ထန်းလျက်ကြော် ထညက်ကြော်
ထညက်ကြော် ကြော်မယ်ဆိုရင်
ထန်းလျက်တဆ၊
ကြက်သွန်နှစ်ဆ ထည့်ရတယ်။
ထညက်တဆယ်သားဆို ကြက်သွန် နှစ်ဆယ်သားပေါ့။
ထန်းလျက်ခဲကို ထုခြေထား၊ ကြက်သွန်ကို လှီးပြီး နေလှန်း၊
ကြက်သွန်ကို ဆီချက်ချက်သလို အကြွပ်ကြော်၊ ကြက်သွန်ကျက်ပြီးရွနေပြီဆို ဆယ်ထား၊
ထန်းညက်ခြေထားတာကို ဆီထဲထည့်ကြော်၊ ထန်းလျက်အရည်ပျော်ပြီး ပွပြီး ဆူတက်လာရင် ခဏလေးထားပြီး
ဆယ်ထားတဲ့ ကြက်သွန်ကြော် လောင်းထည့်၊ ရွရွလေး သမအောင်မွှေ၊
ပြီးရင် ဆီတွေကို အရင်ငှဲ့ထုတ်၊ ပြီးမှ ဗန်းတစ်ခုခုထဲကို ကြက်သွန်ကြော်နဲ့ သမအောင်မွှေထားတဲ့ ထညက်ကြော်ကိုလောင်းထည့်၊ ဇွန်းနဲ့လိုက်ဖိ၊ နှမ်း အပေါ်ကလိုက်ဖြူး၊ အေးသွားရင် ကြွပ်ရွနေတဲ့ ထန်းလျက်ကြော် ရပြီပေါ့။
Credit: Phoe Chun (Facebook)
Method: 2
Subscribe to:
Post Comments (Atom)
-
ဓဇဂ္ဂသုတ် (ပါဠိ + အနက်) ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်...
-
ဂုဏ်တော် ကွန်ချာ ၁၊ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ ...
-
ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။ သားတွေအ...
No comments:
Post a Comment