Thursday, May 3, 2012

ဒေါက်တာအောင်ကြီး အတ္ထုပ္ပတ္တိအကျဉ်း

Who is Dr. Aung Gyi, (Bio)

ဒေါက်တာအောင်ကြီး အတ္ထုပ္ပတ္တိအကျဉ်း


၁၉၅၃၊ ဖွား၊ ကသာဇာတိ၊ မိဘနှစ်ပါးမှာ ဦးဘေရှင်၊ ဒေါ်မြင့်မြင့်။

၁၉၇၀၊ ကသာ အထက (၁) မှ ၁၀ တန် အောင်မြင်ခဲ့။

၁၉၇၇၊ ဆေးတက္ကသိုလ် မန္တလေးမှ ဆေးပညာဘွဲ့ ရရှိ။

၁၉၈၅၊ ဆေးတက္ကသိုလ် မန္တလေးမှ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိ။

၁၉၉၃၊ ၉၅ - UK ပညာသင်။

၁၉၉၄၊ MRCP UK ရရှိ။

၁၉၉၅၊ DTMH London ရရှိ။

၁၉၉၇၊ ဖလမ်းပြည်သူ့ ဆေးရုံ၊ ဖျားနာ အထူးကု တာဝန် ထမ်းဆောင်။

၁၉၉၈ - ၂၀၀၁၊ ကုတင် ၃၀၀ ဆန့် သင်ကြားရေး ဆေးရုံ၊ မန္တလေးတွင် သမားတော်/ ကထိက အဖြစ် တာဝန် ထမ်းဆောင်။

၂၀၀၁ - ၂၀၀၃၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးပညာ ဌာနတွင် ကတိက/ သမားတော် အဖြစ် တာဝန် ထမ်းဆောင်။

၂၀၀၃၊ ဇူလိုင်လတွင် မန္တလေးဆေး တက္ကသိုလ်၊ ဆေးပညာဌာနတွင် ဌာနမှူး/ ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ရင်း၊ စာသင်၊ ဆေးကု၊ စားရေးလျက်ရှိ။ မိမိကိုယ်ကို စားရေးသူ တဦး အဖြစ်ထက် ဆေးကုတဲ့ ဆရာဝန်၊ စာသင်တဲ့ ကျောင်းဆရာ၊ စာမွေ့သူ ကဗျာမွေ့သူ တဦးအဖြစ် သိမှတ်ခံလို။

၂၀၀၄၊ 'အစိမ်းရောင်လူ၊ အပြာရောင်လူ၊ အဖြူရောင်လူ' စာအုပ် ထွက်ရှိ။

၂၀၀၆၊ 'သင်္ကြန်လူ၊ လေယာဉ်လူ၊ ခြင်ထောင်လူ' စာအုပ်ထွက်ရှိ။

၂၀၀၈၊ 'သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ' စာအုပ်ထွက်ရှိ။ [1]

↑ ကံ့ကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - ၂ အဖြစ် ၂၀၀၈ စက်တင်ဘာတွင် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒေါက်တာအောင်ကြီးရဲ့ 'သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ' စာအုပ်မှ

Ref: wikimyanmar.co.cc

No comments:

Post a Comment