Wednesday, November 29, 2017

မေမေ့ဝါဒ

မေမေ့ဝါဒ by Ellen Grace (ဒေါ် အိ ရှန်း - Myat Yee Mon)
ကျွန်မက ချူပ်စရာမလိုတဲ့ယောက်ကျားရှိပေမယ့် သားသမီးတွေအပေါ်တော့ စိတ်ကမချဘူး။
ဒါ့ကြောင့် သူတို့ငယ်ငယ်ထဲက ချူပ်သိုင်းတွေကို ရှာဖွေလေ့လာပြီး ကျင့်ကြံတယ်။

ဟိုးးငယ်ငယ်ထဲက သူတို့ကို ပုံပြောပြတဲ့ အကျင့်ရှိတယ်
သူတို့ကလဲ ပုံပြောမယ်ဆိုတာနဲ့ ကိုယ့်ဘေးဘီဝဲယာက်ု တွယ်တက်ပြီး 
မလှုပ်တတ်တဲ့ အရုပ်လေးတွေလို ပုံ့ပုံ့ကြီး တွေ ရှိတယ်..
ဟိုးးးရှေးရှေးတုန်းက ဆိုတဲ့ အသံထွက်မလာမချင်း 
သုးံယောက်လုးံ အသက်တောင်ရှုရဲ့ လားထင်ရတယ်။

ပုံပြင်ကတော့ အင် တွေများပါတယ်
ကျွန်မပေးချင်တဲ့မက်ဆေ့ကို ပုံပြင်လုပ်တာဆိုတော့ ကိုယ့်ဘက်ကိုယ်ယက်တာချည်းဘဲ

ရန်မဖြစ်ဘဲ သိတ်ချစ်ကြတဲ့မောင်နှမတွေအကြောင်း
ရွာထဲမှာသောင်းကျန်းတဲ့ကျားကြီးရဲ့ ရန်က မောင်စောလုံ ကာကွယ်ပေးတဲ့အကြောင်း
မယ်အေး မောင်လူမွှေးနဲ့ က်ုကိုထွေးတို့မောင်နှမအကြောင်း ...
စသည်ဖြင့် လန်ကြုတ်ဇတ်လမ်းတွေမှာ သူတို့ကို ဇတ်လိုက်လုပ်ပြီး ပြောချင်တာတွေကို ရိုက်သွင်းတာပါ။

နောက်ပြီးကျွန်မက အရာရာ မချူပ်ချယ်ဘူး ။

သူတို့စိတ်ရှိလက်ရှိကစားနေရင် လွှတ်ထားတယ်။
ကစားတဲ့အရွယ်က ကစားမှာဘဲပေါ့။ ဒီတော့
တဟင်းဟင်း တဟဲ့ဟဲ့ မထားဘူး
မပြေးနဲ့ ချော်လဲမယ် မထားဘူး
အန္တရယ်ဖြစ်မယ့်ဟာတွေကို ကြိုကြည့်ထားတယ်
ပွန်းပဲ့ရုံလောက်ရှိမယ့်ဟာမျိုးဆို တားမနေဘူး။

တခုဘဲ ပစ္စည်းတွေမဖျက်ဆီးရဘူး
သူတို့ကစားစရာလေးတွေပျက်သွားတာကျွန်မဝင်မပါဘူး ။ 
ဒါပေမယ့် အိမ်က ပစ္စည်းတွေကို ရည်ရွယ်ချက်နဲ့ မဖျက်ဆီးရဘူး ။သူတို့ကိုပါ စောင့်ရှောက်ခိုင်းတယ်
အကယ်၍ မတော်တဆ ပျက်ဆီးခဲ့သည်ရှိသော် အရေးမယူဘူး ။ တမင်လုပ်တာမှ မဟုတ်ဘဲ

တခါက အိမ်ထဲမှာ ဘောကန်တာ လက်မ၅၀ ကျော် တီဗီကြီး ကွဲသွားတယ်။ 
ဘယ်သူလုပ်တာလဲလို့ကျွန်မမေးတော့ တယောက်နဲ့တယောက်လွှဲချတယ်။
တီဗီကွဲသွားလို့စိတ်ဆိုးတာထက် ဝန်မခံတာကိုပိုစိတ်ပျက်တယ်။ 
လုပ်ရဲရင် ခံရဲအောင် ပညာပေးရတယ်။
ကလေးသဘာဝ ကြောက်စိတ်ကြောင့် ဝန်မခံတာကို သိပေမယ့် 
ယောက်ကျားလေးတွေဖြစ်လို့ အကျင့်မပါစေချင်ဘူး ။ 
အဲဒီလိုကိစ္စတွေဟာ အင်မတန်သတိထား ကိုင်တွယ်ရလို့စိတ်ပင်ပန်းတယ်လို့ ထင်မိတယ်။

ကစားတာသူတို့အလုပ်ဖြစ်လို့ကျွန်မ မတားမြစ်ဘူး
ကျွန်မအလုပ်က တာဝန်ဆိုတာသိအောင် လုပ်ဖို့ဘဲ ။
ဒါ့ကြောင့် ကျောင်းသားတယောက်တာဝန်ကျေအောင်တော့ နေခိုင်းတယ်။ 
စည်းပျက်ကမ်းပျက် မျိုးတော့ ဆောရီးဘဲ မီးတောင်ပေါ်က်တာထက်ဆိုးတယ်ဆိုတာ လက်တွေ့ပြတယ်။

နောက်ပြီး ရိုင်းပျတဲ့ဘယ်အရာမဆို ပြင်းထန်စွာ အပြစ်ပေးတယ်။ ဦးချိုးတဲ့ သိမ်ငယ်မှု့မရှိစေဘဲ 
လူကြီးမိဘ လေးစားရမယ့်သူမှန်သမျှ ရိုသေရတယ်။ ရန်ဖြစ်ရင် အကျိုးအကြောင်းမေးတယ်။
ဘယ်သူ့စိတ်ခံစားချက်ကိုမှ လစ်လျူမရှု့ဘူး။
ဒါပေမယ့်
ဘယ်သူမှန်တယ်မှားတယ် ဘယ်တော့မှမပြောဘူး
၂ ယောက်လုးံ အပြစ်ရှိတယ်ဘဲ။
ပြန်ခေါ်ရတယ်။ မခေါ်လို့မရဘူး။ ရန်ဖြစ်တဲ့အတွက်တော့ အခွင့်အရေးတွေဆုးံရှုးံရကြောင်း သိသာစေတယ်။

အိပ်ယာဝင်ရင် ကြီးစဉ်ငယ်လိုက် ကန်တော့ရတယ်။
အဲဒါ အကျင့်လို မွေးမြူတယ်။

သတိထားပြီး နေတာက လူရှေ့မှာ သူတို့ကို ဆူပူတာ
နှိမ်ချပြီး နောက်ပြောင်တာ မလုပ်ဘူး
ပြောချင်ရင် တယောက်ချင်းအခန်းထဲခေါ်ပြောတယ်။ 
သူတို့ ၈ တန်း ၉ တန်းရောက်လာတဲ့အခါ ပိုပြီး သတိထားရတော့တယ်။
ငယ်ငယ်နဲ့မတူတော့ဘူး ။ တခါတလေ ဂျစ်ကန်ကန်လုပ်လာတယ်။ လွှတ်ထားရတယ်။
မရိုမသေလုပ်ရင်တော့ ချက်ခြင်းတုန့်ပြန်တယ်။
သူတို့အတွေး အယူအဆတွေကို တချို့အရာတွေမှာ မကြိုက်သော်လည်း ငယ်ငယ်က ထားသလို
ပွန်းပဲ့ရုံလောက်ဆိုရင် မပြောတော့ဘူး။
တဖြေးဖြေး သင်ယူတတ်လာပါလိမ့်မယ်လို့အားတင်းရတယ်။

တခါပြန်ပြီး သူတို့နဲ့တူတူကြီးပြင်းရတာ မလွယ်ကူမှန်း ကျွန်မသိခဲ့တာကြာပါပြီ။ 
လူရောစိတ်ရောပင်ပန်းပေမယ့် ကျွန်မက ဥယျဉ်မှုး လုပ်ခဲ့မိပြီလေ ။ နောက်ဆုးံအချိန်ထိ ကြည့်ရတော့မှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ။

ကျွန်မရဲ့ဝါဒက တခုထဲရှိပါတယ်။
သူတို့လိုချင်တာပေးပြီး ကိုယ်လိုချင်တာ ပြန်ယူတဲ့ ဝါဒပါ။
ဒါပေမယ့်
နဲနဲပေးပြီး များများပြန်ယူတာဟာ ကျွန်မအတွက်မဟုတ်ဘူးလို့ သူတို့သိလာတဲ့တနေ့ ဆုပ်ထားတဲ့ ကျွန်မလက်တွေ ဖြေချခဲ့မယ်။
ကျွန်မကိုကမ်းတဲ့ သူတို့လက်ကလေး ပူနွေးပါစေ။
ကျခဲ့တဲ့မျက်ရည်တွေရှိရင် သင်ပုန်းချေပါ့မယ်။...

Credit to : Ellen Grace

No comments:

Post a Comment