ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ
၂ဝဝ၈ စက်တင်ဘာမှာ ကံကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - (၂) အဖြစ် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ ဒေါက်တာ အောင်ကြီးရဲ့ 'သီချင်းလူ၊ ပုံပြင်လူ၊ ငြိမ်းချမ်းလူ' စာအုပ်မှနေ "ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ" ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒေါက်တာအောင်ကြီးရဲ့ "ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ" ဆောင်းပါးဟာ ပိတောက်ပွင့်သစ်၊ ၂၀၀၇၊ ဇန်နဝါရီလထုတ်မှာ မူလ ပထမ ဖော်ပြ ပါရှိခဲ့တာ ဖြစ်ပါတယ်။
ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ
ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ
(၁)
အလုပ်သင် ဆရာဝန် ဘဝ စ,တော့ ဆရာမတွေ အလုပ်သမားတွေက ကျနော်တို့ တတွေကို ဒေါက်တာလို့ စ,ခေါ်တယ်။ ဆရာလို့လည်း ခေါ်တယ်။ မအောင်ခင်ကတော့ မောင်ကျောင်းသားပေါ့။ အောင်ပြီးပြီးချင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်း ညချင်း မောင်အောင်ကြီး ကနေ ဒေါက်တာအောင်ကြီး၊ ဆရာအောင်ကြီး ဖြစ်သွားပါရော့လား။ ကျနော်တို့တတွေမှာ ဆေးရုံထဲ လမ်းလျှောက်ရတာကို ခြေနဲ့ မြေကြီး ထိတယ်မထင်။ မြောက်တောက် မြောက်တောက်၊ မော့တော့ မော့တော့နဲ့ပေါ့။ သားဖွားရုံမှာ တာဝန်ကျတုန်းက မွေးခန်းကနေ ခွဲစိတ်ခန်း (OT) ကို ဆရာဝန် တစု ချီတက်ကြရာမှာ လက်ထောက် ဆရာဝန် အစ်မကြီးက ရှေ့ဆုံးက။ သူ့နောက်က ကျနော်တို့တတွေ ခပ်မြောက်မြောက်ကလေး ကပ်လိုက်သွားကြ။ အရေးကြီးတဲ့ ခွဲစိတ်မှု တခု လုပ်တော့မယ့် ဆရာဝန်ကြီးတွေ ဂိုက်မျိုး။ ကော်ရစ်ဒါ တလျှောက် ဖြတ်လျှောက်သွားရာမှာ လူနာစောင့်တွေက ကျနော်တို့ တတွေကို ချစ်ခင် ကိုးစားတဲ့ အကြည့်နဲ့ ကြည့်နေရင်း တယောက်က "ဆရာဝန်တွေက ငယ်ငယ်လေးတွေ ရှိသေးတယ်နော်" လို့ မုဒိတာလေသံနဲ့ ပြောလိုက်တော့ ကျနော်တို့တတွေ ပိုလို့ မြောက်တောက်တောက် ဖြစ်သွားကြရလေ။ ဒါကို ရှေ့ဆုံးက အစ်မကြီးက ကြားဖြစ်အောင် ကြားလိုက်ပြီး "ဒါ ဆရာဝန် မဟုတ်သေးပါဘူး။ အလုပ်သင်လေးတွေပါ" လို့ တုံ့ပြန်လိုက်သဗျ။ ကျနော်တို့ရဲ့ အပျော်ဓာတ်လေး ဖျတ်ခနဲ ကွဲကြေသွား။ ခြေထောက်ကလည်း အဲဒီခါကျမှ မြေကြီးပေါ် ဒုတ်ဒုတ်ထိ ပြန်ကျ။
အလုပ်သင် ဆရာဝန် ဆိုတာ ဆေးရုံ ဆရာဝန် လောကမှာ အောက်ဆုံး အခြေခံ အကျဆုံး ဆရာဝန်ပါ။ ဆရာ့ ဆရာတွေ ခိုင်းသမျှ သိမ်းကျုံး လုပ်ရတာ။ စီမံ ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့် သိပ်ရသူတွေ မဟုတ်ကြလေ။ လူနာတင်ရက် မဟုတ်တဲ့ ညနေနဲ့ ညတွေမှာပဲ ကျနော်တို့ တတွေက ရုံထဲမှာ အကြီးဆုံး ဆရာဝန် ဖြစ်သွား။ ကျန်တဲ့ရက်နဲ့ အချိန်တွေမှာတော့ လက်ထောက် ဆရာဝန်၊ ဘွဲ့လွန် ဆရာဝန်၊ ပထမ လက်ထောက် ဆရာဝန်၊ ဆရာဝန်ကြီး ဆရာဝန်ကြီးရဲ့ ဆရာ ဆရာဝန်ကြီး … … ရယ်လို့ အဆင့်ဆင့် ရှိကြလေတော့ ကျနော် တို့တတွေက ဟိုးတုံးအောက်က ပိစိကွေး ဖားကလေးတွေ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေ မရှိချိန်မှာတော့ We reigned and ruled the ward ပေါ့ဗျာ။ အထူးသဖြင့် ကျေးလက်က တောသူ တောင်သားတွေက ကျနော်တို့ ဆရာဝန် ပေါက်စနလေးတွေကို ဆရာဝန်ကြီးရယ်လို့ အရိုးခံ ထင်ကြရှာတာ။ တခါက သွေးကင်ဆာ ဝေဒနာရှင် ကောင်လေးတယောက် ငိုယိုပြီး ကျနော် ထိုင်နေတဲ့ ဂျူတီခန်းထဲ ဝင်လာတယ်။ ကြမ်းပြင်ပေါ် ထိုင်ကန်တော့ပြီး။ သူ့ကို သင်္ကြန်ရက် အခါတွင်းမှာ ရွာပြန်ဖို့ ခွင့်ပြုပါမယ့် အကြောင်း မျက်ရည်လည်ရွဲနဲ့ တင်ပြပါတယ်။ ဟာ ဟ … ဒုက္ခပဲ၊ ငါက ဆရာဝန်ကြီး မဟုတ်လို့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးကွလို့ ရိုးရိုးသားသား ပြန်ပြောလိုက်ရတယ်။ သူ့ခမျာ မယုံနိုင်ရှာ။ ကျနော်ဟာ သူအဖို့ ဆရာဝန်ကြီးပဲ၊ ကျနော် ပြန်ခွင့်ပေးရင် ရမှာပဲလို့ ထင်နေရှာတာ။ ပြန်ချင်တဲ့ အကြောင်းရင်းကလည်း ရွာမှာ ကျန်ရစ်တဲ့ နှမငယ်ကို လွမ်းလို့တဲ့။ တွေ့ချင်လို့တဲ့။ ဒါနဲ့ သင်္ကြန်ရက် အတွင်း ဆေးရုံမှာပဲ နားနားနေနေ နေဖို့ ရောဂါပျောက်မှ ရွာပြန်ပြီး နှမငယ်နဲ့ တွေ့ဖို့ ဖျောင်းဖျ လိုက်ရပါတယ်။ ပြဿနာက ဒီကလေးက သင်္ကြန် အတွင်းမှာပဲ ဝမ်းထဲ သွေးယိုပြီး ဆုံးပါးသွားတယ်။ ကျနော့်မှာ ကြားထဲက ကြေကွဲလိုက်ရတာ။
(၂)
ရုံထဲမှာ အငယ်ဆုံး ဆရာဝန် ဆိုတာ ကိုယ့်ကိုယ်ကို သိတော့ သိသလိုပဲ နေလိုက်ပါတယ်။ စားရာသောက်ရာ သွားရာလာရာ ကျနော်တို့က နောက်နား ခပ်ကျကျမှာ။ 'ရောင်း' လှည့်ရင်းလည်း ပြောစရာ မလိုပေဘူး နောက်နားကပဲပေါ့။ စကား ပြောရင်တောင်မှ ကိုယ်သိထားသော်လည်း ဦးအောင် ဝင်မပြောဘူး၊ သူများတကာတွေ ပြောပြီးခါမှ ဝင်ပြောတာ။ အများအားဖြင့် ကိုယ့်အထင် အမြင် ကိုယ့်ရင်ထဲမှာပဲ တိတ်တိတ်လေး သိမ်းဆည်းထားလိုက်တာ။ ဆရာကြီးတွေကလဲ ကျနော်ရဲ့ အထင်အမြင်တွေကို မေးမနေပါဘူး၊ မေးမနေအားပါဘူး။
ခွဲစိတ်ရုံ တာဝန်ကျတုန်း တရက်၊ ကလေးရုံက သူငယ်ချင်း အလုပ်သင် ဆရာဝန် တဦးက ဖုန်းဆတ်လာတယ်။ မတ္တရာနယ်ဘက်က ရှစ်နှစ်ရွယ် ကလေးမလေး သန်းထိုးလို့ (worm colic) သူတို့ဆီ တင်ထားတာ၊ အခုဗိုက်က တဖြည်းဖြည်း တင်းကားလာလို့ သန်ကောင်ကြောင့် အူလမ်းကြောင်း ပိတ်ဆို့နာ (Intestinal obstruction) ထင်ကြောင်း၊ လာကြည့်စေလိုကြောင်း ပြောတယ်။ ဒါနဲ့ အဲဒီနေ့ တာဝန်ကျ ခွဲစိတ် ဆရာဝန်ကို အကြောင်းကြားတော့ "တို့ရုံကို ရွှေ့လိုက်ကွာ၊ ဒီမှာ တင်ထားပြီး စောင့်ကြည့်ရအောင်" ပြောတာနဲ့ လူနာကို ကလေးရုံကနေ ခွဲစိတ်ရုံကို လွှဲပြောင်းယူခြင်း (Transfer in) လုပ်လိုက်ပါတယ်။ အူလမ်းကြောင်း ပိတ်ဆို့တဲ့ လူနာတွေမှာ ပေးမြဲ ကုထုံးအတိုင်း အစာအိမ်နဲ့ အူ အနားရအောင် နှာခေါင်းပိုက် ထည့်ပြီး အချိန်မှန်မှန် အစာချေရည်တွေကို စုပ်ပစ်ချင်း၊ သွေးကြောထဲမှာ ဆားရည်နဲ့ ဂလူးကို့စ်ရည် သွင်းပေးခြင်း၊ ဗိုက်ရဲ့ အပြည် အတင်း (Abdominal distension) ကို တိုင်းထွာ မှတ်သား နေ့စဉ် မှတ်တမ်းတင်ခြင်း စတာတွေ လုပ်ပါတယ်။ ဒုတိယနေ့ညမှာ ဗိုက်က တအား ဖောင်းတင်းလာ၊ ဝမ်းမသွား၊ လေမလည်၊ ဗိုက်နာတာကလဲ မခံမရပ်နိုင်။ ညတွင်းချင်းပဲ ခွဲစိတ် ဆရာဝန်လတ် (ဘွဲ့လွန်တတ်နေသူ) က လူနာရဲ့ ဗိုက်ကို ဖွင့်တယ်။ ဟုတ်တယ် အူလမ်းကြောင်း ပိတ်ဆို့နေတာ။ အူသိမ်ထဲမှာ အလုံးတွေ တော်တော်များများ စမ်းမိသတဲ့။ ပိတ်ဆို့နေတဲ့ နေရာက အလုံးကြီးကြီး တလုံးကိုပဲ ခွဲစိတ် ဖြတ်တောက်ပြီး အူနှစ်စကို ပြန်ဆက်တယ်။ နောက်တနေ့မနက် ကျနော်တို့ ရောက်သွားတော့ လူနာက ခပ်မှိန်းမှိန်း။ အဲဒီတုန်းက ကျနော်က အသားစ (Biopsy) တွေကို တာဝန်ခံ သိမ်းဆည်း၊ ဓာတ်ခွဲခန်းပို့၊ အဖြေရရင် စာအုပ်ထဲ ကူးထည့်ရတဲ့ တာဝန်ခံ အလုပ်သင် ဆရာဝန် ဖြစ်လေတော့ ညက ဆေးစိမ်ထားတဲ့ အူထဲက အလုံးကို ဓာတ်ခွဲခန်းထဲပို့ဖို့ ကျနော့် တာဝန်ပ။ ဓာတ်ခွဲခန်းပို့ဖို့ ပုံစံဖြည့်ရာမှာ ရောဂါအမည် ဘာရေးရမယ် မသိလို့ ခွဲတဲ့ ဆရာကိုမေးတော့ "အူကင်ဆာပေါ့ကွာ" လို့ လွယ်လွယ်ပဲ ဖြေပါတယ်။ ဒါနဲ့ အူကင်ဆာလို့ပဲ ပြီးစလွယ် ရေးထည့်လိုက်တယ်။ ဒါပေမဲ့ စိတ်ထဲက တနုံ့နုံ့။ ခုလုခုခု။ ဘယ်နှယ်ဗျာ … ဒီအရွယ်လေးမှာ အူကင်ဆာ ဖြစ်ရတယ်လို့။ ပြီးတော့လည်း အူသိမ်မှာ။ အူမကြီး ကင်ဆာသာ ကြားဖူးပါတယ်။ အူသိမ် ကင်ဆာရယ်လို့ မကြားဖူးပေါင်။ နေ့လယ် အိမ်ပြန် ထမင်းစား၊ ဆေးရုံကို ပြန်အသွား လမ်းမှာ ဆေးကျောင်း ခဏဝင်၊ စာကြည့်တိုက်သွား၊ Surgical Pathology ဆိုတဲ့ စာအုပ် ဝင်ငှား၊ ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါဗေဒကျမ်း။ အူသိမ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေထဲက အလုံးအကျိတ် ရောဂါတွေကို Scan လုပ်ကြည့်လိုက်တယ်၊ Hamartoma လို့ ခေါ်တဲ့ မွေးရာပါ အကျိတ်အလုံးတွေကို အူမှာ တွေ့ရတတ်သတဲ့၊ အူသိမ်မှာ၊ အူမကြီးမှာ။ အပင်မှာ သဒွတ်သီးတွေ ပြွတ်သိပ် သီးနေစလို တွေ့ရသတဲ့။ ကင်ဆာ မဟုတ်သော်လည်း ကင်ဆာ အဖြစ် ကူးပြောင်း သွားနိုင်သတဲ့။ အဲဒီ ရောဂါထဲက Peutz-Jeghers Syndrome လို့ ခေါ်တဲ့ ရောဂါက ကလေးတွေမှာ အတွေ့ရများသတဲ့။ အူထဲက အကျိတ်တွေ အပြင် ပါးစပ်တဝိုက်၊ စအိုတဝိုက်၊ လက်နဲ့ ခြေတဝိုက်မှာ အမည်းပြောက်ကလေးတွေ တွေ့ရတတ်သေးသတဲ့။ ဒါနဲ့ နေ့လယ် နေ့ခင်း နေပူပူကြီးထဲမှာ ဆေးရုံးကြီးဆီ စက်ဘီး ဒုန်းစိုင်းနင်းပြီး ပြေးရပြန်။ ရောက်ရောက်ချင်း လူနာကို အပြေးကလေး သွားကြည့်။ ပါးစပ်တဝိုက်မှာ ကျနော် မျှော်လင့်ထားတဲ့ အမည်းစက်ကလေးတွေ။ ကျန်တဲ့ နေရာတွေမှာတော့ မတွေ့ရဘူး။ ကလေး အမေကို "ဒီအစက်ကလေးတွေက မွေးရာပါလား၊ ကြီးမှ ပေါ်လာတာလား" လို့ မေးကြည့်တော့ "မွေးကတည်းက သတိထားမိတာပါ" လို့ ဖြေပါတယ်။ ကျနော် ဝမ်းသာလုံးဆို့ပြီး ဆရာတွေဆီ ပြေး၊ လက်ထဲ စာအုပ်တန်းလန်းနဲ့၊ သက်သေထူဖို့လေ။ ပထမ လက်ထောက် ဆရာဝန်ကို ရှာပြီး ဒီအကြောင်း ဝမ်းသာအားရ ပြောပြတော့ ဆရာက မလှုပ်မခြောက်။ ထိုးပြတဲ့ စာအုပ်ကို စောင်းငဲ့ ကြည့်ဖော်တောင် မရ။ ရှားရှားပါးပါး ရောဂါတွေကို လာပြောရသလား၊ အူကြောင်ကြောင်ကောင်ပဲ ဆိုတဲ့ မျက်နှာပေးနဲ့ ထိုင်နေတယ်။ လူနာကိုလည်း လိုက်ကြည့်ဖော်မရ။ ဟုတ်သလေ၊ ဒီရုံမှာ သူက ဆရာကြီးပြီးရင် နံပါတ် (၂)၊ ကျနော်က ပိစိကွေး ဆရာဝန်။
ကျနော်လား၊ စိတ်မပျတ်ပါဘူး၊ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားရတာပါ။ ဒါနဲ့ အဲဒီလူနာကို ကိုယ်တိုင်ကိုယ်ကျ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကို မတွေ့တွေ့အောင်ရှာ၊ ရှင်းပြ။ စာအုပ်ပြ သက်သေထူ၊ သူက လူနာကို စိတ်ပါလက်ပါ လိုက်ကြည့်တယ်၊ ကျနော်ပြောတဲ့ ရောဂါကိုလည်း အတည်ပြုတယ်၊ ဒါပဲ၊ ပြီးပြီ။ "ကျနော်လဲ အစကတော့ ထင်မိသားဗျ၊ ဒါပင်မဲ့ ဒီလောက်ရှားတဲ့ ရောဂါ မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ဆက်မလိုက်ဘဲ နေမိတာ" လို့ တွေးတွေးဆဆ ဝန်ခံပါတယ်။ သူက ဘွဲ့လွန်သင်တန်းသားမို့ သိချင် တတ်ချင် စူးစမ်းချင် စဉ်းစားချင်သေးတာ နေမှာ။ ပြောချင်တာက ကျနော်တို့ အလုပ်သင် ဆရာဝန် ပုစုခရုတွေ စကားကို ဆရာဝန်ကြီးတွေထံ ရွှေနားတော်သွင်း ခက်လှကြောင်းပါ။ ဒါကြောင့် ကျနော် ဆရာဝန်ကြီး မြန်မြန် ဖြစ်လိုက်ချင်တာ။ ဒါမှ ငါ့စကားနွားရ၊ ဟုတ်ပေါင် … ငါ့စကား သူတပါး နားထောင်ပေမပေါ့ ဆိုတဲ့ အတွေးနဲ့။
(၃)
သို့ပေမယ် ဆရာကြီး ဆရာဝန်ကြီး ဆိုတာ ချက်ချင်း တန်းဖြစ်သွားလို့ ရတာမျိုး မဟုတ်ပေဘူး။ တဆင့် တဆင့် တက်ရတာမျိုး။ ပညာအရာ၊ ကျွမ်းကျင်မှု အရာ ပြည့်စုံ ကုံလုံဖို့၊ အတွေ့အကြုံသမာ္ဘ၊ ရင့်ကျက်မှု၊ စောင့်ရပျိုးရတာ၊ စိတ်ရှည် သည်းခံရတာ၊ စောင့်ရတာ ကျနော်တို့ အတွက် အပန်းမကြီးလှချေတကား။ ဆေးကျောင်းတော်မှာ ခုနစ်နှစ် ခုနှစ် နွေတက်ခဲ့ပြီးမှဗျာ။ တချို့သော အလုပ်သင် ဆရာဝန်တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာကြီး လုပ်တတ်ကြသဗျ။ ကျနော်တို့ မွေးခန်းမှာ ညဂျူတီကျတဲ့ အခါ လူနာတွေ ပို့တဲ့ ပို့ဆွမ်း စားကြရတာ အခါခါ။ မိခင်တွေက သူတို့ရဲ့ သားလေး သမီးလေးတွေကို အဖိတ်အစဉ် မရှိ၊ ထိခိုက်ရှနာခြင်း မရှိဘဲ အောင်အောင်မြင်မြင် မွေးဖွားပေးတဲ့ ဆရာဝန် ဆရာမတတွေကို သဒ္ဓာ ပိုလှတယ်။ ဒါကြောင့် မွေးခန်းကျတာ ပျော်စရာ။ ဝိုင်းအော်ကြ (ကလေးထွက်လာအောင်)၊ ဝိုင်းမွေးကြ၊ ဝိုင်းချုပ်ကြ၊ ဝိုင်းစားကြ။ ညဂျူတီကျတဲ့ အထဲက သူငယ်ချင်း အလုပ်သင် ဆရာဝန် တဦးကတော့ ထူးထူးခြားခြား။ သူနာမည်နဲ့ မုန့်တွေ၊ လက်ဖက်ရည် ကော်ဖီတွေ ခြင်းတောင်း တတောင်းပြည့် မကြာခဏ ပို့တာ ညစာပွဲတော် ကပ်တာ ခံရတယ်။ "ဟ … ဒီကောင်က ဘာများ ထူးလို့တုံး၊ ကိုယ်လဲ သူ့နည်းတူ ကလေး မွေးပေးလိုက်တာပဲ၊ ဘာကြောင့် သူ့ကျမှ တကူးတက စားစရာတွေ ပို့ပြီး ပူဇော်သမှု ပြုတာ ခံရသတုံး"။ နောင်မှ သိရတာက ကိုယ့်လူက ဆရာကြီး လုပ်တတ်သကိုးဗျ။ မွေးခန်းထဲ ကလေးမွေးရရင် ဆရာဝန် ဆရာမတတွေက ဝတ်ရုံကြီးတွေနဲ့ မျက်နှာစည်းတွေနဲ့ အကျအန အလုံအခြုံ ဖုံးထားကြရလေတော့ မိခင်လောင်းတွေက ကျနော်တို့ ဆရာဝန် တတွေကို မှတ်မိလေ့ မရှိကြဘူး။ မွေးခန်းထဲမှာက ကြောက်တာရော နာတာရောက ဖုံးလွှမ်းနေတာ။ ကျနော်တို့ ဆရာဝန် ပေါက်စနလေးတွေကို ဘယ်သတိမူမိလိမ့်မတုံး။ ကျနော့် သူငယ်ချင်း အကောင်းစားကြီးက ကလေး မွေးပြီးလို့ မိခင်နဲ့ ကလေး မွေးခန်းထဲကနေ လူနာ အခန်းဆီ ပြန်ပို့ရင် မသိမသာ ကပ်လိုက်သွားတယ်။ ပြီးရင် မိခင်နဲ့ တွေ့၊ အာလာပ သလ္လပပြော၊ သူကိုယ်တိုင် ကလေးကို ဘယ်လို ခက်ခက်ခဲခဲ မွေးခဲ့ရတယ်ဆိုတာ ဂုဏ်တင် (တကယ်က ပုံမုန် ကလေးမွေးတယ် ဆိုတာ သူ့ဘာသာသူ ထွက်လာတာ)၊ ပြီးရင် ကလေးကို နို့တိုက်ဖို့ ပြုစုဖို့ တတ်သိသလောက် လက်ချာပေး၊ မိခင် အသစ်စက်စက်ကလေးက ရင်ခွင်ထဲမှာ ကလေးထွေးပိုက်၊ အနာမရှိ၊ ဘယာမရှိ။ ဆရာရဲ့ ချိုမြတဲ့ အသံနဲ့ ဆံပင်ကို နောက်လှန် ဖြီးသင်ထားတဲ့ ဥပဓိရုပ်ကလည်း သဘောကျစရာ။ ဒါနဲ့ သူ့ကို ဆရာဝန်ကြီး ထင်လိုက်လေ။ ဒီလိုနဲ့ ဆရာကြီးရဲ့ နာမည်မေးပြီး နောက်ညတွေမှာ အဲဒီ ဆရာဝန်(ကြီး)ရဲ့ ဂျူတီချိန်တိုင်း မုန့်တခြင်းကတော့ ပုံမှန် ရောက်လာခဲ့ပေါ့။ ကျနော်တို့ မနူးမနပ် ဆရာဝန်ငယ် တစုကတော့ လာပို့တဲ့ မုန့်ကိုလည်း ဝိုင်းနှိပ်၊ အပို့ခံရတဲ့လူကိုလည်း ဝိုင်းနှိပ်။ သူက ဒီလို ဒီလို ဆရာငယ် ဘဝကတည်းက ဆရာကြီး ဖြစ်အောင် လုပ်တတ်တာ။ ကာတွန်း ငွေကြည်ရဲ့ ကာတွန်းထဲကလို "ဆရာ ဆရာ" ခေါ်တော့၊ ဆရာလို့ ခေါ်ခံရသူက "ငါ့ကို ဆရာ မခေါ်နဲ့ကွ" လို့ ပြန်ပြောတယ်၊ "ဒါဖြင့် ဘယ်လို ခေါ်ရမှာတုံး" လို့ မေးတော့၊ "ငါက ဆရာ မဟုတ်ဘူး၊ ဆရာကြီးကွ" တဲ့လေ။ သူကတော့ အလုပ်သင် ဆရာဝန် ဘဝကတည်းက "ဆရာကြီးကွ" ဖြစ်ခဲ့သူပေ။
(၄)
ဆရာဝန် တင်းတင်းဖြစ်တော့ ဆေးကျောင်းမှာ တာဝန်ကျ။ အဏုဇီဝဗေဒ ဌာနမှာ သရုပ်ပြ။ ဒါကလည်း သင်ကြားရေး ဌာန တခုမှာ အခြေခံ အကျဆုံး ဆရာ။ သူ့အောက်မှာက ဓာတ်ခွဲခန်း လက်ထောက်၊ ဓာတ်ခွဲခန်းအကူ၊ ရုံးအကူပဲ ရှိတော့တာ။ သူ့တို့တတွေက ကျနော် ဌာနမှာ အလုပ်စဝင် ကတည်းက ဆရာဦးအောင်ကြီးလို့ ခေါ်တော့ ကျနော်နည်းနည်း စိတ်မြောက်မိပြန်ပေ့ာ။ ခြေတော့ မမြောက်နိုင်တော့လေ။ ကိုယ့်နာမည်ကို ဦးတပ်ခေါ်လိုက်တော့ နားက ခပ်ရှိန်းရှိန်း။ နောင်တော့ နားနေသားကျသွား။ အမယ် နေသားကျသွားတာ တော်တော်မြန်သဗျ။ ဦးတပ် မခေါ်တော့ရင်တောင် နားရွက်က လှုပ်ချင်ချင်။ တရက်မှာ ငယ်ဆရာကြီး တဦး ဌာနကို ပေါက်ချလာပါတယ်။ ဌာနရောက်တော့ ဓာတ်ခွဲခန်း အကူနဲ့ တန်းတိုးတယ်။ ဆရာကြီးက "မောင်အောင်ကြီး ရှိသလား"မေးတော့ သူက "မရှိပါဘူး" ဖြေတယ်။ ဒါနဲ့ ဆရာကြီးက ရိပ်စားမိပြီး "ဒေါက်တာ အောင်ကြီးကော" လို့ ဆက်မေးတော့ သူ့အဖြေက မရှိပါပဲ။ နောက်ဆုံး "ဒေါက်တာ ဦးအောင်ကြီး ရှိသလား" လို့ မေးတော့ခါမှ ပျာပျာသလဲ "ဟာ … ဟုတ်တယ်၊ ရှိတယ်" ဖြစ်ကရော။ ကျနော်ရှိတာကို တန်းညွှန်လိုက်လေရဲ့။ သူတို့နားထဲမှာ ဒေါက်တာ ဦးအောင်ကြီးလို့ ကြားလိုက်မှ Code နဲ့ Key က ပွင့်သွားတာ။ ဆရာက "မင်းလူတွေကကွာ … ဒေါက်တာ ဦးအောင်ကြီးလို့ ပြောမှ ငါ့ကို မင်းနဲ့ တွေ့ခွင့် ပေးတော့သကွ" လို့ ရယ်ရယ်မောမော ဂုဏ်တယူယူ ပြောရှာတယ်။ ကျနော့်မှာ မျက်နှာရော နားရွက်ပါ ရှိန်းတိန်း ဖိန်းတိမ်း။ ငယ်တုန်းက ကျနော်တို့ သိပ်ချစ်ကြောက်ရတဲ့ ဆရာကြီးက ကိုယ့်ရှေ့မှာ ငုတ်တုတ်ထိုင် ပြောနေတော့။ ဒီဌာနမှာလည်း ကျနော့် အထက်မှာ လက်ထောက် ကထိက၊ ကထိက၊ ပါမောက္ခ၊ ဆရာ အဆင့်ဆင့်။ ဖြည်းဖြည်းပေါ့ဗျာ၊ ကိုယ့်အထက်မှာ ဆရာတွေရှိတော့ ဘာလုပ်ရလုပ် စိတ်လုံတာပ။ အဖျင်းဆုံး နေ့လယ်ခင်း လစ်ပြီး ရုပ်ရှင် ခိုးကြည့်ရကြည့်ရ၊ ပါမောက္ခ/ဌာနမှူး ဆိုလို့ကတော့ ရုပ်ရှင် လစ်ကြည့်ဖို့ နေနေသာသာ အိမ်သာတောင် ဖြောင့်အောင် သွားရတာ မဟုတ်ဘူး။ ဖုန်းက ခဏ ခဏမြည်လို့။
ဘွဲ့လွန်ရပြီး ဆရာဝန် ပေါက်စဘဝ နယ်တွေ လှည့်လည် ကွင်းဆင်းရတဲ့ အခါ၊ အလည်အပတ် သွားတဲ့အခါ တွေ့တဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ဆေးရုံကြီးတွေက ဆရာတွေကို မေးကြည့်လိုက်ရင် ကိုယ်ထက် စီနီယာ ကျသူတွေချည်း။ မန္တလေးဆင်း ဆိုရင် အချင်းချင်း မြင်ဖူးနေ သိနေလေတော့ ဆရာဝန်ကြီး ဆိုရင် အစ်ကို၊ ဆရာဝန်မကြီး ဆိုရင် အစ်မ တန်းခေါ်လိုက်ရုံ။ ရန်ကုန်ဆင်း ဆရာတွေနဲ့ တွေ့ရင် ဘယ် Batch ကလဲလို့ မသိမသာ ထောက်လှမ်းပြီးမှ ပဋိသန္ဓာရ ပြုရ၊ ပြောဆိုရတယ်။ ဒီမှာလည်း ၉၉ ရာခိုင်နှုန်းက ကိုယ့်ထက်ကြီးသူတွေ။ နောင်ကွင်းဆင်းသက် တော်တော်ရလာတော့ ကျနော်တို့နဲ့ Batch တူသူ၊ ကျနော်တို့ထက် ဂျူနီယာ ကျသူတွေက တစထက်တစ များလာတာ သတိပြုမိတယ်။ အခုတော့ နယ်ဆေးရုံတွေ ရောက်ရင် ဘယ်နှစ်ဆင်းလဲ မေးမနေတော့ပါဘူး။ မြင်မြင်သမျှဟာ ကိုယ့်တပည့် ဖြစ်ရမှာ ဆိုတဲ့အတွေးက ငယ်ထိပ်မှာ။ ဟုတ်တာ မဟုတ်တာ နောင်မှ ကြည့်ရှင်း၊ ကိုယ်က ၅ဝ ကျော် ၆ဝ တွင်းကို အလျှင်အမြန် အပြေးအလွှား ချဉ်းကပ် နေချေပြီကိုး။
(၅)
အခုတော့ ဌာနမှာ ကိုယ့်ထက်ကြီးသူ သိပ်မရှိတော့ဘူး။ အချိန်ရဲ့ တိုက်စားမှုကြောင့် ဆရာကြီးတွေ၊ ဌာနက ဗီရို အဟောင်းကြီးတွေနဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်း အဟောင်း အမြင်းတွေကပဲ ကိုယ့်ထက် သက်တမ်းကြီးမှာ၊ စီနီယာကျမှာ သေချာတယ်။ ဒီလို အချိန်ကျမှ ကိုယ့်အထက်မှာ လူမရှိတော့တာ၊ လူမရှိတော့မှာ တွေးပူပန်မိ။ အခက်အခဲကြုံရင် ပြဿနာ တခုခု ကြုံရရင် ဘယ်သူ့ကို တိုင်တည်ရမတုံး။ ဘယ်သူ အကြံကို နာခံရမတုံး။ ဘယ်သူ အရိပ်ကို ခိုပြီး စိတ်လုံရပါ့။ မိမိမှားရင် ထောက်ပြ လမ်းညွှန်မယ့် ဆရာကြီးတွေ မရှိတော့တာ ဝမ်းသာဖွယ်လား၊ ဝမ်းနည်းဖွယ်လား။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူတော့ သုဘဒ် ရဟန်းကြီးက "င့ာရှင်တို့ … ငါ့တို့ကို ချုပ်ချယ် မြစ်တားမယ့်သူ မရှိတော့ဘူး" လို့ ပြောသလို နှလုံး ပိုက်ရလေမည်လား။ ကျနော်တို့ မန္တလေးဆင်း ဆရာဝန်တွေကို ဟိုတုန်းကလို မှားရင် ချက်ချင်းထောက်ပြ၊ ခေါ်ပြ၊ ခေါ်ဆုံးမမယ့် မာမီကြီး၊ မာမီလေး၊ အဘတို့တတွေ မရှိတော့တာ …။ ဆရာ မရှိခြင်းဟာ၊ ဆုံးမမယ့်သူ မရှိခြင်းဟာ ခြောက်သယောင်း နေတဲ့ ဖုန်းဆိုးတောကြီးတွင်း နေရခြင်းပေလား။
မြတ်ဗုဒ္ဓပင်လျှင် ဘုရား ဖြစ်တော်မူသည့် အခါ သူ့ထက်မြင့်သူ၊ ပူဇော်ထိုက်သူကို စကြဝဠာ တခွင် ဖြန့်ကြက်ကြည့်သတဲ့။ သူ့ထက်မြင့်သူ ပူဇော်ထိုက်သူကို မတွေ့ရပါတဲ့။ သို့မို့ကြောင့် သူတွေ့ရှိတဲ့ တရားတော်ကိုပဲ အလေးအမြတ် ပြုပြီး နေသတဲ့။ ဆရာရှိဖို့ လိုအပ်လှသည်ဟု တစထက် တစ တနေ့ထက် တနေ့ ပိုပိုသိသိလာချိန်မှာ ပန်းချီဆွဲတဲ့ မော်းဒယ်ဂဲလ်လေးက ပန်းချီနဲ့ ပတ်သက်လို့ သူမှာ ဆရာ မရှိပါလို့ အင်တာဗျူး တခုမှာ ဖတ်လိုက်ရတော့ ကျနော်မှာ အံ့အားတသင့်။ တုန်လှုပ်ခြင်းကြီးစွာ။ အင်မတန် ငယ်နုသေးတဲ့ ပန်းချီ ဆရာကလေးကလည်း ဆရာ မရှိဘဲ ပန်းချီ ဆွဲတတ်လာသတဲ့။ ကျနော်ကတော့ ဆရာ ရှိချင်တယ်။ တရားဝင် ဆရာရော၊ တရားမဝင် ဆရာရော။ ဆရာ မရှိမှာ ကြောက်လှချည့်။
အသက် ၈ဝ၊ ၉ဝ အရွယ်မှာ ကိုယ့်ကို ဆုံးမနိုင်လောက်တဲ့ ဆရာတွေလည်း ရှိတော့မှာ မဟုတ်။ ကိုယ့်ထက်ကြီးတဲ့ ဆရာဘုန်းကြီးကလည်း လက်ချိုး ရေရတော့မှာ။ ဆရာဦးအောင်သင်း ပြောတဲ့ ကျောင်းဆရာ လူထွက်ကြီး သ/မလူကြီး ဝင်လုပ်လို့ကတော့ သေပြီဆိုတာ သတိရမိတယ်။ ဘယ်သူက ဘာပြောပြော "ဟေ့ကောင်၊ ငါသိတယ်၊ မင်းလျှာမရှည်နဲ့" ထဲကပဲ။ ကျနော်တို့ ဆရာကြီး တဦး ကျောင်းအုပ်ကြီး ဘဝက ပင်စင်ယူသွားပြီး ဘုန်းကြီး ဝတ်လိုက်တယ်။ ပြီးပြီ၊ နဂို ကတည်းကမှ ဆရာကြီးလို့ ဆိုနေမင့်ဟာ။ အကုန်သိ၊ အကုန်တတ်။ တရား အကြောင်းရော၊ အခြား တပါးသော အကြောင်းပါ တတ်သိ မြင်နှံ့နေတာ။ ဆရာဘုန်းကြီးဆီ တခါက ရောက်သွားတော့ အင်္ဂလိပ် အဘိဓာန်ကြီးဖွင့် သဲသဲမဲမဲ ကျက်မှတ်နေတာ တွေ့လိုက်ရ။ မေ့ကုန်မှာ စိုးလို့ ပြန်ကျက်နေတာတဲ့။ ကဲဗျား။ အဲဒီနောက်ပိုင်း ကိုယ့်မြို့ ရောက်သွားရင် ဆရာဘုန်းကြီးကျောင်းရှေ့ လူယောင် မပြဝံ့ဘူး။ ဆူနာမီ ကြောက်လို့။
ကျနော်က ဆရာမရှိတဲ့သူ၊ ဆရာ မရှိမယ်သူ အဖြစ်ကို တွေးရင်း 'အနာဂတ်သွေးလန့်မှု' ခုကတည်းက ရနေတာ။ ဒီကြားထဲ ဆရာ ဆရာမကြီး တချို့ရဲ့ ကမောက်ကမ ခြေချော် လက်ချော် စိတ်ချော်တာလေးတွေ တွေ့တွေ့နေရလို့ သွေးလန့်တာမှာ သွေးပျက်တာက အပို ထပ်ဆောင်းလာချေသေး။ ဘဝတိုတိုမှာရော ဘဝထိုထိုမှာရော ဆရာရှိသူ ဖြစ်စေသောဝ်။
ဒေါက်တာအောင်ကြီး
စာပြီးရက် - ၃၊ ၁၂၊ ၂ဝဝ၆။
source: myanmarisp
Showing posts with label Dr.AungGyi. Show all posts

Thursday, May 3, 2012
ထိုင်စရာ (ဒေါက်တာအောင်ကြီး)
ထိုင်စရာ
၂ဝဝ၈ စက်တင်ဘာမှာ ကံကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - (၂) အဖြစ် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ ဒေါက်တာ အောင်ကြီးရဲ့ 'သီချင်းလူ၊ ပုံပြင်လူ၊ ငြိမ်းချမ်းလူ' စာအုပ်မှ ထိုင်စရာ ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ထိုင်စရာ
ကျနော် စ,တက်ရတဲ့ ကျောင်းက ယောက်ျားလေး နှင့် မိန်းကလေးတွေ ရောနှောနေရသည့် ကျောင်းဖြစ်သည်။ ဦးဘိုနီ၊ ဒေါ်မြငြိမ်းတို့ တည်ထောင် ဖွင့်လှစ်သည့် ကိုယ်ပိုင်ကျောင်း (Private School)။ အတန်းထဲတွင် ယောက်ျာလေး မိန်းကလေး ရောနှော ထိုင်ရသည်။ စကားများများ ပြောတတ်သည့် ဆော့တတ်သည့်ကောင်လေးတွေကို ဆရာတွေက ကောင်မလေးတွေကြားမှာ ညှပ်ကာ ထိုင်စေသည်။ ကျောင်းသူဦးရေက ယောက်ျားလေးတွေ ကြားမှာ ထိုင်ရတာ များသည်။ တခါတရံ ဆရာတွေက ကလေးတွေကို ဆုံးမချင်တာရော၊ ကျီစယ်ချင်တာရောကြောင့်ထင့်။ တယောက်နှင့် တယောက် မခေါ်မပြောဘဲ နေကြသော ရန်ဖြစ်ထားကြသော မိန်းကလေး ယောက်ျားလေးတွေကို တခုံတည်းမှာ ယှဉ်ထိုင် ခိုင်းတတ်သည်။ ကြာကြာထိုင်ရတော့ တဦးနှင့် တဦး စကားပြောဖြစ် သွားပြီး ပြန်ခေါ်ကြ ပြန်ခင်မင်ကြရတာပါပဲ။ သို့မို့ကြောင့်ထင်ရဲ့၊ ဆရာတွေက ထိုင်ခုံ အစီအစဉ်တွေကို မကြာခဏ ပြောင်းပစ်တတ်သည်။ ကျနော်တို့ တတွေကလည်း မကြာခဏ ရန်ဖြစ်တတ်ကြသည်ကိုး။
တခါက ခုံပြောင်းထိုင်ကြရတော့ ကျနော်တို့ အတန်းထဲတွင် အဝါရောင် လုံချည် ဝတ်လေ့ရှိသောကြောင့် မာနကြီးသူဟု အားလုံးက သတ်မှတ်ထားသော ကျောင်းသူ တဦးနှင့် ထိုင်ဖို့ နေရာချခံရသည်။ မိန်းကလေးက စာလည်းတော် ရုပ်လည်းချောသူ။ အစက တဦးနှင့် တဦး စကားမပြော ခပ်ရှိန်းရှိန်း နေရာမှ သချင်္ာချိန် ပုစ္ဆာတွေ တွက်အပြီး စာအုပ်တွေကို စားပွဲခုံစွန်းမှာ ထပ်ဖို့ တင်ရတော့ တဦးနှင့် တဦး စကား ပြောဖြစ်သွားသည်။ ကျနော့်ရင် လှပ်ခနဲ ဖြစ်သွားသည်ကို ယခုတိုင် မှတ်မိနေသေးသည်။ နောက်သုံးရက်လောက်ကြာတော့ ဆရာက ထိုင်ခုံတွေကို ထပ်လှည့်ပြန်ရာ ကျနော်နှင့် သူ ထပ်မဆုံစည်း ဖြစ်တော့ချေ။ စာသင်ခန်း ထိုင်ခုံတွေမှာ ထိုင်ရတိုင်း ကျနော်က အလယ် လူသွားလမ်းဘက်ကျတဲ့ ထိုင်ခုံကို ရှောင်လေ့ရှိသည်။ အပြင်ဘက် အစွန်းခုံမှာ ထိုင်ဖို့ ကြိုးစားရတာ ကျနော့် ဝေဒနာ။ သည်အကျင့်က ကြီးသည်အထိ ပါလာသည်။
တက္ကသိုလ် ရောက်တော့ သည်အကျင့်က ဖျောက်ဖျက်လို့ မရ။ အတန်းရဲ့ ရှေ့ဆုံးခုံတန်းမှာ ဘယ်သောအခါမှ နေရာယူလေ့ မရှိ။ အလယ်လောက်၊ ရှေ့နား သုံးပုံး တပုံလောက်မှာ ထိုင်လေ့ရှိသည်။ အတွင်းလျှောက်လမ်းနှင့် ဝေးဝေးမှာ နေရာယူမြဲ။ မိမိကိုယ်ကို Expose မလုပ်ချင်တဲ့ အတွင်းလှည့်စိတ် အားကောင်းနေလေသလား။ ပထမနှစ်၊ ဒုတိယနှစ် ကာလတွေမှာ အတန်းထဲမှ ယောက်ျားလေး လေးယောက်နှင့် မိန်းကလေး ငါးယောက်က တမူထူးခြားပြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေကြတာ သတိပြုမိသည်။ သူတို့ အချင်းချင်း စည်းလုံးကြတာ၊ ချစ်ခင်ကြတာက ပြဿနာ မရှိ။ ပြဿနာ ရှိတာက သူတို့၏ စည်းလုံးခြင်း ချစ်ခင်ခြင်းကို အများသူငါရှေ့မှာ သာသာထိုးထိုး ပိုပိုမိုမို လုပ်ပြ နေကြလေရာ အတန်းထဲက ယောက်ျားဘသားတွေက သဘာဝကျစွာပင် မျက်စိစပါးမွေး စူးပါလေတော့သည်။ ယောက်ျားလေး အုပ်စုက လက်ချာချိန် ဆိုလျှင် အတန်းထဲသို့ စောစီးစွာ အရောက်သွားကြပြီး သူတို သူငယ်ချင်းမတွေ အတွက် နေရာ ဦးထားလေ့ ရှိသည်။ မိန်းကလေးအုပ်စု စောရောက်လျှင်လည်း ထို့နည်းအတူ။ သူတို့အုပ်စုဝင်ချင်းပဲ အများအားဖြင့် စကားပြောကြ ဆက်ဆံကြသည်။ ကျန်တဲ့ ကျောင်းသားတွေက သူတို့ အုပ်စုကို နာမည်ပြောင် အမျိုးမျိုး ပေးပြီး ပြောင်ကြလှောင်ကြ တိုက်ခိုက်ကြ။ နာမည်ပြောင် အမျိုးမျိုးထဲမှာ EAG (ဆင့်ဖင် အုပ်စု) ဆိုတဲ့ နာမည်က တွင်ကျန်ရစ်သည်။ ထိုင်စရာနှင့် ပတ်သက်၍ ဆေးကျောင်းတလျှောက် မှတ်မှတ်ရရ ဖြစ်စရာများ။
ဘွဲ့လွန်တက်ရတုန်းကလည်း ထိုင်ခုံနှင့် ပတ်သက်၍ အမှတ်တရ ဖြစ်စရာ ကြုံရသေးသည်။ ကျနော်တို့ ဘွဲ့လွန်သင်တန်းသား သုံးဦး နွေနေ့လယ်ခင်းကြီး တခုမှာ ကထိက ဆရာမကြီး တဦးနှင့် စာသင်ဖို့ ဖျားနာရုံ (၂) သို့ သွားရသည်။ သည်အချိန်က ပါမောက္ခ/ ဌာနမှူးက ပင်စင် စတင် ခံစားနေချိန်။ သူ့အခန်းက အားနေတာက တကြောင်း၊ လေအေးစက်နှင့် အေးစိမ့်နေတာ တကြောင်းတို့ကြောင့် အဲသည်အခန်းမှာ စာသင်ဖို့ ဆရာမကြီးက ဆုံးဖြတ်သည်။ ကျနော်တို့ အသီးသီး အသက အသက နေရာယူကြတော့ ဆရာမကြီးက ဌာနမှူး၏ လွတ်နေသော ခုံမှာ မထိုင်ဘဲ ခုံလွတ်တခု ယူ၍ ထိုင်ကာ အေးဆေးစွာ စာသင်သည်။ ကျနော်က လျှာရှည်ပြီး "မမကလဲ ဌာနမှူးခုံ ယူထိုင်ရေးပေါ့၊ ဌာနမှူးမှ မရှိတော့တာကို" ဟု ပြောမိသည်။ ဆရာမကြီးက "ဒီထိုင်ခုံက တို့နဲ့ မတန်သေးဘူးဟဲ့၊ သူရှိရှိ မရှိရှိ၊ သူလာလာ မလာလာ ဒီထိုင်ခုံမှာ တို့ထိုင်ဖို့ မထိုက်သေးဘူး" ဟု ပြန်ပြောတာ သတိရမိသည်။ ရန်ကုန်က ဌာန တခုကို သွားလည်တော့ ဌာနမှူး၏ သမီးငယ်က သူ့အဖေထိုင်ခုံမှာ အကျအနထိုင်ပြီး နေ့လယ်စာ 'သုံးဆောင်' နေတာ မြင်လိုက်ရတဲ့ ကျနော့်မှာ ငိုရ ရယ်ရမလို။ ထိုင်ခုံရွေး ထိုင်တတ်သော ကျနော်တို့ ဆရာမကြီးကို စိတ်ထဲမှ ကန်တော့မိသည်။
ကျနော်ကိုယ်တိုင် ဌာနမှူးခုံမှာ ထိုင်ရတော့ ကိုယ့်ထက် ဝါကြီးသူတွေ ကိုယ့်ဆရာသမားတွေ လာရင် ဌာနမှူးခုံမှာ ထိုင်ပြီး ဧည့်ခံရတာ စိတ်ထဲ မလုံသလိုလို အားနာစရာလိုလို။ နယ်က သူငယ်ချင်းတွေ လာရင်လည်း ထို့အတူ။ ဒါကြောင့် သူတို့တတွေလာရင် သူတို့နားသွားပြီး အတူတူ ထိုင်စကားပြောရ ဧည့်ခံရသည်။ ဌာနမှူးခုံမှာ အခန့်သားကြီးထိုင် စားပွဲကြီး တလုံးခြားပြီး စကားဆိုဖို့ မသင့်ဟု ခံစားရသည်။ သူတို့က နယ်က တကူးတက လာတွေ့ရတာ။ ထို့ပြင် နယ်မှာ အနေကြာပြီး မြို့ပြနှင့် ဆေးရုံကြီးတွေနှင့် ဝေးကွာနေတော့ သိမ်ငယ်စိတ် တချို့က သူတို့ကိုယ်ပေါ်မှာ တံဆိပ်ကပ် ပါနေတာ မြင်ရသည်။ နေရာ အထိုင်မှားရင်း တဦးနဲ့ တဦးကြား စည်းခြားသွားသလို၊ ဌာနမှူး ထိုင်ခုံမှာ စထိုင်ရတုန်းက မိမိမှာ နေမထိ ထိုင်မသာ။ သမားတော်ကြီး ဦးထွန်းသင် ပြောတာ သတိရမိသေးသည်။ တိပိဋကဓရ ဆရာတော် တပါး ဘွဲ့ထူးဂုဏ်ထူး ရပြီးစ အပူဇော်ခံရတော့ နေမထိ ထိုင်မထိ ဖြစ်နေတာ မြင်ရသည့် ဆရာကြီးက "အသစ်ကျပ်ချွတ် ဆိုတော့ အထိုင်မကျသေးဘူးကွ၊ ကြာတော့ အထိုင်ကျ သွားလိမ့်မယ်" ဟု ကြိုတင် ဟောကိန်း ထုတ်ဖူးသည်။ ကျနော်လည်း ဘယ်သောအခါမှ ဌာနမှူး ထိုင်ခုံမှာ အထိုင်ကျလေမည် မသိ။
တလ တကြိမ် ကျင်းပသည့် မန္တလေး ဆရာဝန် အသင်း ဟောပြောပွဲတွေမှာ ကိုယ်တိုင် ဝင်ရောက် ဟောပြောရ၊ သဘာပတိ လုပ်ရ၊ နားထောင်သူ လုပ်ရသည်။ ဟောပြောသူ လုပ်ရတာ ရှင်းပါသည်။ ရှေ့ဆုံးခုံမှာ ထိုင်ပြီး သဘာပတိ အခေါ်ကို စောင့်ရုံ၊ ပို့ချပြီး မိမိမူလ ထိုင်မြဲနေရာမှာ ပြန်ထိုင်၊ မေးခွန်းမေးရင် ထဖြေ၊ ဒါပဲ။ သဘာပတိ လုပ်ရရင်လည်း ပြဿနာ မရှိဘူးဟု ထင်ရသည်။ သဘာပတိခုံ တက်ထိုင်၍ 'ဆက်လုပ်' ရုံပေါ့။ ယနေ့ခေတ် ထုံးစံက သဘာပတိ နှစ်ဦး ထားလေ့ရှိရာ ဤတွင် မမျှော်လင့်သော ပြဿနာအချို့ ကြုံရပြန်သည်။ (သဘာပတိ နှစ်ဦး ထားရခြင်းကလည်း ဟောပြောမည့် ပုဂ္ဂိုလ်နှင့် Topic များရင် သဘာပတိ တဦးတည်း ထိန်းနိုင်ဖို့ မလွယ်တာက တကြောင်း၊ သဘာပတိ လုပ်မိမည့်သူ ဆရာကြီး တဦးဦး အချိန်ကပ်ပြီးမှ မအားလပ်ခဲ့သော် ဆိုသည်က တကြောင်းကြောင့်ပါ။) ဒီမှာ သဘာပတိ နှစ်ဦး ဘယ်လိုထိုင်ကြမလဲ။ ဘယ်သူက စဖွင့်မလဲ။ နေရာပြဿနာ ပေါ်လာသည်။ ဝါရင့်သူက စဖွင့်ရတာ၊ နေရာကောင်းကောင်း ယူရတာ ထုံးစံပါပဲ။ သဘာပတိ (၁) လုပ်ရသူ တချို့က အခမ်းအနား တခုလုံး တဦးတည်း One-man show လုပ်သွားတာ ကြုံဖူးသည်။ တခါက ဝါရင့်သူ ဆရာကြီး တဦး ကို သဘာပတိ (၂) လုပ်ရတဲ့ ပွဲတခုမှာ သဘာပတိ ထိုင်စရာခုံက တလုံးတည်း ရှိနေလေတော့ ကျနော်မှာ ကသိကအောက်နှင့် မတ်တတ် ခပ်ကြာကြာ ရပ်နေရလေသည်။ နားထောင်သူ လုပ်ရတာကတော့ လွယ်ပါသည်။ ထိုင်ရတာပဲဟာ။ နားတော့ နည်းနည်း ပူရသပေါ့။ မီးလုံးတွေ မှိတ်ပြီး ဆလိုက်ထိုးပြလေ့ ရှိသည့် ခေတ်ကြီးမှာ ထိုင်ခုံမှာ ဇိမ်ကျကျ ဝင်ထိုင်ပြီး ငိုက်လိုက်၊ မှိန်းလိုက်၊ တခါတရံ ခေါင်းထောင် ထကြည့်လိုက်။ ပြီးရင် ဘူးဖေးစားပွဲ ဝင်စားပြီး ပြန်ရုံသာ။ ကျနော်က ဘယ်ဘက် တတိယတန်း အပြင်ဘတ်စွန်းခုံမှာ ထိုင်လေ့ရှိသည်။ ရှေ့ဆုံး ပထမ ဒုတိယတန်းမှာ ဝင်ထိုင်လေ့မရှိ။ ဒီအတန်းတွေက ဆရာကြီး ဆရာမကြီးတွေ၊ ဝါရင့် ဆရာကြီးတွေ အတွက် သတ်သတ်မှတ်မှတ် ချန်ထားရတာ။ တခါက ဆရာဝန်အသင်း အမှုဆောင် ရွေးကောက်ပွဲ အစည်းအဝေး လုပ်ရာမှာ ကျနော်က ထုံးစံအတိုင်း နောက်နား ခပ်ကျကျ ထိုင်နေလိုက်သည်။ ထိပ်ဆုံး နှစ်တန်းမှာ ဆရာ ဆရာမကြီးတွေ။ သူတို့နောက် အလယ်နှစ်တန်းမှာက လူကျိုးတိုးကျဲတဲ။ နောက်နား ခပ်ကျကျမှာ ကျနော်လို အမျိုးကောင်းသားတွေ စုထိုင်ကြသည်။ ဆရာကြီး တဦးက နောက်နား ထိုင်နေတဲ့ ကျနော်တို့တတွေကို ရှေ့တိုး ထိုင်ဖို့ ဖိတ်ခေါ်သည်။ ဓာတ်ပုံရိုက်ရင် အလယ်က နေရာ ကွက်လပ်ကြီး ဆိုတော့ ကြည့်မကောင်း၍ ပါတဲ့။ သို့နှင့် ဆရာတချို့က အားနာပါးနာ ရှေ့တိုး ထိုင်ကြ၊ နေရာ ရွှေ့ကြရသည်။ ကျနော်ကတော့ ခေါင်းမာစွာပဲ မိမိနေရာမှာ ထိုင်မြဲ။ အစည်းအဝေး စတင်ပြီး မကြာခင်မှာ ပုဂ္ဂိုလ်တချို့ နောက်ပါ အဖွဲ့နှင့် ရောက်လေရာ အရင်နေရာ ရွှေ့ထိုင်ထားသည့် ဆရာတွေခမျာ နောက်ကြောင်း ပြန်လှည့်ရသည်။ မိမိတို့ နဂိုနေရာ ပြန်ထိုင်ရသည်။ ကျနော်မှာ မဆီမဆိုင် မြန်မာ့ရိုးရာ ဟာသပုံပြင် တပုဒ်ကို သတိရမိသည်။ တခါက တောရွာ အလှူ တခုမှာ သံဃာတွေ ကြွလာပြီး သံဃာစင်မှာ နေရာ အသီးသီး ယူကြသည်။ အဦးဆုံး ကြွလာသူက ရဟန်းအိုကြီး တပါး။ အလှူရှင်တွေက ဆရာတော်ကြီးတွေ ထိုင်ရမည့် ထိပ်ဆုံးမှာ နေရာ ချထားလိုက်သည်။ ပြဿနာက အဆိုပါ ရဟန်းအိုကြီးမှာ မကြာမတင် ကာလကမှ ရဟန်းပြုလာသူ တောထွက်ကြီး ဖြစ်နေခြင်းပင်။ ရဟန်းတွေ တပါးပြီး တပါး ကြွလာပြီး နေရာယူကြတော့ သူ့ထက် ဝါကြီးသူတွေချည်း ဖြစ်နေသောကြောင့် တောထွက် ရဟန်းကြီးများ ခဏခဏ နေရာ ရွှေ့ပြောင်း ထိုင်ရသည်တဲ့။ သို့နှင့် ဒကာ တဦးက "ဟောဗျာ ဘုန်ကြီးကြီးက ဘယ့်နှယ် ဘယ့်နှယ် နေရာ ရွှေ့ရွှေ့ လာရသတုံး" လို့ ပြောတော့ တောထွက်ကြီးက စိတ်ချဉ်ချဉ်နှင့် "ဝါတဲ့ဗျာ၊ ဝါတဲ့" ဟု အငေါ်တူးသံနှင့် ပြန်ဖြေလိုက်သည်တဲ့။ ယခုလည်း ကျနော့် သူငယ်ချင်း ဆရာဝန် တစုမှာ "ဝါတဲ့ဗျာ၊ ဝါတဲ့" ဟုပဲ ကြွေးကြွော်ရမလို။
အိုင်တီ (IT) လို့ ခေါ်တဲ့ အင်ဖော်မေးရှင်း တက္ကနော်လော်ဂျီ (Information Techonology) ခေတ်ကြီးမှာ ကွန်ပျူတာရှေ့ထိုင်တဲ့ အချိန်တွေ ပိုပို များများလာသည်။ ကြာကြာထိုင်ရတော့ ခါးညောင်း နောက်ကြောတက် ဇက်ထိုး မျက်စိကိုက် ဖြစ်ရသည်။ ဒါကြောင့် ဘယ်လိုခုံနှင့် ထိုင်သင့်သလဲ။ ဘယ်လို ထိုင်ရမလဲ၊ ခါးကို ခေါင်းကို လက်ကို လည်ပင်းကို ဘယ်လို ထားရမလဲ။ ခုံအမြင့်က ဘယ်လောက် ရှိသင့်သလဲ။ ဒါတွေ လေ့လာသည့် ပညာရပ် (Ergonomics) ကို အဖွဲ့အစည်းတွေမှာ လက်တွေ့ အသုံးချနေကြရပြီ။ တရားအားထုတ်သည့် ပုဂ္ဂိုလ်တွေမှာလည်း အထိုင်မတတ်က အထိုင်မတည့်က အာရုံ စူးစိုက်စွာ တည်ငြိမ်စွာ ဆက်ထိုင်ဖို့ ခက်ခဲလှကြောင်း ပြောသံ ကြားရဖူးသည်။ ထိုင်စရာ နေရာအပြင် ထိုင်တတ်ဖို့ကလည်း အလားတူ အရေးပါလှကြောင်း ကောင်းကောင်းကြီး သိလိုက်ရသည်။
ကျနော့် ဆေးခန်းမှာလည်း ထိုင်စရာ ပြဿနာနှင့် မကင်းချေ။ ဆေးခန်း ဖွင့်ခါစက ဆေးခန်းမှာ လူနာ ထိုင်စရာခုံ မပါချေ။ လူနာက ရောက်ရောက်ချင်း လူနာ ခုတင်ပေါ် တန်းထိုင်ရသည်။ ကျနော်က စားပွဲနားကပ်လျက် ထိုင်ခုံမှာ ထိုင်ရင်း ခုတင်ပေါ် ထိုင်နေသည့် လူနာကို ရောဂါရာဇဝင် မေးသည်။ ကျနော့် စားပွဲက နံရံနှစ်ဖက်ကြားထောင့်မှာ ကပ်လျက်သား။ လွတ်နေသည့် စားပွဲတဖက်မှာ လူနာခုတင်၊ ကျန်တဖက်က ကျနော် ထိုင်တဲ့ခုံ ထားသည်။ ကျနော့် ထိုင်ခုံက လူနာ ဝင်ပေါက်နှင့် ကပ်လျက်သား။ ကျနော်က လူနာဘက် လှည့်မေးလိုက် စားပွဲပေါ်မှ မှတ်တမ်းစာအုပ်ထဲ လှည့်ရေးလိုက် လုပ်ရသည်။ ပြီးမှ လူနာကို ခုတင်ပေါ် လှဲလျောင်းစေပြီး စမ်းသပ်ရသည်။ ပြဿနာက ကျနော် ထလိုက်သည်နှင့် တချို့ လူနာရှင်တွေက ကျနော့်ထိုင်ခုံမှာ အကျအန ဝင်ထိုင်ပါလေတော့သည်။ တချို့ လူနာစောင့်တွေက သူတို့နှင့်အတူ သယ်လာသော ပစ္စည်းတချို့ကိုပင် ကျနော့် ထိုင်ခုံပေါ်မှာ နေရာ ချထားလိုက်သေးသည်။ ကျနော် လူနာကို စမ်းသပ် စစ်ဆေးပြီး ပြန်ထိုင်မှ လူနာရှင်တွေက ပစ္စည်းတချို့ ပြန်ကောက်သိမ်းနေလို့ ဆရာဝန်ခမျာ ခပ်စန့်စန့် မတ်မတ်ရပ်နေရတတ်သေးသည်။ သဟာကြောင့် ဆေးခန်း ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရသည်။ စားပွဲကို နံရံတဖက်မှ ခွာထုတ်ပြီး ကျနော့်ခုံကို နံရံနှင့် စားပွဲကြား သွင်းလိုက်သည်။ ထိုင်ခုံကို လူနာရှင်တွေရဲ့ စက်ကွင်းမှ လွတ်အောင်။ စားပွဲတဖက်မှာ လူနာထိုင်ဖို့ ထိုင်ခုံတလုံး၊ လူနာခုတင် ခြေရင်းမှာ လူနာရှင် အတွက် ထိုင်ခုံတလုံး ချထားပေးလိုက်သည်။ ထိုင်စရာ ပြဿနာ ပြီးပြီးဟု ယူဆလိုက်ချိန်မှာပဲ ပြဿနာ အသစ်က ပေါ်လာပြန်သည်။ လူနာရှင်တွေက ခြေရင်းနားက ထိုင်ခံမှာ ထိုင်ချင်ပုံမရ။ အထူးသဖြင့် လူနာစောင့် အဖြစ် လိုက်လာသည့် ယောက်ျားဘသားတွေ၊ လူနာမိန်းမက ခုတင်ပေါ် လျောင်းလိုက်ပြီး ခြေစန့်လိုက်သည်နှင့် မဟာပုရိသတို့က ချက်ချင်း ဆတ်ခနဲ့ မတ်တတ်ရပ်လိုက်ပြီး လွတ်နေသော လူနာထိုင်ခုံပေါ် စွေ့ခနဲ ပြောင်းထိုင်သည်။ မရှိတဲ့ဘုန်းတွေ လျော့ပါး ပျောက်ပျက်ကုန်မှာ စိုး၍ထင့်။ မိနစ်ပိုင်းမျှ ကြာသော 'ခြေဆင်း'ကလေးကိုပင် သူတို့ခမျာ နှစ်လိုပုံမရ။ ထို့ပြင် လူနာက ထိုင်ခုံမှာ ထိုင်ရင်း ရောဂါရာဇဝင် ချီနေရင်လည်း လူနာရှင်တွေက ခုတင်ခြေရင်းက ထိုင်ခုံကို ဆွဲယူလာပြီး လူနာဘေး ယှဉ်ထိုင်တတ်သည်။ လူနာကို မေးသမျှ ဆရာဝန် မေးခွန်းတွေကို သူတို့ကပဲ ဒိုင်ခံ ဝင်ဖြေကြသည်။ လူနာ ဖြေနေရင်းတန်းလန်း သူတို့က အတင်းဝင်ရောက် စွက်ဖက်တတ်သေးသည်။ အားလုံး စမ်းသပ်ပြီးစီး၍ လူနာရော လူနာရှင်ပါ ဖုန်ဖက်ခါ ထွက်သွားကြလျှင် ထိုင်ခုံတွေကို သည်အတိုင်း ထားပစ်ခဲ့တာ များသည်။ ကျနော့်မှာ လူနာတွေ ထွက်သွားတိုင်း ခုံတွေ ပြန်စီရတာ အကြိမ်ကြိမ်။ ကြာတော့လည်း ခံရဖန်များ၍ အားမနာနိုင်တော့ပြီ။ လူနာရှင်တွေကို ခုံတွေ သူ့နေရာသူ ပြန်ရွှေ့ခဲ့ဖို့ ခပ်တည်တည် ပြောရသည်။ မိမိအတွက် ပေးထားသည့် ခုံကို နေရာ ရွှေ့ချင်သူတွေ။
ထိုင်စရာ တနေရာနှင့် ပတ်သက်၍ နောက်ဆုံး မှတ်မှတ်ရရ ဖြစ်စရာ တခု ရှိလေသေးသည်။ တိုင်းအဆင့် အစည်းအဝေး တခု တက်ရတုန်းကပါ။ ကျန်းမာရေး ဌာနနှင့် တိ/မွေးကု ဌာနတို့ ဦးစီး ကျင်းပရသောပွဲ။ ယင်းအစည်းအဝေးပွဲမှာ ထုံးစံအတိုင်း ကျနော်က နောက်နား ခပ်ကျကျ ထိုင်လိုက်သည်။ ကျန်းမာရေး အဖွဲ့နှင့် ခပ်ဝေးဝေးမှာ။ အင်တာနက်မှ ကူးထားသည့် ပညာရပ်ဆိုင်ရာ စာကြွေးတချို့ကို ဖတ်ရှုရန် သို့ကလို နေရာယူခြင်း ဖြစ်သည်။ သဘာပတိက အမှာစကားပြော အပြီး ဆွေးနွေးပွဲကို ဖွင့်လိုက်သည်။ ထုံးစံအတိုင်း ရှေ့နားခပ်ကျကျ ထိုင်နေသည့် ဆရာကြီးတွေကပဲ စပြီး သူတို့ရဲ့ အာဘော်ကို တင်ပြသည်။ အရေးတကြီး ကိစ္စဖြစ်၍ ဆရာကြီးတွေ အားလုံးလိုလိုပင် ဝင်ရောက် ဆွေးနွေးကြ၊ ဝေဖန် သုံးသပ်ကြ၊ တဦးပြောတာ တဦးက အားမနာတမ်း ထောက်ခံကြ၊ သဘောတူကြပေါ့။ ကျနော်က အစည်းအဝေးတွေမှာ မိမိနှင့် မဆိုင်သည့် ကိစ္စတွေမှာ ရေငုံ နှုတ်ပိတ်နေလေ့ ရှိသူ။ မိမိက ဘာမှ ထူးထူးခြားခြား Contribute မလုပ်နိုင်ရင် ငုတ်တုတ် ထိုင်နေတတ်သူ။ သူများတတွေ ပြောကြ ဆိုကြတာနှင့် ပြောပုံ ဆိုပုံတွေကို စိတ်ဝင်တစား စောင့်ကြည့်လေ့ရှိသူ။ ထိုနေ့ကတော့ ပြောကြတောတွေ များပြီး ဝေ့လည်လည် ဖြစ်နေသည် ထင်၍ မိမိ ထပြောရန် ဆုံးဖြတ်လိုက်သည်။ 'ဆိုရေးရှိက ဆိုအပ်လှ၏' ဟု ရှင်ရဋ္ဌသာ မိန့်မှာခဲ့သည်လေ။ သဘာပတိက ကျနော် လက်မြှောက်ပြပြီး ခွင့်တောင်းနေသည်ကို တော်တော်နှင့် မမြင်။ နောက်နား ခပ်ကျကျမှာ ထိုင်ချင်ဦးဟဲ့ဟု မိမိကိုယ် မိမိ စတင် ကျိန်ဆဲမိသည်။ နောက်ဆုံး သဘာပတိ၏ ခွင့်ပြုချက်ရတော့ "ကျနော် ကျန်းမာရေး ဌာနကပါ" ဟု မိတ်ဆက်ပြီး ကျနော့်အမြင်ကို တင်ပြဖို့ စတင်ပါသည်။ ကျနော် စကားပြောလောနေ၍ တကြောင်း၊ နောက်နား ခပ်ကျကျမှာ နေပြီး 'မိုက်ခွက်' မပါဘဲ ပြောရသည်က တကြောင်းတို့ကြောင့် သဘာပတိက ကျနော့်ကို မည်သူမည်ဝါဟု စမ်းဝါးမိပုံ မရ။ နောက်နား ခပ်ကျကျ ထိုင်နေတော့ ဤအစည်းအဝေးနှင့် တိုက်ရိုက် မဆိုင်လှသော ဌာနက အရာရှိ ခပ်ငယ်ငယ်ပဲဟု ယူမှတ်ကာ "ကဲ မင်းက စည်ပင်က ထင်တယ်၊ ပြောကွာ" ဟု ပဋိသန္ဓရ ပြုပါလေသည်။ တကယ်က သည်အစည်းအဝေး ကျင်းပရခြင်း၏ ရင်းမြစ်မူလ တိုင်းအဆင့် ဆိုင်ရာ ကျန်းမာရေး ပြဿနာကြီးကို ကိုင်တွယ် ဖြေရှင်းဖို့ ဖွဲ့ထားသည့် ဆပ်ကော်မတီတွေမှာ ကျနော်က လက်ရင်းကျကျ ပါဝင်ပတ်သက် လှုပ်ရှားနေရသူ။ နေရာ၏ အရေးပါပုံကို ကျနော် သိလိုက်ရသည်။ ကျနော်က ကိုယ့်ကျန်းမာရေး အဖွဲ့နှင့်မှ သွားမထိုင်တာ။ အတူတူထိုင်ပါက သဘာပတိကြီးက ကျနော် မည်သူမည်ဝါ ဆိုတာ တန်းသိမည် ဖြစ်သည်။ ယခုဖြစ်ပုံက သူ မထင်မှတ်သည့် နေရာမှာ သိပ်အရေးမပါသည့် သူတွေနှင့် ကျနော်က ရောနှော ထိုင်မိပေသကိုး။ "အပျိုလို မနေမိလို့ ကိုယ်ယိတယ်လေး" ဖြစ်ရပုံ။ သြော် … ထိုင်စရာ … ထိုင်စရာ။ သြော် … နေရာ … နေရာ။
ဘယ်နေရာမှာ ထိုင်မလဲ။ ဘယ်လို ထိုင်မလဲ။ ဘယ်သူတွေနားမှာ ထိုင်မလဲ။ ဘယ်အချိန်မှာ ဘယ်ခုံမှာ ဘယ်သူတွေနဲ့ ဘယ်လို ထိုင်ရမယ် ဆိုတာ ကျနော် ကြိုးစား သင်ယူရဦးမည်။
ဒေါက်တာအောင်ကြီး
စာပြီးရက် - ၁၉၊ ၄၊ ၂ဝဝ၆။

ဒေါက်တာအောင်ကြီး အတ္ထုပ္ပတ္တိအကျဉ်း
Who is Dr. Aung Gyi, (Bio)
ဒေါက်တာအောင်ကြီး အတ္ထုပ္ပတ္တိအကျဉ်း
၁၉၅၃၊ ဖွား၊ ကသာဇာတိ၊ မိဘနှစ်ပါးမှာ ဦးဘေရှင်၊ ဒေါ်မြင့်မြင့်။
၁၉၇၀၊ ကသာ အထက (၁) မှ ၁၀ တန် အောင်မြင်ခဲ့။
၁၉၇၇၊ ဆေးတက္ကသိုလ် မန္တလေးမှ ဆေးပညာဘွဲ့ ရရှိ။
၁၉၈၅၊ ဆေးတက္ကသိုလ် မန္တလေးမှ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိ။
၁၉၉၃၊ ၉၅ - UK ပညာသင်။
၁၉၉၄၊ MRCP UK ရရှိ။
၁၉၉၅၊ DTMH London ရရှိ။
၁၉၉၇၊ ဖလမ်းပြည်သူ့ ဆေးရုံ၊ ဖျားနာ အထူးကု တာဝန် ထမ်းဆောင်။
၁၉၉၈ - ၂၀၀၁၊ ကုတင် ၃၀၀ ဆန့် သင်ကြားရေး ဆေးရုံ၊ မန္တလေးတွင် သမားတော်/ ကထိက အဖြစ် တာဝန် ထမ်းဆောင်။
၂၀၀၁ - ၂၀၀၃၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးပညာ ဌာနတွင် ကတိက/ သမားတော် အဖြစ် တာဝန် ထမ်းဆောင်။
၂၀၀၃၊ ဇူလိုင်လတွင် မန္တလေးဆေး တက္ကသိုလ်၊ ဆေးပညာဌာနတွင် ဌာနမှူး/ ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ရင်း၊ စာသင်၊ ဆေးကု၊ စားရေးလျက်ရှိ။ မိမိကိုယ်ကို စားရေးသူ တဦး အဖြစ်ထက် ဆေးကုတဲ့ ဆရာဝန်၊ စာသင်တဲ့ ကျောင်းဆရာ၊ စာမွေ့သူ ကဗျာမွေ့သူ တဦးအဖြစ် သိမှတ်ခံလို။
၂၀၀၄၊ 'အစိမ်းရောင်လူ၊ အပြာရောင်လူ၊ အဖြူရောင်လူ' စာအုပ် ထွက်ရှိ။
၂၀၀၆၊ 'သင်္ကြန်လူ၊ လေယာဉ်လူ၊ ခြင်ထောင်လူ' စာအုပ်ထွက်ရှိ။
၂၀၀၈၊ 'သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ' စာအုပ်ထွက်ရှိ။ [1]
↑ ကံ့ကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - ၂ အဖြစ် ၂၀၀၈ စက်တင်ဘာတွင် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒေါက်တာအောင်ကြီးရဲ့ 'သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ' စာအုပ်မှ
Ref: wikimyanmar.co.cc

စတိ(ဗ)ဂျော့(ဘ)(စ)၏ ချစ်ခြင်းအားဖြင့် (ဒေါက်တာအောင်ကြီး)

Apple ကွန်ပျူတာဖခင် စတိ (ဗ) ဂျော့(ဘ)(စ)မှာ မွေးကတည်းက စွန့်ပစ်ခံရသူ။ မိခင်ဂျူံးက ဂျာမန်နွယ်ဖွား။ အမေတို့အမျိုးက စည်းကြီးကမ်းကြီးရှိလှသည့် ဗရင်ဂျီဘာသာဝင်တွေ။ ဒီလို အသိုင်းအဝိုင်းထဲက သူ့အမေက ဆီးရီးယားနိုင်ငံသား မွတ်စလင်တစ်ဦးနှင့် ချစ်ကြိုး သွယ်သည်။ သူနာမည်က အဗ္ဗဒူ(လ) ဖာတာဂျွန်ဂျန်ဒါလီ။ သူ့တို့ဖက်ကလည်း ဆွေကြီးမျိုးကြီးတွေ။ ဘေရွတ်ရှိ အမေရိကန် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီး အမေရိကန်နိုင်ငံ ၀စ္စကွန်ဆင် တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပါရဂူတန်း တက်နေသူ။ ဂျော့(ဘ)(စ)ကို ကိုယ်ဝန် လွယ်ရချိန်မှာ အမေရော အဖေပါ ၂၃ နှစ် အရွယ်သာ ရှိသေးသည်။ ကိုယ်ဝန်ရှိနေသည့်တိုင် သူတို့နှစ်ဦး၏ ရှေ့ရေးက မရေရာ။ တရားဝင်လက်ထပ်ဖို့က မဖြစ်နိုင်။ အမေ့အဖေက အိပ်ရာထဲမှာ သေမင်းကို စောင့်စားနေရချိန်။ ဂျန်ဒါလီနှင့် လက်ထပ်က သမီးကို အမွေဖြတ်မည်ဟု အဖိုးကြီးက ခြိမ်းခြောက်ထားလေသေးသည်။
ကိုယ်ဝန်ဖျက်ချဖို့ဆိုတာကလည်း သူတို့လို ဗရင်ဂျီ အသိုင်းအဝိုင်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုမှ မဖြစ်နိုင်။ ဂျူံးတစ်ယောက် ကယ်သူရှာတော့ ဆန်ဖရန်စစ္စကိုရှိ ဆရာဝန်ကြီးတစ်ဦးကို တွေ့သည်။ ဆရာဝန်ကြီးက တစ်ကိုယ် တော်မိခင်များ ကလေးမွေးဖွားရေးမှာ ကူညီသည့်အပြင် ကလေးတွေအတွက် မွေးစားမိခင် ဖခင် ရှာပေးရေးကိုလည်း သိုသိုသိပ်သိပ် ဆောင်ရွက်ပေးတတ်လေသေးသည်။ ဂျူံးက တစ်ခုပဲ တောင်းဆိုရှာပါသည်။ ''သူ့ကလေးရဲ့ မိဘတွေဟာ ကောလိပ်ဘွဲ့ရဖြစ်ရမယ်''။ ဆရာဝန်ကြီး က ကလေးကို ရှေ့နေတစ်ဦးထံမှာ မွေးစားစေဖို့ စီစဉ်ထားသည်။
၁၉၅၅ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဂျော့(ဘ)(စ)ကို မွေးတော့ မွေးစားမိဘတွေက ယောကျ်ားလေး မလိုချင်၊ သမီးလေးသာ လိုချင်သည်ပြော၍ နောက်ဆုတ်သွားသည်။ သို့မို့ကြောင့် ဂျော့(ဘ)(စ)ခမျာ ရှေ့နေတစ်ဦး၏ သားဖြစ်လာရမည့်အစား အထက်တန်းကျောင်းပင်မပြီးခဲ့သော စက်တွေချစ်တတ်သော အဖေနှင့် ဘဝကို ဒေါင်လိုက်ပြားလိုက်နေတတ်သူ စာရင်းကိုင်အမေတို့ထံ ကြီးပြင်းလာရသည်။ ဂျူံးက အထက်တန်းကျောင်းပင် မပြီးခဲ့သည့် ဇနီးမောင်နှံလက်ထဲ သူ့မျက်ရွဲလေးကိုထည့်ဖို့ ငြင်းဆန်သေးသည်။ သားလေး မွေးစားမိဘ လက်ထဲ ရောက်နေသည့်တိုင် သူလက်မှတ်ထိုးမပေးဘဲ တင်းခံနေလေသည်။ နောက်ဆုံးကျတော့ မွေးစားမိဘထံမှ ခံဝန်ချက်တစ်ခုရ အောင်တောင်းပြီး သူသဘောတူလိုက်သည်။ တောင်းဆိုချက်က - ကလေး၏ ကောလိပ်ပညာရေးအတွက် ငွေစုစာအုပ် ဖွင့်ထားပေးဖို့။ ဂျူံးဖခင် မကြာမီ ကွယ်လွန်သည်။ ထိုနှစ်ခရစ်(စ)မတ်(စ)အပြီးမှာ ဂျူံးနှင့်ဂျန်ဒါလီ လက်ထပ်သည်။ ဂျန်ဒါ လီနိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ရသည်။ သမီးကလေးတစ်ဦး တိုးပွားလာသည်။ မိုနာ။ ၁၉၆၂ မှာ ဂျူံးနှင့် ဂျန်ဒါလီ လမ်းခွဲသည်။ ဂျူံးတစ်ယောက် အိပ်မက်ကမ္ဘာထဲ ခရီးလှည့်သည်။ ၀င်္ကပါခရီး။ သည်အကြောင်းတွေကို တစ်ရက်မှာ ကမ္ဘာကျော် ၀တ္ထုရေးဆရာမဖြစ်လာသည့် သမီးမိုနာက သူ့စာအုပ် ''ဒီနေရာကလွဲလို့ ရောက်ရာပေါက်ရာ''မှာ မှတ်တမ်းတင်သည်။ သားနှင့် မိခင်ပြန်တွေ့ဖို့က နောင်အနှစ်(၃၀)ကျော် စောင့်ရသည်။
(၂)
သူမွေးစားသားဖြစ်မှန်း ဂျော့ (ဘ)(စ) ငယ်စဉ်ကတည်းက သိသည်။ ဒီကိစ္စမှာ သူ့မိဘတွေက ပွင့်လင်းမြင်သာသည်။ တစ်ရက်သူ ၆ နှစ် ရ နှစ်သားအရွယ် အိမ်ရှေ့မြက်ခင်းပေါ်ထိုင်ရင်း သူငယ်ချင်း မိန်းကလေးကို ဒီအကြောင်း ဖွင့်ပြောလိုက်တော့ ကလေးမလေးက ''ဒါဆိုရင် နင့်မိဘအရင်းတွေက နင့်ကို မလိုချင်လို့ပေါ့'' ဟု မှတ်ချက်ချလိုက်သည်။
''ကျွန်တော့်ခေါင်း မိုးကြိုးဟက်ထက် ခွဲခံလိုက်ရသလိုပဲဗျာ''ဟု သူ ရင်ဖွင့်သည်။
''ကျွန်တော်ငိုပြီး အိမ်ကိုပြေးသွားတယ်။ အဖေနဲ့အမေက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး သားလေး - မင်းသိဖို့က ငါတို့က မင်းကို သေသေချာချာ ရွေးချယ်ခဲ့တာကွလို့ တစ်လုံးချင်းပြောတယ်။ ထပ်တလဲလဲ ပြောတယ်။ လေးလေးနက်နက် ပြောတယ်။ ဟုတ်တယ် ..... ငါဟာ အစွန့်ခံ။ ငါဟာ အရွေးချယ်ခံ။ တော်ကောက်ခံ။ ငါဟာ အထူးအမွန်။''
ဂျော့(ဘ)(စ)က ကျောင်းမနေခင်ကတည်းက အမေသင်ပေးထားလို့ စာကောင်းကောင်း ဖတ်တတ်နေပြီ။ ကျောင်းက သူ့အတွက် ပျင်းစရာ။ ငြီးငွေ့စရာ။ ဒါကြောင့် ကျောင်းမှာ လျှောက်ကမြင်းရာက 'ဆိုးပေ' နာမည် ရလာ သည်။ သူ့အဓိကပြဿနာက အာဏာပိုင်အဖွဲ့အစည်း တစ်ခုခု၏ သြဇာကို မနာခံလိုခြင်း။ တတိယတန်း မပြီးခင်မှာပင် ကျောင်းမှ သုံးကြိမ်အနှင်ခံရပြီးပြီ။ သူ့ဖခင်ပေါ(လ)ဂျော့(ဘ) (စ)က သူ့သား၏ ''ထူးခြားဖြစ်စဉ်''ကို လက်ခံသည်။ ကျောင်းကလည်း သားကို သူ့လို လက်ခံ ဆက်ဆံ စေချင်သည်။ သူ့အဖေက ကျောင်းကိုလိုက်သွားပြီး ဆရာဆရာမတွေကို 'ဒီမှာဗျ။ ဒါသူ့အပြစ် မဟုတ်ဘူး။ သူစိတ်ဝင်တစားရှိအောင် လုပ်မပေးနိုင်တာကို က ခင်ဗျားတို့ရဲ့ ညံ့ဖျင်းမှုပဲ''ဟု ပြောသည်။ ကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေနှင့် ပတ်သက်ပြီး သူ့မိဘတွေက သူ့ကို တစ်ရံခါမှ အပြစ်မပေးဘူး။ လေးတန်းတက်ရတော့ သူချစ်မြတ် လေးစားသည့် ဆရာမကြီးတစ်ဦးနှင့် ဆုံရသည်။ အင်မိုဂျင်းဟီး(လ)။
''ကျွန်တော့်ဘဝရဲ့ သူတော်စင်တစ်ဦးပါပဲဗျာ''ဟု ဂျော့(ဘ)(စ)က ရင်ဖွင့်ဖူးသည်။ သူကျောင်းဆင်းချိန်တစ်ရက်မှာ ဆရာမက သူ့ကို သချင်္ာစာအုပ် တစ်အုပ်ပေးပြီး အိမ်မှာ တွက်ခဲ့ဖို့ပြောသည်။ ဆရာမ ဘာကြောင်တာလဲ ဟု သူတွေးနေခိုက် ဆရာမက ရေခဲမုန့် အကြီးကြီးတစ်ခု ထုတ်ပြပြီး - ''မင်းအဲဒီစာတွေပြီးရင် အဖြေမှန်ရင် မင်းကို ဆုချမယ်။ ပိုက်ဆံ ၅ ဒေါ်လာလည်း ပေးဦးမှာ''ဟု ပြောသည်။ ''ကျွန်တော်ကလည်း စိန်လိုက်ပေါ့။ နှစ်ရက်အတွင်း ပုစ္ဆာတွေအားလုံး ပြီးသွားတယ်''။ ''အချိန်နည်းနည်းကြာလာတော့ ကျွန်တော်ဆရာမဆီက မုန့်နဲ့ပိုက်ဆ ံမမျှော်တော့ဘူး။ ကျွန်တော်သိချင်လို့ တတ်ချင်လို့ကို ကျောင်းစာလုပ်တော့တာ။ ဆရာမ သဘောကျစေချင်တာလည်း ပါတယ်'' ။ ဆရာမက သူ့ကို မှန်ဘီလူး သွေးဖို့၊ ကင်မရာလုပ်ဖို့ ပစ္စည်းတွေ ၀ယ်ပေးသည်။
''ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက် အများကြီးပိုပါတယ်။ ဆရာမကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင် ရောက်ခဲ့မှာ'' ဟု ဂျော့(ဘ)(စ) ပြန်ပြောင်း သတိရတတ်သည်။ ဆရာတပည့် မေတ္တာပြန်လှန် စီဆင်းပုံက။
'ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက် အများကြီးပိုပါတယ်။ ဆရာမကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင်ရောက်ခဲ့မှာ'ဟု ဂျော့(ဘ)(စ) ပြန်ပြောင်းသတိရတတ်သည်။ ဆရာတပည့် မေတ္တာပြန်လှန်စီဆင်းပုံက ...
(၃)
ဂျော့(ဘ)(စ)က သူ့မွေးစားဖခင်ကို အလွန်ချစ်သည်။ ဖခင်က ကမ်းခြေစောင့်တပ်ထွက်။ အထက်တန်းကျောင်း မပြီးသော်လည်း စက်ကိရိယာ နှိုက်ချွတ်ပြင်ဆင်ရာ၌ ကျွမ်းကျင်သူ။ သူက ကားဝယ်ရောင်း။ မရောင်းခင်ကားကို ပြင်ဆင်မွမ်းမံအရောင်တင်။ ကားဒီဇိုင်း အသေးစိတ်ကို စိတ်ဝင်စားသည်။ သူကားရုံထဲ အလုပ်လုပ်ရင် ဂျော့(ဘ) (စ)က အဖေနောက် တကောက်ကောက်။ ''ကားပြင်ရတာကို ၀ါသနာပါလှလို့ မဟုတ်ပါဘူး။ အဖေ့နား နေချင်လို့ပါ''တဲ့။ ဖခင်ကြောင့် သူအီလက်ထရွန်နစ်ပစ္စည်းတွေနှင့် စတင်ထိ တွေ့ရသည်။ အဖေက သွေးအေးသလောက် သိမ်မွေ့သည်။ သူတို့နေထိုင်ရာက နောင် ''ဆီလီကွန်တောင်ကြား'' ဖြစ်လာမည့်နေရာ။ အိမ်နီးချင်း တွေက အင်ဂျင်နီယာတွေ။ ဒီအထဲက လာရီလင်းက ဂျော့(ဘ)(စ)အတွက် စံပြုပုဂ္ဂိုလ်။ အီလက်ထရွန်နစ် ဘိုးအေကြီး။ တစ်ရက်မှာသူက ကာဘွန်မိုက်ခရိုဖုန်းရယ်၊ ဘက်ထရီရယ်၊ စပီကာရယ်ယူလာပြီး သူ့အိမ်အဝင်လမ်းမှာ ဆင်းသည်။
''သူက ကျွန်တော့်ကို ကာဘွန်မိုက်ခရိုဖုန်းထဲ အော်ပြောခိုင်းလိုက်တော့ စပီကာကအသံတွေ ဟိန်းထွက်လာတယ်။ အဖေက မိုက်ခရိုဖုန်းတွေဟာ အီလက်ထရွန်နစ် အသံချဲ့စက် အမြဲလိုတယ်လို့ ကျွန်တော့်ကို သင်ထားတာ။(ခုဟာက အသံချဲ့စက်မပါဘဲ အသံက ဟိန်းနေတာ) ဒါနဲ့ ကျွန်တော်အိမ်ပြန်ပြေးပြီး အဖေ့ကိုပြောပြရတာပေါ့။ အဖေသင်ထားတာ မှားနေပြီဗျလို့။ အဖေက မင့်ဟာ မဖြစ်နိုင်ပါဘူး။ မိုက်ခရိုဖုန်းဟာ အသံချဲ့စက်လိုတာချည်းပဲကွလို့ ပြောတုန်း။ကျွန်တော်က မလိုကြောင်း ထပ်ခါတလဲလဲပြောပြီး အဖေ့ကို အတင်းဆွဲခေါ်သွားတယ်။ အသံချဲ့စက်မလိုတဲ့ မိုက်ခရိုဖုန်းကို တွေ့လိုက်ရတော့ အဖေ ထခုန်မတတ်ပဲ။'' ဂျော့(ဘ)(စ)က ဒီအဖြစ်အပျက်ကို ရှင်းရှင်းကြီး မှတ်မိနေသည်။ သူ့အဖေဟာ လုံးစုံကိစ္စ သိဖွယ်ရာ မှန်သမျှ တတ်သိနှံ့စပ်သူဟု သူက မြင်ထားရှာတာ။ သူ့အဖေ ဒီလိုမဟုတ်ကြောင်း သူပထမဆုံးအကြိမ် သိလိုက်ရသည်။ ဒါ့ထက် ပိုစိတ်မကောင်းစရာက သူက သူ့မိဘတွေ ထက် တတ်သိနေတာ၊ ပိုတော်နေတာ၊ ရှေ့ရောက်နေတာ။ တကယ်တော့ အဖေက စက်တစ်ခုကို ကြည့်လိုက်ရုံနှင့် စက်အတွင်းပိုင်း အလုပ်လုပ်ပုံကို မှန်းဆ သိနိုင်သည့်လူ။ အလုပ်ကို စနစ်တကျ သပ်သပ်ရပ်ရပ် လုပ်တတ်သူ။ မိဘနှစ်ပါးထက် သူကတော်နေ တတ်နေတာ သိလိုက်ရတော့ သူ ရှော့(ခ)ရသလို ဖြစ်ရတဲ့ကြားထဲ ဒီလိုအတွေးမျိုးဝင်လာတာကိုလည်း ကြီးစွာ အရှက်ရမိသတဲ့။ ပြင်းစွာခံစားရသတဲ့။ ဒီအချိန်ကို သူဘယ်လိုမှ မေ့လို့ မရတော့ပါတဲ့။ မွေးစားသားဖြစ်လို့ သီးသန့် ခံစားမှုရနေသည့်အပြင် ယခုလိုခံစားသိမြင်မှုက သူ့ကို သူ့မိဘ၊ သူ့ပတ်ဝန်းကျင်လောကနှင့် ပိုလို့ပိုလို့ တသီးတသန့် ကွဲပြားခြားနားစေခဲ့သတဲ့။
ဂျော့(ဘ)(စ) နောက်ထပ် ရှော့ (ခ)ရစရာတစ်ကွက် ကျန်သေးသည်။ သူထူးခြား ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မိဘတွေထက် မိုင်ပေါင်းများစွာ ရှေ့ရောက်နေကြောင်းသိတာ သူတစ်ဦးတည်း မဟုတ်ရလေတဲ့။ သူ့မိဘနှစ်ပါးလုံး ဒီအကြောင်း ကောင်းကောင်း သိပြီးဖြစ်သတဲ့။ သူ့ကို သိပ်ချစ်တဲ့ မိဘတွေ။ ၀မ်းနှင့် လွယ်မမွေးရသော်လည်း။ သူတို့က သိပ်တော်လှတဲ့ ဒီသားအတွက် သူတို့ဘဝတွေကို ဒီနေရာပြန်ချဖို့ ၀န်မလေးသူတွေ။ ပြန့်ကျယ်နေရာ ယူလာတဲ့ သားဘဝကို နေရာပေးဖို့အတွက် သူတို့နေရာတွေ ပြင်ထိုင်ဖို့ ဦးမလေးသူတွေ။ သားကို ကောင်းကောင်းကျွေးဖို့။ ကျောင်းကောင်းကောင်းထားဖို့။ ကာကွယ်စောင့်ရှောက်ဖို့။ သူလေးတန်း စာမေးပွဲမှာရသည့် အမှတ်တွေက မြင့်လွန်းလှတော့ ကျောင်းကသူ့ကို နောင်နှစ်ငါးတန်းတက်ရမည့်အစား ၂ တန်းခုန်ကျော်ပြီး ရ တန်း တက်ပေးဖို့ စီစဉ်သည်။ သို့ပေတဲ့ သူ့မိဘတွေက အတန်းတစ်တန်းပဲ ခုန်ကျော်ခွင့်ပြုပြီး ၆ တန်းမှာထားဖို့ သဘောတူလိုက်သည်။ ဒီလိုချစ်ခင်သလောက် အမြော်အမြင်ကြီးလှသည့် မိဘတွေ။ မိဘနှင့်သားအကြား မေတ္တာကူးလူး ဖြတ်သန်းမှု။
(၄)
၁၉၈၆ ခုနှစ် ဂျော့(ဘ)(စ) အသက် ၃၁ နှစ်။ မွေးစားမိခင်ကလာရာ အဆုတ်ကင်ဆာဖြစ်သည်။ နှစ်ရှည်လများ ဆေးလိပ်စွဲသောက်ခဲ့သည့် လက္ခဏာ။ ဂျော့(ဘ)(စ) မိခင်ဘေးနေပြီး အတိတ်က အကြောင်းတွေ မေးသည်။ သူတစ်သက်လုံး မမေးခဲ့တာတွေကို စပ်စပ်စုစု မေးသည်။ အတိတ်ရာဇဝင် တူးဆွခြင်း။ အဖေနှင့် လက်မထပ်မီ သူ့အမေ အိမ်ထောင်တစ်ဆက်ရှိသေးကြောင်း သိလာရသည်။ သူ့ကို မွေးစားခဲ့ပုံကိုလည်း အသေးစိတ် ပြောပြသည်။ သူအမေအရင်းကို တွေ့လိုစိတ် ၀င်လာသည်။ တကယ်တော့အမေအရင်းကို ရှာဖွေထောက်လှမ်းဖို့ ၁၉၈၀ ပြည့်နှစ်ကတည်းက စုံထောက်တစ်ဦး ငှားရမ်းခဲ့ဖူးသည်။ အလုပ်မဖြစ်။ မွေးလက်မှတ်မှာပါသည့် ဆန်ဖရန်စစ္စကိုက ဆရာဝန်ကြီးကို ဖုန်းစာအုပ်ထဲရှာပြီး ဖုန်းဆက်ကြည့်သည်။ မှတ်တမ်းတွေ အားလုံး မီးထဲပါသွားကြောင်း အကြောင်းပြန်သည်။ တကယ်တော့ မဟုတ်။ ဂျော့(ဘ)(စ)ဆီက ဖုန်းရပြီးနောက် ဆရာဝန်ကြီးက စာတစ်စောင်ရေးပြီး စာအိတ်ထဲထည့်၊ ချိတ်ပိတ်ပြီး စာအိတ်ပေါ်မှာ သူသေရင် ဂျော့(ဘ)(စ)လက်ထဲထည့်ဖို့ ရေးထားလိုက်သည်။
သိပ်မကြာမီ ဆရာဝန်ကြီးဆုံးတော့ ဒီစာ သူ့လက်ထဲ ရောက်လာသည်။ သူ့အမေရင်းကို သိရပြီ။ အခြား စုံထောက်တစ်ဦး၏ ကြိုးပမ်းမှုကြောင့် သူ့အမေရင်းနှင့် နှမငယ်ကို ခြေရာခံမိသည်။ သို့သော် အမေရှာပုံတော်ဖွင့်တာကို သူ့မွေးစားမိခင် မသိစေချင်။ သူ့မိခင် စိတ်ထိခိုက်သွားမှာကို သူမလိုလား။ ကြောင့်ကြ ပူပန်သည်။ အမေဆုံးတော့မှ အမေရင်းကို သူစတင်ဆက်သွယ်သည်။ အဖေ့ကို ဖွင့်ပြောတော့ အဖေက ကြည်ကြည်သာသာပဲ ခွင့်ပြုပါသည်။
''အမေ့ကို တွေ့ချင်တာက သိချင်စိတ်သက်သက်နဲ့ပါ။ ကျွန်တော်ကလူတစ်ဦးရဲ့ အောင်မြင်မှုဟာ မျိုးရိုးဗီဇထက် ပတ်ဝန်းကျင်ပေါ်မူတည်တယ်လို့ ထင်တယ်။ ဒါပေမဲ့ကိုယ့်ရဲ့ ဗီဇမျိုးရိုးအကြောင်းလည်း အထိုက်အလျောက် သိသင့်တာပေါ့''။ သူ့အမေ လုပ်ခဲ့တာတွေ မှန်ကြောင်း ပြောပြနှစ်သိမ့်ချင်သတဲ့။ သူကိုယ်ဝန်ဖျက်မချခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြောချင်သတဲ့။ အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး တရားမဝင် ကိုယ်ဝန်လွယ်ခဲ့ရတာ ဖြတ်သန်းခဲ့ရတာ မလွယ်လှကြောင်း သူရိပ်စားမိပါသတဲ့။ အမေက တောင်းပန်စကားတွေ၊ ရှင်းလင်းချက်တွေ တစ်ပုံကြီးပေးသည်။ ဂျော့(ဘ)(စ)က သူနားလည်နိုင်ကြောင်း အထပ်ထပ် ပြန်ပြောရသည်။ နှစ်သိမ့်ရသည်။ သူ့နှမနှင့် တွေ့ရတာကလည်း စိတ်လှုပ်ရှားစရာ။ သာမန်နှမတွေထက်ပိုတာက သူနှင့်အလွန်တူခြင်း၊ အနုပညာ စွဲမက်တာရော၊ ပတ်ဝန်းကျင် မြင်မြင်သမျှကို သိမြင်ခံစားတတ်တာရော၊ ခံစားလွယ်တာရော၊ ခေါင်းမာတာရော၊ ပိသုကာလက်ရာတွေကို အနုစိပ် ခံစားခွဲဖြာတတ်တာရော။
''ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးသိလာရတော့ တကယ့် မိတ်ဆွေရင်းခြာ ဖြစ်သွားတယ်။ သူဟာ ကျွန်တော့်မိသားစုပဲ။ သူမရှိရင် ကျွန်တော် ဘယ်လိုနေရမှန်းတောင် မသိတော့ဖူး။ ဒီထက်ကောင်းတဲ့ နှမတွေးလို့ကို မရဖူး.....။'' မိခင် ဖခင်နှင့်မောင်နှ မရင်းခြာကြားယှက်နွယ်နေသည့် မေတ္တာပုံရိပ်
(၅)
''ကျွန်တော်ကင်ဆာဖြစ်နေပြီလို့ သိလိုက်ရတော့ ..... ဘုရားသခင် ဒါမှမဟုတ် တစ်ဦးဦးကို ပေါ့လေ။ တိုင်တည် အသိပေးလိုက်တယ်။ ကျွန်တော့်သား အထက်တန်းကျောင်းက ဘွဲ့ရတာကို ကျွန်တော် တကယ်မြင်ချင်တယ်လို့''။
၂၀၀၃ အောက်တိုဘာမှာ သူပင်ခရိယကင်ဆာရှိမှန်း သိလိုက်ရသည်။ ၂၀၀၉ မှာ သူအသည်းအသန်ဖြစ်တော့ သူ့သား နောက်တစ်နှစ်မှာ ဘွဲ့ယူရဦးမှာဟု အားတင်းပြီး ရောဂါဝေဒနာကို သည်းခံကျော်လွန်ခဲ့ရသတဲ့။ သားကြီးရိ(‘) အရွယ်ရောက်လာတော့ သူ့အဖေ ၁၈ နှစ် သားအရွယ် ပုံပေါက်လာသည်။ ကြီးလေတူလာလေ။ တတ်သိပြီးပုန် ကန်မှုံဆန်တဲ့ အပြုံးနဲ့။ မျက်စိစူးစူးနဲ့။ ဆံပင်မည်းမည်းထူထူနဲ့။ ဒီအထဲ သူ့အမေဆီက ချိုသာမှုနှင့် သူတစ်ပါးအပေါ် စာနာသိတတ်မှုကို အမွေရလိုက်သေးသည်။ ဒါတွေက သူ့အဖေမှာ ရှာမရသည့် အရည်အသွေးတွေ။ သူ့အဖေကို မြတ်နိုးကိုးကွယ်သည်။ သူ့အဖေဟာ ငွေရေးကြေးရေး အကျိုးအမြတ် တစ်ခုတည်းကြည့်သည့် သွေးအေးအေး စီးပွားရေးသမားတစ်ဦး မဟုတ်ရကြောင်း၊ သူ့အလုပ်ကို ချစ်လို့လုပ်သူဖြစ်ကြောင်း၊ သူဖန်တီး ထုတ်လုပ်သမျှ ပစ္စည်းတွေအပေါ် ဂုဏ်ယူဝင့်ထည်လိုသူဖြစ်ကြောင်း ပြောတတ်သည်။
သူ့အဖေ ကင်ဆာရောဂါဖြစ်ကြောင်း သိလိုက်ရတော့ ရိ(‘)က စတင်းဖို့(‘) ကင်ဆာရောဂါကုဌာနမှာ နွေရာသီကျောင်းပိတ်ရက်အတွင်း ကင်ဆာသုတေသနလုပ်ငန်းမှာ ၀င်ကူရင်း လေ့လာသည်။
''ကျွန်တော်ကင်ဆာဖြစ်တော့ အမြတ်ထွက်တာတစ်ခုက ရိ(‘)တစ်ယောက် တကယ်တော်တဲ့ ဆရာဝန်တွေနဲ့ တွဲလုပ်ခွင့်ရတာပါပဲ။ ကင်ဆာသုတေသနာမှာ သူစူးနစ်နေပုံက ကျွန်တော်သူ့အရွယ်မှာ ကွန်ပျူတာ ရူးသွပ်ခဲ့ပုံမျိုးဗျ''ဟု ဂျော့(ဘ)(စ)က သူ့သားအတွက် ဂုဏ်ယူသည်။ ရိ(‘) က သူကြီးလာရင် ကင်ဆာသုတေသီ လုပ်မည်ဟု ပြောသည်။ ''ကျွန်တော် စိတ်ကူးယဉ်ကြည့်တာပေါ့ဗျာ။ ရိ(‘)က ဒီနားမှာ အိမ်တစ်လုံးဝယ်၊ သူ့မိသားစုနဲ့နေ။ ဒီကနေ စတင်းဖို့ (‘)ကို စက်ဘီးနဲ့ ရုံးသွား ရုံးပြန်လုပ်''ဟု ဂျော့(ဘ)(စ)က သူ့သားအနာဂတ်ကို စိတ်ကူးပုံဖော်သည်။
ချစ်ခြင်းမေတ္တာက အဖိုးအဖွားထံမှ မိဘများထံ စီးဆင်းပါသည်။ မိဘများထံမှ သားသမီး ညီအကိုမောင်နှမများထံ ဆက်စီးဆင်းပါသည်။ သားသမီးမြေးမြစ်များထံမှလည်း မိဘဘိုးဘွားများထံ ပြန်လှန်စီးဆင်း တတ်ပါသေးသည်။ ဘယ်လိုစီးဆင်း စီးဆင်း၊ ဘယ်လမ်းကြောင်း ရောက်ရောက်၊ ဘယ်လမ်းမြှောင်ဝင်ဝင်၊ ချစ်ခြင်းမေတ္တာ၏ ကောက်ကြောင်းကတော့ လှပခမ်းနား ပြည့်စုံဝင်းပမြဲဖြစ်ပါသည်။
စာညွှန်း။ ။ (Steve Jobs by Walter Isaacson, 2011)
စာပြီးရက် ရ-၃-၂၀၁၂
source: EMG

ညနေခင်းမှုန်ရီဝေမှာ (ဒေါက်တာအောင်ကြီး)
ညနေခင်းမှုန်ရီဝေမှာ (ဒေါက်တာအောင်ကြီး)
''ဒီအချိန်ရောက်လာရင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ် ဘယ်လိုပင်ကြိတ်မျို စိတ်ကိုက အူလည်လည်...'' ကျွန်တော်တို့ ငယ်စဉ်ကြားခဲ့ရတဲ့ မင်းသားကြီးဝင်းဦးရဲ့ တေးတစ်စပါ။ ကျွန်တော်တို့တတွေ နိုင်ငံရပ်ခြားမှာ ကာလအတန်ကြာနေခဲ့စဉ်တုန်းက တစ်နေ့တာလုံးမှာ ကျွန်တော်တို့ အကြောက်ဆုံးအချိန်က ညချမ်းရယ် နေချိန်တွေပါပဲ။ နံနက် အိပ်ရာထကတည်းက အလုပ်ထဲ ဇောနဲ့ နှစ်မြှုပ်နပမ်းလုံးလိုက်တာ ညနေတော်တော်စောင်းတဲ့အထိပေါ့။ အလုပ်ပြီးချိန် အစောဆုံးက ညနေ ၅ နာရီကျော်ကျော်။ တစ်ခါတရံ ၆နာရီထိ စွန်းသွားတတ်သေး။ ဆောင်းကာလဆိုရင် အဲဒီအချိန်တော်တော် မှောင်နေပြီ။ ကျွန်တော်က ဆရာနဲ့အတူ လူနာလိုက်ကြည့်တုန်းတန်းလန်း အပြင်ဘက်လှမ်းကြည့်လိုက်ရင် ညနေခင်းက ခဲပုပ်ရောင်ထနေပြီ။ ကိုယ်နေတဲ့သိုက်မြုံ ဘယ်အချိန်ပြန်ရောက်ရောက် ပြဿနာသိပ်မရှိလှပါဘူး။ ညနေခင်းတစ်ခင်းလုံးအား နေ မင့်ဟာ။ မြန်မာပြည်မှာဆိုရင်တော့ အဲဒီအချိန်က လူနာတွေနဲ့ တဝုန်းဝုန်း ချွေးသံတလုံးလုံးနဲ့ ယိမ်းက နေရတဲ့အချိန်ပေါ့။ ဟိုမှာက ညနေခင်းကို ဘယ်လိုကျော်ဖြတ်ရမလဲ စဉ်းစားနေရတာကိုက ပြဿနာ။
နိုင်ငံရပ်ခြားမှာ ငိုချင်းချကြတာကလည်း ပုံစံအမျိုးမျိုး။ အလွမ်းဖြေကြတာကလည်း ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ပုံစံနဲ့။ ညနေခင်း အားအားနေတော့ လွမ်းလို့ကောင်းလှပေါ့။ ဆရာတစ်ဦးက သူ့အိမ်သူသက်ထားဆီ တစ်ရက်စာတစ်စောင် မှန်မှန်ရေးသတဲ့။ ဆရာတစ်ဦးကတော့ တစ်ပတ်စာတစ်စောင်။ ဆရာတစ်ဦးကတော့ တစ်လလုံးလုံးမှ စာတစ်စောင်။ အဲဒီခေတ်က သဘောင်္နဲ့ ဘိလပ်သွားကြရတဲ့ခေတ်။ စာက လမ်းမှာတင် တော်တော်ကြာတယ်။ ဆရာသမားတွေရဲ့စာကို ဒီကအိမ်သူ သက်လျာတွေ ဖတ်ရချိန်မှာ သူတို့ရဲ့ အလွမ်းတွေက ပုပ်သိုးလို့နေပေါ့။ သို့သော်လည်းပေါ့လေ...ပုပ်သိုးကာမှနေရော့... ရေးရမှာက ကိုယ့်တာဝန်။ ဒါမှ ညနေခင်းအချိန်ကုန်မှာ။ နှစ်ဦးသောဆရာသမားကတော့ တစ်ဦးနဲ့တစ်ဦးတွေ့တိုင်း ယောကျ်ားကြီး တန်မဲ့ ဖက်ဖက်ပြီး ငိုပွဲဆင်ကြလေသတဲ့။ အဲဒီထဲက ဆရာတစ်ဦးဟာ ဘိလပ်ရောက်ပြီးမကြာခင်ကာလမှာပဲ မြန်မာပြည်ကို ပြန်ပြေးလာသတဲ့။ အမိမြေရဲ့ခေါ်သံလေလား။ သက်ထားရဲ့ခေါ်သံလေလား။ အိမ်ကို နေ့စဉ်စာရေးတဲ့ တစ်ပတ်တစ်ကြိမ်စာရေးတဲ့ ဆရာကြီးနှစ်ပါးကတော့ ဟိုက ဒုက္ခသုက္ခတွေကို အောင့်အီး သည်းခံပြီးသကာလ ဘွဲ့တွေရ၊ အမိ မြေပြန်လာခဲ့။ မိသားစုပေါင်းစည်း ဇာတ်လမ်းပြီးလေသတည်းဖြစ်ရမှာ။ ဇာတ်သိမ်းက သည်လောက်မရိုးစင်းချေတကား။ အနှီဆရာကြီးနှစ်ဦးစလုံး မမောမပန်း အိမ်ထောင်သစ်တွေ ဆက်ဆက်ထူကြလေသတည်းတဲ့ဗျ။
အလွမ်းတွေစုဆောင်းထားတာများလွန်လွန်းလို့ လျံကျသွားလေသလားမသိ။ တစ်လမှတစ်ခါ တစ်ခါတစ်ရံ နှစ်လသုံးလမှတစ်ခါ အိမ်က သက်လျာကို စာရေးတတ်တဲ့ ဆရာကြီးက ''ကျွန်တော်ကတော့ မူလပထ မလက်ဟောင်းဇနီးကောင်းနဲ့ ပေါင်းသင်းလျက်ပါ''လို့ ဆိုရှာသဗျ။ ၀မ်းမြောက်ဝမ်းသာပြောတာလား။ ၀မ်းနည်းပမ်းနည်းပြောတာလား။ ကျွန်တော့်ဉာဏ်ပိစိကွေးနဲ့ ထောက်မမီပေဖူး။
ကျွန်တော်ကကော ဒီလိုဝေဝေ ရီရီညနေခင်းတွေကို ဘယ်လိုဖြတ်သန်းခဲ့သလဲ။ အလုပ်ကပြန်လာပြီး အခန်းပြန်ရောက်ရောက်ချင်း ကျွန်တော်ကမန်းကတန်း အဝတ်အစားလဲ၊ လမ်းလျောက်ဖိနပ်စွပ်ပြီး လမ်းထွက်လျောက်တော့တာ။ ကျွန်တော် လျှောက်လေ့ရှိတဲ့နေရာက မြို့ထဲဖက်မဟုတ်ဖူး။ မြို့စွန်တစ်ဝိုက်မှာ သူတို့စောင့်ရှောက်မွေးမြူထားတဲ့ တောအုပ်တွေရှိတယ်။ တချို့တော အုပ်တွေက ခပ်ကြီးကြီး ခပ်ထူထူ။ တချို့တောအုပ်တွေက ခပ်သေးသေး ခပ်ပါးပါး။ အဲဒီတောအုပ်တွေဖက် သွားလျှောက်တာ။ တစ်ခါတရံအဖိုး ကြီးအဖွားကြီးတွေ ခွေးဆွဲပြီးလမ်းလျှောက်ထွက်ကြတာ တွေ့ရတတ်တယ်။ တစ်ခါတရံ အပြေးလမ်း လျှောက်လုပ်နေကြတာ။ တောလမ်းလေးတွေက ကားလမ်းနဲ့မနီးမဝေး အပြိုင်ယှဉ်သွားနေတော့ လိုအပ်ရင် လမ်းပေါ်တက်ပြီး အကူအညီတောင်းလိုက်ရုံ။ အင်္ဂလိပ်တွေက သစ်ပင် သိပ်ချစ်တဲ့သူတွေ။ တောအုပ်တွေက လူရဲ့ချင်ခင်မှုနဲ့ကြီးပြင်းရတော့ တော်တော်ဖွံ့ဖွံ့ဖြိုးဖြိုးရှိတယ်။ တချို့သစ်ပင်ကြီးတွေက အမြင့်ကြီး။ တချို့နေရာတွေမှာ တောအုပ်က သိပ်သည်းလွန်းလှသမို့ နေရောင်ရော အလင်းရောင်ရော ကောင်းကောင်းမမြင်ရဖူး။ တစ်ခါတရံ တိတ်ဆိတ်ခြောက်ကပ်လို့။ တကယ်တော့ကြီးမျက်မည်း။ လမ်းမှာ တောင်ကုန်းလေးတွေတွေ့ရင် ကျွန်တော်တက်ပြီး ၀န်းကျင်တဝိုက် ဖြန့်ကျက်ကြည့်ဖြစ်တယ်။ Climb every mountain လို့ ဆိုသကိုး။ စိမ်းစိုသာမော လွင်ပြင်တောကြီးတွေ။ တစ်ခါတရံ မြူဇာပါးပါးလွှမ်းခြုံလို့။ လမ်းလျောက်ကအပြန် အခန်းပြန်ရောက်၊ ရေချိုး၊ ထမင်းစား၊ ပြီးရင် နားပေတော့။ လမ်းခပ်ပြင်းပြင်းကလေးလျှောက်ထားတော့ လူကခပ်နုံး နုံး။ အိပ်လိုက်တော့ တချိုးတည်း။ လွမ်းစရာအချိန်ကွက်လပ် ကြားညှပ်မရပြီ။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကျွန်တော်ဘိလပ်တစ်ခေါက် ပြန်ရောက်မှာ ဖြစ်တယ်။ ဟိုမှာမိတ်ဆွေသူငယ်ချင်းအိမ်တွေ လျှောက်လည်။ အက်ဒင်ဗရာမှာ အရင်ခြေချခဲ့ဖူးတဲ့နေရာတွေ အလွမ်းပြေတစ်ခေါက်ပြန်ကြည့်။ ကျွန်တော်ခဏခိုနားခဲ့တဲ့ ဆေးရုံကြီး နေရာမှာ စူပါးမားကတ်ကြီးက ထင်းထင်းကြီးနေရာယူလျက်သား။ ဆေးရုံကြီးကို မြို့စွန်ရွှေ့လိုက်သတဲ့။ မိတ်ဆွေတွေ အိမ်လိုက်လည်တော့ တူညီတာလေးတွေ တွေ့ရတယ်။ တစ်ခုကမိသားစုအများစုမှာ ကလေးမရှိကြဘူး။ ကလေးရှိရင်လည်း တစ်ဦးနှစ်ဦးထက် မပို။ ညနေခင်း အားလပ်ချိန်တွေကို သူတို့့တတွေ ဘယ်လိုသုံးသလဲ။ ဘယ်လိုဖြုန်းသလဲ။ ဒီမှာလည်း တူညီတာ တွေ့ရပြန်တယ်။ ဧည့်ခန်းတိုင်းမှာ တီဗွီ Screen ကြီးကြီးတစ်ခုက အခန့်သား နေရာယူထားတာတွေ့ရ။ ကြည့်စရာချန်နယ်တွေ၊ လိုင်းတွေ က များမှများ။ လိုင်းတစ်ခုပြီးတစ်ခု ပြောင်းကြည့်ရုံ။ ဒါနဲ့စိတ်အညောင်း ဖြေကြ။ နောက်စိတ်ထွက်ပေါက် တစ်ခုက အင်တာနက်လျောတိုက် ခြင်း၊ အီးမေး(လ)၊ Chat Room ။ ဖေ့(စ)ဘွတ်(ခ)။ သူတို့တတွေရဲ့ ညနေခင်းချိန်တွေကို ဒါတွေက စိုးမိုးနေရာယူထားကြ။ စာအုပ်စာ တန်းစုံစုံလင်လင် ရှိတဲ့အိမ်က တော်တော်နည်းတာတွေ့ရ။ ကျွန်တော်က အိမ်တစ်အိမ်ရောက်တိုင်း စာအုပ်စင် ရှာတာပဲ။ တွေ့ရင် မွှေတာပဲ။ သူဘာစာအုပ်တွေ အဖတ်အရှုများသလဲ။ ဒါကြည့်လိုက်ရင် အိမ်ရှင်ရဲ့စရိုက်နဲ့ စိတ်ဝန်းကျင်ကို မှန်းလို့ရပြီ။ ဒါက အဝေးရောက်မြန်မာတွေ ညနေခင်းအချိန်ကို ကုန်ဆုံးကြပုံ။
( ၂ )
ကျွန်တော်တို့ ဆရာဝန်အများစုရဲ့ ညနေခင်းကတော့ ရှင်းပါ့။ အားလုံးလိုလိုက ဆေးခန်းသံသရာထဲ တဝဲဝဲလည်။ တောင်ဖက်ဆေးခန်းကနေ မြောက်ဖက်ဆေးခန်းပြေး။ ပြီးရင် အရှေ့ဖက်ဆေးခန်းဆီရွှေ့။ နောက်ဆုံး အနောက်ဖက်ဆေးခန်းမှာ စခန်းသိမ်း။ ပြီးတော့ နွမ်းလျအိမ်ပြန်။ အိမ်ရောက်တော့ သတင်းစာလေး၊ ဂျာနယ်လေး ဟိုဒီကောက်လှန်။ ဘောရူးက ဘောပွဲကြည့်။ မိန်းမနဲ့ စကားစမြည်ပြော။ စကားစမြည် ပြောတယ်သာဆိုရတာ။ တကယ်က ''အင်း''လိုက်ရတာ ခပ်များများ။ တ အင်းအင်း အင်းရင်း အိပ်ပျော်သွား။ နောက်တစ်နေ့ဆေးရုံသွားဖို့၊ ဆေးခန်းဆက်ထိုင်နိုင်ဖို့၊ အစည်းအဝေးတက်ဖို့ အနားယူအားမွေးရရှာတာ။ တပေလျဉ်းလျဉ်း၊ တညှင်းဆိုးဆိုး။ ဆရာဝန်တွေ ညည်းလေ့ရှိတာက - ''နေဝင်တာ မမြင်ရတာကြာပြီ။ အဓိပ္ပါယ်ရှိရှိအချိန် (Quality time) တွေ နည်းလှတယ်။ မိသားစုနဲ့ တဖြည်းဖြည်း ကင်းကွာနေပြီ။ ငါ့ကိုရွှေ အိုရောင်ညနေခင်းတွေပြန်ပေး။''... စသဖြင့်၊ စသဖြင့်။ ဒီရွှေအိုရောင် ညနေခင်းတွေကို ကျွန်တော်တို့ဆီက ဘယ်သူက အဓမ္မလုယူ သိမ်းပိုက်သွားခဲ့ပါသလဲ။ ၁၉၈၈ အရေးအခင်းကာလတဝိုက် မြို့ကြီးတွေနဲ့ နယ်မြို့တွေ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာကတစ်ကြောင်း၊ လူတွေ ကျီးလန့်စာ စားနေနေရတာကတစ်ကြောင်းကြောင့် ကိုယ်ပိုင်ဆေးခန်းတွေ ခေတ္တပိတ်ထားပြီး ဆရာဝန်တွေ လွတ်လပ်ရေးရတဲ့ကာလကို ကြံုရတယ်။ ကဲဗျာ... ခင်ဗျားတို့ရဲ့ ညနေခင်းဝါ၀ါတွေ ပြန်ရပြီဗျာ။ ခင်ဗျားတို့ ဘာလုပ်ကြမတုန်း။ တစ်သက်လုံး ဆေးခန်းထဲအောင်းပြီး ခေါင်းမဖော်တမ်း လုပ်ခဲ့ကြတဲ့ ဆရာဝန်တွေ ဗလာဟင်းလင်း ညနေခင်းတွေကို ဘယ်လိုဖြတ်သန်းရပေါ့။ နီးစပ်ရာ လိုက်ကြည့်တော့ အားလုံးနီးပါး ယောင်တောင်တောင်။ အခွေပဲငှားကြည့်ရမလိုလို။ စာပဲဖတ်ရမလိုလို။ ကောလာဟလပဲ စောင့်စားနားထောင်နေသလိုလို။ အတိတ်စိမ်းကောက်ပြီး နိုင်ငံ့အနာဂတ်ပဲ ဖတ်နေသလိုလို။ ညနေခင်းအချိန်တွေကို ဆေးကုတာကလွဲလို့ ဘာမှမလေ့ကျက် မသင်ကြားခဲ့တဲ့ ဆရာဝန်တွေခင်ဗျာ သနားစရာ။ သူတို့မျက်နှာတွေက ညနေခင်း ဗလာကျင်းသလို ဟင်းလင်း။ အကြွေးတင်နေတဲ့စာတွေ ဖတ်ပါတော့လား။ မိသားစုနဲ့ ပျော်ပျော်ပါးပါး တဝကြီး နေပါရော့လား။ မမြင်ရတာ ကြာလှချည်ရဲ့ဆိုတဲ့ နေရောင်ခြည်တထွေးကြီး ပြေးပြီးပွေ့ပိုက်ပါတော့လား။ သတိမြဲမြဲဖြစ်မှုပျက်မှုတစ်ခုခုကို စူးစူးနစ်နစ် လေ့လာရစ်ပါတော့လား။ အားလုံးလိုလိုဟာ အရေးခင်းအပြီး တည်ငြိမ်တဲ့ကာလမှာ ဆေးခန်းပြန် ဖွင့်ဖို့ပဲ စိတ်စောနေကြလေသတဲ့။
( ၃ )
ကျွန်တော်ဆရာဝန်ပေါက်စဘဝကျော်ပြီး ဆရာဝန်မလတ်တလတ် ဖြစ်လာချိန်တစ်နေ့မှာ သူငယ်ချင်းဆရာဝန်တစ်ဦး ညနေခင်းလာလည်ပါတယ်။ ကျွန်တော့်ဆေးခန်းက လူနာကျချိန်နဲ့ ဆုံနေတော့ သူနဲ့ သိပ်ကြာကြာ စကားပြောခွင့် မကြံုလိုက်ရဖူး။ သူက နိုင်ငံခြားမှာ NGO တစ်ခုမှာ အလုပ်ဝင်လုပ်နေရာက ခဏပြန်လာတာ။ ကျွန်တော့်ဆေးခန်းအပေါက်ဝမှာရပ်ပြီး သူကကျွန်တော့် လူနာတွေကို မေးမြန်းနေတာ၊ စစ်ဆေးနေတာ၊ ဆေးပေးနေတာ၊ ရှင်းပြနေတာတွေကို စေ့စေ့စပ်စပ်စောင့်ကြည့်နေတယ်။ ဘာမှတော့မပြောဖူး။ ပြန်ခါနီးနှုတ်ဆက်တော့မှ သူကကျွန်တော့်ကို ''သနားတယ်''ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပြီး ''အောင်ကြီးရာ... မင်းကြည့်ပြီး ငါ့မှာမောလိုက်တာကွာ။ ငါလည်း ဆရာဝန်ဖြစ်စက မင်းလိုပဲ ဂျီပီဖွင့်ရတာပဲ။ မင်းလိုပဲ မောရတာပဲ။ ဟို ရောက်တော့ ညနေခင်းမှာ တော်တော်ဇိမ်ကျတယ်ကွ။ ဘာဂျီပီမှ လုပ်စရာမလိုတော့ဖူး။ လစာကလည်း လုံလောက်တယ်လေ။ ညနေခင်း တီဗွီထိုင်ကြည့်၊ စာဖတ်၊ မိန်းမနဲ့ ထွေရာလေးပါးပြော။ ဒါပဲကွ'' လို့ပြောပြီး နှုတ်ဆက်ပြန်သွားတယ်။ ကျွန်တော့်မှာ ကိုယ့်အလုပ်အပေါ် ရုတ်ချည်း သိမ်ငယ်စိတ်ဝင်သွားရ။ လူနာဆက်ကြည့်ချင်စိတ်တောင် တော်တော်ခန်းသွားတယ်။ ညနေခင်း ဆေးခန်းဖွင့်စားနေတာ ဂုဏ်ယူစရာလား။ သိပ်ငယ်စရာလား။ မလုပ်အပ်တဲ့ကိစ္စလား။ အပ်စပ်တဲ့ကိစ္စလား။ စိတ်ထွေပြားရ။ ကျွန်တော်တို့ဆရာဝန်အများစုရဲ့ ညနေခင်းကတော့ရှင်းပါ့။ အားလုံးလိုလိုက ဆေးခန်းသံသရာထဲ တဝဲဝဲလည်။ တောင်ဖက် ဆေးခန်းကနေ မြောက်ဖက်ဆေးခန်းပြေး။ ပြီးရင် အရှေ့ဖက် ဆေးခန်းဆီရွှေ့။ နောက်ဆုံးအနောက်ဖက်ဆေးခန်းမှာ စခန်းသိမ်း။ ပြီးတော့ နွမ်းလျအိမ်ပြန်။
အဲဒီသူငယ်ချင်းက ကျွန်တော့်ကို ချစ်ခင်သူပါ။ စာဖတ်သူ တွေးတွေးဆဆရှိသူပါ။ ပေါ့ပေါ့ပါးပါး ၀န်ထုပ်နည်းနည်းနဲ့နေပြီး ဘဝကိုလေးလေးနက်နက် ဖြတ်သန်းတတ်သူပါ။ ဒီလိုလူမျိုးရဲ့ ဒီလိုမှတ်ချက်ကြားရတော့ ကျွန်တော် နင့်ကနဲဖြစ်သွားခဲ့ပေါ့။ သူမြန်မာပြည် အပြီးပြန်ပြီး NGO တစ်ဖွဲ့မှာ အလုပ်ဝင်လုပ်တယ်။ လူတော်တစ်ဦး ထက်မြက်သူတစ်ဦးဆိုတော့ ရာထူးအဆင့်ဆင့် တက်သွားတယ်။ ဒီကြားထဲ သူ့ရဲ့ဟာသဇဝနဉာဏ်က ဖွံ့ဖြိုးတောက်ပလှလေတော့ အများက ကြိတ်ပြီး ချစ်ကြပါတဲ့ညီ ပုလေးဖြစ်သွားခဲ့ပေါ့။ ဆရာဝန်တွေရဲ့ ပင်မအလုပ်ဖြစ်တဲ့ ဆေးကုသခြင်းအလုပ်ကိုတော့ လုပ်ငန်းခွင်ရော၊ ညနေခင်းအချိန်တွေမှာပါ လုံးဝလုံးဝ စွန့်ပစ်လိုက်တာတွေ့ရ။ သူ့ရဲ့နေရီရီအချိန်တွေက ရုံးမှာအချိန်ကုန်ရင် ကုန်။ မကုန်ရင် ညစာစားပွဲ၊ အခမ်းအနား ဖွင့်ပွဲ၊ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲတွေက တိုက်ဖဲ့ချွေစားသွားတော့တာ။ သူ့ရဲ့နဂိုက တွေးတွေးဆဆ နူးနူးညံ့ညံ့ မျက်နှာနေရာမှာ ပြတ်သားရဲရင့်တင်းမာတဲ့မျက်နှာက အစားထိုးဝင်ရောက်လာပါတော့တယ်။ သူ့လက်အောက်ကလူတွေ က လူမဟုတ်တော့ဖူး။ စာရွက်ပေါ်က ကိန်းဂဏန်းတွေ၊ အစက်တွေ၊ အပြောက်တွေအဖြစ် ပြောင်းသွားခဲ့ပြီ။ နေ့စဉ်နေ့တိုင်းလိုလို စာရင်းဇယား ကိန်းဂဏန်းတွေနဲ့ လေ့ကျက် ပွန်းတီးရတာများလို့ထင်။ ''သူက နွားကြီးလိုပဲ။ သူယားရင် ချည်တိုင်ကို သူ့ကျောလာပွတ်တော့တာ။ ကျွန်မတို့ဇနီးမောင်နှံက သူ့ချည်တိုင်လေ''တဲ့။ ခုလည်းပဲ ကျွန်တော့်ဆီ အယားပြေ လေလာပစ် နေလေသလား။ သူဘာကြောင့် ဒီလိုပြောင်းသွား ရပါလိမ့်။ ဘာကြောင့် ဒီလို တင်းမာအေးခဲသွားပါလိမ့်။ ဘာကြောင့်ပြတ်တောက်ခါးသီးသွားပါလိမ့်။ သူနဲ့ကျွန်တော် ဘယ်နေရာကစပြီး ကိုယ်လမ်းကိုယ်လျောက်ခဲ့ကြတာပါလိမ့်။
ကျွန်တော်က ယခုထက်တိုင် လူတွေကို ဆေးကုနေတဲ့သူ။ ဆေးရုံ မှာရော ညနေချမ်းချိန်ဆေးခန်းမှာရော။ ကိန်းဂဏန်းစာရင်းဇယားတွေအစား လူတွေနဲ့ပွန်းပွန်းတီးတီး ထဲထဲဝင်ဝင်ဆက်ဆံနေရသူ။ ဆေးရုံဆေးခန်းလာတဲ့ လူတွေလည်း လူနာတွေ၊ လူမမာတွေ။ မောနေတဲ့လူတွေ။ ဖျားနာနေတဲ့ လူတွေ။ ချို့တဲ့နေတဲ့လူတွေ။ အကူအညီလို နေတဲ့လူတွေ။ ရောဂါဝေဒနာရဲ့ ထုထောင်းနှိပ်စက်မှုအောက်မှာ ဘဝကိုအရင်းအတိုင်း လှစ်ပြနေရရှာ တဲ့လူတွေ။ ကလေးအမေတွေ။ အုတ်သယ်ပန်းရံ နေ့စားအလုပ် သမားတွေ။ ကားနောက်လိုက်တွေ။ အောက်တန်းစာရေးတွေ။ ကျေးလက်ကျန်းမာရေးဆရာမတွေ။ HIV/AIDS လူနာတွေ။ အသည်းကင်ဆာ လူနာတွေ။ ဆိုက်ကားသမားတွေ။ ပင်စင်နာကြီးတွေ။ လမ်းဘေးစျေးသည်တွေ...။ ဒီလူတွေနဲ့ နေဝင် နေထွက် တွေ့နေရတာ။ သူတို့ရဲ့ ပြဿနာကြီးငယ်တွေကို နားဆင်ရတာ။ သူတို့ရဲ့ဒုက္ခပုံပြင်တွေထဲ တိုးဝင်ရတာ။ နေကောင်းသွားလို့ အမောပြေသွားလို့ အရောင်ကျသွားလို့ အနာအကျင်သက်သာသွားလို့ ကြည်လင်လတ်ဆတ်တဲ့ အပြံုးတွေပွင့်နေ တဲ့မျက်နှာတွေကို မြင်ရတာ။ ရောဂါဒဏ်ကြောင့် တဖြည်းဖြည်းယိရော် ပွန်းပဲ့ပြိုလုလု ခန္ခာကိုယ်တွေ ဘုန်းဘုန်းကျပြိုလဲသွားတာ တွေ့နေရတာ။ နောက်ဆုံး ''မနီးတဲ့ခရီး''ကို လိုက်ပို့ရတာ။ တစ်ခါတရံလူနာတွေက ဆရာကုပေးလို့ ခုလိုချမ်းချမ်း သာသာနေရတယ်။ ဘုရားရှိခိုးတိုင်း မိဘတွေနဲ့အတူ ဆရာ့ကို မေတ္တာပို့ပါတယ်။ တချို့လည်း ၀တ်ပြုတိုင်း ဆရာ့ကို ဘုရားသခင်ကောင်းချီး မင်္ဂလာပေးဖို့ ဆုတောင်းပေးပါတယ် တဲ့။ (အမေရေ... အမေ့သား သေပျော်ပြီဗျ။) ကျွန်တော်တို့က အခုထိ လူတွေကြားမှာနေတုန်း။ ဒုက္ခ သုက္ခမျှဝေခံစားတုန်း။ ပြံုးပျော်အတူ ၀မ်းနည်းအတူ ပူဆွေးအတူ ရှိတုန်း။
( ၄ )
ညနေခင်းတိုင်း ကျွန်တော့်ဆေး ခန်းကျဉ်းကြုပ်လေးထဲ ကျွန်တော့်လူနာတွေနှင့် နပမ်းလုံးနေရသည့် အချိန်တွေကို ကျွန်တော်နှမြော တသမဖြစ်တော့ပါ။ စားဝတ်နေရေးအတွက် ရုန်းကန်ရင်းပွန်းပဲ့သွားသည့် အချိန်တွေ ဆိုပြီး နှမြောလှချည့် မရှိတော့ပါ။ ''ပေးပေး... မပေးပေး ... ငါ့ရွှေခွက်ပြန်ပေး''ဟု မတောင်းဆို လိုတော့ပါ။ ကျွန်တော့်ကို ယနေ့ထက်တိုင် လူနှင့်တူအောင် သင်ကြားလေ့ကျင့်ထိန်းကျောင်းနေသည့် ဆေးရုံနှင့် ညနေရီ ဆေးခန်းကာလများ၊ လူနာများကို ကျွန်တော်ရိုသေစွာ ကန်တော့ပါသည်။
(စာပြီးရက် ၆.၈.၂၀၁၁)

Friday, August 5, 2011
မတော်သော်လည်းမရှော်တဲ့တပည့်တွေ (ဒေါက်တာအောင်ကြီး)

By Professor Dr. Aung Gyi
(Professor and Head ,Department of Medicine, University of Medicine , Mandalay)
ယခုတလောစာမေးပွဲတွေထပ်လို့နေသည်။ တတိယနှစ် စာမေးပွဲ၊ နောက််ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇဝင် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇဝင် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါ၀င်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။
ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇဝင်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ “ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ “ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´သူက “ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေ့ါ။ လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ “ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ “ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ “သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ “ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဉ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။ ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ “မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။
လူနာ ရောဂါရာဇဝင်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ “ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မဆိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။ “ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး “သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ “ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ “ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ “ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ “ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမဝင်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇဝါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး “နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် “သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ “တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို “ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။
နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ “သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ “များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ “ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ “၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ “ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ “ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။ မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘဝတူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို “မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက “ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနု့ံနုံ့။
ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါ၀င်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇဝင် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။
ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးကဝိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ “ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ုိင်းဝန်းရ ဖေးမရသေးသည်။
ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။
မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။
ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။
ဒေါက်တာအောင်ကြီး
...

ဦးကြီးရဲ့ရယ်သံ(ဒေါက်တာအောင်ကြီး)
ဦးကြီးရဲ့ရယ်သံ(ဒေါက်တာအောင်ကြီး)
၁။
သူ့ကို ဆေးကျောင်းသား ဘဝ ကတည်းက ကျွန်တော်တို့ အားလုံး “ဦးကြီး”ဟု တညီ တညွတ်တည်း ခေါ်ကြပါသည်။
သူက ဆောင်းကာလတွေမှာ နှာတရွှီးရွှီး၊ ချောင်း တဟွပ်ဟွပ်နှင့် ရင်ကျပ်သည့် အခါတိုင်း တဘက်ကြီး တစ်ခုကို ခေါင်းမှာ ပေါင်းပြီး ပင်နီဖျင်ကြမ်း တိုက်ပုံကြီး ၀တ်နေတတ်လို့ ဗန်းမော်သား မြင့်ရှိန်က တောင်သူဦးကြီးနဲ့ တူလိုက်တာ ဆိုပြီး စစနောက်နောက် ခေါ်ရာ က ဒီနာမည် တွင်သွားရတာ။
သူက ကျွန်တော်နဲ့ တစ်မြို့တည်းသား။ မြို့မှာက သူက နာမည်ကျော် ဘောသမား။ “ပါးတွဲ”ဟု တချို့က ချစ်စနိုး ခေါ်ကြသည်။ သဘောကောင်း ချိုမြ။ ရယ်လျှင် ဟက်ဟက် ပက်ပက် ရယ်တတ်သည်။ ကျွန်တော့်ထက် တစ်တန်းကြီးသော်လည်း ဆယ်တန်းကို (ခ) စာရင်းက အောင်ပြီး တစ်နှစ်ပြန် ထိုင်လို့ ကျွန်တော်တို့နဲ့ တူသွားတာ။ ကျွန်တော်တို့ မြို့က အဲသည်နှစ်က ဆေးကျောင်းကို လေး ယောက်ဝင်ရာမှာ သူက အသက် အကြီးဆုံး။ ၀ါအရင့်ဆုံး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်။
သူက အများနှင့် သဟဇာတ ဖြစ်အောင် နေတတ်သည်။ လူတိုင်းလိုလို သည်းညည်းခံ သည်။ အနွံတာခံသည်။ မောင်နှမတွေ တစ်ကျိပ်လောက်ရှိသော မိသားစုကြီးမှာ သားကြီး သြရသ ဖြစ်တာကြောင့် ဖြစ်မည်။ ကျွန်တော်တို့ကို ညီငယ်တွေလို။ သူ စိတ်ဆိုးတာ တွေ့ရခဲသည်။ အထူးသဖြင့် ကျွန်တော့် အပေါ် စိတ်ဆိုးခဲသည်။ ကျွန်တော်ကလည်း ဘဝဘဝက ဘာအထုံ ပါလာသည်မသိ မိမိ ထက် အသက်ကြီး အတန်းကြီးတွေနှင့် ခင်ခင်မင်မင် မိတ်ဆွေ ဖြစ်လွယ်သည်။ အတန်း တူချင်းနှင့်တော့ တည့်လိုက်၊ မတည့်လိုက်။
၉ တန်း လူရည်ချွန် သွားစဉ်တုန်းက ကျွန်တော့် တပ်စိတ်ထဲ တစ်ဝက်လောက်က ကျွန်တော့်ထက် တစ်တန်းကြီး ဆယ်တန်း ကျောင်းသားတွေ။ ကျွန်တော့်မှာ သူတို့နှင့် တလုံးလုံး တရုန်းရုန်း။ ဒါကြောင့် ဦးကြီးနှင့် ကျွန်တော့် ခင်မင်မှုက အခြားသူတွေထက် ပိုတာ ဖြစ်ပါလိမ့်မည်။
ဒါပေမဲ့ သူ ကျွန်တော့်အပေါ် ထူးထူးခြား ခြား စိတ်ဆိုးတာ တစ်ခါကြုံဖူးသည်။ ကျွန်တော်တို့ ဆေးကျောင်းပထမနှစ် အတန်းတွင်း အုပ်စုလိုက် ဘောလုံး ကန်ကြတုန်းကပါ။ ကျွန်တော်တို့ အုပ်စု(က)နှင့် ဦးကြီးတို့အုပ်စု(ဃ)က ဖိုင်နယ်မှာ တွေ့ကြသည်။ ကျွန်တော်က အုပ်စု(က)ရဲ့ ဂိုးသမား။ ကျွန်တော်တို့အုပ်စုက ဆယ်တန်း အောင်မှတ်ကောင်းတဲ့ လူတွေ စုထားတာ။ “အီလစ်” တွေ။ ဒါကြောင့်လည်း တစ်ဖက်က ကျွန်တော် တို့ကို “ဖြေချင်တာ။ ပထမပိုင်း တစ်ဝက် လောက်မှာ သူတို့ရှေ့တန်းတိုက်စစ်ဆင်လာရာမှ တစ်ဦးက ကျွန်တော်တို့ နောက်တန်း စည်းရိုးကို ကျွံလာသည်။ ကျွန်တော်က ဂိုးဝကနေ ရှေ့ အပြေးကလေး ထွက်လိုက်ပြီး တစ်ဖက်ရှေ့တန်း လူကို ရင်ဆိုင်လိုက်သည်။ သူ တု့ံခနဲ ရပ်သွား ရာက ကျွန်တော့်ကိုဝိုက်ပြီး မြေလှိမ့်ဘော သွင်းယူလိုက်သည်။ ကန်ချက်က သိပ်မပြင်းတော့ ဘောလုံးက ဖြည်းဖြည်းသာသာပဲ ဂိုးပေါက် ဘက်လှိမ့်သွားသည်။ ကျွန်တော် နောက်က အပြေးလိုက်ပြီး ဘောလုံးကို ဒိုက်ထိုးဖမ်းလိုက် သည်။ ကျွန်တော့် ရင်ဘတ်အောက်က ဘောလုံးကို ကြည့်လိုက်တော့ ဘောလုံးက ဂိုးစည်းပေါ် တည့်တည့်ကြီး ခွလျက်သား။
ဒိုင်က ဂိုးဝင်ကြောင်း ခရာတုတ်လိုက်သည်။ တစ်ဖက်အသင်း က ခုန်လို့ပေါက်လို့ စောစီးစွာ အောင်ပွဲခံနေလေ ပြီ။ ကျွန်တော်တို့ အဖွဲ့က ဒိုင်ကို ၀ိုင်းအုံပြီး ငြင်းခုံကြ၊ တောင်းဆိုကြ။ ဒိုင်က ကျွန်တော်တို့ထက် ၃ တန်းကြီးသည့် အတန်းက။ သူက ကျောင်း လက်ရွေးစင်။ မန္တလေး တက္ကသိုလ် ပေါင်းစုံ ဘောလုံး လက်ရွေးစင်။ ဒိုင်က ဘာဆုံးဖြတ်ရမည် မသိ။ တိုင်ပင်စရာ အကူဒိုင်၊ စည်းကြပ် ဒိုင်ကလည်း မရှိ။ နောက်ဆုံး ကြံရာ မရတော့ ဒိုင်က ဂိုးတိုင်နား ရပ်ကြည့်နေတဲ့ အရပ်သား တစ်ဦးကို လှမ်းမေးလိုက်သည်။ ထိုသူက ဂိုးမဝင်ကြောင်း ဖြေလိုက်သည်။ ဒါနဲ့ ဒိုင်က ဂိုးမဝင်ကြောင်း ပြန်ပြင် ဆုံးဖြတ်လိုက်ပြီး ခရာတုတ်၍ ဘောပွဲ ပြန်စသည်။
အဲသည်လို ရှုပ်ရှုပ်ထွေးထွေး အချိန်မှာ ကျွန်တော်က ဘောလုံးကို ခပ်သွက်သွက် ကောက်ယူလိုက်ပြီး တစ်ဖက် အသင်းဘက် တစ်ရှိန်ထိုး ကန်တင်လိုက်သည်။ တစ်ဖက် အသင်းက သူတို့ဂိုးဝင်ပြီထင်ပြီး ခပ်လျော့လျော့ နေတာက တစ်ကြောင်း၊ ဒိုင်လူကြီး ဘာဆုံးဖြတ် တယ်မသိလို့ ဟိုဒီငေးနေတာက တစ်ကြောင်းတို့ ကြောင့် ကျွန်တော်တို့ ရှေ့တန်း ဘယ်တောင်ပံလူ ဘောလုံးသယ်ပြေးတာ နောက်က လိုက်သော် လည်း မမီတော့ချေ။ ဒီကောင်ကလည်း လှစ်ခနဲ လှစ်ခနဲ ပြေးလိုက်တာ။ တစ်ဖက် ဂိုးသမား မည်သို့မျှ မကာကွယ်နိုင်တော့။ တကယ်တော့ ဒီဂိုးသမားက ကျွန်တော်တို့ အတန်းရဲ့ လက်ရွေး စင် ဂိုးသမား။ အဲဒီဂိုးက သေသေချာချာ လွတ် လွတ်ကျွတ်ကျွတ်ကြီး ၀င်သွားပါလေသည်။ ဦးကြီးက တစ်ဖက်အသင်း ခေါင်းဆောင်။ သူ့မျက်နှာက ဒေါသနှင့် နီရဲ တောက်ပလျက်။ သူဦးဆောင်ပြီး တစ်သင်းလုံး ဘောကွင်းထဲမှ သပိတ်မှောက်ထွက်ခွာသွားသည်။ မည်သူမျှ တားမရတော့။ ကျွန်တော်တို့မှာ ပထမဆု ရသော်လည်း အီလည်လည်။ ဦးကြီးကို ဘယ်လိုချော့ရ ပါ့။ တကယ်က သူ့ရဲ့ဘောရူး ဒီဂရီက ကျွန်တော့်ထက် အပုံကြီး ပိုသည်။
ဒါနဲ့ သူ့အခန်းသွားပြီး-
“ဦးကြီးကလည်းဗျာ၊ အပျော်တမ်း ကစား တာပဲ။ ဘာကြောင့် ဒီလောက်စိတ်တိုနေရတာ တုံး”
လို့ လေပျော့နှင့် ချော့ကြည့်သည်။
“ဟေ့ကောင် မင်းထွက်သွားစမ်း သွား သွား သွား သွား”
ဟု ဒေါသတကြီးနှင့် မောင်းထုတ်လို့ ကျွန်တော် အမြီးကုပ် ပြန်ခဲ့ရသည်။ နောက်နေ့တွေ ကျတော့ သူ့ထုံးစံ တဟီးဟီး တဟားဟား။ ဒီတစ်ချီပဲ သူ ကျွန်တော့်အပေါ် ဒေါသထွက်ဖူး တာ။
၂။
သူက စာသိပ်မတော်ပေမယ့် တစ်နှစ်တစ်တန်း မှန်မှန်အောင်သည်။ မိသားစုက ကြီးလွန်းလှလို့ သူတို့အပေါ် သူ့ဝန် မပိစေချင်တာ ပါပါလိမ့်မည်။ အဖေက ပန်းထိမ်ဆရာ။ ပန်းနာ ဝေဒနာသည်။ အသက်ကြီးတော့ အလုပ်က သိပ်မလုပ်နိုင်။ ကျွန်တော်တို့ ဆေးကျောင်းတက်စ နှစ်တွေ မှာ ကျောင်းသားတွေကြား မူးယစ် ဆေးသုံးစွဲမှုက သိသိသာသာ ခြေကုပ်ရ အမြစ်တွယ်နေပြီ။ လူငယ်ပီပီ စမ်းကြရမ်းကြ။ တချို့ဘဝတွေ အချိန် မတိုင်မီ လွင့်ကြွေ။ ပွင့်တာက နည်းနည်း၊ ကြွေ တာက ခပ်များများ။ ဘဝတချို့ လေရူးနဲ့ အဝေး လွင့်စဉ်။ ဘယ်ဆီ ဘယ်ဝယ်မှန်းဆလို့ မလွယ်။ ဦးကြီးက ဒါတွေအားလုံးနှင့် ကင်းကင်းရှင်းရှင်း။ သူ့ပတ်လည်မှာ ဒါတွေက ဗွက်ထလို့နေ။ တချို့ က ဖဲ၊ တချို့က အရက်၊ တချို့က သူယောင်မယ် တောထဲ ပျော်မော။ မှော်ရုံတောထဲ အမှောင်ထဲမှာ။ ဦးကြီးက သူ့ပန်းတိုင်ဆီ မမှိတ်မသုန် ချီတက် သည်။ သူ ကူညီဖေးမလို့ရသူကို ကူညီဖေးမ ပခုံးထမ်းတင် ခြေတရွတ်ဆွဲတွဲခေါ်။ နောက်ဆုံး နှစ်စာမေးပွဲကို သူတစ်ချီတည်းနှင့် အောင်သည်။ အဲဒီခေတ်က နောက်ဆုံးနှစ်မှာ လေးဘာသာစလုံး ကျွတ်ကျွတ်လွတ်လွတ် အောင်သူ ရှားမှရှား။ သူ့လို ဉာဏ်ရည် အဆင့်ရှိသူတွေထဲမှာ ပိုလို့ တောင် ရှားလေသေး။
ဒီလိုနဲ့ ကျွန်တော်တို့ အလုပ်သင် ဆရာဝန် ဘဝ တူတူ ရောက်ကြသည်။ သူက ဆရာဝန် ဆောင်မှာနေတော့ ကျွန်တော်တို့ နားခိုစရာ ကွန်းတစ်ခု ရသည်။ ဂျူတီအားရင် သူ့ခုတင်သွားအိပ် လိုက်၊ သူငယ်ချင်းတချို့ ဂစ်တာတီး သီချင်းဆို နေရင် ၀င်အော်လိုက်၊ အလုပ်သင်ဘဝ အတွေ့ အကြံုတွေ ဖလှယ်လိုက်။ သူက အလုပ်သင် ဆရာဝန်ဘဝမှာ အလုပ်ကို “အသေအကျေ”လုပ် သည်။ ဆရာ၊ ဆရာမ၊ အလုပ်သမား အားလုံးနှင့် ခင်ခင်မင်မင် ပေါင်းသည်။ ပြံုးရယ်လွယ်ပြီး ရယ်လျှင် ပါးစပ်ရော မျက်စိပါ မျက်နှာတစ် ခုလုံး ရယ်တတ်သည့် သူ့အကျင့်က သူ့လူမှု ဆက်ဆံရေးမှာ အရေးပါတဲ့ လက်နက်ဖြစ်ပါလိမ့် မည်။ ကျွန်တော်က ဖျားနာ ရောဂါတွေကို စိတ်ဝင်စားသလောက် သူက ခွဲစိတ်၊ အရိုးနှင့် မေ့ဆေး ပညာရပ်တွေ လေ့လာရတာ ပျော်မွေ့သည်။
ကျောင်းသား ဘဝတုန်းက စာကျက်ရမှာ ပျင်းသော်လည်း လူနာတွေကို လက်တွေ့ကိုင်တွယ် ခွဲစိတ် ကုသရာမှာ သူ မပျင်းချေ။ လက်တွေ့ လုပ်ရာမှာ သူ ရိုရိုသေသေ လုပ်သည်။ အားထည့်၍ လုပ်သည်။ ခါးမှာ ထုံဆေးထိုးတာ သူကျွမ်း ကျင်တာသိလို့ မေ့ဆေး ဆရာဝန်တွေက သူ့ကို ဒီအခွင့်အရေး မကြာခဏ ပေးတတ်သည်။ ကျွန်တော့် အလုပ်သင်ဘဝမှာ ဒီလို အခွင့်အခါ တစ်ခါမျှ မရခဲ့စဖူး။ ကျိုးနေသည့် အရိုးကို ပြန် တည့်ပြီး ခိုင်အောင် သပ်သွင်းသလို “စတီးပင်” ရိုက်ထည့်ရာမှာလည်း သူက လက်ရာမြောက်လှ သည်။ အရိုး အထူးကု ဆရာဝန်တွေကလည်း သူ့ကို နေရာပေးကြ ချီးမြှောက်ကြသည်။ သူ့ကို မြင်ရမှ၊ သူ့လက်ရာကို မြင်ရမှ တော်တယ်၊ တတ် တယ်ဆိုတာ ကျောင်းစာချည်းပဲ မဟုတ်ပါလား။ ဒီ့ပြင် တတ်စရာ တော်စရာ အစွမ်းပြစရာ နယ်ပယ်တွေက တစ်ပုံတစ်ပင်ကြီး ရှိသေးပါကလား ဆိုတာ ကျွန်တော် သိလိုက်ရသည်။ ကျွန်တော်က သူ့ကို အလုပ်သင် ဆရာဝန်ပြီးရင် အစိုးရ အလုပ် ၀င်ဖို့၊ ဘွဲ့လွန်(အရိုး၊ ခွဲစိတ်) တစ်ခုခု တက်ဖို့ တိုက်တွန်းမိသည်။ သူက ခေါင်းမခါ၊ ခေါင်း မညိတ်။ သူ့မျက်စိထဲ ကြီးမားလှတဲ့ သူ့မိသားစု ကြီးကို လှမ်းမြင်နေလေသလား။
၃။
အလုပ်သင် ဆရာဝန် တာဝန်ပြီးတော့ လူချင်းကွဲသွားကြသည်။ သူ့လမ်းကိုယ့်လမ်း။ လမ်းနှစ်ကြောင်းက ဖြတ်မိ ထပ်မိသည်မရှိ။ ကျွန်တော်က ပညာရှာပမာ သူဖုန်းစားလမ်းကို ရွေးချယ်ခဲ့ပြီ။ ဘွဲ့လွန် သင်တန်းတွေ တစ်ခုပြီး တစ်ခုဆက်တက်။ စာတွေသင်။ စာတွေဖတ်။ လေ့လာ သုတေသနပြု။ ဟောပြောပို့ချ။ သူက သူ့မိသားစုကြီးကို ရှေ့ဆုံးမှ ခေါင်းတွဲကြီး သဖွယ် ဆွဲခေါ်ရတုန်း။ မီးပေါင်ကျလို့ ခေါင်းတွဲ မရုန်း နိုင်ရင် မီးပေါင်ထပ်ထိုးရတုန်း။ ဘွဲ့လွန်သင်တန်း ကို အိပ်မက်မျှ မမက်နိုင်ရှာတော့ပြီ။ သူတက်ချင် တဲ့ ခွဲစိတ်၊ အရိုးရောဂါပညာရပ်တွေကလည်း နောက်ဆုံးနှစ် စာမေးပွဲ ခွဲစိတ် ဘာသာရပ်မှာ အဆင့် ၄ ရထားပါမှ။ သူ့ရမှတ်တွေအားလုံးက ဒထွေးတွေချည်း။ သူ ဆေးကုသခြင်း လုပ်ငန်း ကိုပဲ ဇောက်ချ လုပ်တော့မည်။ ဘယ်မှာ ဆေးခန်း ဖွင့်ရမလဲ။ ကိုယ့်မြို့ကိုယ် ပြန်ဖွင့်လို့ကတော့ အလုပ်ဖြစ်မည်မထင်။ လူက သဘောကောင်း မနောကောင်း။ အားလုံးက ၀ိုင်းညှဉ်းကြမှာနဲ့။
သူက အားနာ တတ်တာနဲ့။ သို့မို့ကြောင့် သူ့ဇာတိ မြို့နှင့် မလှမ်းမကမ်း တောမက မြို့မကျ ရွာကြီး တစ်ခုကို သူရွေးလိုက်သည်။ အဲဒီမှာပဲ အခြေချ တော့မည်။သူရတဲ့ ငွေစကြေးစလေးတွေကို မိသားစုထံ ပြန်ပို့။ မိသားစုက ပါးစပ်ပေါက်တွေ များလှ။ လူရေး လူရာတွေက များလှ။ ဒီဝဲသြဃထဲက သူ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့။ ရပ်သူ ရွာသားတွေနှင့် သူ တစ်လုံးတစ်စည်းတည်း ဖြစ်သွားပြီ။ အဲဒီရွာသူနဲ့ပဲ အိမ်ထောင်ကျ၊ သားသမီး ပွားစီး။
သူ့အသံကို ကျွန်တော် နှစ်ပေါင်းများစွာ မကြားရတော့။ သတင်းတွေကတော့ ကြားနေရ သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ သူ့ဝူးဝူး ၀ါးဝါးအသံ ပြန်ကြား လာရသည်။ သူ့နှမတစ်ဦး က မန္တလေးမှာ အိမ်ထောင်ရက်သားကျ၊ စတိုးဆိုင် ဖွင့်ထားတာ။ သူ့ညီမဆီ လာရင်း သူ့ခြေဦးက ကျွန်တော့်ဆီ ပြန်ပေါက်လာသည်။ သူ့ကြည့်ရတာ တောသားကြီး လုံးလုံးဖြစ်နေပြီ။ ယခုမှ တကယ့် ဦးကြီးဖြစ်နေပါပကော။ စကားပြော ကြည့်တော့ အကြောင်းအရာ တော်တော်များများ သူနှင့်ကျွန်တော်ကြား ပြောဆိုလို့ ဆက်သွယ်လို့ မရတာ တွေ့ရသည်။ သူ စာတွေဘာတွေ ဖတ်ပုံ မရ။ သို့သော်လည်း သူ့ရဲ့ နဂိုသဘောကောင်းတဲ့၊ ရယ်မောလွယ်တဲ့ အမှတ် တံဆိပ်က သူ့ကိုယ်မှာ ခပ်နှိပ်လျက်သား။ ပြဿနာက ပြောစရာဆိုစရာ ဆွေးနွေးစရာ ခေါင်းပါးခြင်းပါပဲ။ တစ်ချိန်က အလုပ်သင် ဆရာဝန် ဘဝနှင့် သူပျော်မွေ့ခဲ့သော၊ ပညာရှာမှီး လေ့ကျင့်ခန်း ယူခဲ့သော ဆေးရုံကြီးကို လာဖို့ ကျွန်တော်ခေါ်တော့ သူက အင်တင်တင်။ ဖြူးဖွေးတောက်ပ သားနားနေသော အဆောက် အအုံအသစ်တွေနှင့် ခမ်းနားဝင့်ကြွား နေသော ဆေးရုံကြီးကို ကြည့်ပြီး သူ မဝံ့မရဲ ဖြစ်နေဟန် ရှိသည်။ သူ့စိတ်မျက်စိထဲမှာတော့ ယခင်က ဆေးရုံအိုအိုဟောင်းဟောင်းကြီးကို မြင်ယောင်နေမှာ။ အရောင်လွင့်နေသော၊ ဟိုနေရာ ဒီနေရာ တွေမှာ နံရံပြိုအက် နေသော၊ ရေပိုက်၊ မိလ္လာပိုက် တွေ ပေါက်နေလေ့ ရှိသော တစ်ချိန်က ဆေးရုံကြီး ကို သတိရနေမှာ။ ဆေးရုံမှာ သူ ဆရာဝန်ငယ် ဘဝက ပေါင်းသင်းခဲ့သော မိတ်ဆွေတွေ၊ သူနာပြု ဆရာမတွေ တစ်ဦးတစ်ယောက်မျှ မရှိ ကြတော့။ ဆေးရုံသစ်ကြီးက ဆယ်စုနှစ် ၂ ခု ကျော်ကျော် ကွာလှမ်းခဲ့သော သူ့ကို သူစိမ်းပြင် ပြင် ငု့ံကြည့်နေပြီ။ သူ့ကို ဆေးရုံလာဖို့ ဘယ်လိုမှ ခေါ်၍ မရတော့ပြီ။
၄။
“ဦးကြီး ဆေးရုံ တက်ရတယ်ကွ။ မင်းတို့က လာကြည့်ကြဦး။ ဆိုင်ကယ် မှောက်လဲပြီး ပိလို့ ပေါင်ရိုးကျိုးသွားတာ။ အခု တို့ဆေးရုံမှာ” လို့ ပြင်ပ အထူးကု ဆေးရုံကြီးမှာ ဆေးရုံအုပ် လုပ်နေတဲ့ သူငယ်ချင်းက ဖုန်းဆက်လို့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဆေးရုံဆီ ချီတက်ရသည်။ အရိုးရောဂါ ၀ါသနာ ပါတဲ့သူ အရိုး ကျိုးရသတဲ့။ ဖြစ်မှဖြစ်ရလေ။ ဟိုရောက်တော့ သူက ပြံုးပြံုး ရွှင်ရွှင် ရယ်ရယ်မောမော။ ရယ်သံက ကျယ်မှကျယ်။ သူ့ အားပေးရမည့် အစား သူကပဲ ကျွန်တော်တို့ကို တစ်ပြန်တစ်လှည့် အားပေးရ မလိုလို။ လာမေးသည့် သူငယ်ချင်းတွေထဲ ဆေးရုံအုပ်လည်း ပါသည်။ အထူးကု ဆရာဝန်ကြီး လည်း ပါသည်။ ပါမောက္ခချုပ်လည်း ပါသည်။ ပါမောက္ခ၊ ဌာနမှူးလည်း ပါသည်။ ပြင်ပ ဆေးခန်းပိုင်ရှင် ဆရာဝန်ကြီးလည်း ပါသည်။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေပြီး ခေတ္တခဏ အလည် လာသူလည်း ပါသည်။ ဂျီပီဆရာဝန် လည်း ပါသည်။ သူက လူချစ်လူခင် ပေါသူ။ တစ်နည်း လူမျက်မုန်း ကျိုးစရာ ဘာတစ်ခုမှ ပိုင်ဆိုင်မထားသူ။
“ဘယ်လိုဖြစ်တာလဲဗျ။ ပြောစမ်းပါဦး။ ကြီးကောင့်ကြီးမား ကျမှ ဆိုင်ကယ်မှောက်လဲ ရတယ်လို့။ ပေါင်ကျိုးရတယ်လို့”
တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“ငါကကွာ တို့နားရွာက ဘုန်းကြီးတစ်ပါး နေမကောင်းဖြစ်နေတာ ပင့်လို့ သွားကြည့်တာကွ။ ကုနေကျ ဆရာတော်ကြီးပါ။ အဆုတ်ပွ ရောဂါသည်ပါ။ အဲဒါ ငါ့ကို အာသီသ ရှိတယ် ဆိုတာနဲ့ တကူးတက သွားပြီး ဆေးထိုးရတာ မောင့်။ လမ်းက တော်တော် ဆိုးတယ်ကွ။ ဗွက် တွေကလည်း တင်းကျမ်း။ ကားနဲ့ သွားမရလို့ ဆိုင်ကယ်နဲ့ ကြိတ်ရတာဟေ့။ အဲဒါလမ်းမှာ ဗွက်နစ်လို့လဲပြီး ဆိုင်ကယ်ပိတော့ ကျိုးရတာ။ အခုတော့ သက်သာပါပြီ။ မနေ့ကပဲ အာဗြဲစီစဉ် ပေးလို့ အရိုး အထူးကု ဆရာဝန်ကြီးက ခွဲစိတ်ပေးတယ်။ ကျေးဇူးပါပဲကွာ”ဟု ဖြေသည်။
အာဗြဲဆိုတာ သူ အခု တက်နေတဲ့ ဆေးရုံ ကြီးရဲ့ ဆေးရုံအုပ် သူငယ်ချင်း။ သူ့မှာ ယခု ဇနီးမယားနှင့် သမီး၊ သား သာမက မြေးလေးတစ်ဦးပါ ပွားစီးလို့ နေပါပြီ။ သူ့မိသားစု အကြောင်း၊ သူ့ရပ်ရွာ၊ သူ့အလုပ် အကြောင်း ၀ိုင်းမေးကြ။ သူက ဒိုင်ခံဖြေ။ တဝါးဝါး ရယ်ကြမောကြ။ အားလုံး ၁၉၇၀ ဆေးကျောင်းဝင်ခါစ အရွယ်တွေဖြစ်သွား။ ဘာပြောလိုက် ပြောလိုက် ရယ်မောဖို့ ပါးစပ်က အသင့်ပြင်ပြီးပြီ။ ဟိုတုန်းက ဟိုကောင်က ဘယ်လို။ ဒီကောင်က ဘယ်လို။ ဟိုကောင်မက ဘယ် သို့။ ဒီကောင်မက ဘယ်သို့။ အားလုံး ရွှေရောင် အတိတ်ဆီ ပြန်ရောက်သွား။ လှပတဲ့ အတိတ်။ ပြီးပြည့်စုံတဲ့ အတိတ်။ (တကယ်ကော ဟုတ်ရဲ့ လား။ အခုလက်ရှိ ဘဝနဲ့ ယှဉ်လိုက်တော့ ပျော်စရာ လိုပေါ့။ တာဝန်မှ မရှိသေးတာကိုး။ သို့ပေမယ့် စာမေးပွဲကျရင်၊ အိမ်က စာမလာရင်၊ ငွေမပို့ရင်၊ ကောင်မလေးက စိတ်ကောက်ရင် လှပပြည့်စုံတဲ့ အတိတ် ဟုတ်ရဲ့လား။ ကျွန်တော့် တစ်ကိုယ်တော် အတွေး။) အားလုံးက သူ့ထက်ငါ လုပြောကြ။ အတိတ်ရာဇဝင် တူးကြ။ သူ့ထက်ငါ ပိုလို့ မှတ်မိကြ။ မှတ်ဉာဏ်တွေ ကောင်းနေလိုက်ပုံက။
အတိတ်ဘဝ ငယ်နုစဉ် ဘဝ အကြောင်းတွေ ပြောလို့ကုန်တော့ ပစ္စက္ခ အကြောင်း ခေါင်းစဉ်ရွှေ့ ကြပြန်လေသည်။ သားရေး၊ သမီးရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ မျက်မှောက် ရေးရာ သိစရာတွေ။ ဒီမှာလည်း သူငယ်ချင်းတွေ အားလုံးလိုလို သုတစွယ်စုံ သမားတွေ ဖြစ်သွား ပြန်ပြီ။ အားလုံးသိ၊ အားလုံးနားလည်။ အားလုံးက ဆရာ့ဆရာတွေချည်း။ ဂေါက်ရိုက်တာက အစ ကာရာအိုကေအဆုံး။ မြို့ပြ ယဉ်ကျေးမှုထဲ ကာလ တာရှည်စီးမျော ၀င်နေသည့် လူတွေချည်းဆိုတော့ ဘာသာစကားက တူနေမင့်ဟာကိုး။ ကျွန်တော့် သူငယ်ချင်း ဦးကြီး အသံတိတ်သွားပြီ။ သူက ဘာမှမပြောဘဲ ပြံုးပြီး သူငယ်ချင်းတွေ မျက်နှာတွေကို တစ်လှည့်စီ ကြည့်နေရှာသည်။ ဘာမှတ်ချက်မှ မပေးတော့။ မှတ်ချက်ပေးနိုင် လောက်အောင်လည်း သူ့မှာ အင်အားသတိ်္တ ရှိတော့ဟန် မတူ။ ကျွန်တော် သူ့ကိုကြည့်ပြီး ရုတ်တရက် ၀မ်းနည်းမိ။ သူပျော်သေးရဲ့လား။ စကားဝိုင်း တစ်ဝက်ကျိုးမှာ သူပါလာသေးရဲ့ လား။ ဒါနဲ့ ကျွန်တော်ကပဲ စကားလက်စသတ် လိုက်ပြီး လူစုခွဲဖို့ အချက်ပြလိုက်သည်။ ဦးကြီး ဆီလာရတာ လာရကျိုး နပ်ပါသည်။ ဦးကြီးနဲ့ တွေ့ရတာရော၊ အနေနီးလျက် အတွေ့ခက်တဲ့ တစ်မြို့တည်းသားချင်း ဆုံရတာရော။ စကား ပြောရလို့ ငယ်ဘဝ ပြန်ရောက်သွားတာရော။ ဦးကြီး အခန်းထဲ ရောက်မှ ယခင် အေးခဲနေတဲ့ ရဲဘော် ရဲဘက်စိတ်တွေ၊ ငယ်သူငယ်ချင်း အချင်း ချင်းစိတ်တွေ ပူနွေးပျော်ဆင်းလာပြီး တစ်ခန်းလုံး နေရာအနှံ့ စီးဆင်း စိမ့်ဝင်သွားသလို။ အခန်းတွင်း ရုတ်ခြည်း လင်းလက်သွားသလို။
၅။
ဦးကြီး အခန်းထဲမှ သူငယ်ချင်း တစ်စု ရှေ့ နောက်ထွက်ခဲ့ကြသည်။ အားလုံးဦးတည်ရာက ဓာတ်လှေကားဆီ။ ပြီးရင် အသီးသီး လူစုခွဲကြ။ ကိုယ့်လမ်း ကိုယ်ဆက်လျှောက်။ ဓာတ်လှေကား သွားရာလမ်းမှာ တစ်ဦးနှင့် တစ်ဦး စကား တစ်ခွန်းစ နှစ်ခွန်းစပဲ ပြောဖြစ်သည်။ ပြောစရာ စကားကုန်ပြီထင့်။ ဓာတ်လှေကားထဲ စုဝင်လိုက်တော့ ပူလာရမည့် အစား အအေးဓာတ်က ကျော ထဲစိမ့်ခနဲ ၀င်သွားသည်။ ဘာကြောင့်ပါလိမ့်။ သူငယ်ချင်းတွေ မျက်နှာကြည့်လိုက်တော့ မျက်နှာတွေက ဘာသိဘာသာ။ ခပ်မှိန်မှိန်။ ဦးကြီးအခန်းထဲမှာတုန်းက မြင်ခဲ့ရသည့် ကျွမ်းဝင် မျက်နှာတွေ မဟုတ်တော့ပြန်။ အထူးကုဆရာ ၀န်ကြီးက အထူးကုဆရာဝန်ကြီး ပြန်ဖြစ်သွား ပြီ။ ဆေးရုံအုပ်ကြီးက ဆေးရုံအုပ်ကြီးပြန်ဖြစ်သွား ပြီ။ ပါမောက္ခချုပ်ကြီးကလည်း ပါမောက္ခချုပ် မျက်နှာကြီးနဲ့။ ပါမောက္ခ၊ ဌာနမှူးကလည်း ပါမောက္ခ၊ ဌာနမှူးအမှတ်တံဆိပ် ရင်မှာချိတ်လို့။ ပြင်ပ အထူးကုဆေးခန်းပိုင်ရှင် ဆရာဝန်ကြီး ကလည်း သူ့မျက်နှာဖုံးနှင့်သူ အံကျ။
လူနာဦးကြီး၏ တစ်ပြန်တစ်လှည့် အားပေး လိုက်သည့် ရယ်မောသံကို ကျွန်တော်တို့ အားလုံး အချိန် တော်တော်ကြာထိ လိုအပ် နေဦးမည် ထင်သည်။
ဒေါက်တာအောင်ကြီး
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)...

ထောက်ခံစာ(ဒေါက်တာအောင်ကြီး)
ထောက်ခံစာ(ဒေါက်တာအောင်ကြီး)
၁။
ကျွန်တော်တို့ အလုပ်အကိုင် တစ်ခုခု အတွက်၊ ရာထူး တစ်ခုခုအတွက် လျှောက်လွှာ တင်ရရင် မိမိ အထက် လူကြီးရဲ့ ထောက်ခံစာပါ တစ်ပါတည်း ပူးတွဲ တင်ရတယ်။
လုပ်ငန်း ကျွမ်းကျင်ကြောင်း၊ အလုပ်ကို ရိုသေစွာ ထမ်းဆောင်ကြောင်း၊ ဆက်ဆံရေး ပြေပြစ်ကြောင်း၊ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း၊ ဌာနမှာ ဦးစီး ခေါင်းဆောင်မှု ပေးနိုင်ကြောင်း စသဖြင့် စသဖြင့်။ ၀န်ထမ်း လောကမှာ ၀ဖ လို့ အသိများတယ်။ မိမိ အရည်အသွေးကို အထက်လူကြီး အကဲဖြတ်တဲ့ မှတ်ကျောက်ပေါ့။ အထက် လူကြီး လုပ်တဲ့သူက ကိုယ့်လုပ်ဖော်ကိုင်ဖက် တပည့် တစ်ဦးဦးရဲ့ အရည် အသွေးကို အကဲဖြတ်ရတာပဲ။
ဘာခက် တာမှတ်လို့ ဆိုစရာရှိတယ်။ မခက်လှသော်လည်း မလွယ်လှပေဘူးဗျ။ ကျွန်တော် တာဝန်ခံ ဆရာဝန်ကြီး ဖြစ်စ နုစဉ် ကာလမှာ ကိုယ် တကယ်တော် တယ်ထင်တဲ့ တပည့် တချို့တလေကို အမှတ်တွေ တစ်ပုံကြီး ပေးချလိုက်တာ ဆရာ့ဆရာက ကျွန်တော့်ခေါ်ပြီး ထုပါ လေရော။ ၀န်ထမ်း တစ်ဦးဦးကို အမှတ် ရ၀ ထက်ပိုပေးရင် ဖြေရှင်းချက် တင်ရ သတဲ့။ (အမှတ်ပြည့်က ၁၀၀)။ အမှတ်ပေးတာ သိပ်နည်းပြန်ရင်လည်း ဖြေ ရှင်းချက်က မလွတ်ဘူး။ ဘာကြောင့် ဘာကြောင့် အမှတ်တွေ ပိုရကြောင်း၊ ဘာကြောင့် ဘာကြောင့် အမှတ်တွေ လျော့ရကြောင်း ရှင်းရလင်းရ အလုပ်တွေ ရှုပ်လှတာကြောင့် နောက်ပိုင်း ၀ဖ အမှတ်ပေးရင် ကြည့်ပေးရတော့တာ။
ဆရာကြီးတစ်ဦးကတော့ ရှင်းတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့၊ စာမေးပွဲဖြေဖို့ တပည့်တစ်ဦးဦးက ထောက်ခံစာ တောင်းလာခဲ့ရင် ရိုက်ပြီးသား ပုံစံမှာ တပည့်နာမည် ကောက်ဖြည့် လိုက်ရုံ။ ပြီးတော့ သူ့လက်မှတ်ကောက် ထိုးလိုက်ရုံ။ တပည့်တိုင်း အတွက် ထောက်ခံစာက တစ်ပုံစံတည်း။ စာသားကလည်း တစ်ပုံစံတည်း။ မိကောင်းဖခင် သားသမီးဖြစ်ကြောင်း၊ အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ပြောတတ်ရေးတတ်ကြောင်း၊ လုပ်ငန်း ကျွမ်းကျင်ကြောင်း၊ လက်ရှိ လျှောက်ထားတဲ့ ရာထူးနဲ့ အလုပ်နဲ့ သင့်တော်ပါကြောင်း။ အားလုံး တစ်ဖြတ်တည်း။ ဒီလို တူလွန်းလို့ ပြဿနာ တက်ရတာရှိတယ်။
တစ်ခါက တပည့် တစ်ဦးက ဆရာမကြီး တစ်ဦးဆီမှာ ထောက်ခံစာ လာတောင်းသတဲ့။ နိုင်ငံခြား ဆေးရုံ တစ်ခုမှာ အလုပ်လျှောက်ဖို့။ ဆရာမကြီးက ခပ်ပျင်းပျင်း။ ဒါနဲ့ ဘယ်သူ့ဆီက ထောက်ခံစာ တောင်းခဲ့သေးတုံးလို့ မေးတော့ တပည့်က တခြား ဆရာမကြီး တစ်ဦးဆီက ထောက်ခံစာ တောင်းခဲ့ပြီးကြောင်း တင်ပြ လိုက်ပါတယ်။
“ဒါဆိုရင် အဲဒီအတိုင်း ပြန်ရိုက်ခဲ့။ ခေါင်းစီးတော့ ကိုယ့်နာမည် ပြောင်းလိုက်ပေါ့”
ဆိုလို့ တပည့်ခမျာ မတတ်သာဘဲ ဆရာမကြီး စေလိုရာ စေတာ နာခံလိုက်ရပါတယ်။ ဟိုရောက် တော့ အဲဒီထောက်ခံစာ အမြွှာပူးကို အလုပ်လျှောက်လွှာနဲ့ အတူ ပူးတွဲ တင်လိုက်ပါသတဲ့။ ဒီမှာ ပြဿနာ ကစတော့တာ။ နိုင်ငံခြား ဆေးရုံကြီးက တာဝန်ရှိ ပုဂ်္ဂိုလ်တွေ စိစစ်လိုက်တော့ ထောက်ခံစာ နှစ်ခုက မသင်္ကာဖွယ်ရာ ထပ်တူ ဖြစ်နေတယ်။ လက်မှတ်နဲ့ ခေါင်းစီးပဲ ကွဲနေတာ။ နှစ်ခုမှာ တစ်ခုက အတု သို့မဟုတ် အကြံအဖန် ဖြစ်မယ်လို့ ကောက်ချက်ချ ပြီးသကာလ ဆေးရုံ တာဝန်ရှိသူတွေက ထောက်ခံ စာ ရေးပေးတဲ့ Referee နှစ်ဦးအနက် တစ်ဦးကို စာရေးပြီး စုံစမ်း မေးမြန်းပါလေသတဲ့။ မသင်္ကာလို့ စုံစမ်းမေးမြန်း ခံရတဲ့ ဆရာမကြီးက မူလ ပထမ ပင်ရင်း အော်ရီဂျင်နယ် ထောက်ခံစာရေး ပေးလိုက်တဲ့ ဆရာမကြီး။ ဓာတ်ဆီကန်ထဲ မီးပွား ကျသွားတာပလေ။ အဝေးရောက် တပည့်ခမျာ အမိနိုင်ငံက ဆရာမကြီးကို လှမ်းတောင်းပန်ရ၊ အဝေးက လှမ်းကန်တော့ရ။ အတော်ဗျာများသွား ရှာလေသတဲ့။ ထောက်ခံစာ ထပ်တူကျလို့ ပြဿနာ တက်ရပုံ။
ထောက်ခံစာ ရေးပေးရာမှာ တပည့် ဖြစ်သူရဲ့ အရည်အသွေးကို သေချာ မစိစစ်ဘဲ ကောက်ရေး လိုက်လို့ ပြဿနာ တက်ရတဲ့ ဆရာကြီး တစ်ဦးရဲ့ အဖြစ်ကလည်း တစ်ဘာသာ။ ဒီမှာလည်း နိုင်ငံ ရပ်ခြား စာမေးပွဲ သွားဖြေတဲ့ တပည့် တစ်ဦးကို ထောက်ခံစာ ရေးပေးရတဲ့ ကိစ္စပါပဲ။ ဆရာကြီးက သူ့တပည့်ကို ထောက်ခံရာမှာ (Command of English) အင်္ဂလိပ်စာ ကျွမ်းကျင်မှု ရှိတယ်လို့ ပိုပိုသာသာ ရေးလိုက်မိတယ်။ တပည့်က ဟိုမှာ စာမေးပွဲတွေ ဖြေရာမှာ အဆင် မချောလှဘူး။ တစ်ခုပြီး တစ်ခု လှည့်ပတ် ကျနေတာ။
စာစစ်သူတွေရဲ့ မှတ်ချက်က ဒီကျောင်းသားဟာ လူနာနဲ့ ဆက်သွယ် ပြောဆိုရာမှာ၊ စာစစ်သူတွေနဲ့ ပြောဆိုဆက် ဆံရာမှာ Communication Skill အားနည်းတာ တွေ့ရသတဲ့။ အဲဒီ အစီရင်ခံစာကို ထောက်ခံစာ ရေးပေးလိုက်တဲ့ Referee ဖြစ်သူ ဆရာကြီးဆီကို ဟိုကကောလိပ်က လှမ်းပို့လိုက်တာ။ မှတ်က ရော။ အဲဒီနောက်ပိုင်း ဆရာကြီးခမျာ မတတ် သာလွန်းမှဘဲ တပည့်တွေကို ထောက်ခံစာ ရေးပေးပါ လေတော့တယ်။ ရေးရင်လည်း တော်တော် ကို စိစိစစ်စစ်လုပ်ပြီးမှ ရေးတော့တာ။ သူတို့နိုင်ငံ မှာ Referee လုပ်တဲ့ အထက်လူကြီးဆီ ထောက်ခံ စာတောင်းရင် သူတို့က လွယ်လွယ်နဲ့ ရေးမပေးဘူး။ သေချာလေ့လာ စုံစမ်းပြီးမှ ရေးတယ်။ ရေးရင်လည်း မညာဘူး။ တည့်တည့်ရေးတယ်။ လူချင်း ဘယ်လောက်ခင်ခင်။ တွေ့တယ်မဟုတ် လား။ ထောက်ခံစာ ရေးရတာ မလွယ်ရေးချ မလွယ်။ တကယ် ရေးရရင် ခက်မှခက်။
၂။
ကျွန်တော်က ဒါကို စွဲစွဲမြဲမြဲ မှတ်ထားတယ်။ ကိုယ့်အလှည့်ရောက်ရင် ဒါမျိုး မမှားမိဖို့။ထောက် ခံစာရေးခိုင်းတဲ့ တပည့် တစ်ဦးချင်းစီရဲ့ အားကောင်းတဲ့ အချက်၊ ထူးခြားတဲ့ စရိုက် လက္ခဏာ လေးတွေ စဉ်းစားပြီး မှတ်မှတ်သားသားထည့် ရေးတယ်။ တပည့် တစ်ဦးက အဝတ်အစား ၀တ်ရာမှာ သပ်သပ်ရပ်ရပ် ချပ်ချပ်ရပ်ရပ် ရှိတယ်။ (Impeccable taste) ဒါကို ကျွန်တော် ထည့်ရေးတယ်။ တပည့်တစ်ဦးက နည်းနည်း နားလေးတယ်။ တကယ်က တော်တော် လေးတာပါ။ ဒါကို တမင်တကာ ထည့်ရေးလိုက်တယ်။ ဟိုနိုင်ငံမှာ အလုပ်လုပ်ရင် ကိုယ်က မကြားလို့ ပြန်မဖြေတာကို တလွဲ အထင်ခံရမှာ စိုးလို့။ တချို့တပည့် တွေက နှုတ်နည်းတယ်။ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တယ်။ ဒါကိုလည်း မှတ်တမ်း တင်ရတယ်။ မဟုတ်ရင် ဒီလူဆက်ဆံရေး ကျဲလှချေလား အထင်ခံရမှာ။ တပည့်တစ်ဦးက တော်တော့တော်တယ်။ ကြိုးကြားကြိုးကြား ဖောက် ဖောက်ပြီး ထွက်တွေးတတ်တယ်။ အဲဒီလို တွေးတဲ့ အခါမှာလည်း သူချည်းမှန်ပြီး တစ်လောကလုံး မှားတယ် ထင်သေးတာ။ မျက်လုံးကြီး ပြူးပြူးပြီး ငြင်းတတ်ခုံတတ်သေးတာ။ ဒီလို တပည့်မျိုး ကိုလည်း အတွေးအခေါ် ရဲရင့်လှကြောင်း၊ တစ်ချီ တစ်ချီ ထိန်းပေးဖို့တော့ လိုကြောင်း ခပ်ဝေ့ဝေ့ ရေးရပြန်ရော။ အလုပ်သင် ဆရာဝန် ဘဝမှာ တစ်ဖက်က အလုပ် လုပ်သလောက် တစ်ဖက်က ခပ် ကြောင်ကြောင် တွေးခေါ်ပြုမူ တတ်တဲ့ တပည့်တစ်ဦး ကုမ္ပဏီ တစ်ခုမှာ အလုပ်လျှောက်ဖို့ ထောက်ခံစာ တောင်းလာတယ်။
ကျွန်တော်က ဒီသူငယ် လေးဟာ တော်သော်လည်း စိတ်ကလေးက တတုံတတုံ ထခုန်တတ်ကြောင်း၊ အကြောင်း မသိတဲ့ လူတွေကတော့ ဒါကို ကြောင်ကွက်လို့ ယူဆစရာ ရှိကြောင်း၊ ခင်ဗျားတို့လို အတွေးသစ် အမြင်သစ် ဦးစားပေးတဲ့ ကုမ္ပဏီ အနေနဲ့ ဒါဟာ ကောင်းကွက် (Asset) ဖြစ်သွားနိုင်ကြောင်း ဘာညာသာ ရကာ ရေးရတာပေါ့။
ကျွန်တော် ပထမ လက်ထောက်ဆရာဝန် ဘဝတုန်းက ဆေးထောက်ခံစာတွေ၊ ဆေးပင်စင် အတွက် ထောက်ခံစာတွေ တော်တော်များများ ရေးပေးရဖူးတယ်။ ဒါတွေက ကျွန်တော်တို့ အဆင့် ဆရာဝန်တွေ လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ တာဝန်ခံ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေသာ စွမ်းတဲ့ အမှုတွေပါ။ ကျွန်တော်တို့က ဆရာကြီး၊ ဆရာမကြီးတွေ ညွှန်ကြားတာတွေကို ပုံစံဝင်အောင် ဘောင်ဝင်အောင် လုပ်ပေးရရုံပါ။ ကျွန်တော့် ဆရာကြီးက လွှတ်သနားတတ်တယ်။ သဘောကောင်းတာလည်း လွန်ပါရော။ ရုံးထဲခွေးတွေ ၀င်အိပ်နေတာတောင် မောင်းထုတ် တတ်တဲ့သူ မဟုတ်ဘူး။ ကျွန်တော်တို့က လူမိုက် ၀င်လုပ်ရတာ။ ဆေးပင်စင် လျှောက်တဲ့သူတွေက ဆရာကြီး သဘောကောင်းတာ၊ သနားတတ်တာကို အစွမ်းကုန် အသုံးချကြတော့တာ။
ဆရာကြီးက ဒီလူတွေဆီက ဘာကိုမှ မျှော်ကိုးပြီး လုပ်ပေးတာ မဟုတ်ရှာပါဘူး။ သနားတာ တစ်ခုတည်း။ ချစ်တာ တစ်ခုတည်း။ ကျွန်တော့်မှာ ကြားက လက်ညောင်းရ၊ စိတ်ညောင်းရ။ တစ်ခါက စာရေးမ တစ်ဦး ဆေးပင်စင် လာတင်တယ်။ ဘာရောဂါကြောင့် ဆေးပင်စင် လိုချင်တာတုံး မေးတော့ ရုံးစာတွေ ရေးရတာ လက်ညောင်းလို့ လက်ကိုက်လို့တဲ့ဗျ။ လေးဖက်နာတဲ့။ ဒီလို တမ်းသာဖြင့် ဆေးစာတွေ တွင်တွင် ရေးနေရတဲ့ ကျွန်တော့်ခမျာ ဆေးပင်စင် ၁၀ ကြိမ် ယူလို့ရနေပြီ။ လူနာ ကြည့်လိုက်တော့ ကျွန်တော့်ထက်တောင် ကျန်းမာရေး ကောင်းပုံရသေး။
အသက် ၄၄။ အပျိုကြီး။ လူက ခပ်ဖိုင့်ဖိုင့်။ ဆွဲကြိုးကြီးက ခပ်တုတ်တုတ်။ လက်ကောက် သံက တချွင်ချွင်။ ရှိစေတော့။ ဆေးဘုတ်က လက်ခံနိုင်လောက်တဲ့ရောဂါ (Respectable Diagnosis) တစ်ခုခုတပ်ပြီး တင်ပေးရမှာ။ လမ်းဆုံးတော့ ရွာတွေ့ ဟုတ်ပေါင်။ ရောဂါရှာတော့ ရောဂါတွေ့ပေါ့။ တွေ့တဲ့ ရောဂါကို ဖွဲ့နွဲ့ သီကုံး မှုန်းခြယ်ပြီး ရေးချလိုက်တာ လျှောက်လွှာ နှစ်မျက်နှာစာ။ ဆေးပင် စင်ရရင် ဘာလုပ်မှာတုံးမေးတော့ စျေးချိုမှာ အထည်ဆိုင် ဖွင့်မလို့တဲ့ဗျ။ ပင်စင်လစာ မဖြစ်စလောက်လေးက ဘာလုပ်မှာတုံး ထပ်မေးတော့ မုန့်ဖိုး ပဲဖိုးပေါ့ ဆရာရယ်တဲ့။ သြော် သနားစရာ မုန့်ဖိုး ပဲဖိုးလေးမှ မရှိရှာ။ အဲဒီ လူနာရဲ့ ဆေးပင်စင် ထောက်ခံစာကို အမှတ်မထင် ဖတ်လိုက်ရတဲ့ သူငယ်ချင်း ဆရာဝန်က သို့ကလို မှတ်ချက်ချတယ်။
“ကိုအောင်ကြီး စာရေးကောင်းလွန်းလို့ ကျွန်တော်တောင် ဆေးပင်စင်ယူ ချင်စိတ် ပေါက်ပြီဗျ”
တဲ့။ ကျွန်တော် စာရေးသူ ဘဝ ရောက်အောင် တွန်းပို့တဲ့ အကြောင်းခြင်း တတွေထဲမှာ ဒါက တစ်ခုသော အကြောင်းလို့ ယူမှတ် ရမှာပ။ ဟုတ်ပ။
၃။
ထောက်ခံစာ ဆိုလို့ ကျွန်တော်တို့ ငယ်နုစဉ်တုန်းက ဖတ်ခဲ့ရတဲ့ ငွေတာရီ မဂ္ဂဇင်းဝတ္ထုတိုတစ်ပုဒ်ကို သတိရမိတယ်။ ဘာသာပြန် ၀တ္ထုတို။ ဘာသာပြန် သူက သိပ္ပံစိုးလှ။ ၀တ္ထု နာမည်က ထောက်ခံစာ တဲ့။ ရုရှားလူမျိုး ကမ္ဘာကျော် ဆရာဝန် စာရေးဆရာ ဂျော့ဆဗား (George Sava) ရဲ့ဝတ္ထုတို။ သူ့ကိုယ်တွေ့ ဖြစ်ရပ်။ သူအီတလီမှာ ဆေးကျောင်းတက်တုန်း။ ဘဝတစ်ကွေ့ မမေ့ရက်နိုင်။ သူ ဒုတိယနှစ် ကျောင်းသားဘဝ အစာအိမ် သွေးယိုလို့ ဆေးရုံ တက်ရတယ်။ ကျောင်းတက်ရင်း တစ်ဖက်က အလုပ် လုပ်ရတော့ အစားမမှန်၊ အအိပ်မမှန် ဖြစ်ပြီး အစာအိမ်နာ စွဲကပ်ခံရတာ။
သူ့ရောဂါကို ခွဲစိပ် ကုသမှု လုပ်ရမလား၊ စားဆေး ထိုးဆေးနဲ့ ကုရမလား။ ဆရာဝန်ကြီးတွေ ခေါင်းချင်း ရိုက်ကြရင်းက
“ဒီကလေး နာလန်ထူလာရင်လည်း အလုပ်ပင်ပင်ပန်းပန်း လုပ်နိုင်တော့ မယ် မထင်ဘူး”
လို့ ဆရာဝန်ကြီးတွေ ပြောသံ ကြားလိုက်ရတော့ သူတော်တော်အားငယ် သွားတယ်။ ဒီတစ်သက် သူဆရာဝန်မှ ဖြစ်ပါဦးမလား။ သူက အလုပ်လုပ်မှ ပိုက်ဆံရမှာ။ ပိုက်ဆံရမှ ဆေးကျောင်းဆက်တက် နိုင်မှာ။ ဒီလိုနဲ့ မခွဲမစိတ်ရဘဲ နာလန် ပြန်ထူလာတယ်။ လူက ခပ်ယဲ့ယဲ့။ သူ့ဆရာက သူ့အတွက် စဉ်းစားတယ်။
“မင်း ပညာသင်ဆု လျှောက်ကြည့်ကွာ”
တဲ့။ ပညာသင်ဆုက အီတလီ တစ်နိုင်ငံလုံး မှ ၃ ဆုတည်း ပေးတာ။ နိုင်ငံခြားသား လက်မခံဘူး။
“မင်းကိုတော့ ခြွင်းချက် အနေနဲ့ လက်ခံဖို့ ငါပြောကြည့်မယ်”
တဲ့။ ဒီလိုနဲ့ စာမေးပွဲ ကျင်းပမယ့် ရောမကို သူ ရောက်သွားတယ်။ သူ မသွားခင် ဆရာက သူ့ကို စာတစ်စောင် စာအိတ်ထဲ ထည့်ပေးလိုက်တယ်။ ပညာသင်ဆု ရွေးချယ်ရေး ဘုတ်ဥက္ကဋ္ဌဆီ ကို ရေးပေးလိုက်တဲ့စာ။ စာကို လှမ်းပေးရင်း သူ့ဆရာက
“အဲဒီ ဘုတ်ဥက္ကဋ္ဌနဲ့ ဆရာနဲ့ သိပ်တော့ မတည့်ဘူးကွဲ့။ မင်းကံကောင်းပါစေကွယ်”တဲ့။
သူ့ဆရာ ဘာတွေ ရေးပေးလိုက်တာပါလိမ့်။ သူဖွင့်မကြည့်ရဲ ဖတ်မကြည့်ရဲ။ ထောက်ခံ စာနေမှာပေါ့လေ။ ကိုယ့်တပည့်တော်ကြောင်း တတ်ကြောင်း၊ တတ်နိုင်သရွေ့ ကြည့်ရှုစောင့် ရှောက်စေလိုကြောင်း ဒါတွေ ရေးလိုက်တာ နေမှာပါ။ ဒီစာပေးလိုက်ခါမှ ဘုတ်ဥက္ကဋ္ဌကြီးက ငါ့ကို အထင်သေးနေပါဦးမယ်။ ဒီစာကို မပေး တော့ပါဘူးလို့ သူ့ဘာသာသူ ဆုံးဖြတ်လိုက် သတဲ့။
ဒီလိုနဲ့ပထမနေ့ ရေးဖြေ စာမေးပွဲ သူ ဖြေတယ်။ ဖြေဆိုသူ တစ်ဝက်ကျော်ကျော် ကျတယ်။ သူအောင်တယ်။ ဒုတိယနေ့ ရေးဖြေထပ်ဖြေရ။ တစ်ဝက် ကျော်ကျော်ထပ်ကျ။ သူ အောင်တယ်။ တတိယနေ့က နှုတ်ဖြေ စာမေးပွဲနေ့ သူ့ကို စစစ်တော့ ဆေးကျောင်းသား ဒုတိယနှစ်မှာ ပြဋ္ဌာန်းတဲ့ စာတွေမေးတယ်။ သူ ကြိုးစားဖြေတယ်။ ဒါနဲ့ တစ်ဆင့်တက်ပြီး မေးပြန်တယ်။ သူကြိုးစားဖြေတယ်။ သူချွေးတွေ ပြန်နေပြီ။ နောက်တစ်ဆင့် တက်ပြီး မေးတော့ ဘုတ်ဥက္ကဋ္ဌ ဆရာကြီးကိုယ်တိုင် ပါလာပါရော။ သူ ကြိုးကြိုးစားစား မလျှော့ တမ်းဖြေတယ်။ သူဖြေနိုင်လေလေ ဘုတ်ဥက္ကဋ္ဌ ကြီးရဲ့မျက်နှာမှာ မကျေနပ်ကြောင်း ထင်းထင်း ကြီး ပေါ်လာလေလေ။ မေးခွန်း အသစ်တွေ တစ်ထွေးကြီးနဲ့ ထပ်ကာထပ်ကာ ပစ်ပေါက်လေလေ။
သူ့အကျႌအိတ်ကပ်ထဲက သူ့ဆရာကြီးရဲ့ထောက် ခံစာလေးကို သတိရမိတယ်။ ဘုတ်ဥက္ကဋ္ဌကြီးကို ဒီစာမပေးမိတာ မှားချေပြီပေါ့။ နောက်ဆုံးချွေး သံတရွှဲရွှဲနဲ့ စာမေးပွဲခန်းမ အပြင်ဘက်ရောက် လာတယ်။ ဘယ်လို ရောက်လာမှန်းတောင် သူ သေသေချာချာ မသိလိုက်ဘူး။ ဟိုတယ်ပြန် ခဏ နား၊ ညနေ အောင်စာရင်းလာကြည့်တော့ စာမေး ပွဲခန်းမ အပေါက်စောင့် အဘိုးကြီးက သူ့နာမည် တကြော်ကြော် အော်ခေါ်နေသံ ကြားလိုက်ရ တယ်။ ဘာများပါလိမ့်။ ရေးကြီးသံပြာ။
“မင်းကို ဘုတ်ဥက္ကဋ္ဌကြီးက တွေ့ချင်လို့တဲ့ ဟေ့”
သူ ၀မ်းသာအားရ စာမေးပွဲ ခန်းမထဲ ပြေးဝင်လိုက်တော့ ဆရာကြီးက ထလာပြီး
“ငါ့တပည့်ကို ဆရာ ဂုဏ်ပြုပါတယ်ကွာ”
ပြောပြီး လက်ဆွဲ နှုတ်ဆက်သတဲ့။ သူ အောင်ပြီ သူ အောင်ပြီပေါ့။ သူ့မှာ မျက်စိတွေ ရီမှောင်ပြာဝေသွားခဲ့။
“မင်းကို ချီးကျူးပါတယ်ကွာ။ ဆရာတို့ ကလည်း မေးကောင်းကောင်းနဲ့ မေးချလိုက်တာ။ မင်းကလည်း ဖြေနိုင်နေတာကိုးကွ။ ဒါနဲ့ စကားမစပ် မင်းက ဘယ်သူ့ တပည့်လဲ” လို့မေးတယ်။
“ပါမောက္ခဘူချီရဲ့ တပည့်ပါ ဆရာကြီး။ ကျွန်တော့်ဆရာက ဆရာကြီးကို စာတစ်စောင် ပါးလိုက်သေးတယ်ဗျ”
လို့ပြောပြီး သူ့ဆရာရဲ့စာကို ရိုရိုသေသေ လှမ်းပေးလိုက်ပါတယ်။ ဘုတ်ဥက္ကဋ္ဌကြီးက လေ သံတိုးတိုးနဲ့
“သြော် မင်းက ဘူချီရဲ့တပည့်ကိုး”
လို့ ရေရွတ်လိုက်သတဲ့။ ဥက္ကဋ္ဌကြီးက စာကို ဖတ်ကြည့်ရင်း ပြုံးလိုက်သတဲ့။
“ဒီစာကို စောစောက ဘာလို့ မပေးတာလဲ”
လို့မေးတော့ သူက
“ဆရာကြီးတို့ဆီက အခွင့်အရေး ပိုယူသလို ဖြစ်မှာစိုးလို့ ခင်ဗျ”
လို့ဖြေတယ်။
ဆရာကြီးက
“ရော့ ရော့ မင်းဆရာရဲ့စာကို ဖတ်ကြည့်ပါဦးကွယ်”
ဆိုတာနဲ့ ဆရာ့စာကို သူဖတ်ကြည့်လိုက်တော့
“ငါ့တပည့် ရုရှားလူမျိုး ကျောင်းသားကို နိုင်အောင် စစ်ပေတော့။ လွယ်လွယ်နဲ့ စာမေးပွဲချလို့ ရမယ့်ကောင်တော့ မဟုတ်ဘူး”
ဒါပဲ။ သူ ဒုတိယ အကြိမ် မျက်စိတေ ွဝေဝါး သွားရပြန်။ တပည့်ကို ယုံကြည် စိတ်ချလှတဲ့ မိမိ ဆရာကြီးက တစ်ဖက်လူ အပေါ် စိန်ခေါ် ကြံုးဝါးသံ။
၄။
မိမိတပည့် သားမြေးတွေကို ထောက်ခံစာ ရေးပေးဖို့ဟာ လွယ်လင့်တကူ ကိစ္စ ဟုတ်သေးရဲ့လား။
“မလွယ်ဘူး ကျောင်းအမရေ့” လို့ အော်ရမလို။
လူတစ်ဦးကို ထောက်ခံစာ ရေးပေးဖို့ဆိုတာ တကယ့် တကယ် မလွယ်ရေးချ မလွယ်ဘဲ။ သူ့ကို ကိုယ်က တကယ် ပတ်ပတ်နပ်နပ် သိရဲ့လား။ ကိုယ်က အလုပ်ထဲက သူ့ဘဝကိုသာ သိနေတာလေ။ သူ့လူမှုရေး၊ အတွေးအခေါ်၊ တန်ဖိုးထားမှု သူ့အခြားတစ်ဖက်က ဘဝတွေကို ကိုယ်မှ မသိနိုင်တာ။ ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ ဆရာဝန် တစ်ဦးဦးရဲ့ လုပ်ရပ်နဲ့ ကျွမ်းကျင်မှုကို အကဲဖြတ်ရာမှာ ၃၆၀ ဒီဂရီ အကဲဖြတ်မှု ဆိုတာ သုံးဖို့ အကြံ ပြုလာကြတယ်။ ဆရာဝန် တစ်ဦးရဲ့လုပ်ရပ်၊ ကျွမ်းကျင်မှုကို သူ့အထက်ဆရာ ၀န်ကြီး တစ်ဦးကပဲ ဆုံးဖြတ်တာ၊ အကဲဖြတ်တာ ပြည့့်စုံ လုံလောက်မှု မရှိဘူး ဆိုတာ သိလာကြပြီလေ။ တချို့သော တပည့်တွေက ဆရာကြီးနဲ့ သင့်အောင်ပေါင်းပြီး ကျန်တဲ့ လူတွေကို လှည့်ပတ်နှိပ်စက် တတ်တာ။
ဒါကြောင့် ဆရာဝန် တစ်ဦးတော်မတော်၊ ကောင်း မကောင်းကို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကရော၊ ဆရာမတွေကရော၊ အလုပ်သမားတွေကရော၊ သူ ထိတွေ့ ရတဲ့ ဓာတ်မှန် ဓာတ်ခွဲခန်း ကျွမ်းကျင်သူတွေကရော အားလုံးက ၀ုိင်းအကဲဖြတ် အမှတ် ပေးကြရတယ်။ အရေးအကြီးဆုံးက လူနာတွေရဲ့မှတ်ချက်ပဲ။ လူနာတွေရဲ့အထင်အမြင်က အခရာ။ ဒီလို ထက် အောက် ဘေးဘီဝန်းကျင်က သုံးသပ် ဆုံးဖြတ်မှ လူတစ်ဦးရဲ့အခြေအနေမှန်ကို သိရမှာ။ အခြေအနေ အမျိုးမျိုး အောက်မှာ သူဘယ်လို လှုပ်ရှားသလဲ။ သူဘယ်လို တုံ့ပြန်သလဲ။ သူဘယ်လို ဖြေရှင်းသလဲ။ သူ ဘယ်လို ဦးဆောင်သလဲ။ သူဘယ်လို ရုန်းထသလဲ။ သူ ဘယ်လို ဖြေသိမ့်သလဲ။ သူ ဘယ်လို ညှိယူသလဲ။ ဒီလိုရှုထောင့် ပေါင်းစုံကနေ ကြည့်မြင်သုံးသပ် ဆုံးဖြတ်တာကို ခံရမှာ။ မှတ်ကျောက်က ကြီးမှကြီး ကျယ်မှကျယ်။
ခင်ဗျားတို့ ကျွန်တော်တို့ရော ဒီလို ကြီးကြီးကျယ်ကျယ် မှတ်ကျောက်နဲ့ တိုက်ကြည့်ရင် ခံနိုင်ပါ့မလား။ ပါမောက္ခ ဘူချီရဲ့တပည့်ကျော်လို မပဲ့မရွဲ့၊ မတိမ်းမစောင်း ပန်းပန်လျက်သား ကျန်ခဲ့ပါ့မလား။ ကိုယ့်ဘဝနဲ့ ပညာကို တကယ့် မှတ်ကျောက်နဲ့ အတိုက်ခံကြည့်ဖို့ နေနေသာသာ ဒီလိုမျိုး တွေးကြည့်ရ တာနဲ့တင် ရင်က ထိတ်လှပေါ့။
ဒေါက်တာအောင်ကြီး
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

ဓါတ်ပုံက ကွယ်သွားသော အရာ(ဒေါက်တာအောင်ကြီး)

ငယ်ငယ်တုန်းက ရိုက်ထားသော ဓာတ်ပုံတွေကို ငယ်ရွယ်စဉ်က မကြာခဏ ဆိုသလို ကြည့်ဖြစ်သော်လည်း အသက်အရွယ် ရလာသည့် အချိန်တွင်မူ တစ်ခါတစ်ရံမှ ကြည့်ဖြစ်သည်။ ရိုက်ထားသော ပုံတွေကလည်း များလှသည်မဟုတ်။ တစ်နှစ်တစ်ပုံတောင် မရိုက်ဖြစ်တာများသည်။ ဒစ်ဂျစ်တယ်ကင်မရာ မပြောနှင့်။ ဖလင်နှင့်ရိုက်ရသော ကင်မရာပင်လျှင် ရှားပါးပစ္စည်း စာရင်းဝင်။ ဓာတ်ပုံရိုက်လိုက ဓာတ်ပုံဆိုင်သို့ ကြွချီပြီး တကူးတက သွားရိုက်ရသည့် ခေတ်ကြီး။ ကျွန်တော်တို့ မောင်နှမတစ်စု ဓာတ်ပုံ အဖေရိုက်ခိုင်း၍ သွားရိုက်ရဖူးသည်။ သူငယ်ချင်း ကုလားတွေ အိန္ဒိယပြန်ခါနီး နှုတ်ဆက်ဓာတ်ပုံ ရိုက်ဖူးသည်။ လူရည်ချွန်ဝတ်စုံပြည့်နှင့် ရိုက်ဖူးသည်။ အဓိက ရိုက်ရတာက ပတ်(စ)ပို့ဆိုက် ကိုယ်တပိုင်းပုံ။ ဒီလောက်သာပါပဲ။ ဓာတ်ပုံ ရိုက်ရတာက တကူးတက သီးသီးသန့်သန့် လုပ်ရသည့် ကိစ္စ။ ဓာတ်ပုံမရိုက်ခင် ပြင်ရဆင်ရတာတွေကလည်း တစ်မှောင့်။ အမေက ကျွန်တော့်ခေါင်းက ကတုံးဆံတောက်ကို ဆီရွှဲအောင် လိမ်းစေ့ချင်သည်။ တစ်ခါတစ်ရံ ဆီက ခေါင်းပေါ်မှ ခြေချော်ပြီး နဖူးပေါ် လိမ့်ဆင်း နေရာယူလျက်သား။ လက်နှင့်မကြာခဏ သုတ်ပစ်ရတာ သတိရမိသေးတော့။ ဓာတ်ပုံဆိုင်ကလည်း အဖေ သတ်မှတ်ထားသည့်ဆိုင်။ 'ရန်း' ဓာတ်ပုံတိုက်။ ဆိုင်ရှင် တရုတ်ကြီးက ရိုက်ကူးမည့် သူတွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်လက်ရှည် ပြင်ဆင်ပေးသည်။ သူစိတ်တိုင်းမကျမချင်း မရိုက်။ ကျွန်တော်တို့အားလုံး မီးရောင် စူးစူးရဲရဲအောက်မှာ လူအိုက်စိတ်အိုက်။ ကျွန်တော်တို့လိုလူကို ဘယ်လိုပြင်ပြင် ဘာ'ရုပ်'မှ ထွက်လာစရာ မရှိ။ သို့သော် သူကတော့ လူတိုင်းကို တူတူညီညီ ပြင်ဆင်ပေးတာပဲ။ မျက်နှာကို ပေါင်ဒါ ဖို့ရသေးသဗျ။ ဓာတ်ပုံဆရာကြီးက လူရဲ့ အနေအထားကိုပြင်လိုက်၊ မီးထိုးကြည့်လိုက်၊ အလင်းအမှောင်ချိန်လိုက်၊ ပုဆိုးစ ထမီစ ဆွဲဆန့်လိုက်၊ ဓာတ်ပုံရိုက်ရင် ခေါင်းတစ်ခြမ်း စောင်းနေတတ်တဲ့ ကျွန်တော့်ခေါင်းကို တတိယအကြိမ်မြောက် လာတည့်မတ်ပေးလိုက်။ ကျွန်တော်တို့အားလုံး အသက်တောင် ရဲရဲမရှူဝံ့ရှာ။ သူက သုံးချောင်းထောက် ကင်မရာကြီးကို လွှမ်းထားသည့် အဝတ်နက်ကြီးအောက် ၀င်ရောက် ပျောက်ကွယ်သွားပြီး တော်တော်ကြာကြာ ချိန်နေပြန်သည်။ အဖေက ဒီလို စေ့စပ်သေချာတာကို သဘောကျတာနေမှာ။ ဒီအဘိုးကြီးကလည်း အဖေ့စိတ်ကြိုက် ကျွန်တော်တို့တတွေကို 'ပညာပေး' နေလေသလား မသိ။ သူချိန်တာ စိတ်တိုင်းကျမှ အဝတ်အောက်က ထွက်လာပြီး မှန်ဘီလူး အဖုံးကို လက်နှင့်ကိုင်သည်။ ပြီးမှ ဒီတည့်တည့်ကြည့်နော် ပြောပြီး အဖုံးကို ဖြတ်ခနဲခွာလိုက်၊ ချက်ချင်း ပြန်စွပ်လိုက်သည်။ ပြီးပြီ။ ဒီအခါကျမှပဲ ဓာတ်ပုံရိုက်ကူးခြင်း အမှုကြီး ပြီးစီးပါလေသည်။
ဓာတ်ပုံဆရာကြီးကတော့ ဘယ်လိုနေမည် မသိ။ ဓာတ်ပုံ အရိုက်ခံရသူ ကျွန်တော်တို့ တတွေကတော့ ချွေးလေးစိုစို။ စိတ်ကလေးတိုတို။ အဲဒီတုန်းက ကျွန်တော့်ဓာတ်ပုံတွေ ပြန်ကြည့်ခဲ့ရင် ကင်မရာကို စူးစူးရဲရဲ စိုက်ကြည့်နေသော တင်းမာ လေးနက်သော မျက်နှာပေးနှင့် ကတုံးဆံတောက်ပိုင်ရှင် သူငယ်တစ်ဦးကို မြင်ရပါလိမ့်မည်။
ကျွန်တော်တို့ မင်္ဂလာဦး ဓာတ်ပုံတွေ၊ ယူကေ အမှတ်တရ ဓာတ်ပုံတွေ ကျွန်တော် ထုတ်မကြည့်ဖြစ်တာ ကြာပြီ။ မိတ်ဆွေကော ဘယ်နှစ်ကြိမ် ထုတ်ကြည့်ဖူးပါသလဲ . . .
တက္ကသိုလ် ရောက်တော့လည်း ဓာတ်ပုံ သိပ်မရိုက်ဖြစ်။ ကင်မရာကိုင်နိုင်သူ သူငယ်ချင်းတချို့ တွေ့လာရသည်။ သူငယ်ချင်း ကျော်ဆန်း ဆိုလျှင် ကင်မရာရူး။ ဓာတ်ပုံရူး။ သူ့လက်ရာတွေ သူ့စိတ်ကူးတွေ ကောင်းသည်ဟု ပြောကြသည်။ မိန်းကလေးဆောင်မှ ထွက်လာပြီး စာသင်ဆောင်သို့ သွားနေသော မိန်းမပျိုတစ်ဦးပုံက လက်ရာမြောက်လှသည်ဟု လူပြောများသည်။ ကျွန်တော်က ဓာတ်ပုံတစ်ပုံ ကောင်းသည် ညံ့သည် မဝေဖန်တတ်။ ဓာတ်ပုံလည်း ဖြောင့်အောင် မရိုက်တတ်။ သူငယ်ချင်းတွေနှင့် ဟိုဒီ သွားလည်ကြရင် အုပ်စုဖွဲ့ ဓာတ်ပုံ ရိုက်ကြသည့်အခါ ကျွန်တော့်ကို ဘယ်သူကမှ ကင်မရာသမား အဖြစ် တာဝန်ပေးခြင်း မခံရဘူးလေ။ (ဂုဏ်ယူစရာ)။ ကျွန်တော့် သူငယ်ချင်းတစ်ဦး ဆိုလျှင် ကျွန်တော့်ထက်ပင် အခြေအနေ ဆိုးလေသေး။ သူများတကာက ဓာတ်ပုံရိုက်ရင် ၁-၂-၃ ဟု အချက်ပေးပြီးမှ ကင်မရာခလုတ် နှိပ်သည်။ သူကတော့ ၁-၂-၃-၄-၅-၆-၇ ကျမှ ခလုတ်ကို ချက်ခနဲ နှိပ်တတ်သည့်သူ။ ဒီကြားထဲ ဓာတ်ပုံထဲက လူတွေမှာ မိုင်းမနင်းရပါဘဲ ခြေပြတ်လိုက်၊ ခေါင်းပြတ်လိုက်။ သူ့မာတာ မိခင်ကြီးက သူ့သား ဓာတ်ပုံရိုက်တိုင်း သို့ကလို မှတ်ချက်ချသည်။ 'မင်းကိုင်မဲ့ကင်မရာက Fool-proof လောက်နဲ့ တင်မရဖူးကွဲ့။ Idiot-proof လောက်မှရမယ်'တဲ့။ ချီးကျူးလိုက်ပုံက။ တော်တော့်ကို ရေရေလည်လည်တုံး သည့် ငတုံးတောင် ကောက်ရိုက်ရင် 'အလုပ်ဖြစ်'မဲ့ ကင်မရာမျိုး။
ဘွဲ့နှင်းသဘင်ကို ၁၉၇၈ မှာ ကျင်းပတုန်းက မှတ်မှတ်ရရ ဓာတ်ပုံ (၄)ပုံပဲ ရိုက်ဖြစ်သည်။ ပါမောက္ခချုပ်ထံမှ ဘွဲ့ယူနေပုံ၊ မိဘ ၂ ပါးနှင့်ပုံ၊ တစ်ယောက်တည်းပုံ၊ သူငယ်ချင်း တစ်ဦးနှင့်ပုံ။ ဒါပဲ။ ဘွဲ့နှင်းသဘင်မှ အပြန် ဆေးရုံ တောက်လျှောက်သွားပြီး အလုပ် ဆက်လုပ်တာ သတိရမိသည်။ ကျွန်တော့်ဘဝ တစ်သက်တာမှာ ဓာတ်ပုံတွေ အများကြီး ရိုက်ကူးတဲ့ အချိန်ကတော့ ယူကေ ပညာတော်သင်ဘဝ ပါပဲ။ ကိုယ်ကလည်းရိုက်၊ အရိုက်လည်းခံ။ စာမေးပွဲအောင်၊ အလုပ်ရပြီး ယူကေတစ်ခွင် လျှောက်လည်ကြတော့ ရိုက်လိုက်ကြတဲ့ ဓာတ်ပုံတွေ။ ရိုက်စရာတွေက များမှများ။ စုံမှစုံ။ ရှုခင်းတွေ၊ ပြတိုက်တွေ၊ သမိုင်းဝင် နေရာတွေ၊ စျေးတွေ၊ တက္ကသိုလ်တွေ။ ဒီကြားထဲ ဆရာသံစစ်က ကင်မရာအသစ်တစ်လုံး ၀ယ်လိုက်ပြီး သူ့ကိုင်ဆဲ ကင်မရာလေး ကျွန်တော့်ကို ချီးမြှင့်လိုက်လေတော့ ကျွန်တော် ကင်မရာပိုင်ရှင်ကြီး ဖြစ်သွားခဲ့ပေါ့။ ဖလင်သုံး ရိုက်ရတဲ့ ကင်မရာပါပဲ။ ရိုက်စမ်း။ ပြီးရင်ကူး။ ကူးရင် ဆိုင်က ဖလင်တစ်လိပ် အလကားပေးတယ်။ ထပ်ရိုက်။ ထပ်ကူး။ ဓာတ်ပုံ သံသရာ။ ဓာတ်ပုံတွေ အိမ်ပို့လိုက်တော့ အိမ်သူအိမ်သား ဇနီးမယား ၀မ်းသာကြ၊ ဂုဏ်ယူကြပေါ့။ ဓာတ်ပုံတွေထဲမှာ ကျွန်တော်တို့က အစွမ်းကုန် ပြုံးပြ၊ ပျော်ပြကြပေါ့။ ရင်ထဲမှာက မျက်ရည် တစ်ပိုင်းတစ်စ။ စာမေးပွဲ မအောင်ခင် သူငယ်ချင်းတစ်စု ရိုက်ထားတဲ့ပုံ မြန်မာပြည် ပို့လိုက်တုန်းက ဆရာကြီး တစ်ဦးရဲ့ မှတ်ချက်ကို ပြန်ကြားရတော့ ကျွန်တော့်မှာ အားတက်ခဲ့ရ။ 'ဒီထဲမှာ စာမေးပွဲအောင်မဲ့ကောင် ပါနေပြီ'တဲ့။ ဓာတ်ပုံသွားပြတဲ့ ဇနီးခမျာ ၀မ်းသာလုံးဆို့ရှာ။
ဓာတ်ပုံတွေရိုက်တော့ လူကို ဘယ်မှာ နေရာချမလဲ။ ထုံးစံကတော့ လူက ဓာတ်ပုံ အလယ်တည့်တည့်မှာ ထင်းထင်းကြီး နေရာယူတတ်ကြတာ။ ရှုခင်းက၊ အဆောက်အဦက နောက်ခံ အဖြည့်သဘောမျှသာ။ လူကကော ဘယ်လို Pose နဲ့ နေရမှာတုန်း။ သူငယ်ချင်းတစ်ဦးက 'ဓာတ်ပုံရိုက်ရင် ထားရတာ အခက်ဆုံးက လက်ဗျ'တဲ့။ လက်ကို ဘယ်မှာထားရမလဲ၊ ဘယ်မှာနေရာချရမလဲ ဆိုတာ သူ့အတွက် ပြဿနာ။ သူပြောကာမှ ကျွန်တော့်မှာ 'လက်ပြဿနာ' ပေါ်ပါလေတော့သည်။ အရင်တုန်းက အမှုမဲ့ ဘာသိဘာသာ လက်ကိုထားခဲ့တာ။ ခုတော့ လက်ထားရခက်ပြီ။
လက်ပိုက်ထားရမလား။ ဘေးချထားရမလား။ ဘောင်းဘီအိတ်ထဲ နှိုက်ထားရမလား။ သူငယ်ချင်းပခုံး ဖက်ထားရမလား။ လူသားအားလုံးကို လေးစားပါတယ်လို့ အူတူတူပြောပြီး လေထဲ မြှောက်ထားရလေမလား။ အခုမှ ဒုက္ခ။ လက်ကို စိတ်ထဲကဖျောက်ဖို့ အချိန်အတန်ကြာအောင် စောင့်ရလေသည်။ ဓာတ်ပုံ တွေထဲမှာ 'အလယ်လူ ထင်လင်းစွာ မင်းဖြစ်တော့သည်'ပုံစံတွေ မြင်ရတော့ ဆရာသံစစ်က သို့ကလို မှတ်ချက်ချသည်။ 'ခင်ဗျား ဓာတ်ပုံရိုက်ချင်တာက ခင်ဗျားရောက်ခဲ့တဲ့ နေရာဒေသ ပုံလား၊ အဆောက်အဦပုံလား၊ ပြတိုက်ပုံလား၊ တက္ကသိုလ်ပုံလား။ ဒါမှမဟုတ် ခင်ဗျားပုံကိုပဲ ထပ်ပြန်တလဲလဲ ရိုက်ချင်နေတာလား'တဲ့။ ဟ- ဟုတ်ပေသား။ မိမိပုံကိုပဲ အဖန်ဖန် ပြန်လှန် ရိုက်ချင်နေတာပါကလား။ 'ခင်ဗျားက ဓာတ်ပုံ ထောင့်တစ်နေရာမှာရပ်နေ။ ဒါမှ ရှုခင်း၊ အဆောက်အဦက ပီပီပေါ်မှာ။ ဒါမှ နောင်ဓာတ်ပုံကြည့်လိုက်ရင် ရှုခင်းနဲ့ ပတ်သက်တဲ့၊ အဆောက်အဦနဲ့ ပတ်သက်တဲ့ အတွေးစက ပေါ်လာမှာ'ဟု ဆက်လက် မိန့်ချွေပါလေသည်။ ကျွန်တော့်ဓာတ်ပုံ လမ်းကြောင်းပြောင်းဖို့ ဖြစ်လာသည်။ ဓာတ်ပုံတွေ ရိုက်နေတာ ဘာကိုရိုက်ချင်တာလဲဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
တစ်ခါက နာဂစ်ဒဏ်ခံ ပြည်သူတွေကို သွားရောက်ကူညီ စောင့်ရှောက်သည့် စေတနာဝန်ထမ်း တစ်စု၏ ဓာတ်ပုံမှတ်တမ်း တင်ဆက်မှု ကြည့်ရသည်။ အငြိမ်းစား ဆရာဝန်ကြီးတစ်ဦး ပါ၀င်သည့် အဖွဲ့။ ဆရာကြီး တင်ပြသည့် ဓာတ်ပုံတွေထဲမှာ ဆရာကြီးက ပုံတိုင်းလိုလိုမှာ ပြူးပြူးပြဲပြဲကြီး။ တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်။ အကြိမ်ပေါင်းများစွာ။ ကျွန်တော်တို့မှာ ဆရာကြီးပုံတွေနဲ့တင် မျက်စိက ညောင်းလှပြီ။ သူတို့အဖွဲ့၏ လုပ်ရပ်ကိုပင် ကောင်းကောင်း နားမထောင်မိတော့။ နားထောင်ဖို့ အားကလည်း မကျန်တော့။ ဓာတ်ပုံက တစ်ခုခုကို ဖုံးလွှမ်းသွားခဲ့ပြီ။ ကျွန်တော့်မှာ ဆရာကြီးအတွက် စိတ်မကောင်းဖြစ်မိ။ သူကတော့ ဘာသိဘာသာ။
သည့်နောက်ပိုင်း တစ်နေရာရာ ရောက်လိုက်တာနှင့် စဉ်းစားတွေးဆ ခံစားမနေတော့ပဲ ဓာတ်ပုံ ကောက်ရိုက်ချင်စိတ်ကို ချိုးနှိမ်နေရသည်။ မိမိမှာလည်း ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးက လက်ဝယ် ရှိနေပြီလေ။ ''လူမှန်ရင် ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးကတော့ ရှိရတယ်''ဆိုတဲ့ ဖိအားကို ကျွန်တော်လည်း မကျော်လွှားနိုင်ခဲ့ပါသလားဟု မိတ်ဆွေ ပြုံးနေမှာ ကျွန်တော် မြင်ယောင်နေပါသည်။ ကျွန်တော် ကြွားလိုက်ဦးမည်။ ဒီကင်မရာက စင်ကာပူမှာ အလုပ်သွားလုပ်နေတဲ့ တပည့် ဆရာဝန်မလေးက ကန်တော့ထားတာ။ ကင်မရာလေးက လက်ထဲရှိနေ၊ ဖလင်ကုန်စရာကလည်း မလိုလေ ဆိုမှတော့ ရိုက်ချင်ပြီပေါ့။ မရိုက်ခင် ဒါကဘာလဲ။ သူ့ရဲ့ ၀ိသေသက ဘာလဲ။ နောက်ခံ သမိုင်းကြောင်းက ဘာလဲ။ ဘာခံစားရသလဲ။ ဘာကြောင့် မှတ်တမ်း တင်ချင်တာလဲ။ 'လဲတွေထပ်'ရပြီ။ နေဝင်ချိန်ကို စောင့်စားပြီး ဓာတ်ပုံရိုက်သူတွေ တွေ့ဖူးသည်။ တချို့က အငမ်းမရ သဲကြီးမဲကြီး။ သူတို့တတွေဟာ ဘာကိရိယာ တန်ဆာပလာမှ မပါဘဲ ရိုးရိုးလေး ထိုင်ပြီး နေဝင်ဖျိုးဖျကို ငေးမော စိမ့်ဝင်နေတဲ့လူလောက် ကြွယ်ဝပါ့မလား။ ပြည့်စုံပါ့မလား။ ၀င်သွားတော့မည့်နေကို ခေတ္တခဏလေးပဲ ဖြစ်ဖြစ် ရပ်တန့်ဖို့ တောင်းပန်တိုးလျိုးပြီး ပုံကောင်းကောင်းရဖို့အရေး သည်းသည်းသန်သန် လုံးပမ်းနေရရှာတဲ့ အနှီ ဓာတ်ပုံဆရာ ဆိုသူများကိုကြည့်ပြီး 'ကရုဏာ၊ ကရုဏာ၊ ကရုဏာ'ဟု ကျွန်တော့်စိတ်ထဲ မြည်တမ်းချင်မိလှသည်။
နောက်ကင်မရာရူး တပည့်တစ်ဦးကလည်း သွားလေရာ ကင်မရာကြီး တလွယ်လွယ်နဲ့။ သူ့ကင်မရာ တန်ဖိုးကလည်း သေးမည်မထင်။ နောက်ကလိုက်ရတဲ့ စရိတ်စက ကလည်း မနည်းမနှော ဖြစ်မည်။ သာမန် မိသားတစ်စု တသက်လုံး စုဆောင်းပြီး ၀ယ်ဖို့တောင် အိပ်မက်မက်ရဲမည် မဟုတ်လေ။ သင်းက ဒီကင်မရာကြီးကြီးကို သူကြွချီလေရာ ပင့်ဆောင်ပြီး သကာလ သူအာရုံကျရာ ရိုက်ပေရော့။ ဆေးပညာနှီးနှောပွဲ လာတာတောင် လည်ပင်းက ကင်မရာ မချွတ်တမ်း။ ညအိပ်ရာမှာပင် သူ့ကင်မရာနှင့်အတူ အိပ်မည် ထင်သည်။ နှီးနှောပွဲတွေမှာလည်း ဓာတ်ပုံရိုက်ဖို့ အာရုံကပဲ စိုးမိုး ဖိစီးနေလေတော့ သူ့နားထဲ သူ့အာရုံထဲ ဟောပြောပို့ချ ဆွေးနွေးချက်တွေ ၀င်ပါ့ဝင်ပါလိမ့်မလား။ ကင်မရာသမား အမြင်နဲ့ ရှုထောင့်၊ အလင်းအမှောင်၊ လူအနေအထားတွေကိုပဲ ခွဲခြမ်းစိတ်ဖြာ စေ့ငုနေလေမလား။ ဓာတ်ပုံက ကွယ်သွားသော အရာသည် . . .။
ပထမဆုံးအကြိမ် လပေါ် လူဆင်းတုန်းက အဖြစ်အပျက်ကို တကမ္ဘာလုံး လူသန်းပေါင်း ၆၀၀ ကျော် စောင့်စား ကြည့်ရှုခဲ့ကြသည် ဆိုသည်။ လဆင်းယာဉ်ငယ်(Lunar Module) လမျက်နှာပြင်ပေါ် ဆင်းပြီး အချိန် အတန်ကြာသည်အထိ အာကာသ သူရဲကောင်း တစ်ဦးမျ ဆင်းမလာသေး။ နေး(လ)အမ်း(စ)ထရောင်း ဘာလုပ်နေပါလိမ့်။ လမျက်နှာပြင် အနေအထားကို စူးစမ်းနေလေသလား။ လဆင်းယာဉ်ရဲ့ စက်ကရိယာတွေကို စစ်ဆေးနေလေသလား။ သူပထမဆုံး ပြောရမည့် စကားအတွက် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေလေသလား။ စကြဝဠာ အနန္တထဲ လူရဲ့သေးငယ်မှု၊ ၀ိသေသ ကင်းမဲ့မှုကို ထိတ်လန့် တုန်လှုပ်နေလေသလား။ ဘာတစ်ခုမှ မဟုတ်ချေတဲ့ဗျ။ တကယ်က နေး(လ)က စားပြီးသောက်ပြီး ပန်းကန်တွေကို စနစ်တကျ ဆေးကြော သန့်ရှင်းရေး လုပ်နေလေသည်တဲ့။ နောက်ဆုံးကျမှ နေး(လ) လဆင်းယာဉ်မှ ထွက်လာသည်။ နောက်က ဘတ်(ဇ)အော်ဒရင်။ အော်ဒရင်က ယာဉ်ရဲ့ လှေကားထစ်တွေပေါ် အတော်ကြာကြာ ရပ်နေပြန်လေသည်။ နေး(လ)ထက် သူက လျှို့ဝှက်နယ်မြေ အသစ်ကို ဆင်းရမှာ မဝံ့မရဲ ဖြစ်နေသည်ထင့်။ ဒါလည်း မဟုတ်ရေးချ မဟုတ်တဲ့ဗျာတို့။ တကယ်က သူကောင့်သားက မတ်မတ်ကြီး ရှုးရှုးပေါက်နေတာ။ ဒါကလည်း အများသုံး ရေကူးကန်ထဲ သေးပေါက်သလိုမျိုး ဆန္ဒပြနေတာ ဖြစ်သတဲ့။ အကြောင်းက မူလကနဦး အစီအစဉ်က ဘတ်(ဇ)က စဆင်းဖို့တဲ့ဗျ။ နေး(လ)က ဒုတိယလူ။ နောက်မှ အစီအစဉ် ပြောင်းလိုက်ပြီး နေး(လ)က ပထမလူ ဖြစ်သွားတာ။ ဒါကို ဘတ်(ဇ)က နည်းနည်းမှ မကျေနပ်ဘူးတဲ့။ လပေါ်မှာ နေး(လ)က သူ့ကို ဓာတ်ပုံရိုက်ပေးဖို့ ပြောတော့ ဘတ်(ဇ)က သူ'အလုပ်များ'နေလို့ ဆိုပြီး ငြင်းသတဲ့။ ဒါကြောင့် လပေါ်မှာရိုက်ခဲ့တဲ့ နေး(လ) ရဲ့ တစ်ခုတည်းသောပုံက ဘတ်(ဇ)ရဲ့ မျက်နှာဖုံးမှန်ကာပေါ်မှ ပေါ်နေတဲ့ သူ့ပုံရိပ်ပဲတဲ့။ အဲဒါ သူ့ဖာသူ ပြန်ရိုက်ရတာ။
လဆင်းသူရဲကောင်းတွေ ကမ္ဘာမြေ ပြန်ရောက်တော့မှ သူတို့ရဲ့သတင်း တစ်ကမ္ဘာလုံးမှာ ဘယ့်လောက် အုတ်အော်သောင်းနင်း ဖြစ်နေတာ၊ ဘယ့်လောက် ကြီးကျယ်ခမ်းနား ချဲ့ကားနေတာ သိရလေသတဲ့။ တကယ့် မီဒီယာ ပေါက်ကွဲမှုကြီး။ ဒါကြီး မြင်ရတော့မှ ဘတ်(ဇ)က နေး(လ)ကို ခုလို ညည်းထွားပြသတဲ့။ 'နေး(လ) ရေ၊ ငါတို့ ပွဲကြီးပွဲကောင်းတစ်ပွဲ လွတ်သွားတယ်ကွ'တဲ့။ ကြီးကျယ်ခမ်းနားလှပြီး ကမ္ဘာချင်းတဲ့အမှုကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ဆင်နွှဲခဲ့သူ ကိုယ်တိုင်က အဖြစ်အပျက် မှတ်တမ်းတင် ဓာတ်ပုံပြပွဲကြီး ၀ှဲချီး ဆင်ယင်မှုကြီးကို လွတ်သွားတာ ၀င်မနွှဲလိုက်ရတာ နာသတဲ့။ ဒီခေတ်မှာက ဘာအဖြစ်အပျက်မဆို ဓာတ်ပုံနဲ့ ဗွီဒီယိုနဲ့ မှတ်တမ်း မတင်သရွေ့ တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုတာ ယုံမှားစရာ ဖြစ်လာလေသလား မသိ။ ဓာတ်ပုံက ဖုံးလွှမ်းသွားသော အရာသည် . . .။
ကျွန်တော်တို့ မင်္ဂလာဦး ဓာတ်ပုံတွေ၊ ယူကေ အမှတ်တရ ဓာတ်ပုံတွေ ကျွန်တော် ထုတ်မကြည့်ဖြစ်တာ ကြာပြီ။ မိတ်ဆွေကော ဘယ်နှစ်ကြိမ် ထုတ်ကြည့်ဖူးပါသလဲ။ (Facebook တင်ထားရင်ဖြင့် မကြာခဏ ကြည့်ဖြစ်လိမ့်မည် ထင်ပါရဲ့။)နောက်ပိုင်း နိုင်ငံခြား ခရီးသွားရင် ဓာတ်ပုံရိုက်ဖို့ သိပ်မတက်ကြွလှတော့တာ မိမိကိုယ်မိမိ သတိထားမိသည်။ မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ်တစ်ဝိုက် ဘာလီတွင် ကျင်းပသော ဆေးပညာနှီးနှောပွဲ တက်ရောက်တုန်းက ဓာတ်ပုံ တစ်ပုံစ နှစ်ပုံစပဲ လက်ဝယ် ကျန်ရစ်သည်။ ဒါတောင် အတူပါလာသည့် ဆေးကုမ္ပဏီ ၀န်ထမ်းလေးက ရိုက်ပေးပေလို့သာပါပဲ။ ဖြစ်ပုံက တစ်ည ညစာစားပွဲ အပြီး ဟိုတယ်အပြန် ဗိုက်တင်းတင်းနှင့် ကားပေါ်ထိုင် ငိုက်လာလိုက်တာ ဘောင်းဘီအိတ်တွင်း ထည့်ထားသည့် ကင်မရာ ထိုင်ခုံပေါ် လျောဆင်းသွားတာ မသိလိုက်ချေ။ (ဆရာသံစစ် ပေးထားတဲ့ ကင်မရာလေး)။ နောက်တစ်နေ့ လိုက်ရှာတော့ ကင်မရာက ခြေစလက်စ ပျောက်သွားပြီ။ ဒီလိုနဲ့ ဘာလီ ခရီးစဉ်တလျှောက် ဘာဓာတ်ပုံမှ မရိုက်ဖြစ်တော့ချေ။ ဓာတ်ပုံ မရိုက်ရတော့ ဘာဖြစ်သတုန်း။ ရောက်တဲ့နေရာ ဒေသတွေမှာ ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်ကြည့်။ နားထောင်။ ခေါင်းနဲ့မှတ်။ နားနဲ့မှတ်။ ဟောဒီ ရင်ဘတ်ကြီးနဲ့ ခံစားပေါ့။ နောင်သွားရသည့် ခရီးတွေမှာလည်း ကင်မရာကို သတိတရရှိမှု အလိုလို လျော့ကျလာသည်။ ဓာတ်ပုံတစ်ပုံမှ မကျန်ရစ်သည့် ဘာလီ ခရီးစဉ်နှင့် ဓာတ်ပုံတွေ တော်တော်များများ ရိုက်ဖြစ်သည့် ကျန်ခရီးစဉ်တွေကို ယှဉ်ကြည့်တော့ ဘာမှ သိပ်ထူးခြားမှုရှိသည် မထင်။ ၂၀၁၁ ဖေဖော်ဝါရီက သွားခဲ့သည့် အိန္ဒိယ ခရီးစဉ်မှာလည်း ကျွန်တော် ဓာတ်ပုံကို ချွေချွေတာတာပဲ ရိုက်ပါသည်။ ကျွန်တော် ကင်မရာက မှတ် ဉာဏ်(Memory) နည်းသည်။ ပုံ ၁၀၀ ကျော် ရိုက်ပြီးလျှင် ထပ်ရိုက်လို့ မရတော့ပြီ။ ဒါကြောင့် ကျွန်တော့်မှ စိစိစစ်စစ် ရွေးရွေးချယ်ချယ်။ သူငယ်ချင်းတွေရဲ့ ကင်မရာကတော့ မှတ် ဉာဏ်အားက ကြီးမှကြီး။ ပုံထောင်ချီရိုက်နိုင်သည်တဲ့။ သို့မို့ကြောင့်ထင်ရဲ့။ သူတို့က တွေကရာ ရိုက်တော့တာ။ မဲမဲမြင်တိုင်း။ (အားလုံးလိုလိုက မဲမဲတွေ) ကျွန်တော့်မှာသာ မဲမဲမြင်တိုင်း မရိုက်ရဲသေး။ (ရှား ရှားပါးပါး) ဖြူဖြူ မြင်တိုင်းလည်း မရိုက်ရဲလေး။ ရိုက်သင့်တယ်ထင်မှ ကောက်ရိုက်။ သူတို့တတွေ မရိုက်ဖြစ်တာ လိုက်ရိုက်။ ဓာတ်ပုံအာရုံ သိပ်မရှိတော့ ကျွန်တော်က ပိုလို့ ခံစားဖြစ်သည် ထင်သည်။ ပိုလို့ တွေးဖြစ်သည် ထင်သည်။ ဓာတ်ပုံ၏ သြဇာကို သူတို့လောက် မခံစားရဘူး ထင်သည်။ ပြန်ရောက်တော့ ကျောင်းမှာ ဤခရီးစဉ်အကြောင်း ပြန်ပြောင်း သုံးသပ်ပွဲ လုပ်သည်။ ဓာတ်ပုံသောင်းတင်း ရိုက်လာသူတွေက ပုံတွေကို အရွေးအချယ် အစိအစစ် နည်းပါးလှစွာ တင်ဆက်သည်။ ပရိသတ်က ပုံတွေများလှသတဲ့။ ခရီးစဉ်၏ အရေးပါမှုက ဓာတ်ပုံတွေအောက် ပိပြား ကြေမွသွားလေသလား။ ဓာတ်ပုံတွေ၏ အခြားတစ်ဖက်မှ သက်ရောက်မှု။ ဓာတ်ပုံတွေ၏ ဖမ်းစားမှုကို Facebook မှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးချထားတာ တွေ့ရသည်။ မိမိပုံကို tag လုပ်လို့ရလေတော့ အတ္တမာန တဖွားဖွား ဖွံ့ဖြိုး တောက်ပခွင့်ရသည်။ ဓာတ်ပုံတွေထဲမှာလည်း ကိုယ့်ပုံက အချောဆုံးကိုဗျ။ ပုံတွေကြည့်ပြီး ခံစား တွေးတောဖို့ထက် လျင်လျင်မြန်မြန် တုံ့ပြန်ဖို့က အရေးကြီးနေလေတော့ Like ပေါ့ ခင်ဗျာ။ ဘာကြောင့် Like လည်းလို့ မေးချင်သော်လည်း မမေးတော့ပါဘူး။ သြော် ...... ဓာတ်ပုံက ဖုံးထားသော အရာသည် . . .။
"So image triumphs over content,
presentation over understanding,
description over analysis"
''ရုပ်ပုံက အနှစ်ကိုဖုံး၊
တင်ဆက်မှုက နားလည်မှုကို ဖုံး၊
ဖွင့်ဆို ရှင်းလင်းမှုက ဝေဖန်သုံးသပ်မှုကို ဖုံး။ ။''
(Michael Foley -The Age of Absurdity -2010)

Subscribe to:
Posts (Atom)
-
ပွဲတိုင်းအောင် ဂါထာ(အမှတ်စဉ် ၈) ဒေဝါနံ နန္ဒနော ဒေဝေါ ဒေ၀ ဒေ၀ န နန္ဒိနော။ ဝေဒ ဒိနေန ဝေဒေန ဝေဒိ ဝေဒေန ဝေဒိနော။ ဧတေနသစ္စဝဇ္ဇေန ဟော တုမေ ဇယျ...
-
အောင်ခြင်းရှစ်ပါး ဂါထာ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂ...
-
ကြာနီကန်ဆရာတော် ဦးဇဋိလ ၊ သာမညတောင်ဆရာတော် အမြဲရွတ်ဖတ် ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စ...