Tuesday, July 5, 2022

ဓမ္မစက်ြာနည်းဖြင့် လွတ်မြောက်ပုံ (အ သောကစာရီ)

ဓမ္မစက်ြာနည်းဖြင့် လွတ်မြောက်ပုံ အကျဉ်း ပထမဦးစွာ ရုပ်ဇာတိကို ကြေညက်စွာ နားလည် သဘောပေါက်အောင် ဘဝင် ကျသည်အထိ အဖန်ဖန်အထပ်ထပ် နာကြားဘို့ လိုအပ်ပါသည်။ ကလလ ရေကြည်မှ ပြာပုံအထိ ရုပ်ဖြစ်စဉ်မှာ အမည်တွေ ဘယ်လို ပြောင်းပြောင်း ဓာတ်ကြီးလေးပါး သဘာဝ သူ့အလုပ်သူလုပ်နေကြသည် ကို ကျေနပ်စွာ လက်ခံနိုင်မှသာ ရုပ် အပေါ်စွဲသော ငါ့ရုပ် ငါ့ကိုယ် ငါ့ခန္ဓာ အမှားအထင်ပျောက် အမှန်အမြင် ရောက်ပါမည်။ ဓမ္မာရုံမှာ ပေါ်သမျှ ရုပ်နာမ်အာရုံများသည် အရိပ်အယောင်များသာဖြစ်၍ သတ္တဝါပညတ်မရှိကြောင်း အမှန်ကို ဦးစွာနားလည်ပြီး လွတ်မြောက်ပါမည်။ အာရုံမှန်သမျှသည် အရိပ်အယောင်များသာဖြစ်၍ အသက်မရှိသည့်အသေများ၊ တန်ဘိုးမရှိသည့် သုညများ လို့ လက်ခံလာနိုင်သောအခါ တွယ်တာစရာမရှိကြောင်း၊ စွဲလန်း၍မရကြောင်း၊ ဖမ်းယူဆုပ်ကိုင်ခွင့်မရှိကြောင်း နားလည်လာသောအခါ တွယ်တာမှု၊ စွဲလန်းမှု၊ ဖမ်းယူဆုပ်ကိုင် လိုမှုများကြောင့် ဖြစ်ရသော ပူလောင် ပင်ပန်း ဆင်းရဲခြင်းများမှ လွတ်မြောက်လာပါလိမ့်မည်။ ရုပ်ဘက်က အပူအအေး အပျော့အမာ အလှုပ်အငြိမ် ယိုစီး ဖွဲ့စည်းမှုများ ဖောက်ပြန်ပြောင်းလဲမှု သဘာဝများ ဘာလာလာ အလိုက်သင့်လက်ခံပေး နေနိုင်ရပါမည်။ စိတ်ဘက်မှာလည်း စိတ်ကြည်ကြည် မကြည်ကြည် ၊အတွေးစိတ် ဖြစ်ဖြစ် မဖြစ်ဖြစ် ၊ကုသိုလ်စိတ် အကုသိုလ်စိတ် ၊လောဘ ဒေါသ သောက ၊သဒ္ဓါ ဝီရိယ ပညာ ဘာစိတ်ဖြစ်ဖြစ် ဘာလာလာ အကုန်လုံးကို လက်ခံပေးနေရပါမည်။ အတွေးစိတ်များလို့ ပျံ့လွင့်စိတ်ဖြစ်လဲ အတွေးတွေကို မကျေမနပ်မဖြစ်ပဲ လက်ခံပေးနိုင်ရပါမည်။ သတိထားလို့ သတိရှိပြီး အတွေးကင်းနေလဲ တွေးစိတ်မပေါ်လဲ လက်ခံ နေရပါမည်။ ကြိုတ်တဲ့စိတ် မကြိုတ်တဲ့စိတ် ဘာစိတ်ဖြစ်ဖြစ် တားဘို့မကြိုးစားပဲ တားမရတာကို နားလည်ပြီး သတိထားကာ ဘာလာလာ လက်ခံနေရပါမည်။ ရုပ်ပိုင်းမှာကော စိတ်ပိုင်းမှာပါ ဖြစ်ချင်ရာဖြစ် ကြိုတ်တာဖြစ် ဖြစ်စဉ်တရပ်အနေနဲ့ နားလည်ပြီး လက်ခံပေးနေရပါမည်။ အကြောင်း အကျိုး သဘာဝ သဘော အမှန်ကို နားလည်နေရင် ဘာလာလာ လက်ခံနေနိုင်ပါသည်။ ရာသီဥတု အပူအအေး အပြောင်းအလဲ နွေမိုးဆောင်း သဘာဝကိုလဲလက်ခံနိုင်ရသလို ရောဂါကပ်ဘေး အစရှိသော ကပ်ဘေးအမျိုးမျိုးကိုလဲ လက်ခံနိုင်ရပါမည်။ ဖြစ်စရာရှိလို့ဖြစ်တာ ကြုံဘို့ ဆုံဘို့ အကြောင်းရှိလို့ ကြုံရဆုံရတာမို့ လက်ခံနိုင်ရပါမည်။ အကြောင်း အကျိုးကို ပိုင်ပိုင်နိုင်နိုင် နားမလည်လျှင် လက်မခံနိုင်ခြင်း ဖြစ်ရပါသည်။ အကြောင်းအကျိုး တိုက်ဆိုင်လို့ သူ့ဖြစ်စဉ် အတိုင်း ဖြစ်နေတာကို လက်မခံနိုင်စရာ ဘာများရှိနေလဲလို့ ဆန်းစစ်ကြည့်ရပါမည်။ အကြောင်းအကျိုး တိုက်ဆိုင်လို့ ကြုံရ ဆုံရသမျှ အားလုံးသည် အာရုံ အနေနှင့်သာ ဆုံရတာမို့ ဖြစ်သမျှသည် ဖြစ်စရာရှိနေသေးရင်တော့ ဖြစ်မည် ဒါပေမယ့် မြင်ရပြီး မရှိဘူး ဖြစ်ပြီးတော့ မရှိဘူး လို့ အာရုံရဲ့ သဘောအမှန်ကို သိနားလည်နေလျှင် ဖြစ်သမျှ အရာရာကို လက်ခံနိုင်လျှင် စိတ်က ဖြစ်တဲ့အပေါ် ပေါင်းခြင်း ပယ်ခြင်း အလုပ်တွေ မလုပ်တော့လို့ ပိုလို့ လွတ်မြောက်လာပါသည်။ ကုသိုလ်အာရုံလို့ အကောင်းစွဲ အချစ်နဲ့ ဆုပ်လို့ ပြုလုပ်ဘို့ ပေါ်တဲ့အာရုံနဲ့ အတင်းပေါင်းဘို့ အရေးကြီးနေရတာ အကုသိုလ်အာရုံလို့ အဆိုးစွဲ အမုန်းနဲ့ ဆုပ်လို့ ဖယ်ရှားဘို့တွေ မဖြစ်ဘို့တွေပေါ်တဲ့ အာရုံကို အတင်းပယ်ဘို့ အရေးကြီးနေရတာမျိုး မရှိတော့လို့ အဝိဇ္ဇာကနေ ဝိဇ္ဇာဖြစ်လို့ လွတ်မြောက်ရပြန်ပါတယ်။ မဖြစ်အောင်လဲမလုပ်ဘူး။ဖြစ်သမျှကလဲမရှိဘူးလို့ အာရုံရဲ့သဘောအမှန်ကို သိလို့ ကပ်ငြိမှုတွေက ကင်းစင်ပြီး စိတ်သန့်ရှင်း လွတ်မြောက်ရပါတယ်။ အရိပ်တွေ အသေတွေ အနှစ်အသား မရှိတဲ့ အရာတွေကို ဘာများသွားလုပ် နေရအုံးမှာလဲ၊ လုပ်လို့ကော ရနိုင်ပါအုံးမလား။ ဖြစ်နေတာက အကြောင်းအကျိုးပါ။ အကြောင်းအကျိုးကို လည်းနားလည်ပါ။ ဖြစ်စဉ်တွေကို လက်ခံပါ။ ဖြစ်စရာရှိရင် ဖြစ်နေမှာ။ ဖြစ်လာတာတွေကလဲ မရှိတော့ဘူး။ ဖြစ်အောင် မဖြစ်အောင် မလုပ်ပါနဲ့။ ပေါင်းခြင်း ပယ်ခြင်း မလုပ်ပါနဲ့။ အပ္ပမာဒ မမေ့မလျော့ မပေါ့မဆ ထက်သန်ပြင်းပြသော သတိတရားဖြင့် အမှန်တရားကိုသာ သိနေလိုက်ပါ။ အမှန်ကိုသိတဲ့ အသိဉာဏ်က ဓမ္မဗျာပါရဖြင့် ဓမ္မအလုပ် ဓမ္မလုပ်လို့ ဓမ္မကဆောင်သွားပါလိမ့်မည်။ အပ်ပမာဒနေ သမ်ပာဒထေ။ မေတ္တာခံယူလျက် မေတ္တာဖြင့် အ သောကစာရီ (၃-၇-၂၂)

No comments:

Post a Comment