ထွက်ပေါက် (မြင့်သန်း)
ဟိုကောင်က တို့သွားနားထောင်ရအောင် ဆိုတာနဲ့ပဲ ဆရာကြီးဦးရွှေရောင်ရဲ့ ဟောပြောပွဲဆီကို လိုက်လာမိတာ။ ဆရာကြီးဦးရွှေရောင်က နာမည်ကသာ ရွှေရောင်တောက်ပေတဲ့ လူကတော့ မွဲညစ်ညစ်ရယ်။ အသားအရောင်တင် မွဲတာမဟုတ်ဘူး၊ ငွေရေးကြေးရေးအရလည်း မတောင့်တင်းတော့ လူပါမွဲတယ်လို့ ပြောရမှာပဲ။ ဒါပေတဲ့ သူ့မှာ ပီအိပ်(ချ)ဒီတွေ အပုံကြီး။ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု ဘွဲ့ထူးဂုဏ်ထူးတွေ အပုံကြီး။ အသိပညာဆိုတာကိုသာ တင်းတောင်းနဲ့ထည့် တိုင်းတာလို့ရရင် ဆရာကြီးဦးရွှေရောင်မှာရှိတဲ့ အသိပညာတွေ တိုင်းတာကြည့်ဖို့ တင်းတောင်းရက်ခိုင်းမယ်ဆိုရင် ရက်တဲ့လူခမျာ အလျင်မီအောင် ရက်ပေးနိုင်မှာ မဟုတ်ဘူး။ အသိပညာဆိုတာကလည်း ပိုက်ဆံလို ထုတ်သုံးလို့ရတာမှ မဟုတ်ဘဲ။ ဒီတော့လည်း ဆရာကြီးမွဲတယ်ဆို မွဲပျော်တာပဲ။ ဆရာကြီးက ပျော်ပျော်ကြီးနဲ့ မွဲနေတာ။
ကျွန်တော်တို့တက္ကသိုလ်ရောက်တော့ ဆရာကြီးက ပင်စင်တောင်ယူပြီးပြီ။ ဘွဲ့လွန်တန်းလောက်ကိုပဲ တစ်ခါတလေ လာပြီး သင်လေ့ရှိတော့တယ်။ အငြိမ်းစားယူပြီး သူ့ဘာသာပဲ သုတေသန လုပ်နေသတဲ့။ `လူရဲ့ ဖြစ်-ရှိနေရခြင်းအတွင်းမှ အတိုင်းအတာ´ ကို လေ့လာနေတယ် ဆိုသလားပဲ။ ကျွန်တော်တို့နဲ့က ဘွဲ့လွန်တန်းရောက်မှ တွေ့ရသိရတော့ သိပ်မကျွမ်းလှဘူး။ ကျွန်တော်နဲ့ကျောင်းနေဖက် မန္တလေးဆီက ဒေါက်တာပေါ်ထိန်နဲ့ကတော့ အတော်ကိုရင်းတယ်။ တစ်ခါက ဒေါက်တာပေါ်ထိန်က ပြောဖူးတယ်။ ဆရာကြီးဦးရွှေရောင်ရဲ့ သုတေသနလုပ်ငန်းကကွာ သိပ်စိတ်ဝင်စားဖို့ကောင်းတာ။ ဆရာကြီးက လူတွေရဲ့ ဖြစ်ပျက်နေပုံတွေ လေ့လာပြီး ယုတ္တိနည်းလမ်းတကျ အဖြေထုတ်ယူတယ်။ ဥပမာကွာ၊ ဘတ်စ်ကားပေါ်မှာ လူတွေ မတ်တပ်ရပ်နေတာကိုမြင်တော့ ဒီလူတွေ ဘာလို့ မတ်တပ်ရပ်နေကြတာတုံးလို့ စဉ်းစားကြည့်တယ်။ အဖြေမရဘူး။ ခုတော့ ပင်စင်ယူပြီးတာနဲ့ ဆရာကြီးက နှစ်နှစ်သာသာလောက် ဘတ်စ်ကားတွေ လိုက်စီးကြည့်သတဲ့။ နောက်တော့ နှစ်ဆယ့်ရှစ်လ နှစ်ဆယ့်ကိုးလလောက်ကြာတော့ ဆရာကြီးဆီက ယုတ္တိနည်းလမ်းတကျ ယေဘုယျနိဂုံးတစ်ခု ထွက်လာတယ်။ `ဘတ်စ်ကားများပေါ်တွင် ထိုင်သူထိုင်၊ ထသူထ ဖြစ်နေရခြင်းမှာ ထိုင်ခုံမလုံလောက်သောကြောင့် ဖြစ်၏။ သို့ရာတွင် ဘတ်စ်ကားများတွင် ထို့ထက်ပို၍ ထိုင်ခုံများတိုးရန် မဖြစ်နိုင်။ သို့ဖြစ်ရကား လက်ရှိထိုင်ခုံများ ရှိနေသည့်အနေအထားတွင် ထိုင်နိုင်သူနှစ်ဆဖြစ်လာစေရန်၊ ထိုင်ခုံတစ်လုံးတွင် ထိုင်သူနှစ်ဦး ထိုင်နိုင်ရမည်။ ထိုအချက်ကိုထောက်ဆ၍သော် ရွေးချယ်ရန် အနေအထားသုံးရပ် ပေါ်လာသည်။ (တစ်) ပိန်သူများကိုသာ ဘတ်စ်ကားစီးခွင့်ပြုရန်၊ (နှစ်) ၀သူများမှာ ပိန်လာသည်အထိ လမ်းလျှောက်ကြရန်နှင့် (သုံး) ၀သူများနှင့် ပိန်သူများပင် ပို၍ပိန်လာစေရန် ဘတ်စ်ကားစီးသူမှန်သမျှ ထမင်းတစ်နပ်သာ စားသင့်ကြောင်း´ လို့ သုတေသနစာတမ်း ထွက်လာတယ်။ မင်းစဉ်းစားကြည့်စမ်း၊ ဘယ်လောက်ကောင်းတဲ့ သုတေသနစာတမ်းလဲ။
မှန်ရာကိုပြောရရင်တော့ ကျွန်တော့်ခေါင်းက အဲဒီလောက် မသွားဘူး။ ဒေါက်တာပေါ်ထိန်က ကျောင်းနေဖက်လည်း ဖြစ်တာကတစ်ကြောင်း၊ အဲဒီအကြောင်းတွေ ပြောနေတုန်း သူတိုက်တဲ့ ဘီယာကိုလည်း သောက်ထားမိတာက တစ်ကြောင်းကြောင့် ခေါင်းကို တွင်တွင်ပဲ ညိတ်ခဲ့ရတယ်။ ခုတော့ ဒေါက်တာပေါ်ထိန်လည်း မရှိတော့ဘူး။ သူရှိတုန်းက ဆရာကြီးဦးရွှေရောင်ရဲ့ သုတေသနစာတမ်းပေါ်မှာ အခြေခံပြီး၊ သူက ဆင့်ပွားနိဂုံးဆွဲတယ်။ `ပိန်ရန် အစာမစားခြင်းသည် ဘတ်စ်ကားပေါ်တွင် ထိုင်ခုံဖြင့်ထိုင်နိုင်သည်သာမက အစားအသောက်ရှားပါးသော အာဖရိကမှ နိုင်ငံများအတွက် အစားအစာ ဝေငှသုံးစွဲခြင်းလည်း မည်၏´ လို့ ထပ်ဆင့်အဆိုပြုတယ်။ အဲဒီအဆိုအတိုင်း သူလည်း အစားလျှော့စားတယ်။ ပထမတော့ တစ်နပ်ပဲ စားတယ်။ နောက်တော့ တတ်နိုင်သမျှ မစားဘဲ နေတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ အာဟာရပြတ်ပြီး သေပါလေရော။ ခုတော့ ဟိုကောင်က ဆရာကြီးဦးရွှေရောင် ဟောပြောတာ သွားနားထောင်ရအောင်လို့ လာခေါ်ပြန်တယ်။ ဟိုကောင်နဲ့ ကျွန်တော်က ဘွဲ့လွန်တန်း အတူတူတက်လာခဲ့ပေတဲ့ ကျောင်းဆရာဖြစ်လောက်တော့ ဇာတာက ပါမလာဘူး။ လက်ဖဝါးထဲမှာလည်း တက္ကသိုလ်ဆရာဖြစ်လောက်တဲ့ လိုင်းတွေဘာတွေ မပါဘူး။ ဒီတော့လည်း ကျွန်တော်တို့နှစ်ယောက်သား မတ်တပ်ရပ်လို့ လမ်းမှာငိုဆိုတဲ့ သတ္တဝါမျိုးပဲ ဖြစ်လာတယ်။ ဂျာအေးသူ့အမေရိုက်ဆိုသလို ဘဝဆိုတာက ချာလယ်လယ်နဲ့နေတယ်လို့ပဲ လက်ခံရင်း ကြုံသလိုပဲ နေမိကြတယ်။
ဟိုကောင်ကတော့ ကျွန်တော့်ထက်သာတာ ရှိတယ်။ ပညာတတ်အသိုင်းအဝိုင်းနဲ့ လူချမ်းသာအသိုင်းအဝိုင်းနဲ့ အဆက်အဆံ ရှိတယ်။ ကျွန်တော်နဲ့အဆက်အဆံရှိတာတွေက စာရေးဆရာတို့၊ ကဗျာဆရာတို့ ဆိုတာတွေပဲ။ ပိုက်ဆံရှာဖို့ဆိုတာကို မတတ်မြောက်ထားတဲ့နေရာမှာ စနစ်တကျရှိတဲ့လူတွေ။ စားဖို့သောက်ဖို့ မရှိရင်သာနေရမယ် ပိုက်ဆံရှာတယ်ဆိုတာကို ဂုဏ်သိမ်ငယ်တယ်လို့ ထင်ထားတဲ့လူတွေ။ လွယ်အိတ်ထဲမှာ စက္ကူစုတ်တွေ ထည့်ပြီး လေထဲမှာ အနုပညာရဲ့ အနှစ်သာရဆိုတာကို လိုက်ရှာနေတဲ့လူတွေ။ ပိုက်ဆံဆိုတာကို ဟန်ဆောင်ပြီး မုန်းပြနိုင်တဲ့ လူမျိုးတွေ။ တကယ်တော့ ဆရာကြီးဦးရွှေရောင်တို့၊ ဒေါက်တာပေါ်ထိန်တို့နဲ့ တစ်လိုင်းတည်းသမားတွေပဲ။ ကျွန်တော်ကတော့ ဒီလိုလူတွေ အကြားမှာ ရှင်သန်နေရတယ်ဆိုပေတဲ့လည်း အစွန်းမရောက်ဘူး။ ကိုယ်က မသာဘူးဆိုရင်တောင် မနာအောင် နေတတ်ရသပေါ့။ ဒီတော့လည်း အိတ်ကပ်ထဲမှာ တစ်ပြားမှ မရှိပေမယ့်လည်း မြို့ပြလူ့အဖွဲ့အစည်းထဲမှာတော့ ထမင်းမငတ်ဘူး။ လက်ဖက်ရည်တိုက်မယ့်သူ ရှိတယ်။ ထမင်းကျွေးမယ့်သူ ရှိတယ်။ ရက်ရာဇာကျတဲ့နေ့များဆိုရင် နေလုံးကြီး အနောက်ဖက်ကို မခိုခင် ဘီယာတိုက်မယ့်လူ၊ ၀ီစကီတိုက်မယ့်လူတွေနဲ့တောင် တိုးမိတတ်သေးတယ်။ ဒီနေ့တော့ ပြဿဒါးကျပုံရတယ်၊ ဟိုကောင်နဲ့ တိုးတာသာ ကြည့်ပေတော့။ ပိုဆိုးတာက ပညာရပ်ဆိုင်ရာ ဟောပြောပွဲ သွားနားထောင်ရအောင်တဲ့။ ရ ရက် သောကြာဆိုတော့ ၀ါရမိတ္တူတောင် ဖြစ်လောက်တယ်။
ဟိုကောင်လိုလူမျိုးနဲ့ ကျွန်တော် တွဲဖြစ်သွားတာကတော့ ဆရာကြီးဦးရွှေရောင်ရဲ့နောက် ပါမောက္ခဖြစ်လာတဲ့ ဆရာကြီး ဦးငွေရောင်လင်းကြောင့်ပဲ။ ဆရာကြီး ဦးငွေရောင်လင်းကျတော့ ပိုပြီး ပညာရှိပီသတယ်လို့တောင် ကျွန်တော်မြင်မိတယ်။ ကျွန်တော့်ဆရာဖြစ်ခဲ့ဖူးလို့ ကိုယ့်ဆရာကိုယ် တင်တယ်ရယ်လို့တော့လည်း မထင်ကြစေချင်ဘူး။ မတင်လို့လည်း မဖြစ်ဘူး။ ဆရာကောင်းတပည့်လို့ ဆိုကြသမို့လား။ ဒီတော့ ဆရာတင်ထားဖို့ လိုတယ်။ ဟုတ်နိုးနိုး၊ သာနိုးနိုးတွေကိုတောင် အောင်ဇေယျတု သဗ္ဗမင်္ဂလံလုပ်ရတယ် မဟုတ်လား။ ဆရာကြီး ဦးငွေရောင်လင်းကတော့ တကယ်တော်တာပါ။ ကျွန်တော့်ကို ဆုံးမဖူးတယ်။ `ဒီလိုရှိတယ်ကွဲ့ ငါ့တပည့်ရဲ့။ အသိပညာဆိုတဲ့နေရာမှာ အသိနဲ့ ပညာနဲ့ ကွဲဖို့လိုတယ်။ အသိဆိုတာက မင်းကို ထမင်းကျွေးမယ့်ကောင်၊ မင်းကို စောင့်ရှောက်မယ့်လူ။ ပညာဆိုတာက ခေါင်းထဲမှာ သူ့ဘာသာနေတာ။ ထမင်းကျွေးထားစရာ မလိုဘူး။ ဒါပေတဲ့ အသိပညာဆိုတာက တွဲနေတယ်။ ပညာရှိမှ အသိရှာတတ်တာ။ ပညာမရှိရင် မတွေးတတ်ဘူး။ မတွေးတတ်တော့ အမြော်အမြင်မရှိဘူး။ ကိုယ့်ကို ထမင်းကျွေးမယ့်ကောင်နဲ့ ကိုယ့်ဆီက ပိုက်ဆံချေးမယ့်ကောင်ကို ခွဲမမြင်တတ်ဘူး။ ကိုယ့်ကို ထမင်းကျွေးမယ့်ကောင်၊ စောင့်ရှောက်မယ့်လူကို မြင်တတ်ရတယ်။ အဲဒါက မင်္ဂလာတစ်ပါးပဲ။ ဗာလနံကတော့ ဗာလနံပဲ။ ကိုယ့်ဆီက ပိုက်ဆံချေးမယ့်ကောင်၊ မပေါင်းထိုက်ဘူး။ အဲဒါကြောင့် အသေဝနာစ ဗာလနံလို့ ဆိုတာ။ အရေးကြီးဆုံးကတော့ တို့များအနေနဲ့ အသိကို ပညာနဲ့ရှာရမှာပဲ။ ပညာတတ်ဆိုတာက ပိုက်ဆံမှ မရှိဘဲ။ ဒီတော့ အသိကို ပညာနဲ့ရှာရမှာ´ တဲ့။ ဒီအဆုံးအမအရ ကျွန်တော့်ကို စောင့်ရှောက်ထားမယ့်၊ ကျွန်တော် ငတ်မှာကို မကြည့်ရက်တဲ့ ဟိုကောင်နဲ့ ပေါင်းမိလိုက်တာပဲ။
မင်းက ဘာဖြစ်လို့ သွားနားထောင်ချင်ရတာလဲလို့ သူ့ကိုမေးတော့ ဒီဟာက ဆရာကြီးဦးရွှေရောင်ရဲ့ နောက်ဆုံးလက်ချာတဲ့ကွ။ ဒီနောက် ဆရာကြီးက သူ့ သုတေသနလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဘာမှ မဟော၊ မပြောတော့ဘူးတဲ့လို့ ဟိုကောင်က ဖြေတယ်။ ဘာလို့လဲလို့ ကျွန်တော်ကမေးတော့၊ သူက ဖြေတယ်။ ဆရာကြီးက သူ့ဘိုးဘွားလက်ထက်ကတည်းကပိုင်တဲ့ ပတိန်းငဖဲဘက်က ခြံကြီးထဲသွားပြီးနေရင်း သူ တစ်သက်လုံးလေ့လာနေခဲ့တဲ့ `လူရဲ့ ဖြစ်-ရှိနေခြင်းအတွင်းက အတိုင်းအတာ´ ဆိုတာကို၊ အဖန်တလဲလဲ ပြန်ပြီး တွေးဆကြည့်နေတော့မယ်တဲ့။ ဒီတော့လည်း ဆရာကြီးလေ့လာမှုက သူ့အသက်နဲ့သူ့ကိုယ် မြဲနေသရွေ့ ပြီးလောက်မယ်မထင်ဘူးလို့ ရိပ်မိလိုက်တယ်။ အခု ဆရာကြီးကို ဟောပြောဖို့ ပင့်ဖိတ်တောင်းပန်တာက သူ့တပည့်ရင်း ဒေါက်တာနန္ဒာပါ။ သူက တောင်းပန်နိုင်လွန်းလို့ ဆရာကြီးက လာဟောမှာလို့ သူက ဆက်ပြောတယ်။ ဒေါက်တာနန္ဒာဆိုတာကလည်း ကျွန်တော့်ဆရာ ဖြစ်ဖူးတယ်။ ခုတော့ အင်တာနေရှင်နယ် အင်စတီကျုအော့ ဖလော့ဆိုဖစ်ကယ်လ် စတတ်ဒီး(စ) ရဲ့ အကြီးဆုံး တာဝန်ရှိပုဂ္ဂိုလ်ပဲ။ ဘာမှန်းတော့ အသေအချာ မသိဘူး။ မြန်မာလို အနက်ဖွင့်စရာ စာလုံး ရှာမရကြလို့ ဘိဇနက်လို့ တန်းရေးနေကြတဲ့ ကာလကြီးမှာတော့ ကျွန်တော်လည်း နားလည်အောင် သိပ်မကြိုးစားတော့ဘူး။ ဒေါက်တာနန္ဒာက ပညာရပ်ဆိုင်ရာ စာအုပ်တွေဘာတွေ ရေးလေ့ရှိတယ်။ ငါးဆယ်ပြည့်စာအုပ်တိုက်က ထုတ်ဝေတဲ့ စနစ်တကျကင်းမြီးကောက်ထောင်နည်း ကျမ်းများဆိုရင် ပြန်ရိုက်ရတာကို လေးဆယ့်သုံးကြိမ်လောက် ရှိပြီ။ စာအုပ်တစ်အုပ်အတွက် ဉာဏ်ပူဇော်ခ သုံးဆယ့်ခုနစ်သိန်းလောက် အနည်းဆုံးရတာတဲ့။
တစ်ခါက ဆရာ့စာမူခက အတော်ရတာပဲလို့ ကျွန်တော်က ပြောတော့ ဒေါက်တာနန္ဒာက သိပ် ကျေနပ်ပုံမရဘူး။ ခင်ဗျားဗျာ၊ တီဗီထဲက ပုလုံးလုံးကောင်မလေး ကြော်ငြာ မကြည့်ဖူးဘူးလား။ အဲဒီကောင်မကလေးက ကြော်ငြာတစ်ခါရိုက်ရင် သိန်းတစ်ရာ အနည်းကလေးရတာ။ သူနဲ့ယှဉ်ရင် ကျုပ်ရတာ အစွန်းထွက်လောက်ပဲရှိသေးတယ်လို့ ပြောတယ်။ ဒီလိုဖြင့် ဆရာရယ် ကြော်ငြာဝင်ရိုက်ပါလားလို့ ကျွန်တော်က ပြောလိုက်မိတယ်။ ကြော်ငြာရိုက်တယ်ဆိုတာက လူကြိုက်များအောင် လုပ်ရတာဗျ။ ပညာတတ်ဆိုတာ လူကြိုက်များအောင် လုပ်တဲ့လူမျိုး မဟုတ်ဘူး။ မလုပ်အပ်ဘူး။ ပညာတတ်ဆိုတာ အမှန်တရားအကြောင်းပဲ ပြောတာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် သိပ်မပူဘူး။ အမှန်တရားအတွက် သတ္တိရှိတယ်။ ဥပမာ တစ်ယောက်ယောက်က ထမင်းစားမလားလို့မေးရင် အလကားလူတွေလို အားနာတယ် ဘာရယ်ညာရယ် ဖြီးမနေဘူး။ စားမယ်လို့ ပြောင်ပြောင်ပဲ ပြောတယ်။ ကျွေးတဲ့လူရှိနေမှ စားရတာပေါ့ဗျာ၊ မဟုတ်ဘူးလား။ စားတာတောင် ဖြစ်နိုင်ရင် ပုဇွန်ထုပ်ဆီပြန်လောက်နဲ့မှ၊ ငါးမြင်း ၀မ်းပြင်းသားလောက်နဲ့မှ စားတာ။ ပညာတတ်ဆိုတာ အဲသလိုဗျ။ အမှန်တရားဖက်က အမြဲရပ်တည်တော့ မှန်တာပဲပြောတယ်။ အဲဒီတုန်းက ကျွန်တော့်ဆရာ ဒေါက်တာနန္ဒာက ဖြည့်ပြောတဲ့အချက်တစ်ခု၊ ခုထိ ကျွန်တော်မှတ်မိနေသေးတယ်။ အမှန်တရားဆိုတာကလည်း ဗိုက်ပြည့်မှ ပိုကောင်းသဗျတဲ့။ အဲဒီလိုပဲ ကျွန်တော်လည်း မှတ်ပါတယ်။
ဆရာကြီးဦးရွှေရောင် ဟောပြောမယ့်နေရာရောက်တော့ ကျွန်တော်လည်း တောသားမြို့တက်ဆိုတာမျိုး ဖြစ်ကရော။ အပြည်ပြည်ဆိုင်ရာဘိဇနက်စင်တာ ဆိုတာပဲ။ အပြည်ပြည်ဆိုင်ရာ ဆိုတာကတော့ အင်္ဂလိပ်လိုက မြန်မာလို ပြန်ပြောလို့ ဖြစ်တယ်။ ဘိဇနက်ဆိုတာကတော့ သိပ်ခေတ်မီတဲ့ အိုနာကျိုးကန်းကြီးတွေ ခေါ်သလို ခေါ်လိုက်တာပဲ။ ဟိုကောင်တွေ ရလာတဲ့လက်မှတ်က ဖိတ်ကြားခံရသူတွေအတွက် နေရာမှာဆိုတော့ အတော်ကလေး နိပ်တယ်။ ရှေ့ဆုံးတန်းမဟုတ်ပေမဲ့ ဒုတိယတန်းမှာဆိုတော့ မဆိုးလှဘူး။ ကျွန်တော်က မင်းလမ်းဘေးနားက ခုံမှာ ၀င်ထိုင်လိုက်တယ်။ ထိုင်ပြီး မျက်စေ့ကစားလိုက်တာနဲ့ မင်းလမ်းရဲ့အခြားတစ်ဖက်ဆီမှာ ထိုင်နေတဲ့ အမျိုးသမီးဆီ မျက်စေ့ရောက်သွားမိတယ်။ ပုထုဇဉ်ကိုး၊ ဘယ်တတ်နိုင်ပါ့မလဲ။ အမျိုးသမီးက ကျွန်တော်တို့အရွယ်လောက်ပဲ ရှိလိမ့်မယ်။ ဒီအရွယ်ရောက်ရင် ရေမြင်းကြီးတွေလို ဖိုင့်ဖိုင့်ကြီးတွေ ဖြစ်တတ်တဲ့ကာလမှာ သူက ခပ်သွယ်သွယ်ရယ်။ အန်တီတို့ကတော့ ဂျင်(မ)မှန်မှန်သွားတယ်၊ အချိန်ရရင် အေရိုးဘစ်ကလေးဘာလေးလည်း လုပ်တယ်ဆိုတဲ့ အန်တီကလေးမျိုး ဖြစ်ပုံရတယ်။ သူကလှည့်ကြည့်တော့ ကျွန်တော်က မသိမသာ ပြံုးပြလိုက်မိတယ်။ လူပေါ်လူဇော်လုပ်နည်းစာအုပ်ထဲမှာ တွေ့လျှင်တွေ့ချင်း မေတ္တာရှိစေသောနည်းကား ပြံုးပါလို့ ပါတာကိုး။ မေတ္တာမရှိတောင် ပြံုးပြရတာပဲ။ ကိုယ့်ဖက်က ဘာရှုံးစရာရှိတာမှတ်လို့။ အဲဒီ အန်တီကလေးကတော့ သေသေချာချာကြီး ကြည့်ပြီးတော့ သေသေချာချာကြီး ပြန်ပြံုးပြတယ်။ ဒီတော့လည်း မဟုတ်ကာမှ လွဲကရော ဒီနေ့တော့ဖြင့် ပြဿဒါးလွတ်ရုံတင် မကဘူး၊ ဖုတ်သွင်းရထားများတောင် ဆိုက်လောက်တဲ့ အခြေအနေရှိတယ်လို့ပဲ ထင်လိုက်မိတယ်။
ကျွန်တော်လည်း ထပ်ပြီးပြံုးပြမယ်လုပ်နေတုန်း အခမ်းအနားစတော့မည်ဆိုတဲ့ အသံကြားရတာနဲ့ အရှေ့ဖက်ကို လှမ်းကြည့်လိုက်မိတယ်။ ထပ်ပြီး ပြံုးမပြဖြစ်တော့ဘူး။ နောက်တော့ ဒေါက်တာနန္ဒာတို့ ဆရာကြီးဦးငွေရောင်လင်းတို့က အဖွင့်စကား အမှာစကားတွေ ပြောကြတယ်။ အရှည်ကြီးပြောကြပေမဲ့ လိုရင်းကတော့ ကျွန်တော်တို့ဆရာကြီး သိပ်တော်တယ်၊ သိပ်တတ်တယ် ဆိုတာပါပဲ။ ပညာတတ်တွေကိုး၊ ဒီတော့လည်း တော်တဲ့တတ်တဲ့အကြောင်းပဲ ပြောရတော့မှာပေါ့။ ဒီထက်ပိုပြီး ပြောစရာမှ မရှိဘဲ။ ဒါနဲ့ပဲ ဆရာကြီးဦးရွှေရောင်အလှည့် ရောက်လာလို့ သူ့ရဲ့ နှစ်ရှည်လများ လေ့လာထားတဲ့ သုတေသနအကြောင်း စပြောတော့တယ်။ ကျွန်တော့်နားထဲစွဲသွားတဲ့ အချက်တချို့ကတော့ လူတွေဟာ တိရိစ္ဆာန်တွေထက် ညံ့ဖျင်းနေရတာဟာ အမြီးမပါလို့ပဲတဲ့။ အမြီးမပါတဲ့အတွက် မျောက်တွေလို အမြီးအားကိုးနဲ့ ချိတ်တွယ်ထားလို့ မရဘူး။ နွားတွေလို အမြီးနဲ့ ယင်ကောင်ခြင်ကောင် ယပ်ပစ်လို့မရဘူး။ လူတွေအားကိုးနေတဲ့ ဆင်ခြင်တုံတရားဆိုတာက ခလုတ်တိုက်မလဲအောင် ကြိုတင်ကာကွယ်နိုင်စွမ်းမရှိဘူး။ ၀မ်းလျှောနေတဲ့အခါ စနစ်တကျဆင်ခြေတွေနဲ့ ၀မ်းကို ထိမ်းထားလို့ မရဘူးတဲ့။ ကျွန်တော် သဘောအကျဆုံးအချက်ကတော့ လူတွေရဲ့ အကြီးမားဆုံး ညံ့ဖျင်းမှုကတော့ နွားတွေလို မြက်တစ်မျိုးတည်းကိုပဲ မစားကြတဲ့အတွက် လူတွေမှာ တပ်မက်မှုတွေ ပေါ်နေတာပဲ။ လူတွေမှာ ရွေးချယ်စရာတွေ များနေတယ်။ ဒီတော့လည်း သံသရာမှာလည်နေဖို့ တပ်မက်မှုတွေ၊ တဏှာတွေ ပေါ်နေတာပဲ။ ကျွန်တော်လည်း စိတ်ထဲမှာ သိပ်သဘောကျလိုက်မိတယ်။ ဟုတ်တာပဲ။ ဒါပေတဲ့ တစ်ခုတော့ စဉ်းစားဖို့ လိုတယ်။ လူတွေသာ မြက်တွေကိုပဲစားကြရင် နွားတွေ ဘာသွားစားကြမှာတုံး။ ဒီလိုစဉ်းစားကြည့်တာဟာ မုံရွေးဖက်ဆီက ပညာရှိကြီးပြောဖူးတဲ့ တခြားတစ်ဖက်ကစဉ်းစားကြည့်တာပဲ မဟုတ်ဘူးလား။
အရှိန်ကောင်းကောင်းနဲ့ ပြောနေရင်း ဆရာကြီးရဲ့လေသံ တိမ်ဝင်သွားတယ်။ နောက်တော့ ငိုက်ခနဲဖြစ်ပြီး လဲမလိုလိုဖြစ်သွားလို့ အနားမှာရှိတဲ့ ဒေါက်တာနန္ဒာက ပွေ့ထားလိုက်ရတယ်။ နောက်တော့ ဆရာဝန်တွေဘာတွေ ရောက်လာပြီး မကြာခင်မှာပဲ လူနာတင်ကားရောက်လာပြီး ဆရာကြီးဦးရွှေရောင်ကို တင်ခေါ်သွားတော့တယ်။ ဒေါက်တာနန္ဒာက မမျှော်လင့်တဲ့အခြေအနေမျိုးနဲ့ တိုးရတာကို ခွင့်လွှတ်ကြဖို့နဲ့ အသက်ကြီးရင့်နေပြီဖြစ်တဲ့ ဆရာကြီး ကျန်းမာရေးကိုထောက်ပြီး ဟောပြောပွဲအခန်းကို ရုပ်သိမ်းရတော့မှာဖြစ်ကြောင်း ကြေညာတယ်။ ဆရာကြီးရဲ့ စာတမ်းကိုတော့ တစ်စောင်နှစ်ထောင်နဲ့ ၀ယ်နိုင်ကြောင်းလမ်း ပြောတယ်။ ပြောလို့မှ မဆုံးသေးဘူး၊ ဟိုကောင်က ထိုင်ရာကထပြီး သွားဝယ်ပါလေရော။ ကျွန်တော်လည်း မပြီးပြတ်သေးတဲ့ အပြံုးကိစ္စ သတိရလိုက်မိတယ်။ မင်းလမ်းဟိုဖက်ကို လှည့်ကြည့်မလို့ ခေါင်းလှည့်လိုက်တော့ အန်တီကလေးက ကျွန်တော့်နားဆီမှာ ရပ်နေတာ တွေ့ရတယ်။ နင်ငါ့ကို မမှတ်မိတော့ဘူးလားလို့ သူက မေးတယ်။ မှတ်မိသလိုလိုပဲလို့ တက်သာဆုတ်သာကလေး ဖြေလိုက်မိတယ်။ ငါဘယ်သူဘယ်ဝါပဲလို့ပြောရင်း သူ့ကဒ်ပြားကလေး ထုတ်ပေးတယ်။ ကဒ်ပြားကို မသိမသာကြည့်လိုက်တော့မှ သူ ဘယ်သူဘယ်ဝါဆိုတာ ရေရာသွားတယ်။ ဒီတော့မှပဲ ပညာရှိတို့ရဲ့ စနစ်တကျ ရေလိုက်ငါးလိုက်ပြောနည်းကို အသုံးချဖို့ အခွင့်အရေးရတော့တယ်။ နောက်ဆုံးတော့ သူက ငါ့ဆီ ဖုန်းဆက်ဦးလေ။ တစ်ညနေဖက် ညစာလေးဘာလေးစားရင်း စကားပြောရအောင်လို့ ပြောတယ်။ ညစာဆိုတာရော ဘာလေးဆိုတာရော ကျွန်တော်သဘောကျတယ်။ မိဂပဒဝဠဥ္ဖန နည်းကို အခြေခံပြီး ယုတ္တိနည်းလမ်းတကျ တွေးကြည့်လိုက်မိတယ်။ ဒီတော့လည်း ငါ ဖုန်းဆက်ဖြစ်အောင် ဆက်လိုက်မယ်။ ငယ်ငယ်ကလိုပေါ့ဟာလို့ ပြောလိုက်တယ်။ သူက သွားမယ်လို့ပြောပြီး ပြံုးပြတယ်။ ပြီးတော့ ဆရာကြီးရော ဘယ့်နှယ့်နေသလဲမသိဘူးလို့ သူက မေးတယ်။ အသက်ရှစ်ဆယ်ကျော်သွားရင် ကောင်းရာမွန်ရာရောက်မယ်လို့ တွက်ထားတဲ့လူချည်းပဲ။ ဒီတော့ နင်ပူနေလို့လည်း အလကားပဲလို့ ပြောလိုက်တော့ သူက ပြံုးပြန်တယ်။
သူပြန်သွားတော့ ကျွန်တော် ထိုင်ကျန်ရစ်ခဲ့တယ်။ ခန်းမထဲမှာလည်း လူကုန်သလောက်ရှိသွားပြီ။ စာတမ်းနှစ်စောင်ကို လက်ကကိုင်ရင်း ဟိုကောင်က မင်း ဘာရှာနေတာလဲလို့ မေးတယ်။ ဒီစာတမ်းကို ဘယ်သူချုပ်ပေးသလဲလို့ သိချင်လို့လို့ဖြေတော့ ပေါက်ပေါက်ရှာရှာကွာလို့ ဟိုကောင်က ပြောတယ်။ ပေါက်ပေါက်ရှာရှာမဟုတ်ဘူး ငါ့လူ။ ကမ္ဘာပေါ်မှာ တို့လူမျိုးလို စာအုပ်ချုပ်တဲ့လူကို နေရာပေးတာ၊ တန်ဖိုးထားတာ ရှားတယ်။ စာအုပ်တိုင်းလိုမှာ စာအုပ်ကို ဘယ်သူချုပ်တယ်ဆိုတာ ပါတယ်။ ဒါကြောင့် ငါရှာကြည့်နေတာလို့ ပြောတော့ ဟိုကောင်က ဘာမျှပြန်မပြောတော့ဘူး။ သူ့လက်ထဲကစာတမ်းကို လှန်လှောကြည့်နေတယ်။ အဲဒီတုန်းမှာပဲ တံမြက်စည်းရယ် ဘာလီပုံးရယ်ကိုင်ပြီး နောက်ဖက်ဆီက လူတစ်ယောက်ထွက်လာတယ်။ ခုနက ဟောပြောတဲ့စင်လို အမြင့်နေရာမှာကို သွားပြီး သန့်ရှင်းနေတယ်။ ဆရာကြီး မေ့လဲသွားတုန်းက လွင့်သွားတဲ့ စာရွက်တစ်ချို့ကို လိုက်ကောက်ရင်း လုံးထွေးလိုက်ရင်း အမှိုက်ပုံးထဲပစ်ထည့်လိုက်တာ တွေ့ရတယ်။ ပြီးတော့ တံမြက်စည်း စ, လှည်းနေတယ်။ ကျွန်တော်တို့နှစ်ယောက်သားလည်း ထိုင်ရာက ထ,လိုက်ကြတယ်။ ဟိုကောင်ကပဲ သန့်ရှင်းရေးလုပ်နေတဲ့သူကို ဗျို့ဆရာ အပြင်ကို ဘယ်လိုထွက်ရသလဲလို့ လှမ်းမေးလိုက်တယ်။ သန့်ရှင်းရေးလုပ်နေတဲ့လူက တံမြက်စည်းလှည်းနေတာကိုရပ်လိုက်ပြီး ကျွန်တော်တို့ကိုကြည့်လိုက်ရင်း ဟောဒီရှေ့နားမှာ၊ ဘယ်ဖက်မှာ တံခါးတစ်ပေါက်၊ ညာဖက်မှာ တံခါးတစ်ပေါက်ရှိပါတယ်ခင်ဗျားလို့ ဖြေတယ်။ ကျွန်တော်ကပဲ ထပ်မေးလိုက်မိတယ်။ ဘာထူးသလဲဗျာလို့။ သူက ချက်ချင်းမဖြေသေးဘဲ ခဏ စဉ်းစားနေပုံရတယ်။ ပြီးမှ မထူးပါဘူး၊ အပြင်ရောက်တာချည်းပါပဲလို့ ဖြေတယ်။
တိုင်ပင်မထားဘဲ ဟိုကောင်နဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိတယ်။ ဟိုကောင်က အသာမေးငေါ့ပြတယ်။ ဘယ်အပေါက်က ထွက်ချင်သလဲလို့ မေးချင်တာပဲ ထင်ပါရဲ့။
ရေးသူ-
မြင့်သန်း
ညွှန်း-
ချင်းတွင်း၊ စက်တင်ဘာ၊ ၂၀၀၆
Monday, September 9, 2013
နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)
နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)
ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နေတဲ့ ဟိုတယ်က ပျင်းဖို့ကောင်းတယ်။ ပျင်းဖို့ကောင်းရတဲ့ အကြောင်းတစ်ခုကတော့ ဟိုတယ် သက်သက်မဟုတ်လို့ပဲ။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ရဆော့ဟိုတယ်။ တချို့အရပ်တွေမှာတော့ ရဆော့ဟိုတယ်ဆိုတာ အတော်ပျော်ဖို့ကောင်းတာ။ လူစည်တယ်၊ ပျော်စရာပါးစရာ စုံတယ်။ ရဆော့ဟိုတယ်ဆိုတာကလည်း အပန်းဖြေလာတဲ့လူတွေမို့ ပိုက်ဆံလည်းကောင်းကောင်း ပေးရတယ်။ ကျွန်တော်တို့နေတဲ့ ဟိုတယ်ကတော့ ရဆော့ဟိုတယ်ရဲ့ ရှိရမယ့်ဂုဏ်ရည်တွေ အကုန်ရှိပေတဲ့ လူမရှိသလောက်ပဲ။ မြို့နဲ့လည်း ဝေးတယ်။ မြို့ထဲဆီကနေလာရင် တစ်နာရီလောက် လာရတယ်။ အဝေးပြေးလမ်းမကြီးကနေ ခွဲထွက်၊ မြို့ပတ်လမ်းကနေမောင်းပြီး အတွင်းထဲကို ဆယ်မိနစ်လောက် ထပ်ဝင်ရသေးတယ်။ အထဲရောက်တော့မှ ဟိုတယ်ကို တွေ့ရတယ်။ အထပ်တွေအများကြီးနဲ့ ဟိုတယ်မျိုးလည်း မဟုတ်ဘူး။ ၀င်းကြီးကတော့ အကျယ်ကြီးပဲ။ အထဲမှာ နှစ်ထပ်တိုက်၊ တစ်ထပ်တိုက်တွေနဲ့။ ကျွန်တော်တို့ နေတာက ဟိုတယ်ရဲ့ တစ်ဖက်စွန်းမှာ။ ကျွန်တော်တို့ အဆောက်အဦတွေရဲ့နောက်က မီတာတစ်ရာလောက်မှာ အုတ်စည်းရိုး။ အဲဒီနောက်မှာ ချောင်းသာသာမြစ်ကလေး။ ကျွန်တော်တို့နေတဲ့အပိုင်းက အခန်းငါးခန်းစီရှိတဲ့ အဆောက်အဦကလေး လေးခုကို မျက်နှာချင်းဆိုင် ဆောက်ထားတာ။ စတုရန်းပုံရဲ့ အနားလေးဖက်လိုပဲ။ အလယ်ခေါင်မှာ မြေကွပ်လပ်ကလေးရှိတယ်။ အမြင့်ပိုင်းမှာဆောက်ထားတော့ ဟိုတယ်ရဲ့ တခြားအပိုင်းက အဆောက်အဦတွေကို မြင်နေရတယ်။ အဆောက်အဦတွေအများကြီး။ ၀င်းက အကျယ်ကြီး။ ရေကူးကန်ကို သုံးခုရှိတယ်။ ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့နေတဲ့အပိုင်းမှာ ကျွန်တော်တို့လူသိုက်ချည်းပဲ။
ဒီမှာလာပြီးနေကြရတိုင်း ဟိုတယ်မှာလာတည်းတဲ့လူ နှစ်ဆယ်လောက်ထက် ပိုမတွေ့ဖူးဘူး။ ကျွန်တော်တို့အဖွဲ့ထဲက ဆန်ဂျေးဆိုရင် ဒီဟိုတယ်ကို အတော်စိတ်ကုန်တယ်။ သူက အိန္ဒိယက။ မိဘက ကြေးရတတ်ထဲက။ လူကလည်း လူချော။ အမီတာဘဂျန်း ငယ်ငယ်ကရုပ်မျိုး။ ဒါနဲ့ပဲ သူ့ကို အမီတာလို့ပဲခေါ်ကြတော့တယ်။ သင်းက အားရင် တင်းနစ်ရိုက်ချင်တယ်။ အားရင်ဆိုတာထက် တစ်နေ့ကိုတစ်ကြိမ်လောက် တင်းနစ်ရိုက်လိုက်ရမှ။ ကျန်းမာရေးအတွက်လို့ ပြောပေတဲ့ အမှန်မှာတော့ အရူးတစ်မျိုးပဲလို့ ကျွန်တော်တို့က ထင်ကြတယ်။ ကျွန်ပြူတာနဲ့ပတ်သက်လို့တော့ မိုးပျံအောင်တော်တယ် ပြောရမှာပဲ။ သူလုပ်စရာရှိတာ လုပ်ပြီးရင် ရုပ်မြင်သံကြားက တင်းနစ်ပွဲတွေ ထိုင်ကြည့်တယ်။ ဒီတော့လည်း ကျွန်တော်တို့က သူ့ကိုပြောကြတယ်။ မင်းကိုအိန္ဒိယမှာမွေးလို့ ဥရောပမှာသာမွေးရင် ဖယ်ဒရာတို့၊ နဒါ(လ)တို့အရင် ကမ္ဘာကျော်မှာလို့။ ဒီလိုပြောပြန်တော့လည်း သူက သိပ်မကြိုက်ချင်လှဘူး။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဒီဟိုတယ်မှာ တင်းနစ်ကွင်းဆယ်ကွင်းရှိတယ်။ နှစ်ကွင်းက မြက်နဲ့ကွင်း။ တင်းနစ်ရိုက်တံ ဘောလုံး စတာတွေက ဟိုတယ်ရဲ့ အားကစားကလပ်မှာ အလကားသွားယူလို့ရတယ်။ ပြဿနာက ရိုက်မယ့်လူမရှိဘူး။ ဧည့်သည်မရှိတော့ တင်းနစ်ရိုက်မယ့်လူ မရှိဘူး။ အားကစားကလပ်မှာရှိတဲ့ လူတွေကလည်း တင်းနစ်အရိုက်မကောင်းကြဘူး။ နောက်ဆုံးတော့ ဟိုတယ်ကပဲ ဆန်ဂျေးအတွက် တင်းနစ်အရိုက်ကောင်းတဲ့လူကို ငှားပေးရတယ်။ ဒီတော့ ဒီဟိုတယ်ကို ဆန်ဂျေးမကြိုက်တာ သူ့အပြစ်ချည်းပဲတော့လည်း မဟုတ်ဘူး။
ဒီဟိုတယ်ကို မကြိုက်တဲ့အထဲမှာ မိန်းမတွေလည်း ပါတယ်။ မိန်းမဆိုတာက ကျွန်တော်တို့အဖွဲ့ထဲက မိန်းမရှိတဲ့လူရဲ့ မိန်းမ။ မိန်းမမရှိတဲ့လူအတွက်တော့ မိန်းကလေးမိတ်ဆွေ။ တစ်ခါတလေ ကျွန်တော်တို့က တစ်လကိုးသီတင်း ဟိုတယ်မှာ နေကြရတတ်တယ်။ အဲဒီလိုအခါမျိုးမှာ အလည်လိုက်လာတဲ့ မိန်းမတိုင်း ဒီဟိုတယ်ကိုမကြိုက်ကြောင်း ထုတ်ပြောတတ်ကြတယ်။ အဓိကကတော့ စျေးလျှောက်စရာ နီးနီးနားနား မရှိလို့ပဲ။ မိန်းမဆိုတာကလည်း ဘယ်အရပ်ရောက်ရောက် စျေးလျှောက်ချင်ကြတာချည်းပဲ။ စျေးကလည်း မြို့ထဲမှာရှိတယ်။ ဒီကနေ လေးဆယ့်ငါးမိနစ် နာရီဝက် သွားရတယ်။ သွားဖို့ ကားနဲ့မောင်းမယ့်လူတွေကလည်း အဆင်သင့်ရှိတယ်။ ဒါပေတဲ့ မြို့ထဲဆီက ဟိုတယ်ကြီးတွေမှာလို ဟိုတယ်ကထွက်တာနဲ့ စျေးဆိုင်တွေဆီကို မရောက်ဘူး။ ၀ယ်တာမဝယ်တာ အပထား စျေးဆိုင်တွေကို လိုက်ကြည့်လိုက်ရမှ။ ကျွန်တော့်မိန်းမကိုယ်တိုင်ကလည်း ပြောဖူးတယ်။ ကျွန်မက ရှင့်လို အလုပ်လာတာမဟုတ်ဘူး။ နန်းတော်ထဲမှာ အကျယ်ချုပ်နဲ့ နေရတာမျိုးတော့လည်း မနေနိုင်ဘူးတဲ့။ ဒါကြောင့်မို့ပဲ ထင်တယ်။ ဒီဟိုတယ်မှာ ဟိုတယ်အမှုထမ်းတွေကလွဲလို့ ဧည့်သည်မိန်းမ အတော်တွေ့ရခဲတယ်။ တစ်ခါတလေ ဟန်းနီးမွန်းလာတဲ့ လင်မယား၊ မဟုတ်ရင် ကလေးတွေနဲ့လာတဲ့ မိသားစုထဲက ကလေးတွေရဲ့ အမေ။ ဒါမျိုးလောက်ပဲ။ ထူးထူးခြားခြားတစ်ယောက်တော့ ကျွန်တော်တို့ဆုံရတာ ရှိတယ်။ တစ်ကြိမ်မကဘူး။ ကျွန်တော်တို့ ဒီကိုလာတိုင်းလိုလိုတွေ့ရတတ်တော့ ပထမတော့ ဒီဟိုတယ်က အမှုထမ်းများလို့တောင် ထင်မိတယ်။ သူက ကျွန်တော်တို့နေတဲ့ အဆောက်အဦနဲ့ အတော်လှမ်းတဲ့အဆောက်အဦမှာ နေလေ့ရှိတယ်။ ကျွန်တော်တို့အတွက် အဆောက်အဦရဲ့ ကျောဘက်ဆီမှာ တင်းနစ်ကစားကွင်းဆယ်ကွင်းနဲ့ ရေကူးကန်ရှိတယ်။ တင်းနစ်ကစားကွင်းတွေရဲ့ အဆုံးလောက်ဆီမှာက ရေကူးကန်။ ရေကူးကန်ရဲ့ တခြားဖက်မှာ သစ်ပင်အုပ်ကလေးတွေ ရှိတယ်။ ကျွန်တော်တို့အခန်းကနေ ရေကူးကန်နဲ့ တင်းနစ်ကစားကွင်းကို မြင်နေရတယ်။ သစ်ပင်အုပ်ကလေးတွေရဲ့ နောက်ဖက်မှာ အဆောက်အဦတစ်ခုရှိတယ်။ အဲဒီအဆောက်အဦက ဒီဟိုတယ်ရဲ့ စျေးကြီးတဲ့ အခန်းတွေပဲ။ အဲဒီဆီမှာ နေတာ။
သူ့ကို စတွေ့တာက အေဒရီယံပဲ။ ဒီလို။ တစ်ညတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး ညစာစားပွဲတစ်ခု သွားကြရတယ်။ အဲဒီက ပြန်လာတော့ မြက်ခင်းမှာထိုင်ပြီး အရက်သောက်ကြရင်း စကားဆက်ပြောကြတာ။ ညနှစ်နာရီထိုးရော။ ဒီတော့ နောက်တစ်နေ့ အိပ်ယာထ နောက်ကျတယ်။ မနက်ရှစ်နာရီလောက်မှာနိုးတော့ အေဒရီယံက သူ့အခန်းရဲ့ပြတင်းပေါက်က လိုက်ကာကိုဖယ်ပြီး ရေကန်ဘက်ဆီ လှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် ရေကူးပြီးလို့ ကန်နံဘေးမှာထိုင်ပြီး လိမ္မော်ရည်သောက်ရင်း စာဖတ်နေတာကိုတွေ့ရသတဲ့။ အေဒရီယံက အခန်းထဲကနေ လှမ်းလှမ်းပြီးကြည့်တယ်။ နောက်တော့ အမျိုးသမီးက ထပြီး သူနေတဲ့ဘက်ဆီ ထွက်သွားတော့တယ်။ ဒီအကြောင်းကို မနက်စာစားတော့ သူက ပြောပြတယ်။ ဒီတော့ လူးက ကျွန်တော်တို့ကိုတာဝန်ယူတဲ့ စားပွဲထိုး နောင်ဆိုတာကို ခေါ်ပြီး မေးတယ်။ လူးက သူတို့စကားလည်း အတော်အသင့်တတ်တာကိုး။ အဲဒီအမျိုးသမီးက မစ်စစ်.. ဘယ်သူ ဆိုသလားပဲ။ ဘယ်သူဆိုသလားပဲလို့ ပြောရတာက သူတို့နာမည်တွေက ရှည်တယ်။ ခေါ်ရခက်တယ်။ စားပွဲထိုးကောင်လေးက မစ်စစ်လို့ခေါ်တော့ လင်ယောက်ျားရှိတဲ့ အမျိုးသမီးပဲ။ ကျွန်တော်က အေဒရီယံကို မင်းနောက်ကျသွားပြီလို့ လှမ်းပြောလိုက်တော့ ကျွန်တော်တို့ရဲ့ အတွင်းရေးမှူး ကလယ်က အေဒရီယံမှာ စောတာက အိပ်ယာထတာတစ်ခုပဲရှိတယ်လို့ ပြောရင်း ၀င်ပြီးထောက်ခံလိုက်တယ်။ စားပွဲထိုးကောင်ကလေးက အင်္ဂလိပ်လို အတော်ကလေး ပြောနိုင်ဆိုနိုင်ရှိတော့ ကလယ်ကပဲ မေးတယ်။ အဲဒီအမျိုးသမီးယောက်ျားရော ဘယ်မှာလဲ။ တစ်ခါတလေ လာတယ်။ လာလည်း တစ်ရက်နှစ်ရက်ပဲလို့ပြောပြီး သူ့ဘာသာ တစ်ခုခုတွေးနေပုံရတယ်။ ဆက်ပြောသင့်မပြောသင့် တွေးနေတာဖြစ်မယ်။ နောက်တော့မှပြောတယ်။ မိန်းမဆိုပေတဲ့ မစ်စထရက်သဘောပဲ ထင်တယ်။ သူ့ယောက်ျားက အတော့်ကို ချမ်းသာတယ်။ သူလား၊ သူ့ယောက်ျားလား မသေချာဘူး။ တစ်ယောက်ယောက်ကတော့ အဘိုးကြီးနဲ့ အမျိုးတော်တယ်ထင်တယ်။ ဒါကြောင့် တစ်ည ဒေါ်လာရှစ်ရာကျော်ပေးရတဲ့အခန်းမှာ လချီနေနိုင်တာလို့ပြောတယ်။
အဘိုးကြီးဆိုတာကတော့ ဒီဟိုတယ်ကြီးကိုပိုင်တဲ့ လူကြီးပဲ။ သူက ဘီယာကုမ္ပဏီလည်းပိုင်တယ်။ အဘိုးကြီးက စိတ်ရင်းအတော်ကောင်းတယ်။ အမြော်အမြင်လည်းရှိတယ်။ ဒီရဆော့ဟိုတယ်ကိုဆောက်ထားတာလည်း အမြော်အမြင်တစ်ခုနဲ့ပဲ။ သူက အုပ်ချုပ်ရေးပိုင်းကလူတွေ၊ မဟာမျိုးမဟာနွယ်တွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ ရှင်းရှင်းပြောရရင်တော့ သူက အပြည်ပြည်ဆိုင်ရာအဆင့်ဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး။ ဒီတော့ ဒီဟိုတယ်ဟာ သူ့အကျိုးစီးပွားကို အထောက်အကူဖြစ်မယ့်ကိစ္စတွေမှာ အသုံးချဖို့ ဆောက်ထားတာပဲ။ ပိုက်ဆံရဖို့က အဓိကမဟုတ်ဘူး။ ဒီဘက်မှာ အရှုံးပေါ်သမျှ တခြားဟာတွေမှာ အနုတ်လက္ခဏာထည့်လိုက်ပြီး အမြတ်တော်ကြေး ဘာဘာညာညာကြေးတွေနဲ့ ထေလိုက်တော့ ဘာမှရှုံးစရာမရှိတော့ဘူး။ အဘိုးကြီးက ကနေ့အထိ သူ့စီးပွားရေးလုပ်ငန်းတွေကို တစ်လမှာတစ်ရက် လျှောက်ကြည့်လေ့ရှိတယ်။ ကျွန်တော်တို့ရောက်နေတဲ့အချိန်နဲ့ သူလာတဲ့အချိန်နဲ့ တိုးနေခဲ့ရင် ကျွန်တော်တို့ကို လက်ဖက်ရည်ပွဲကလေးနဲ့ ဧည့်ခံလေ့ရှိတယ်။ ကျွန်တော့်ကိုတော့ ကောင်းပေ့ဆိုတဲ့ သင်္ဘောသီးနှစ်လုံး ပေးလေ့ရှိတယ်။ တစ်ခါက ဒီဟိုတယ်မှာစားရတဲ့ သင်္ဘောသီးထက် ကောင်းတာ မစားဖူးဘူးလို့ ပြောဖူးလို့။ သူလာတိုင်း သူ့အလုပ်သမားတွေနဲ့လည်း လိုက်ပြီး စကားပြောလေ့ရှိတယ်။ ပန်းခြံအလုပ်သမားတွေ၊ သန့်ရှင်းရေးအလုပ်သမားတွေအထိပဲ။ စကားစပ်မိတော့ ကျွန်တော်က ကျွန်တော့်အဖေဟာ သူ့လိုပဲ စီးပွားရေးမှာတော်တယ်လို့ပြောတော့ သူက ဆုံးမတယ်။ ခု မင်းတို့လူသိုက်ဟာ ၀ါသနာကြောင့်လုပ်နေကြတာ။ မင်းတို့ဘယ်လောက်ကြီးတော်တော် ၀ါသနာကြောင့်လုပ်တယ်ဆိုတာ မှန်သမျှဟာ ကြီးကြီးကျယ်ကျယ် ချမ်းသာမလာနိုင်ဘူး။ ကြီးပွားချမ်းသာချင်ရင် ၀ါသနာဆိုတာကလေး ဘေးနားချပြီး ကြိုက်ကြိုက်မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာပဲ။ ကြီးပွားချမ်းသာတဲ့လူတိုင်းဟာ လုပ်သင့်တာကို လုပ်ရမယ့်အချိန်မှာ လုပ်နိုင်ခဲ့တဲ့လူတွေချည်းပဲ။ မင်းတို့လို ကျေနပ်မှုအတွက် အချိန်ကုန်ခံနေကြတာ မဟုတ်ဘူးတဲ့။ ပြီးတော့ သူက အေဒရီယံနဲ့ကျွန်တော့်ကို သူ့ဟိုတယ်မှာ အလုပ်လုပ်ဖို့ခေါ်တယ်။ မင်းတို့လုပ်ကိုင်နေတာတွေကို မလုပ်ချင်တော့တဲ့တစ်နေ့ ဒီမှာလာပြီး လုပ်ငန်းကိုလေ့လာ။ လေးငါးလဆိုရင် မင်းတို့သဘောပေါက်မှာပဲ။ မင်းတို့လုပ်နေတဲ့အလုပ်လောက် မခက်ဘူး။ အန္တရာယ်လည်း မများဘူး။ မင်းတို့ လုပ်တတ်ကိုင်တတ်တာနဲ့ မင်းတို့လက်ထဲကို ဒီဟိုတယ်လွှဲမယ်။ မင်းတို့ ဂျီအမ်လုပ်ကြတဲ့။
ခုတစ်ခေါက် ဒီဟိုတယ်ကိုရောက်နေတုန်းမှာ အဘိုးကြီးလာတာနဲ့ ဆုံပြန်တယ်။ အဘိုးကြီးက တစ်ညနေဖက် ရေကူးကန်စောင်းမှာ လက်ဖက်ရည်ပွဲကလေးပေးပြီး ကျွန်တော်တို့နဲ့ ထိုင်စကားပြောတယ်။ အဲဒီတော့ ဟိုအမျိုးသမီးလည်း ပါလာတယ်။ သူက သူ့တူရဲ့မိန်းမဆိုပြီး မိတ်ဆက်ပေးတယ်။ ဒါပေတဲ့ ကျွန်တော်တို့နဲ့ အဲဒီအမျိုးသမီးနဲ့က သိပြီးကြပြီ။ သိကြရတာက ဒီလို။ တစ်ညနေဖက်ဆီတော့ ကျွန်တော်တို့လူသိုက် တောင်ခြေဖက်ဆီကို အသွားအပြန် ပြေးကြတယ်။ ဟိုတယ်ရဲ့ နောက်ဖေးပေါက်ကနေထွက်ရင် တောင်ခြေဘက်ကိုသွားတဲ့ လူသွားလမ်းရှိတယ်။ ဒီလမ်းက ဟိုတယ်ရဲ့ဝင်းအပြင်ဘက်က အလုပ်သမားတွေရဲ့အိမ်တွေဆီသွားဖို့ ဖောက်ထားပုံပဲ။ တောင်ခြေကို အသွားအပြန်ဆိုရင် သုံး-လေးမိုင်လောက်ရှိမယ်။ အဲဒီလမ်းကလေးပေါ်မှာ ကျွန်တော်တို့ကအသွား၊ သူက အပြန် မျက်နှာချင်းဆိုင် ဆုံကြတာ။ ပြေးနေကြရင်းမို့ လက်ပဲ ဝှေ့ယမ်းပြခဲ့ကြရတယ်။ မျက်မှန်းတန်းမိသွားတယ် ဆိုရုံပဲ။ လူးကတော့ ပြောတယ်။ အတော်တော့ချောတဲ့ အေရှံမ-ပဲတဲ့။ အဲဒီနောက် တစ်နေ့တော့ တင်းနစ်ရိုက်ကွင်းတွေဆီမှာ။ ဆန်ဂျေးတစ်ယောက် တင်းနစ်ရိုက်နေတုန်း ကျွန်တော်တို့လည်း အပျင်းပြေ ဘေးနားကထိုင်ကြည့်ရင်း နောက်ပြောင်နေကြတယ်။ အဲဒီအမျိုးသမီးရောက်လာပြီး သူ့ကိုယ်သူ မိတ်ဆက်ရင်း သူလည်း တင်းနစ်ရိုက်ချင်သတဲ့။ ဒါနဲ့ပဲ ဆန်ဂျေးက သူ့တင်းနစ်ရိုက်တံကို ပေးလိုက်ပြီး ရိုက်ခိုင်းတယ်။ အတော်ရိုက်နိုင်တယ်။ တစ်ပတ်တစ်ခါလောက် လာရိုက်ပါရစေလို့ခွင့်တောင်းတာနဲ့ ဆန်ဂျေးက သဘောတူလိုက်တယ်။ ဆန်ဂျေးမှမရိုက်လည်း ရိုက်မယ့်လူမှ မရှိပဲ။ ခဏရိုက်ပြီးတော့ ရေကူးကန်နားမှာ ကျွန်တော်တို့နဲ့အတူ လိုက်သောက်ရင်း စကားစမြည်ပြောဖြစ်သွားတာ။ သူ့နာမည်ကတော့ ခပ်ရှည်ရှည်ပဲ။ ခေါ်လို့မလွယ်လှဘူး။ ဒီတော့ ကျွန်တော်က သူ့နာမည်ထဲက စာလုံးတချို့ကိုထုတ်ပြီး ရတနာလို့ခေါ်ပါရစေဆိုတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ပဲ သူ့ကို ရတနာလို့ခေါ်ကြတော့တယ်။ အဘိုးကြီးနဲ့ထိုင်ပြီးစကားပြောရင်း အဘိုးကြီးကပဲ သူ့တူမကို ဒီလူတွေက လူကောင်းတွေပါ။ မင်းကို စောင့်ရှောက်ကြမှာပါ။ မင်းအကူအညီလိုရင်ပြောလို့ပြောတော့ ကျွန်တော်တို့တောင် အံ့သြသင့်မိကြတယ်။
စကားအသွားအလာကိုထောက်ပြီး ပြောရရင်တော့ အဘိုးကြီးမှာ သားမရှိဘူး။ သမီးချည်းပဲ။ ရတနာရဲ့ယောက်ျားက သူ့သားလိုဖြစ်နေတယ်။ သူ့စီးပွားရေးလုပ်ငန်းတွေမှာ အတော်မျက်နှာလွှဲထားလို့ရတဲ့ သူမျိုး။ ဒီပြင် သူ့တူရဲ့အဖေ သူ့ယောက်ဖက နန်းတွင်းက။ နိုင်ငံရေးဘက်မှာ သြဇာရှိတယ်။ ပြောရမယ်ဆိုရင်တော့ မလိုင်ချည်းမို့ မြိုင်သဗျို့ဆိုတာမျိုးပဲ။ သူ့တူအကြောင်းပြောနေရင်း အဘိုးကြီးက ငါ့တူကတော့ကွာလို့ပြောပြီး စကားရပ်သွားတယ်။ ခဏကလေး သူ့ခြေထောက်ကိုလှမ်းကြည့်လိုက်ပြီး သူထိုင်နေတဲ့ကုလားထိုင်က လက်ကိုင်တန်းကို လက်နဲ့အသာဆုပ်လိုက်ရင်း၊ အလုပ်ကတော့ အတော်များသားလို့ပြောပြီး မသိမသာပြုံးလိုက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရိပ်လိုက်မိတယ်။ အဘိုးကြီးအနေနဲ့ ပြောမယ့်စကားကိုရုပ်ပြီး၊ စကားပြောင်းပြောလိုက်တယ်ဆိုတာ။ ဒေါက်တာအက်ကာမင်ရဲ့ လူတွေရဲ့ မိုက်ခရိုစရိုက်လက္ခဏာအကြောင်း လေ့လာခဲ့ဖူးတဲ့လူမှန်သမျှ ရိပ်မိတတ်တဲ့ လက္ခဏာတစ်ခုပဲကိုး။ ကျွန်တော်တို့ မသိသင့်ဘူးထင်လို့ ဖြစ်ချင်ဖြစ်မယ်။ မဟုတ်ရင် ရတနာမသိသင့်လို့ ဖြစ်ချင်ဖြစ်မယ်။ ဘာရယ်လို့တော့ ကျွန်တော်တို့အနေနဲ့ မသိသေးဘူး။ အဲဒီနောက်ပပိုင်းတော့ ရတနာနဲ့ မကြာမကြာတွေ့ရတတ်တယ်။ ဆန်ဂျေးနဲ့ တင်းနစ်ရိုက်တဲ့အခါပဲဖြစ်ဖြစ်၊ အေဒရီယံနဲ့ ကျွန်တော်တို့ နှစ်ယောက်တည်း ရေကူးကန်နံဘေးမှာထိုင်ပြီး နေ့ခင်းစာ ညနေစာစားတဲ့အခါမျိုးမှာဖြစ်ဖြစ် ကျွန်တော်တို့နဲ့ ကြံုရာဆုံရာပြောရင်း ၀ိုင်တစ်ခွက်သောက်လေ့ရှိတယ်။ သူ့ယောက်ျား မလာသေးဘူးလားလို့မေးရင်တော့ ကျွန်တော်တို့ခရီးထွက်နေတုန်းက ရောက်လာသလိုလို ပြောတယ်။ ကျွန်တော်တို့ကတော့ စကားအဖြစ် မေးမိလိုက်ကြတာပဲ။
တစ်နေ့တော့ ဟိုတယ်ထဲမှာ လူအတော်ပါးတယ်။ ပါးတာမှ လူမရှိသလောက်ပဲ။ ရတနာလည်း ရှိပုံမရဘူး။ ကျွန်တော်တို့အဖွဲ့ကလူတွေလည်း မြို့ထဲသွားသူသွား၊ စင်ကာပူဘက် စျေးဝယ်ထွက်သူထွက်မို့ အေဒရီယံနဲ့ကျွန်တော်ပဲ ကျန်ရစ်ခဲ့တယ်။ နေကလည်း အတော်ကလေးပူလို့ ရေကူးကန်ထဲမှာ ရေကူးကြပြီး ကန်နံဘေးမှာထိုင်ပြီး မြင်းဖြူဝီစကီ သောက်နေမိကြတယ်။ သူတို့အရပ်ကထွက်တဲ့ ၀က်အူချောင်း ချဉ်တင်တင်နဲ့ တောဟင်းချိုကိုမြည်းကြတယ်။ သူတို့တောဟင်းချိုက ကျွန်တော်တို့ဆီက တာလပေါ့ဟင်းနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီတုန်းမှာပဲ ဗြုန်းခနဲ သတိရလိုက်မိတယ်။ ဒီဟိုတယ်က မီးဖိုခန်းမှာ သူတို့ဌာနေအစာ တွေလာပြီးချက်ပြုတ်ပေးလေ့ရှိတဲ့ မိုမိုဆိုတဲ့ အဒေါ်ကြီး။ ဒီအဒေါ်ကြီးကို အရင်လာခဲ့တဲ့ အခေါက်တွေကတည်းက သိတာ။ သူက အဘိုးကြီးရဲ့လက်စွဲ။ ကျောင်းဆရာမကြီးဘဝကနေ အနားယူထားတာ။ အချက်အပြုတ်ကောင်းတာနဲ့ အဘိုးကြီးက သူ့ဟိုတယ်မှာ အချိန်ပိုင်းအလုပ်ပေးထားတယ်။ ကျွန်တော်တို့က သူ့လက်ရာကြိုက်တယ်ဆိုလို့ ကျွန်တော်တို့ဒီမှာနေတဲ့အခါ သူ့ကို ခေါ်ထားတတ်ကြတယ်။ သူက အင်္ဂလိပ်လိုလည်း အတော်ကလေးပြောနိုင်တယ်။ အားရင် ကျွန်တော်တို့နဲ့ စကားပြောနေကျ။ စားပွဲထိုးကောင်ကလေးကို မိုမိုရှိသလားဆိုတော့ ရှိတယ်ဆိုတာနဲ့ သွားခေါ်ကွာ။ ဘီယာတစ်လုံးလည်းယူခဲ့လို့ ပြောလိုက်တယ်။ မိုမိုက ဘီယာတော့ ကြိုက်တယ်။ ဒီလိုနဲ့ မိုမိုရောက်လာပြီး ကျွန်တော်တို့နဲ့ စကားဝိုင်းဖြစ်သွားတယ်။ ပထမတော့ အစားအသောက်အကြောင်း ပြောကြရင်း နောက်တော့ အဘိုးကြီးတို့အကြောင်း၊ ရတနာတို့အကြောင်းတွေ ရောက်သွားတယ်။ အဲဒီတုန်း အေဒရီယံက အဘိုးကြီးက ငါတို့နှစ်ယောက်ကို ဒီဟိုတယ်မှာလာပြီး အလုပ်လုပ်ကြ၊ ကြီးကြပ်ကြလို့ပြောတယ်လို့ပြောလိုက်တော့ မိုမိုက ပြံုးတယ်။ ပြီးတော့ ပြောတယ်။ ဒီအဘိုးကြီးက တော်တယ်ဆိုတာ အဲဒါပဲ။ ဘယ်သူ့ကို ဘယ်လိုနေရာမှာသုံးရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ မင်းတို့နှစ်ယောက် ဟိုတယ်နဲ့ပတ်သက်လို့ ဘာမှမသိဘူးဆိုတာ သူသိတယ်။ ဒီတော့ မင်းတို့ကို ရင်းနှီးမြှုပ်နှံတဲ့သဘောပဲ။ သူက ပိုက်ဆံတင်မဟုတ်ဘူး၊ လူကိုလည်း အရင်းအနှီးလုပ်ထားတတ်တယ်လို့ မိုမိုကပြောတယ်။
ကျွန်တော်လည်း မနေနိုင်လို့ ရတနာအကြောင်း မေးကြည့်လိုက်မိတယ်။ မိုမိုက ဘီယာကို ဖြည်းဖြည်းချင်းငုံလိုက်ပြီးမှ ရတနာက သနားစရာကောင်းတယ်လို့ အရင်ပြောပြီး စကားကိုဆက်မပြောဘဲ ခဏနေလိုက်တယ်။ အဲဒီတော့ ရေကူးကန်တစ်ကြောလုံး ငြိမ်သက်နေမှန်း သတိထားလိုက်မိတယ်။ ကျွန်တော့်ခွက်ထဲကို အေဒရီယံက ၀ီစကီဖြည့်ပေးပြီး သူ့ခွက်ထဲကို ထည့်လိုက်တယ်။ နောက်တော့ မိုမိုက ဖြည်းဖြည်းချင်းပြောပြတယ်။ သူ့ယောက်ျားကလည်း လူကောင်းပဲ။ အဘိုးကြီးက မျက်နှာလွှဲလို့ ရတဲ့သူမျိုး။ တစ်ခုပဲ၊ ဒီကောင်က မိန်းမမြင်ရင် မနေနိုင်တဲ့ကောင်မျိုး။ ရတနာက အဘိုးကြီးတပည့်တစ်ယောက်ရဲ့ သမီး။ အနောက်နိုင်ငံလွှတ်ပြီး ပညာသင်ထားတာ။ နောင်ကို အဘိုးကြီးရဲ့လုပ်ငန်းမှာပဲ လုပ်ဖို့။ ဒါပေတဲ့ ဟိုအကောင်ကမြင်တော့ မနေနိုင်မထိုင်နိုင်ဖြစ်ရော။ သူ့မှာကလည်း သားကြီးမယားကြီး ရှိနေတယ်။ သူတို့ကိုကွာရင် ဆွေပြတ်မျိုးပြတ်တွေဖြစ်မယ်။ သူတို့ရဲ့စည်းဝိုင်းအတွင်းက ထွက်ရမယ်။ အဘိုးကြီးအလုပ်တွေလည်း လုပ်ပေးနိုင်မှာမဟုတ်တော့ဘူး။ ဒီတော့ အဘိုးကြီးကပဲ စီစဉ်ပြီး ပေးစားလိုက်တာ။ ငါသိထားသလောက်ကတော့ အဘိုးကြီးက သူ့တူကို ချည်ပြီးတုပ်ပြီးမှ ပေးစားတာ။ ဒီကောင်က နောက်ထပ်မိန်းမ ဘယ်နှစ်ယောက်ယူယူ ရတနာကို ကွာမပစ်ရဘူး။ ရတနာဟာ အမြဲတမ်း တရားဝင်ဇနီးပဲ။ တရားဝင်ဇနီး နောက်တစ်ယောက်ပေါ့ကွယ်။ မင်းသားကြီးလိုပေါ့ သိတယ်မဟုတ်လားလို့ပြောပြီး မိုမိုက ရယ်လိုက်တယ်။ တိုက်ရိုက်တော့ ဘယ်ဟုတ်မလဲ၊ ဓာတ်ပုံထဲတော့ မြင်ဖူးတာပေါ့လို့ ချက်ချင်းပဲ ကျွန်တော်က ဖြေလိုက်မိတယ်။ မိုမိုက ပြံုးတယ်။ ဓာတ်ပုံထဲမှာ နောက်က တန်းစီရပ်နေတဲ့မိန်းမတွေကို တွေ့ဖူးသလားလို့မေးလို့ ကျွန်တော်တို့နှစ်ယောက်စလုံးက စကားနဲ့မတုန့်ပြန်ဘဲ ချက်ချင်းခေါင်းငြိတ်ပြလိုက်တယ်။ ဒီတော့ မိုမိုကပြောတယ်။ တို့လူမျိုးမှာ အဲဒီလိုအလွှဲထဲ အဲဒီအဆင့်အတန်းထဲ ရောက်သွားခဲ့ရင် လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုခုလိုပဲ။ အသုံးမရှိတဲ့အခါ မှန်ဗီရိုထဲထည့်ပြီး ပြထားလိုက်တဲ့အခြေအနေ ရောက်သွားရော။ မိုမိုက ပြောနေတာကို ခဏရပ်ပြီးမှ ဆက်ပြောတယ်။ ကောင်းတဲ့ဘက်ကပြောရင်တော့ လွှင့်မပစ်လိုက်တာထက်စာရင် တော်သေးတယ်လို့ ပြောရမှာပဲတဲ့။
အခု သူ့ယောက်ျားက ဘယ်မှာလဲလို့ အေဒရီယံက မေးလိုက်တယ်။ ငါက ဘယ်လိုလုပ်သိမှာလဲလို့ မိုမိုကဖြေပြီး မနှစ်ကတော့ ဒီကို နှစ်ခေါက်လောက်လာတယ်။ ဒီကောင့်မှာက တရားဝင်တာရော၊ မဝင်တာရော အများကြီး။ တစ်အိမ်တစ်ရက်နေရင်တောင် နှစ်ပတ်မလည်ဘူးထင်တယ်။ လာရင် ဒီမှာနေတယ်။ နေလည်း တစ်ရက်နှစ်ရက်ပဲ။ အဘိုးကြီးကြောင့် ဒီကိုမလာဘဲတော့ မနေရဲဘူး။ သူလာမယ်ဆိုရင် ရတနာက ဒီမှာ စောင့်ရတယ်။ ရတနာတို့က အရှေ့ဘက်ထဲက။ ဒီကနေ နှစ်နာရီသုံးနာရီ ကားနဲ့သွားရတယ်။ သူတို့ကလည်း ချမ်းသာပါတယ်။ ဒါပေတဲ့ ရတနာ့အတွက်တော့ ဘာမှမလုပ်ပေးနိုင်ကြတော့ဘူး။ ရတနာက ဟိုကောင်ရဲ့ တရားဝင် မြောက်ဘက်ကမယားလို့ လူတွေက လက်ခံထားကြတယ်လို့ မိုမိုကရှင်းပြတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုကောက်ချက်မှ မချတတ်ဘူး။ မိုမိုရဲ့ဘီယာကုန်သွားလို့ ကျွန်တော်ကပဲ ကောင်ကလေးလို နောက်ထပ်တစ်လုံးမှာလိုက်တယ်။ ငါ သုံးလုံးထက်ပိုမသောက်ဘူးလို့ မိုမိုက ရယ်စရာပြောတယ်။ ပြီးတော့မှ ငါကတော့ ကျောင်းဆရာမလုပ်ခဲ့ဖူးလို့လား မသိဘူး ငါ့စိတ်ထဲမှာ ဘဝင်မကျတာတွေရှိတယ်။ ဒါပေတဲ့လည်း ငါကိုယ်တိုင် ဘာမှမတတ်နိုင်ဘူးတဲ့။ မိုမို ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်က စကားထောက်ပေးလိုက်တော့ မိုမိုက ရှင်းပြတယ်။ တို့တိုင်းပြည်က ဒီတစ်ကြောမှာ ခေတ်မီတယ်။ အနောက်တိုင်းဆန်တယ်ဆိုပေတဲ့ ရေးသားမထားပေတဲ့ ရှိနေတဲ့အစဉ်အလာတွေ အများကြီးပဲ။ ဘယ်သူမှ ဘာမှ မလုပ်နိုင်ဘူး။ အဲဒီအစဉ်အလာဆိုတဲ့အထဲမှာ ပိတ်မိနေတာတွေ အများကြီးပဲ။ နောက်တစ်ခုက ယောက်ျားကလေး လူငယ်တွေဟာ ထုံးစံအတိုင်း မချမ်းသာတဲ့လူက ချမ်းသာချင်တယ်။ ချမ်းသာတဲ့လူက ထင်ပေါ်ကျော်ကြားချင်တယ်။ ဘဝမှာရှိတဲ့ တခြားကျေနပ်သာယာစရာတွေကို မေ့ထားလိုက်ကြတော့ နောက်ဆုံးတော့ ငါခုနပြောတဲ့ မှန်ဗီရိုထဲကပစ္စည်းဘဝမှာ မလှုပ်နိုင်မရှားနိုင် ဖြစ်ကုန်ကြရတာပဲတဲ့။ မှန်ဗီရိုထဲက ခုန်ထွက်ကြပေါ့လို့ အေဒရီယံက နောက်လိုက်တယ်။ မိုမိုက ပြံုးရင်း မှန်ဗီရိုထဲက ခုန်ထွက်လိုက်လို့ မှန်ကွဲသွားရင် ရှတော့ရှမှာပဲလို့ ပြောတယ်။ အေဒရီယံက ဟုတ်တော့ဟုတ်သားပဲလို့ အမြင်မှန်ရသွားတဲ့အနေနဲ့ ကောက်ချက်ချတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ ကျွန်တော်ကတော့ ကျွန်တော့်မိန်းမပြောဖူးတဲ့ နန်းတော်ထဲကအကျဉ်းသားဆိုတဲ့အကြောင်းကို သတိရလိုက်မိတယ်။
ဒီနောက်တော့ ကျွန်တော်တို့လည်း တခြားအကြောင်းတွေ ဆက်ပြောနေလိုက်မိကြတယ်။ နောက်တော့ မိုမိုက မင်းတို့စားချင်တာရှိရင်ပြော၊ ငါသွားပြီးချက်ထားမယ်။ ကနေ့တော့ ငါ အိမ်စောစောပြန်မယ်လို့ပြောတာနဲ့ ကျွန်တော်တို့စားချင်တာကလေးတွေ ပြောလိုက်ကြတယ်။ မိုမိုက ထိုင်ရာကထလိုက်ရင်း တို့ဘက်မှာပြောလေ့ရှိတာလေးတစ်ခု ငါ ပြောပြမယ်လို့ စကားခံလိုက်တယ်။ ပြီးတော့ ခုလိုပြောတယ်။ တို့ဆီမှာ သစ်ကောင်းကောင်းထွက်တယ်။ အကောင်းဆုံးသစ်သားကို နန်းတော်ကြီးဆောက်ဖို့ ပို့ရတယ်။ နန်းတော်ကြီဆောက်တော့ တော်ရုံကောင်းတဲ့၊ မာတဲ့သစ်တွေကို တခြားနေရာတွေမှာသုံးပြီး အကောင်းဆုံးသစ်၊ အကွက်အလှဆုံးသစ်ကို ကြမ်းခင်းတယ်။ ဖယောင်းမှန်မှန်တိုက်တယ်။ ဒီတော့ သစ်သားချင်းအတူတူ၊ အကောင်းဆုံးသစ်သားတွေက သူတို့ကိုယ်သူတို့ ဂုဏ်ယူကြသပေါ့။ သစ်သားချင်းအတူတူ၊ နန်းတွင်းရောက်ရတာချင်းအတူတူ တို့က အမြဲတစေ ဖယောင်းတိုက်ပြီး ပြောင်လက်နေအောင် ပွတ်သပ်ခံရတာလို့ ဂုဏ်ယူလေ့ရှိကြသတဲ့။ သူတို့မေ့နေတာတစ်ခုကတော့ သူတို့ဟာ လူတကာရဲ့ ခြေထောက်အောက်က ဆိုတာပဲ။ မိုမိုက သူပြောနေတဲ့စကားကို အဆုံးသတ်လိုက်ပြိး ပြံုးတယ်။ ကျွန်တော်တို့လည်း ပြံုးလိုက်ကြရင်း မတ်တတ်ထပြီး သူ့ကို ရိုသေသမှုနဲ့ လက်အုပ်ချီပြလိုက်ကြတယ်။ မိုမိုက ဘီယာအတွက် ကျေးဇူးတင်တယ်။ မင်းမိန်းမ လာရင်ပြော။ သူက ငါကြော်တဲ့ ၀ါးပိုးမျှစ်ခေါက်ကြိုက်တယ်။ ငါကြော်ကျွေးမယ်လို့ပြောပြီး ထွက်သွားတော့တယ်။ ကျွန်တော်တို့ရဲ့ မြင်းဖြူလည်း ခါးကျိုးပြီ။
နောက်သုံးရက်လောက်ကြာတော့ ကျွန်တော့်မိန်းမ ရောက်လာတယ်။ ကျွန်တော်တို့အလုပ်ကိစ္စတွေပြီးလို့ ပြန်ဖို့အချိန်ကျမှ ရောက်လာတာ။ တခြားအဖွဲ့သားတွေရဲ့ မိန်းကလေးမိတ်ဆွေ တစ်ယောက်နှစ်ယောက်လည်း ရောက်လာကြတယ်။ ကျွန်တော်ကပဲ ရတနာကို ကျွန်တော့်မိန်းမနဲ့အတူ တခြားမိန်းကလေးမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးလိုက်တယ်။ သူတို့ချင်းလည်း ခင်သွားကြတယ်။ ကျွန်တော့်မိန်းမကလည်း ရတနာကို သနားနေပုံရတယ်။ ကျွန်တော်တို့တတွေ ပြန်ကြတော့မယ့်မနက်မှာ ကားတွေပေါ် ပစ္စည်းတွေတင်နေတုန်း ရတနာလာပြီး နှုတ်ဆက်တယ်။ ကျွန်တော့်မိန်းမအတွက် မြောက်ပိုင်းက ပိုးပဝါတစ်ထည် လက်ဆောင်ပေးရင် နောက်တစ်ကြိမ်လာရင် ဒီမှာ ကြာကြာနေဖို့ ပြောရှာတယ်။ အားလုံးကို နောက်တစ်ကြိမ်တွေ့ကြဦးစို့လို့ ပြောပြီး နှုတ်ဆက်တယ်။ ရဆော့ကက မန်နေဂျာက ဆန်ဂျေးကို နောက်တဲ့အနေနဲ့ ဟိုတယ်ရဲ့အားကစားကလပ်ကိုယ်စား စပို့ရှပ်တစ်ထည် လက်ဆောင်ပေးတယ်။ မိုမိုကလည်း မြို့ကြီးပြန်ရောက်ရင် ကျွန်တော်တို့ဝီစကီနဲ့မြည်းဖို့ သူကိုယ်တိုင်လုပ်ထားတဲ့ မြောက်ပိုင်းက ၀က်သားချဉ်ထုပ်တွေ လာပေးရှာတယ်။ ဟိုတယ်ကထွက်တော့ ကျွန်တော်တို့တစ်တွေစိတ်ထဲမှာ အတွေးကိုယ်စီပါလာကြတာ အမှန်ပဲ။ ဒီဟိုတယ်မှာနေရတာ ပျော်လှလို့တော့ မဟုတ်ဘူး။ ဒါပေတဲ့ လွမ်းစရာတစ်ခုခုကို ချန်ထားရစ်ခဲ့ရသလိုပဲ။ ကျန်ရစ်တာမဟုတ်ဘူး။ ချန်ထားရစ်ခဲ့ရတာ။ နောက်တော့ မိုမိုချက်ကျွေးတာတွေအကြောင်း စပြီး ပြောဖြစ်တယ်။ ပြောနေကြရင်း တစ်နေ့၊ ရေကူးကန်နံဘေးမှာ၊ မိုမိုနဲ့ကျွန်တော်တို့နှစ်ယောက် စကားထိုင်ပြောကြတဲ့အကြောင်းရောက်သွားတယ်။ အေဒရီယံက ငါတော့ သိပ်နားမလည်လှဘူးလို့ စကားခံပြီး ကျွန်တော့်မိန်းမကို မိုမိုပြောတဲ့ နန်းတွင်းက ကြမ်းခင်းထားတဲ့ သစ်သားကောင်းတွေအကြောင်း ပြောပြတယ်။ ကျွန်တော့်မိန်းမက ငြိမ်ပြီးနားထောင်နေတယ်။ အေဒရီယံပြောလို့ပြီးသွားတော့ ချက်ချင်းဘာမှပြန်မပြောသေးဘူး။ ခဏကြာမှ ကြမ်းခင်းတွေချောပြောင်နေတာကို အဲဒီအပေါ်လျှောက်သွားတဲ့လူတွေက သတိထားမိချင်မှ ထားမိမှာ။ တွေ့ချင်မှ တွေ့မှာ။ အဲဒီအပေါ် လျှောက်မသွားဘဲ ခပ်လှမ်းလှမ်းက ရပ်ကြည့်နေတဲ့လူတွေကသာ၊ အဲဒီကြမ်းခင်းတွေဟာ ဘယ်လောက်ချောပြောင်ပြီး ဘယ်လောက်ကျက်သရေရှိနေတယ်ဆိုတာတွေ သိကြမှာလို့ ပြောတယ်။ အဲဒီနောက်တော့ ဘယ်သူမှ ဘာမှထပ်ပြီးမပြောကြတော့လို့ ကားထဲမှာ ငြိမ်သွားတယ်။ ကားကို ကန့်လန့်ဖြတ်ပြီးတိုးလိုက်တဲ့လေရဲ့ တိုးသံကို မကြားရပေတဲ့လည်း ကားထဲကလူတွေက လေတိုးသွားဆိုတာကိုတော့ သိလိုက်ကြတယ်။
မြင့်သန်း
ချင်းတွင်းမဂ္ဂဇင်း
..

Thursday, May 3, 2012
ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ (ဒေါက်တာအောင်ကြီး)
ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ
၂ဝဝ၈ စက်တင်ဘာမှာ ကံကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - (၂) အဖြစ် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ ဒေါက်တာ အောင်ကြီးရဲ့ 'သီချင်းလူ၊ ပုံပြင်လူ၊ ငြိမ်းချမ်းလူ' စာအုပ်မှနေ "ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ" ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒေါက်တာအောင်ကြီးရဲ့ "ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ" ဆောင်းပါးဟာ ပိတောက်ပွင့်သစ်၊ ၂၀၀၇၊ ဇန်နဝါရီလထုတ်မှာ မူလ ပထမ ဖော်ပြ ပါရှိခဲ့တာ ဖြစ်ပါတယ်။ ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ
ဆရာရှိတဲ့လူ၊ ဆရာမရှိတဲ့လူ
(၁)
အလုပ်သင် ဆရာဝန် ဘဝ စ,တော့ ဆရာမတွေ အလုပ်သမားတွေက ကျနော်တို့ တတွေကို ဒေါက်တာလို့ စ,ခေါ်တယ်။ ဆရာလို့လည်း ခေါ်တယ်။ မအောင်ခင်ကတော့ မောင်ကျောင်းသားပေါ့။ အောင်ပြီးပြီးချင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်း ညချင်း မောင်အောင်ကြီး ကနေ ဒေါက်တာအောင်ကြီး၊ ဆရာအောင်ကြီး ဖြစ်သွားပါရော့လား။ ကျနော်တို့တတွေမှာ ဆေးရုံထဲ လမ်းလျှောက်ရတာကို ခြေနဲ့ မြေကြီး ထိတယ်မထင်။ မြောက်တောက် မြောက်တောက်၊ မော့တော့ မော့တော့နဲ့ပေါ့။ သားဖွားရုံမှာ တာဝန်ကျတုန်းက မွေးခန်းကနေ ခွဲစိတ်ခန်း (OT) ကို ဆရာဝန် တစု ချီတက်ကြရာမှာ လက်ထောက် ဆရာဝန် အစ်မကြီးက ရှေ့ဆုံးက။ သူ့နောက်က ကျနော်တို့တတွေ ခပ်မြောက်မြောက်ကလေး ကပ်လိုက်သွားကြ။ အရေးကြီးတဲ့ ခွဲစိတ်မှု တခု လုပ်တော့မယ့် ဆရာဝန်ကြီးတွေ ဂိုက်မျိုး။ ကော်ရစ်ဒါ တလျှောက် ဖြတ်လျှောက်သွားရာမှာ လူနာစောင့်တွေက ကျနော်တို့ တတွေကို ချစ်ခင် ကိုးစားတဲ့ အကြည့်နဲ့ ကြည့်နေရင်း တယောက်က "ဆရာဝန်တွေက ငယ်ငယ်လေးတွေ ရှိသေးတယ်နော်" လို့ မုဒိတာလေသံနဲ့ ပြောလိုက်တော့ ကျနော်တို့တတွေ ပိုလို့ မြောက်တောက်တောက် ဖြစ်သွားကြရလေ။ ဒါကို ရှေ့ဆုံးက အစ်မကြီးက ကြားဖြစ်အောင် ကြားလိုက်ပြီး "ဒါ ဆရာဝန် မဟုတ်သေးပါဘူး။ အလုပ်သင်လေးတွေပါ" လို့ တုံ့ပြန်လိုက်သဗျ။ ကျနော်တို့ရဲ့ အပျော်ဓာတ်လေး ဖျတ်ခနဲ ကွဲကြေသွား။ ခြေထောက်ကလည်း အဲဒီခါကျမှ မြေကြီးပေါ် ဒုတ်ဒုတ်ထိ ပြန်ကျ။
အလုပ်သင် ဆရာဝန် ဆိုတာ ဆေးရုံ ဆရာဝန် လောကမှာ အောက်ဆုံး အခြေခံ အကျဆုံး ဆရာဝန်ပါ။ ဆရာ့ ဆရာတွေ ခိုင်းသမျှ သိမ်းကျုံး လုပ်ရတာ။ စီမံ ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့် သိပ်ရသူတွေ မဟုတ်ကြလေ။ လူနာတင်ရက် မဟုတ်တဲ့ ညနေနဲ့ ညတွေမှာပဲ ကျနော်တို့ တတွေက ရုံထဲမှာ အကြီးဆုံး ဆရာဝန် ဖြစ်သွား။ ကျန်တဲ့ရက်နဲ့ အချိန်တွေမှာတော့ လက်ထောက် ဆရာဝန်၊ ဘွဲ့လွန် ဆရာဝန်၊ ပထမ လက်ထောက် ဆရာဝန်၊ ဆရာဝန်ကြီး ဆရာဝန်ကြီးရဲ့ ဆရာ ဆရာဝန်ကြီး … … ရယ်လို့ အဆင့်ဆင့် ရှိကြလေတော့ ကျနော် တို့တတွေက ဟိုးတုံးအောက်က ပိစိကွေး ဖားကလေးတွေ။ ဒါပေမဲ့ ဆရာဝန်ကြီးတွေ မရှိချိန်မှာတော့ We reigned and ruled the ward ပေါ့ဗျာ။ အထူးသဖြင့် ကျေးလက်က တောသူ တောင်သားတွေက ကျနော်တို့ ဆရာဝန် ပေါက်စနလေးတွေကို ဆရာဝန်ကြီးရယ်လို့ အရိုးခံ ထင်ကြရှာတာ။ တခါက သွေးကင်ဆာ ဝေဒနာရှင် ကောင်လေးတယောက် ငိုယိုပြီး ကျနော် ထိုင်နေတဲ့ ဂျူတီခန်းထဲ ဝင်လာတယ်။ ကြမ်းပြင်ပေါ် ထိုင်ကန်တော့ပြီး။ သူ့ကို သင်္ကြန်ရက် အခါတွင်းမှာ ရွာပြန်ဖို့ ခွင့်ပြုပါမယ့် အကြောင်း မျက်ရည်လည်ရွဲနဲ့ တင်ပြပါတယ်။ ဟာ ဟ … ဒုက္ခပဲ၊ ငါက ဆရာဝန်ကြီး မဟုတ်လို့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးကွလို့ ရိုးရိုးသားသား ပြန်ပြောလိုက်ရတယ်။ သူ့ခမျာ မယုံနိုင်ရှာ။ ကျနော်ဟာ သူအဖို့ ဆရာဝန်ကြီးပဲ၊ ကျနော် ပြန်ခွင့်ပေးရင် ရမှာပဲလို့ ထင်နေရှာတာ။ ပြန်ချင်တဲ့ အကြောင်းရင်းကလည်း ရွာမှာ ကျန်ရစ်တဲ့ နှမငယ်ကို လွမ်းလို့တဲ့။ တွေ့ချင်လို့တဲ့။ ဒါနဲ့ သင်္ကြန်ရက် အတွင်း ဆေးရုံမှာပဲ နားနားနေနေ နေဖို့ ရောဂါပျောက်မှ ရွာပြန်ပြီး နှမငယ်နဲ့ တွေ့ဖို့ ဖျောင်းဖျ လိုက်ရပါတယ်။ ပြဿနာက ဒီကလေးက သင်္ကြန် အတွင်းမှာပဲ ဝမ်းထဲ သွေးယိုပြီး ဆုံးပါးသွားတယ်။ ကျနော့်မှာ ကြားထဲက ကြေကွဲလိုက်ရတာ။
(၂)
ရုံထဲမှာ အငယ်ဆုံး ဆရာဝန် ဆိုတာ ကိုယ့်ကိုယ်ကို သိတော့ သိသလိုပဲ နေလိုက်ပါတယ်။ စားရာသောက်ရာ သွားရာလာရာ ကျနော်တို့က နောက်နား ခပ်ကျကျမှာ။ 'ရောင်း' လှည့်ရင်းလည်း ပြောစရာ မလိုပေဘူး နောက်နားကပဲပေါ့။ စကား ပြောရင်တောင်မှ ကိုယ်သိထားသော်လည်း ဦးအောင် ဝင်မပြောဘူး၊ သူများတကာတွေ ပြောပြီးခါမှ ဝင်ပြောတာ။ အများအားဖြင့် ကိုယ့်အထင် အမြင် ကိုယ့်ရင်ထဲမှာပဲ တိတ်တိတ်လေး သိမ်းဆည်းထားလိုက်တာ။ ဆရာကြီးတွေကလဲ ကျနော်ရဲ့ အထင်အမြင်တွေကို မေးမနေပါဘူး၊ မေးမနေအားပါဘူး။
ခွဲစိတ်ရုံ တာဝန်ကျတုန်း တရက်၊ ကလေးရုံက သူငယ်ချင်း အလုပ်သင် ဆရာဝန် တဦးက ဖုန်းဆတ်လာတယ်။ မတ္တရာနယ်ဘက်က ရှစ်နှစ်ရွယ် ကလေးမလေး သန်းထိုးလို့ (worm colic) သူတို့ဆီ တင်ထားတာ၊ အခုဗိုက်က တဖြည်းဖြည်း တင်းကားလာလို့ သန်ကောင်ကြောင့် အူလမ်းကြောင်း ပိတ်ဆို့နာ (Intestinal obstruction) ထင်ကြောင်း၊ လာကြည့်စေလိုကြောင်း ပြောတယ်။ ဒါနဲ့ အဲဒီနေ့ တာဝန်ကျ ခွဲစိတ် ဆရာဝန်ကို အကြောင်းကြားတော့ "တို့ရုံကို ရွှေ့လိုက်ကွာ၊ ဒီမှာ တင်ထားပြီး စောင့်ကြည့်ရအောင်" ပြောတာနဲ့ လူနာကို ကလေးရုံကနေ ခွဲစိတ်ရုံကို လွှဲပြောင်းယူခြင်း (Transfer in) လုပ်လိုက်ပါတယ်။ အူလမ်းကြောင်း ပိတ်ဆို့တဲ့ လူနာတွေမှာ ပေးမြဲ ကုထုံးအတိုင်း အစာအိမ်နဲ့ အူ အနားရအောင် နှာခေါင်းပိုက် ထည့်ပြီး အချိန်မှန်မှန် အစာချေရည်တွေကို စုပ်ပစ်ချင်း၊ သွေးကြောထဲမှာ ဆားရည်နဲ့ ဂလူးကို့စ်ရည် သွင်းပေးခြင်း၊ ဗိုက်ရဲ့ အပြည် အတင်း (Abdominal distension) ကို တိုင်းထွာ မှတ်သား နေ့စဉ် မှတ်တမ်းတင်ခြင်း စတာတွေ လုပ်ပါတယ်။ ဒုတိယနေ့ညမှာ ဗိုက်က တအား ဖောင်းတင်းလာ၊ ဝမ်းမသွား၊ လေမလည်၊ ဗိုက်နာတာကလဲ မခံမရပ်နိုင်။ ညတွင်းချင်းပဲ ခွဲစိတ် ဆရာဝန်လတ် (ဘွဲ့လွန်တတ်နေသူ) က လူနာရဲ့ ဗိုက်ကို ဖွင့်တယ်။ ဟုတ်တယ် အူလမ်းကြောင်း ပိတ်ဆို့နေတာ။ အူသိမ်ထဲမှာ အလုံးတွေ တော်တော်များများ စမ်းမိသတဲ့။ ပိတ်ဆို့နေတဲ့ နေရာက အလုံးကြီးကြီး တလုံးကိုပဲ ခွဲစိတ် ဖြတ်တောက်ပြီး အူနှစ်စကို ပြန်ဆက်တယ်။ နောက်တနေ့မနက် ကျနော်တို့ ရောက်သွားတော့ လူနာက ခပ်မှိန်းမှိန်း။ အဲဒီတုန်းက ကျနော်က အသားစ (Biopsy) တွေကို တာဝန်ခံ သိမ်းဆည်း၊ ဓာတ်ခွဲခန်းပို့၊ အဖြေရရင် စာအုပ်ထဲ ကူးထည့်ရတဲ့ တာဝန်ခံ အလုပ်သင် ဆရာဝန် ဖြစ်လေတော့ ညက ဆေးစိမ်ထားတဲ့ အူထဲက အလုံးကို ဓာတ်ခွဲခန်းထဲပို့ဖို့ ကျနော့် တာဝန်ပ။ ဓာတ်ခွဲခန်းပို့ဖို့ ပုံစံဖြည့်ရာမှာ ရောဂါအမည် ဘာရေးရမယ် မသိလို့ ခွဲတဲ့ ဆရာကိုမေးတော့ "အူကင်ဆာပေါ့ကွာ" လို့ လွယ်လွယ်ပဲ ဖြေပါတယ်။ ဒါနဲ့ အူကင်ဆာလို့ပဲ ပြီးစလွယ် ရေးထည့်လိုက်တယ်။ ဒါပေမဲ့ စိတ်ထဲက တနုံ့နုံ့။ ခုလုခုခု။ ဘယ်နှယ်ဗျာ … ဒီအရွယ်လေးမှာ အူကင်ဆာ ဖြစ်ရတယ်လို့။ ပြီးတော့လည်း အူသိမ်မှာ။ အူမကြီး ကင်ဆာသာ ကြားဖူးပါတယ်။ အူသိမ် ကင်ဆာရယ်လို့ မကြားဖူးပေါင်။ နေ့လယ် အိမ်ပြန် ထမင်းစား၊ ဆေးရုံကို ပြန်အသွား လမ်းမှာ ဆေးကျောင်း ခဏဝင်၊ စာကြည့်တိုက်သွား၊ Surgical Pathology ဆိုတဲ့ စာအုပ် ဝင်ငှား၊ ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါဗေဒကျမ်း။ အူသိမ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေထဲက အလုံးအကျိတ် ရောဂါတွေကို Scan လုပ်ကြည့်လိုက်တယ်၊ Hamartoma လို့ ခေါ်တဲ့ မွေးရာပါ အကျိတ်အလုံးတွေကို အူမှာ တွေ့ရတတ်သတဲ့၊ အူသိမ်မှာ၊ အူမကြီးမှာ။ အပင်မှာ သဒွတ်သီးတွေ ပြွတ်သိပ် သီးနေစလို တွေ့ရသတဲ့။ ကင်ဆာ မဟုတ်သော်လည်း ကင်ဆာ အဖြစ် ကူးပြောင်း သွားနိုင်သတဲ့။ အဲဒီ ရောဂါထဲက Peutz-Jeghers Syndrome လို့ ခေါ်တဲ့ ရောဂါက ကလေးတွေမှာ အတွေ့ရများသတဲ့။ အူထဲက အကျိတ်တွေ အပြင် ပါးစပ်တဝိုက်၊ စအိုတဝိုက်၊ လက်နဲ့ ခြေတဝိုက်မှာ အမည်းပြောက်ကလေးတွေ တွေ့ရတတ်သေးသတဲ့။ ဒါနဲ့ နေ့လယ် နေ့ခင်း နေပူပူကြီးထဲမှာ ဆေးရုံးကြီးဆီ စက်ဘီး ဒုန်းစိုင်းနင်းပြီး ပြေးရပြန်။ ရောက်ရောက်ချင်း လူနာကို အပြေးကလေး သွားကြည့်။ ပါးစပ်တဝိုက်မှာ ကျနော် မျှော်လင့်ထားတဲ့ အမည်းစက်ကလေးတွေ။ ကျန်တဲ့ နေရာတွေမှာတော့ မတွေ့ရဘူး။ ကလေး အမေကို "ဒီအစက်ကလေးတွေက မွေးရာပါလား၊ ကြီးမှ ပေါ်လာတာလား" လို့ မေးကြည့်တော့ "မွေးကတည်းက သတိထားမိတာပါ" လို့ ဖြေပါတယ်။ ကျနော် ဝမ်းသာလုံးဆို့ပြီး ဆရာတွေဆီ ပြေး၊ လက်ထဲ စာအုပ်တန်းလန်းနဲ့၊ သက်သေထူဖို့လေ။ ပထမ လက်ထောက် ဆရာဝန်ကို ရှာပြီး ဒီအကြောင်း ဝမ်းသာအားရ ပြောပြတော့ ဆရာက မလှုပ်မခြောက်။ ထိုးပြတဲ့ စာအုပ်ကို စောင်းငဲ့ ကြည့်ဖော်တောင် မရ။ ရှားရှားပါးပါး ရောဂါတွေကို လာပြောရသလား၊ အူကြောင်ကြောင်ကောင်ပဲ ဆိုတဲ့ မျက်နှာပေးနဲ့ ထိုင်နေတယ်။ လူနာကိုလည်း လိုက်ကြည့်ဖော်မရ။ ဟုတ်သလေ၊ ဒီရုံမှာ သူက ဆရာကြီးပြီးရင် နံပါတ် (၂)၊ ကျနော်က ပိစိကွေး ဆရာဝန်။
ကျနော်လား၊ စိတ်မပျတ်ပါဘူး၊ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားရတာပါ။ ဒါနဲ့ အဲဒီလူနာကို ကိုယ်တိုင်ကိုယ်ကျ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကို မတွေ့တွေ့အောင်ရှာ၊ ရှင်းပြ။ စာအုပ်ပြ သက်သေထူ၊ သူက လူနာကို စိတ်ပါလက်ပါ လိုက်ကြည့်တယ်၊ ကျနော်ပြောတဲ့ ရောဂါကိုလည်း အတည်ပြုတယ်၊ ဒါပဲ၊ ပြီးပြီ။ "ကျနော်လဲ အစကတော့ ထင်မိသားဗျ၊ ဒါပင်မဲ့ ဒီလောက်ရှားတဲ့ ရောဂါ မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ဆက်မလိုက်ဘဲ နေမိတာ" လို့ တွေးတွေးဆဆ ဝန်ခံပါတယ်။ သူက ဘွဲ့လွန်သင်တန်းသားမို့ သိချင် တတ်ချင် စူးစမ်းချင် စဉ်းစားချင်သေးတာ နေမှာ။ ပြောချင်တာက ကျနော်တို့ အလုပ်သင် ဆရာဝန် ပုစုခရုတွေ စကားကို ဆရာဝန်ကြီးတွေထံ ရွှေနားတော်သွင်း ခက်လှကြောင်းပါ။ ဒါကြောင့် ကျနော် ဆရာဝန်ကြီး မြန်မြန် ဖြစ်လိုက်ချင်တာ။ ဒါမှ ငါ့စကားနွားရ၊ ဟုတ်ပေါင် … ငါ့စကား သူတပါး နားထောင်ပေမပေါ့ ဆိုတဲ့ အတွေးနဲ့။
(၃)
သို့ပေမယ် ဆရာကြီး ဆရာဝန်ကြီး ဆိုတာ ချက်ချင်း တန်းဖြစ်သွားလို့ ရတာမျိုး မဟုတ်ပေဘူး။ တဆင့် တဆင့် တက်ရတာမျိုး။ ပညာအရာ၊ ကျွမ်းကျင်မှု အရာ ပြည့်စုံ ကုံလုံဖို့၊ အတွေ့အကြုံသမာ္ဘ၊ ရင့်ကျက်မှု၊ စောင့်ရပျိုးရတာ၊ စိတ်ရှည် သည်းခံရတာ၊ စောင့်ရတာ ကျနော်တို့ အတွက် အပန်းမကြီးလှချေတကား။ ဆေးကျောင်းတော်မှာ ခုနစ်နှစ် ခုနှစ် နွေတက်ခဲ့ပြီးမှဗျာ။ တချို့သော အလုပ်သင် ဆရာဝန်တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာကြီး လုပ်တတ်ကြသဗျ။ ကျနော်တို့ မွေးခန်းမှာ ညဂျူတီကျတဲ့ အခါ လူနာတွေ ပို့တဲ့ ပို့ဆွမ်း စားကြရတာ အခါခါ။ မိခင်တွေက သူတို့ရဲ့ သားလေး သမီးလေးတွေကို အဖိတ်အစဉ် မရှိ၊ ထိခိုက်ရှနာခြင်း မရှိဘဲ အောင်အောင်မြင်မြင် မွေးဖွားပေးတဲ့ ဆရာဝန် ဆရာမတတွေကို သဒ္ဓာ ပိုလှတယ်။ ဒါကြောင့် မွေးခန်းကျတာ ပျော်စရာ။ ဝိုင်းအော်ကြ (ကလေးထွက်လာအောင်)၊ ဝိုင်းမွေးကြ၊ ဝိုင်းချုပ်ကြ၊ ဝိုင်းစားကြ။ ညဂျူတီကျတဲ့ အထဲက သူငယ်ချင်း အလုပ်သင် ဆရာဝန် တဦးကတော့ ထူးထူးခြားခြား။ သူနာမည်နဲ့ မုန့်တွေ၊ လက်ဖက်ရည် ကော်ဖီတွေ ခြင်းတောင်း တတောင်းပြည့် မကြာခဏ ပို့တာ ညစာပွဲတော် ကပ်တာ ခံရတယ်။ "ဟ … ဒီကောင်က ဘာများ ထူးလို့တုံး၊ ကိုယ်လဲ သူ့နည်းတူ ကလေး မွေးပေးလိုက်တာပဲ၊ ဘာကြောင့် သူ့ကျမှ တကူးတက စားစရာတွေ ပို့ပြီး ပူဇော်သမှု ပြုတာ ခံရသတုံး"။ နောင်မှ သိရတာက ကိုယ့်လူက ဆရာကြီး လုပ်တတ်သကိုးဗျ။ မွေးခန်းထဲ ကလေးမွေးရရင် ဆရာဝန် ဆရာမတတွေက ဝတ်ရုံကြီးတွေနဲ့ မျက်နှာစည်းတွေနဲ့ အကျအန အလုံအခြုံ ဖုံးထားကြရလေတော့ မိခင်လောင်းတွေက ကျနော်တို့ ဆရာဝန် တတွေကို မှတ်မိလေ့ မရှိကြဘူး။ မွေးခန်းထဲမှာက ကြောက်တာရော နာတာရောက ဖုံးလွှမ်းနေတာ။ ကျနော်တို့ ဆရာဝန် ပေါက်စနလေးတွေကို ဘယ်သတိမူမိလိမ့်မတုံး။ ကျနော့် သူငယ်ချင်း အကောင်းစားကြီးက ကလေး မွေးပြီးလို့ မိခင်နဲ့ ကလေး မွေးခန်းထဲကနေ လူနာ အခန်းဆီ ပြန်ပို့ရင် မသိမသာ ကပ်လိုက်သွားတယ်။ ပြီးရင် မိခင်နဲ့ တွေ့၊ အာလာပ သလ္လပပြော၊ သူကိုယ်တိုင် ကလေးကို ဘယ်လို ခက်ခက်ခဲခဲ မွေးခဲ့ရတယ်ဆိုတာ ဂုဏ်တင် (တကယ်က ပုံမုန် ကလေးမွေးတယ် ဆိုတာ သူ့ဘာသာသူ ထွက်လာတာ)၊ ပြီးရင် ကလေးကို နို့တိုက်ဖို့ ပြုစုဖို့ တတ်သိသလောက် လက်ချာပေး၊ မိခင် အသစ်စက်စက်ကလေးက ရင်ခွင်ထဲမှာ ကလေးထွေးပိုက်၊ အနာမရှိ၊ ဘယာမရှိ။ ဆရာရဲ့ ချိုမြတဲ့ အသံနဲ့ ဆံပင်ကို နောက်လှန် ဖြီးသင်ထားတဲ့ ဥပဓိရုပ်ကလည်း သဘောကျစရာ။ ဒါနဲ့ သူ့ကို ဆရာဝန်ကြီး ထင်လိုက်လေ။ ဒီလိုနဲ့ ဆရာကြီးရဲ့ နာမည်မေးပြီး နောက်ညတွေမှာ အဲဒီ ဆရာဝန်(ကြီး)ရဲ့ ဂျူတီချိန်တိုင်း မုန့်တခြင်းကတော့ ပုံမှန် ရောက်လာခဲ့ပေါ့။ ကျနော်တို့ မနူးမနပ် ဆရာဝန်ငယ် တစုကတော့ လာပို့တဲ့ မုန့်ကိုလည်း ဝိုင်းနှိပ်၊ အပို့ခံရတဲ့လူကိုလည်း ဝိုင်းနှိပ်။ သူက ဒီလို ဒီလို ဆရာငယ် ဘဝကတည်းက ဆရာကြီး ဖြစ်အောင် လုပ်တတ်တာ။ ကာတွန်း ငွေကြည်ရဲ့ ကာတွန်းထဲကလို "ဆရာ ဆရာ" ခေါ်တော့၊ ဆရာလို့ ခေါ်ခံရသူက "ငါ့ကို ဆရာ မခေါ်နဲ့ကွ" လို့ ပြန်ပြောတယ်၊ "ဒါဖြင့် ဘယ်လို ခေါ်ရမှာတုံး" လို့ မေးတော့၊ "ငါက ဆရာ မဟုတ်ဘူး၊ ဆရာကြီးကွ" တဲ့လေ။ သူကတော့ အလုပ်သင် ဆရာဝန် ဘဝကတည်းက "ဆရာကြီးကွ" ဖြစ်ခဲ့သူပေ။
(၄)
ဆရာဝန် တင်းတင်းဖြစ်တော့ ဆေးကျောင်းမှာ တာဝန်ကျ။ အဏုဇီဝဗေဒ ဌာနမှာ သရုပ်ပြ။ ဒါကလည်း သင်ကြားရေး ဌာန တခုမှာ အခြေခံ အကျဆုံး ဆရာ။ သူ့အောက်မှာက ဓာတ်ခွဲခန်း လက်ထောက်၊ ဓာတ်ခွဲခန်းအကူ၊ ရုံးအကူပဲ ရှိတော့တာ။ သူ့တို့တတွေက ကျနော် ဌာနမှာ အလုပ်စဝင် ကတည်းက ဆရာဦးအောင်ကြီးလို့ ခေါ်တော့ ကျနော်နည်းနည်း စိတ်မြောက်မိပြန်ပေ့ာ။ ခြေတော့ မမြောက်နိုင်တော့လေ။ ကိုယ့်နာမည်ကို ဦးတပ်ခေါ်လိုက်တော့ နားက ခပ်ရှိန်းရှိန်း။ နောင်တော့ နားနေသားကျသွား။ အမယ် နေသားကျသွားတာ တော်တော်မြန်သဗျ။ ဦးတပ် မခေါ်တော့ရင်တောင် နားရွက်က လှုပ်ချင်ချင်။ တရက်မှာ ငယ်ဆရာကြီး တဦး ဌာနကို ပေါက်ချလာပါတယ်။ ဌာနရောက်တော့ ဓာတ်ခွဲခန်း အကူနဲ့ တန်းတိုးတယ်။ ဆရာကြီးက "မောင်အောင်ကြီး ရှိသလား"မေးတော့ သူက "မရှိပါဘူး" ဖြေတယ်။ ဒါနဲ့ ဆရာကြီးက ရိပ်စားမိပြီး "ဒေါက်တာ အောင်ကြီးကော" လို့ ဆက်မေးတော့ သူ့အဖြေက မရှိပါပဲ။ နောက်ဆုံး "ဒေါက်တာ ဦးအောင်ကြီး ရှိသလား" လို့ မေးတော့ခါမှ ပျာပျာသလဲ "ဟာ … ဟုတ်တယ်၊ ရှိတယ်" ဖြစ်ကရော။ ကျနော်ရှိတာကို တန်းညွှန်လိုက်လေရဲ့။ သူတို့နားထဲမှာ ဒေါက်တာ ဦးအောင်ကြီးလို့ ကြားလိုက်မှ Code နဲ့ Key က ပွင့်သွားတာ။ ဆရာက "မင်းလူတွေကကွာ … ဒေါက်တာ ဦးအောင်ကြီးလို့ ပြောမှ ငါ့ကို မင်းနဲ့ တွေ့ခွင့် ပေးတော့သကွ" လို့ ရယ်ရယ်မောမော ဂုဏ်တယူယူ ပြောရှာတယ်။ ကျနော့်မှာ မျက်နှာရော နားရွက်ပါ ရှိန်းတိန်း ဖိန်းတိမ်း။ ငယ်တုန်းက ကျနော်တို့ သိပ်ချစ်ကြောက်ရတဲ့ ဆရာကြီးက ကိုယ့်ရှေ့မှာ ငုတ်တုတ်ထိုင် ပြောနေတော့။ ဒီဌာနမှာလည်း ကျနော့် အထက်မှာ လက်ထောက် ကထိက၊ ကထိက၊ ပါမောက္ခ၊ ဆရာ အဆင့်ဆင့်။ ဖြည်းဖြည်းပေါ့ဗျာ၊ ကိုယ့်အထက်မှာ ဆရာတွေရှိတော့ ဘာလုပ်ရလုပ် စိတ်လုံတာပ။ အဖျင်းဆုံး နေ့လယ်ခင်း လစ်ပြီး ရုပ်ရှင် ခိုးကြည့်ရကြည့်ရ၊ ပါမောက္ခ/ဌာနမှူး ဆိုလို့ကတော့ ရုပ်ရှင် လစ်ကြည့်ဖို့ နေနေသာသာ အိမ်သာတောင် ဖြောင့်အောင် သွားရတာ မဟုတ်ဘူး။ ဖုန်းက ခဏ ခဏမြည်လို့။
ဘွဲ့လွန်ရပြီး ဆရာဝန် ပေါက်စဘဝ နယ်တွေ လှည့်လည် ကွင်းဆင်းရတဲ့ အခါ၊ အလည်အပတ် သွားတဲ့အခါ တွေ့တဲ့ မြို့နယ်၊ ခရိုင်၊ တိုင်း ဆေးရုံကြီးတွေက ဆရာတွေကို မေးကြည့်လိုက်ရင် ကိုယ်ထက် စီနီယာ ကျသူတွေချည်း။ မန္တလေးဆင်း ဆိုရင် အချင်းချင်း မြင်ဖူးနေ သိနေလေတော့ ဆရာဝန်ကြီး ဆိုရင် အစ်ကို၊ ဆရာဝန်မကြီး ဆိုရင် အစ်မ တန်းခေါ်လိုက်ရုံ။ ရန်ကုန်ဆင်း ဆရာတွေနဲ့ တွေ့ရင် ဘယ် Batch ကလဲလို့ မသိမသာ ထောက်လှမ်းပြီးမှ ပဋိသန္ဓာရ ပြုရ၊ ပြောဆိုရတယ်။ ဒီမှာလည်း ၉၉ ရာခိုင်နှုန်းက ကိုယ့်ထက်ကြီးသူတွေ။ နောင်ကွင်းဆင်းသက် တော်တော်ရလာတော့ ကျနော်တို့နဲ့ Batch တူသူ၊ ကျနော်တို့ထက် ဂျူနီယာ ကျသူတွေက တစထက်တစ များလာတာ သတိပြုမိတယ်။ အခုတော့ နယ်ဆေးရုံတွေ ရောက်ရင် ဘယ်နှစ်ဆင်းလဲ မေးမနေတော့ပါဘူး။ မြင်မြင်သမျှဟာ ကိုယ့်တပည့် ဖြစ်ရမှာ ဆိုတဲ့အတွေးက ငယ်ထိပ်မှာ။ ဟုတ်တာ မဟုတ်တာ နောင်မှ ကြည့်ရှင်း၊ ကိုယ်က ၅ဝ ကျော် ၆ဝ တွင်းကို အလျှင်အမြန် အပြေးအလွှား ချဉ်းကပ် နေချေပြီကိုး။
(၅)
အခုတော့ ဌာနမှာ ကိုယ့်ထက်ကြီးသူ သိပ်မရှိတော့ဘူး။ အချိန်ရဲ့ တိုက်စားမှုကြောင့် ဆရာကြီးတွေ၊ ဌာနက ဗီရို အဟောင်းကြီးတွေနဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်း အဟောင်း အမြင်းတွေကပဲ ကိုယ့်ထက် သက်တမ်းကြီးမှာ၊ စီနီယာကျမှာ သေချာတယ်။ ဒီလို အချိန်ကျမှ ကိုယ့်အထက်မှာ လူမရှိတော့တာ၊ လူမရှိတော့မှာ တွေးပူပန်မိ။ အခက်အခဲကြုံရင် ပြဿနာ တခုခု ကြုံရရင် ဘယ်သူ့ကို တိုင်တည်ရမတုံး။ ဘယ်သူ အကြံကို နာခံရမတုံး။ ဘယ်သူ အရိပ်ကို ခိုပြီး စိတ်လုံရပါ့။ မိမိမှားရင် ထောက်ပြ လမ်းညွှန်မယ့် ဆရာကြီးတွေ မရှိတော့တာ ဝမ်းသာဖွယ်လား၊ ဝမ်းနည်းဖွယ်လား။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူတော့ သုဘဒ် ရဟန်းကြီးက "င့ာရှင်တို့ … ငါ့တို့ကို ချုပ်ချယ် မြစ်တားမယ့်သူ မရှိတော့ဘူး" လို့ ပြောသလို နှလုံး ပိုက်ရလေမည်လား။ ကျနော်တို့ မန္တလေးဆင်း ဆရာဝန်တွေကို ဟိုတုန်းကလို မှားရင် ချက်ချင်းထောက်ပြ၊ ခေါ်ပြ၊ ခေါ်ဆုံးမမယ့် မာမီကြီး၊ မာမီလေး၊ အဘတို့တတွေ မရှိတော့တာ …။ ဆရာ မရှိခြင်းဟာ၊ ဆုံးမမယ့်သူ မရှိခြင်းဟာ ခြောက်သယောင်း နေတဲ့ ဖုန်းဆိုးတောကြီးတွင်း နေရခြင်းပေလား။
မြတ်ဗုဒ္ဓပင်လျှင် ဘုရား ဖြစ်တော်မူသည့် အခါ သူ့ထက်မြင့်သူ၊ ပူဇော်ထိုက်သူကို စကြဝဠာ တခွင် ဖြန့်ကြက်ကြည့်သတဲ့။ သူ့ထက်မြင့်သူ ပူဇော်ထိုက်သူကို မတွေ့ရပါတဲ့။ သို့မို့ကြောင့် သူတွေ့ရှိတဲ့ တရားတော်ကိုပဲ အလေးအမြတ် ပြုပြီး နေသတဲ့။ ဆရာရှိဖို့ လိုအပ်လှသည်ဟု တစထက် တစ တနေ့ထက် တနေ့ ပိုပိုသိသိလာချိန်မှာ ပန်းချီဆွဲတဲ့ မော်းဒယ်ဂဲလ်လေးက ပန်းချီနဲ့ ပတ်သက်လို့ သူမှာ ဆရာ မရှိပါလို့ အင်တာဗျူး တခုမှာ ဖတ်လိုက်ရတော့ ကျနော်မှာ အံ့အားတသင့်။ တုန်လှုပ်ခြင်းကြီးစွာ။ အင်မတန် ငယ်နုသေးတဲ့ ပန်းချီ ဆရာကလေးကလည်း ဆရာ မရှိဘဲ ပန်းချီ ဆွဲတတ်လာသတဲ့။ ကျနော်ကတော့ ဆရာ ရှိချင်တယ်။ တရားဝင် ဆရာရော၊ တရားမဝင် ဆရာရော။ ဆရာ မရှိမှာ ကြောက်လှချည့်။
အသက် ၈ဝ၊ ၉ဝ အရွယ်မှာ ကိုယ့်ကို ဆုံးမနိုင်လောက်တဲ့ ဆရာတွေလည်း ရှိတော့မှာ မဟုတ်။ ကိုယ့်ထက်ကြီးတဲ့ ဆရာဘုန်းကြီးကလည်း လက်ချိုး ရေရတော့မှာ။ ဆရာဦးအောင်သင်း ပြောတဲ့ ကျောင်းဆရာ လူထွက်ကြီး သ/မလူကြီး ဝင်လုပ်လို့ကတော့ သေပြီဆိုတာ သတိရမိတယ်။ ဘယ်သူက ဘာပြောပြော "ဟေ့ကောင်၊ ငါသိတယ်၊ မင်းလျှာမရှည်နဲ့" ထဲကပဲ။ ကျနော်တို့ ဆရာကြီး တဦး ကျောင်းအုပ်ကြီး ဘဝက ပင်စင်ယူသွားပြီး ဘုန်းကြီး ဝတ်လိုက်တယ်။ ပြီးပြီ၊ နဂို ကတည်းကမှ ဆရာကြီးလို့ ဆိုနေမင့်ဟာ။ အကုန်သိ၊ အကုန်တတ်။ တရား အကြောင်းရော၊ အခြား တပါးသော အကြောင်းပါ တတ်သိ မြင်နှံ့နေတာ။ ဆရာဘုန်းကြီးဆီ တခါက ရောက်သွားတော့ အင်္ဂလိပ် အဘိဓာန်ကြီးဖွင့် သဲသဲမဲမဲ ကျက်မှတ်နေတာ တွေ့လိုက်ရ။ မေ့ကုန်မှာ စိုးလို့ ပြန်ကျက်နေတာတဲ့။ ကဲဗျား။ အဲဒီနောက်ပိုင်း ကိုယ့်မြို့ ရောက်သွားရင် ဆရာဘုန်းကြီးကျောင်းရှေ့ လူယောင် မပြဝံ့ဘူး။ ဆူနာမီ ကြောက်လို့။
ကျနော်က ဆရာမရှိတဲ့သူ၊ ဆရာ မရှိမယ်သူ အဖြစ်ကို တွေးရင်း 'အနာဂတ်သွေးလန့်မှု' ခုကတည်းက ရနေတာ။ ဒီကြားထဲ ဆရာ ဆရာမကြီး တချို့ရဲ့ ကမောက်ကမ ခြေချော် လက်ချော် စိတ်ချော်တာလေးတွေ တွေ့တွေ့နေရလို့ သွေးလန့်တာမှာ သွေးပျက်တာက အပို ထပ်ဆောင်းလာချေသေး။ ဘဝတိုတိုမှာရော ဘဝထိုထိုမှာရော ဆရာရှိသူ ဖြစ်စေသောဝ်။
ဒေါက်တာအောင်ကြီး
စာပြီးရက် - ၃၊ ၁၂၊ ၂ဝဝ၆။
source: myanmarisp

ထိုင်စရာ (ဒေါက်တာအောင်ကြီး)
ထိုင်စရာ
၂ဝဝ၈ စက်တင်ဘာမှာ ကံကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - (၂) အဖြစ် ပထမအကြိမ် ပုံနှိပ် ထုတ်ဝေလိုက်တဲ့ ဒေါက်တာ အောင်ကြီးရဲ့ 'သီချင်းလူ၊ ပုံပြင်လူ၊ ငြိမ်းချမ်းလူ' စာအုပ်မှ ထိုင်စရာ ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ထိုင်စရာ
ကျနော် စ,တက်ရတဲ့ ကျောင်းက ယောက်ျားလေး နှင့် မိန်းကလေးတွေ ရောနှောနေရသည့် ကျောင်းဖြစ်သည်။ ဦးဘိုနီ၊ ဒေါ်မြငြိမ်းတို့ တည်ထောင် ဖွင့်လှစ်သည့် ကိုယ်ပိုင်ကျောင်း (Private School)။ အတန်းထဲတွင် ယောက်ျာလေး မိန်းကလေး ရောနှော ထိုင်ရသည်။ စကားများများ ပြောတတ်သည့် ဆော့တတ်သည့်ကောင်လေးတွေကို ဆရာတွေက ကောင်မလေးတွေကြားမှာ ညှပ်ကာ ထိုင်စေသည်။ ကျောင်းသူဦးရေက ယောက်ျားလေးတွေ ကြားမှာ ထိုင်ရတာ များသည်။ တခါတရံ ဆရာတွေက ကလေးတွေကို ဆုံးမချင်တာရော၊ ကျီစယ်ချင်တာရောကြောင့်ထင့်။ တယောက်နှင့် တယောက် မခေါ်မပြောဘဲ နေကြသော ရန်ဖြစ်ထားကြသော မိန်းကလေး ယောက်ျားလေးတွေကို တခုံတည်းမှာ ယှဉ်ထိုင် ခိုင်းတတ်သည်။ ကြာကြာထိုင်ရတော့ တဦးနှင့် တဦး စကားပြောဖြစ် သွားပြီး ပြန်ခေါ်ကြ ပြန်ခင်မင်ကြရတာပါပဲ။ သို့မို့ကြောင့်ထင်ရဲ့၊ ဆရာတွေက ထိုင်ခုံ အစီအစဉ်တွေကို မကြာခဏ ပြောင်းပစ်တတ်သည်။ ကျနော်တို့ တတွေကလည်း မကြာခဏ ရန်ဖြစ်တတ်ကြသည်ကိုး။
တခါက ခုံပြောင်းထိုင်ကြရတော့ ကျနော်တို့ အတန်းထဲတွင် အဝါရောင် လုံချည် ဝတ်လေ့ရှိသောကြောင့် မာနကြီးသူဟု အားလုံးက သတ်မှတ်ထားသော ကျောင်းသူ တဦးနှင့် ထိုင်ဖို့ နေရာချခံရသည်။ မိန်းကလေးက စာလည်းတော် ရုပ်လည်းချောသူ။ အစက တဦးနှင့် တဦး စကားမပြော ခပ်ရှိန်းရှိန်း နေရာမှ သချင်္ာချိန် ပုစ္ဆာတွေ တွက်အပြီး စာအုပ်တွေကို စားပွဲခုံစွန်းမှာ ထပ်ဖို့ တင်ရတော့ တဦးနှင့် တဦး စကား ပြောဖြစ်သွားသည်။ ကျနော့်ရင် လှပ်ခနဲ ဖြစ်သွားသည်ကို ယခုတိုင် မှတ်မိနေသေးသည်။ နောက်သုံးရက်လောက်ကြာတော့ ဆရာက ထိုင်ခုံတွေကို ထပ်လှည့်ပြန်ရာ ကျနော်နှင့် သူ ထပ်မဆုံစည်း ဖြစ်တော့ချေ။ စာသင်ခန်း ထိုင်ခုံတွေမှာ ထိုင်ရတိုင်း ကျနော်က အလယ် လူသွားလမ်းဘက်ကျတဲ့ ထိုင်ခုံကို ရှောင်လေ့ရှိသည်။ အပြင်ဘက် အစွန်းခုံမှာ ထိုင်ဖို့ ကြိုးစားရတာ ကျနော့် ဝေဒနာ။ သည်အကျင့်က ကြီးသည်အထိ ပါလာသည်။
တက္ကသိုလ် ရောက်တော့ သည်အကျင့်က ဖျောက်ဖျက်လို့ မရ။ အတန်းရဲ့ ရှေ့ဆုံးခုံတန်းမှာ ဘယ်သောအခါမှ နေရာယူလေ့ မရှိ။ အလယ်လောက်၊ ရှေ့နား သုံးပုံး တပုံလောက်မှာ ထိုင်လေ့ရှိသည်။ အတွင်းလျှောက်လမ်းနှင့် ဝေးဝေးမှာ နေရာယူမြဲ။ မိမိကိုယ်ကို Expose မလုပ်ချင်တဲ့ အတွင်းလှည့်စိတ် အားကောင်းနေလေသလား။ ပထမနှစ်၊ ဒုတိယနှစ် ကာလတွေမှာ အတန်းထဲမှ ယောက်ျားလေး လေးယောက်နှင့် မိန်းကလေး ငါးယောက်က တမူထူးခြားပြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေကြတာ သတိပြုမိသည်။ သူတို့ အချင်းချင်း စည်းလုံးကြတာ၊ ချစ်ခင်ကြတာက ပြဿနာ မရှိ။ ပြဿနာ ရှိတာက သူတို့၏ စည်းလုံးခြင်း ချစ်ခင်ခြင်းကို အများသူငါရှေ့မှာ သာသာထိုးထိုး ပိုပိုမိုမို လုပ်ပြ နေကြလေရာ အတန်းထဲက ယောက်ျားဘသားတွေက သဘာဝကျစွာပင် မျက်စိစပါးမွေး စူးပါလေတော့သည်။ ယောက်ျားလေး အုပ်စုက လက်ချာချိန် ဆိုလျှင် အတန်းထဲသို့ စောစီးစွာ အရောက်သွားကြပြီး သူတို သူငယ်ချင်းမတွေ အတွက် နေရာ ဦးထားလေ့ ရှိသည်။ မိန်းကလေးအုပ်စု စောရောက်လျှင်လည်း ထို့နည်းအတူ။ သူတို့အုပ်စုဝင်ချင်းပဲ အများအားဖြင့် စကားပြောကြ ဆက်ဆံကြသည်။ ကျန်တဲ့ ကျောင်းသားတွေက သူတို့ အုပ်စုကို နာမည်ပြောင် အမျိုးမျိုး ပေးပြီး ပြောင်ကြလှောင်ကြ တိုက်ခိုက်ကြ။ နာမည်ပြောင် အမျိုးမျိုးထဲမှာ EAG (ဆင့်ဖင် အုပ်စု) ဆိုတဲ့ နာမည်က တွင်ကျန်ရစ်သည်။ ထိုင်စရာနှင့် ပတ်သက်၍ ဆေးကျောင်းတလျှောက် မှတ်မှတ်ရရ ဖြစ်စရာများ။
ဘွဲ့လွန်တက်ရတုန်းကလည်း ထိုင်ခုံနှင့် ပတ်သက်၍ အမှတ်တရ ဖြစ်စရာ ကြုံရသေးသည်။ ကျနော်တို့ ဘွဲ့လွန်သင်တန်းသား သုံးဦး နွေနေ့လယ်ခင်းကြီး တခုမှာ ကထိက ဆရာမကြီး တဦးနှင့် စာသင်ဖို့ ဖျားနာရုံ (၂) သို့ သွားရသည်။ သည်အချိန်က ပါမောက္ခ/ ဌာနမှူးက ပင်စင် စတင် ခံစားနေချိန်။ သူ့အခန်းက အားနေတာက တကြောင်း၊ လေအေးစက်နှင့် အေးစိမ့်နေတာ တကြောင်းတို့ကြောင့် အဲသည်အခန်းမှာ စာသင်ဖို့ ဆရာမကြီးက ဆုံးဖြတ်သည်။ ကျနော်တို့ အသီးသီး အသက အသက နေရာယူကြတော့ ဆရာမကြီးက ဌာနမှူး၏ လွတ်နေသော ခုံမှာ မထိုင်ဘဲ ခုံလွတ်တခု ယူ၍ ထိုင်ကာ အေးဆေးစွာ စာသင်သည်။ ကျနော်က လျှာရှည်ပြီး "မမကလဲ ဌာနမှူးခုံ ယူထိုင်ရေးပေါ့၊ ဌာနမှူးမှ မရှိတော့တာကို" ဟု ပြောမိသည်။ ဆရာမကြီးက "ဒီထိုင်ခုံက တို့နဲ့ မတန်သေးဘူးဟဲ့၊ သူရှိရှိ မရှိရှိ၊ သူလာလာ မလာလာ ဒီထိုင်ခုံမှာ တို့ထိုင်ဖို့ မထိုက်သေးဘူး" ဟု ပြန်ပြောတာ သတိရမိသည်။ ရန်ကုန်က ဌာန တခုကို သွားလည်တော့ ဌာနမှူး၏ သမီးငယ်က သူ့အဖေထိုင်ခုံမှာ အကျအနထိုင်ပြီး နေ့လယ်စာ 'သုံးဆောင်' နေတာ မြင်လိုက်ရတဲ့ ကျနော့်မှာ ငိုရ ရယ်ရမလို။ ထိုင်ခုံရွေး ထိုင်တတ်သော ကျနော်တို့ ဆရာမကြီးကို စိတ်ထဲမှ ကန်တော့မိသည်။
ကျနော်ကိုယ်တိုင် ဌာနမှူးခုံမှာ ထိုင်ရတော့ ကိုယ့်ထက် ဝါကြီးသူတွေ ကိုယ့်ဆရာသမားတွေ လာရင် ဌာနမှူးခုံမှာ ထိုင်ပြီး ဧည့်ခံရတာ စိတ်ထဲ မလုံသလိုလို အားနာစရာလိုလို။ နယ်က သူငယ်ချင်းတွေ လာရင်လည်း ထို့အတူ။ ဒါကြောင့် သူတို့တတွေလာရင် သူတို့နားသွားပြီး အတူတူ ထိုင်စကားပြောရ ဧည့်ခံရသည်။ ဌာနမှူးခုံမှာ အခန့်သားကြီးထိုင် စားပွဲကြီး တလုံးခြားပြီး စကားဆိုဖို့ မသင့်ဟု ခံစားရသည်။ သူတို့က နယ်က တကူးတက လာတွေ့ရတာ။ ထို့ပြင် နယ်မှာ အနေကြာပြီး မြို့ပြနှင့် ဆေးရုံကြီးတွေနှင့် ဝေးကွာနေတော့ သိမ်ငယ်စိတ် တချို့က သူတို့ကိုယ်ပေါ်မှာ တံဆိပ်ကပ် ပါနေတာ မြင်ရသည်။ နေရာ အထိုင်မှားရင်း တဦးနဲ့ တဦးကြား စည်းခြားသွားသလို၊ ဌာနမှူး ထိုင်ခုံမှာ စထိုင်ရတုန်းက မိမိမှာ နေမထိ ထိုင်မသာ။ သမားတော်ကြီး ဦးထွန်းသင် ပြောတာ သတိရမိသေးသည်။ တိပိဋကဓရ ဆရာတော် တပါး ဘွဲ့ထူးဂုဏ်ထူး ရပြီးစ အပူဇော်ခံရတော့ နေမထိ ထိုင်မထိ ဖြစ်နေတာ မြင်ရသည့် ဆရာကြီးက "အသစ်ကျပ်ချွတ် ဆိုတော့ အထိုင်မကျသေးဘူးကွ၊ ကြာတော့ အထိုင်ကျ သွားလိမ့်မယ်" ဟု ကြိုတင် ဟောကိန်း ထုတ်ဖူးသည်။ ကျနော်လည်း ဘယ်သောအခါမှ ဌာနမှူး ထိုင်ခုံမှာ အထိုင်ကျလေမည် မသိ။
တလ တကြိမ် ကျင်းပသည့် မန္တလေး ဆရာဝန် အသင်း ဟောပြောပွဲတွေမှာ ကိုယ်တိုင် ဝင်ရောက် ဟောပြောရ၊ သဘာပတိ လုပ်ရ၊ နားထောင်သူ လုပ်ရသည်။ ဟောပြောသူ လုပ်ရတာ ရှင်းပါသည်။ ရှေ့ဆုံးခုံမှာ ထိုင်ပြီး သဘာပတိ အခေါ်ကို စောင့်ရုံ၊ ပို့ချပြီး မိမိမူလ ထိုင်မြဲနေရာမှာ ပြန်ထိုင်၊ မေးခွန်းမေးရင် ထဖြေ၊ ဒါပဲ။ သဘာပတိ လုပ်ရရင်လည်း ပြဿနာ မရှိဘူးဟု ထင်ရသည်။ သဘာပတိခုံ တက်ထိုင်၍ 'ဆက်လုပ်' ရုံပေါ့။ ယနေ့ခေတ် ထုံးစံက သဘာပတိ နှစ်ဦး ထားလေ့ရှိရာ ဤတွင် မမျှော်လင့်သော ပြဿနာအချို့ ကြုံရပြန်သည်။ (သဘာပတိ နှစ်ဦး ထားရခြင်းကလည်း ဟောပြောမည့် ပုဂ္ဂိုလ်နှင့် Topic များရင် သဘာပတိ တဦးတည်း ထိန်းနိုင်ဖို့ မလွယ်တာက တကြောင်း၊ သဘာပတိ လုပ်မိမည့်သူ ဆရာကြီး တဦးဦး အချိန်ကပ်ပြီးမှ မအားလပ်ခဲ့သော် ဆိုသည်က တကြောင်းကြောင့်ပါ။) ဒီမှာ သဘာပတိ နှစ်ဦး ဘယ်လိုထိုင်ကြမလဲ။ ဘယ်သူက စဖွင့်မလဲ။ နေရာပြဿနာ ပေါ်လာသည်။ ဝါရင့်သူက စဖွင့်ရတာ၊ နေရာကောင်းကောင်း ယူရတာ ထုံးစံပါပဲ။ သဘာပတိ (၁) လုပ်ရသူ တချို့က အခမ်းအနား တခုလုံး တဦးတည်း One-man show လုပ်သွားတာ ကြုံဖူးသည်။ တခါက ဝါရင့်သူ ဆရာကြီး တဦး ကို သဘာပတိ (၂) လုပ်ရတဲ့ ပွဲတခုမှာ သဘာပတိ ထိုင်စရာခုံက တလုံးတည်း ရှိနေလေတော့ ကျနော်မှာ ကသိကအောက်နှင့် မတ်တတ် ခပ်ကြာကြာ ရပ်နေရလေသည်။ နားထောင်သူ လုပ်ရတာကတော့ လွယ်ပါသည်။ ထိုင်ရတာပဲဟာ။ နားတော့ နည်းနည်း ပူရသပေါ့။ မီးလုံးတွေ မှိတ်ပြီး ဆလိုက်ထိုးပြလေ့ ရှိသည့် ခေတ်ကြီးမှာ ထိုင်ခုံမှာ ဇိမ်ကျကျ ဝင်ထိုင်ပြီး ငိုက်လိုက်၊ မှိန်းလိုက်၊ တခါတရံ ခေါင်းထောင် ထကြည့်လိုက်။ ပြီးရင် ဘူးဖေးစားပွဲ ဝင်စားပြီး ပြန်ရုံသာ။ ကျနော်က ဘယ်ဘက် တတိယတန်း အပြင်ဘတ်စွန်းခုံမှာ ထိုင်လေ့ရှိသည်။ ရှေ့ဆုံး ပထမ ဒုတိယတန်းမှာ ဝင်ထိုင်လေ့မရှိ။ ဒီအတန်းတွေက ဆရာကြီး ဆရာမကြီးတွေ၊ ဝါရင့် ဆရာကြီးတွေ အတွက် သတ်သတ်မှတ်မှတ် ချန်ထားရတာ။ တခါက ဆရာဝန်အသင်း အမှုဆောင် ရွေးကောက်ပွဲ အစည်းအဝေး လုပ်ရာမှာ ကျနော်က ထုံးစံအတိုင်း နောက်နား ခပ်ကျကျ ထိုင်နေလိုက်သည်။ ထိပ်ဆုံး နှစ်တန်းမှာ ဆရာ ဆရာမကြီးတွေ။ သူတို့နောက် အလယ်နှစ်တန်းမှာက လူကျိုးတိုးကျဲတဲ။ နောက်နား ခပ်ကျကျမှာ ကျနော်လို အမျိုးကောင်းသားတွေ စုထိုင်ကြသည်။ ဆရာကြီး တဦးက နောက်နား ထိုင်နေတဲ့ ကျနော်တို့တတွေကို ရှေ့တိုး ထိုင်ဖို့ ဖိတ်ခေါ်သည်။ ဓာတ်ပုံရိုက်ရင် အလယ်က နေရာ ကွက်လပ်ကြီး ဆိုတော့ ကြည့်မကောင်း၍ ပါတဲ့။ သို့နှင့် ဆရာတချို့က အားနာပါးနာ ရှေ့တိုး ထိုင်ကြ၊ နေရာ ရွှေ့ကြရသည်။ ကျနော်ကတော့ ခေါင်းမာစွာပဲ မိမိနေရာမှာ ထိုင်မြဲ။ အစည်းအဝေး စတင်ပြီး မကြာခင်မှာ ပုဂ္ဂိုလ်တချို့ နောက်ပါ အဖွဲ့နှင့် ရောက်လေရာ အရင်နေရာ ရွှေ့ထိုင်ထားသည့် ဆရာတွေခမျာ နောက်ကြောင်း ပြန်လှည့်ရသည်။ မိမိတို့ နဂိုနေရာ ပြန်ထိုင်ရသည်။ ကျနော်မှာ မဆီမဆိုင် မြန်မာ့ရိုးရာ ဟာသပုံပြင် တပုဒ်ကို သတိရမိသည်။ တခါက တောရွာ အလှူ တခုမှာ သံဃာတွေ ကြွလာပြီး သံဃာစင်မှာ နေရာ အသီးသီး ယူကြသည်။ အဦးဆုံး ကြွလာသူက ရဟန်းအိုကြီး တပါး။ အလှူရှင်တွေက ဆရာတော်ကြီးတွေ ထိုင်ရမည့် ထိပ်ဆုံးမှာ နေရာ ချထားလိုက်သည်။ ပြဿနာက အဆိုပါ ရဟန်းအိုကြီးမှာ မကြာမတင် ကာလကမှ ရဟန်းပြုလာသူ တောထွက်ကြီး ဖြစ်နေခြင်းပင်။ ရဟန်းတွေ တပါးပြီး တပါး ကြွလာပြီး နေရာယူကြတော့ သူ့ထက် ဝါကြီးသူတွေချည်း ဖြစ်နေသောကြောင့် တောထွက် ရဟန်းကြီးများ ခဏခဏ နေရာ ရွှေ့ပြောင်း ထိုင်ရသည်တဲ့။ သို့နှင့် ဒကာ တဦးက "ဟောဗျာ ဘုန်ကြီးကြီးက ဘယ့်နှယ် ဘယ့်နှယ် နေရာ ရွှေ့ရွှေ့ လာရသတုံး" လို့ ပြောတော့ တောထွက်ကြီးက စိတ်ချဉ်ချဉ်နှင့် "ဝါတဲ့ဗျာ၊ ဝါတဲ့" ဟု အငေါ်တူးသံနှင့် ပြန်ဖြေလိုက်သည်တဲ့။ ယခုလည်း ကျနော့် သူငယ်ချင်း ဆရာဝန် တစုမှာ "ဝါတဲ့ဗျာ၊ ဝါတဲ့" ဟုပဲ ကြွေးကြွော်ရမလို။
အိုင်တီ (IT) လို့ ခေါ်တဲ့ အင်ဖော်မေးရှင်း တက္ကနော်လော်ဂျီ (Information Techonology) ခေတ်ကြီးမှာ ကွန်ပျူတာရှေ့ထိုင်တဲ့ အချိန်တွေ ပိုပို များများလာသည်။ ကြာကြာထိုင်ရတော့ ခါးညောင်း နောက်ကြောတက် ဇက်ထိုး မျက်စိကိုက် ဖြစ်ရသည်။ ဒါကြောင့် ဘယ်လိုခုံနှင့် ထိုင်သင့်သလဲ။ ဘယ်လို ထိုင်ရမလဲ၊ ခါးကို ခေါင်းကို လက်ကို လည်ပင်းကို ဘယ်လို ထားရမလဲ။ ခုံအမြင့်က ဘယ်လောက် ရှိသင့်သလဲ။ ဒါတွေ လေ့လာသည့် ပညာရပ် (Ergonomics) ကို အဖွဲ့အစည်းတွေမှာ လက်တွေ့ အသုံးချနေကြရပြီ။ တရားအားထုတ်သည့် ပုဂ္ဂိုလ်တွေမှာလည်း အထိုင်မတတ်က အထိုင်မတည့်က အာရုံ စူးစိုက်စွာ တည်ငြိမ်စွာ ဆက်ထိုင်ဖို့ ခက်ခဲလှကြောင်း ပြောသံ ကြားရဖူးသည်။ ထိုင်စရာ နေရာအပြင် ထိုင်တတ်ဖို့ကလည်း အလားတူ အရေးပါလှကြောင်း ကောင်းကောင်းကြီး သိလိုက်ရသည်။
ကျနော့် ဆေးခန်းမှာလည်း ထိုင်စရာ ပြဿနာနှင့် မကင်းချေ။ ဆေးခန်း ဖွင့်ခါစက ဆေးခန်းမှာ လူနာ ထိုင်စရာခုံ မပါချေ။ လူနာက ရောက်ရောက်ချင်း လူနာ ခုတင်ပေါ် တန်းထိုင်ရသည်။ ကျနော်က စားပွဲနားကပ်လျက် ထိုင်ခုံမှာ ထိုင်ရင်း ခုတင်ပေါ် ထိုင်နေသည့် လူနာကို ရောဂါရာဇဝင် မေးသည်။ ကျနော့် စားပွဲက နံရံနှစ်ဖက်ကြားထောင့်မှာ ကပ်လျက်သား။ လွတ်နေသည့် စားပွဲတဖက်မှာ လူနာခုတင်၊ ကျန်တဖက်က ကျနော် ထိုင်တဲ့ခုံ ထားသည်။ ကျနော့် ထိုင်ခုံက လူနာ ဝင်ပေါက်နှင့် ကပ်လျက်သား။ ကျနော်က လူနာဘက် လှည့်မေးလိုက် စားပွဲပေါ်မှ မှတ်တမ်းစာအုပ်ထဲ လှည့်ရေးလိုက် လုပ်ရသည်။ ပြီးမှ လူနာကို ခုတင်ပေါ် လှဲလျောင်းစေပြီး စမ်းသပ်ရသည်။ ပြဿနာက ကျနော် ထလိုက်သည်နှင့် တချို့ လူနာရှင်တွေက ကျနော့်ထိုင်ခုံမှာ အကျအန ဝင်ထိုင်ပါလေတော့သည်။ တချို့ လူနာစောင့်တွေက သူတို့နှင့်အတူ သယ်လာသော ပစ္စည်းတချို့ကိုပင် ကျနော့် ထိုင်ခုံပေါ်မှာ နေရာ ချထားလိုက်သေးသည်။ ကျနော် လူနာကို စမ်းသပ် စစ်ဆေးပြီး ပြန်ထိုင်မှ လူနာရှင်တွေက ပစ္စည်းတချို့ ပြန်ကောက်သိမ်းနေလို့ ဆရာဝန်ခမျာ ခပ်စန့်စန့် မတ်မတ်ရပ်နေရတတ်သေးသည်။ သဟာကြောင့် ဆေးခန်း ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရသည်။ စားပွဲကို နံရံတဖက်မှ ခွာထုတ်ပြီး ကျနော့်ခုံကို နံရံနှင့် စားပွဲကြား သွင်းလိုက်သည်။ ထိုင်ခုံကို လူနာရှင်တွေရဲ့ စက်ကွင်းမှ လွတ်အောင်။ စားပွဲတဖက်မှာ လူနာထိုင်ဖို့ ထိုင်ခုံတလုံး၊ လူနာခုတင် ခြေရင်းမှာ လူနာရှင် အတွက် ထိုင်ခုံတလုံး ချထားပေးလိုက်သည်။ ထိုင်စရာ ပြဿနာ ပြီးပြီးဟု ယူဆလိုက်ချိန်မှာပဲ ပြဿနာ အသစ်က ပေါ်လာပြန်သည်။ လူနာရှင်တွေက ခြေရင်းနားက ထိုင်ခံမှာ ထိုင်ချင်ပုံမရ။ အထူးသဖြင့် လူနာစောင့် အဖြစ် လိုက်လာသည့် ယောက်ျားဘသားတွေ၊ လူနာမိန်းမက ခုတင်ပေါ် လျောင်းလိုက်ပြီး ခြေစန့်လိုက်သည်နှင့် မဟာပုရိသတို့က ချက်ချင်း ဆတ်ခနဲ့ မတ်တတ်ရပ်လိုက်ပြီး လွတ်နေသော လူနာထိုင်ခုံပေါ် စွေ့ခနဲ ပြောင်းထိုင်သည်။ မရှိတဲ့ဘုန်းတွေ လျော့ပါး ပျောက်ပျက်ကုန်မှာ စိုး၍ထင့်။ မိနစ်ပိုင်းမျှ ကြာသော 'ခြေဆင်း'ကလေးကိုပင် သူတို့ခမျာ နှစ်လိုပုံမရ။ ထို့ပြင် လူနာက ထိုင်ခုံမှာ ထိုင်ရင်း ရောဂါရာဇဝင် ချီနေရင်လည်း လူနာရှင်တွေက ခုတင်ခြေရင်းက ထိုင်ခုံကို ဆွဲယူလာပြီး လူနာဘေး ယှဉ်ထိုင်တတ်သည်။ လူနာကို မေးသမျှ ဆရာဝန် မေးခွန်းတွေကို သူတို့ကပဲ ဒိုင်ခံ ဝင်ဖြေကြသည်။ လူနာ ဖြေနေရင်းတန်းလန်း သူတို့က အတင်းဝင်ရောက် စွက်ဖက်တတ်သေးသည်။ အားလုံး စမ်းသပ်ပြီးစီး၍ လူနာရော လူနာရှင်ပါ ဖုန်ဖက်ခါ ထွက်သွားကြလျှင် ထိုင်ခုံတွေကို သည်အတိုင်း ထားပစ်ခဲ့တာ များသည်။ ကျနော့်မှာ လူနာတွေ ထွက်သွားတိုင်း ခုံတွေ ပြန်စီရတာ အကြိမ်ကြိမ်။ ကြာတော့လည်း ခံရဖန်များ၍ အားမနာနိုင်တော့ပြီ။ လူနာရှင်တွေကို ခုံတွေ သူ့နေရာသူ ပြန်ရွှေ့ခဲ့ဖို့ ခပ်တည်တည် ပြောရသည်။ မိမိအတွက် ပေးထားသည့် ခုံကို နေရာ ရွှေ့ချင်သူတွေ။
ထိုင်စရာ တနေရာနှင့် ပတ်သက်၍ နောက်ဆုံး မှတ်မှတ်ရရ ဖြစ်စရာ တခု ရှိလေသေးသည်။ တိုင်းအဆင့် အစည်းအဝေး တခု တက်ရတုန်းကပါ။ ကျန်းမာရေး ဌာနနှင့် တိ/မွေးကု ဌာနတို့ ဦးစီး ကျင်းပရသောပွဲ။ ယင်းအစည်းအဝေးပွဲမှာ ထုံးစံအတိုင်း ကျနော်က နောက်နား ခပ်ကျကျ ထိုင်လိုက်သည်။ ကျန်းမာရေး အဖွဲ့နှင့် ခပ်ဝေးဝေးမှာ။ အင်တာနက်မှ ကူးထားသည့် ပညာရပ်ဆိုင်ရာ စာကြွေးတချို့ကို ဖတ်ရှုရန် သို့ကလို နေရာယူခြင်း ဖြစ်သည်။ သဘာပတိက အမှာစကားပြော အပြီး ဆွေးနွေးပွဲကို ဖွင့်လိုက်သည်။ ထုံးစံအတိုင်း ရှေ့နားခပ်ကျကျ ထိုင်နေသည့် ဆရာကြီးတွေကပဲ စပြီး သူတို့ရဲ့ အာဘော်ကို တင်ပြသည်။ အရေးတကြီး ကိစ္စဖြစ်၍ ဆရာကြီးတွေ အားလုံးလိုလိုပင် ဝင်ရောက် ဆွေးနွေးကြ၊ ဝေဖန် သုံးသပ်ကြ၊ တဦးပြောတာ တဦးက အားမနာတမ်း ထောက်ခံကြ၊ သဘောတူကြပေါ့။ ကျနော်က အစည်းအဝေးတွေမှာ မိမိနှင့် မဆိုင်သည့် ကိစ္စတွေမှာ ရေငုံ နှုတ်ပိတ်နေလေ့ ရှိသူ။ မိမိက ဘာမှ ထူးထူးခြားခြား Contribute မလုပ်နိုင်ရင် ငုတ်တုတ် ထိုင်နေတတ်သူ။ သူများတတွေ ပြောကြ ဆိုကြတာနှင့် ပြောပုံ ဆိုပုံတွေကို စိတ်ဝင်တစား စောင့်ကြည့်လေ့ရှိသူ။ ထိုနေ့ကတော့ ပြောကြတောတွေ များပြီး ဝေ့လည်လည် ဖြစ်နေသည် ထင်၍ မိမိ ထပြောရန် ဆုံးဖြတ်လိုက်သည်။ 'ဆိုရေးရှိက ဆိုအပ်လှ၏' ဟု ရှင်ရဋ္ဌသာ မိန့်မှာခဲ့သည်လေ။ သဘာပတိက ကျနော် လက်မြှောက်ပြပြီး ခွင့်တောင်းနေသည်ကို တော်တော်နှင့် မမြင်။ နောက်နား ခပ်ကျကျမှာ ထိုင်ချင်ဦးဟဲ့ဟု မိမိကိုယ် မိမိ စတင် ကျိန်ဆဲမိသည်။ နောက်ဆုံး သဘာပတိ၏ ခွင့်ပြုချက်ရတော့ "ကျနော် ကျန်းမာရေး ဌာနကပါ" ဟု မိတ်ဆက်ပြီး ကျနော့်အမြင်ကို တင်ပြဖို့ စတင်ပါသည်။ ကျနော် စကားပြောလောနေ၍ တကြောင်း၊ နောက်နား ခပ်ကျကျမှာ နေပြီး 'မိုက်ခွက်' မပါဘဲ ပြောရသည်က တကြောင်းတို့ကြောင့် သဘာပတိက ကျနော့်ကို မည်သူမည်ဝါဟု စမ်းဝါးမိပုံ မရ။ နောက်နား ခပ်ကျကျ ထိုင်နေတော့ ဤအစည်းအဝေးနှင့် တိုက်ရိုက် မဆိုင်လှသော ဌာနက အရာရှိ ခပ်ငယ်ငယ်ပဲဟု ယူမှတ်ကာ "ကဲ မင်းက စည်ပင်က ထင်တယ်၊ ပြောကွာ" ဟု ပဋိသန္ဓရ ပြုပါလေသည်။ တကယ်က သည်အစည်းအဝေး ကျင်းပရခြင်း၏ ရင်းမြစ်မူလ တိုင်းအဆင့် ဆိုင်ရာ ကျန်းမာရေး ပြဿနာကြီးကို ကိုင်တွယ် ဖြေရှင်းဖို့ ဖွဲ့ထားသည့် ဆပ်ကော်မတီတွေမှာ ကျနော်က လက်ရင်းကျကျ ပါဝင်ပတ်သက် လှုပ်ရှားနေရသူ။ နေရာ၏ အရေးပါပုံကို ကျနော် သိလိုက်ရသည်။ ကျနော်က ကိုယ့်ကျန်းမာရေး အဖွဲ့နှင့်မှ သွားမထိုင်တာ။ အတူတူထိုင်ပါက သဘာပတိကြီးက ကျနော် မည်သူမည်ဝါ ဆိုတာ တန်းသိမည် ဖြစ်သည်။ ယခုဖြစ်ပုံက သူ မထင်မှတ်သည့် နေရာမှာ သိပ်အရေးမပါသည့် သူတွေနှင့် ကျနော်က ရောနှော ထိုင်မိပေသကိုး။ "အပျိုလို မနေမိလို့ ကိုယ်ယိတယ်လေး" ဖြစ်ရပုံ။ သြော် … ထိုင်စရာ … ထိုင်စရာ။ သြော် … နေရာ … နေရာ။
ဘယ်နေရာမှာ ထိုင်မလဲ။ ဘယ်လို ထိုင်မလဲ။ ဘယ်သူတွေနားမှာ ထိုင်မလဲ။ ဘယ်အချိန်မှာ ဘယ်ခုံမှာ ဘယ်သူတွေနဲ့ ဘယ်လို ထိုင်ရမယ် ဆိုတာ ကျနော် ကြိုးစား သင်ယူရဦးမည်။
ဒေါက်တာအောင်ကြီး
စာပြီးရက် - ၁၉၊ ၄၊ ၂ဝဝ၆။

ဒေါက်တာအောင်ကြီး အတ္ထုပ္ပတ္တိအကျဉ်း
Who is Dr. Aung Gyi, (Bio)
ဒေါက်တာအောင်ကြီး အတ္ထုပ္ပတ္တိအကျဉ်း
၁၉၅၃၊ ဖွား၊ ကသာဇာတိ၊ မိဘနှစ်ပါးမှာ ဦးဘေရှင်၊ ဒေါ်မြင့်မြင့်။
၁၉၇၀၊ ကသာ အထက (၁) မှ ၁၀ တန် အောင်မြင်ခဲ့။
၁၉၇၇၊ ဆေးတက္ကသိုလ် မန္တလေးမှ ဆေးပညာဘွဲ့ ရရှိ။
၁၉၈၅၊ ဆေးတက္ကသိုလ် မန္တလေးမှ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိ။
၁၉၉၃၊ ၉၅ - UK ပညာသင်။
၁၉၉၄၊ MRCP UK ရရှိ။
၁၉၉၅၊ DTMH London ရရှိ။
၁၉၉၇၊ ဖလမ်းပြည်သူ့ ဆေးရုံ၊ ဖျားနာ အထူးကု တာဝန် ထမ်းဆောင်။
၁၉၉၈ - ၂၀၀၁၊ ကုတင် ၃၀၀ ဆန့် သင်ကြားရေး ဆေးရုံ၊ မန္တလေးတွင် သမားတော်/ ကထိက အဖြစ် တာဝန် ထမ်းဆောင်။
၂၀၀၁ - ၂၀၀၃၊ ဆေးတက္ကသိုလ် မန္တလေး၊ ဆေးပညာ ဌာနတွင် ကတိက/ သမားတော် အဖြစ် တာဝန် ထမ်းဆောင်။
၂၀၀၃၊ ဇူလိုင်လတွင် မန္တလေးဆေး တက္ကသိုလ်၊ ဆေးပညာဌာနတွင် ဌာနမှူး/ ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ရင်း၊ စာသင်၊ ဆေးကု၊ စားရေးလျက်ရှိ။ မိမိကိုယ်ကို စားရေးသူ တဦး အဖြစ်ထက် ဆေးကုတဲ့ ဆရာဝန်၊ စာသင်တဲ့ ကျောင်းဆရာ၊ စာမွေ့သူ ကဗျာမွေ့သူ တဦးအဖြစ် သိမှတ်ခံလို။
၂၀၀၄၊ 'အစိမ်းရောင်လူ၊ အပြာရောင်လူ၊ အဖြူရောင်လူ' စာအုပ် ထွက်ရှိ။
၂၀၀၆၊ 'သင်္ကြန်လူ၊ လေယာဉ်လူ၊ ခြင်ထောင်လူ' စာအုပ်ထွက်ရှိ။
၂၀၀၈၊ 'သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ' စာအုပ်ထွက်ရှိ။ [1]
↑ ကံ့ကော်ဝတ်ရည် စာပေမှ သီရိဂန္ဓမာ စာစဉ် - ၂ အဖြစ် ၂၀၀၈ စက်တင်ဘာတွင် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒေါက်တာအောင်ကြီးရဲ့ 'သီချင်းလူ ပုံပြင်လူ ငြိမ်းချမ်းလူ' စာအုပ်မှ
Ref: wikimyanmar.co.cc

စတိ(ဗ)ဂျော့(ဘ)(စ)၏ ချစ်ခြင်းအားဖြင့် (ဒေါက်တာအောင်ကြီး)

Apple ကွန်ပျူတာဖခင် စတိ (ဗ) ဂျော့(ဘ)(စ)မှာ မွေးကတည်းက စွန့်ပစ်ခံရသူ။ မိခင်ဂျူံးက ဂျာမန်နွယ်ဖွား။ အမေတို့အမျိုးက စည်းကြီးကမ်းကြီးရှိလှသည့် ဗရင်ဂျီဘာသာဝင်တွေ။ ဒီလို အသိုင်းအဝိုင်းထဲက သူ့အမေက ဆီးရီးယားနိုင်ငံသား မွတ်စလင်တစ်ဦးနှင့် ချစ်ကြိုး သွယ်သည်။ သူနာမည်က အဗ္ဗဒူ(လ) ဖာတာဂျွန်ဂျန်ဒါလီ။ သူ့တို့ဖက်ကလည်း ဆွေကြီးမျိုးကြီးတွေ။ ဘေရွတ်ရှိ အမေရိကန် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရပြီး အမေရိကန်နိုင်ငံ ၀စ္စကွန်ဆင် တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပါရဂူတန်း တက်နေသူ။ ဂျော့(ဘ)(စ)ကို ကိုယ်ဝန် လွယ်ရချိန်မှာ အမေရော အဖေပါ ၂၃ နှစ် အရွယ်သာ ရှိသေးသည်။ ကိုယ်ဝန်ရှိနေသည့်တိုင် သူတို့နှစ်ဦး၏ ရှေ့ရေးက မရေရာ။ တရားဝင်လက်ထပ်ဖို့က မဖြစ်နိုင်။ အမေ့အဖေက အိပ်ရာထဲမှာ သေမင်းကို စောင့်စားနေရချိန်။ ဂျန်ဒါလီနှင့် လက်ထပ်က သမီးကို အမွေဖြတ်မည်ဟု အဖိုးကြီးက ခြိမ်းခြောက်ထားလေသေးသည်။
ကိုယ်ဝန်ဖျက်ချဖို့ဆိုတာကလည်း သူတို့လို ဗရင်ဂျီ အသိုင်းအဝိုင်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုမှ မဖြစ်နိုင်။ ဂျူံးတစ်ယောက် ကယ်သူရှာတော့ ဆန်ဖရန်စစ္စကိုရှိ ဆရာဝန်ကြီးတစ်ဦးကို တွေ့သည်။ ဆရာဝန်ကြီးက တစ်ကိုယ် တော်မိခင်များ ကလေးမွေးဖွားရေးမှာ ကူညီသည့်အပြင် ကလေးတွေအတွက် မွေးစားမိခင် ဖခင် ရှာပေးရေးကိုလည်း သိုသိုသိပ်သိပ် ဆောင်ရွက်ပေးတတ်လေသေးသည်။ ဂျူံးက တစ်ခုပဲ တောင်းဆိုရှာပါသည်။ ''သူ့ကလေးရဲ့ မိဘတွေဟာ ကောလိပ်ဘွဲ့ရဖြစ်ရမယ်''။ ဆရာဝန်ကြီး က ကလေးကို ရှေ့နေတစ်ဦးထံမှာ မွေးစားစေဖို့ စီစဉ်ထားသည်။
၁၉၅၅ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဂျော့(ဘ)(စ)ကို မွေးတော့ မွေးစားမိဘတွေက ယောကျ်ားလေး မလိုချင်၊ သမီးလေးသာ လိုချင်သည်ပြော၍ နောက်ဆုတ်သွားသည်။ သို့မို့ကြောင့် ဂျော့(ဘ)(စ)ခမျာ ရှေ့နေတစ်ဦး၏ သားဖြစ်လာရမည့်အစား အထက်တန်းကျောင်းပင်မပြီးခဲ့သော စက်တွေချစ်တတ်သော အဖေနှင့် ဘဝကို ဒေါင်လိုက်ပြားလိုက်နေတတ်သူ စာရင်းကိုင်အမေတို့ထံ ကြီးပြင်းလာရသည်။ ဂျူံးက အထက်တန်းကျောင်းပင် မပြီးခဲ့သည့် ဇနီးမောင်နှံလက်ထဲ သူ့မျက်ရွဲလေးကိုထည့်ဖို့ ငြင်းဆန်သေးသည်။ သားလေး မွေးစားမိဘ လက်ထဲ ရောက်နေသည့်တိုင် သူလက်မှတ်ထိုးမပေးဘဲ တင်းခံနေလေသည်။ နောက်ဆုံးကျတော့ မွေးစားမိဘထံမှ ခံဝန်ချက်တစ်ခုရ အောင်တောင်းပြီး သူသဘောတူလိုက်သည်။ တောင်းဆိုချက်က - ကလေး၏ ကောလိပ်ပညာရေးအတွက် ငွေစုစာအုပ် ဖွင့်ထားပေးဖို့။ ဂျူံးဖခင် မကြာမီ ကွယ်လွန်သည်။ ထိုနှစ်ခရစ်(စ)မတ်(စ)အပြီးမှာ ဂျူံးနှင့်ဂျန်ဒါလီ လက်ထပ်သည်။ ဂျန်ဒါ လီနိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ရသည်။ သမီးကလေးတစ်ဦး တိုးပွားလာသည်။ မိုနာ။ ၁၉၆၂ မှာ ဂျူံးနှင့် ဂျန်ဒါလီ လမ်းခွဲသည်။ ဂျူံးတစ်ယောက် အိပ်မက်ကမ္ဘာထဲ ခရီးလှည့်သည်။ ၀င်္ကပါခရီး။ သည်အကြောင်းတွေကို တစ်ရက်မှာ ကမ္ဘာကျော် ၀တ္ထုရေးဆရာမဖြစ်လာသည့် သမီးမိုနာက သူ့စာအုပ် ''ဒီနေရာကလွဲလို့ ရောက်ရာပေါက်ရာ''မှာ မှတ်တမ်းတင်သည်။ သားနှင့် မိခင်ပြန်တွေ့ဖို့က နောင်အနှစ်(၃၀)ကျော် စောင့်ရသည်။
(၂)
သူမွေးစားသားဖြစ်မှန်း ဂျော့ (ဘ)(စ) ငယ်စဉ်ကတည်းက သိသည်။ ဒီကိစ္စမှာ သူ့မိဘတွေက ပွင့်လင်းမြင်သာသည်။ တစ်ရက်သူ ၆ နှစ် ရ နှစ်သားအရွယ် အိမ်ရှေ့မြက်ခင်းပေါ်ထိုင်ရင်း သူငယ်ချင်း မိန်းကလေးကို ဒီအကြောင်း ဖွင့်ပြောလိုက်တော့ ကလေးမလေးက ''ဒါဆိုရင် နင့်မိဘအရင်းတွေက နင့်ကို မလိုချင်လို့ပေါ့'' ဟု မှတ်ချက်ချလိုက်သည်။
''ကျွန်တော့်ခေါင်း မိုးကြိုးဟက်ထက် ခွဲခံလိုက်ရသလိုပဲဗျာ''ဟု သူ ရင်ဖွင့်သည်။
''ကျွန်တော်ငိုပြီး အိမ်ကိုပြေးသွားတယ်။ အဖေနဲ့အမေက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး သားလေး - မင်းသိဖို့က ငါတို့က မင်းကို သေသေချာချာ ရွေးချယ်ခဲ့တာကွလို့ တစ်လုံးချင်းပြောတယ်။ ထပ်တလဲလဲ ပြောတယ်။ လေးလေးနက်နက် ပြောတယ်။ ဟုတ်တယ် ..... ငါဟာ အစွန့်ခံ။ ငါဟာ အရွေးချယ်ခံ။ တော်ကောက်ခံ။ ငါဟာ အထူးအမွန်။''
ဂျော့(ဘ)(စ)က ကျောင်းမနေခင်ကတည်းက အမေသင်ပေးထားလို့ စာကောင်းကောင်း ဖတ်တတ်နေပြီ။ ကျောင်းက သူ့အတွက် ပျင်းစရာ။ ငြီးငွေ့စရာ။ ဒါကြောင့် ကျောင်းမှာ လျှောက်ကမြင်းရာက 'ဆိုးပေ' နာမည် ရလာ သည်။ သူ့အဓိကပြဿနာက အာဏာပိုင်အဖွဲ့အစည်း တစ်ခုခု၏ သြဇာကို မနာခံလိုခြင်း။ တတိယတန်း မပြီးခင်မှာပင် ကျောင်းမှ သုံးကြိမ်အနှင်ခံရပြီးပြီ။ သူ့ဖခင်ပေါ(လ)ဂျော့(ဘ) (စ)က သူ့သား၏ ''ထူးခြားဖြစ်စဉ်''ကို လက်ခံသည်။ ကျောင်းကလည်း သားကို သူ့လို လက်ခံ ဆက်ဆံ စေချင်သည်။ သူ့အဖေက ကျောင်းကိုလိုက်သွားပြီး ဆရာဆရာမတွေကို 'ဒီမှာဗျ။ ဒါသူ့အပြစ် မဟုတ်ဘူး။ သူစိတ်ဝင်တစားရှိအောင် လုပ်မပေးနိုင်တာကို က ခင်ဗျားတို့ရဲ့ ညံ့ဖျင်းမှုပဲ''ဟု ပြောသည်။ ကျောင်းမှာ ဖြစ်ပျက်ခဲ့တာတွေနှင့် ပတ်သက်ပြီး သူ့မိဘတွေက သူ့ကို တစ်ရံခါမှ အပြစ်မပေးဘူး။ လေးတန်းတက်ရတော့ သူချစ်မြတ် လေးစားသည့် ဆရာမကြီးတစ်ဦးနှင့် ဆုံရသည်။ အင်မိုဂျင်းဟီး(လ)။
''ကျွန်တော့်ဘဝရဲ့ သူတော်စင်တစ်ဦးပါပဲဗျာ''ဟု ဂျော့(ဘ)(စ)က ရင်ဖွင့်ဖူးသည်။ သူကျောင်းဆင်းချိန်တစ်ရက်မှာ ဆရာမက သူ့ကို သချင်္ာစာအုပ် တစ်အုပ်ပေးပြီး အိမ်မှာ တွက်ခဲ့ဖို့ပြောသည်။ ဆရာမ ဘာကြောင်တာလဲ ဟု သူတွေးနေခိုက် ဆရာမက ရေခဲမုန့် အကြီးကြီးတစ်ခု ထုတ်ပြပြီး - ''မင်းအဲဒီစာတွေပြီးရင် အဖြေမှန်ရင် မင်းကို ဆုချမယ်။ ပိုက်ဆံ ၅ ဒေါ်လာလည်း ပေးဦးမှာ''ဟု ပြောသည်။ ''ကျွန်တော်ကလည်း စိန်လိုက်ပေါ့။ နှစ်ရက်အတွင်း ပုစ္ဆာတွေအားလုံး ပြီးသွားတယ်''။ ''အချိန်နည်းနည်းကြာလာတော့ ကျွန်တော်ဆရာမဆီက မုန့်နဲ့ပိုက်ဆ ံမမျှော်တော့ဘူး။ ကျွန်တော်သိချင်လို့ တတ်ချင်လို့ကို ကျောင်းစာလုပ်တော့တာ။ ဆရာမ သဘောကျစေချင်တာလည်း ပါတယ်'' ။ ဆရာမက သူ့ကို မှန်ဘီလူး သွေးဖို့၊ ကင်မရာလုပ်ဖို့ ပစ္စည်းတွေ ၀ယ်ပေးသည်။
''ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက် အများကြီးပိုပါတယ်။ ဆရာမကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင် ရောက်ခဲ့မှာ'' ဟု ဂျော့(ဘ)(စ) ပြန်ပြောင်း သတိရတတ်သည်။ ဆရာတပည့် မေတ္တာပြန်လှန် စီဆင်းပုံက။
'ကျွန်တော်ဆရာမဆီက သင်ယူခဲ့ရတာ တခြားဆရာတွေဆီက သင်ယူခဲ့ရတာထက် အများကြီးပိုပါတယ်။ ဆရာမကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော်ထောင်ထဲ ရောက်ချင်ရောက်ခဲ့မှာ'ဟု ဂျော့(ဘ)(စ) ပြန်ပြောင်းသတိရတတ်သည်။ ဆရာတပည့် မေတ္တာပြန်လှန်စီဆင်းပုံက ...
(၃)
ဂျော့(ဘ)(စ)က သူ့မွေးစားဖခင်ကို အလွန်ချစ်သည်။ ဖခင်က ကမ်းခြေစောင့်တပ်ထွက်။ အထက်တန်းကျောင်း မပြီးသော်လည်း စက်ကိရိယာ နှိုက်ချွတ်ပြင်ဆင်ရာ၌ ကျွမ်းကျင်သူ။ သူက ကားဝယ်ရောင်း။ မရောင်းခင်ကားကို ပြင်ဆင်မွမ်းမံအရောင်တင်။ ကားဒီဇိုင်း အသေးစိတ်ကို စိတ်ဝင်စားသည်။ သူကားရုံထဲ အလုပ်လုပ်ရင် ဂျော့(ဘ) (စ)က အဖေနောက် တကောက်ကောက်။ ''ကားပြင်ရတာကို ၀ါသနာပါလှလို့ မဟုတ်ပါဘူး။ အဖေ့နား နေချင်လို့ပါ''တဲ့။ ဖခင်ကြောင့် သူအီလက်ထရွန်နစ်ပစ္စည်းတွေနှင့် စတင်ထိ တွေ့ရသည်။ အဖေက သွေးအေးသလောက် သိမ်မွေ့သည်။ သူတို့နေထိုင်ရာက နောင် ''ဆီလီကွန်တောင်ကြား'' ဖြစ်လာမည့်နေရာ။ အိမ်နီးချင်း တွေက အင်ဂျင်နီယာတွေ။ ဒီအထဲက လာရီလင်းက ဂျော့(ဘ)(စ)အတွက် စံပြုပုဂ္ဂိုလ်။ အီလက်ထရွန်နစ် ဘိုးအေကြီး။ တစ်ရက်မှာသူက ကာဘွန်မိုက်ခရိုဖုန်းရယ်၊ ဘက်ထရီရယ်၊ စပီကာရယ်ယူလာပြီး သူ့အိမ်အဝင်လမ်းမှာ ဆင်းသည်။
''သူက ကျွန်တော့်ကို ကာဘွန်မိုက်ခရိုဖုန်းထဲ အော်ပြောခိုင်းလိုက်တော့ စပီကာကအသံတွေ ဟိန်းထွက်လာတယ်။ အဖေက မိုက်ခရိုဖုန်းတွေဟာ အီလက်ထရွန်နစ် အသံချဲ့စက် အမြဲလိုတယ်လို့ ကျွန်တော့်ကို သင်ထားတာ။(ခုဟာက အသံချဲ့စက်မပါဘဲ အသံက ဟိန်းနေတာ) ဒါနဲ့ ကျွန်တော်အိမ်ပြန်ပြေးပြီး အဖေ့ကိုပြောပြရတာပေါ့။ အဖေသင်ထားတာ မှားနေပြီဗျလို့။ အဖေက မင့်ဟာ မဖြစ်နိုင်ပါဘူး။ မိုက်ခရိုဖုန်းဟာ အသံချဲ့စက်လိုတာချည်းပဲကွလို့ ပြောတုန်း။ကျွန်တော်က မလိုကြောင်း ထပ်ခါတလဲလဲပြောပြီး အဖေ့ကို အတင်းဆွဲခေါ်သွားတယ်။ အသံချဲ့စက်မလိုတဲ့ မိုက်ခရိုဖုန်းကို တွေ့လိုက်ရတော့ အဖေ ထခုန်မတတ်ပဲ။'' ဂျော့(ဘ)(စ)က ဒီအဖြစ်အပျက်ကို ရှင်းရှင်းကြီး မှတ်မိနေသည်။ သူ့အဖေဟာ လုံးစုံကိစ္စ သိဖွယ်ရာ မှန်သမျှ တတ်သိနှံ့စပ်သူဟု သူက မြင်ထားရှာတာ။ သူ့အဖေ ဒီလိုမဟုတ်ကြောင်း သူပထမဆုံးအကြိမ် သိလိုက်ရသည်။ ဒါ့ထက် ပိုစိတ်မကောင်းစရာက သူက သူ့မိဘတွေ ထက် တတ်သိနေတာ၊ ပိုတော်နေတာ၊ ရှေ့ရောက်နေတာ။ တကယ်တော့ အဖေက စက်တစ်ခုကို ကြည့်လိုက်ရုံနှင့် စက်အတွင်းပိုင်း အလုပ်လုပ်ပုံကို မှန်းဆ သိနိုင်သည့်လူ။ အလုပ်ကို စနစ်တကျ သပ်သပ်ရပ်ရပ် လုပ်တတ်သူ။ မိဘနှစ်ပါးထက် သူကတော်နေ တတ်နေတာ သိလိုက်ရတော့ သူ ရှော့(ခ)ရသလို ဖြစ်ရတဲ့ကြားထဲ ဒီလိုအတွေးမျိုးဝင်လာတာကိုလည်း ကြီးစွာ အရှက်ရမိသတဲ့။ ပြင်းစွာခံစားရသတဲ့။ ဒီအချိန်ကို သူဘယ်လိုမှ မေ့လို့ မရတော့ပါတဲ့။ မွေးစားသားဖြစ်လို့ သီးသန့် ခံစားမှုရနေသည့်အပြင် ယခုလိုခံစားသိမြင်မှုက သူ့ကို သူ့မိဘ၊ သူ့ပတ်ဝန်းကျင်လောကနှင့် ပိုလို့ပိုလို့ တသီးတသန့် ကွဲပြားခြားနားစေခဲ့သတဲ့။
ဂျော့(ဘ)(စ) နောက်ထပ် ရှော့ (ခ)ရစရာတစ်ကွက် ကျန်သေးသည်။ သူထူးခြား ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မိဘတွေထက် မိုင်ပေါင်းများစွာ ရှေ့ရောက်နေကြောင်းသိတာ သူတစ်ဦးတည်း မဟုတ်ရလေတဲ့။ သူ့မိဘနှစ်ပါးလုံး ဒီအကြောင်း ကောင်းကောင်း သိပြီးဖြစ်သတဲ့။ သူ့ကို သိပ်ချစ်တဲ့ မိဘတွေ။ ၀မ်းနှင့် လွယ်မမွေးရသော်လည်း။ သူတို့က သိပ်တော်လှတဲ့ ဒီသားအတွက် သူတို့ဘဝတွေကို ဒီနေရာပြန်ချဖို့ ၀န်မလေးသူတွေ။ ပြန့်ကျယ်နေရာ ယူလာတဲ့ သားဘဝကို နေရာပေးဖို့အတွက် သူတို့နေရာတွေ ပြင်ထိုင်ဖို့ ဦးမလေးသူတွေ။ သားကို ကောင်းကောင်းကျွေးဖို့။ ကျောင်းကောင်းကောင်းထားဖို့။ ကာကွယ်စောင့်ရှောက်ဖို့။ သူလေးတန်း စာမေးပွဲမှာရသည့် အမှတ်တွေက မြင့်လွန်းလှတော့ ကျောင်းကသူ့ကို နောင်နှစ်ငါးတန်းတက်ရမည့်အစား ၂ တန်းခုန်ကျော်ပြီး ရ တန်း တက်ပေးဖို့ စီစဉ်သည်။ သို့ပေတဲ့ သူ့မိဘတွေက အတန်းတစ်တန်းပဲ ခုန်ကျော်ခွင့်ပြုပြီး ၆ တန်းမှာထားဖို့ သဘောတူလိုက်သည်။ ဒီလိုချစ်ခင်သလောက် အမြော်အမြင်ကြီးလှသည့် မိဘတွေ။ မိဘနှင့်သားအကြား မေတ္တာကူးလူး ဖြတ်သန်းမှု။
(၄)
၁၉၈၆ ခုနှစ် ဂျော့(ဘ)(စ) အသက် ၃၁ နှစ်။ မွေးစားမိခင်ကလာရာ အဆုတ်ကင်ဆာဖြစ်သည်။ နှစ်ရှည်လများ ဆေးလိပ်စွဲသောက်ခဲ့သည့် လက္ခဏာ။ ဂျော့(ဘ)(စ) မိခင်ဘေးနေပြီး အတိတ်က အကြောင်းတွေ မေးသည်။ သူတစ်သက်လုံး မမေးခဲ့တာတွေကို စပ်စပ်စုစု မေးသည်။ အတိတ်ရာဇဝင် တူးဆွခြင်း။ အဖေနှင့် လက်မထပ်မီ သူ့အမေ အိမ်ထောင်တစ်ဆက်ရှိသေးကြောင်း သိလာရသည်။ သူ့ကို မွေးစားခဲ့ပုံကိုလည်း အသေးစိတ် ပြောပြသည်။ သူအမေအရင်းကို တွေ့လိုစိတ် ၀င်လာသည်။ တကယ်တော့အမေအရင်းကို ရှာဖွေထောက်လှမ်းဖို့ ၁၉၈၀ ပြည့်နှစ်ကတည်းက စုံထောက်တစ်ဦး ငှားရမ်းခဲ့ဖူးသည်။ အလုပ်မဖြစ်။ မွေးလက်မှတ်မှာပါသည့် ဆန်ဖရန်စစ္စကိုက ဆရာဝန်ကြီးကို ဖုန်းစာအုပ်ထဲရှာပြီး ဖုန်းဆက်ကြည့်သည်။ မှတ်တမ်းတွေ အားလုံး မီးထဲပါသွားကြောင်း အကြောင်းပြန်သည်။ တကယ်တော့ မဟုတ်။ ဂျော့(ဘ)(စ)ဆီက ဖုန်းရပြီးနောက် ဆရာဝန်ကြီးက စာတစ်စောင်ရေးပြီး စာအိတ်ထဲထည့်၊ ချိတ်ပိတ်ပြီး စာအိတ်ပေါ်မှာ သူသေရင် ဂျော့(ဘ)(စ)လက်ထဲထည့်ဖို့ ရေးထားလိုက်သည်။
သိပ်မကြာမီ ဆရာဝန်ကြီးဆုံးတော့ ဒီစာ သူ့လက်ထဲ ရောက်လာသည်။ သူ့အမေရင်းကို သိရပြီ။ အခြား စုံထောက်တစ်ဦး၏ ကြိုးပမ်းမှုကြောင့် သူ့အမေရင်းနှင့် နှမငယ်ကို ခြေရာခံမိသည်။ သို့သော် အမေရှာပုံတော်ဖွင့်တာကို သူ့မွေးစားမိခင် မသိစေချင်။ သူ့မိခင် စိတ်ထိခိုက်သွားမှာကို သူမလိုလား။ ကြောင့်ကြ ပူပန်သည်။ အမေဆုံးတော့မှ အမေရင်းကို သူစတင်ဆက်သွယ်သည်။ အဖေ့ကို ဖွင့်ပြောတော့ အဖေက ကြည်ကြည်သာသာပဲ ခွင့်ပြုပါသည်။
''အမေ့ကို တွေ့ချင်တာက သိချင်စိတ်သက်သက်နဲ့ပါ။ ကျွန်တော်ကလူတစ်ဦးရဲ့ အောင်မြင်မှုဟာ မျိုးရိုးဗီဇထက် ပတ်ဝန်းကျင်ပေါ်မူတည်တယ်လို့ ထင်တယ်။ ဒါပေမဲ့ကိုယ့်ရဲ့ ဗီဇမျိုးရိုးအကြောင်းလည်း အထိုက်အလျောက် သိသင့်တာပေါ့''။ သူ့အမေ လုပ်ခဲ့တာတွေ မှန်ကြောင်း ပြောပြနှစ်သိမ့်ချင်သတဲ့။ သူကိုယ်ဝန်ဖျက်မချခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြောချင်သတဲ့။ အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး တရားမဝင် ကိုယ်ဝန်လွယ်ခဲ့ရတာ ဖြတ်သန်းခဲ့ရတာ မလွယ်လှကြောင်း သူရိပ်စားမိပါသတဲ့။ အမေက တောင်းပန်စကားတွေ၊ ရှင်းလင်းချက်တွေ တစ်ပုံကြီးပေးသည်။ ဂျော့(ဘ)(စ)က သူနားလည်နိုင်ကြောင်း အထပ်ထပ် ပြန်ပြောရသည်။ နှစ်သိမ့်ရသည်။ သူ့နှမနှင့် တွေ့ရတာကလည်း စိတ်လှုပ်ရှားစရာ။ သာမန်နှမတွေထက်ပိုတာက သူနှင့်အလွန်တူခြင်း၊ အနုပညာ စွဲမက်တာရော၊ ပတ်ဝန်းကျင် မြင်မြင်သမျှကို သိမြင်ခံစားတတ်တာရော၊ ခံစားလွယ်တာရော၊ ခေါင်းမာတာရော၊ ပိသုကာလက်ရာတွေကို အနုစိပ် ခံစားခွဲဖြာတတ်တာရော။
''ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးသိလာရတော့ တကယ့် မိတ်ဆွေရင်းခြာ ဖြစ်သွားတယ်။ သူဟာ ကျွန်တော့်မိသားစုပဲ။ သူမရှိရင် ကျွန်တော် ဘယ်လိုနေရမှန်းတောင် မသိတော့ဖူး။ ဒီထက်ကောင်းတဲ့ နှမတွေးလို့ကို မရဖူး.....။'' မိခင် ဖခင်နှင့်မောင်နှ မရင်းခြာကြားယှက်နွယ်နေသည့် မေတ္တာပုံရိပ်
(၅)
''ကျွန်တော်ကင်ဆာဖြစ်နေပြီလို့ သိလိုက်ရတော့ ..... ဘုရားသခင် ဒါမှမဟုတ် တစ်ဦးဦးကို ပေါ့လေ။ တိုင်တည် အသိပေးလိုက်တယ်။ ကျွန်တော့်သား အထက်တန်းကျောင်းက ဘွဲ့ရတာကို ကျွန်တော် တကယ်မြင်ချင်တယ်လို့''။
၂၀၀၃ အောက်တိုဘာမှာ သူပင်ခရိယကင်ဆာရှိမှန်း သိလိုက်ရသည်။ ၂၀၀၉ မှာ သူအသည်းအသန်ဖြစ်တော့ သူ့သား နောက်တစ်နှစ်မှာ ဘွဲ့ယူရဦးမှာဟု အားတင်းပြီး ရောဂါဝေဒနာကို သည်းခံကျော်လွန်ခဲ့ရသတဲ့။ သားကြီးရိ(‘) အရွယ်ရောက်လာတော့ သူ့အဖေ ၁၈ နှစ် သားအရွယ် ပုံပေါက်လာသည်။ ကြီးလေတူလာလေ။ တတ်သိပြီးပုန် ကန်မှုံဆန်တဲ့ အပြုံးနဲ့။ မျက်စိစူးစူးနဲ့။ ဆံပင်မည်းမည်းထူထူနဲ့။ ဒီအထဲ သူ့အမေဆီက ချိုသာမှုနှင့် သူတစ်ပါးအပေါ် စာနာသိတတ်မှုကို အမွေရလိုက်သေးသည်။ ဒါတွေက သူ့အဖေမှာ ရှာမရသည့် အရည်အသွေးတွေ။ သူ့အဖေကို မြတ်နိုးကိုးကွယ်သည်။ သူ့အဖေဟာ ငွေရေးကြေးရေး အကျိုးအမြတ် တစ်ခုတည်းကြည့်သည့် သွေးအေးအေး စီးပွားရေးသမားတစ်ဦး မဟုတ်ရကြောင်း၊ သူ့အလုပ်ကို ချစ်လို့လုပ်သူဖြစ်ကြောင်း၊ သူဖန်တီး ထုတ်လုပ်သမျှ ပစ္စည်းတွေအပေါ် ဂုဏ်ယူဝင့်ထည်လိုသူဖြစ်ကြောင်း ပြောတတ်သည်။
သူ့အဖေ ကင်ဆာရောဂါဖြစ်ကြောင်း သိလိုက်ရတော့ ရိ(‘)က စတင်းဖို့(‘) ကင်ဆာရောဂါကုဌာနမှာ နွေရာသီကျောင်းပိတ်ရက်အတွင်း ကင်ဆာသုတေသနလုပ်ငန်းမှာ ၀င်ကူရင်း လေ့လာသည်။
''ကျွန်တော်ကင်ဆာဖြစ်တော့ အမြတ်ထွက်တာတစ်ခုက ရိ(‘)တစ်ယောက် တကယ်တော်တဲ့ ဆရာဝန်တွေနဲ့ တွဲလုပ်ခွင့်ရတာပါပဲ။ ကင်ဆာသုတေသနာမှာ သူစူးနစ်နေပုံက ကျွန်တော်သူ့အရွယ်မှာ ကွန်ပျူတာ ရူးသွပ်ခဲ့ပုံမျိုးဗျ''ဟု ဂျော့(ဘ)(စ)က သူ့သားအတွက် ဂုဏ်ယူသည်။ ရိ(‘) က သူကြီးလာရင် ကင်ဆာသုတေသီ လုပ်မည်ဟု ပြောသည်။ ''ကျွန်တော် စိတ်ကူးယဉ်ကြည့်တာပေါ့ဗျာ။ ရိ(‘)က ဒီနားမှာ အိမ်တစ်လုံးဝယ်၊ သူ့မိသားစုနဲ့နေ။ ဒီကနေ စတင်းဖို့ (‘)ကို စက်ဘီးနဲ့ ရုံးသွား ရုံးပြန်လုပ်''ဟု ဂျော့(ဘ)(စ)က သူ့သားအနာဂတ်ကို စိတ်ကူးပုံဖော်သည်။
ချစ်ခြင်းမေတ္တာက အဖိုးအဖွားထံမှ မိဘများထံ စီးဆင်းပါသည်။ မိဘများထံမှ သားသမီး ညီအကိုမောင်နှမများထံ ဆက်စီးဆင်းပါသည်။ သားသမီးမြေးမြစ်များထံမှလည်း မိဘဘိုးဘွားများထံ ပြန်လှန်စီးဆင်း တတ်ပါသေးသည်။ ဘယ်လိုစီးဆင်း စီးဆင်း၊ ဘယ်လမ်းကြောင်း ရောက်ရောက်၊ ဘယ်လမ်းမြှောင်ဝင်ဝင်၊ ချစ်ခြင်းမေတ္တာ၏ ကောက်ကြောင်းကတော့ လှပခမ်းနား ပြည့်စုံဝင်းပမြဲဖြစ်ပါသည်။
စာညွှန်း။ ။ (Steve Jobs by Walter Isaacson, 2011)
စာပြီးရက် ရ-၃-၂၀၁၂
source: EMG

ညနေခင်းမှုန်ရီဝေမှာ (ဒေါက်တာအောင်ကြီး)
ညနေခင်းမှုန်ရီဝေမှာ (ဒေါက်တာအောင်ကြီး)
''ဒီအချိန်ရောက်လာရင် ကျွန်တော့်စိတ်တွေ ဖောက်ဖောက်လာတယ် ဘယ်လိုပင်ကြိတ်မျို စိတ်ကိုက အူလည်လည်...'' ကျွန်တော်တို့ ငယ်စဉ်ကြားခဲ့ရတဲ့ မင်းသားကြီးဝင်းဦးရဲ့ တေးတစ်စပါ။ ကျွန်တော်တို့တတွေ နိုင်ငံရပ်ခြားမှာ ကာလအတန်ကြာနေခဲ့စဉ်တုန်းက တစ်နေ့တာလုံးမှာ ကျွန်တော်တို့ အကြောက်ဆုံးအချိန်က ညချမ်းရယ် နေချိန်တွေပါပဲ။ နံနက် အိပ်ရာထကတည်းက အလုပ်ထဲ ဇောနဲ့ နှစ်မြှုပ်နပမ်းလုံးလိုက်တာ ညနေတော်တော်စောင်းတဲ့အထိပေါ့။ အလုပ်ပြီးချိန် အစောဆုံးက ညနေ ၅ နာရီကျော်ကျော်။ တစ်ခါတရံ ၆နာရီထိ စွန်းသွားတတ်သေး။ ဆောင်းကာလဆိုရင် အဲဒီအချိန်တော်တော် မှောင်နေပြီ။ ကျွန်တော်က ဆရာနဲ့အတူ လူနာလိုက်ကြည့်တုန်းတန်းလန်း အပြင်ဘက်လှမ်းကြည့်လိုက်ရင် ညနေခင်းက ခဲပုပ်ရောင်ထနေပြီ။ ကိုယ်နေတဲ့သိုက်မြုံ ဘယ်အချိန်ပြန်ရောက်ရောက် ပြဿနာသိပ်မရှိလှပါဘူး။ ညနေခင်းတစ်ခင်းလုံးအား နေ မင့်ဟာ။ မြန်မာပြည်မှာဆိုရင်တော့ အဲဒီအချိန်က လူနာတွေနဲ့ တဝုန်းဝုန်း ချွေးသံတလုံးလုံးနဲ့ ယိမ်းက နေရတဲ့အချိန်ပေါ့။ ဟိုမှာက ညနေခင်းကို ဘယ်လိုကျော်ဖြတ်ရမလဲ စဉ်းစားနေရတာကိုက ပြဿနာ။
နိုင်ငံရပ်ခြားမှာ ငိုချင်းချကြတာကလည်း ပုံစံအမျိုးမျိုး။ အလွမ်းဖြေကြတာကလည်း ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ပုံစံနဲ့။ ညနေခင်း အားအားနေတော့ လွမ်းလို့ကောင်းလှပေါ့။ ဆရာတစ်ဦးက သူ့အိမ်သူသက်ထားဆီ တစ်ရက်စာတစ်စောင် မှန်မှန်ရေးသတဲ့။ ဆရာတစ်ဦးကတော့ တစ်ပတ်စာတစ်စောင်။ ဆရာတစ်ဦးကတော့ တစ်လလုံးလုံးမှ စာတစ်စောင်။ အဲဒီခေတ်က သဘောင်္နဲ့ ဘိလပ်သွားကြရတဲ့ခေတ်။ စာက လမ်းမှာတင် တော်တော်ကြာတယ်။ ဆရာသမားတွေရဲ့စာကို ဒီကအိမ်သူ သက်လျာတွေ ဖတ်ရချိန်မှာ သူတို့ရဲ့ အလွမ်းတွေက ပုပ်သိုးလို့နေပေါ့။ သို့သော်လည်းပေါ့လေ...ပုပ်သိုးကာမှနေရော့... ရေးရမှာက ကိုယ့်တာဝန်။ ဒါမှ ညနေခင်းအချိန်ကုန်မှာ။ နှစ်ဦးသောဆရာသမားကတော့ တစ်ဦးနဲ့တစ်ဦးတွေ့တိုင်း ယောကျ်ားကြီး တန်မဲ့ ဖက်ဖက်ပြီး ငိုပွဲဆင်ကြလေသတဲ့။ အဲဒီထဲက ဆရာတစ်ဦးဟာ ဘိလပ်ရောက်ပြီးမကြာခင်ကာလမှာပဲ မြန်မာပြည်ကို ပြန်ပြေးလာသတဲ့။ အမိမြေရဲ့ခေါ်သံလေလား။ သက်ထားရဲ့ခေါ်သံလေလား။ အိမ်ကို နေ့စဉ်စာရေးတဲ့ တစ်ပတ်တစ်ကြိမ်စာရေးတဲ့ ဆရာကြီးနှစ်ပါးကတော့ ဟိုက ဒုက္ခသုက္ခတွေကို အောင့်အီး သည်းခံပြီးသကာလ ဘွဲ့တွေရ၊ အမိ မြေပြန်လာခဲ့။ မိသားစုပေါင်းစည်း ဇာတ်လမ်းပြီးလေသတည်းဖြစ်ရမှာ။ ဇာတ်သိမ်းက သည်လောက်မရိုးစင်းချေတကား။ အနှီဆရာကြီးနှစ်ဦးစလုံး မမောမပန်း အိမ်ထောင်သစ်တွေ ဆက်ဆက်ထူကြလေသတည်းတဲ့ဗျ။
အလွမ်းတွေစုဆောင်းထားတာများလွန်လွန်းလို့ လျံကျသွားလေသလားမသိ။ တစ်လမှတစ်ခါ တစ်ခါတစ်ရံ နှစ်လသုံးလမှတစ်ခါ အိမ်က သက်လျာကို စာရေးတတ်တဲ့ ဆရာကြီးက ''ကျွန်တော်ကတော့ မူလပထ မလက်ဟောင်းဇနီးကောင်းနဲ့ ပေါင်းသင်းလျက်ပါ''လို့ ဆိုရှာသဗျ။ ၀မ်းမြောက်ဝမ်းသာပြောတာလား။ ၀မ်းနည်းပမ်းနည်းပြောတာလား။ ကျွန်တော့်ဉာဏ်ပိစိကွေးနဲ့ ထောက်မမီပေဖူး။
ကျွန်တော်ကကော ဒီလိုဝေဝေ ရီရီညနေခင်းတွေကို ဘယ်လိုဖြတ်သန်းခဲ့သလဲ။ အလုပ်ကပြန်လာပြီး အခန်းပြန်ရောက်ရောက်ချင်း ကျွန်တော်ကမန်းကတန်း အဝတ်အစားလဲ၊ လမ်းလျောက်ဖိနပ်စွပ်ပြီး လမ်းထွက်လျောက်တော့တာ။ ကျွန်တော် လျှောက်လေ့ရှိတဲ့နေရာက မြို့ထဲဖက်မဟုတ်ဖူး။ မြို့စွန်တစ်ဝိုက်မှာ သူတို့စောင့်ရှောက်မွေးမြူထားတဲ့ တောအုပ်တွေရှိတယ်။ တချို့တော အုပ်တွေက ခပ်ကြီးကြီး ခပ်ထူထူ။ တချို့တောအုပ်တွေက ခပ်သေးသေး ခပ်ပါးပါး။ အဲဒီတောအုပ်တွေဖက် သွားလျှောက်တာ။ တစ်ခါတရံအဖိုး ကြီးအဖွားကြီးတွေ ခွေးဆွဲပြီးလမ်းလျှောက်ထွက်ကြတာ တွေ့ရတတ်တယ်။ တစ်ခါတရံ အပြေးလမ်း လျှောက်လုပ်နေကြတာ။ တောလမ်းလေးတွေက ကားလမ်းနဲ့မနီးမဝေး အပြိုင်ယှဉ်သွားနေတော့ လိုအပ်ရင် လမ်းပေါ်တက်ပြီး အကူအညီတောင်းလိုက်ရုံ။ အင်္ဂလိပ်တွေက သစ်ပင် သိပ်ချစ်တဲ့သူတွေ။ တောအုပ်တွေက လူရဲ့ချင်ခင်မှုနဲ့ကြီးပြင်းရတော့ တော်တော်ဖွံ့ဖွံ့ဖြိုးဖြိုးရှိတယ်။ တချို့သစ်ပင်ကြီးတွေက အမြင့်ကြီး။ တချို့နေရာတွေမှာ တောအုပ်က သိပ်သည်းလွန်းလှသမို့ နေရောင်ရော အလင်းရောင်ရော ကောင်းကောင်းမမြင်ရဖူး။ တစ်ခါတရံ တိတ်ဆိတ်ခြောက်ကပ်လို့။ တကယ်တော့ကြီးမျက်မည်း။ လမ်းမှာ တောင်ကုန်းလေးတွေတွေ့ရင် ကျွန်တော်တက်ပြီး ၀န်းကျင်တဝိုက် ဖြန့်ကျက်ကြည့်ဖြစ်တယ်။ Climb every mountain လို့ ဆိုသကိုး။ စိမ်းစိုသာမော လွင်ပြင်တောကြီးတွေ။ တစ်ခါတရံ မြူဇာပါးပါးလွှမ်းခြုံလို့။ လမ်းလျောက်ကအပြန် အခန်းပြန်ရောက်၊ ရေချိုး၊ ထမင်းစား၊ ပြီးရင် နားပေတော့။ လမ်းခပ်ပြင်းပြင်းကလေးလျှောက်ထားတော့ လူကခပ်နုံး နုံး။ အိပ်လိုက်တော့ တချိုးတည်း။ လွမ်းစရာအချိန်ကွက်လပ် ကြားညှပ်မရပြီ။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကျွန်တော်ဘိလပ်တစ်ခေါက် ပြန်ရောက်မှာ ဖြစ်တယ်။ ဟိုမှာမိတ်ဆွေသူငယ်ချင်းအိမ်တွေ လျှောက်လည်။ အက်ဒင်ဗရာမှာ အရင်ခြေချခဲ့ဖူးတဲ့နေရာတွေ အလွမ်းပြေတစ်ခေါက်ပြန်ကြည့်။ ကျွန်တော်ခဏခိုနားခဲ့တဲ့ ဆေးရုံကြီး နေရာမှာ စူပါးမားကတ်ကြီးက ထင်းထင်းကြီးနေရာယူလျက်သား။ ဆေးရုံကြီးကို မြို့စွန်ရွှေ့လိုက်သတဲ့။ မိတ်ဆွေတွေ အိမ်လိုက်လည်တော့ တူညီတာလေးတွေ တွေ့ရတယ်။ တစ်ခုကမိသားစုအများစုမှာ ကလေးမရှိကြဘူး။ ကလေးရှိရင်လည်း တစ်ဦးနှစ်ဦးထက် မပို။ ညနေခင်း အားလပ်ချိန်တွေကို သူတို့့တတွေ ဘယ်လိုသုံးသလဲ။ ဘယ်လိုဖြုန်းသလဲ။ ဒီမှာလည်း တူညီတာ တွေ့ရပြန်တယ်။ ဧည့်ခန်းတိုင်းမှာ တီဗွီ Screen ကြီးကြီးတစ်ခုက အခန့်သား နေရာယူထားတာတွေ့ရ။ ကြည့်စရာချန်နယ်တွေ၊ လိုင်းတွေ က များမှများ။ လိုင်းတစ်ခုပြီးတစ်ခု ပြောင်းကြည့်ရုံ။ ဒါနဲ့စိတ်အညောင်း ဖြေကြ။ နောက်စိတ်ထွက်ပေါက် တစ်ခုက အင်တာနက်လျောတိုက် ခြင်း၊ အီးမေး(လ)၊ Chat Room ။ ဖေ့(စ)ဘွတ်(ခ)။ သူတို့တတွေရဲ့ ညနေခင်းချိန်တွေကို ဒါတွေက စိုးမိုးနေရာယူထားကြ။ စာအုပ်စာ တန်းစုံစုံလင်လင် ရှိတဲ့အိမ်က တော်တော်နည်းတာတွေ့ရ။ ကျွန်တော်က အိမ်တစ်အိမ်ရောက်တိုင်း စာအုပ်စင် ရှာတာပဲ။ တွေ့ရင် မွှေတာပဲ။ သူဘာစာအုပ်တွေ အဖတ်အရှုများသလဲ။ ဒါကြည့်လိုက်ရင် အိမ်ရှင်ရဲ့စရိုက်နဲ့ စိတ်ဝန်းကျင်ကို မှန်းလို့ရပြီ။ ဒါက အဝေးရောက်မြန်မာတွေ ညနေခင်းအချိန်ကို ကုန်ဆုံးကြပုံ။
( ၂ )
ကျွန်တော်တို့ ဆရာဝန်အများစုရဲ့ ညနေခင်းကတော့ ရှင်းပါ့။ အားလုံးလိုလိုက ဆေးခန်းသံသရာထဲ တဝဲဝဲလည်။ တောင်ဖက်ဆေးခန်းကနေ မြောက်ဖက်ဆေးခန်းပြေး။ ပြီးရင် အရှေ့ဖက်ဆေးခန်းဆီရွှေ့။ နောက်ဆုံး အနောက်ဖက်ဆေးခန်းမှာ စခန်းသိမ်း။ ပြီးတော့ နွမ်းလျအိမ်ပြန်။ အိမ်ရောက်တော့ သတင်းစာလေး၊ ဂျာနယ်လေး ဟိုဒီကောက်လှန်။ ဘောရူးက ဘောပွဲကြည့်။ မိန်းမနဲ့ စကားစမြည်ပြော။ စကားစမြည် ပြောတယ်သာဆိုရတာ။ တကယ်က ''အင်း''လိုက်ရတာ ခပ်များများ။ တ အင်းအင်း အင်းရင်း အိပ်ပျော်သွား။ နောက်တစ်နေ့ဆေးရုံသွားဖို့၊ ဆေးခန်းဆက်ထိုင်နိုင်ဖို့၊ အစည်းအဝေးတက်ဖို့ အနားယူအားမွေးရရှာတာ။ တပေလျဉ်းလျဉ်း၊ တညှင်းဆိုးဆိုး။ ဆရာဝန်တွေ ညည်းလေ့ရှိတာက - ''နေဝင်တာ မမြင်ရတာကြာပြီ။ အဓိပ္ပါယ်ရှိရှိအချိန် (Quality time) တွေ နည်းလှတယ်။ မိသားစုနဲ့ တဖြည်းဖြည်း ကင်းကွာနေပြီ။ ငါ့ကိုရွှေ အိုရောင်ညနေခင်းတွေပြန်ပေး။''... စသဖြင့်၊ စသဖြင့်။ ဒီရွှေအိုရောင် ညနေခင်းတွေကို ကျွန်တော်တို့ဆီက ဘယ်သူက အဓမ္မလုယူ သိမ်းပိုက်သွားခဲ့ပါသလဲ။ ၁၉၈၈ အရေးအခင်းကာလတဝိုက် မြို့ကြီးတွေနဲ့ နယ်မြို့တွေ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာကတစ်ကြောင်း၊ လူတွေ ကျီးလန့်စာ စားနေနေရတာကတစ်ကြောင်းကြောင့် ကိုယ်ပိုင်ဆေးခန်းတွေ ခေတ္တပိတ်ထားပြီး ဆရာဝန်တွေ လွတ်လပ်ရေးရတဲ့ကာလကို ကြံုရတယ်။ ကဲဗျာ... ခင်ဗျားတို့ရဲ့ ညနေခင်းဝါ၀ါတွေ ပြန်ရပြီဗျာ။ ခင်ဗျားတို့ ဘာလုပ်ကြမတုန်း။ တစ်သက်လုံး ဆေးခန်းထဲအောင်းပြီး ခေါင်းမဖော်တမ်း လုပ်ခဲ့ကြတဲ့ ဆရာဝန်တွေ ဗလာဟင်းလင်း ညနေခင်းတွေကို ဘယ်လိုဖြတ်သန်းရပေါ့။ နီးစပ်ရာ လိုက်ကြည့်တော့ အားလုံးနီးပါး ယောင်တောင်တောင်။ အခွေပဲငှားကြည့်ရမလိုလို။ စာပဲဖတ်ရမလိုလို။ ကောလာဟလပဲ စောင့်စားနားထောင်နေသလိုလို။ အတိတ်စိမ်းကောက်ပြီး နိုင်ငံ့အနာဂတ်ပဲ ဖတ်နေသလိုလို။ ညနေခင်းအချိန်တွေကို ဆေးကုတာကလွဲလို့ ဘာမှမလေ့ကျက် မသင်ကြားခဲ့တဲ့ ဆရာဝန်တွေခင်ဗျာ သနားစရာ။ သူတို့မျက်နှာတွေက ညနေခင်း ဗလာကျင်းသလို ဟင်းလင်း။ အကြွေးတင်နေတဲ့စာတွေ ဖတ်ပါတော့လား။ မိသားစုနဲ့ ပျော်ပျော်ပါးပါး တဝကြီး နေပါရော့လား။ မမြင်ရတာ ကြာလှချည်ရဲ့ဆိုတဲ့ နေရောင်ခြည်တထွေးကြီး ပြေးပြီးပွေ့ပိုက်ပါတော့လား။ သတိမြဲမြဲဖြစ်မှုပျက်မှုတစ်ခုခုကို စူးစူးနစ်နစ် လေ့လာရစ်ပါတော့လား။ အားလုံးလိုလိုဟာ အရေးခင်းအပြီး တည်ငြိမ်တဲ့ကာလမှာ ဆေးခန်းပြန် ဖွင့်ဖို့ပဲ စိတ်စောနေကြလေသတဲ့။
( ၃ )
ကျွန်တော်ဆရာဝန်ပေါက်စဘဝကျော်ပြီး ဆရာဝန်မလတ်တလတ် ဖြစ်လာချိန်တစ်နေ့မှာ သူငယ်ချင်းဆရာဝန်တစ်ဦး ညနေခင်းလာလည်ပါတယ်။ ကျွန်တော့်ဆေးခန်းက လူနာကျချိန်နဲ့ ဆုံနေတော့ သူနဲ့ သိပ်ကြာကြာ စကားပြောခွင့် မကြံုလိုက်ရဖူး။ သူက နိုင်ငံခြားမှာ NGO တစ်ခုမှာ အလုပ်ဝင်လုပ်နေရာက ခဏပြန်လာတာ။ ကျွန်တော့်ဆေးခန်းအပေါက်ဝမှာရပ်ပြီး သူကကျွန်တော့် လူနာတွေကို မေးမြန်းနေတာ၊ စစ်ဆေးနေတာ၊ ဆေးပေးနေတာ၊ ရှင်းပြနေတာတွေကို စေ့စေ့စပ်စပ်စောင့်ကြည့်နေတယ်။ ဘာမှတော့မပြောဖူး။ ပြန်ခါနီးနှုတ်ဆက်တော့မှ သူကကျွန်တော့်ကို ''သနားတယ်''ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပြီး ''အောင်ကြီးရာ... မင်းကြည့်ပြီး ငါ့မှာမောလိုက်တာကွာ။ ငါလည်း ဆရာဝန်ဖြစ်စက မင်းလိုပဲ ဂျီပီဖွင့်ရတာပဲ။ မင်းလိုပဲ မောရတာပဲ။ ဟို ရောက်တော့ ညနေခင်းမှာ တော်တော်ဇိမ်ကျတယ်ကွ။ ဘာဂျီပီမှ လုပ်စရာမလိုတော့ဖူး။ လစာကလည်း လုံလောက်တယ်လေ။ ညနေခင်း တီဗွီထိုင်ကြည့်၊ စာဖတ်၊ မိန်းမနဲ့ ထွေရာလေးပါးပြော။ ဒါပဲကွ'' လို့ပြောပြီး နှုတ်ဆက်ပြန်သွားတယ်။ ကျွန်တော့်မှာ ကိုယ့်အလုပ်အပေါ် ရုတ်ချည်း သိမ်ငယ်စိတ်ဝင်သွားရ။ လူနာဆက်ကြည့်ချင်စိတ်တောင် တော်တော်ခန်းသွားတယ်။ ညနေခင်း ဆေးခန်းဖွင့်စားနေတာ ဂုဏ်ယူစရာလား။ သိပ်ငယ်စရာလား။ မလုပ်အပ်တဲ့ကိစ္စလား။ အပ်စပ်တဲ့ကိစ္စလား။ စိတ်ထွေပြားရ။ ကျွန်တော်တို့ဆရာဝန်အများစုရဲ့ ညနေခင်းကတော့ရှင်းပါ့။ အားလုံးလိုလိုက ဆေးခန်းသံသရာထဲ တဝဲဝဲလည်။ တောင်ဖက် ဆေးခန်းကနေ မြောက်ဖက်ဆေးခန်းပြေး။ ပြီးရင် အရှေ့ဖက် ဆေးခန်းဆီရွှေ့။ နောက်ဆုံးအနောက်ဖက်ဆေးခန်းမှာ စခန်းသိမ်း။ ပြီးတော့ နွမ်းလျအိမ်ပြန်။
အဲဒီသူငယ်ချင်းက ကျွန်တော့်ကို ချစ်ခင်သူပါ။ စာဖတ်သူ တွေးတွေးဆဆရှိသူပါ။ ပေါ့ပေါ့ပါးပါး ၀န်ထုပ်နည်းနည်းနဲ့နေပြီး ဘဝကိုလေးလေးနက်နက် ဖြတ်သန်းတတ်သူပါ။ ဒီလိုလူမျိုးရဲ့ ဒီလိုမှတ်ချက်ကြားရတော့ ကျွန်တော် နင့်ကနဲဖြစ်သွားခဲ့ပေါ့။ သူမြန်မာပြည် အပြီးပြန်ပြီး NGO တစ်ဖွဲ့မှာ အလုပ်ဝင်လုပ်တယ်။ လူတော်တစ်ဦး ထက်မြက်သူတစ်ဦးဆိုတော့ ရာထူးအဆင့်ဆင့် တက်သွားတယ်။ ဒီကြားထဲ သူ့ရဲ့ဟာသဇဝနဉာဏ်က ဖွံ့ဖြိုးတောက်ပလှလေတော့ အများက ကြိတ်ပြီး ချစ်ကြပါတဲ့ညီ ပုလေးဖြစ်သွားခဲ့ပေါ့။ ဆရာဝန်တွေရဲ့ ပင်မအလုပ်ဖြစ်တဲ့ ဆေးကုသခြင်းအလုပ်ကိုတော့ လုပ်ငန်းခွင်ရော၊ ညနေခင်းအချိန်တွေမှာပါ လုံးဝလုံးဝ စွန့်ပစ်လိုက်တာတွေ့ရ။ သူ့ရဲ့နေရီရီအချိန်တွေက ရုံးမှာအချိန်ကုန်ရင် ကုန်။ မကုန်ရင် ညစာစားပွဲ၊ အခမ်းအနား ဖွင့်ပွဲ၊ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲတွေက တိုက်ဖဲ့ချွေစားသွားတော့တာ။ သူ့ရဲ့နဂိုက တွေးတွေးဆဆ နူးနူးညံ့ညံ့ မျက်နှာနေရာမှာ ပြတ်သားရဲရင့်တင်းမာတဲ့မျက်နှာက အစားထိုးဝင်ရောက်လာပါတော့တယ်။ သူ့လက်အောက်ကလူတွေ က လူမဟုတ်တော့ဖူး။ စာရွက်ပေါ်က ကိန်းဂဏန်းတွေ၊ အစက်တွေ၊ အပြောက်တွေအဖြစ် ပြောင်းသွားခဲ့ပြီ။ နေ့စဉ်နေ့တိုင်းလိုလို စာရင်းဇယား ကိန်းဂဏန်းတွေနဲ့ လေ့ကျက် ပွန်းတီးရတာများလို့ထင်။ ''သူက နွားကြီးလိုပဲ။ သူယားရင် ချည်တိုင်ကို သူ့ကျောလာပွတ်တော့တာ။ ကျွန်မတို့ဇနီးမောင်နှံက သူ့ချည်တိုင်လေ''တဲ့။ ခုလည်းပဲ ကျွန်တော့်ဆီ အယားပြေ လေလာပစ် နေလေသလား။ သူဘာကြောင့် ဒီလိုပြောင်းသွား ရပါလိမ့်။ ဘာကြောင့် ဒီလို တင်းမာအေးခဲသွားပါလိမ့်။ ဘာကြောင့်ပြတ်တောက်ခါးသီးသွားပါလိမ့်။ သူနဲ့ကျွန်တော် ဘယ်နေရာကစပြီး ကိုယ်လမ်းကိုယ်လျောက်ခဲ့ကြတာပါလိမ့်။
ကျွန်တော်က ယခုထက်တိုင် လူတွေကို ဆေးကုနေတဲ့သူ။ ဆေးရုံ မှာရော ညနေချမ်းချိန်ဆေးခန်းမှာရော။ ကိန်းဂဏန်းစာရင်းဇယားတွေအစား လူတွေနဲ့ပွန်းပွန်းတီးတီး ထဲထဲဝင်ဝင်ဆက်ဆံနေရသူ။ ဆေးရုံဆေးခန်းလာတဲ့ လူတွေလည်း လူနာတွေ၊ လူမမာတွေ။ မောနေတဲ့လူတွေ။ ဖျားနာနေတဲ့ လူတွေ။ ချို့တဲ့နေတဲ့လူတွေ။ အကူအညီလို နေတဲ့လူတွေ။ ရောဂါဝေဒနာရဲ့ ထုထောင်းနှိပ်စက်မှုအောက်မှာ ဘဝကိုအရင်းအတိုင်း လှစ်ပြနေရရှာ တဲ့လူတွေ။ ကလေးအမေတွေ။ အုတ်သယ်ပန်းရံ နေ့စားအလုပ် သမားတွေ။ ကားနောက်လိုက်တွေ။ အောက်တန်းစာရေးတွေ။ ကျေးလက်ကျန်းမာရေးဆရာမတွေ။ HIV/AIDS လူနာတွေ။ အသည်းကင်ဆာ လူနာတွေ။ ဆိုက်ကားသမားတွေ။ ပင်စင်နာကြီးတွေ။ လမ်းဘေးစျေးသည်တွေ...။ ဒီလူတွေနဲ့ နေဝင် နေထွက် တွေ့နေရတာ။ သူတို့ရဲ့ ပြဿနာကြီးငယ်တွေကို နားဆင်ရတာ။ သူတို့ရဲ့ဒုက္ခပုံပြင်တွေထဲ တိုးဝင်ရတာ။ နေကောင်းသွားလို့ အမောပြေသွားလို့ အရောင်ကျသွားလို့ အနာအကျင်သက်သာသွားလို့ ကြည်လင်လတ်ဆတ်တဲ့ အပြံုးတွေပွင့်နေ တဲ့မျက်နှာတွေကို မြင်ရတာ။ ရောဂါဒဏ်ကြောင့် တဖြည်းဖြည်းယိရော် ပွန်းပဲ့ပြိုလုလု ခန္ခာကိုယ်တွေ ဘုန်းဘုန်းကျပြိုလဲသွားတာ တွေ့နေရတာ။ နောက်ဆုံး ''မနီးတဲ့ခရီး''ကို လိုက်ပို့ရတာ။ တစ်ခါတရံလူနာတွေက ဆရာကုပေးလို့ ခုလိုချမ်းချမ်း သာသာနေရတယ်။ ဘုရားရှိခိုးတိုင်း မိဘတွေနဲ့အတူ ဆရာ့ကို မေတ္တာပို့ပါတယ်။ တချို့လည်း ၀တ်ပြုတိုင်း ဆရာ့ကို ဘုရားသခင်ကောင်းချီး မင်္ဂလာပေးဖို့ ဆုတောင်းပေးပါတယ် တဲ့။ (အမေရေ... အမေ့သား သေပျော်ပြီဗျ။) ကျွန်တော်တို့က အခုထိ လူတွေကြားမှာနေတုန်း။ ဒုက္ခ သုက္ခမျှဝေခံစားတုန်း။ ပြံုးပျော်အတူ ၀မ်းနည်းအတူ ပူဆွေးအတူ ရှိတုန်း။
( ၄ )
ညနေခင်းတိုင်း ကျွန်တော့်ဆေး ခန်းကျဉ်းကြုပ်လေးထဲ ကျွန်တော့်လူနာတွေနှင့် နပမ်းလုံးနေရသည့် အချိန်တွေကို ကျွန်တော်နှမြော တသမဖြစ်တော့ပါ။ စားဝတ်နေရေးအတွက် ရုန်းကန်ရင်းပွန်းပဲ့သွားသည့် အချိန်တွေ ဆိုပြီး နှမြောလှချည့် မရှိတော့ပါ။ ''ပေးပေး... မပေးပေး ... ငါ့ရွှေခွက်ပြန်ပေး''ဟု မတောင်းဆို လိုတော့ပါ။ ကျွန်တော့်ကို ယနေ့ထက်တိုင် လူနှင့်တူအောင် သင်ကြားလေ့ကျင့်ထိန်းကျောင်းနေသည့် ဆေးရုံနှင့် ညနေရီ ဆေးခန်းကာလများ၊ လူနာများကို ကျွန်တော်ရိုသေစွာ ကန်တော့ပါသည်။
(စာပြီးရက် ၆.၈.၂၀၁၁)

Subscribe to:
Posts (Atom)
-
ပွဲတိုင်းအောင် ဂါထာ(အမှတ်စဉ် ၈) ဒေဝါနံ နန္ဒနော ဒေဝေါ ဒေ၀ ဒေ၀ န နန္ဒိနော။ ဝေဒ ဒိနေန ဝေဒေန ဝေဒိ ဝေဒေန ဝေဒိနော။ ဧတေနသစ္စဝဇ္ဇေန ဟော တုမေ ဇယျ...
-
အောင်ခြင်းရှစ်ပါး ဂါထာ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂ...
-
ကြာနီကန်ဆရာတော် ဦးဇဋိလ ၊ သာမညတောင်ဆရာတော် အမြဲရွတ်ဖတ် ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စ...