Tuesday, April 21, 2015

ပန်ကရိယ ရောင်ရမ်းခြင်းနဲ့ ကုသခြင်း

ပန်ကရိယ ရောင်ရမ်းခြင်းနဲ့ ကုသခြင်း ကျွန်တော် ဆေးပညာဆောင်းပါးတွေ၊ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဂျာနယ်၊မဂ္ဂဇင်း၊သတင်းစာနဲ့ ကိုယ်ပိုင်ဘလော့ခ်တွေမှာ ရေးခဲ့တာ ကြာပါပြီ။ ကိုယ်တိုင်ရေးတာတွေသာများပြီး တိုက်ရိုက်ကူးချတာမျိုး တတ်နိုင်သမျှ ရှောင်ပါတယ်။ကျွန်တော့ဘဝမှာ ဆေးကုမ္ပဏီရဲ့ဖိတ်ကြားချက်နဲ့ ဆေးဝါးမိတ်ဆက်ပွဲတွေ တက်ခဲ့တာ မနည်းပါဘူး။ ဒါပေမယ့် ဆောင်းပါးအနေနဲ့တော့ မရေးဖြစ်ခဲ့ဘူး။ ဒီရက်ပိုင်းတွေမှာ ဆေးကုမ္ပဏီရဲ့ sponsorနဲ့ အထူးကုတွေက symposiumတွေလုပ်ကြ၊ပြောကြတဲ့အခါ အဲဒီအကြောင်းတွေ ဖော်ပြချင်လာတယ်။ဆိုင်ရာအထူးကုတွေ ဆွေးနွေးကြတဲ့ ပြောင်းလဲလာတဲ့ ဆေးပညာ ကုထုံးတွေ၊သဘောတရားတွေကို ပြန်လည်ဖော်သည်ချချင်လာတယ်။ အထူးသဖြင့် symposiumမတက်လိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေ၊ ဆေးပညာစိတ်ဝင်စားသူတွေ အလွယ်တကူဖတ်လို့ရအောင် ကိုယ်ပိုင်ဘလော့ခ်မှာ တင်ပေးဖို့ စိတ်ကူးရလာတယ်။နောက်တချက်က သူတို့ပင်ပင်ပန်းပန်းကြိုးစား စုဆောင်းထားတဲ့စာတွေ အလကားဖြစ်မှာ စိုးရိမ်လို့တချက်လည်း ပါပါတယ်။ ဒါ့ကြောင့် ဒီနောက်ပိုင်းကစပြီး ဆေးပညာဆိုင်ရာ နောက်ဆုံးကုထုံးများ ခေါင်းစဉ်အောက်မှာ ဆိုင်ရာအထူးကုတွေရဲ့ တင်ပြချက်များကို အနှစ်ချုပ်ပြီး ပြန်လည်မျှဝေပေးပါမယ်။

၆.၁၀.၁၃မှာ Dr reddyက sponsorပေးပြီး ကျင်းပတဲ့ omez instaဆေးဝါးမိတ်ဆက်ပွဲမှာ "surgical management of acute pancreatitis"ခေါင်းစဉ်နဲ့ ခွဲစိတ်အထူးကု ဒေါက်တာ ထွန်းထွန်းဦး ပြောသွားတဲ့ အချက်အလက်တွေကို အောက်မှာ ဖော်ပြပေးပါမယ်။

-pancreatitisဆိုတာ ပန်ကရိယ ရောင်ရမ်းခြင်းပါ။ acuteဆိုတာ ရုတ်တရက် ရောင်လာတဲ့သဘောဖြစ်ပါတယ်။pancreas(ပန်ကရိယ) ကို မြန်မာလို မုန့်ချိုအိတ်လို့လည်း ခေါ်ပါတယ်။
-acute pancreatitis ဆိုတာ ရုတ်တရက်ဗိုက်နာတဲ့ပြဿနာတွေမှာ အတွေ့များတယ်။
-၂၀ရာခိုင်နှုန်းဟာ အသက်အန္တရာယ်ဆိုးရိမ်ရလောက်အောင် ပြင်းထန်ကြတယ်။
-ကံကောင်းတာက အများစုဟာ mild pancreatitis ဖြစ်လို့သိပ်မဆိုးကြဘူး။
-ဖြစ်စေတဲ့ အကြောင်းရင်းခံ ၅၀ရာခိုင်နှုန်းဟာ သည်းခြေကျောက်တည်လို့ acute pancreatitis ဖြစ်ရတယ်။၂၀ရာနှုန်းက အရက်သောက်လို့ ဖြစ်ကြတယ်။
-၁၉၀၁ခုနှစ်မှာ bile reflux theoryဆိုတာ ထွက်လာတယ်။ အဲဒီသီအိုရီအရ ပိတ်နေတဲ့သည်းခြေကျောက်ကြောင့် သည်းခြေရည်တွေဟာ အထက်ကိုဆန်တက်ပြီး pancreas(ပန်ကရိယ)ကို ဒုက္ခပေးလို့ pancreatitisဖြစ်လာရတယ်။
-နောက်ဆုံးထွက်လာတဲ့သီအိုရီမှာ ပန်ကရိယအင်ဇိုင်းဓာတ်ကိုယ်တိုင်က ပန်ကရိယကိုသွားရောက် ဒုက္ခပေးတဲ့သဘောမျိုး ဖြစ်လာတယ်။ရောင်ရမ်းခြင်းဖြစ်စဉ်အရ တခြားTNFလို အင်ဇိုင်းတွေထွကိလာပြီး ပိုမိုရောင်ရမ်းပျက်စီးစေတယ်။ နောက်ဆုံးမှာ တခြားအစိတ်အပိုင်းတွေကိုပါ ဒုက္ခပေးပြီး multi organ failureဝင်လာတယ်ဆိုတဲ့ သီအိုရီဖြစ်ပါတယ်။

acute pancreatitisလို့ ဘယ်လိုသိနိုင်လဲ။
၁။ရုတ်တရက် ဗိုက်ပြင်းပြင်းထန်ထန် နာရမယ်။
၂။သွေးစစ်ကြည့်ရင် Amylaseနဲ့ lipaseလိုအင်ဇိုင်းတွေ သုံးဆမက တက်နေတယ်။
၃။CTရိုက်ကြည့်နိုင်တယ်။(တပတ်အတွင်း လက္ခဏာမသက်သာမှ ရိုက်ခိုင်းတယ်)
၄။သည်းခြေကျောက်အတွက် အက်ထရာဆောင်း ရိုက်နိုင်တယ်။


-ဘယ်အချိန်မှာ ဘယ်လိုကုသမလဲဆိုတာ criteriaတွေနဲ့ သတ်မှတ်တယ်။
-မြန်မာနိုင်ငံနဲ့ အဆင်ပြေတာက glasgow scaleဖြစ်ပါတယ်။
-အရင်က မခွဲမနေရဆိုတာမျိုးဖြစ်ပေမယ့် အခုလက်ရှိမှာ စောင့်ကြည့်ပြီးမှ လိုအပ်တာတွေလုပ်ခိုင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ သေနှုန်းက သိပ်ကွားခြားမှု မရှိလို့ပါတဲ့။
-မှတ်သားစရာကောင်းတာက multi organ failureကို ဘယ်လိုသိနိုင်လဲ။ organ failureဆိုတာ နှစ်ရက်အတွင်း သက်ဆိုင်ရာ အစိတ်အပိုင်းတွေ ပြန်ကောင်းမလာတဲ့အခြေအနေကို ခေါ်ပါတယ်။
(၁)renal failure-creatinine level>2mg/dl after rehydration
(၂)circulatory failure-systolic BP<90mmHg despite fluid resustation
(၃)respiratory failure-Pa O2<60mmHg
(၄)neurological failure-GCS score<10
(organ အစိတ်အပိုင်း အနည်းဆုံးနှစ်ခုအလုပ်မလုပ်တာကို multi organ failureခေါ်ပါတယ်)


တွေ့ရတဲ့ အဆင့်(၂)ဆင့်
Acute pancreatitisမှာ အဆင့်(၂)ဆင့်ရှိပါတယ်။ ပထမအဆင့်က ဖြစ်စမှ၂ပတ်လောက်ကြာတတ်တယ်။တကိုယ်လုံးမှာရောင်ရမ်းတဲ့ဖြစ်စဉ်ရှိလို့ systemic inflammatory response syndrome(SIRS)လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာ အများအားဖြင့် multi organ failဖြစ်ပြီး သေဆုံးနိုင်တယ်။ ၂ပတ်ကျော်ရင် ဒုတိယအဆင့်ကို counteractive anti-inflammatory response syndrome(CARS)ခေါ်ပါတယ်။ ရောင်ရမ်းခြင်းသဘောလျှော့နည်းလို့ ဝမ်းမသာစေချင်ဘူး။ ဖြစ်တဲ့နေရာမှာကြာလာတဲ့အခါ infected necrosis ပိုးဝင်ပြီး သွေးဆိပ်တက်သေနိုင်ပြန်တယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးအပြင်းစားတွေ ကြိုတင်ပေးတတ်ကြတယ်။
ကုသခြင်း
-အရည်အစားထိုးဖြည့်ခြင်း(fluid resustation)
-အကိုက်အခဲပျောက်ဆေး ထိုးခြင်း(opioid analgesic)
-အာဟာရဖြည့်တင်းခြင်း(nutrition support)
-ခွဲစိတ်ဖြတ်ထုတ်ခြင်း(surgical treatment)

Mild pancreatitisဆိုတာ ဗိုက်နာတာလောက်ပဲ ရှိပြီး ဆိုးဆိုးရွားရွားမရှိဘူး။ အကိုက်အခဲပျောက်ဆေး၊IV fluid ပေးရုံလောက်နဲ့ ပျောက်ကင်းသွားတယ်။ Antibioticပေးဖို့မလိုဘူးဆိုပေမယ့် မလွန်အောင် ပေးနိုင်တယ်။

Severe acute pancreatitisဆိုတာ multi organ failureဖြစ်တတ်လို့ အထူးသတိထားရတယ်။ အခန့်မသင့်ရင် သေနိုင်တယ်။အထက်မှာ ပြောခဲ့တဲ့ ၄ချက်လုံး ပေးရတယ်။ Ringer lactateလို IV fluidပေးသင့်တယ်။ အကိုက်အခဲပျောက်ဆေးမှာ opioid လို အပြင်းစားတွေပေးမှ သက်သာတယ်။acute pancreatitisမှာ ပိုးသတ်ဆေး ပေးတဲ့အခါ imipenemလိုဆေးမျိုးက အကောင်းဆုံးဖြစ်ပါတယ်။အရင်က ရောင်တဲ့ပန်ကရိယကို အနားပေးခိုင်းပေမယ့် လက်ရှိမှာ နည်းနည်းအလုပ်ပေးပါတဲ့။ ဒါ့ကြောင့် နှာခေါင်းပိုက်ထည့်ပြီး အစာကျွေးဖို့ ပြောလာပြန်တယ်။ သည်းခြေကျောက်ဖြစ်ရင် သုံးရက်အတွင်း ERCPလုပ်ပေးနိုင်တယ်။ ပိတ်တဲ့ကျောက်ကို မထုတ်ရင် ၃၀ရာခိုင်နှုန်းက ပြန်ဖြစ်တတ်တယ်။ဒါပေမယ့် ၆ပတ်အတွင်း ထုတ်ပြန်ရင် resultမကောင်းတာတွေ့ရလို့ အခြေအနေစောင့်ကြည့်ပါဦးတဲ့။ လိုအပ်မှ ထုတ်ပါဆိုတဲ့သဘော။ အလျင်မလိုခိုင်းဘူး။ ခွဲပြန်ရင်လည်း အခြေအနေက သိသိသာသာကောင်းလာမယ်မဟုတ်ဘူး။ conservative ထားပြီး အခြေအနေကောင်းမှ နောက်ပိုင်းမှ ခွဲမယ်ပေါ့။ခွဲနည်းက ဗိုက်ဖွင့်ပြီး ပုပ်တဲ့အပိုင်းကို ဖြတ်ထုတ်တဲ့open necrosectomyနည်းနဲ့ minimal invasive surgery နှစ်မျိုးရှိတယ်။ ဒုတိယနည်းက မြန်မာနိုင်ငံမှာလုပ်ဖို့ အဆင်မပြေသေးဘူး။ ခွဲပြီးရင် drainage pipeတွေ ထားပေးခဲ့ရတယ်။ လူနာတွေအနေနဲ့ ဆေးရုံမှာ ၁-၂လလောက် နေရတတ်တယ်။ခွဲစိတ်ဆရာဝန်တွေမှာ pancreatitisခွဲတာကြောင့်တော့ နာမည်မရတတ်ဘူး။ သုတေသနတွေ့ရှိချက်အရ ပထမ၂ပတ်အတွင်းခွဲရင် သေနှုန်းက ရ၅ရာခိုင်နှုန်း၊၂ပတ်-၁လအတွင်းဆိုရင် သေနှုန်းက ၄၅ရာခိုင်နှုန်း အသီးသီးရှိလို့ပါ။ ၁လကျော်မှခွဲရင် သေနှုန်းက ၈ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်။ ဒါ့ကြောင့် ရီစရာပြောတာက ခွဲပြီးရင် ဘုရားအရင် ရှိခိုးရတယ်တဲ့။ လက်ရှိချိန်ထိတော့ ခွဲစိတ်ပညာမှာ acute pancreatitisဆိုတာ စိန်ခေါ်မှုကြီး တခုဖြစ်နေဆဲပါ ဆိုတဲ့အကြောင်း.....
ဒေါက်တာ အေးမင်းထူး ၆.၁၀.၁၃...
source : http://drayeminhtoo.blogspot.com.au/2013/10/blog-post_6.html

No comments:

Post a Comment