ကျွန်မမှာ လောဘ..ဒေါသ ..မောဟ တွေ အပြည့်ရှိတယ် ။ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်မို့ဘဲ။
တခါက ကျွန်မကို အမတယောက်က မေးတယ်
မွန်မွန့်မှာ လောဘရှိလားတဲ့
လူကြီးကတော်ဆိုတော့ သူမေးတာကိုသတိထားရတယ်
ဒါပေမဲ့ ဟင့်အင်းအမ မရှိဘူး ဆိုရင် ကျွန်မ ညာရာရောက်တော့မယ်
လောဘရှိတယ်အမ ဒါပေမဲ့ မတော်လောဘတော့ သတိနဲ့ ထိန်းရတယ်လို့ ဖြေရတယ်
တကယ်လဲ မတော်လောဘ မရှိအောင် မဖြစ်အောင် နေခဲ့တယ်။
ပုထုဇဉ်မှန်ရင် အရိယာ မဟုတ်သေးရင် လောဘဒေါသမောဟ ဟာ ညာလို့မရဘူး ရှိတယ်
ဒီတော့ ကိုယ့်မှာ လောဘ ဒေါသ မောဟ တန်းလန်းကြီးနဲ့ သူတပါးကို လက်ညှိုးထိုးမယ်ဆို ဒါဟာရှက်စရာဘဲ
မတရားပါလားလို့ တွေးမိတယ်။
ဟိုးအရင်က သူတပါးအပြစ်တွေ့ရင် ကျွန်မက ရှုံ့ချတယ် ။ သူ့အပြစ်မျိုး ကိုယ်မှ မလုပ်ဘဲကိုး။
ဒါပေမဲ့ ကျွန်မပြုမိတဲ့ အပြစ်မျိုးမှာ တော့
သူက ဖြူစင်နေနိုင်တယ်လို့ မတွေးမိခဲ့ဘူး။ ငါမလုပ်လို့ ငါမှန်တယ်
နင်အပြစ်ရှိတယ်နင်မှားတယ်လို့ တဖက်စောင်းနင်း ပြောခဲ့ဖူးတယ်။ ကဲ့ရဲ့ခဲ့ဖူးတယ်။
FB မှာ တခါတရံ တွေ့ရတယ်
လက်ဝါးစောင်းကောင်းကောင်းနဲ့ သူများအကြောင်း
အပုတ်ချနေတဲ့ post တွေ
ကိလေသာတန်းလန်းနဲ့ ပုထုဇဉ်တယောက်က တခြားပုထုဇဉ်တယောက်ရဲ့ ကိလေသာတွေ ..တဏှာရာဂတွေကို လက်ညှိုးထိုးနေတာကို အားပေးတဲ့သူတွေကလည်း
ကိုယ့်ကိလေသာတွေဘေးချပြီးလက်ခုပ်တီးနေကြတယ်။
လူအမျိုးမျိုးရှိလို့ အကြိုက်ဆိုတာ အမျိုးမျိုးကွဲသွားနိုင်တယ် မဟုတ်လား
ဒီတော့ စိန်ဝတ်ပြီးဘဲကြွားကြွား
ရွှေဝတ်ပြီးဘဲကြွားကြွား
မျက်လုံးဟာ အပြင်မလှည့်ဘဲ အတွင်းကိုလှည့်ရင်
တနည်းမဟုတ်တနည်း ကိုယ်လည်းကိုယ့်အထာနဲ့ကိုယ် ကြွားနေတာတွေ မြင်လိမ့်မယ်
မေ့နေတဲ့ ကိုယ့် အနုသယတွေ ပေါ်လာလိမ့်မယ်
နှမ်းစေ့လောက်ရှိတဲ့ သူများအပြစ်တွေထက်
အုန်းသီးလောက်ကြီးတဲ့ ကိုယ့် အပြစ်ကိုယ် မြင်လာလိမ့်မယ်။
အနုသယတွေရှိနေသေးသရွေ့
သူများကိုကဲ့ရဲ့သလို ကိုယ့်မှာလည်း သူတပါးကဲ့ရဲ့ချင်စရာတွေ အများကြီးရှိတယ်လို့ ဆင်ခြင်နိုင်လာလိမ့်မယ်
ဒီတော့ ပစ္စည်းဥစ္စာ ချမ်းသာလို့ ကြွားချင်လည်းကြွားပါစေ
သားသမီးထက်မြက်လို့ ကြွားချင်လည်း ကြွားပါစေ
ယောက်ကျားကို ချယ်လှယ်ရလို့ ကြွားချင်လည်း ကြွားပါစေ။ သူ့အကြောင်းနဲ့ သူ့အကျိုး ဘဲ မဟုတ်လား
လူသတ်ဓါးမြတိုက် မုဒိန်းကျင့်နေတာမှ မဟုတ်ဘဲ။
နားမထောင်ချင်ရင် မမြင်ချင်ရင် အာရုံမပြုနဲ့ပေါ့
သူတို့ကြွားလို့ ကိုယ့်မှာစိတ်ဆင်းရဲတာကို ခံစားနေရတယ်ဆိုရင် ...လူ့ဘဝ ရတာမတန်ဘူး
မနုဿဘုံကို အလည်လာတုန်းခဏ အကုသိုလ်ကံတွေ
နဲ့ သွားနေရင်ကံမှာလည်း ကံနဲ့ ကံကို ဖျက်ဆီးတာတွေရှိတယ်။
ဒီတော့ ဘယ်သူကတော့ကြွားလိုက်တာ
ငါက အဲလိုမကြွားတတ်ဘူးလို့ ရေးလာခဲ့ရင်
အဲဒါဥာဏ်ကြီးတာမဟုတ်ဘူး
ပါပဇာတိ စေတသိတ် ၁၄ ပါးထဲက ဣဿာ လို့ခေါ်တယ်။သူတပါး ချမ်းသာတာကို မရှု့စိမ့်ခြင်း တမျိုးဘဲ။
ဖားအောက်ဆရာတော်ကြီးတရားမှာပါတယ်
အဲဒီလိုလူတွေဟာ ရုပ်ဆင်းအင်္ဂါ ညံ့တယ်။ မကြည်လင်ဘူး ။
ဒါမှမဟုတ် ရင် မပြည့်စုံဘဲ နေရတယ်တဲ့။
ကုသိုလ်ကံလေးက ဦးသွားလို့ လူဖြစ်လာပေမဲ့ ကိုယ်စုခဲ့တဲ့ အကုသိုလ်ကံတွေက နေနှင့်ဦးဆိုပြီး အကွက်ကောင်းစောင့်နေတတ်တယ်။
ရရင် ရသလို အနှောင့်အယှက်ပေးတယ်
ကံနဲ့ပတ်သတ်လာရင် သပ္ပတ္တိနဲ့ ဝိပ္ပတ္တိဆိုတာရှိတယ်
ဥပဓိဝိပ္ပတ္တိနဲ့ ဥပဓိသပ္ပတ္တိ မှာ
ဥပဓိသပ္ပတ္တိက ရုပ်ချောတယ်
ဥပဓိဝိပ္ပတ္တိက ရုပ်အဆင်းချို့တဲ့တယ်
သီဟိုဠ်ကျွန်းက ဘုရင့်သားတဦး ကြက်တိုက်တာဝါသနာပါတော့ ကြက်တိုက်ရင်း ကြက်အတက်နဲ့ ထိုးမိလို့ မျက်စိကွယ်သွားတယ်
အရွယ်ရောက်တဲ့အခါကျတော့ မျက်စိတဖက်ကန်းနေလို့ ဘုရင် မဖြစ်ခဲ့ရဘူး ဘုရင့်သားဘဝနဲ့ ကုသိုလ်ကံက အကျိုးပေးပေမဲ့ ဝိပ္ပတ္တိနဲ့ ကြုံတော့ဘုရင်ဘဝကိုသူ မခံစားရဘူး
ဒါသူထူထောင်ခဲ့တဲ့ ကံတွေ ပါဘဲ
ဘယ်သူမှ လုပ်တာမဟုတ်ဘူး ။
ပါချူပ်ဆရာတော်ကြီး တရားတွေမှာပါတယ်
အဲဒီသီဟိုဠ်ကျွန်းမှာဘဲ အမတ်ကြီးတယောက်ဇနီး
ရုပ်ဆိုးလွန်းလို့ ပွဲနေပွဲထိုင်သွားရင် အိမ်က ကျွန်မဘဲ ထင်ကြတယ် ဘယ်သူမှ အရေးတယူမလုပ်ဘူးတဲ့။
ဘုရားလောင်းကုသဟာ
တိုင်းခန်းလှည့်လည်ရင် သူ့ညီကို ရှေ့ကတင်ပြီးသွားရတယ်။သူက ရုပ်ဆိုးလွန်းလို့ ဆင်ထိန်းမြင်းထိန်းပုံနေရတယ်။
ဘီမသေန စစ်သူကြီး လေးပစ်မှာ တဖက်ကမ်းခတ်တော်တယ်ဒါပေမဲ့ ရုပ်ဆင်းအင်္ဂါမှာ ကျတော့
လူက ပုပုလေးမှာ ပုကွနေတော့ ဘုရင့်လေးသည်တော်
ဆိုရင် လူရီစရာဖြစ်မှာ အမြင်မတင့်တယ်လို့ ရုပ်ချောတဲ့သူကို ရှေ့မှာထား ခစားရတယ်။
အလုပ်လုပ်စရာရှိရင် နောက်ကွယ်က လုပ်ပေးရတယ်။
အဲဒီကံတွေက ကိုယ့်ဖာသာ ထူထောင်လာတာပါ
ဒါ့ကြောင့် အလကားနေအလကား သူ့များကိုကဲ့ရဲ့လိုက်ရမှ အတင်းလေးပြောလိုက်ရမှ ပါးစပ်ထဲအရသာရှိတဲ့သူတွေ ဥပဓိဝိပ္ပတ္တိ နဲ့ ကြုံတဲ့ဘဝမှာ ပြန်ဆပ်ရတာစိတ်ရောခန္ဓာရောဆင်းရဲပါတယ်။
ကဲ့ရဲ့တာလေးက စကားလေး ပါးစပ်က ပြောလိုက်တာဘဲ ဘာမှ မကြာဘူး
ပြန်ဆပ်ရတာ ခန္ဓာနဲ့
မတန်ဘူးလို့ဘဲ ယူဆတယ်။
By Myat Yee Mon - Ellen Grace (Source)
Showing posts with label Myat Yee Mon. Show all posts
Showing posts with label Myat Yee Mon. Show all posts
Friday, January 29, 2021
Tuesday, May 22, 2018
ထိုက်တန်တဲ့ ရတနာ
ထိုက်တန်တဲ့ ရတနာ by Ellen Grace (ဒေါ် အိ ရှန်း - Myat Yee Mon)
ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ မဟာဆီမဟာသွေး မင်းသား ဟယ်ရီထက်စာရင် မက်ဂန်မာကယ်ကို ကျွန်မ ပိုပြီး စိတ်ဝင်စားတယ်။
အာဖရိကန် အမေရိကန်သွေးနှောတဲ့ မက်ဂန်မာကယ်က half black half white ဖြစ်ပေမဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု့က မင်းသားထက်ပိုပြီး strong ဖြစ်တယ်လို့ ကျွန်မထင်မိတယ်။
သူတို့ဆီမှာ
human behavioral experts တွေရှိပါတယ်။
ဟယ်ရီ ရုတ်တရက် နှုတ်ခမ်းကိုက်လိုက်တဲ့ ပုံမျိုးဆိုရင် ဒါဟာ micro expression ဘဲလို့ Susan Constantine က ယူဆပါတယ်။အတွင်းစိတ်ကို ထိမ်းချူပ်ဘို့ကြိုးစားတဲ့ အမူအယာမျိုးပါ ။အဲဒါဟာ သူ့မိခင်ဒိုင်ယာနာလုပ်လေ့ရှိတဲ့ပုံစံပါ။
တကယ်တော့ Body languages တွဟာလူတယောက်ရဲ့ စိတ်နေသဘောထားကို ပေါ်လွင်စေတဲ့ အပြုအမူတွေပါ ။ လက်တွေတခုနဲ့တခုပွတ်သပ်နေတာ အကျီခဏခဏ ပြင်တာ မျက်နှာကို ပွတ်တာ နှာခေါ်င်းကုတ်တာ စသည်ဖြင့် စိတ်မှာဘယ်လောက်နက်နက်ရှိုင်းရှိုင်းတည်ငြိမ်မှု့ရှိတယ် မရှိဘူးဆိုတာကို အဲဒီအပြုအမူတွေက ဖော်ပြပါတယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ အသိုင်းအဝန်း အဆငိ့အတန်းကိုလဲ ပြပါတယ်။
မင်္ဂလာပွဲနေ့က မက်ဂန်ရဲ့ လှုပ်ရှားဟန်တွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိတဲ့ပုံဖြစ်တယ်လို့ Body language expert Judi James က ပြောပါတယ်။
စိတ်လှုပ်ရှားနေတဲ့ဟယ်ရီက အနည်းငယ်ဂဏှာမငြိမ်ဖြစ်ပြီး ကိုယ့်ကိုကိုယ် ဟိုဟာဆွဲချ ဒီဟာဆွဲချ ပြုလုပ်နေတဲ့ အကြိမ်ပေါ်င်း ၁၂ ခါလောက်ရှိပေမဲ့ မက်ဂန်ကတော့ ဖိတ်ကြားထားတဲ့ ပရိတ်သတ်၆၀၀ ရှေ့မှာတချက်လေးမှ အမူအယာမချို့ယွင်းဘဲ တသက်လုးံ ဒီအသိုင်းအဝိုင်းနဲ့ နေလာခဲ့သလိုမျိုး ယုံကြည်မှု့အပြည့်နဲ့ တည်ငြိမ်နေခဲ့ပါတယ်။
ပြောရမယ်ဆိုရင်
တော်ဝင်အသိုင်းတခုလုးံ ဟာ မက်ဂန်အတွက် စာမျက်နှာအသစ်တွေပါ ။ LA မှာမွေးပြီး ရုပ်ရှင်မင်းသမီးလုပ်ခဲ့တဲ့ မက်ဂန်ဟာ ဟယ်ရီကိုသေချာတောင်သိခဲ့တာမဟုတ်ပါဘဲ ကြားကအောင်သွယ်ကြောင့်သာ ဟယ်ရီ့အကြောင်းကြားဖူးရုံလေးနဲ့ blind date လုပ်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။မင်းသားဟယ်ရီက မက်ဂန်ကို မြင်မြင်ချင်း သဘောကျခဲ့ပါတယ်လို့ အင်တာဗျူးတခုမှာဖြေခဲ့တယ်။ ဒါပေမဲ့ မက်ဂန်သရုပ်ဆောင်တဲ့ USA show suits ကို တခါမှမကြည့်ဖူးတဲ့အတွက် သူသွားတွေ့မယ့် မက်ဂန်ဟာ ဘယ်လိုပုံရှိတာ မသိခဲ့ဘူးလို့ ပြောပါတယ်။
ဒီနေရာမှာကျွန်မတွေးမိတာလေးတခုပါ
ဟယ်ရီဟာ မောင်နှမသားချင်းတွေထဲမှာ အငယ်ဖြစ်တယ်။ မွေးချင်းထဲမှာ အငယ်ဖြစ်တဲ့သူတွေဟာ ကိုယ့်ထက်အသက်ကြီးသူကို သဘောကျတတ်တဲ့ အကျင့်ရှိတယ်။ မက်ဂန်ဟာ ဟယ်ရီထက်ပိုပြီး လောကအကြောင်း အထိအတွေ့များတယ် ပိုပြီးလည်း တည်ငြိမ်တယ်။အသက်လည်းသုးံနှစ်ပိုကြီးတယ်
ဒါဟာ အကြီးတွေနဲ့နေလေ့ရှိတဲ့ ဟယ်ရီအတွက် သဘောကျစရာ အချက်တခု ဖြစ်လိမ့်မယ်။
ပြီးတော့မက်ဂန်ဟာ ထက်မြက်တဲ့ပုံရှိတယ်
အားကိုးရလောက်တဲ့ အနေအထားရှိတယ်။
ကိုယ်တိုင်ပင်တဲ့ ဘယ်အကြောင်းအရာမဆို အဖြေတခုတော့ ပေးနိုင်မယ့် ဉာဏ်ရည်မျိုးရှိတယ်။
မက်ဂန်ကိုကြည့်ရင်းသတိရမိတဲ့ မြန်မာရာဇဝင်က မိဖုရားတပါးကတော့ နန်းမတော်မယ်နုပါ။ ရေချိုးဆိပ်မှာ ချထားတဲ့လုံခြည် လေတိုက်လို့လွင့်ပြီး ဘုန်းကြီးကျောင်းမှာသွားချိတ်နေထဲက ဘုန်းကံကြီးမယ့်မိန်းမလို့ ဆရာတော်က နမိတ်ဖတ်ခဲ့ဘူးကြောင်း ဖတ်မိတယ်ထင်ပါတယ်။ အရပ်သူ နန်းမတော်မယ်နုကတော့ မိဖုရားခေါ်င်ကြီးဖြစ်ရပေမဲ့ ..မင်းသားဟယ်ရီနဲ့ယူတဲ့ မက်ဂန်ဟာ Princess ဖြစ်ဘို့ မသေချာပါဘူး ။
ဘာကြောင့်လည်းဆိုတော့
ဘုရင်မကြီးက မွေးတဲ့ သားသမီးချင်းတူပေမဲ့ သားတော်ကြီးဝေလမင်းသားက မွေးတဲ့ကလေးတွေသာ မင်းသား မင်းသမီးလို့ ခေါ်ခွင့်ရှိပြီး သမီးတော် Anne မင်းသမီးက မွေးတဲ့ကလေးတွေကတော့ လော့ဒ်မောင့်ဘက်တန်ဝင်ဆာ ဘာညာ ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးနဲ့ နေရပါတယ်။
Prince တို့ Princess တို့ ခေါ်ခွင့်မရှိပါဘူး။ဒါဟာ ဝီလျံရဲ့ ဒုတိယသမီး Charlotte လည်း အိမ်ထောင်ကျတဲ့အခါ ဒီစည်းမျဉ်းအတိုင်း လိုက်နာရမယ့်သဘောရှိပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဟယ်ရီနဲ့ မက်ဂန် တို့ မွေးလာမယ့် ကလေးတွေကတော့ ဒီအခွင့်အရေး မရတာသေချာပါတယ်။ ကိန်းကြီးခန်းကြီးနိုင်တဲ့ လူမျိုးဖြစ်တဲ့အပြင်မှာ မင်းမျိုးမင်းနွယ်တွေဖြစ်တော့ မက်ဂန်ရင်ဆိုင်ရမယ့် အသိုင်းအဝိုင်းဟာ လွတ်လပ်ပွင့်လင်းတဲ့ အနေအထားမှာ မရှိပါဘူး ။ တော်ဝင်အသိုင်းအဝိုင်းဟာ မက်ဂန်အတွက်တော့ အဝေးကွင်းလိုပါဘဲ အနိုင်ဂိုးမရတောင် အရှုးံနဲ့ထွက်မသွားဘို့ ခံစစ်ကောင်းကောင်း ရှိရမယ့် သဘောဖြစ်နေပါတယ်။
ဒါပေမဲ့ .....
မက်ဂန်ဟာ half black ဖြစ်လို့ အားငယ်နေပုံမရပါဘူး
တော်ဝင်မိသားစုတွေနဲ့ယှဉ်ရင် ရိုးရိုးကြီး သာမန်အရပ်သူ ဖြစ်နေတဲ့ ..
သူမအမေရဲ့ပုံစံကြောင့်လည်းသိမ်ငယ်နေပုံမရပါဘူး
ဒါ့ထက္ပိုၿပီး သေဘာက်တာက
သူမအသက်အရွယ်အနေအထားနဲ့ လိုက်ဖက်အောင် အဆင့်အတန်းရှိရှိ အပြုအမူ အနေအထိုင်တွေနဲ့ သူမအနေအထားကို ဖော်ပြသွားခဲ့ပါတာကိုပါ အဲဒါကို သိတ်သဘောကျမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ တော်ဝင်မိသားစုနဲ့ထိုက်တန်ကြောင်း ပြသဘို့ကြိုးစားရာမှာ ယခုအချိန်ထိ အောင်မြင်ခဲ့တယ်လို့ ယူဆမိလို့ပါ။
ပြီးတော့ မက်ဂန်နဲ့ ဟယ်ရီတို့က အမျိုးစပ်ရင် Streatlm က Ralph Bowes(1480-1516)ဟာ သူတို့၂ ယောက်ရဲ့ ဂရိတ် ဂရိတ် ဂရိတ် ဂရိတ် ဂရိတ် ......ဂရိတ် ဂရိတ် ဂရိတ် ဂရန်းဖားသား တော်စပ်တယ်လို့ ဆိုပါတယ်။
တခုဘဲတွေးမိပါတယ် မက်ဂန်မာကယ်ဟာ ပထမအိမ်ထောင် Trevor Engelson နဲ့ 6 နှစ်တွဲပြီးမှ လက်ထပ်ခဲ့တာ ဖြစ်ပေမဲ့ အိမ်ထောင်သက် ၂ နှစ်လောက်ဘဲခံတဲ့အကြောင်းပါ ။ သြဂုတ်လ ၄ ရက်မွေးတဲ့သူဖြစ်လို့ လေးဂဏန်းသမားရဲ့ စရိုက်အနည်းငယ်လွှမ်းမိုးတယ်ဆိုရင် ဟယ်ရီနဲ့ အိမ်ထောင်ရေးမှာလည်း သတိထားရဘို့ ရှိပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အခုချိန်မှာတော့ မက်ဂန်ဟာ ဗြိတိန်နိုင်ငံရဲတော်ဝင်အသိုင်းအဝိုင်းမှာ ပထမဆုးံ လူမဲသွေးနှောတဲ့ သတို့သမီးဖြစ်သွားခဲ့ပါပြီ ။
ဟယ်ရီမင်းသားရဲ့ကြင်ယာတော်ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ မက်ဂန်ဟာ တော်ဝင်မင်းသမီးတွေလိုဘဲ ကျက်သရေရှိစွာ တင့်တယ်နေခဲ့တာ အမှန်ပါ ။
ပြီးတော့
မက်ဂန်ရဲ့ အဖြူရောင် မင်္ဂလာဝတ်စုံ ဟာ ဇာတွေ နဲ့ ထည်ဝါမနေဘဲ ရိုးရိုးရှင်းရှင်းနဲ့ boatneck neckline လုပ်ထားပြီး လက်ကို အရှည်ယူထားတဲ့ပုံဟာ အိန္ဒြေရရ စွဲဆောင်နိုင်လွန်းပါတယ်။
မက်ဂန်ဟာ မင်္ဂလာပွဲမှာ သတို့သမီးတယောက်အနေနဲ့ လက်ဝတ်ရတနာဆင်မြန်းတာဆိုလို့ Queen Marry ရဲ့ စိန်သရဖူအသေးလေးရယ် ညနေ ဧည့်ခံပွဲ အသွားမှာ ဒိုင်ယာနာဝတ်ခဲ့ဖူးတဲ့ မြပုံသွေးထားတဲ့ aquamarine လက်စွပ်ရယ် ..ဒါဘဲတွေ့ရပါတယ်။
ဒါ့အျပင္လဲ
မင်းသား ဟယ်ရီဟာ သူ့မိခင် ဒိုင်ယာနာကို ဒီလိုအချိန်မှာ သတိရနေခဲ့ပုံရပါတယ် ။ မိခင်ဒိုင်ယာနာကြိုက်တဲ့ Forget -Me -Nots ပန်းတွေကို မက်ဂန်က လက်ကိုင်ပန်းအဖြစ်ကိုင်ထားခဲ့တာ မြင်တွေ့ရပါတယ်။
ဒါဟာမက်ဂန်ရဲ့ လိမ္မာပါးနပ်မှု့လို့ဆိုရင် မမှားဘူးလို့ ထင်မိတယ်။ မိခင်မဲ့ခဲ့ရတဲ့ လူငယ်လေးတယောက်ရဲ့ အစိုင်အခဲကို ကြင်နာခြင်း လေးစားဂုဏ်ယူခြင်းတွေနဲ့ ဒီလိုနေ့မှာ သူ့မိခင်ကို အရေးတယူရှိကြောင်း ပြသခဲ့တာပါ ။
အသားညိုတဲ့မက်ဂန်ဟာ ဗြိတိန်ဘုရင်မကြီးရဲ့မြေးတော်နဲ့ ကြိုက်ရလို့ အသားဖြူအောင် ဂလူတာထိုးဘို့ ကြိုးစားခဲ့ပုံ မရပါဘူး။ ရင်သားကြီးအောင်လဲ ပြင်ထားပုံမရဘူးး မင်းသားရဲ့ချစ်မြတ်နိုးခြင်းခံရလို့ အကောင်းစားတွေစား အကောင်းစားတွေကြွားပြတာ မြင်ရခဲပါတယ်။
နောက်ပြီး Frogmore House မှာလုပ်မယ့် ဧည့်ခံပွဲကို သွားဘို့အတွက် ဟယ်ရီမောင်းတဲ့ ဂျာဂွာ E type Concept Zero ၁၉၆၈ ခုနှစ်ထုတ်တဲ့ ငွေပြာရောင်ကားလေးပါ ။ အကိုဖြစ်သူ ဝီလျံတုန်းကလဲ အဲဒီလိုရှေးဟောင်းကားလေးနဲ့ပါဘဲ။ ဟယ်ရီမောင်းတဲ့ကားနံပါတ် က E190518 ပါ ဒါဟာ သူတို့မင်္ဂလာပွဲလုပ်တဲ့ ၁၉ ရက် ၅ လ ၂၀၁၈ ကို က်ုယ်စားပြုပါတယ်။
တကမ႓ာလုးံ စိတ်ဝင်တစားစောင့်ကြည့်နေရတဲ့ နန်းတော်ထဲက မင်းသားလေးရဲ့ မင်္ဂလာပွဲဟာ ဝင်ဆာရဲတိုက်ကြီး ..၁၄ ရာစုဘုရားကျောင်းကြီး နဲ့ မေရီဘုရင်မကြီးရဲ့ စိန်သရဖူ ..ဒိုင်ယာရဲ့ လက်စွပ် ..1960 ပြည့်နှစ်က မော်တော်ကား စသည်ဖြင့် ရှေးဟောင်းဘိုးဘွားအမွေအနှစ်တွေနဲ့ ပိုက်ဆံရှိတိုင်း မရနိုင်တဲ့ ဂုဏ်ဒြပ်တခုကို ဖော်ကျူးသလို ခံစားမိတယ်။
မက်ဂန်ဟာဖြူဆွတ်နေတဲ့ တော်ဝင်အသိုင်းအဝိုင်းမှာ half black တယောက်အဖြစ် ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း ရပ်တည်ပြီး တော်ဝင်အသိုင်းအဝန်းက မင်းသား ဟယ်ရီလက်ထပ်ယူဘို့ရာထိုက်တန်တဲ့ အမျိုးသမီးအဖြစ် ..ဘုရင်မကြီး လက်ခံအောင် သက်သေပြနိုင်တဲ့ အရည်အချင်းရှိတဲ့အမျိုးသမီးဖြစ်လို့ သဘောကျမိတယ်။
ဗြိတိန်ဘုရင်မကြီး သဘောတူဘို့ဆိုတာ
သာမန်အရပ်သူတယောက် အရည်အချင်းလောက်နဲ့ တိုးဝင်ဘို့ ခက်ပါတယ်။ ပြီးတော့လူမဲသွေးရောနေတဲ့ အရပ်သူတယောက်ကို ဘုရင့်သွေးသားနဲ့ အမျိုးစပ်ဘို့
မာနကြီးလှတဲ့ တော်ဝင်အသိုင်းအဝန်းက ခွင့်ပြုတာ
ထူးဆန်းပါတယ်။
မက်ဂန်ကို ကြည့်ရင်း ကျွန်မအတွေးထဲကို ဝင်လာတဲ့ အကြောင်းက ပထမအိမ်ထောင်ကွဲဖြစ်ပါရဲ့နဲ့
အသားလည်းညိုပါရဲ့နဲ့
အင်မတန်ကောက်သော တင်ပါး ခန္ဓာအချိုးအစားလဲ မရှိပါဘဲ နဲ့
မင်းသားတပါးရဲ့ကြင်ယာတော်အဖြစ် ခမ်းခမ်းနားနား ချီးမြှင့်မြှောက်စားခံရတဲ့ အဖြစ်ဟာ
မင်းသားနဲ့ထိုက်တန်တဲ့ အမျိုးသမီးအဖြစ် သူ့ကိုယ်သူစောင့်ရှောက်ခဲ့လို့ ဖြစ်လိမ့်မယ်လို့ တွေးမိတယ်။
တကယ်တော့ .....
အမျိုးကောင်းသားသမီးတယောက်အဖြစ် အရည်အသွေးရှိတဲ့သူဖြစ်ရင် ...
စိန်ကောင်းကျောက်ကောင်းမှန်ရင်
မဟာပထဝီမြေထုကိုတောင် ခွဲပြီး ရှာတဲ့သူနဲ့ ဆုံရပါလိမ့်မယ်။ မိမိကသာ ထိုက်တန်တဲ့ ရတနာဖြစ်ဘို့သာ လိုအပ်တယ်။
# Ellen Grace
Friday, April 27, 2018
မိန်းမတယောက် အလှ
မိန်းမတယောက် အလှ by Ellen Grace (ဒေါ် အိ ရှန်း - Myat Yee Mon)
မိန်းမတယောက်ဟာ
ချောတာ လှတာနဲ့ မဆိုင်ဘူး
အိမ်ထောင်ရေးကံကောင်းတယ် မကောင်းဘူး ဆိုတာ
ကံရယ် ဉာဏ်ရယ် အများကြီး ဆိုင်တယ်
အမျိုးထဲမှာရှိပါတယ်
အဲဒီအမက အသားက အတော့်ကိုညိုတာ
ဝတ်တာစားတာကလည်း သိတဲ့အတိုင်း ရိုးရိုးကြီး
ကိုယ်လုးံကလည်း ကလေး ၂ ယောက်မွေးပြီး ပစ်ခတ်ထားတာ ဆိုတော့ တွေးကြည့်ပေါ့
သူ့အမျိုးသားက ဖြူဖြူချောချော တရုတ်စပ်တယ်
ငယ်ငယ်က တရုတ်မင်းသားနဲ့တူတယ်။ တဦးတည်းသောသား..အမေက ညွှန်မှုး အဖေက လည်း အရာရှိ
သူ ့အေမက
သူတို့အိမ်ဘေးက သူဌေးသမီး တရုတ်မလေး၂ ယောက်နဲ့ သဘောတူတာ
ဒါပေမဲ့ မယူဘူး အခုလက်ရှိအမကိုခိုးပြေးတာ ။
ဖြူဖွေးနေတဲ့တရုတ်မ အလှပဂေးတွေကို မယူဘဲ
ဟိုးးး နယ်ဘက်က အသားတော်ညိုပြာညက်ကို စုံရေမက်ရေ ယူတာ နော် မိန်းမကို ဘယ်လောက်ချစ်လဲဆိုရင် အခု အသက် ၅၀ ကျော်လာတဲ့ အထိ အရိပ်တကြည့်ကြည့်နဲ့ ။ မျက်စိအောက်က အပျောက်မခံဘူး
အခု သမီးလေး ၂ ယောက်က စင်္ကာပူမှာ နေတယ် ။
ဘဝပေါ်င်းများစွာက သစ္စာရှိရှိ လက်တွဲလာခဲ့တဲ့သူတွေကို မြင်ဖူးချင်ရင် အဲလိုစုံတွဲတွေလို့ ညွှန်းချင်တယ်။
နောက်တယောက်ရှိသေးတယ်
အရင်က ညွှန်ချူပ်ကတော်တယောက်ပေါ့
သာမန် အညာသူ တယောက်ပါ
မိဘပေးစားလို့ ယူကြတာ
အမျိုးသားက ညွှန်ချူပ်ဘဝမှာ အဲဒီအမ လေဖြတ်သွားတယ်
ဆရာပေါ်င်းစုံနဲ့ ရအောင် ကုပေးတယ်
ကြင်ကြင်နာနာနဲ့ သစ္စာမပျက်ဘူး
မိန်းမကိုသွားလေရာခေါ်တယ်
။ သစ္စာရှိတဲ့သူနဲ့ ပေါ်င်းဖေါ်ရတာ ကံအကျိုးပေးကောင်းတခုပါ ။
နောက်တယောက်ကတော့
ဗိုလ်မှုုးကြီးကတော်တယောက်
တပ်ရင်းမှုးကတော်ဖြစ်တော့ ပေါ်င် ၂၀၀ နီးပါးရှိနေပြီ
ဒါပေမဲ့ သူ့အမျိုးသားက ချစ်လိုက်တာများ အသားညိုညို
မိန်းမဝတုတ်ကြီးဘေးထားပြီး ဘယ်မိန်းမမှ စေ့စေ့မကြည့်ဘူး ။ အင်မတန်ကင်းရှင်းတာ ။ သူက ဘယ်သူနဲ့တူလဲဆိုရင် ပိန်ပိန်ပါးပါး အရပ်မြင့်မြင့်နဲ့ ယူနီဖောင်းဝတ်ထားရင် နေအောင်တို့လို ပုံမျိုး ..တကယ်ချောတာ
အနေအထိုင် တည်တန့်ပြီး ယောက်ကျားပီသတယ်
မိန်းမတယောက် တသက်လုးံ ရင်အေးရတဲ့ သစ္စာတရားရှိတယ်။
ဒီနေရာမှာ အတိတ်ကံရော လက်ရှိပြုလုပ်နေဆဲကံတွေရော ပြောပြချင်မိတယ်။
မိန်းကလေးတယောက်ကိုလည်းတွေ့ဖူးတယ်။ ကိုယ်လုးံလှလှ ရုပ်ချောချော သူ့ကိုယ်သူလှမှန်းသိတယ် ဂုဏ်လဲယူတယ်။
သူက လှတယ်ဆိုတာ လူတကာကို လက်ခံစေချင်တယ်
လူလွတ်ရော မလွတ်ရော မရှောင်ဘူး
သူ့အလှနဲ့ ဖမ်းစားမယ်ပေါ့
ဒီတော့ ယောက်ကျားတွေငေးမယ့်ဒီဇိုင်းမျိုး အမြဲသုးံတယ်
ရက်ရက်ရောရောပြတယ်ပေါ့ ။ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း နေတယ်ပေါ့
နောက်တော့ သူအိမ်ထောင်ကျသွားတယ်
ကလေးတယောက်ရပြီး ကွဲသွားတယ်။ ရေရှည်သစ္စာရှိတဲ့သူနဲ့ မတွေ့ဘူး ခဏအပျော်တွေကတော့ သပ်ချလို့ ဘယ်နိုင်ပါ့မလဲ ဒါလဲ ကိုယ်ပြုခဲ့တဲ့ အကြောင်းတွေပါဘဲ
ပါချူပ်ဆရာတော်ဟောတဲ့ ယသော်ဓယာအကြောင်း သတိရလို့ ပြောပြချင်တယ်
ယသော်ဓယာဟာ သုမေဓါရှင်ရသေ့ ဘုရားလောင်းအဖြစ် ဗျာဒိတ်ပေးခံရတဲ့အချိန်မှာ သူကလည်း ဘေးမှာရှိနေခဲ့တယ်။
သုမေဓါ ရှင်ရသေ့ကို မြင်မြင်ချင်း မေတ္တာရှိလို့ ကြာပန်းခိုင် တဝက်လှုပြီး ပါရမီဖြည့်ဘက်အဖြစ် ဆုတောင်းခဲ့တယ်။
တကယ်တော့ အဲဒီအချိန်ကျမှ သူတို့ တွေ့ဖူးတာမဟုတ်ဘူးဟိုး အရင် ဘဝပေါ်င်းများစွာထဲက အကြင်လင်မယားအဖြစ် ပေါ်င်းဖော်လာခဲ့ပြီးသားတဲ့ ဒါ့ကြောင့် သုမေဓါရသေ့ကို တွေ့တော့ မေတ္တာစိတ်ဖြစ်တာ၊
ဘဝပေါ်င်းများစွာ အကြင်လင်မယားဖြစ်ခဲ့တဲ့သူတွေ
သစ္စာရှိခဲ့တဲ့သူတွေ ဆိုရင် ဘယ်လိုပုံ ဘယ်လိုအနေအထားဖြစ်ဖြစ် သေတပန်သက်တဆုးံ ခိုင်ခိုင်မြဲကြတာ တွေ့ရတယ်။ ဘာဇတ်ရှုပ်မှ မကြားရဘူး
အားကျစရာ အတုယူစရာရှိတယ်။
ယသော်ဓယာဟာ ဘုရားလောင်းတော်မြတ်နဲ့အတူတူ ဘဝများစွာ ပါရမီဖြည့်ခဲ့ရတယ် ။ ဝေဿန္တရာမင်းကြီးဘဝမှာ သားသမီးတွေကို ပုဏ္ဏားက အလှုခံတော့
မိခင်တယောက်ရဲ့ ရင်ကွဲနာကျတဲ့ဝေဒနာကိုခံစားပြီး ယောက်ကျားရဲ့ ပါရမီကို ဖြည့်ခဲ့တယ်။
ချမ်းသာတဲ့အခါ ဝမ်းမြောက်ဝမ်းသာရှိပြီး ဆင်းရဲရင် ဘယ်သူ့မှ မပြစ်မတင်ပါဘူးလို့ မြတ်စွာဘုရားကို ပြောခဲ့တယ်။ နောက်ဆုးံ ယသော်ဓယာဘဝမှာ သားကလေးနဲ့ကျန်ရစ်ခဲ့တော့ ဖန်ရည်စွန်းတဲ့အဝတ်ကို ခင်ပွန်းနဲ့တူတူလိုက်ဝတ်ပြီး နန်းတွင်းမှာ သီလသမာဓိကြီးစွာနဲ့ လင်မရှိတဲ့ဘဝကို ဖြတ်သန်းတယ်။ မြတ်စွာဘုရားက ဆွမ်းတနပ်ဘဲစားတယ်ကြားလို့ သူကလဲ နန်းတွင်းမှာ တနပ်ဘဲ စားတယ် ။
ယသော်ဓယာဟာ ကာမဘုံမှာ မြတ်စွာဘုရားပြီးရင် ဘယ်သူမှ နှိုင်းယှဉ်လို့မရတဲ့ အလှရှိတယ်လို့ဆိုတယ်
ဘယ္သူမွ မမွီဘူးတဲ့။
ဒါပေမဲ့ မရေမတွက်နိုင်သော ဘဝများစွာက ပါရမီဖြည့်ဘက်ဖြစ်ခဲ့လို့ ခင်ပွန်းမရှိတော့တဲ့အခါ သစ္စာတရားနဲ့ အဖော်ပြုနေတယ်
ငါ့အလှတွေကျန်သေးတယ် ငါ ငယ်သေးတယ်ဆိုတာမျိုး အိမ်မက်တောင် မက်မယ် မထင်ဘူး။ မောင်းမမိဿံ ၆ သိန်းကိုးသောင်းရဲ့ အကြီးအမှုးအဖြစ် ကျက်သရေရှိစွာ နေခဲ့တယ်။
မိထွေးတော် ဂေါတမီ နဲ့ သာကီဝင်မင်းသမီးငါးရာ ဘိက္ခူနီဝတ်ပြီးတဲ့အခါ ယသော်ဓယာလည်း ဘိက္ခူနီဝတ်တယ်။ သာသနာ့ဘောင်ထဲဝင်ပြီး ၂ ပတ်အကြာမှာ ရဟန္တာဖြစ်ခဲ့တယ်။ ယသော်ဓယာသာသနာ့ဘောင် ရောက်တော့ အလွန်ဘုန်းတန်ခိုးကြီးတယ် ။
လှုချင်သူတွေ ဝိုင်းဝိုင်းလည်နေတယ်
မရေမတွက်နိုင်တဲ့ ဘဝပေါ်င်းများစွာ ဘုရားအလောင်းတော်မြတ်နဲ့အတူတူ ပါရမီဖြည့်ခဲ့လို့ ကုသ်ုလ်တွေဟာ လှိုင်းလုးံကြီးတွေလို ရှိတယ်လို့ ဆရာတော်က ဟောကြားခဲ့တယ်။
ယသော်ဓယာဟာ သူနိဗ္ဗာန်စံမြန်းရမယ့် အချိန်နီးတော့
မြတ်စွာဘုရားကို နောက်ဆုးံကန်တော့သွားတယ်။
အမျိုးမျိုးသော တန်ခိုးတွေ ပြတော်မူတယ်။
မျက်လုးံတလုးံက လလောက်ကြီးပြီး
ကျန်တဲ့မျက်လုးံတဖက်ကို နေလောက်ဖန်ဆင်းတယ်
ကိုယ်လုးံက စကြာဝဋ္ဌာလောက်ကြီးတဲ့ ဒေါ်င်းငှက်အသွင် ပြုပြီး ပူဇော်တယ်
သိကြားမင်းအသွင်
ဗြမဟ္မာကြီးအသွင်
ဖန်ဆင်းပြီး ပူဇော်တယ်
မြတ်စွာဘုရားကို နောက်ဆုးံပူဇော်ကန်တော့ခဲ့ပြီး
သူ့မှာအပြစ်တွေရှိရင် ခွင့်လွှတ်ဘို့ တောင်းပန်ခဲ့တယ်
သက်တော်ရ၈ နှစ်မှာ ပရိနိဗ္ဗာန်ပြုတယ်။
ယသော်ဓယာဟာ ဘဝအမျိုးမျိုး ကို ဘုရားအလောင်းတော်နဲ့အတူ ကျင်လည်ခဲ့ရတယ်။ လောကဓံမုန်တိုင်းကြားမှာ ပါရမီဖြည့်ခဲ့တယ်
သောက အမျိုးမျိုးကြုံရတယ်။
ဆင်းရဲခြင်း ချမ်းသာခြင်း ရင်ဆိုင်ရတယ်။
ကောင်းပေ့ ညွှန့်ပေ့ဆိုတာတွေလည်း ကြုံရတယ်
နောက်ဆုးံမှာ ကိလေသာကုန်ခမ်းပြီး အငြိမ်းဓါတ်နဲ့ နိဗ္ဗာန်စံဝင်တယ်။
ပါရမီဖြည့်ဘက် မှန်ရင် တယောက်အပေါ်တယောက်
အနစ်နာခံတယ် သစ္စာရှိတယ် အိမ်ထောင်တခုကို ကျက်သရေရှိစွာတည်ဆောက်တယ်။
ကိုယ်တိုင်က ပါရမီဖြည့်ဘက်ကောင်းတယောက်အဖြစ် မကျင့်ကြံရင် ထိုက်တန်တဲ့သူနဲ့လွဲပါလိမ့်မယ်
ကိုယ့်အပေါ်သစ္စာမရှိသူနဲ့ကြုံရ ရင် ကိုယ့်ရဲ့ အတိတ်ကံကို အရင်ဆုးံ သတိရ ရမယ်။ ဘဝအဆက်ဆက်လိုက်တတ်တဲ့ဝဋ်ကြွေးကို ဘယ်တော့မှ လစ်လျူရှု့လို့ မရဘူး ။ နောက်တခုက ဉာဏ်ကူရတယ်။
ပဒုမနတ်သားအကြောင်းလို့ ထင်တယ် သိတ်မမှတ်မိဘူး ။ သူက ဘဝတခုမှာ ပွေရှုပ်လာခဲ့တော့
နောက်ဘဝမှာ မိန်းမဖြစ်တယ်
မိန်းမဘဝမရောက်ခင် ငရဲကျသေးလားမသိဘူး
မွေးလာတော့ သူ့ကိုဘယ်သူမှမချစ်ဘူး
လူမုန်းခံရတယ်။ မလှတာလဲ မဟုတ်ဘူး ချစ်တဲ့သူ မရှိတာ ။ အတိတ်က သူတပါးချစ်ခြင်းတွေကိုခွဲခဲ့တဲ့အကျိုးတွေထင်တယ်။ အမေကလည်း သူ့မချစ်ဘူး
ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘက ယောက်ကျားပေးစားတယ်
ယောက်ကျားကလည်းမချစ်ဘူး ပစ်ထားတာ
တနေ့ ပစ္စေက ဗုဒ္ဓ ဆွမ်းခံကြွလာတာမြင်တော့
သဒ္ဒါစိတ်တွေဖြစ်ပြီး ဆွမ်းကပ်တယ် မွှေးတဲ့လှတဲ့ပန်းတွေ လှုတယ်ထင်တယ်
ဆုလည်းတောင်းတယ်
ချက်ခြင်းနော် အကျိုးပေးတာ
သူ့ကိုအကုန်လုးံ ဝိုငိးဝိုင်းလည်ချစ်လာကြတယ်
ယောက်ကျားကလည်း ဂရုစိုက်လာတယ်
သေတော့ နတ်ပြည်ရောက်တယ်။
ဉာဏ်ကူရတယ်ဆိုတာက အကြောင်းအကျိုးကို နားလည်ဆင်ခြင်နိုင်တဲ့ ပညာကို ပြောတာပါ
သူများတွေမှာ မဖြစ်ဘဲ ကိုယ့်ကျမှ ဖြစ်တယ်ဆိုရင်
ကိုယ့်ရဲ့ ကုသိုလ် အကုသိုလ်ကို ချိန်ဆနိုင်ရမယ်
ငါလှနေရဲ့သားနဲ့ လို့ မတွေးပါနဲ့
ငါ့အကုသိုလ်တွေမလှတာကို တွေးပါ
အကျိုးပေးသန်နေတဲ့ အကုသိုလ်တံခါးတွေ အလိုလို ပွင့်လာတာ သတိရပါ ။
အညစ်အကြေးနဲ့တူတဲ့အကုသိုလ်တွေ တက်လာပြီဆိုရင် စင်ကြယ်ဘို့က ရေနဲ့တူသော ကုသိုလ် ဒါနသီလ များများပြုတာပါ ။ သီလပျက်သူကို သီလရှိသူက အနိုင်ရတယ်နော်။ ဒါဟာ ဉာဏ်ကူတာပါ အရွဲ့တိုက်ပြရင် သူလဲသီလမရှိ ကိုယ်လဲသီလမရှိ ဖြစ်ပြီး နိမ့်ပါးသထက် နိမ့်ပါးသွားတတ်တယ်။
သီလဟာ ဘုန်းကံတမျိုးပါ
ဒီစကားတွေဟာ အမျိုးကောင်းသားသမီးဖြစ်ပါရဲ့နဲ့
သစ္စာမရှိတဲ့သူများနဲ့ ပေါ်င်းဖက်ရသူတွေအတွက် ဗဟုသုတ ရအောင် ရေးတာပါ ။ ပါရမီဖြည့်ဘက် အစစ်အမှန်နဲ့ လွဲခဲ့ရတဲ့သူများအတွက်ပါ ။
အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ
ယောက်ကျားရကံကောင်းလို့မဟုတ်ပါဘူး
လူပျိုဘဝ ဆိုးသွမ်းနေသူတွေ ကိုယ့်လက်ထဲရောက်မှ ကောင်းသွားသူတွေရှိပါတယ်
လူပျိုဘဝ လိမ္မာနေပေမဲ့ ကိုယ်နဲ့ရမှ ပျက်ဆီးသွားသူတွေရှိပါတယ်
အဓိကက ကိုယ့်ကံပါ
ဘဝတွေမှာ သူများချစ်ခြင်း မဖြိုခွဲခဲ့ဘူး
သူများသားမယား လင်ယောက်ကျား မပြစ်မှားခဲ့ဘူး
သူများအိမ်ထောင် ခလောက်မဆန်ခဲ့ဘူးဆိုရင်
စိတ်ယုတ်မာ မရှိခဲ့ဘူးဆိုရင်
ဆင်းရဲတဲ့ဘဝရောက်ရောက်
ချမ်းသာတဲ့ သူဌေးသမီးဖြစ်ဖြစ်
ရုပ်ဆိုး အသားမဲ ဘယ်လိုရွဲပြဲနေပစေ
ကိုယ့်ရဲ့ လက်တွဲဖော်အစစ်အမှန်နဲ့ ဖူးစာဆုံရတယ်
စိတ်ချမ်းသာရတယ်
သစ္စာရှိတာခံစားရတယ်။ သစ္စာရဲ့အကျိုးခံစားရတယ်
ကြင်နာစာနာတတ်တဲ့ သူနဲ့ ဆုံရတယ်
အသက်ထက်ဆုးံ အိမ်ထောင်ရေးသောက ကင်းရပါတယ်။
ပုထုဇဉ်လူသားဘဝမှာ ဘဝအဖော်ဆိုတာ လူတိုင်းမက်မောပါတယ်။ လက်တွဲဖော်က ပေးတဲ့စိတ်ဆင်းရဲမှု့က ဘဝရဲ့ သုးံပုံတပုံ နေဝင်သွားတာဘဲ
ရှင်လျက်နဲ့ သေရတဲ့ မနက်ခင်းတိုင်းကိုကြုံရမှာပါ
ကိုယ့်အပေါ်မကြင်နာဘူး မချစ်ခင်ဘူးဆိုရင်
အဲဒီလူဟာ သနားစရာကောင်းလောက်အောင် အားငယ် ညှိုးနွမ်းရတာနော်
ဘဝကြီးတခုလုးံ ကယ်ရာမဲ့ ကူရာမဲ့လို ခံစားရတာ။
ဒီတော့ သစ္စာရှိတဲ့သူတွေနဲ့ဆုံချင်ရင် ကိုယ်တိုင်က သစ္စာရှိသောအကြောင်းတရားများကို ပြုလုပ်ခဲ့ရမယ်
ဒါမှ ကိုယ်ပြုသောကံတိုင်း ကိုယ့်ထံပြန်ရမယ်လို့
ကျွန်မက ယုံကြည်တယ်။
Credit to : Ellen Grace
#Myat Yee Mon...
Wednesday, November 29, 2017
မေမေ့ဝါဒ
မေမေ့ဝါဒ by Ellen Grace (ဒေါ် အိ ရှန်း - Myat Yee Mon)
ကျွန်မက ချူပ်စရာမလိုတဲ့ယောက်ကျားရှိပေမယ့် သားသမီးတွေအပေါ်တော့ စိတ်ကမချဘူး။ ဒါ့ကြောင့် သူတို့ငယ်ငယ်ထဲက ချူပ်သိုင်းတွေကို ရှာဖွေလေ့လာပြီး ကျင့်ကြံတယ်။ ဟိုးးငယ်ငယ်ထဲက သူတို့ကို ပုံပြောပြတဲ့ အကျင့်ရှိတယ် သူတို့ကလဲ ပုံပြောမယ်ဆိုတာနဲ့ ကိုယ့်ဘေးဘီဝဲယာက်ု တွယ်တက်ပြီး မလှုပ်တတ်တဲ့ အရုပ်လေးတွေလို ပုံ့ပုံ့ကြီး တွေ ရှိတယ်.. ဟိုးးးရှေးရှေးတုန်းက ဆိုတဲ့ အသံထွက်မလာမချင်း သုးံယောက်လုးံ အသက်တောင်ရှုရဲ့ လားထင်ရတယ်။ ပုံပြင်ကတော့ အင် တွေများပါတယ် ကျွန်မပေးချင်တဲ့မက်ဆေ့ကို ပုံပြင်လုပ်တာဆိုတော့ ကိုယ့်ဘက်ကိုယ်ယက်တာချည်းဘဲ ရန်မဖြစ်ဘဲ သိတ်ချစ်ကြတဲ့မောင်နှမတွေအကြောင်း ရွာထဲမှာသောင်းကျန်းတဲ့ကျားကြီးရဲ့ ရန်က မောင်စောလုံ ကာကွယ်ပေးတဲ့အကြောင်း မယ်အေး မောင်လူမွှေးနဲ့ က်ုကိုထွေးတို့မောင်နှမအကြောင်း ... စသည်ဖြင့် လန်ကြုတ်ဇတ်လမ်းတွေမှာ သူတို့ကို ဇတ်လိုက်လုပ်ပြီး ပြောချင်တာတွေကို ရိုက်သွင်းတာပါ။ နောက်ပြီးကျွန်မက အရာရာ မချူပ်ချယ်ဘူး ။ သူတို့စိတ်ရှိလက်ရှိကစားနေရင် လွှတ်ထားတယ်။ ကစားတဲ့အရွယ်က ကစားမှာဘဲပေါ့။ ဒီတော့ တဟင်းဟင်း တဟဲ့ဟဲ့ မထားဘူး မပြေးနဲ့ ချော်လဲမယ် မထားဘူး အန္တရယ်ဖြစ်မယ့်ဟာတွေကို ကြိုကြည့်ထားတယ် ပွန်းပဲ့ရုံလောက်ရှိမယ့်ဟာမျိုးဆို တားမနေဘူး။ တခုဘဲ ပစ္စည်းတွေမဖျက်ဆီးရဘူး သူတို့ကစားစရာလေးတွေပျက်သွားတာကျွန်မဝင်မပါဘူး ။ ဒါပေမယ့် အိမ်က ပစ္စည်းတွေကို ရည်ရွယ်ချက်နဲ့ မဖျက်ဆီးရဘူး ။သူတို့ကိုပါ စောင့်ရှောက်ခိုင်းတယ် အကယ်၍ မတော်တဆ ပျက်ဆီးခဲ့သည်ရှိသော် အရေးမယူဘူး ။ တမင်လုပ်တာမှ မဟုတ်ဘဲ တခါက အိမ်ထဲမှာ ဘောကန်တာ လက်မ၅၀ ကျော် တီဗီကြီး ကွဲသွားတယ်။ ဘယ်သူလုပ်တာလဲလို့ကျွန်မမေးတော့ တယောက်နဲ့တယောက်လွှဲချတယ်။ တီဗီကွဲသွားလို့စိတ်ဆိုးတာထက် ဝန်မခံတာကိုပိုစိတ်ပျက်တယ်။ လုပ်ရဲရင် ခံရဲအောင် ပညာပေးရတယ်။ ကလေးသဘာဝ ကြောက်စိတ်ကြောင့် ဝန်မခံတာကို သိပေမယ့် ယောက်ကျားလေးတွေဖြစ်လို့ အကျင့်မပါစေချင်ဘူး ။ အဲဒီလိုကိစ္စတွေဟာ အင်မတန်သတိထား ကိုင်တွယ်ရလို့စိတ်ပင်ပန်းတယ်လို့ ထင်မိတယ်။ ကစားတာသူတို့အလုပ်ဖြစ်လို့ကျွန်မ မတားမြစ်ဘူး ကျွန်မအလုပ်က တာဝန်ဆိုတာသိအောင် လုပ်ဖို့ဘဲ ။ ဒါ့ကြောင့် ကျောင်းသားတယောက်တာဝန်ကျေအောင်တော့ နေခိုင်းတယ်။ စည်းပျက်ကမ်းပျက် မျိုးတော့ ဆောရီးဘဲ မီးတောင်ပေါ်က်တာထက်ဆိုးတယ်ဆိုတာ လက်တွေ့ပြတယ်။ နောက်ပြီး ရိုင်းပျတဲ့ဘယ်အရာမဆို ပြင်းထန်စွာ အပြစ်ပေးတယ်။ ဦးချိုးတဲ့ သိမ်ငယ်မှု့မရှိစေဘဲ လူကြီးမိဘ လေးစားရမယ့်သူမှန်သမျှ ရိုသေရတယ်။ ရန်ဖြစ်ရင် အကျိုးအကြောင်းမေးတယ်။ ဘယ်သူ့စိတ်ခံစားချက်ကိုမှ လစ်လျူမရှု့ဘူး။ ဒါပေမယ့် ဘယ်သူမှန်တယ်မှားတယ် ဘယ်တော့မှမပြောဘူး ၂ ယောက်လုးံ အပြစ်ရှိတယ်ဘဲ။ ပြန်ခေါ်ရတယ်။ မခေါ်လို့မရဘူး။ ရန်ဖြစ်တဲ့အတွက်တော့ အခွင့်အရေးတွေဆုးံရှုးံရကြောင်း သိသာစေတယ်။ အိပ်ယာဝင်ရင် ကြီးစဉ်ငယ်လိုက် ကန်တော့ရတယ်။ အဲဒါ အကျင့်လို မွေးမြူတယ်။ သတိထားပြီး နေတာက လူရှေ့မှာ သူတို့ကို ဆူပူတာ နှိမ်ချပြီး နောက်ပြောင်တာ မလုပ်ဘူး ပြောချင်ရင် တယောက်ချင်းအခန်းထဲခေါ်ပြောတယ်။ သူတို့ ၈ တန်း ၉ တန်းရောက်လာတဲ့အခါ ပိုပြီး သတိထားရတော့တယ်။ ငယ်ငယ်နဲ့မတူတော့ဘူး ။ တခါတလေ ဂျစ်ကန်ကန်လုပ်လာတယ်။ လွှတ်ထားရတယ်။ မရိုမသေလုပ်ရင်တော့ ချက်ခြင်းတုန့်ပြန်တယ်။ သူတို့အတွေး အယူအဆတွေကို တချို့အရာတွေမှာ မကြိုက်သော်လည်း ငယ်ငယ်က ထားသလို ပွန်းပဲ့ရုံလောက်ဆိုရင် မပြောတော့ဘူး။ တဖြေးဖြေး သင်ယူတတ်လာပါလိမ့်မယ်လို့အားတင်းရတယ်။ တခါပြန်ပြီး သူတို့နဲ့တူတူကြီးပြင်းရတာ မလွယ်ကူမှန်း ကျွန်မသိခဲ့တာကြာပါပြီ။ လူရောစိတ်ရောပင်ပန်းပေမယ့် ကျွန်မက ဥယျဉ်မှုး လုပ်ခဲ့မိပြီလေ ။ နောက်ဆုးံအချိန်ထိ ကြည့်ရတော့မှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မရဲ့ဝါဒက တခုထဲရှိပါတယ်။ သူတို့လိုချင်တာပေးပြီး ကိုယ်လိုချင်တာ ပြန်ယူတဲ့ ဝါဒပါ။ ဒါပေမယ့် နဲနဲပေးပြီး များများပြန်ယူတာဟာ ကျွန်မအတွက်မဟုတ်ဘူးလို့ သူတို့သိလာတဲ့တနေ့ ဆုပ်ထားတဲ့ ကျွန်မလက်တွေ ဖြေချခဲ့မယ်။ ကျွန်မကိုကမ်းတဲ့ သူတို့လက်ကလေး ပူနွေးပါစေ။ ကျခဲ့တဲ့မျက်ရည်တွေရှိရင် သင်ပုန်းချေပါ့မယ်။... Credit to : Ellen Grace
Wednesday, November 1, 2017
အမျိုးသမီး ၃ မျိုးရှိတယ်
By Ellen Grace (ဒေါ် အိ ရှန်း)
အမျိုးသမီး ၃ မျိုးရှိတယ်
တည်ငြိမ်တဲ့ သူရယ်...
ကေလးဆန္တဲ့ သူရယ္....
အဲဒီ ၂ မျိုးလုးံ ကို mix ...လုပ်ထားတဲ့ သူရယ်။(Helen .B. Andelin) ရေးထားတာ ကို ကိုးကားတာပါ
ယောက်ကျား၁၀၀ မှာ ၉၉ ယောက်က တည်ငြိမ်တဲ့ မိန်းကလေးကို သဘောကျတယ်။ လေးစားတယ်။ ဒါပေမယ့်..... 🙂
ကလေးဆန်ပြီး ချွဲတတ် နော့တတ် ကညော့တတ်တဲ့ မိန်းကလေး ကို စွဲလန်းကြပါသတဲ့ ။(fascinating womanhood ) မှာ ရေးထားတယ်။
ယောက်ကျားတယောက်အတွက် တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမ လိုတယ်။
ဒီတော့ ဘာလုပ်မလဲ ။အဓိက အချက် အရိပ်အကဲ သိရမည် တဲ့ ။ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို မသိရင်နေ ။
သူ့ မျက်နှာ အရိပ်အကဲ မြင်ရုံနဲ့ ဝမ်းထဲက အူဘယ်နှစ်ခွေ တင်မကဘူး ။
အထက်လန်အောက်လျော ဖြစ်နိုင်ချေ ကိုပါ ကြိုတွက်ထားသ့င်တယ်။ တည်ငြိမ်ရင့်ကျက်တာနဲ့ နေရာတကာ ပါတာ ....
လိုလို မလိုလို ဆရာလုပ်တာ ကွာပါတယ်။ တခါတလေ ယောက်ကျားတယောက်က ...
"ငါဒါလုပ်ရင် ကောင်းမလား .."...;မေးတာ တကယ်တော့ အကြံတောင်းတာထက် သူတို့ စိတ်ကူး ကို ထုတ်ပြောတာသက်သက်ပါ ။
သူ့ဘာသူ ဆုးံဖြတ်ပြီးသား ။သူ့ဘာသာအဖြေရှာပြီးသား ။နင်က ဘာဖြစ်ချင်တာလဲ လို့ သာ မေးလိုက် ။
သူပြောချင်တာကို ..အစထုတ်ပေးလိုက် ။ သူရည်ရွယ်ထားတာတွေ ပြောလာလိမ့်မယ် ။
အမှန်တော့ သူတို့ပြောသမျှ နားထောင် မယ့် သူ လိုချင်လို့ စကားစခြင်း ဘဲ ဖြစ်ပါတယ်။
သူတို့က လေးစားတာလဲ ခံချင်တယ်။ အဲဒီအတွက် ကြွားလုးံ လေးတွေကိုလဲ ဟန်မပျက် နားထောင်ပေးဘို့လိုတယ်။
သူ့စိတ်ကူးတွေ အိမ်မက်တွေ ကို ကိုယ်က အတိုက်အခံ ပြောလို့ ဖီလင် အောက်သွားတာနဲ့
တပြိုင်နက် တဖြေးဖြေး သူ့ဘက်က တိတ်ဆိတ် လာလိမ့်မယ်။ စကားနည်းလာတာမဟုတ်ဘူး ။
ကိုယ်မဟုတ်တဲ့ တခြားမိန်းမနဲ့ ရင်ဖွင့်ဘို့ တာစူနေတာ။
ကာရာအိုကေ ဆိုင်တွေ မှာ ပျော်နေတဲ့ သူအများစုဟာ sex သက်သက် အတွက်မဟုတ်ဘဲ
သူတို့ အတ္တကို မြေတောင်မြှောက်ပေးတဲ့ မိန်းမမျိုး နဲ့ တွေ့တဲ့အခါ
ချူစားကာမှ စားရော ပေးရတာတန်တယ် လို့ မှတ်ကြတယ် ။ကိုယ်လိုချင်တာ တခုအတွက် လဲယူတာဘဲ ဖြစ်ပါတယ်။
ဒီနေရာမှာ တယောက်နဲ့တယောက် respect ဆိုတဲ့ အကြောင်း ပြောပြချင်တယ်။
လူတွေဆိုတာရင်းနှီးမှု့ ပိုလာရင် ကနဦးအစကလို အလေးပေးတာတွေ လျော့လာတယ်။ နောကိပြီး အထင်သေးလာတတ်တယ်။
စိတ်ထဲမှာ မျှော်လင့်ပုံဖော်ထားတာက တမျိုး ။ မမျှော်လင့်တဲ့ အပြစ်အနာဆာ တွေ ကို မြင်လာတော့ စိတ်ပျက်လာတယ် ။
မလေးစားတော့ဘူး ။တယောက်နဲ့ တယောက် ရန်ဖြစ်လာတယ် ။နင်ပဲငဆ ပြောလာတယ်။ သံယောဇဉ်ကြောင့်သာ ပြန်ခေါ်ကြမယ် ။
သံယောဇဉ်ကြောင့်သာ ယူလိုက်ကြမယ် ။ အခြေနေပေးရင် ဖောက်ပြန် ဘို့ များလာတယ်။
ဂရုစိုက်မှု့ပေးတဲ့ တခြားမိန်းမ တယောက်နဲ့ တွေ့ရင် သားသမီး မျက်နှာ လဲမထောက်ဘဲ ပါသွားတတ်ပါတယ်။
တခါတလေ အိမ်ထောင်ကျတဲ့အခါ မိန်းမဖြစ်သူက ပန်းကန်တွေဆေးနေတာတောင် ကူဖော်မရဘူး ။
အရင်လို ပခုးံတောင် လာမဖက်တော့ဘူး ။တွေးတတ်ကြတယ်။ ကိုယ်က သူ့ကို ကြိုက်တာ
ပန်းကန်ကူဆေးဘို့ ကြိုက်ခဲ့ တာမှမဟုတ်ဘဲ ။။ တခါက နှစ်ခါ အကူညီတောင်းလို့မှ မလုပ်ရင်
သူ့ဒါကို မလုပ်ချင်ဘူးလို့ သာ လက်ခံရပါမယ်။
လူသားမှန်ရင် လူပီသစွာ မှားယွင်းတာတွေရှိတတ်ပါတယ် ။လူကျင့်ဝတ် ဖောက်ဖျက်တာမဟုတ်ရင် ခွင့်လွှတ်ပေးပါ တဲ့ ။
ဆရာတော်တပါး ဟောဖူးတယ် ။ မရှိတဲ့ ဂုဏ်ကို မမျှော်နဲ့တဲ့ ။
ကိုယ် လှုတဲ့သူက တောင်းစားနေတဲ့ သူမှန်း သိပါရဲ့ နဲ့ နံဟောင် ညစ်ပတ်နေတာ မြင်ပြီး ...
လှုချင်စိတ် နောက်တွန့်သွားရင် အကျိုးပေးမသန် တော့ဘူး လို့ ..ဆိုတယ်။
အရိယာဖြစ်တဲ့ သောတပန် သက္ကဒါဂါမ် တောင် ဒေါသစိတ်ရှိတယ်နော် ။
အနာဂါမ် ဖြစ်မှ ဒေါသ ပြုတ်တယ်။ ရဟန္တာ ဖြစ်မှ လောဘ ကုန်တယ်။
ဒီတော့ ပုထုဇဉ် တယောက်ကို အများကြီးမမျှော်လင့်ပါနဲ့ လို့ ဆိုချင်တာပါ။
ဒီလိုပါဘဲ ။ ကိုယ်ရွေးချယ်တဲ့သူက ဘယ်လိုလူဆိုတာ သိထားပြီး လက်ခံပေးလိုက်ပါ ။
သူ့ရဲ့ အထင်ရှားဆုးံ စရိုက် ကို သိပြီး မကြိုက်ရင် စောစောလမ်းခွဲတာအကောင်းဆုးံ နည်းပါ ။
ငါ့လက်ထဲရောက်မှ ပြုပြင် ယူမယ်လို့ ဘယ်တော့မှ စိတ်မကူးပါနဲ့ ။
လူဆိုတာ ဘာသာ ကိုသာ ပြောင်းချင် ပြောင်းမယ်။
ဝါသနာကို ဘယ်တော့မှ မစွန့်ဘူး တဲ့ ။
ကိုယ်က ဒီလူကိုကြိုက်ပြီလို့ သေချာရင် သူ့ကို အရှိအတိုင်း လက်ခံပေးပါ ။
သူ့ကိုတော့ ချစ်တယ် အကျင့်တွေကို မကြိုက်ဖူး ။ သူ့မှ မရလဲ မနေနိုင်ဘူး ဆိုရင် ပြင်ရမှာက ကိုယ် ကိုယ်တိုင် ပါဘဲ ။
ကိုယ့်ကိုကိုယ်သာ ပြင်ပါ ။ကိုယ့်စိတ်သာ ပြင်ပါ ။ ဖြစ်လာသမျှ ရင်ဆိုင်မယ်လို့ စိတ်ချမှ ဆုးံဖြတ်ပါတဲ့ ။
ကိုယ့် ချစ်သူကို ဒီလိုနေ ဒီလိုထိုင် လို့ ပြုပြင်တဲ့ သူတွေဟာ သနားစရာအကောင်းဆုးံ ကျန်ရစ်တွေ ဖြစ်ရင်ဖြစ်
မဟုတ်ရင် စိတ်မချမ်းသာတဲ့ သူ ဖြစ်ဖို့ တရာ ရာနှုန်း သေချာပါတယ်။ ဘယ်တော့မှ မရပါဘူး တဲ့ ။
သူ့ဘာသူ ပြင်ချင်စိတ်နဲ့ ပြင်မှ ရနိုင်ပါတယ်။
ယောက်ကျားတယောက်ဟာ ကလေးဆန်ပြီး အားကိုးတတ်တဲ့ မိန်းမမျိုးကို သဘောကျတယ်။ ။
ချစ်သူ အတွက် ကာကွယ်ပေးချင်တာ ယောက်ကျားတွေရဲ့ သဘာဝဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ကလေးဆန်တဲ့ အပြုအမူ ဆိုတာမှာ အလိုက်ကန်းဆိုးမသိ လုပ်ချင်ရာ လုပ်တာမျိုး ..
လူရှေ့မရှောင် သူရှေ့မရှောင် သူ့ကို စိတ်ကောက်ပြီး အရှက်ခွဲတာမျိုး မဟုတ်ဘူး ။
လိုချင်တာ မရမက ပူဆာတာမဟုတ်ဘူး ။ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ပုစံ ပြင်ဆင်တာမဟုတ်ဘူး ။
အိမ်ထောင်မှု့ မနိုင်နင်းတာမျိုး မဟုတ်ဘူး ။ နေရာတကာ ဘာမှ မလုပ်တတ်တာမျိုးမဟုတ်ဘူး ။
ချစ်စရာကောင်းတဲ့ ကလေး လေး တွေ လို ..ကိုယ်က စလိုက် ရင် ငိုတာမျိုး ။
ချော့မြှုရင် ခိုးခိုး ခစ်ခစ် ရီတာမျိုး ။ တခါတလေ ကလေး လေးက လာဖက်ထားရင် အရည်ပျော်ပြီး
သူခိုင်းတာ လုပ်ပေးရတာမျိုး ။ ဒီလို အပြစ်ကင်းတဲ့ မာယာ မျိုး လို့ ဆိုတယ်။
အဲဒါဟာ စွဲလန်းစိတ်ကို အများကြီး ပံ့ပိုး ပေးတယ်လို့ ဆိုတယ်။ တည်ငြိမ်တဲ့ အပြုအမူဟာ ဘလက်ကော်ဖီတခွက် ဖြစ်ရင်
သံပုရာသီး တစိတ်လောက်ရောလိုက်တာနဲ့ အာရုံတွေ လန်းဆန်း စေသလိုပါ ဘဲ ။
စနိုက်ကြော်လေးတွေဟာ ဒီအချက်ကို ကောင်းကောင်း နောကြေ လို့ ဘာမှနားမလည်တဲ့
ကလေးလို အမူအရာတွေနဲ့ ပဲဆီ နှမ်းဆီ ဆက်စီ တွေကြားမှာ ချဲလှော် ဒဲပြူးတဲ့ ယောက်ကျားတွေ
တနေ့ထက်တနေ့ ပုံလို့ နေပါတယ်။
ချစ်စရာ ကောင်းတဲ့ ဟန် ချစ်စရာကောင်းတဲ့ အသံ ... ဟာ .. စိတ်ကို ကြည်နူးစေတယ်။
ရွှင်ပျစေတယ် ။စွဲငြိစေတဲ့ အာရုံ ဖြစ်လို့ မိန်းမတယောက်မှာ မရှိမဖြစ် လိုအပ် တယ် လို့ သုတေသန ပြုချက်အရ ဆိုပါတယ်။
အဲဒီ အချက်တွေကို ...
Mix လုပ်ထားတဲ့ ကာရိုက်တာ ၂ မျိုးရှိတဲ့ မိန်းမတွေကို ပြောရရင် Shah Jahan ဘုရင်ရဲ့ မိဘုရား Mumtaz -i-Mahal ... သူမ ကွယ်လွန်တော့
Taj Mahal နန်းတော်ကို အဲဒီမိဖုရား အတွက် လွမ်းဆွတ်တသခြင်း အထိမ်းအမှတ် နဲ့ ဆောက်ခဲ့တာ ဖြစ်ပြီး Celestial love လို့ တင်စားတယ်။
နောက် စာရေးဆရာ Victor Hugoက သူ ချစ်ရတဲ့ချစ်သူအကြောင်း ရေးဖွဲ့ ခဲ့တယ်။
အဲဒီချစ်သူကိုသာ သေတပန် သက်တဆုးံ မြတ်နိုးသွားခဲ့တယ်။
သမ္မတ Woodrow Wilson ဟာ ၂၈ နှစ်ကြာ ပေါ်င်းသင်းခဲ့တဲ့ ဇနီးသည် ကို
မင်းကိုငါ သိတ်လေးမြတ် ချစ်ခင် တာဘဲ မင်းးကလွဲရင် ဘာမှ မတွေးနိုင်တော့ဘူး လို့ အိမ်ဖြူတော်က စာရေးခဲ့တယ်။
၂၈ နှစ်ကြာတဲ့အထိ ခံစားချက် သိမ်မွေနေဘို့ဆိုတာ မလွယ်လှပါဘူး ။
မင်းတုန်းမင်းကြီးဟာ မိဖုရားခေါ်င်ကြီး ဆုးံတော့ မိဖုရားခေါ်င် နေရာ ကို ဘယ်သူ့မှ မပေးခဲ့ဘူး ။
ဒါတောင်မိဖုရား ၅၀ ကျော်ရှိတဲ့ ဘုရင်ကြီးပါ ။ ဆင်ဖြူမရှင်ဟာ အဲဒီနေရာ ကို သိတ်လိုချင်ခဲ့ပေမဲ့ မပေးခဲ့ဘူး ။
နှစ်သိမ့်တဲ့ အနေနဲ့ ဆင်ဖြူ မရှင် ဆိုတဲ့ ဘွဲ့ကိုသာ ပေးခဲ့တယ်။ မိဖုရားခေါ်င်ကြီးဆုးံတော့ မင်းတုန်းမင်းဟာ
သူ့ဆံပင် ဘယ်သူမှ ပေးမကိုင်တော့ဘူး ။ မိဖုရားခေါ်င်ကြီးက သူ့ဆံပင်ကို အမြဲ ဆီလူး ပြီး ဆံတော် ရှင်းပေးခဲ့တာဖြစ်တယ်။
နောက်ပြီး မိဖုရားဖွားစော ။ ငယ်စဉ်ထဲက အိမ်က ပန်းပင်မှာ အရောင်မတူတဲ့ ပန်း သုးံပွင့် ပွင့်လို့
ရွာဦးကျောင်းဆရာတော်က နမိတ်ဖတ်ပေးခဲ့တယ်။ မင်းဆက် သုးံဆက်တိတိ မိဖုရား ခေါ်င် အဖြစ် မြှောက်စားခံရသူ ဖြစ်တယ်။
ယောက်ကျားတယောက်အတွက် ဒီလို အလေးအမြတ်ထားတဲ့ မိန်းမ ဖြစ်ဖို့ ခက်လား ဆိုတော့
မခက်ပါဘူး ။မခက်ဖူး လားဆိုတော့ ခက်တယ် လို့သာ ဆိုချင်ပါတယ်။
ပြီးတော့ ကိုယ်ချစ်တဲ့ ယောက်ကျားက လက်မလွှတ်သင့်တဲ့ သူမျိုး ဖြစ် ရင်
ကြိုးစားရတာ တန်တယ်လို့ ထင်ပါတယ်။
လက်ကြောမတင်းတဲ့ ယောက်ကျားဖျင်းတွေ .....
ဘယ်လိုမိန်းမ မျိုး မှ ငါကကြိုက်တာ ဆိုတဲ့ ဗာလနံ ယောက်ကျားမျိုး တွေ ဆိုရင်တော့
ခြေထောက်လေးအသာကြွပြီး
ကန်သာချလိုက်ပါလို့ ....အကြံပေးပရစေ
ဉာဏ်မှီသလောက် ရေးတာပါ ။
သူတို့အကြိုက်ဘဲလိုက်ရမှာလား ဆိုရင်တော့
ကိုယ်က ဘာလိုချင်တာလဲ အရင်သိရပါမယ်
နန်းသိမ်းဘို့အတွက် စစ်မတိုက်ချင်ရင်
ကိုယ့်တိုင်းပြည်နဲ့ ကိုယ် ကျေနပ်နေနိုင်ပါတယ် ။
#Ellen Grace
Source: https://www.facebook.com/lynn.nyi.7/posts/1925847857735615
...
ပုလဲပုတီး လေး တကုးံ
By Ellen Grace (ဒေါ် အိ ရှန်း) ကျွန်မ မှာလေ ပုလဲပုတီး လေး တကုးံရှိတယ်။ စကော့စျေးကဝယ်လာတာပါ ။ တသောင်းခွဲတဲ့ ။ ကျွန်မ သူ့ကိုချစ်တယ်။တကယ်ပါ ။ ပုလဲသားကောင်းပြီး အလုးံရည်လဲ လှတယ်။ ပြီးတော့ ပေးရတဲ့ စျေးနဲ့ မတန်အောင် တင့်တည်တယ်လို့ ကျွန်မ ထင်တယ်။ ဒါ့ကြောင့် ပွဲတော်တော်များများ သူ့အားကိုးနဲ့ သွားခဲ့တယ်။ ပုလဲဟာ ယဉ်တယ် ကျက်သရေရှိတယ်လို့ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်တယ်။ ကျွန်မ အတွက် တော့ အဖိုးနည်းပြီး ဝန်လဲကျဉ်းတယ်။ လည်ပင်းမှာ ပုလဲပုတီးလေး ၂ ပတ်လောက်ခွေ လိုက်ရင် တော်ရုံ ရင်ဖုးံအကျီလေးလဲ အသက်ရှုချောင်ရပါတယ်။ ဒီလိုနဲ့ ပွဲတော်တော်များများ အဲဒါနဲ့ ရှိုးပါများတော့ လူ့သဘောအရ တဖျတ်ဖျတ် ခါတဲ့ စိန်လော့ကက်ကြီးတွေ တွေ့တဲ့အခါ ကျွန်မ နဲနဲတော့ ကိုယ်ရှိန်သတ်မိပါတယ်။ အမှန်ပါ။ သဘောကျတဲ့ လောဘစိတ်ကလဲ လှလိုက်တာလို့ မနောခွေ့ရုံတင်မပြီးဘူး .. လိုချင်လိုက်တာ အထိ ဆက်လာတာပေါ့ .. ပြီးတော့ ကိုယ့် ပုလဲပုတီး တသောင်းခွဲ အတွက်လည်း ရှက်စနိုး ဖြစ်လာမိတယ်။ စိန်တွေရဲ့ တလက်လက် ဖြာနေတဲ့ အရောင်တွေကြားမှာ ကျွန်မနဲ့ ပုလဲပုတီးလေး အလဲလဲ အပြိုပြို ။ တကယ်တော့ ငယ်စဉ်ထဲက ကျွန်မတို့ မောင်နှမ တွေမှာ လက်ဝတ်ရတနာ အင်မတန် ရှားပါးခဲ့တယ်။ အဖေဟာ ဘယ်တော့မှ ရွှေထည် ငွေထည်တွေကို စိတ်ဝင်စားသူ မဟုတ်လို့ တောင်ပုံရာပုံ စာအုပ်ပုံတွေကြားမှာ စာပုလဲတွေ သီလို့ စိန်စီတဲ့ ဗဟုသုတတွေသာ ရခဲ့တယ်။ နားပေါ်က်ဖောက်မပေးလို့ နားကပ်ဝတ်စရာမလိုတဲ့ နားအတွက် အဖေက ကြိုတွက်ခဲ့ဟန်တူတယ်။ ကျွန်မတို့ရဲ့ နားကပ်ပူဆာ..သူကင်းခဲ့တယ်လေ။ ကျွန်မ အဖေ့ဆီက ရခဲ့တဲ့အမွေကတော့ ပန်းကန်တွေ ခွက်တွေ မြင်ရင် စိတ်မထိန်းနိုင်တဲ့ အကျင့်ပါဘဲ။ ဒါ့ ကြောင့် စိန်ရွှေရတနာဆိုင်တွေရှေ့က နောက်ဆံမငင်ဘဲ ဖြတ်သွားနိုင်ပေမဲ့ လမ်းဘေးမှာ ချထားတဲ့ ပန်းကန်လုးံလေးတွေ မြင်ရင် တောင် တငင်ငင် နဲ့ နေရတတ်ပါတယ်။ ဒါ့ကြောင့် လူလူသူသူ လို့ တွေးပြီး ပုလဲပုတီးလေးတကုးံ ကျွန်မ ဝယ်ပြီးတော့ ပွဲပေါ်င်းများစွာ နွှဲလာတာ တနေ့ ကွဲကွာသွားပြီး ပြန်တွေ့ကြတဲ့ ပွဲမှာ အသိတယောက် ဝတ်လာတဲ့ စိန်လော့ကက်သီးကို မြင်လိုက်ရတဲ့အချိန်ကစပြီး ပုလဲ ပုတီးကို မသိမသာ ငြိုငြင် လာပါတော့တယ်။ ငါလဲ ဘယ်လိုလူဆိုတဲ့ အမောက်လေး ထောင်ချင်တဲ့ စိတ်ဟာ ကျွန်မကို အတွေး ရှိသရွေ့ နှိပ်စက်ပါတယ်။ သူ့ကိုလဲ တကယ်ဖက်ရှင်ကျကျ ဝတ်တတ်တာ ပါလားလို့ မြင်ယောင်မိတဲ့အခါ ကိုယ့်ကိုကိုယ် အလိုမကျ ဘူးလို့ သိလာပါတယ်။ မာနစိတ် အပြိုင်အဆိုင် ကြွားချင်စိတ်နဲ့ လောဘ စိတ်ဟာ ကျွန်မစိတ်ကို ဖိုခနောက်ဆိုင် ပြီး မီးမွှေးတဲ့အခါ ပွက်ပွက်ဆူတဲ့ အာရုံတွေဟာ စိန်လော့ကက် ဝယ်မယ်လို့ ဆုးံဖြတ် ချက် ချတဲ့အထိ ပြင်းထန်သွားတယ်။ ဒါနဲ့ တနေ့တော့ တဆိုင်ဝင် တဆိုင်ထွက် လျောက်ကြည့်လိုက်တာ ..။ မာကျူရီ မီးရောင်အောက်မှာ တောက်ပ ဖြူဖွေးနေတဲ့ စိန်တွေ .. လှလိုက်တာ လေ .. ကိုင်ကြည့်လိုက်တော့ သိန်းရာဂဏန်း ရှိတယ်။ အကဲခတ်ကောင်းတဲ့စိန်ဆိုင် ပိုင်ရှင်က ကျွန်မ ကို စိတ်မဝင်စားပါဘူး ။ စိန်ကို ကိုင်ကြည့်တဲ့ ကျွန်မ လက်ဆယ်ချောင်းမှာ ဆင်မြီးလက်စွပ်တောင် ပါမလာတဲ့ မိန်းမကို လေကုန်ခံပြီး မရောင်းတာ သူမှန်ပြီး တကယ်တော့ ကျွန်မ မှားတာ ပေါ့ ..။ တကယ်လို့ ကျွန်မသာ စိန်တွေညွှတ်နေအောင် ဝတ်သွားရင် သူ ကျွန်မကို ပျာပျာသလဲ ဧည့်ဝတ်ပြုမှာ လို့ ကျွန်မ အတွေးနယ်ချဲ့ နေမိတယ်။ ဒီအခါ ရုတ်တရက် ကျွန်မ ဘာသွားပြီး သတိရမိလဲ ဆိုတော့ အသိတယောက်ကို မျက်စိထဲ မြင်လာမိတယ်။ အသက်မပြည့်သေးဘဲ ပင်စင်ယူပြီး တရားအားထုတ်နေတဲ့ ဗိုလ်မှုးတယောက်ပါ။ ၈ပါးသီလနဲ့ နေပြီး တရားအားထုတ်နေတာမို့ သူ့ကို သူငယ်ချင်းတော်တော်များများ လေးစားကြပါတယ်။ မလွှဲမရှောင်သာတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေ လာလေ့ရှိပါတယ်။ ရိုးရိုးမှ တကယ့် ကိုရိုးရိုးပါ ။ သူလာရင် ချစ်ခင်နှစ်သက်သူတွေ ကအလေးဂရုပြုပြီး နှုတ်ဆက်ကြတယ်။ ရုပ်လဲ မချောပါဘူး ။ ဒါပေမဲ့ အင်မတန်ကြည်လင်တဲ့ မျက်လုးံနဲ့ ဖြူစင်တဲ့ အပြုးံဟာ ထင်းထင်းကြီး ရှိတာ သတိထားမိတယ်။ ပကာသန မရှိတဲ့ သူ့မှာ သီလရဲ့ ကျက်သရေဟာ ယှဉ်မရအောင် ရှိတာမို့ သူ့မှာ ဘာမှ မလိုတော့ဘူး ဘဲလို့ ကျွန်မ သိလိုက်ပါပြီ ။ အရည်အချင်းဆိုတာ ကျောက်သံပတ္တမြားထက် အလေးသာပြီး အနှစ်ပြည့်တဲ့ ရတနာ တခုပါ ။ တကယ်တော့ ပကာသနမှာ စိန်တွေကသာ အလေးပြုခံရတာဖြစ်ပြီး ကျွန်မက သူတို့ အတွက် ကတ္တီပါဗူး တခုသာသာဘဲ လို့ ဆိုရင် လိုချင်သူဟာ စိန်ဘဲ ယူသွားမှာပေါ့ ။ ကတ္တီပါဗူးဆိုတာ စိန်ထည့်ထားတဲ့ အခိုက်သာ ပါးပြောင်နေရတဲ့ ဘဝ မဟုတ်လား ။ ကျွန်မ ဆိုင်ထဲကထွက်လာခဲ့တယ်။ ငါဟာ ကတ္တီပါဗူး မဟုတ်ဘူးလို့ ယုံကြည်လာတဲ့ တနေ့ ပုလဲပုတီးလေးပါ ချွတ်ပြီး သိမ်းထားမယ်လို့ လမ်းတလျောက်လုးံ တွေးနေမိပါတယ်။ ချစ်သော အိရှန်း Source: https://www.facebook.com/lynn.nyi.7/posts/1918937535093314...
သမီး ကို မှာချင်တာက
by Ellen Grace ( ဒေါ် အိ ရှန်း) မနာလိုတတ္သူ ပြိုင် ဆိုင်တတ်သူတွေနဲ့ ကြုံလာခဲ့ရင် သမီး အေး ကိုဒီလို အမြဲ ဆုးံမ ခဲ့တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိတဲ့ သူဖြစ်ရင် ကိုယ်က သူ့ထက်လှတယ် မလှဘူး ပြိုင်လေ့ မရှိဘူး။ ဆင်းရဲ ချမ်းသာ ပြိုင်လေ့မရှိဘူး ။ ဘာလို့လဲ ဆို ...ယုံကြည်မှု့ရှိတဲ့ သူရဲ့ မျက်လုးံက အပြင်ကို မလှည့်ဘူး ။အတွင်းမှာ ဘဲ check လုပ်တယ်။ တချို့ မိန်းကလေးတွေဟာ တပါးသူထက် နိမ့်ကျတယ်လို့ ထင်လာတဲ့အခါ ကိုယ့်ကိုကိုယ်မလှဘူးလို့ ထင်လာတဲ့အခါ မရှိရှိတာ ပြလာ တတ်ကြတယ်။ အထူးသဖြင့် ယောက်ကျားတွေရှေ့မှာ ။ ယောက်ကျားတယောက် စိတ်ဝင်စားခြင်းကို လက်ခုပ်သံလို့ ယူဆရင် ပွဲတောင်းခံရတိုင်း ရင်မခုန်ပါနဲ့လေ ။ ဘယ်သူမဆို တယ်လီနောက အခမဲ့ ဝန်ဆောင်မှု့ ပေးမယ်ဆိုရင် ဝမ်းသာအားရ ဒေါ်င်းလုပ် ဆွဲမှာဘဲ မဟုတ်လား ။ နောက်တခုက လူတိုင်းမှာ အလှကိုယ်စီရှိတယ်ဆိုတာကို လက်ခံထားရမယ်။ ကိုယ့်မှာ မရှိတာ သူ့မှာ ရှိနိုင်သလို သူ့မှာမရှိတဲ့ အရည်အသွေး ကိုယ့်မှာ ရှိတယ်လေ။ သူတပါးအားနည်းချက်ထက် ကိုယ့်အားသာချက်ကို ပိုသိရမယ်။ ကိုယ့်ကိုယှဉ်ပြိုင်လာသူကို ကြိုဆိုပါ။ ကိုယ်ဟာ ပြိုင်ဘက်ကောင်းတယောက်ဖြစ်တယ် ဆိုတာ သူ သိပါစေ။ Pablo Neruda ဆိုတဲ့ ကဗျာဆရာတယောက်က ဒီလို ရေးခဲ့တယ်။ 🌹အောင်မြင်တဲ့ မိန်းမဆိုတာ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်ကို သူ့ကို ပစ်ပေါ်က်လိုက်တဲ့ ကျောက်ခဲတွေနဲ့ တည်ဆောက်တယ် 🌹 ။ အဓိက မှာချင်တာက ယောက်ကျားတယောက် အာရုံစိုက်ဘို့ အတွက် ... ကြိုးစားရတဲ့ ယှဉ်ပြိုင်မှု့မျိုးဆိုရင်တော့..... ကြိုးဝိုင်းထဲဘယ်တော့မှမဝင်လေနဲ့ သမီးငယ်။ သူ့ဘာသူ အမောဆို့ပြီး သေပါစေ။ ထိုက်တန်တဲ့ မိဖုရားအတွက် ပလ္လင်ဟာ ရှိပြီးသားပါ ။ တကယ်တော့ နှလုးံသား အဟာရ အတွက် အသိဉာဏ်ပညာ အားဖြည့်စာကိုသာ နာနာ သုးံဆောင်ပါ။ ခြန္အားရွိတဲ့ အသ္ိဉာဏ္က ဝင္လာတဲ့ အမှိုက်တွေကို အလိုလို delete လုပ်သွားလိမ့်မယ် ။ အေရးအႀကီးဆုးံက သူများတွေဘာထင်လဲ ဆိုတာထက် ကိုယ့်ကိုကိုယ် ဘယ်လိုမြင် လဲဆိုတာ ပိုအရေးကြီးပါတယ်။ ခ်စ္တဲ့ ေမေမ ။ # Ellen GraceSource: https://www.facebook.com/lynn.nyi.7/posts/1919133011740433?pnref=story 2016...
Subscribe to:
Posts (Atom)
-
ပွဲတိုင်းအောင် ဂါထာ(အမှတ်စဉ် ၈) ဒေဝါနံ နန္ဒနော ဒေဝေါ ဒေ၀ ဒေ၀ န နန္ဒိနော။ ဝေဒ ဒိနေန ဝေဒေန ဝေဒိ ဝေဒေန ဝေဒိနော။ ဧတေနသစ္စဝဇ္ဇေန ဟော တုမေ ဇယျ...
-
အောင်ခြင်းရှစ်ပါး ဂါထာ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂ...
-
ကြာနီကန်ဆရာတော် ဦးဇဋိလ ၊ သာမညတောင်ဆရာတော် အမြဲရွတ်ဖတ် ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စ...