Wednesday, November 1, 2017

ပုလဲပုတီး လေး တကုးံ

By Ellen Grace (ဒေါ် အိ ရှန်း)
ကျွန်မ မှာလေ ပုလဲပုတီး လေး တကုးံရှိတယ်။

စကော့စျေးကဝယ်လာတာပါ ။ တသောင်းခွဲတဲ့ ။
ကျွန်မ သူ့ကိုချစ်တယ်။တကယ်ပါ ။ ပုလဲသားကောင်းပြီး အလုးံရည်လဲ လှတယ်။

ပြီးတော့ ပေးရတဲ့ စျေးနဲ့ မတန်အောင် တင့်တည်တယ်လို့ ကျွန်မ ထင်တယ်။ 
ဒါ့ကြောင့် ပွဲတော်တော်များများ သူ့အားကိုးနဲ့ သွားခဲ့တယ်။

ပုလဲဟာ ယဉ်တယ် ကျက်သရေရှိတယ်လို့ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်တယ်။ 
ကျွန်မ အတွက် တော့ အဖိုးနည်းပြီး ဝန်လဲကျဉ်းတယ်။
လည်ပင်းမှာ ပုလဲပုတီးလေး ၂ ပတ်လောက်ခွေ လိုက်ရင် တော်ရုံ ရင်ဖုးံအကျီလေးလဲ အသက်ရှုချောင်ရပါတယ်။

ဒီလိုနဲ့ ပွဲတော်တော်များများ အဲဒါနဲ့ ရှိုးပါများတော့ လူ့သဘောအရ တဖျတ်ဖျတ် ခါတဲ့ 
စိန်လော့ကက်ကြီးတွေ တွေ့တဲ့အခါ ကျွန်မ နဲနဲတော့ ကိုယ်ရှိန်သတ်မိပါတယ်။
အမှန်ပါ။ သဘောကျတဲ့ လောဘစိတ်ကလဲ လှလိုက်တာလို့ မနောခွေ့ရုံတင်မပြီးဘူး .. 
လိုချင်လိုက်တာ အထိ ဆက်လာတာပေါ့ .. 
ပြီးတော့ ကိုယ့် ပုလဲပုတီး တသောင်းခွဲ အတွက်လည်း ရှက်စနိုး ဖြစ်လာမိတယ်။ 
စိန်တွေရဲ့ တလက်လက် ဖြာနေတဲ့ အရောင်တွေကြားမှာ ကျွန်မနဲ့ ပုလဲပုတီးလေး အလဲလဲ အပြိုပြို ။

တကယ်တော့ ငယ်စဉ်ထဲက ကျွန်မတို့ မောင်နှမ တွေမှာ လက်ဝတ်ရတနာ အင်မတန် ရှားပါးခဲ့တယ်။
အဖေဟာ ဘယ်တော့မှ ရွှေထည် ငွေထည်တွေကို စိတ်ဝင်စားသူ မဟုတ်လို့ တောင်ပုံရာပုံ စာအုပ်ပုံတွေကြားမှာ 
စာပုလဲတွေ သီလို့ စိန်စီတဲ့ ဗဟုသုတတွေသာ ရခဲ့တယ်။ 
နားပေါ်က်ဖောက်မပေးလို့ နားကပ်ဝတ်စရာမလိုတဲ့ နားအတွက် 
အဖေက ကြိုတွက်ခဲ့ဟန်တူတယ်။ ကျွန်မတို့ရဲ့ နားကပ်ပူဆာ..သူကင်းခဲ့တယ်လေ။

ကျွန်မ အဖေ့ဆီက ရခဲ့တဲ့အမွေကတော့ ပန်းကန်တွေ ခွက်တွေ မြင်ရင် စိတ်မထိန်းနိုင်တဲ့ အကျင့်ပါဘဲ။
ဒါ့ ကြောင့် စိန်ရွှေရတနာဆိုင်တွေရှေ့က နောက်ဆံမငင်ဘဲ ဖြတ်သွားနိုင်ပေမဲ့ လမ်းဘေးမှာ ချထားတဲ့ 
ပန်းကန်လုးံလေးတွေ မြင်ရင် တောင် တငင်ငင် နဲ့ နေရတတ်ပါတယ်။

ဒါ့ကြောင့် လူလူသူသူ လို့ တွေးပြီး ပုလဲပုတီးလေးတကုးံ ကျွန်မ ဝယ်ပြီးတော့ ပွဲပေါ်င်းများစွာ နွှဲလာတာ 
တနေ့ ကွဲကွာသွားပြီး ပြန်တွေ့ကြတဲ့ ပွဲမှာ အသိတယောက် ဝတ်လာတဲ့ စိန်လော့ကက်သီးကို 
မြင်လိုက်ရတဲ့အချိန်ကစပြီး ပုလဲ ပုတီးကို မသိမသာ ငြိုငြင် လာပါတော့တယ်။

ငါလဲ ဘယ်လိုလူဆိုတဲ့ အမောက်လေး ထောင်ချင်တဲ့ စိတ်ဟာ ကျွန်မကို အတွေး ရှိသရွေ့ နှိပ်စက်ပါတယ်။
သူ့ကိုလဲ တကယ်ဖက်ရှင်ကျကျ ဝတ်တတ်တာ ပါလားလို့ မြင်ယောင်မိတဲ့အခါ ကိုယ့်ကိုကိုယ် အလိုမကျ ဘူးလို့ သိလာပါတယ်။ 
မာနစိတ် အပြိုင်အဆိုင် ကြွားချင်စိတ်နဲ့ လောဘ စိတ်ဟာ ကျွန်မစိတ်ကို ဖိုခနောက်ဆိုင် ပြီး မီးမွှေးတဲ့အခါ 
ပွက်ပွက်ဆူတဲ့ အာရုံတွေဟာ စိန်လော့ကက် ဝယ်မယ်လို့ ဆုးံဖြတ် ချက် ချတဲ့အထိ ပြင်းထန်သွားတယ်။

ဒါနဲ့ တနေ့တော့ တဆိုင်ဝင် တဆိုင်ထွက် လျောက်ကြည့်လိုက်တာ ..။
မာကျူရီ မီးရောင်အောက်မှာ တောက်ပ ဖြူဖွေးနေတဲ့ စိန်တွေ .. လှလိုက်တာ လေ .. 
ကိုင်ကြည့်လိုက်တော့ သိန်းရာဂဏန်း ရှိတယ်။

အကဲခတ်ကောင်းတဲ့စိန်ဆိုင် ပိုင်ရှင်က ကျွန်မ ကို စိတ်မဝင်စားပါဘူး ။
စိန်ကို ကိုင်ကြည့်တဲ့ ကျွန်မ လက်ဆယ်ချောင်းမှာ ဆင်မြီးလက်စွပ်တောင် ပါမလာတဲ့ မိန်းမကို 
လေကုန်ခံပြီး မရောင်းတာ သူမှန်ပြီး တကယ်တော့ ကျွန်မ မှားတာ ပေါ့ ..။

တကယ်လို့ ကျွန်မသာ စိန်တွေညွှတ်နေအောင် ဝတ်သွားရင် သူ ကျွန်မကို ပျာပျာသလဲ ဧည့်ဝတ်ပြုမှာ လို့ ကျွန်မ အတွေးနယ်ချဲ့ နေမိတယ်။

ဒီအခါ ရုတ်တရက် ကျွန်မ ဘာသွားပြီး သတိရမိလဲ ဆိုတော့ အသိတယောက်ကို မျက်စိထဲ မြင်လာမိတယ်။ 
အသက်မပြည့်သေးဘဲ ပင်စင်ယူပြီး တရားအားထုတ်နေတဲ့ ဗိုလ်မှုးတယောက်ပါ။ 
၈ပါးသီလနဲ့ နေပြီး တရားအားထုတ်နေတာမို့ သူ့ကို သူငယ်ချင်းတော်တော်များများ လေးစားကြပါတယ်။

မလွှဲမရှောင်သာတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေ လာလေ့ရှိပါတယ်။ ရိုးရိုးမှ တကယ့် ကိုရိုးရိုးပါ ။

သူလာရင် ချစ်ခင်နှစ်သက်သူတွေ ကအလေးဂရုပြုပြီး နှုတ်ဆက်ကြတယ်။ ရုပ်လဲ မချောပါဘူး ။
ဒါပေမဲ့ အင်မတန်ကြည်လင်တဲ့ မျက်လုးံနဲ့ ဖြူစင်တဲ့ အပြုးံဟာ ထင်းထင်းကြီး ရှိတာ သတိထားမိတယ်။

ပကာသန မရှိတဲ့ သူ့မှာ သီလရဲ့ ကျက်သရေဟာ ယှဉ်မရအောင် ရှိတာမို့ သူ့မှာ ဘာမှ မလိုတော့ဘူး ဘဲလို့ ကျွန်မ သိလိုက်ပါပြီ ။

အရည်အချင်းဆိုတာ ကျောက်သံပတ္တမြားထက် အလေးသာပြီး အနှစ်ပြည့်တဲ့ ရတနာ တခုပါ ။

တကယ်တော့ ပကာသနမှာ စိန်တွေကသာ အလေးပြုခံရတာဖြစ်ပြီး 
ကျွန်မက သူတို့ အတွက် ကတ္တီပါဗူး တခုသာသာဘဲ လို့ ဆိုရင် လိုချင်သူဟာ စိန်ဘဲ ယူသွားမှာပေါ့ ။ 
ကတ္တီပါဗူးဆိုတာ စိန်ထည့်ထားတဲ့ အခိုက်သာ ပါးပြောင်နေရတဲ့ ဘဝ မဟုတ်လား ။

ကျွန်မ ဆိုင်ထဲကထွက်လာခဲ့တယ်။
ငါဟာ ကတ္တီပါဗူး မဟုတ်ဘူးလို့ ယုံကြည်လာတဲ့ တနေ့ ပုလဲပုတီးလေးပါ ချွတ်ပြီး သိမ်းထားမယ်လို့ လမ်းတလျောက်လုးံ တွေးနေမိပါတယ်။

ချစ်သော အိရှန်း
Source: https://www.facebook.com/lynn.nyi.7/posts/1918937535093314
...

No comments:

Post a Comment