Wednesday, November 29, 2017

မေမေ့ဝါဒ

မေမေ့ဝါဒ by Ellen Grace (ဒေါ် အိ ရှန်း - Myat Yee Mon)
ကျွန်မက ချူပ်စရာမလိုတဲ့ယောက်ကျားရှိပေမယ့် သားသမီးတွေအပေါ်တော့ စိတ်ကမချဘူး။
ဒါ့ကြောင့် သူတို့ငယ်ငယ်ထဲက ချူပ်သိုင်းတွေကို ရှာဖွေလေ့လာပြီး ကျင့်ကြံတယ်။

ဟိုးးငယ်ငယ်ထဲက သူတို့ကို ပုံပြောပြတဲ့ အကျင့်ရှိတယ်
သူတို့ကလဲ ပုံပြောမယ်ဆိုတာနဲ့ ကိုယ့်ဘေးဘီဝဲယာက်ု တွယ်တက်ပြီး 
မလှုပ်တတ်တဲ့ အရုပ်လေးတွေလို ပုံ့ပုံ့ကြီး တွေ ရှိတယ်..
ဟိုးးးရှေးရှေးတုန်းက ဆိုတဲ့ အသံထွက်မလာမချင်း 
သုးံယောက်လုးံ အသက်တောင်ရှုရဲ့ လားထင်ရတယ်။

ပုံပြင်ကတော့ အင် တွေများပါတယ်
ကျွန်မပေးချင်တဲ့မက်ဆေ့ကို ပုံပြင်လုပ်တာဆိုတော့ ကိုယ့်ဘက်ကိုယ်ယက်တာချည်းဘဲ

ရန်မဖြစ်ဘဲ သိတ်ချစ်ကြတဲ့မောင်နှမတွေအကြောင်း
ရွာထဲမှာသောင်းကျန်းတဲ့ကျားကြီးရဲ့ ရန်က မောင်စောလုံ ကာကွယ်ပေးတဲ့အကြောင်း
မယ်အေး မောင်လူမွှေးနဲ့ က်ုကိုထွေးတို့မောင်နှမအကြောင်း ...
စသည်ဖြင့် လန်ကြုတ်ဇတ်လမ်းတွေမှာ သူတို့ကို ဇတ်လိုက်လုပ်ပြီး ပြောချင်တာတွေကို ရိုက်သွင်းတာပါ။

နောက်ပြီးကျွန်မက အရာရာ မချူပ်ချယ်ဘူး ။

သူတို့စိတ်ရှိလက်ရှိကစားနေရင် လွှတ်ထားတယ်။
ကစားတဲ့အရွယ်က ကစားမှာဘဲပေါ့။ ဒီတော့
တဟင်းဟင်း တဟဲ့ဟဲ့ မထားဘူး
မပြေးနဲ့ ချော်လဲမယ် မထားဘူး
အန္တရယ်ဖြစ်မယ့်ဟာတွေကို ကြိုကြည့်ထားတယ်
ပွန်းပဲ့ရုံလောက်ရှိမယ့်ဟာမျိုးဆို တားမနေဘူး။

တခုဘဲ ပစ္စည်းတွေမဖျက်ဆီးရဘူး
သူတို့ကစားစရာလေးတွေပျက်သွားတာကျွန်မဝင်မပါဘူး ။ 
ဒါပေမယ့် အိမ်က ပစ္စည်းတွေကို ရည်ရွယ်ချက်နဲ့ မဖျက်ဆီးရဘူး ။သူတို့ကိုပါ စောင့်ရှောက်ခိုင်းတယ်
အကယ်၍ မတော်တဆ ပျက်ဆီးခဲ့သည်ရှိသော် အရေးမယူဘူး ။ တမင်လုပ်တာမှ မဟုတ်ဘဲ

တခါက အိမ်ထဲမှာ ဘောကန်တာ လက်မ၅၀ ကျော် တီဗီကြီး ကွဲသွားတယ်။ 
ဘယ်သူလုပ်တာလဲလို့ကျွန်မမေးတော့ တယောက်နဲ့တယောက်လွှဲချတယ်။
တီဗီကွဲသွားလို့စိတ်ဆိုးတာထက် ဝန်မခံတာကိုပိုစိတ်ပျက်တယ်။ 
လုပ်ရဲရင် ခံရဲအောင် ပညာပေးရတယ်။
ကလေးသဘာဝ ကြောက်စိတ်ကြောင့် ဝန်မခံတာကို သိပေမယ့် 
ယောက်ကျားလေးတွေဖြစ်လို့ အကျင့်မပါစေချင်ဘူး ။ 
အဲဒီလိုကိစ္စတွေဟာ အင်မတန်သတိထား ကိုင်တွယ်ရလို့စိတ်ပင်ပန်းတယ်လို့ ထင်မိတယ်။

ကစားတာသူတို့အလုပ်ဖြစ်လို့ကျွန်မ မတားမြစ်ဘူး
ကျွန်မအလုပ်က တာဝန်ဆိုတာသိအောင် လုပ်ဖို့ဘဲ ။
ဒါ့ကြောင့် ကျောင်းသားတယောက်တာဝန်ကျေအောင်တော့ နေခိုင်းတယ်။ 
စည်းပျက်ကမ်းပျက် မျိုးတော့ ဆောရီးဘဲ မီးတောင်ပေါ်က်တာထက်ဆိုးတယ်ဆိုတာ လက်တွေ့ပြတယ်။

နောက်ပြီး ရိုင်းပျတဲ့ဘယ်အရာမဆို ပြင်းထန်စွာ အပြစ်ပေးတယ်။ ဦးချိုးတဲ့ သိမ်ငယ်မှု့မရှိစေဘဲ 
လူကြီးမိဘ လေးစားရမယ့်သူမှန်သမျှ ရိုသေရတယ်။ ရန်ဖြစ်ရင် အကျိုးအကြောင်းမေးတယ်။
ဘယ်သူ့စိတ်ခံစားချက်ကိုမှ လစ်လျူမရှု့ဘူး။
ဒါပေမယ့်
ဘယ်သူမှန်တယ်မှားတယ် ဘယ်တော့မှမပြောဘူး
၂ ယောက်လုးံ အပြစ်ရှိတယ်ဘဲ။
ပြန်ခေါ်ရတယ်။ မခေါ်လို့မရဘူး။ ရန်ဖြစ်တဲ့အတွက်တော့ အခွင့်အရေးတွေဆုးံရှုးံရကြောင်း သိသာစေတယ်။

အိပ်ယာဝင်ရင် ကြီးစဉ်ငယ်လိုက် ကန်တော့ရတယ်။
အဲဒါ အကျင့်လို မွေးမြူတယ်။

သတိထားပြီး နေတာက လူရှေ့မှာ သူတို့ကို ဆူပူတာ
နှိမ်ချပြီး နောက်ပြောင်တာ မလုပ်ဘူး
ပြောချင်ရင် တယောက်ချင်းအခန်းထဲခေါ်ပြောတယ်။ 
သူတို့ ၈ တန်း ၉ တန်းရောက်လာတဲ့အခါ ပိုပြီး သတိထားရတော့တယ်။
ငယ်ငယ်နဲ့မတူတော့ဘူး ။ တခါတလေ ဂျစ်ကန်ကန်လုပ်လာတယ်။ လွှတ်ထားရတယ်။
မရိုမသေလုပ်ရင်တော့ ချက်ခြင်းတုန့်ပြန်တယ်။
သူတို့အတွေး အယူအဆတွေကို တချို့အရာတွေမှာ မကြိုက်သော်လည်း ငယ်ငယ်က ထားသလို
ပွန်းပဲ့ရုံလောက်ဆိုရင် မပြောတော့ဘူး။
တဖြေးဖြေး သင်ယူတတ်လာပါလိမ့်မယ်လို့အားတင်းရတယ်။

တခါပြန်ပြီး သူတို့နဲ့တူတူကြီးပြင်းရတာ မလွယ်ကူမှန်း ကျွန်မသိခဲ့တာကြာပါပြီ။ 
လူရောစိတ်ရောပင်ပန်းပေမယ့် ကျွန်မက ဥယျဉ်မှုး လုပ်ခဲ့မိပြီလေ ။ နောက်ဆုးံအချိန်ထိ ကြည့်ရတော့မှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ။

ကျွန်မရဲ့ဝါဒက တခုထဲရှိပါတယ်။
သူတို့လိုချင်တာပေးပြီး ကိုယ်လိုချင်တာ ပြန်ယူတဲ့ ဝါဒပါ။
ဒါပေမယ့်
နဲနဲပေးပြီး များများပြန်ယူတာဟာ ကျွန်မအတွက်မဟုတ်ဘူးလို့ သူတို့သိလာတဲ့တနေ့ ဆုပ်ထားတဲ့ ကျွန်မလက်တွေ ဖြေချခဲ့မယ်။
ကျွန်မကိုကမ်းတဲ့ သူတို့လက်ကလေး ပူနွေးပါစေ။
ကျခဲ့တဲ့မျက်ရည်တွေရှိရင် သင်ပုန်းချေပါ့မယ်။...

Credit to : Ellen Grace

Wednesday, November 1, 2017

အမျိုးသမီး ၃ မျိုးရှိတယ်

By Ellen Grace (ဒေါ် အိ ရှန်း) အမျိုးသမီး ၃ မျိုးရှိတယ် တည်ငြိမ်တဲ့ သူရယ်... ကေလးဆန္တဲ့ သူရယ္.... အဲဒီ ၂ မျိုးလုးံ ကို mix ...လုပ်ထားတဲ့ သူရယ်။(Helen .B. Andelin) ရေးထားတာ ကို ကိုးကားတာပါ ယောက်ကျား၁၀၀ မှာ ၉၉ ယောက်က တည်ငြိမ်တဲ့ မိန်းကလေးကို သဘောကျတယ်။ လေးစားတယ်။ ဒါပေမယ့်..... 🙂 ကလေးဆန်ပြီး ချွဲတတ် နော့တတ် ကညော့တတ်တဲ့ မိန်းကလေး ကို စွဲလန်းကြပါသတဲ့ ။(fascinating womanhood ) မှာ ရေးထားတယ်။ ယောက်ကျားတယောက်အတွက် တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမ လိုတယ်။ ဒီတော့ ဘာလုပ်မလဲ ။အဓိက အချက် အရိပ်အကဲ သိရမည် တဲ့ ။ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုကို မသိရင်နေ ။ သူ့ မျက်နှာ အရိပ်အကဲ မြင်ရုံနဲ့ ဝမ်းထဲက အူဘယ်နှစ်ခွေ တင်မကဘူး ။ အထက်လန်အောက်လျော ဖြစ်နိုင်ချေ ကိုပါ ကြိုတွက်ထားသ့င်တယ်။ တည်ငြိမ်ရင့်ကျက်တာနဲ့ နေရာတကာ ပါတာ .... လိုလို မလိုလို ဆရာလုပ်တာ ကွာပါတယ်။ တခါတလေ ယောက်ကျားတယောက်က ... "ငါဒါလုပ်ရင် ကောင်းမလား .."...;မေးတာ တကယ်တော့ အကြံတောင်းတာထက် သူတို့ စိတ်ကူး ကို ထုတ်ပြောတာသက်သက်ပါ ။ သူ့ဘာသူ ဆုးံဖြတ်ပြီးသား ။သူ့ဘာသာအဖြေရှာပြီးသား ။နင်က ဘာဖြစ်ချင်တာလဲ လို့ သာ မေးလိုက် ။ သူပြောချင်တာကို ..အစထုတ်ပေးလိုက် ။ သူရည်ရွယ်ထားတာတွေ ပြောလာလိမ့်မယ် ။ အမှန်တော့ သူတို့ပြောသမျှ နားထောင် မယ့် သူ လိုချင်လို့ စကားစခြင်း ဘဲ ဖြစ်ပါတယ်။ သူတို့က လေးစားတာလဲ ခံချင်တယ်။ အဲဒီအတွက် ကြွားလုးံ လေးတွေကိုလဲ ဟန်မပျက် နားထောင်ပေးဘို့လိုတယ်။ သူ့စိတ်ကူးတွေ အိမ်မက်တွေ ကို ကိုယ်က အတိုက်အခံ ပြောလို့ ဖီလင် အောက်သွားတာနဲ့ တပြိုင်နက် တဖြေးဖြေး သူ့ဘက်က တိတ်ဆိတ် လာလိမ့်မယ်။ စကားနည်းလာတာမဟုတ်ဘူး ။ ကိုယ်မဟုတ်တဲ့ တခြားမိန်းမနဲ့ ရင်ဖွင့်ဘို့ တာစူနေတာ။ ကာရာအိုကေ ဆိုင်တွေ မှာ ပျော်နေတဲ့ သူအများစုဟာ sex သက်သက် အတွက်မဟုတ်ဘဲ သူတို့ အတ္တကို မြေတောင်မြှောက်ပေးတဲ့ မိန်းမမျိုး နဲ့ တွေ့တဲ့အခါ ချူစားကာမှ စားရော ပေးရတာတန်တယ် လို့ မှတ်ကြတယ် ။ကိုယ်လိုချင်တာ တခုအတွက် လဲယူတာဘဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တယောက်နဲ့တယောက် respect ဆိုတဲ့ အကြောင်း ပြောပြချင်တယ်။ လူတွေဆိုတာရင်းနှီးမှု့ ပိုလာရင် ကနဦးအစကလို အလေးပေးတာတွေ လျော့လာတယ်။ နောကိပြီး အထင်သေးလာတတ်တယ်။ စိတ်ထဲမှာ မျှော်လင့်ပုံဖော်ထားတာက တမျိုး ။ မမျှော်လင့်တဲ့ အပြစ်အနာဆာ တွေ ကို မြင်လာတော့ စိတ်ပျက်လာတယ် ။ မလေးစားတော့ဘူး ။တယောက်နဲ့ တယောက် ရန်ဖြစ်လာတယ် ။နင်ပဲငဆ ပြောလာတယ်။ သံယောဇဉ်ကြောင့်သာ ပြန်ခေါ်ကြမယ် ။ သံယောဇဉ်ကြောင့်သာ ယူလိုက်ကြမယ် ။ အခြေနေပေးရင် ဖောက်ပြန် ဘို့ များလာတယ်။ ဂရုစိုက်မှု့ပေးတဲ့ တခြားမိန်းမ တယောက်နဲ့ တွေ့ရင် သားသမီး မျက်နှာ လဲမထောက်ဘဲ ပါသွားတတ်ပါတယ်။ တခါတလေ အိမ်ထောင်ကျတဲ့အခါ မိန်းမဖြစ်သူက ပန်းကန်တွေဆေးနေတာတောင် ကူဖော်မရဘူး ။ အရင်လို ပခုးံတောင် လာမဖက်တော့ဘူး ။တွေးတတ်ကြတယ်။ ကိုယ်က သူ့ကို ကြိုက်တာ ပန်းကန်ကူဆေးဘို့ ကြိုက်ခဲ့ တာမှမဟုတ်ဘဲ ။။ တခါက နှစ်ခါ အကူညီတောင်းလို့မှ မလုပ်ရင် သူ့ဒါကို မလုပ်ချင်ဘူးလို့ သာ လက်ခံရပါမယ်။ လူသားမှန်ရင် လူပီသစွာ မှားယွင်းတာတွေရှိတတ်ပါတယ် ။လူကျင့်ဝတ် ဖောက်ဖျက်တာမဟုတ်ရင် ခွင့်လွှတ်ပေးပါ တဲ့ ။ ဆရာတော်တပါး ဟောဖူးတယ် ။ မရှိတဲ့ ဂုဏ်ကို မမျှော်နဲ့တဲ့ ။ ကိုယ် လှုတဲ့သူက တောင်းစားနေတဲ့ သူမှန်း သိပါရဲ့ နဲ့ နံဟောင် ညစ်ပတ်နေတာ မြင်ပြီး ... လှုချင်စိတ် နောက်တွန့်သွားရင် အကျိုးပေးမသန် တော့ဘူး လို့ ..ဆိုတယ်။ အရိယာဖြစ်တဲ့ သောတပန် သက္ကဒါဂါမ် တောင် ဒေါသစိတ်ရှိတယ်နော် ။ အနာဂါမ် ဖြစ်မှ ဒေါသ ပြုတ်တယ်။ ရဟန္တာ ဖြစ်မှ လောဘ ကုန်တယ်။ ဒီတော့ ပုထုဇဉ် တယောက်ကို အများကြီးမမျှော်လင့်ပါနဲ့ လို့ ဆိုချင်တာပါ။ ဒီလိုပါဘဲ ။ ကိုယ်ရွေးချယ်တဲ့သူက ဘယ်လိုလူဆိုတာ သိထားပြီး လက်ခံပေးလိုက်ပါ ။ သူ့ရဲ့ အထင်ရှားဆုးံ စရိုက် ကို သိပြီး မကြိုက်ရင် စောစောလမ်းခွဲတာအကောင်းဆုးံ နည်းပါ ။ ငါ့လက်ထဲရောက်မှ ပြုပြင် ယူမယ်လို့ ဘယ်တော့မှ စိတ်မကူးပါနဲ့ ။ လူဆိုတာ ဘာသာ ကိုသာ ပြောင်းချင် ပြောင်းမယ်။ ဝါသနာကို ဘယ်တော့မှ မစွန့်ဘူး တဲ့ ။ ကိုယ်က ဒီလူကိုကြိုက်ပြီလို့ သေချာရင် သူ့ကို အရှိအတိုင်း လက်ခံပေးပါ ။ သူ့ကိုတော့ ချစ်တယ် အကျင့်တွေကို မကြိုက်ဖူး ။ သူ့မှ မရလဲ မနေနိုင်ဘူး ဆိုရင် ပြင်ရမှာက ကိုယ် ကိုယ်တိုင် ပါဘဲ ။ ကိုယ့်ကိုကိုယ်သာ ပြင်ပါ ။ကိုယ့်စိတ်သာ ပြင်ပါ ။ ဖြစ်လာသမျှ ရင်ဆိုင်မယ်လို့ စိတ်ချမှ ဆုးံဖြတ်ပါတဲ့ ။ ကိုယ့် ချစ်သူကို ဒီလိုနေ ဒီလိုထိုင် လို့ ပြုပြင်တဲ့ သူတွေဟာ သနားစရာအကောင်းဆုးံ ကျန်ရစ်တွေ ဖြစ်ရင်ဖြစ် မဟုတ်ရင် စိတ်မချမ်းသာတဲ့ သူ ဖြစ်ဖို့ တရာ ရာနှုန်း သေချာပါတယ်။ ဘယ်တော့မှ မရပါဘူး တဲ့ ။ သူ့ဘာသူ ပြင်ချင်စိတ်နဲ့ ပြင်မှ ရနိုင်ပါတယ်။ ယောက်ကျားတယောက်ဟာ ကလေးဆန်ပြီး အားကိုးတတ်တဲ့ မိန်းမမျိုးကို သဘောကျတယ်။ ။ ချစ်သူ အတွက် ကာကွယ်ပေးချင်တာ ယောက်ကျားတွေရဲ့ သဘာဝဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ကလေးဆန်တဲ့ အပြုအမူ ဆိုတာမှာ အလိုက်ကန်းဆိုးမသိ လုပ်ချင်ရာ လုပ်တာမျိုး .. လူရှေ့မရှောင် သူရှေ့မရှောင် သူ့ကို စိတ်ကောက်ပြီး အရှက်ခွဲတာမျိုး မဟုတ်ဘူး ။ လိုချင်တာ မရမက ပူဆာတာမဟုတ်ဘူး ။ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ပုစံ ပြင်ဆင်တာမဟုတ်ဘူး ။ အိမ်ထောင်မှု့ မနိုင်နင်းတာမျိုး မဟုတ်ဘူး ။ နေရာတကာ ဘာမှ မလုပ်တတ်တာမျိုးမဟုတ်ဘူး ။ ချစ်စရာကောင်းတဲ့ ကလေး လေး တွေ လို ..ကိုယ်က စလိုက် ရင် ငိုတာမျိုး ။ ချော့မြှုရင် ခိုးခိုး ခစ်ခစ် ရီတာမျိုး ။ တခါတလေ ကလေး လေးက လာဖက်ထားရင် အရည်ပျော်ပြီး သူခိုင်းတာ လုပ်ပေးရတာမျိုး ။ ဒီလို အပြစ်ကင်းတဲ့ မာယာ မျိုး လို့ ဆိုတယ်။ အဲဒါဟာ စွဲလန်းစိတ်ကို အများကြီး ပံ့ပိုး ပေးတယ်လို့ ဆိုတယ်။ တည်ငြိမ်တဲ့ အပြုအမူဟာ ဘလက်ကော်ဖီတခွက် ဖြစ်ရင် သံပုရာသီး တစိတ်လောက်ရောလိုက်တာနဲ့ အာရုံတွေ လန်းဆန်း စေသလိုပါ ဘဲ ။ စနိုက်ကြော်လေးတွေဟာ ဒီအချက်ကို ကောင်းကောင်း နောကြေ လို့ ဘာမှနားမလည်တဲ့ ကလေးလို အမူအရာတွေနဲ့ ပဲဆီ နှမ်းဆီ ဆက်စီ တွေကြားမှာ ချဲလှော် ဒဲပြူးတဲ့ ယောက်ကျားတွေ တနေ့ထက်တနေ့ ပုံလို့ နေပါတယ်။ ချစ်စရာ ကောင်းတဲ့ ဟန် ချစ်စရာကောင်းတဲ့ အသံ ... ဟာ .. စိတ်ကို ကြည်နူးစေတယ်။ ရွှင်ပျစေတယ် ။စွဲငြိစေတဲ့ အာရုံ ဖြစ်လို့ မိန်းမတယောက်မှာ မရှိမဖြစ် လိုအပ် တယ် လို့ သုတေသန ပြုချက်အရ ဆိုပါတယ်။ အဲဒီ အချက်တွေကို ... Mix လုပ်ထားတဲ့ ကာရိုက်တာ ၂ မျိုးရှိတဲ့ မိန်းမတွေကို ပြောရရင် Shah Jahan ဘုရင်ရဲ့ မိဘုရား Mumtaz -i-Mahal ... သူမ ကွယ်လွန်တော့ Taj Mahal နန်းတော်ကို အဲဒီမိဖုရား အတွက် လွမ်းဆွတ်တသခြင်း အထိမ်းအမှတ် နဲ့ ဆောက်ခဲ့တာ ဖြစ်ပြီး Celestial love လို့ တင်စားတယ်။ နောက် စာရေးဆရာ Victor Hugoက သူ ချစ်ရတဲ့ချစ်သူအကြောင်း ရေးဖွဲ့ ခဲ့တယ်။ အဲဒီချစ်သူကိုသာ သေတပန် သက်တဆုးံ မြတ်နိုးသွားခဲ့တယ်။ သမ္မတ Woodrow Wilson ဟာ ၂၈ နှစ်ကြာ ပေါ်င်းသင်းခဲ့တဲ့ ဇနီးသည် ကို မင်းကိုငါ သိတ်လေးမြတ် ချစ်ခင် တာဘဲ မင်းးကလွဲရင် ဘာမှ မတွေးနိုင်တော့ဘူး လို့ အိမ်ဖြူတော်က စာရေးခဲ့တယ်။ ၂၈ နှစ်ကြာတဲ့အထိ ခံစားချက် သိမ်မွေနေဘို့ဆိုတာ မလွယ်လှပါဘူး ။ မင်းတုန်းမင်းကြီးဟာ မိဖုရားခေါ်င်ကြီး ဆုးံတော့ မိဖုရားခေါ်င် နေရာ ကို ဘယ်သူ့မှ မပေးခဲ့ဘူး ။ ဒါတောင်မိဖုရား ၅၀ ကျော်ရှိတဲ့ ဘုရင်ကြီးပါ ။ ဆင်ဖြူမရှင်ဟာ အဲဒီနေရာ ကို သိတ်လိုချင်ခဲ့ပေမဲ့ မပေးခဲ့ဘူး ။ နှစ်သိမ့်တဲ့ အနေနဲ့ ဆင်ဖြူ မရှင် ဆိုတဲ့ ဘွဲ့ကိုသာ ပေးခဲ့တယ်။ မိဖုရားခေါ်င်ကြီးဆုးံတော့ မင်းတုန်းမင်းဟာ သူ့ဆံပင် ဘယ်သူမှ ပေးမကိုင်တော့ဘူး ။ မိဖုရားခေါ်င်ကြီးက သူ့ဆံပင်ကို အမြဲ ဆီလူး ပြီး ဆံတော် ရှင်းပေးခဲ့တာဖြစ်တယ်။ နောက်ပြီး မိဖုရားဖွားစော ။ ငယ်စဉ်ထဲက အိမ်က ပန်းပင်မှာ အရောင်မတူတဲ့ ပန်း သုးံပွင့် ပွင့်လို့ ရွာဦးကျောင်းဆရာတော်က နမိတ်ဖတ်ပေးခဲ့တယ်။ မင်းဆက် သုးံဆက်တိတိ မိဖုရား ခေါ်င် အဖြစ် မြှောက်စားခံရသူ ဖြစ်တယ်။ ယောက်ကျားတယောက်အတွက် ဒီလို အလေးအမြတ်ထားတဲ့ မိန်းမ ဖြစ်ဖို့ ခက်လား ဆိုတော့ မခက်ပါဘူး ။မခက်ဖူး လားဆိုတော့ ခက်တယ် လို့သာ ဆိုချင်ပါတယ်။ ပြီးတော့ ကိုယ်ချစ်တဲ့ ယောက်ကျားက လက်မလွှတ်သင့်တဲ့ သူမျိုး ဖြစ် ရင် ကြိုးစားရတာ တန်တယ်လို့ ထင်ပါတယ်။ လက်ကြောမတင်းတဲ့ ယောက်ကျားဖျင်းတွေ ..... ဘယ်လိုမိန်းမ မျိုး မှ ငါကကြိုက်တာ ဆိုတဲ့ ဗာလနံ ယောက်ကျားမျိုး တွေ ဆိုရင်တော့ ခြေထောက်လေးအသာကြွပြီး ကန်သာချလိုက်ပါလို့ ....အကြံပေးပရစေ ဉာဏ်မှီသလောက် ရေးတာပါ ။ သူတို့အကြိုက်ဘဲလိုက်ရမှာလား ဆိုရင်တော့ ကိုယ်က ဘာလိုချင်တာလဲ အရင်သိရပါမယ် နန်းသိမ်းဘို့အတွက် စစ်မတိုက်ချင်ရင် ကိုယ့်တိုင်းပြည်နဲ့ ကိုယ် ကျေနပ်နေနိုင်ပါတယ် ။ #Ellen Grace Source: https://www.facebook.com/lynn.nyi.7/posts/1925847857735615
...

ပုလဲပုတီး လေး တကုးံ

By Ellen Grace (ဒေါ် အိ ရှန်း)
ကျွန်မ မှာလေ ပုလဲပုတီး လေး တကုးံရှိတယ်။

စကော့စျေးကဝယ်လာတာပါ ။ တသောင်းခွဲတဲ့ ။
ကျွန်မ သူ့ကိုချစ်တယ်။တကယ်ပါ ။ ပုလဲသားကောင်းပြီး အလုးံရည်လဲ လှတယ်။

ပြီးတော့ ပေးရတဲ့ စျေးနဲ့ မတန်အောင် တင့်တည်တယ်လို့ ကျွန်မ ထင်တယ်။ 
ဒါ့ကြောင့် ပွဲတော်တော်များများ သူ့အားကိုးနဲ့ သွားခဲ့တယ်။

ပုလဲဟာ ယဉ်တယ် ကျက်သရေရှိတယ်လို့ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်တယ်။ 
ကျွန်မ အတွက် တော့ အဖိုးနည်းပြီး ဝန်လဲကျဉ်းတယ်။
လည်ပင်းမှာ ပုလဲပုတီးလေး ၂ ပတ်လောက်ခွေ လိုက်ရင် တော်ရုံ ရင်ဖုးံအကျီလေးလဲ အသက်ရှုချောင်ရပါတယ်။

ဒီလိုနဲ့ ပွဲတော်တော်များများ အဲဒါနဲ့ ရှိုးပါများတော့ လူ့သဘောအရ တဖျတ်ဖျတ် ခါတဲ့ 
စိန်လော့ကက်ကြီးတွေ တွေ့တဲ့အခါ ကျွန်မ နဲနဲတော့ ကိုယ်ရှိန်သတ်မိပါတယ်။
အမှန်ပါ။ သဘောကျတဲ့ လောဘစိတ်ကလဲ လှလိုက်တာလို့ မနောခွေ့ရုံတင်မပြီးဘူး .. 
လိုချင်လိုက်တာ အထိ ဆက်လာတာပေါ့ .. 
ပြီးတော့ ကိုယ့် ပုလဲပုတီး တသောင်းခွဲ အတွက်လည်း ရှက်စနိုး ဖြစ်လာမိတယ်။ 
စိန်တွေရဲ့ တလက်လက် ဖြာနေတဲ့ အရောင်တွေကြားမှာ ကျွန်မနဲ့ ပုလဲပုတီးလေး အလဲလဲ အပြိုပြို ။

တကယ်တော့ ငယ်စဉ်ထဲက ကျွန်မတို့ မောင်နှမ တွေမှာ လက်ဝတ်ရတနာ အင်မတန် ရှားပါးခဲ့တယ်။
အဖေဟာ ဘယ်တော့မှ ရွှေထည် ငွေထည်တွေကို စိတ်ဝင်စားသူ မဟုတ်လို့ တောင်ပုံရာပုံ စာအုပ်ပုံတွေကြားမှာ 
စာပုလဲတွေ သီလို့ စိန်စီတဲ့ ဗဟုသုတတွေသာ ရခဲ့တယ်။ 
နားပေါ်က်ဖောက်မပေးလို့ နားကပ်ဝတ်စရာမလိုတဲ့ နားအတွက် 
အဖေက ကြိုတွက်ခဲ့ဟန်တူတယ်။ ကျွန်မတို့ရဲ့ နားကပ်ပူဆာ..သူကင်းခဲ့တယ်လေ။

ကျွန်မ အဖေ့ဆီက ရခဲ့တဲ့အမွေကတော့ ပန်းကန်တွေ ခွက်တွေ မြင်ရင် စိတ်မထိန်းနိုင်တဲ့ အကျင့်ပါဘဲ။
ဒါ့ ကြောင့် စိန်ရွှေရတနာဆိုင်တွေရှေ့က နောက်ဆံမငင်ဘဲ ဖြတ်သွားနိုင်ပေမဲ့ လမ်းဘေးမှာ ချထားတဲ့ 
ပန်းကန်လုးံလေးတွေ မြင်ရင် တောင် တငင်ငင် နဲ့ နေရတတ်ပါတယ်။

ဒါ့ကြောင့် လူလူသူသူ လို့ တွေးပြီး ပုလဲပုတီးလေးတကုးံ ကျွန်မ ဝယ်ပြီးတော့ ပွဲပေါ်င်းများစွာ နွှဲလာတာ 
တနေ့ ကွဲကွာသွားပြီး ပြန်တွေ့ကြတဲ့ ပွဲမှာ အသိတယောက် ဝတ်လာတဲ့ စိန်လော့ကက်သီးကို 
မြင်လိုက်ရတဲ့အချိန်ကစပြီး ပုလဲ ပုတီးကို မသိမသာ ငြိုငြင် လာပါတော့တယ်။

ငါလဲ ဘယ်လိုလူဆိုတဲ့ အမောက်လေး ထောင်ချင်တဲ့ စိတ်ဟာ ကျွန်မကို အတွေး ရှိသရွေ့ နှိပ်စက်ပါတယ်။
သူ့ကိုလဲ တကယ်ဖက်ရှင်ကျကျ ဝတ်တတ်တာ ပါလားလို့ မြင်ယောင်မိတဲ့အခါ ကိုယ့်ကိုကိုယ် အလိုမကျ ဘူးလို့ သိလာပါတယ်။ 
မာနစိတ် အပြိုင်အဆိုင် ကြွားချင်စိတ်နဲ့ လောဘ စိတ်ဟာ ကျွန်မစိတ်ကို ဖိုခနောက်ဆိုင် ပြီး မီးမွှေးတဲ့အခါ 
ပွက်ပွက်ဆူတဲ့ အာရုံတွေဟာ စိန်လော့ကက် ဝယ်မယ်လို့ ဆုးံဖြတ် ချက် ချတဲ့အထိ ပြင်းထန်သွားတယ်။

ဒါနဲ့ တနေ့တော့ တဆိုင်ဝင် တဆိုင်ထွက် လျောက်ကြည့်လိုက်တာ ..။
မာကျူရီ မီးရောင်အောက်မှာ တောက်ပ ဖြူဖွေးနေတဲ့ စိန်တွေ .. လှလိုက်တာ လေ .. 
ကိုင်ကြည့်လိုက်တော့ သိန်းရာဂဏန်း ရှိတယ်။

အကဲခတ်ကောင်းတဲ့စိန်ဆိုင် ပိုင်ရှင်က ကျွန်မ ကို စိတ်မဝင်စားပါဘူး ။
စိန်ကို ကိုင်ကြည့်တဲ့ ကျွန်မ လက်ဆယ်ချောင်းမှာ ဆင်မြီးလက်စွပ်တောင် ပါမလာတဲ့ မိန်းမကို 
လေကုန်ခံပြီး မရောင်းတာ သူမှန်ပြီး တကယ်တော့ ကျွန်မ မှားတာ ပေါ့ ..။

တကယ်လို့ ကျွန်မသာ စိန်တွေညွှတ်နေအောင် ဝတ်သွားရင် သူ ကျွန်မကို ပျာပျာသလဲ ဧည့်ဝတ်ပြုမှာ လို့ ကျွန်မ အတွေးနယ်ချဲ့ နေမိတယ်။

ဒီအခါ ရုတ်တရက် ကျွန်မ ဘာသွားပြီး သတိရမိလဲ ဆိုတော့ အသိတယောက်ကို မျက်စိထဲ မြင်လာမိတယ်။ 
အသက်မပြည့်သေးဘဲ ပင်စင်ယူပြီး တရားအားထုတ်နေတဲ့ ဗိုလ်မှုးတယောက်ပါ။ 
၈ပါးသီလနဲ့ နေပြီး တရားအားထုတ်နေတာမို့ သူ့ကို သူငယ်ချင်းတော်တော်များများ လေးစားကြပါတယ်။

မလွှဲမရှောင်သာတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေ လာလေ့ရှိပါတယ်။ ရိုးရိုးမှ တကယ့် ကိုရိုးရိုးပါ ။

သူလာရင် ချစ်ခင်နှစ်သက်သူတွေ ကအလေးဂရုပြုပြီး နှုတ်ဆက်ကြတယ်။ ရုပ်လဲ မချောပါဘူး ။
ဒါပေမဲ့ အင်မတန်ကြည်လင်တဲ့ မျက်လုးံနဲ့ ဖြူစင်တဲ့ အပြုးံဟာ ထင်းထင်းကြီး ရှိတာ သတိထားမိတယ်။

ပကာသန မရှိတဲ့ သူ့မှာ သီလရဲ့ ကျက်သရေဟာ ယှဉ်မရအောင် ရှိတာမို့ သူ့မှာ ဘာမှ မလိုတော့ဘူး ဘဲလို့ ကျွန်မ သိလိုက်ပါပြီ ။

အရည်အချင်းဆိုတာ ကျောက်သံပတ္တမြားထက် အလေးသာပြီး အနှစ်ပြည့်တဲ့ ရတနာ တခုပါ ။

တကယ်တော့ ပကာသနမှာ စိန်တွေကသာ အလေးပြုခံရတာဖြစ်ပြီး 
ကျွန်မက သူတို့ အတွက် ကတ္တီပါဗူး တခုသာသာဘဲ လို့ ဆိုရင် လိုချင်သူဟာ စိန်ဘဲ ယူသွားမှာပေါ့ ။ 
ကတ္တီပါဗူးဆိုတာ စိန်ထည့်ထားတဲ့ အခိုက်သာ ပါးပြောင်နေရတဲ့ ဘဝ မဟုတ်လား ။

ကျွန်မ ဆိုင်ထဲကထွက်လာခဲ့တယ်။
ငါဟာ ကတ္တီပါဗူး မဟုတ်ဘူးလို့ ယုံကြည်လာတဲ့ တနေ့ ပုလဲပုတီးလေးပါ ချွတ်ပြီး သိမ်းထားမယ်လို့ လမ်းတလျောက်လုးံ တွေးနေမိပါတယ်။

ချစ်သော အိရှန်း
Source: https://www.facebook.com/lynn.nyi.7/posts/1918937535093314
...

သမီး ကို မှာချင်တာက

by Ellen Grace ( ဒေါ် အိ ရှန်း)
မနာလိုတတ္သူ
ပြိုင် ဆိုင်တတ်သူတွေနဲ့ ကြုံလာခဲ့ရင်
သမီး အေး ကိုဒီလို အမြဲ ဆုးံမ ခဲ့တယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိတဲ့ သူဖြစ်ရင်
ကိုယ်က သူ့ထက်လှတယ် မလှဘူး
ပြိုင်လေ့ မရှိဘူး။ ဆင်းရဲ ချမ်းသာ ပြိုင်လေ့မရှိဘူး ။
ဘာလို့လဲ ဆို ...ယုံကြည်မှု့ရှိတဲ့ သူရဲ့ မျက်လုးံက အပြင်ကို မလှည့်ဘူး ။အတွင်းမှာ ဘဲ check လုပ်တယ်။

တချို့ မိန်းကလေးတွေဟာ
တပါးသူထက် နိမ့်ကျတယ်လို့ ထင်လာတဲ့အခါ
ကိုယ့်ကိုကိုယ်မလှဘူးလို့ ထင်လာတဲ့အခါ
မရှိရှိတာ ပြလာ တတ်ကြတယ်။
အထူးသဖြင့် ယောက်ကျားတွေရှေ့မှာ ။

ယောက်ကျားတယောက် စိတ်ဝင်စားခြင်းကို လက်ခုပ်သံလို့ ယူဆရင် ပွဲတောင်းခံရတိုင်း ရင်မခုန်ပါနဲ့လေ ။
ဘယ်သူမဆို တယ်လီနောက အခမဲ့ ဝန်ဆောင်မှု့ ပေးမယ်ဆိုရင် ဝမ်းသာအားရ ဒေါ်င်းလုပ် ဆွဲမှာဘဲ မဟုတ်လား ။

နောက်တခုက
လူတိုင်းမှာ အလှကိုယ်စီရှိတယ်ဆိုတာကို
လက်ခံထားရမယ်။
ကိုယ့်မှာ မရှိတာ သူ့မှာ ရှိနိုင်သလို
သူ့မှာမရှိတဲ့ အရည်အသွေး ကိုယ့်မှာ ရှိတယ်လေ။
သူတပါးအားနည်းချက်ထက်
ကိုယ့်အားသာချက်ကို ပိုသိရမယ်။

ကိုယ့်ကိုယှဉ်ပြိုင်လာသူကို ကြိုဆိုပါ။
ကိုယ်ဟာ ပြိုင်ဘက်ကောင်းတယောက်ဖြစ်တယ်
ဆိုတာ သူ သိပါစေ။ Pablo Neruda ဆိုတဲ့ ကဗျာဆရာတယောက်က ဒီလို ရေးခဲ့တယ်။

🌹အောင်မြင်တဲ့ မိန်းမဆိုတာ
ခိုင်မာတဲ့ အခြေခံ အုတ်မြစ်ကို
သူ့ကို ပစ်ပေါ်က်လိုက်တဲ့ ကျောက်ခဲတွေနဲ့
တည်ဆောက်တယ် 🌹 ။

အဓိက မှာချင်တာက ယောက်ကျားတယောက် အာရုံစိုက်ဘို့ အတွက် ...
ကြိုးစားရတဲ့ ယှဉ်ပြိုင်မှု့မျိုးဆိုရင်တော့.....
ကြိုးဝိုင်းထဲဘယ်တော့မှမဝင်လေနဲ့ သမီးငယ်။
သူ့ဘာသူ အမောဆို့ပြီး သေပါစေ။
ထိုက်တန်တဲ့ မိဖုရားအတွက် ပလ္လင်ဟာ ရှိပြီးသားပါ ။

တကယ်တော့
နှလုးံသား အဟာရ အတွက်
အသိဉာဏ်ပညာ အားဖြည့်စာကိုသာ
နာနာ သုးံဆောင်ပါ။
ခြန္အားရွိတဲ့ အသ္ိဉာဏ္က
ဝင္လာတဲ့
အမှိုက်တွေကို အလိုလို delete လုပ်သွားလိမ့်မယ် ။

အေရးအႀကီးဆုးံက
သူများတွေဘာထင်လဲ ဆိုတာထက်
ကိုယ့်ကိုကိုယ် ဘယ်လိုမြင် လဲဆိုတာ
ပိုအရေးကြီးပါတယ်။

ခ်စ္တဲ့ ေမေမ ။

# Ellen Grace
Source: https://www.facebook.com/lynn.nyi.7/posts/1919133011740433?pnref=story 2016...

သီတင်းကျွတ်ရင် ဘာအတွက်ကန်တော့ကြတာလဲ

by Ye Min Oo 20171031 3:28am ·
သီတင်းကျွတ်ရင် ကျွန်တော်တို့တွေ မိဘ၊ ဆရာကစပြီး ကန်တော့သင့်တယ်ထင်တဲ့လူတွေကို လိုက်ကန်တော့ကြလေ့ရှိတယ်။

ဘာအတွက်ကန်တော့ကြတာလဲလို့ မေးရင် အဖြေအမျိုးမျိုး ဖြစ်မယ်ထင်ပါရဲ့။ မိဘဖြစ်လို့ ကန်တော့တယ်။ 
ဆရာဖြစ်လို့ ကန်တော့တယ်။ အမျိုးထဲမှာ ကိုယ့်ထက် အသက်ကြီးလို့ ကန်တော့တယ်။ 
အလုပ်ရှင်မို့လို့ ကန်တော့တယ်။ အလုပ်ထဲမှာ အထက်အရာရှိမို့လို့ ကန်တော့တယ်။ 
အခွင့်အရေးတစ်စုံတစ်ရာ ပေးနိုင်သူမို့ အခွင့်အရေးတစ်စုံတစ်ရာအတွက် ကန်တော့တယ်။ 
အသက်ကြီးလို့ ကန်တော့တယ်။ အများက ကန်တော့ပွဲလုပ်လို့ စင်ပေါ်ရောက်နေတဲ့သူတွေကို ကန်တော့တယ်။

တချို့ကတော့ ဒီလိုမျိုး ဖြေမယ်။ ပြစ်မှားမိတာတွေ ရှိရင် ကျေဖို့ ကန်တော့တယ်။

ကျွန်တော်ငယ်ငယ်ကတော့ ပျော်လို့ ကန်တော့တယ်။ ကန်တော့ရင် မုန့်ဖိုးရတယ်။ 
အဲဒီအတွက် ပျော်တယ်။ ပျော်လို့ ကျွန်တော်ကန်တော့တယ်။

ဆရာ၊ ဆရာမတွေ သွားကန်တော့ရင် သူငယ်ချင်းတွေ စုပြီး သွားကန်တော့ကြတယ်။ 
မုန့်ဖိုးမရပေမယ့် သူငယ်ချင်းတွေနဲ့ ပစ္စည်းလိုက်ဝယ်ကြ။ 
ဆရာ၊ ဆရာမအိမ်သွားကြ။ စကားတွေပြောကြ။ စကြနောက်ကြ။ 
ပျော်ဖို့ သိပ်ကောင်းတယ်။ ပျော်လို့ ကန်တော့တယ်။

အသက်နည်းနည်းရလာတော့ ကန်တော့တာဟာ ကျွန်တော့်အတွက် ပျော်စရာ မဟုတ်တော့ဘူး။ 
မုန့်ဖိုးလည်း မရတော့ဘူးလေ။ သူငယ်ချင်းတွေလည်း မပါတော့ဘူး။

အဲဒီတော့ ကန်တော့တာဟာ ဝတ္တရားတစ်ခုလို ဖြစ်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်။ 
ဒါနဲ့ပဲ ဘာအတွက် ကန်တော့သင့်သလဲလို့ စဉ်းစားကြည့်တယ်။ 
ကျေနပ်လောက်တဲ့ အဖြေတစ်ခုကို ရခဲ့တယ်။ 
အဲဒီအဖြေအရ ကျေးဇူးတရားကို အာရုံပြုပြီး ကန်တော့တဲ့ အမှုကို ကျွန်တော်လုပ်တယ်။

အနာဂတ်မှာ ရလာမယ့် ကျေးဇူးတရား မဟုတ်ပါဘူး။ 
အတိတ်က ကျွန်တော့်အပေါ် ရှိခဲ့တဲ့ ကျေးဇူးတရားတွေအတွက်ပါ။

ကန်တော့ခြင်းဟာ အရိုအသေပြုခြင်းဆိုတာထက် ပိုတယ်လို့ ကျွန်တော့်စိတ်မှာ ခံစားရတယ်။ 
ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းဆိုတဲ့ ဘုရားရှိခိုးက စာသားလေးကို ကြားဖူးကြမှာပေါ့။ 
ကိုယ့်မှာရှိနေတဲ့ အရွယ်ရဲ့ မာန်၊ အဆင်းရဲ့မာန်၊ ပညာရဲ့မာန်၊ ဓနရဲ့မာန်၊ ရာထူးရဲ့မာန်။ 
အဲဒီမာန်တွေအားလုံးကို လျှော့ချပြီး ကျေးဇူးတရားကို ကန်တော့မိတယ်။

ကျေးဇူးဆိုတာ ချေလို့ မကျေပါဘူး။ ဒီအတွက် ဒီကျေးဇူးကို စိတ်ထဲကနေ မှန်းပြီး ကန်တော့တယ်။

အခုနောက်ပိုင်း ခရီးထွက်ရတာများတယ်။ အလုပ်ကများတယ်။ ကျန်းမာရေးကြောင့် ကိစ္စများတယ်။

ဒီတော့ ကန်တော့ရမယ့် ကျေးဇူးရှင်တွေကို လိုက်လံကန်တော့နိုင်မှု နည်းသွားတယ်။ 
ကျွန်တော့်ဖက်က ပျက်ကွက်မှုတွေ များလှတယ်။

ဒါပေမယ့် ကျွန်တော်သတိရရင် သတိရတိုင်း သီတင်းကျွတ်ကာလမှ မဟုတ်ဘဲ ကျေးဇူးရှိသူတွေကို 
စိတ်ထဲကနေ ကန်တော့လေ့ရှိပါတယ်။ 
ကျေးဇူးရှိသူတွေရဲ့ ကျွန်တော့်ပေါ်တင်နေတဲ့ ကျေးဇူးတွေကို သိရှိပြီး 
ကန်တော့ခြင်းနောက်မှာ သူတို့ကို စိတ်နဲ့ပဲဖြစ်ဖြစ်၊ နှုတ်နဲ့ပဲဖြစ်ဖြစ်၊ 
ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ် မပြစ်မှားခြင်းဆိုတာကိုပါ 
အလိုလို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပြစ်မှားပြီးမှ ခွင့်လွှတ်ပါလို့ 
ကန်တော့ရတာ အဆင်မပြေလှဘူးလို့ ကျွန်တော်တွေးမိလေ့ရှိတယ်။ 
ဒီတော့ ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးကို သိရှိကန်တော့ခြင်းက 
ပြစ်မှားခြင်းတွေပါ ဆက်မဖြစ်စေတော့ဘူးလို့ ယုံကြည်တယ်။

မိဘဘိုးဘွားတွေကို လူဖြစ်လာစေမှုနဲ့ ကျွေးမွေးသွန်သင်ခဲ့မှုဆိုတဲ့ ကျေးဇူးတွေအတွက် ကန်တော့တယ်။

ဆရာ၊ ဆရာမတွေကို သင်ကြားဆုံးမပေးခဲ့မှုတွေအားလုံးအတွက် ကန်တော့တယ်။

အလုပ်နဲ့ ဆက်စပ်သူတွေကို ထိန်းကျောင်းလမ်းညွှန်မှုတွေအတွက် ကန်တော့တယ်။

ဒီလိုပဲ ကိုယ့်ထက်အသက်ငယ်လို့ ကျွန်တော်တို့ထုံးစံအရ 
ကန်တော့ဖို့ မလိုဘူးဆိုတဲ့သူတွေထဲမှာလည်း ကျွန်တော့်အပေါ် သဲမှုန်တစ်မှုန်စာ 
ကျေးဇူးပြုဖူးသူ ကျေးဇူးရှိသူတွေကစလို့ ကျေးဇူးရှိသူများကို 
သူတို့ရဲ့ ကျေးဇူးတွေကို အောက်မေ့သတိရရင်း 
သူတို့အတွက် ကောင်းတဲ့အရာတွေ ဖြစ်ပါစေလို့ ဘုရားကို ကန်တော့တယ်။

အတိတ်က ကျေးဇူးတရားတွေအားလုံးကို ဒီနေရာကနေ ကျွန်တော်ကန်တော့ လိုက်ပါကြောင်း။...

Source: https://www.facebook.com/yemin.oo.35/posts/1433847850068723 

Wednesday, January 4, 2017

လွတ်လပ်ရေး ကြေညာစာတမ်း

လွတ်လပ်ရေး ကြေညာစာတမ်း

အောင်စေသတည်း

၁။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန် နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေးတသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သချင်္ာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လဝါ ပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အဝါ ညှိုးလျော်နွွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော် သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘဝသို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေဝါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘဝထူး ဘဝမြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဉာဏ်မျက်စိ၊ ၀ဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၄။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တဝှမ်းကို တသွေး တသားတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာ တည်းဟူသော ကြိုးထူး၊ ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။ မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။



Source: Myanmar State Counsellor Office

...