်ပြသည်။ ကျနော် ဘာလုပ်ရမလဲ မသိဖြစ်နေတဲ့ အချိန်မှာပဲ "ဟေ့ အကုန်တော်ကြစမ်း၊ မောင်ကျော်..မင်းလည်းတော်၊ ကိုကို ညီညီ မင်းတို့ကို အိမ်ကျမှ ရှင်းမယ်၊ မောင်အောင်ကြီးတို့ မင်းတို့ကို ငါ့ညီနဲ့ ငါ့သားတွေကိုယ်စား တောင်းပန်တယ်ကွာ။ အေး တောင်းပန်တာမှ မကျေနပ်ရင် ငါနဲ့ ရှင်းလို့ရတယ်။ ပန်းပဲထုရာက ထွက်လာသလား ထင်ရသည့် အဘတင့် ခန္ဓာကိုယ်ကြီးက ချွေးတွေနှင့် ပြောင်ရွှဲနေသည်။ စစ်စိမ်းရောင် စွပ်ကျယ်အကျႌလက်အောက်မှာ ကြွက်သားကြီးတွေ ဖုထစ်နေသည်။ အရပ်ခြောက်ပေနှင့် ကျောပြင် ကျယ်ကျယ်၊ လူကောင်ကြီးကြီး ကျွဲကြီးလို အဘတင့်ကို အကုန်လုံး ငေးမောကြည့်နေကြသည်။ "ဒါပေမယ့် အဖေ သူတို့က ဦးကျော်ကို အနိုင်ကျင့်.." "ဟေ့ကောင် ညီညီ တော်စမ်း၊ ဘာမှထပ်မပြောနဲ့ ခုချက်ချင်း အိမ်ပြန်" ညနေက ကျနော့်ကိုကြိုဖို့ ဦးကျော်က အိမ်ကကားနဲ့ ထွက်လာခဲ့သည်။ အဲဒီနတ်ပွဲနားအရောက်တွင် ဦးကျော်က ကွမ်းတံတွေး ထွေးလိုက်မိသည်ကို အောင်ကြီးတို့ကမြင်ပြီး ကားကို တား၍ ပြဿနာ ရှာခြင်းဖြစ်သည်။ နတ်ပွဲထဲကြည့်လိုက်တော့လည်း အကုန်ဖရိုဖရဲနှင့် မွစာကျဲနေသည်။ နတ်စင်ပေါ်က နတ်ရုပ်တွေ အလဲလဲပြိုပြို။ အရက်ပုလင်းတွေက ကွဲ၊ ဆိုင်းသမားတွေ၊ စက်သမားတွေကတော့ သူတို့ပစ္စည်းတွေ ထိမှာစိုးလို့ အဲဒီနားမှာပဲ အုပ်စုဖွဲ့ပြီး ရပ်နေသည်။ ကြည့်ရတာ ဦးကျော် တော်တော်ပွဲကြမ်းထားပုံရသည်။ "မောင်ကျော် ဒါစော်ကားကောင်းတဲ့ အရာမဟုတ်ဘူးနော်၊ မင်းမိုက်ရိုင်းတာ ကြည့်မိုက်ရိုင်း၊ ဒါ နတ်ကွဲ့ နတ်" တိုက်ဝရံတာပေါ်က အန်တီစောက လှမ်းအော်ပြီး ရန်တွေ့သည်။ "အဲဒီနတ် ခင်ဗျားဖင်ထဲ ထိုးထည့်ထားလိုက်ပါလား။ အလကားနတ်၊ စောက်ရူးနတ်တွေ၊ စောက်ထင်ကို မကြီးတာ" ဦးကျော်ကြည့်ရတာလည်း ထွေနေသည်။ ကျနော့်ကို လာမကြိုခင် နည်းနည်းချလာပုံရသည်။ "ဟေ့ကောင် မောင်ကျော် ငါနောက်တစ်ခေါက် ထပ်မပြောတော့ဘူးနော်" အဘတင့် အသံကြီးက ပန်းပဲဖိုက တူကြီး ထုရိုက်လိုက်သလို မာကျောခက်ထန်နေသည်။ အဘတင့် ဟောက်လိုက်တော့မှ ဦးကျော်လည်း ငြိမ်သွားသည်။ ခဏနေတော့ ဖေဖေနှင့် ရပ်ကွက်လူကြီးတွေ ရောက်လာပြီး ရပ်ကွက်ရုံးသို့ အကုန်ရောက်သွားကြသည်။ ဖေဖေက ကျနော့်ကို အိမ်အတင်းပြန်ခိုင်း၍ ဘာတွေဆက်ဖြစ်လဲတော့ ကျနော်မသိလိုက်ပါ။ ................. အဘတင့်က လူကောင်ကြီးသလောက် ခန္ဓာကိုယ်နှင့် မလိုက်အောင် သွက်လက် ဖျတ်လတ်လွန်းလှသည်။ ကွမ်းတမြုံ့မြံု့ ဝါးနေတတ်ပြီး ရယ်လိုက်လျှင် ကွမ်းတံတွေးတွေ ဖိတ်စင်ကျလာသည်။ "ဘဘ၊ ဘဘတို့အိမ်မှာ သားတို့အိမ်လို ဘာလို့ အုန်းသီးကြီး မဆွဲတာလဲ" "ဟေ ဘာအုန်းသီးလဲကွ" "ဟို အိမ်ခန်းထဲက အုန်းသီးလေ၊ ယပ်တောင်တွေရော၊ လိုက်ကာအနီနဲ့ကာထားရတာ၊ အိမ်တွင်းအဖေကြီးဆိုလား" အဘတင့်က ပြန်မဖြေဘဲ ကွမ်းကိုထွေးထုတ်ပြီး၊ ကွမ်းအစ်ထဲကနေ နောက်တစ်ယာ ယာစားလိုက်သည်။ ပြီးတော့မှ ကျွဲချိုလို သူ့နှုတ်ခမ်းမွှေးကော့ကော့ကြီးကို ပွတ်သပ်ပြီး "သားကို မေးမယ်၊ ခု ဘဘတို့အိမ်ထဲမှာ ဘယ်သူအကြီးဆုံးလဲ" "ဘဘေလ" "အေး ကိုကိုနဲ့ ညီညီတို့ ရွှေမိတို့ အဖေကရော ဘယ်သူလဲ" "ဘဘပဲလေ" "အေး ဒါဆို ဘဘက အိမ်တွင်းအဖေကြီးပေါ့ကွ၊ အဖေကြီးကိုယ်တိုင်ရှိနေမှတော့ ဘယ်အုန်းဆွဲစရာ လိုတော့မလဲ ဟားဟား ဟားဟား" အဘတင့်က ထိုသို့ နောက်တီးနောက်တောက်လည်း ပြောတတ်ပါသည်။ ကိုကိုနှင့်ညီညီကလည်း အဘတင့် သွေးပါသည် ထင်ပါသည်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသလို၊ အဘတင့်လို ပျော်ပျော် နေတတ်တာ၊ နောက်တတ်တာလည်း တူသည်။ တစ်ခါက ကျနော့်သူငယ်ချင်းတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း သူတို့ နှစ်ယောက်က ခပ်တည်တည်နှင့် ဝင်ထိုင်ချလာသည်။ "ဟေ့ရောင် ပူတူး" ကျနော်လည်း ရုတ်တရက်မို့ ကြောင်နေမိသည်။ "ဘာလဲ ကိုႀကီး" ကိုကိုတို့က ကျနော့်ကိုလေးနှင့်မှ ရွယ်တူသာဖြစ်သည်။ "မင်း ငါတို့အိမ်လာလာနေတာ ငါတို့ကတော့ အကောင်းလာတယ် မှတ်နေတာ၊ မင်းက ငါတို့အဒေါ်တွေကို လာကြောင်တာဆိုကွ၊ အဲ့ကိစ္စရှင်းစမ်းပါဦး" ကျနော့်ခေါင်းကို မိုးကြိုးပစ်ချခံရသလို ထူပူသွားသည်။ သူခိုးလူမိသလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ အဘတင့်ညီမတွေဆိုပေမယ့် မမမြတ်နဲ့ မမဖြူက နောက်ကျမှ မွေးသည်ဟု ဆိုသည်။ တော်တော်ငယ်သေးသည်။ သူတို့ အသက် အတိအကျကို ကျနော်မသိပါ။ ဒါပေမယ့် ကိုကို ညီညီတို့ အဒေါ်တွေလို့ ပြောရင်တော့ ဘယ်သူမှ ယုံမှာမဟုတ်ပါ။ မသကာ အစ်မတွေလောက်ပဲ ထင်ကြလိမ့်မည်။ သူတို့ကလည်း အဒေါ်လို့ မခေါ်ပါ၊ မမမြတ်၊ မမဖြူ ဟုသာ ခေါ်ကြသည်။ ကျနော်လည်း သူတို့ခေါ်တဲ့ အတိုင်း လိုက်ခေါ်ရင်း မမမြတ် မမဖြူဆိုပြီး နှုတ်ကျိုးသွားသည်။ "ဟေ့ကောင် ပြောလေ ဘယ်တစ်ယောက်လဲ၊ မမမြတ်လား မမဖြူလား၊ နှစ်ယောက်လုံးလား" ကျနော် အာစေးမိသလို ဘာမှမပြောနိုင်၊ ကျနော့်သူငယ်ချင်းတွေလည်း ကြောက်ဒူးတုန်နေကြပြီ။ ကိုကိုညီညီဆိုတာ လက်သံက ပြောင်ပါဘိသနဲ့။ သွေးသားအရွယ်ရောက်ခါစ ယောကျာ်းလေးတစ်ယောက် အနေနှင့် ကျနော်လည်း စိတ်ကစားမိတာ မှန်နေသည်ကိုး၊ မရည်ရွယ်ပေမယ့် အဲဒီအိမ်သွားရင် အသားဖြူဖြူ ဆံပင်အရှည်ကြီးနဲ့ မမမြတ်ကို ခိုးခိုးကြည့်မိတာတော့ အမှန်ပင်။ မမဖြူကိုတော့ သိပ်စိတ်မဝင်စားမိပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ လုံလှပြီထင်တာပါပဲ။ ခိုးခိုးကြည့်လိုက်၊ လူလစ်ရင် မမမြတ်နဲ့ စကားရောဖောရော လုပ်လိုက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ မှတ်နေတာ။ ခု ကိုကိုနဲ့ ညီညီ ဘယ်လိုကနေ ဘယ်လိုသိသွားလဲ မစဉ်းစားတတ်တော့ပါ။ ရွှေမိကြောင့်ပင် ဖြစ်မည်။ ဒီကလေးမလေးက သုံးတန်းလောက်သာ ရှိသေးပေမယ့် အရွယ်နဲ့မလိုက်အောင် စကား အင်မတန်တတ်သည်။ ကျနော့်ကို ကိုကြီးပူတူး ကိုကြီးပူတူးဆိုပြီး ညာညာစားတတ်သည်။ ဟိုနေ့က သူဝယ်ခိုင်းတဲ့ မုန့်ပါမလာသည့်ကိစ္စကို မှတ်ထားပြီး လူစုံတော့မှ ကိုကြီး ပူတူးက အိမ်လာရင် မမမြတ်ကိုပဲ လိုက်ကြည့်နေတာပဲဆိုပြီး အရှက်ခွဲသည်။ ဘဲဥပြုတ်နဲ့ပဲ ထမင်းစားတတ်သော သူ့ကို ကျနော်က ဘဲဥမဟု စရင် စိတ်ဆိုးပြီး စကားမပြောတော့ပေ။ သူ့အမေ ကြီးကြီးရွှေက ကိုကြီးပူတူးက ချစ်လို့စတာပါ သမီးရဲ့ ဟု အတင်းချော့မှ စိတ်ဆိုးပြေသည်။ အဘတင့်နှင့် ကြီးကြီးရွှေက ကိုကိုညီညီတို့ကို မွေးပြီးတာ တအားကြာမှ ရွှေမိလေးကို မွေးတာ ဖြစ်သည်။ ဒါပေမယ့် ကြီးကြီးရွှေကလည်း လှတုန်းပင်။ ပြောလို့ပြောတာမဟုတ်၊ သူတို့ မိသားစုက မိန်းမတွေအကုန် လှနေကြသည်လို့ ကျနော်မြင်သည်။ "ဟေ့ရောင် ပြောလေကွာ ဘယ်တစ်ယောက်လဲလို့" "မအေဘေးလေး၊ စွတ်ကြောက်မနေနဲ့၊ မင်းကြိုက်ရင် ငါတို့က ချိတ်ပေးမလို့ ဟားဟား ဟားဟား" အဲဒီတော့မှ ကျနော် ဟူးခနဲ သက်ပြင်းကြီး ချရတော့သည်။ ကျန်တဲ့ကောင်တွေလည်း အကြောက်လွန်ပြီး ကြောင်တောင်တောင်နှင့် ကြည့်နေကြသည်။ တဆိုင်လုံးကိုတော့ ကိုကိုညီညီ၏ ရယ်သံက ဖုံးလွှမ်းသွားသည်။ ........................ အဘတင့်တို့ ထွက်သွားသည့် ညကို ကျနော်မှတ်မိသေးသည်။ တစ်ရပ်ကွက်လုံး အိပ်မောကျနေတဲ့အချိန်မှာ ဦးကျော်က ကျနော့်အခန်းထဲ လာပြီး တိတ်တိတ်လေး နှိုးသည်။ "သား ပူတူး ထ ထ" ကျနော် ဦးကျော်စက်ဘီး နောက်က အိပ်ချင်မူးတူးနှင့် ငိုက်ပြီး လိုက်ပါသွားသည်။ ကျနော်တို့အိမ်က ကားပေါ်မှာ အဘတင့်တို့ ပစ္စည်းအနည်းငယ် တင်ထားသည်။ ပန်းပဲဖိုသုံးပစ္စည်းတွေက အဓိကဖြစ်သည်။ အိမ်ကကားကိုတွေ့ပေမယ့် ဖေဖေနှင့် မေမေကို ကျနော်မတွေ့ပါ။ ရွှေမိလေးက ကျနော့်ကိုတွေ့တော့ ပြေးဖက်သည်။ "ကိုႀကီး ပူတူး" ပြီးတော့ တရှုံ့ရှံု့နှင့် ငိုတော့သည်။ "မငိုပါနဲ့ ညီမလေးရယ်၊ ညီမလေးတို့ပြောင်းသွားလည်း ကိုကြီး လာလည်လို့ရတာပဲ၊ စာတိုက်ကနေ စာမှန်မှန်ရေး၊ မရေးတတ်ရင် ကိုကိုနဲ့ညီညီ့ကို ရေးခိုင်း၊ ကိုကြီးလာလည်ရင် ညီမလေးဖို့ မုန့်တွေ အများကြီးဝယ်လာခဲ့မယ်နော်" ပြောရင်းနှင့် ကျနော့်အသံ တိမ်ဝင်လာသည်။ မမမြတ်က အထုပ်တစ်ထုပ်ကို သယ်လာပြီး ကားပေါ်တင်နေသည်။ ကျနော့်ကိုတွေ့တော့ သူ့ထုံးစံအတိုင်း ခပ်နွဲ့နွဲ့လေး လျှောက်လာသည်။ "ကိုလင်း" မမမြတ်က တစ်ရပ်ကွက်လုံးခေါ်သလို ပူတူးလို့ မခေါ်ဘဲ ကျနော့်နာမည်ကို အဖျားစွတ်ခေါ်လေ့ရှိသည်။ "ရော့ ဒါလေး ယူထားကွာ၊ အမှတ်တရပေါ့" နောင်အခါ ကျနော့်ပုံဆွဲစာအုပ်ကြားထဲ တစ်သက်လုံး ညှပ်ထားတော့မည့် သစ်ရွက်ခြောက်လေး။ မမမြတ် ဘာအဓိပ္ပါယ်နဲ့ ပေးလဲ ကျနော်မသိသေးပါ။ "နွေဝင်ကာစ အရွက်ကြွေတွေ မြေမကျခင် ဖမ်းရင် လပ်ကီးကောင်းတယ်ကွ၊ မမမြတ် မနည်းဖမ်းထားရတာ၊ ကိုလင်း စာအုပ်ကြားထဲ ညှပ်ထား၊ စာတွေ ဘာတွေ ရတာပေါ့၊ ရှစ်တန်းက အစိုးရစစ်မဟုတ်လား၊ အရေးကြီးတယ် မပေါ့နဲ့၊ သေချာလုပ်" မမမြတ်ဘာတွေ ပြောနေလဲ ကျနော်မကြားတော့ပါ။ ကျနော့်ရင်ထဲမှာ တခါမှမဖြစ်ဖူးသည့် ဝမ်းနည်းသည့် ခံစားချက်ကြီးကိုသာ မောင်းထုတ်ချင်နေမိသည်။ ကိုကိုညီညီ၊ မမဖြူ၊ ကြီးကြီးရွှေ၊ အဘတင့်၊ သူတို့ကိုယ်စီ ကျနော့်ကို လာနှုတ်ဆက်ကြသည်ကိုလည်း ကျနော်မမှတ်မိတော့ပါ။ သူတို့ထွက်သွားကြတော့ ကားကြီးက နှင်းတွေကြားမှာ ဝိုးတဝါးပဲ မြင်ရသည်။ ဒါမှမဟုတ် ကျနော့်မျက်လုံးတွေ မျက်ရည်တွေနှင့် ပိတ်နေလို့လည်းဖြစ်နိုင်မည်။ .................... ဦးကျော် ထွက်သွားသည့်အကြောင်း ကျနော့်ကို မပြောပြ၍ ဖေဖေနှင့်မေမေကို ကျနော် တစ်လလောက် စကားမပြောပါ။ ကျနော့်စိတ်ထဲမှာတော့ ဦးကျော် ခရီးထွက်သွားသည်ဟုသာ ထင်နေခဲ့သည်။ ဖေဖေနှင့်မေမေကလည်း ဟိုလိုလို ဒီလိုလိုသာ မရေမရာ လုပ်နေသည်။ ဦးကျော်က အဘတင့်တို့ ထွက်သွားသည့်အချိန်လိုပင်၊ ကျနော်အိပ်နေတုန်း တိတ်တိတ်လေး ထွက်သွားတာ ဖြစ်သည်။ "ပူတူးသိရင် ကျနော့်ကိုပေးသွားမှာမဟုတ်ဘူး အစ်မရဲ့" ဦးကျော်က ကျနော့်ကို အသိမပေးဖို့ ဖေဖေနှင့် မေမေကို အတင်းအကြပ် ကတိတောင်းသွားခဲ့သည်။ ဦးကျော်ထွက်သွားတာက အဘတင့်တို့နှင့် တစ်လသာ ခြားပါသည်။ ဘယ်ကိုသွားမလဲ မပြောသွားပေမယ့် ကျနော် သေချာ သိနေပါသည်။ အဘတင့်တို့နောက်ကိုသာ လိုက်သွားလိမ့်မည်ဖြစ်သည်။ ခက်တာက အဘတင့်တို့ ဘယ်ကိုထွက်သွားလဲ ကျွန်တော်မသိပါ။ ဖေဖေနှင့် မေမေလည်း မသိပါ။ ကျနော် စာအုပ်ကြားက သစ်ရွက်လေးကိုသာ ထုတ်ကြည့်နေမိသည်။ .............. "အဖေလာလေ နောက်တစ်ပုံလောက်" ကျနော့်သားက ခေါ်နေသည်ကို ပြန်ပင်မဖြေနိုင် လက်ပဲပြလိုက်ရသည်။ ပုဂံနေက ပူလွန်း၍ ကျနော် ပင်ပန်းနေတာ ဝန်မခံချင်ပေမယ့် ဝန်ခံလိုက်ရသည်။ "ဟုတ်သားပဲ၊ ဖိုးဖိုးကလည်း မီးမီးနဲ့ နှစ်ပုံပဲရိုက်ရသေးတယ်" "မောင်ကလည်း အဖေနားပါစေ၊ ဘယ့်နှယ့် သူဓာတ်ပုံရိုက်ချင်တိုင်း လျှောက်ခေါ်နေတယ်၊ သမီးရေ ဖိုးဖိုးက နေပူရင် ပင်ပန်းတယ်ကွဲ့၊ အတင်းမခေါ်ရဘူး ငရဲကြီးလိမ့်မယ်" ကျနော့်ချွေးမက အလိုက်တသိနှင့်ပြောရှာသည်။ ကျနော့်သားက ကျနော့်ခြေရာနင်းပြီး သဘောင်္သားဖြစ်လာခဲ့သည်။ ဒီအတွက် ကျနော်ဂုဏ်ယူပါသည်။ ဒါပေမယ့် ကျနော်ကျောင်းပြီးတည်းက စွန့်လွှတ်ခဲ့ရသော ပုံဆွဲဝါသနာကိုတော့ ဒီကောင် ဆက်မသယ်ဆောင်ဖြစ်ပါ။ သူက တမျိုး၊ သူ့ဘကြီး ကျနော့် ကိုလေးလို ဓာတ်ပုံရူး ရူးတဲ့ကောင် ဖြစ်လာသည်။ ပုံဆွဲတာနဲ့ ဓာတ်ပုံနဲ့ နီးတော့ နီးစပ်ပါတယ် အဖေရဆိုပြီး အမြဲရယ်ကျဲကျဲနှင့် ပြောတတ်သည်။ ဒီကောင် ငယ်ငယ်တည်းက ကျနော့်ထက် သူ့ဘကြီးကို ပိုခင်သည်ဟု ကျနော်ထင်သည်။ ကိုလေးတို့က သားသမီး မထွန်းကားပါ၊ ကိုကြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားပြီးတည်းက ကိုလေးက မိသားစု တာဝန်ကို ကိုကြီး ကိုယ်စား ပုခုံးထမ်းလွှဲယူခဲ့သည်။ ဖေဖေအားကိုးရသော သားတစ်ယောက် ဖြစ်လာခဲ့သည်။ တခါက ဖေဖေ့လက်သီးစာဖြင့် မျက်နှာတခြမ်း ယောင်ကိုင်းသွားသော ကိုလေးပုံရိပ်ကို ကျနော် ဝိုးတဝါးမြင်မိသေးသည်။ ကိုကြီးမဆုံးခင်ထိ ကင်မရာတကားကားနှင့် မြန်မာပြည်အနှံ့လျှောက်သွားနေသော ကိုလေးသည် ကိုကြီးကိစ္စဖြစ်သည့်အချိန်မှစ၍ သူချစ်သော ကင်မရာကို ထိပင်မထိတော့ချေ။ ကျနော့်သားမွေးလာတော့ ထိုကင်မရာသည် သူ့အတွက်ဖြစ်သွားသည်။ ကိုလေးက ကျနော့် သားနှင့်မြေးကို ကျနော့်ထက်ပင် ပိုချစ်သည်ဟု ထင်ရသည်။ ယခု ပုဂံဘုရားဖူး ခရီးကိုတော့ ကိုလေးမလိုက်နိုင်တော့ပါ။ ပုဂံကိုလာတာက ဘုရားဖူးသက်သက်ထက် ကိုလေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ချင်တယ်ဆိုတဲ့ သားရဲ့ ဆန္ဒဖြစ်သည်။ ကျနော်က အစတော့ ခရီးပန်းမှာစိုးလို့ ငြင်းသေးသည်။ ဒါပေမယ့် ကျောင်းသားဘဝကတခေါက်၊ အိမ်ထောင်မကျခင်တခေါက်သာ ရောက်ဖူးသော ပုဂံကို ပြန်သွားချင်တာရော၊ ပုံလေးဘာလေး ပြန်ဆွဲချင်တာရောကြောင့် ကျနော် လိုက်လာဖြစ်ခဲ့သည်။ ပုဂံကတော့ ပုဂံပီပီ လှနေပါသည်။ နေဝင်ခါစ မြင်ကွင်းကိုကြည့်ဖို့တော့ ဓမ္မရံကြီးပေါ် တက်ရဦးမည်။ တက်နိုင်ပါ့မလား ကျနော့်ကိုယ်ကျနော် မသေချာတော့။ "ဘဘကြီး ပို့စ်ကတ်လေးတွေ ဝယ်ပါဦး" စာအုပ်ထဲ ပုံကြမ်းတွေခြစ်နေသော ကျနော့်နားကို ကလေးမလေးတစ်ယောက် ကပ်လာသည်။ ကျနော့်မြေးမလေး အရွယ်လောက်ပဲရှိမည်။ သနပ်ခါး ပါးကွက်ကျားလေးနှင့် ချစ်ဖို့ တော်တော်ကောင်းသည်။ "ဝယ်မှာပေါ့ကွ၊ သမီးက တော်တော်ချစ်ဖို့ ကောင်းတာပဲ" ဆိုတော့ သွားကျိုးလေးများ ပေါ်အောင်ပြုံးပြသည်။ ဟင် . . . . "ေရႊ....." ကျနော် စကားမဆုံးဘဲ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည်။ ကလေးမလေးက ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနှင့် ကြည့်နေသည်။ ခဏနေတော့ နိုင်ငံခြားသားနှစ်ယောက် ဘုရားထဲ ဝင်လာတော့ တခြားကလေးတွေနှင့်အတူ သူလည်း ဝိုင်းအုံပြီးပြေး ဝင်သွားသည်။ ကျနော်ကလေးမလေးနောက် အပြေးလိုက်သွားမိသည်။ ရုတ်တရက်ထလိုက်၍ သိပ်မကောင်းတော့သည့် ဒူးက ဆစ်ကနဲနာသွားသည်။ ဇရာက ကျနော့်ကို နိုင်စပြုနေပြီ။ အသက် ၇၀ ဆိုတာ လူ့လောကမှာနေခဲ့တဲ့ အချိန်တွေ တော်တော်များနေပြီပဲ။ ကျနော်ထော့နဲ့ ထော့နဲ့နှင့်ပင် ကလေးမလေးဆီ အပြေးတပိုင်း လိုက်သွားမိသည်။ ပြီးတော့မှ အသက်ကို မနည်းရှူပြီး သူ့ပုခုံးကို တို့လိုက်ရသည်။ "သမီး ဘဘကြီး အကုန်ဝယ်မယ်၊ သမီးအိမ်ကို ဘဘကြီးကို ခေါ်သွားပါလား" "တကယ်လား ဘဘကြီး၊ ပျော်လိုက်တာ၊ အာ့ဆို အိမ်လိုက်ခဲ့ အိမ်မှာ ထမင်းအလကားကျွေးမယ် မေမေ့လက်ရာက ရှယ်ပဲ" ဘုရား နှစ်ဆူ သုံးဆူလောက်ဖြတ်ပြီးတော့၊ ဓမ္မာရုံတစ်ခုဘေးမှာ ခပ်လတ်လတ် မြန်မာထမင်းဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရသည်။ သွပ်ပြားပေါ် သင်္ဘောဆေးနှင့်ရေးထားသည့် ဆိုင်းဘုတ်ကို ကျနော် မဝံ့မရဲ ကြည့်လိုက်မိသည်။ "တင့်မိသားစု မြန်မာထမင်းဆိုင်" ကလေးမလေးက ကျနော့်လက်ကို အတင်းဆွဲပြီး ဆိုင်ထဲခေါ်သွားသည်။ "ဖေဖေ မေမေ၊ ဒီ ဘဘကို ရှယ်ဟင်းတွေပဲ ချပေးနော်၊ ဘဘက သမီးပို့စ်ကတ်တွေ အကုန်ဝယ်လိုက်တာ" အသက် ၄၀ အရွယ် အသားဖြူဖြူ မိန်းမတစ်ယောက် နွေးထွေးစွာ ပြုံးပြသည်။ "ထိုင်ပါ ဆရာကြီး ထိုင်၊ ဒီနေ့ ရှယ်တွေချည်းချက်ထားတာ" အသက် ၅၀ အရွယ် ထိပ်ပြောင်ပြောင်၊ ထောင်ထောင်မောင်းမောင်း ယောကျာ်းကြီးတစ်ယောက်က ကျနော့်ကို လက်ကတွဲကူပြီး သေချာနေရာထိုင်ခင်းချပေးသည်။ အသားဖြူဖြူ မိန်းမပျိုလေးနှစ်ယောက် တို့စရာ နှင့် ဟင်းခွက်များ အစီအရီလာချပေးသည်။ စားပွဲထိုးနေသည် ကောင်လေးနှစ်ယောက်က ကျနော့်ကို ပြုံးပြီး ကြည့်လို့။ ဆိုင်ဘေးမှာ ဆံပင်စုတ်ဖွားနှင့် လူလတ်ပိုင်း ယောကျာ်းတစ်ယောက်က သစ်ရွက်ခြောက်တွေကို စူးချွန်နဲ့ထိုးပြီး စုပုံနေသည်။ ကျနော် ထမင်းနှင့် ဟင်းကို သေချာ အရသာခံပြီးစားမိသည်။ တချိန်က တစ်ခုသော မီးဖိုချောင်ထဲ ကျနော် လှန်လှောစားဖူးတဲ့ အရသာ။ ""အေး ဒါဆို ဘဘက အိမ်တွင်းအဖေကြီးပေါ့ကွ၊ အဖေကြီးကိုယ်တိုင်ရှိနေမှတော့ ဘယ်အုန်းဆွဲစရာ လိုတော့မလဲ ဟားဟား ဟားဟား" "ဆင်တွေကိုတောင် လက်တစ်ဖက်တည်းနဲ့ အစွယ်ချိုးနိုင်တဲ့ ပန်းပဲသမားကြီးကို ဘုရင်က ကြောက်လာတော့ နန်းတော်ကို ဆင့်ခေါ်တာပေါ့ကွာ" "ဘုရင်ကြီးက သူ့ကို သတ်မှာလားဟင်" "အေး .. ဒါပေမယ့် တစ်ဖက်လှည့်နဲ့ ရာထူးပေးပြီး မျှားခေါ်တာ၊ ပန်းပဲသမားကြီးက သိတယ်လေ၊ အဲဒါနဲ့ ထွက်ပြေးသွားရောတဲ့" "ဟင် ဒါပေမယ့် သားသူငယ်ချင်းတွေကို အဲ့ပုံပြင်ပြန်ပြောပြတော့ သူတို့က ပန်းပဲသမားကြီး သေသွားတယ်တဲ့၊ ဘုရင်က မီးရှို့သတ်တာတဲ့၊ မင်းပုံပြင်က အတုကြီးတဲ့" "ဟားဟား ဘယ့်နှယ့်အတုကမှာလဲကွ၊ ဦးကျော်ကို အဲဒီပန်းပဲသမားကြီးကိုယ်တိုင်ပြောပြတာ၊ အစစ်မှ ရေတောင်မရောဘူး" "ဟင်း၊ ဦးကျော်က ပလီပြီ၊ ပန်းပဲသမားကြီးက ပုံပြင်ထဲကလူကြီးဥစ္စာ၊ ဦးကျော်ကို ဘယ်လိုတွေ့မှာလဲ" "ဟားဟား ဦးကျော်ကို အထင်သေးလို့၊ ဦးကျော်လည်း ပုံပြင်ထဲကပဲကွ" "အမယ် အဲဒါဆို ပြောပါဦး ဦးကျော်ပုံပြင်" "ဟားဟား ဦးကျော် ပုံပြင်က ဘာမှ စိတ်ဝင်စားဖို့ မကောင်းဘူး။ အရက်သောက်တာနဲ့ ကြက်တိုက်တာပဲပါတယ်ကွ" "ဟားဟား ပူတူးကြီးလာရင် ဦးကျော်လို အရက်မသောက်နဲ့နော်" ................. "စားလို့ မြိန်တယ်ထင်တယ်၊ ဆရာကြီး၊ ပြောင်သလင်းခါသွားတာပဲ" ခုနက သစ်ရွက်တွေ စုနေတဲ့လူ ဆိုင်ထဲဝင်လာပြီး ကျနော့်ဘေးမှာ ပြုံးပြီးလာရပ်နေသည်။ ဆံပင်စုတ်ဖွား၊ နှုတ်ခမ်းမွှေး စစနဲ့၊ ဒီမျက်နှာကို ကျနော်တစ်သက်မေ့စရာမရှိပါ။ ကျနော် မတ်တပ်ထရပ်ပြီး ပြေးဖက်ပစ်လိုက်သည်။ လူလတ်ပိုင်းလူက ကြောင်အမ်းအမ်းနဲ့ ကျနော့်ကို ပြန်ဖက်လာသည်။ "ဦးကျော်..ခင်ဗျားဗျာ..... ကျနော့်ကို မပြောဘဲနဲ့.... ခင်ဗျား" ကျနော် စကားလုံးတွေ ရှာမရတော့ပါ။ အသက် ၄၀ အရွယ် မိန်းမက အရပ်မြင့်မြင့် ယောကျာ်းကြီးကို လက်တို့ရင်း "ဒါ...ဒါ.....မဟုတ်မှလွဲရော" အရပ်မြင့်မြင့် ထောင်ထောင်မောင်မောင်း ဗလအထွားသားနှင့် ယောကျာ်းကြီးက နှုတ်ခမ်းတွေ ရိပ်ခနဲ လှုပ်သွားသည်။ ကျနော် အားရနှစ်ခြိုက်စွာ ပြုံးပြလိုက်သည်။ "အဘတင့်တို့ နေကောင်းကြတယ်နော်" "သား....ပူတူး" "ဟဲဟဲ ကျနော်က အခု အဘတင့်တို့အားလုံးထက် အသက်ကြီးသွားပြီဗျ ၊ သားလို့မခေါ်နဲ့ ငရဲကြီးမယ်" အဲဒီအချိန်မှာ မီးဖိုထဲက ထွက်လာတဲ့ အသားဖြူဖြူ မိန်းမပျိုလေးလက်ထဲက လင်ပန်း လွတ်ကျသွားသည်။ ကျနော့်ကို ကြည့်ပြီး မျက်လုံးလေး ပြူးလို့။ သူ့ပါးစပ်က တစုံတခုကို ရေရွတ်လိုက်သည်။ ကျနော် အသက် ၇၀ ကျော်နေပါပြီ။ မျက်လုံးတွေလည်း မကောင်းတော့ပါ။ ဒါပေမယ့် မိန်းမပျို ရွတ်လိုက်တဲ့ စကားက "ကိုလင်း" ဆိုတာ ဖြစ်လိမ့်မယ်လို့ ကျနော် ရဲရဲကြီးပြောရဲပါသည်။ ပုံဆွဲစာအုပ်လေးက ဟိုနေရာမှာ ကျန်နေခဲ့သည်။ အထဲမှာ သစ်ရွက်ခြောက်လေး ရှိနေဦးမလား။ ကျနော်မသိပါ။ - Tim 19/5/2019 Dedicated to Neil Gaiman and Bill Willingham Source: Tin Tun Oo hint: Kaung Myat Bo ဒီဇာတ်လမ်းက ဇာတ်ကောင်တွေက ၃၇ မင်းနတ်တွေပါ... ဦးကျော် - မင်းကျော်စွာ (ခေါ်) ပခန်းဦးမင်းကျော် အဘတင့် - မဟာဂီရိနတ် (ပန်းပဲ မောင်တင့်တယ်) ကြီးကြီးရွှေ - ရွှေနဘေ (ပန်းပဲ မောင်တင့်တယ်၏ ဇနီး) မမမြတ် - ရှင်စောမိ (ခေါ်) မမြတ်လှ၊ နှမတော်နတ် (ပန်းပဲ မောင်တင့်တယ်၏ နှမကြီး) မမဖြူ - ရှင်ထွေလှ (ခေါ်) မဒွေးဖြူ၊ သုံးပန်လှ (ပန်းပဲ မောင်တင့်တယ်၏ နှမငယ်) ကိုကို - ရှင်ညို (တောင်မကြီးနတ်) (ပန်းပဲမောင်တင့်တယ်နှင့် ရွှေနဘေတို့၏သား) ညီညီ - ရှင်ဖြူ (မြောက်မင်း) (ပန်းပဲမောင်တင့်တယ်နှင့် ရွှေနဘေတို့၏သား) ရွှေမိ - မနဲမိ (သုံးပန်လှခေါ် ရှင်ထွေးလှ၏ သမီး) တစ်ခုပဲ... ရွှေမိက ဒီထဲမှာ အဘတင့်ရဲ့ သမီးဖြစ်နေတာလေးတစ်ခုပဲ... တကယ်က မမဖြူရဲ့ သမီးဖြစ်ရမှာ...

Monday, February 11, 2019

ရာဇဝင် တွင်ရစ်မယ့် ပုစ္ဆာ

ရာဇဝင်တွင်ရစ်မယ့်ပုစ္ဆာ **************** ကြာတော့လည်းကြာခဲ့ချေပြီ။ လွန်ခဲ့သော ၂၇ နှစ်ခန့်က။ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်မွန်ဒေသ။ နွေတစ်ညပင်ဖြစ်လင့်ကစား ရှမ်းကုန်းမြင့်၏ အအေးဓာတ်က စိမ့်စက်စက်။ လကွယ်ညမို့မှောင်မည်းမည်း။မှုန်တိမှုန်ဝါး ကြယ်အလင်း အစက်အပြောက်အောက်တွင် သစ်စက် အေဆာက္အအံုႀကီးကခပ္ခံုးခံုးတြားသြားသတၱဝါႀကီး တစ်ကောင်သဖွယ် အနီးအနားဝန်းကျင် အလုပ်သမား အိမ်လေးများမှာ မှိုင်းခိုးတလူလူ ရေနံမီးခွက်တွေ ရှမ်းသံလေးများ ဝဲတဲတဲနှင့် စကားတပြောပြောရွာစွန်ဖျား ဆန်အရက်ဆိုင်လေးမှာ ဝါးဆစ်ခွက်မြှောက်သံနှင့် ခပ်အုပ်အုပ် ရယ်မောလိုက်သံ။ လေတိုက်ခြင်းမရှိ။ အလျဉ်း ငြိမ်သက်နေဘိ၏။ ပြတင်းဟင်းလင်းဖွင့်လှစ်ထားသည့် သစ်စက်အပေါ်ထပ် အခန်းလေးထဲမှာ ။ဖန်မီးအိမ် အလင်းရောင်လက်လက်။ လူငယ်လေးတစ်ယောက်က တော့ လကွယ်ည၏အမှောင် ထုကြီးထဲသို့ရီဝေနွမ်းလျ ငေးကြည့်နေခဲ့သည်။ မျက်တောင်တဖျပ်ဖျပ် ခပ်လိုက်သောအခါ မျက်ရည်စ လေးများလား မျက်ဝန်းထောင့်မှာ ဝင်းလဲ့လဲ့။ အသက်ပြင်းစွာ ရှုရှုက်နေ၍ရင်ဘတ်နိမ့်ချည်မြင့်ချည်။ တွန့်ကွေးနက်မှောင် ဆံပင်တွေက ပြေပြစ်သောကာရန် များသဖွယ် အခွေခွေ အလိပ်လိပ် ရှည်လျားစွာ အသက် နှစ်ဆယ်ကျော်ရုံ သူ့မျက်နှာက ပီတိကလေးလေးပမာ ပုံမျိုး အပြစ်ကင်းစင်နေသေးသည်။ အသားဖြူဖြူ ။နှုတ်ခမ်းပါးလေး နီရဲရဲနှင့် အောက်နှုတ် ခမ်းကို ပေါက်ထွက်မတတ် သူကိုက်ထားခဲ့သည်။ ထူးထူးခြားခြားကြီးကို ရှည်လျားနူးညံ့ပြီး ထပ်ဖျားများ ချွန်သွယ်နေသည့် လက်ချောင်းတွေက ဟော်လိုဂစ်တာ ကြီးများပေါ်မှာ သိမ်မွေ့စွာဖြင့် လှုပ်ရှားနေကြသည်။ သူ့အနီးအနားမှာ စာရွက်တွေ ကစဉ့်ကလျား။ ရေးခြစ်ထားသော သီချင်းစာသားနှင့် ဂီတသင်္ကေတများ။ လုံးထွေးခြေမွ စုတ်ဖြဲထားသော စာရွက်တွေလည်း အများအပြား။ မျက်လုံးကိုတင်းတင်းမှိတ်ပြီး သက်ပြင်းရှည်လျား သူ မှုတ်ထုတ်လိုက်သည်။ ကမ္ဘာပျက်မတတ် ခံစားနေရသော သူ့ဝေဒနာက သူ့ အသက်နှင့် မမျှသည့်ပုံ ။ လေးလံစွာသော ဝန်ထုပ်ကြီး ကို သူထမ်းထားရသည်။ သူ့နှလုံးသားမှာ ဓားအစင်းစင်း စိုက်ဝင်နေခဲ့သည်။ သူ့ရင်လှောင်ချိုင့်ထဲမှာ လှိုင်းတံပိုးတွေနှင့် မုန်တိုင်း တစ်ခုကို သိုလှောင်ထားရသလိုမျိုး စာရွက်ပေါ်မှာ သီချင်းစာသား နောက်ထပ်တစ်ကြောင်း ကို ရေးချဖို့ပြင်ဆင်သော်လည်း သူ့လက်ချောင်းများ အထစ်ထစ် အငေါ့ငေါ့။ ပြီးခဲ့သည့် ၂ နှစ်။ ၃ နှစ်အတွင်းသူကြုံခဲ့ရသည့် လောကဓံ လှည့်ကွက် များက ကြမ်းတမ်းပြင်းထန်လှချေ သည်။ ထိုအချိန်တုန်းက မန္တလေးမြို့မှာ ။ ရန်ကုန်ရှိ သူ့ချစ်သူနှင့် တိတ်တိတ်ကလေး သွားတွေ့ ပြီး ပျော်မောစွာ ပြန်လာခဲ့သော ၁၉ နှစ်အရွယ် လူငယ် ကလေး ။ မန္တလေးရောက်တော့ ရပ်ကွက်ထဲမှ သူနှင့် ရင်းနှီးခင်မင်သည့် ကောင်မလေး တစ်ယောက်က မမျှော်လင့်ဘဲ ကြိုနှင့်နေပြန်သည်။ စက်ဘီးလေးတွန်းလာရင်း စကားတပြောပြောနှင့် လျှောက်လာခဲ့ကြတာ။ညလည်းမှောင်ရီစ။ ကောင်မလေးက အိမ်နှင့်အဆင်မပြေ။ သူတို့နှစ်ယောက် ခုလို ရင်းနှီးပူးတွဲသွားလာနေတာ မကြိုက်။ လိုက်ချင်လည်း အပြီးလိုက်သွားတော့ဟု နှင်ချသလိုလို။ ကောင်မလေး စိတ်ညစ်နေသည်။ ကောင်မလေး မျက်ရည်ကျသည်။ ကောင်မလေးရင်ဖွင့်သည်။ လူငယ်လေးကလည်း စိတ်နှလုံး နူးညံ့ပျော့ပျောင်းသည် ထိရှခံစားလွယ်လှသည်။ ကောင်မလေးကလည်း ဘာပဲဖြစ်ဖြစ် ဇွတ်ရှေ့တိုးဖို့ ဆုံးဖြတ်ထားပြီးပြီ။ ကောင်ကလေးအိမ်မှာက လူငယ်အပေါင်းအသင်းတွေ တရုံးရုံးလာတတ်သည်မှအပ လူကြီးတစ်ယောက်မျှမရှိ။ သူတစ်ယောက်တည်း။ သည်လိုနှင့် များများစားစား ဆင်ခြင်တွေးဆချိန်မရဘဲ သူမိန်းမ ရသွားသည်။ တကယ်ရည်ရွယ်ထားသော ချစ်သူကို ဘယ်လိုဆုံးရှုံး လိုက်ရမှန်း သဲသဲ ကွဲကွဲ မသိခင်မှာပင် သူ့ရင်ခွင်ထဲ မိန်းကလေး တစ်ယောက် ရောက်နေခဲ့ချေပြီ။ နှစ်ဖက်လူကြီးများ သဘောမတူကြသည့် ကြားကသူတို့ ရှေ့ကိုချီတက်ခဲ့ရသည်။ အိမ်မှာက သူငယ်ချင်းတွေမပြတ်။တီးကြမှုတ်ကြ။ ဂီတလူငယ်များ။ အဲသည်ကြားထဲ မဖိတ်ခေါ်ဘဲအလည် ရောက်လာသည့် မူးယစ်ဧည့်သည်။ သူတို့လူငယ်တစ်စုကို ရက်စက်စွာပဲ ဖြားယောင်းသွေး ဆောင်ကာ အညှာကင်းမဲ့ သွေးသားဝါးမျိုလေသည်။ အဲသည်နောက် သူငယ်ချင်းတစ်ယောက်က အိမ်ပေါ်မှာ မူးယစ်ရှော့ခ် ဖြစ်သေသည်။ သူသည်အသက်နှစ်ဆယ်မပြည့်သေး။ အလင်းအမှောင် မှားမှန်ပိုင်းခြား သိမြင်မစွမ်းတတ်။ ကြုံသမျှ ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် အဆိပ်ဒီရေတွေ အပြည့်နှင့်ပုံးကိုသူခပ်ခဲ့ မိပြီ။ အခုမှမငြင်းသာ။သူသောက်သုံးရတော့မည်။ ညွန်ရာခရီး သွားလိုက်ဦး။ မူးယစ်ကြွေး ပေးဆပ်ရန်အတွက် ဆိတ်ဖလူးရနံ သင်းပျံ့ ရာ ဘဝတက္ကသိုလ် အခန်းကျဉ်းသို့ သူဝင်ရောက်ခဲ့ သည်။ ထိုအခန်းကျဉ်ထဲမှာ သူ့အတွက်အပြတ်ပြတ်အတောက် တောက် ဖြစ်နေသေးသည့် ဂီတသံစဉ်များကို စိတ်ကူး ပုံရိပ်ထဲတွင် ဆက်စပ်ရုပ်လုံးဖော်ယူကြည့်ခဲ့သည်။ ဂီတာကြိုးပေါ်ကို လက်ချောင်းများတင်ရန်အခွင့်မသာ သောအခါ အာရုံပိတ်ကားပေါ်၌ဂီတသင်္ကေတများကို တစ်ခုချင်း တစ်ခုချင်း သူရေးကြည့်ခဲ့သည်။ အတွေးအိမ်မက်ထဲရှိ ထိုသံစဉ်နှင့် ဂီတများသည်။ တဖြည်းဖြည်းချင်း လင်းလင်းလာပြီး သူ့နှလုံးသားတစ်ခု လုံး ဝင်းထိန်ပြိုးပြက်လာခဲ့သည်။ ထိုဂီတ၏ပီတိကို သူဖမ်းဆုပ်နိုင်ခဲ့သည်။ သူသည်ရွှင်လန်းအားရစွာဖြင့် အပြင်လောကဆီသို့ ပြန်ရောက်လာခဲ့သည်။ ကံကြမ္မာက ချက်ကောင်းကို ထိုးနှက်ရန် နောက်တစ်လှမ်း ဆုတ်ပေးသည်။ သူ့မှာ သမီးလေးမွေးခါစ။ ရင်သွေးကို တုန်နေအောင်ချစ်တော့မည့်ဖခင်။ ပြင်ဆင်ချိန်မရခင် သမီးလေးကို ရှင်ကွဲ ကွဲခဲ့ကြသည်။ အဲသည်နောက်တော့ တမလွန်ကမ္ဘာတစ်ဖက်ဆီသို့ပင် ခရီးနှင် သွားခဲ့ရှာသည်။ သမီးလေးက သူတို့လင်မယားနှစ်ယောက်ကိုခေတ္တချည် နှောင်ပေးသော ဆက်ထုံးပြေခဲ့ပြီ။ ဇနီးမယားကလည်းစိမ်းကားချေပြီ။ ကွာရှင်းစာရေးပေးပါ။ ရပ်ကွက်ထဲမှ ကျောက်အရောင်းအဝယ်သူတစ်ယောက် နှင့် လက်ထပ်တော့မည်ဟု ဆိုလာသည်။ သူ့မှာအံအားအသင့်ကြီး သင့်နေရတော့သည်။ သူဘာကိုမျှမယုံကြည်နိုင်။သူဘာကိုမျှမဆုပ်ကိုင်မိ။ သူဘာလုပ်ရမည်မသိ။ ဘယ်တုန်းက တရားဝင်ရုံးတက် လက်မှတ်ထိုးခဲ့၍ ဘယ်လိုများ ကွာရှင်းစာကို ရေးပေးရမည်လဲ။ လူနှစ်ယောက်အကြားမှာ တစ်ဖက်ဖက်က သံယောဇဉ် များ ပြတ်တောက်သွားသောအခါ ဘယ်အရာမျှမတား နိုင် ။ တကယ်ချစ်ခဲ့သူကို ထားရစ်ခဲ့ပြီး မိန်းမတစ်ယောက်ကို ပေါင်းသင်းခဲ့ရသည်။ ယခုတော့ ရင်ခွင်ထဲ ဇွတ်တိုးဝင်လာခဲ့သလိုရင်ခွင်ထဲမှ လူးလွန့် စွန့်ခွာ သွားချေပြီ။ ဘယ္သူတားဆီးရႏိုင္မည္လဲ။ အသက်နှစ်ဆယ်ကျော်ခါစမှာ ထိုအတွေ့အကြုံများ အားလုံးကို စုပြုံသယ်ပိုးနိုင်ရန်ကလည်း သူ့အသည်းနှလုံး သည် မာကြောခြင်းမရှိခဲ့။ သူဆုပ်ခွာပြေးခဲ့ရသည်။ မိဘရပ်ထံရောက်ပြန်တော့လည်း သူ့မိုက်ပြစ်များကို သာ ဆူပူကြိမ်းမောင်းကြပြန်သည်။ ယခုတော့ လူငယ်လေးသည် သီချင်းစာသားကိုရေးချ လိုက်ပြီ။ မုန်တိုင်းပွင့်ထွက်တော့မည်။ ဝေဒနာတွေပေါက်ကွဲဖို့ အဆင်သင့်ပဲဖြစ်နေချေပြီ။ ပုခုံးပေါ်ကဆံပင်များကို သူသပ်တင်လိုက်သည်။ ဂီတာလက်ကွက်တွေပေါ်မှာ သွယ်လျလျလက်ချောင်း လေးများပြေးလွှားသွားကြလေပြီ။ ဂီတာကြိုးကို သူတို့ထိခပ်လိုက်သည်။ သီချင်းသံက အက်အက်ကွဲကွဲနှင့်ပင်ဆွငင်လွှင့်ပျံ့လာ တော့၏။ တဖြည်းဖြည်းချင်း မြင့်၍မြင့်တက်ဆွဲ၍ရစ်ပတ်လာခဲ့ သည်။ ဒီတစ်ညမှာ ....မြင်ရခဲတဲ့ မောင့်လပြည့်ဝန်း။ သာလွန်းတယ်.....အရင်ညက မောင့်လပြည့်ဝန်း။ အမှောင်ညကို စွန့်သွားခဲ့ ... မောင့် ..လပြည့်ဝန်း ....။ ထိုသီချင်းသံ ထွက်ပေါ်လာသည်နှင့် အမှောင်ထုသည် ပို၍နက်ရှိုင်းလာခဲ့သည်။ အသံဗလံအားလုံး တိတ်ဆိတ်ငြိမ်ကျသွားခဲ့၏။ ဟိုအေဝးမွ ေရစီးသံပင္မႀကားရ။ ရေအလျဉ်သည် လူငယ်တစ်ယောက် နှလုံးကွဲအက် သွေးစိမ့်ယိုစီး ။ဟစ်ကြွေးသံကို ရပ်တန့်နားစွင့်ဟန်။ ကွယ်လွန်ခြင်း ကမ္ဘာတစ်ဘက်မှာ ကျန်ရစ်သူ သူ၏နာက်င္မႈေဝဒနာအားလံုး သြန္ခ်လိုက္သလို။ ထိုသီချင်းသံထဲမှာ သူ၏ဘဝတစ်ခုလုံးပင်စီးမျောလွင့်စဉ် လျက်ရှိ၏။ မျက်ဝန်းမှ မျက်ရည်လည် အေမွာင္ဆံုးညေတြ ....။ ဘယ္မွာဆံုးမလဲ။ မေတြးဝံ႕ေတာ့ဘူး ....။ သြော် .... မတွေးတတ်တော့ဘူး။ သူ့သီချင်းသည် အနီးနားရှိ အိမ်ကလေးများကိုရိုက်ခတ် တုန်ခါ သွားစေသည်။ တချို့လူတွေကစကားပြောလက် စ ရပ်ပြီး သီချင်းသံကို သဲသဲကွဲကွဲကြားရအောင်အိမ် အပြင်ဘက်ထွက်လာခဲ့ကြသည်။ တချို့ကတော့ သစ်စက်အနီးနား ရောက်သည်အထိ ချဉ်းကပ် လာကြသည်။ ဆန်အရက်ဆိုင်လေးထဲမှ လူများပင် အမူးပြေသွားသလို မျိုး မီးတောက်ခွက်တွေ ကိုယ်စီ ကိုင်ရင်း ငေါင်ကျသွား ႀက၏။ သီချင်းသံ ကတော့ ကြေကွဲ တုန်ရီစွာဖြင့် မရပ်မနားလွင့်ပျံ့ဆဲ။။ ချစ်၍ စွန့်သွားတဲ့မင်းကို သြော် .... စွန့်၍ ချစ်သွားမယ်လေ ဒီလူသားသစၥာ ကမ္ဘာတည်သရွေ့လေ ဝဋ္မွာအျမဲ ငရဲမွာအပ ဆိုသည့်ကြောင့်လည်း .... ဒီဝဋ်ကြွေး မကုန်ခန်းသရွေ့လေ လည်စင်းခံဆပ်မယ်မေ။ သို့ လေ သော်လည်း ဒီလူနဲ့ တူသောအကျိုးမျိုး ဘဝဆက်တိုင်းမှာ မင်းတစ်ယောက် ကင်းလွတ် ဝေးပါစေ ....သြော် .... သီချင်းသံကြားသူများအားလုံး သက်ပြင်းရှိုက်မိကြသည် အချို့စိမ့်လာသော မျက်ရည်တို့ တို့ပစ်ရ၏။ သီဆိုသူ လူငယ်လေးလည်း ပင်ပန်းလှပါပြီ။ သူ့ ပါးပြင် နှစ်ဖက်စလုံးမှာလည်း ပူနွေးသောမျက်ရည် များနှင့် ရွဲရွဲ စိုခဲ့ပြီ။ အပြင်ဘက်မှာ မှောင်နေဆဲ။ ထိုလူငယ်လေးသည် တေးရေး တေးဆို တစ်ဦးအဖြစ် လွန်စွာ ကျော်စော ထင်ရှားလာမည့် ကိုနေဝင်းဖြစ် ကြောင်း ထပ်လောင်းရန် လိုအပ်တော့မည်မဟုတ်ပေ။ မောင့်လပြည့်ဝန်း သီချင်းကို ဘဝနှင့်ရင်းနှီး နှလုံးသွေး နှင့် ပေးဆပ်ရေးဖွဲ့ခဲ့သလို နှလုံးသားရှိသည့် နားဆင်ရ သူတိုင်းကို တုန်ခါစေနိုင်သော အစွမ်းရှိခဲ့သည်။ စိုင်းထီဆိုင်၏ စိတ္တဇအလွမ်း စီးရီးထွက်လာသည်နှင့် မြန်မာနိုင်ငံအနှံ ပြန့်သွားသည်။ သီချင်းစာအုပ်မှာ တေးရေးအမည် ကိုနေဝင်းတပ်ဖို့ မှားယွင်းမေ့ကျန်ခဲ့ကြသော်လည်း စီးရီးမထွက်မီ ကာလအတန်ကြာ ကတည်းက တေးချစ်သူလူငယ်များ စွာ တို့က လမ်းဘေးအုတ်ခုံ။ အဆောင်ရှေ့နှင့်တံတား ထိပ်များတွင် ဤတေးသီချင်းကို သီဆိုခံစားဖြန့်ဝေပေးခဲ့ ကြဖူးပြီ။ ဖန်တီးသူပိုင်ရှင် အစစ်ကို အားလုံးပဲသိကြပါသည်။ နောင်အခါဤသီချင်းကိုပင် အရှေ့တိုင်းနိုင်ငံတစ်ခု၏ အမျိုးသားသီချင်း ကော်ပီလုပ်ထားသယောင် မရေရာ သောစွပ်စွဲချက်များ ပေါ်ခဲ့သော်လည်း သူ့အလိုလို လွင့်ပျက်ပြယ်ခဲ့ရပြန်သည်။ မောင့်လပြည့်ဝန်း ဖန်ဆင်းရှင် ကိုနေဝင်းကို ၁၉၅၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အဖဦးကိုကိုလေး အမိ ဒေါ်ခင်လှမြင့်တို့မှ နမ္မတူမြို့တွင် ဖွားမြင်သည်။ သားဦးစနေဖြစ်သည်။ ဖခင်ဘက်မှ အဘိုးအဘွားတွေက လားရှိုးမှ သစ်စက် လုပ်ငန်းရှင် ဦးစိန် - ဒေါ်လှခင် မိခင်ဘက်မှ အဘိုးအဘွားတွေက နမ္မတူမှ ဦးတင် - ဒေါ်နမ်းခေး ဖြစ်သည်။ ရှမ်း မြန်မာအနွယ်။ ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၏။ ကိုနေဝင်း၏ ငယ်နာမည်မှာ ကိုညီဖြစ်၍ ယခုထက်တိုင် ခင်မင်ရင်းနှီးသူများက ကိုညီဟုသာ ခေါ်ကြသည်။ မွေးချင်းများမှာ ယောကျင်္ားလေးချည်း ၆ ယောက်။ အကြီးဆုံး ကိုနေဝင်းနှင့် အောက်ကပ်လျက်ကိုသန်းနိုင် က ၁၉၅၁ ။ အောက်တိုဘာဖွားဖြစ်၍ ညီအကိုနှစ်ယောက် အရွယ်တူလိုပင် မတိမ်းမယိမ်း ကြီးပြင်းလာကြသည်။ ကျန်ညီအကိုတွေလည်း တစ်နှစ်။ နှစ်နှစ် ဆီသာခြားကြ၏။ လာရှိုးတွင်ကြီးပြင်းခဲ့ပြီး ၅ နှစ်သားအရွယ်ကျမှနမ္မတူမြို့ Our Lady 's Convent တွင် ညီငယ်သန်းနိုင်နှင့် အတူ ကျောင်းအိပ်ကျောင်းစားသွားနေရသည်။ လားရှိုး နမ္မတူခရီးစဉ်မှာ မကြာမကြာ သွားဖူးထား၍ အဆန်းတော့ဖြင့် မဟုတ်တော့ပေ။ ကျောင်းရောက်ပြီး အခန်းတွေကြည့်ကာ ညီအကိုနှစ် ယောက် ဆရာမတစ်ယောက်နှင့် ရပ်နေစဉ် လူကြီးတွေ ကမာသာကြီးနှင့် စကားပြောဆိုနေကြပေသည်။ ပြီးလျှင် နေခဲ့ရမည် ဆိုသော်လည်း ထိုကိစ္စသည်ဘယ် လို ဆိုတာ သဲသဲကွဲကွဲ နားမလည်ကြသေးချေ။ ခဏနေတော့ လူကြီးတွေကနမ်းရှုပ် နှုတ်ဆက်စကား ဆိုပြီး လက်တွေ ဝှေ့ရမ်းလျက် ရုတ်တရက်ကားနှင့် ထွက်သွားရာ ညီအကိုနှစ်ယောက်ဗြုန်းခနဲ ငိုမိကြလေ သည်။ ကားလမ်းဤမှာဘက်ရှိ For get me not ခြံစည်းရိုး ပင်တန်း နိမ့်နိမ့်လေးနားတွင် ဆရာမက နှစ်ယောက်လုံး ကို ပွေ့ကာ စာကလေး အသိုက်ထဲရှိ အကောင်ပေါက်လေးတွေ အော်နေကြတာပြ၍ ချော့မော့သည်။တစ်စတစ်စအငိုတိတ်သွား၏။ ကိုနေဝင်းစိတ်ထဲမှာ စာကလေးတွေ စာစာ စာစာနှင့် အော်နေကြသည်။ ငါတို့လည်းစာစသင်ရမည့် အချိန်ရောက်ပြီ။ အသိုက်ထဲရှိအကောင်ပေါက်လေးတွေ မိဘမရှိသေး၍ အော်မည်နေရရှာသည်။ ဒီလိုပဲ ငါတို့လည်း မိဘနှင့်ခွဲခွာရတာ ဘဝတူတွေပါလား ဟုတွေးရင်း နားလည်လာခဲ့သည်။ ကျောင်းယူနီဖောင်းက အကျႋအဖြူနှင့်နက်ပြာဘောင်းဘီ ရှည် မနက်စာမသင်ခင် ဟောလ်ထဲမှာ Maric Maric ; Hail! Maric; Full of grace ဆိုပြီး ဘုရားဝတ်ပြုရသည်။ ညနေ ၆ နာရီ တစ်ခါ မနက်ကလို ဝတ်ပြုရပြန်သည်။ တစ်ပတ်တစ်ခါ ဆားခါးသောက်ရသည်။ မသောက်ချင်သော်လည်း သွန်မပြစ်ရဲ။ တစ်ခါတလေ ကျောင်းသားကြီးတွေက အနိုင်ကျင့်ပြီး သူတို့ခွက်ထိုးပေး တာပင် သောက်ရပြန်သည်။အဲသလိုဆိုရင်တော့ ဒုက္ခများ ပြီ။ တစ်လတစ်ခါ ကျောင်းသားများစုပြီး မြို့ထဲရုပ်ရှင်သွား ကြည့်ရသည် Lone Ranger လို သေနတ်ပစ်ကားမျိုးသိပ်ကြိုက် သည် ဇတ်လိုက်ဆောင်းသော ဦးထုပ်ကို ထိုစဉ်ကပင် စွဲလမ်းသည်။ ဇတ်လိုက်တပည့်ကို လူနီများဖမ်းသွားပြီး ကြိုးကွင်းစွပ်သတ်တော့မည့်ဆဲဆဲ စိတ်ပူပန်နေစဉ် ဇတ်လိုက်က အဝေးမှ သေနတ်နှင့်လှမ်းပစ်၍ကြိုးပြတ် လွတ်ပြေး ။ဝမ်းသာလက်ခုပ်တီးခဲ့ရတာယခုထက်တိုင် မှတ်မိနေသေးသည်။ ရော်ဘင်ဟုလို စွန့်စားခန်းလည်းကြိုက်သည်။ မှတ်မှတ်ရရ မြန်မာဘိုင်စကုပ်အဖြစ် ဘဝသံသရာ ကြည့်ခဲ့ရသည်။ လူကဖြူနွဲ့နွဲ့ ချစ်စဖွယ်သန့်ပြန့်သော ရုပ်မို့စစ္စတာတွေ ဆရာမတွေကချစ်ကြသည်။တနင်္ဂနွေ ဆရာမ စျေးဝယ်ထွက်လျှင် ခေါ်ခေါ်သွားတတ်သည်။ တော်ရုံ တန်ရုံလူ မရနိုင်သော အခွင့်အရေးပင်။ ကျောင်းပရိဝုဏ် အဆုံးရောက်ဖို့ တောင်ကုန်းထိပ်မှ အဆင့်ဆင့် ဆင်းရသည်။ ခြေလျှင်ခရီးဝေး ညောင်းအောင်လျှောက်ရပြန်သော်လည်း အပြင်ထွက် ချင် တော့ မညည်းမညူလိုက်သွားသည်။အပြန်မှာမိုင်တိုင် သစ်ငုတ် လေးတွေ လှုပ် လှုပ် လှုပ်လှုပ် ကိုယ့်နောက်ကများ လိုက်လာလေသလား အံ့သြစိုးရိမ်သည်။ ကြောက်ကြောက်နှင့်ဆရာမကိုပြောပြီး တကယ်ပြန်ကြည့် တော့လည်း ရပ်နေကြပြန်သည်။ တစ်ပတ်တစ်ခါ ပီယာနိုနှင့် အကသင်သည်။ကျောင်းသူ လေးများ နှင့်တွဲကရတာမို့ ရှက်ပြီးမသွားဘဲ လှေကား ထိပ် ဘောလုံးထားသော အခန်းလေးထဲ ဝင်ပုန်းနေမိ သေးသည်။ ဆရာမလိုက်လာပြီး ဇွတ်အတင်းမလာလို့ မဖြစ်ဆို သောကြောင့် လိုက်သွားရ၏။ မျက်နှာသိလာရှိုးမှမစ္စတာ မာတင်သမီးနှင့် တွဲကရပြီး နောက်ပိုင်းတော့ ကရတာ အဆင်ပြေသွားသည်။ သီဆိုမှုသင်ခန်းစာ Singing Class တွေလည်း ရှိသည်။ ဓမ္မတေးများသာမက အနောက်တိုင်းခေတ် ပေါ်တေးများပါ စန္ဒရားနှင့် စုပေါင်း လေ့ကျင့် သီဆိုရ လေသည်။ ကျောင်းပိတ်ရက်တွေမှာ စစ္စတာအီလင် ဗင်နင်း တစ်ယောက်တည်း ဟောလ်မှာ စန္ဒရားတီးတီးနေတတ် သည် ကိုနေဝင်းသည် ဟောလ်အတွင်းဟိန်းထနေသော စန္ဒရားသံကို နှစ်သက်လွန်း၍ အပေါက်ဝမှ တိတ်တိတ် လေးသွားနားထောင်မိ၏။ အခြားကလေးတွေ ကွင်းထဲကစားနေချိန်။သူကတော့ ဂီတသံ စီးဆင်း ထွက်ပေါ်လာရာ အခန်းဝမှာ သွားရပ်နေ မိခြင်းဖြစ်သည်။ နောက်ပိုင်းကျ ဆရာမတွေ့သွား၍ ခေါ်ပြီးသင်ပေးသည် စန္ဒရားမှထွက်လာသော ဂီတသံကို သူအထူးနှစ်သက် သည်။ သို့သော်စန္ဒရားကို တူရိယာပစ္စည်းအဖြစ်သိပ်စိတ်မဝင် စား၍လား မပြောတတ်။ ကလေးဘဝ တီးခဲ့ရတာကို မပျော်မဟုတ်။ ပျော်မဟုတ်ဟုသာ ဆိုရမည်။ လေးနက်စူးစိုက်မှုမရှိခဲ့ချေ။ တစ်ခါတော့ ရေကျောက်ပေါက်တော့ သူတို့သုံးလေး ယောက်ကို အပေါ်ထပ်မှာသပ်သပ်ခွဲပြီး စစ္စတာတွေက အဖျားလာတိုင်း။ ဆေးကျွေး ရေပတ်တိုက်နှင့်ပြုစုပေး ကြသည်။ နည်းနည်းသက်သာစမှာ ဝရန်တာထွက်ရပ်မိသည်။ အောက်တွင်ညီငယ်သန်းနိုင်။လှမ်းခေါ်သည်။ ကိုညီဘာလိုသလဲ ဆိုတော့ ဘာပြောရမှန်းမသိ။ သူ့လက်ထဲရှိ ကောမစ်တစ်အုပ်ကိုသာညီငယ်ရှိရာ လှမ်းပစ်ပေးလိုက်သည်။ မာသာ ကြီးတွေ့သွားပြီး ရောဂါကူးမည်စိုး၍ဆူပူကာ ညီငယ်အရိုက်ခံရချေသည်။ ခရစ္စမတ် Concert ကျတော့ ကိုနေဝင်းကကောင်း ကင်တမန်လုပ်ရသည်။ ယေရှုခရစ် မွေးဖွားရာ နွားစားခွက်နားမှာ အတောင်ပံ တပ်ပြီး ရပ်နေရလေသည်။ တံပိုးခရာမှုတ်ပြီး ကယ်တင်ရှင် ဖွားမြင်ကြောင်းကို ကြေညာပေးရသည်။ ကျောင်းပိတ်တော့ မိဘများလာခေါ်ချိန်။ တောင်ပေါ်လမ်းလေးအတိုင်းကားတွေကားတွေအစီအရီ တက်လာကြပြီး အခြားကလေးများ မိဘအသီးသီးနှင့် ပြန်ကြပြီ။ ကိုနေဝင်းတို့ ညီအကို နှစ်ယောက်ကတော့ညနေဆို ထိုင်နေကြ ကျောင်းနဘေး အုတ်ခုံလေးမှာထိုင်စကား ပြောနေကြသည်။ ဘယ်အချိန်ကားရောက်လာပြီး။ဘယ်အချိန်ပစ္စည်းတွေ ကားပေါ်တင်ပြီးမှန်းမသိ။သူတို့ကိုလည်းဘယ်ရောက် နေမှန်းမသိကြ။ လိုက်ရှာပြီးတွေ့မှဒက်ဒီက ပုဝါနှင့် ထုပ်ထားသော ခပ်ရှည်မျောမျော လက်ဆောင် တစ်ခု ပေးသည်။ အထုပ်လေးဖြေလိုက်တော့ ဘင်ချိုဆန်ဆန်ကြိုးတပ် တူရိယာ ညီငယ်က လက်သမားပစ္စည်းထုပ်။ သူ့လက်ဆောင်ဘင်ချိုလေးကို တစ်လမ်းလုံးတပိုက် ပိုက်တပွေ့ပွေ့လုပ်လာသည်။ စန္ဒရားလို ခလုတ်နှိပ်တီးရသည်ထက် လက်နှင့်ကြိုးကို ဖိပြီးတီးခတ်ရသည့် ကြိုးတပ်တူရိယာအပေါ်ပို၍တိမ်း ညွတ်သွားခဲ့သည်။ အိမ်ရောက်တော့ အိပ်ရာနဘေးထားအိပ်သည်။ ကစားစရာ အရုပ်ဆိုတာထက်အဖော်သဖွယ် မသိစိတ်ထဲ စွဲလမ်းသွားလေသလား မဆိုနိုင်။ ယခုကြီးသည်အထိ အခန်းထဲမှာ ဂီတာရှိမှ ပြည့်စုံသည် ထင်သည်။ မရှိလျှင် ဟာတာတာနှင့် မနေတတ်။ နမ္မတူကျောင်းတွင် KGC တစ်နှစ်နေသည်။ KGB ကျခြောက်လခန့်ပဲ နေရသည်။အစမှာတင် Moral အမေးတစကြောင်းကို အဖြေလေးငါးကြောင်း ပြန်ရွတ်ရတာ သေချာဖြေနိုင်သည်။ အင်္ဂလိပ်စာကျွမ်းကျင်၍ ကျောင်းအုပ်ကြီးလာကြည့်ပြီး သူ့အခန်းထဲခေါ်ကာ အမျိုးမျိုးစစ်မေးသည်။ နောက်ဆုံးကျေနပ်သွား၍အတန်းကျော်တင် Double Promotion ပေး၍ KGA သို့ရောက်လေသည်။ နှစ်ဝက်နေပြီး တစ်တန်းတက်ရသည်။နှစ်တန်းအောင် သုံးတန်းအထက်ကျတော့ လာရှိုး Quardian Angle 's Covent ကျောင်းမှာ ပြောင်းထားပေး သည်။ ဘောဒါဘဝကလွတ်သွားပြီဆိုပြီး ပျော်မိသော်လည်း နမ္မတူရှိ တောင်ပေါ်ကကျောင်းကြီးတိမ်တွေနှင့်နီးနီးလေး ဝရန်တာအပေါ်ကဆို လမင်းကြီးကိုလက်နှင့် လှမ်းယူ လိုက်လျှင် ရမတတ်။လွန်စွာထူးခြားသောခံစားချက်။ အဲဒါတွေကိုတော့ ထားရစ်ခဲ့ရချေပြီ။ လားရှိုးကျောင်းမှာ ညီအကိုတစ်စုကျောင်းသွားကျောင်း ပြန်အုပ်ဖွဲ့သွားရတာမို့ ပျော်စရာကောင်းလှသည်။ တစ်ခါတော့ Circus of Horror ရုပ်ရှင်၏ Look for a star ဇတ်သိမ်းသီချင်းကို ဦးလေးနှင့် အစ်ကို ဝမ်းကွဲတွေက ဂီတာနှင့်ဆိုတီးနေကြတာ နားထောင် ကောင်းလှသည်။ အားကျစွာ စာသားကူးလာပြီး မနက်အစောကြီးအတန်း ထဲသွား၍အဆိုကျင့်ကျင့်နေတတ်သည်။ ထိုစဉ်ကဆောင်းရာသီ။နှင်းတွေကျပြီး အေးလှသည်။ လူရှင်းနေသောအခန်းထဲတွင် ကိုယ်ဆိုလိုက်သော အသံက နံရံမှာ ပဲ့တင်ရိုက်ပြီး ပြန်လာတာကို လွန်စွာ ကြည်နူး ကျေနပ်ခဲ့ဖူးသည်။ အဖိုးအိမ်မှာအနေများ၍ အိမ်လာသည့်ကုန်တင်ကား တွေပေါ်မှာ မယ်ဒလင်တီးတတ်သောစပယ်ယာတစ် ယောက်ပါလာသည်။ ထိုစဉ်က ခေတ်စားသော အပျိုကြီးမမ တောမှာပွင့်တဲ့ပန်းရယ် အစရှိသည့် သီချင်းများဆိုတီး ပြီးဆို ထိုအနားသွားပြီး နားထောင်နေမိပြီ။ အိမ်မှာလည်း ရေဒီယိုဂရမ်ရှိသည်။ ကလောအလွန်တစ်ဘူတာတို့ ဟစ်ဖြစ်နေချိန်။ Prestley ၏G.l Blue ရုပ်ရှင်ကြည့်ပြီးဂစ်တာတီး ချင်စိတ် အရမ်းဖြစ်လာသည်။ ဦးလေးတွေ အစ်ကိုဝမ်းကွဲတွေက တီးနေကြပြီဆိုတော့ သူတို့ချထားချိန်လေး ခဏကောက်ပြီးတို့လိုက်ခတ်လိုက် လုပ်ကြည့်ရတာနဲ့တင် ကျေနပ်ခဲ့ရသည်။ ထိုအချိန်က ပြည်တွင်းသောင်းကျန်းမှုများ မငြိမ်သက် နွေကျောင်းပိတ်ရက်ကျလျှင် မိသားစုအားလုံး တာပုလဲ သစ်စက်တွင် သွားနေကြဖို့ အိမ်ဆောက်ထား ရာ ကျောင်းပိတ်ခါနီးလောက်မှာ သောင်းကျန်းသူများ သစ်စက်ကို မီးရှို့ဖျက်ဆီးပစ်လိုက်သည်။ လူကိုးယောက်မျှသေဆုံးခဲ့ရသည်။ လုံခြုံရေးက မကောင်းလှ။သောင်းကျန်းသူများက အဖေ့ ကိုတစ်မေးတည်းမေးနေကြ၍လားရှိုးအိမ်ကို ရောင်ပြီး မန္တလေးသို့ပြောင်းခဲ့ကြသည်။ ၃၂ လမ်းနှင့် ၇၄ လမ်းထောင့်တွင် အိမ်ငှားနေကြလေ သည်။ ပတ်ဝန်းကျင် တစ်ခုလုံးကပြောင်းလဲသွားချေပြီ။ မန္တလေး အငွေ့အသက်ကို ဟိုယခင်က ရာပြည့်ပွဲလာ ကတည်းက သူကြိုက်သည်။အထူးသဖြင့် လားရှိုးမှာ မကြားခဲ့ရသော နံနက်ခင်းစောစော မြင်းခွာသံ တစ်တောက်တောက်ကို ကြားရပြန်သည်။သူ့ရင်ထဲက ဂီတသံကို စည်းချက်လိုက်သည့်ပမာပုံ။ ရေဒီယိုမှာ နားထောင်ရတာစွဲလမ်းသည်။ ကျောင်းပိတ်ရက်မနက်ပိုင်း မြန်မာ့အသံ။ရေဒီယို သြစတေးလျ ပြီးတော့ ရေဒီယိုစီလုံမှဘီနားကား Hit parade တွင်အပတ်စဉ်အကောင်းဆုံးသီချင်း ၁၀ ပုဒ် မဲပေးရွေးချယ်လွှင့်ပေးသည်။ အချို့သီချင်းတွေက တဖြည်းဖြည်းအောက်မှတက်လာ သည်။ အချို့သီချင်းတွေက လပေါင်းများစွာ အပေါ်ဘက် မှာဗိုလ်စွဲထားကြသည်။ တစ်ခါတလေ ရေဒီယိုမကောင်းလျှင်မကြားတကြား အသံရှပ်ရှပ်နှင့် ကျန်ညီအကိုတွေကဆော့ကစား၍အသံ ဆူလျှင် ကိုနေဝင်းနှင့် စကားများရပြီ။ ထိုးကြကြိတ်ကြပြီဆို များသောအားဖြင့်သူပဲနာရသည်။ ငိုပြီးအမေတိုင်ရမြဲ။ ညပိုင်းလည်းသီချင်းနားထောင်နိုင်အောင်ဒက်ဒီကရေဒီယိုပြင်ပေးသည်။ အသံကြည်သွားပြီ။ ညီအကိုတွေအိပ်ချိန်မှာ သူတစ်ယောက်တည်းနားထောင် နိုင်ပြီး Win book stall မှာသီချင်းစာအုပ်ဝယ်။ ရေဒီယိုသီချင်းလာပြီဆို နာမည်နှင့်တိုက်ဆိုင်ရှာဖွေပြီး နားထောင်နိုင်ခဲ့သည်။ ထိုအချိန်က ဘီတယ်လ်များခေတ်။ လဖုန်းရောက်ပြီး နောက်တစ်နှစ်တွင်ဂီတာစသင်သည် ၆ တန်းတွင်စာတော်၍ ၈ တန်းသို့အတန်းကျော်တင် ပေးပြန်သည်။ဒက်ဒီက ရန်ကုန်မှလေယာဉ်နှင့် ပြန်အလာ ဂီတာဝယ်ယူခဲ့သည်။ မင်းစာမေးပွဲအောင်လို့ပေးတဲ့ဂီတာဟု ဆိုသည်။ ထိုစဉ်က လူကောင်ကငယ်ပြီးဂီတာကအကြီးကြီးဖြစ်နေ သည်။ အိမ်မှာ အစ်ကိုဝမ်းကွဲကိုတင်ဝင်း (ဒယ်နီ)လည်းရှိသည်သူက တီးတတ်နေပြီ။သို့ဖြင့်လဖုန်း ကျောင်းနားရှိအင်္ဂလိုဂျိုးဇက်ဆိုသူသူငယ်ချင်းထံစ၍သင် ဖြစ်၏။ ပထမတစ်ရက်သင်တော့ လက်တွေကြိုးရှပြီးသွေးထွက် လာသည်။ ထိုစဉ်က ဂီတာကို ဒီတစ်သက် ငါဘယ်တော့ မှ တတ်တော့မယ်မထင်ဘူးဟု တွေးမိခဲ့သေးသည်။ ဂီတာတီးရမှာ စိတ်လည်းညစ်။ တီးကလည်းတီးချင် တစ်ရက် နှစ်ရက်အထိ လက်ကနာတော့ ဘာမျှလုပ်၍ မရ။ လက်အနာ နည်းနည်းသက်သာသည်နှင့်တီးချင် သည့်စိတ်ကို ကျော်၍မရ။ပြန်တီးမိသည်။ အဲသည်အခါကျလက်အသားမာလည်းတက်လာပြီ။ နောက်ပိုင်းလက်တွေမနာတော့ပြီ။ဂီတာနှင့်သူ ကျွမ်းဝင် သွားချေပြီ။ ဂီတာတီးစသင်ကာစပင် ရှင်ပြုဖြစ်သည်။ မင်းကွန်းတောရ တိပိဋကဓရ ဆရာတော်ဦးဝိစိတ္တသာရာ ဘိဝံသ ထံမှာဖြစ်သည်။ ကိုရင်ဝတ်ပြီး သုံးလေးရက်အကြာတစ်ညနေစောင်းမှာ ညီအကို ၆ ယောက်သားအိမ်လွမ်း၍ငှက်တစ်စင်းနှင့် မန္တလေးဖက်သို့ ပြန်ကူးလာကြသည်။ ကိုနေဝင်းက ကိုရင်ဝတ်ကြီးနှင့် အိမ်ရောက်ရောက်ချင်း ဂီတာသွားကိုင်၍ မိဘများက တားမြစ်ရသေး၏။ ဒက်ဒီက မင်းကွန်းပြန်လိုက်ပို့ပြီး များမကြာမီလူထွက်ပြီ။ တခြားညီတွေ ၁၅ ရက်နေချိန် သူက ၁၀ ရက်ပဲနေနိုင် သည်။ သူ့ကိုလူထွက်ဖြစ်အောင် ဇွတ်အတင်းညှိ့ငင် ဆွဲဆောင် ခဲ့သောအရာတွေထဲမှာ ဂီတာလည်းပါခဲ့သည်။ ကော့ဒ်သုံးလေးခုလောက်ကိုင်ပြီးရစ်သမ်ပက်တန် တစ် မျိုးနှစ်မျိုးလောက်ကို အတီးကျင့်ခဲ့သည်။ နောက်ပိုင်းတော့ Shadows Ventures တို့၏ တီးလုံးများအဓိက ထားတီးဖြစ်လာခဲ့သည်။ ဂျိုးဇက်နှင့်အောင်ကျော်သန်းတို့ တွဲတီးကြ၏။ လိဒ်။ရစ်သမ်။ ဘေ့စ်။ဒရမ်။ လေးယောက်တစ်ဝိုင်း ခေတ်စားချိန်။ တစ်စတစ်စနှင့် တက္ကသိုလ်ထွန်းနောင် မင်းမင်းလတ်တို့၏ စတီရီယိုခေတ်ဦးပေါ်ထွန်းလာခဲ့ သည်။ ဂန္ဓဝင် Classical ဂီတဘက် လမ်းခင်းပေးခဲ့သူက ဗစ်တာအုန်းမောင်( ဦးချိုကြီး )ဖြစ်သည်။ သူကလန်ဒန်အတ် ဦးအုန်းမောင်၏သား။ မင်းမင်းလတ်၏ဦးလေး။ မန္တလေးအောင်တော်မူဘက်မှာနေသည်။ ကိုနေဝင်းက သူ့အပေါင်းအသင်းတွေကြားမှာ ဂီတာဟီးရိုး။ သူ့ဘာသာလည်း အတော်တီးတတ်နေပြီ။ထင်ထားခဲ့ရာ ဦးချိုက Staff notes တွေနှင့် သေချာတီးပြမှစနစ် တကျရှိဖို့ လိုအပ်သေးကြောင်းသဘောပေါက်လာသည်။ ဦးချိုက ပေါ်ဦးစ စတီရီယိုကိုမကြိုက်။ နည်းစနစ်နုတ်စ်မရှိ။ အော်ဟစ်ဆူညံတွေမနှစ်သက်။ တစ်ကြိမ်မှာ အခွေရောင်းဖြန့်ကိစ္စနှင့် မင်းမင်းလတ် သိန်းတန် ကိုတော်မီတို့ရောက်လာပြီး( ခေတ်ကလည်းသူတို့ခေတ် မို့ ) သီဆိုတီးမှုတ်ကြရာ ဦးချိုက ဒီလူတွေဘာဆိုနေကြတာလဲ ဟု မှတ်ချက်ချဖူးသည်။ နိုင်ဇော် မေဟသီ K.T.O အပိုင်း ( ၂ ) ဆက်ရန်