ပန်ကရိယ ရောင်ရမ်းခြင်းနဲ့ ကုသခြင်း
ကျွန်တော် ဆေးပညာဆောင်းပါးတွေ၊ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဂျာနယ်၊မဂ္ဂဇင်း၊သတင်းစာနဲ့ ကိုယ်ပိုင်ဘလော့ခ်တွေမှာ ရေးခဲ့တာ ကြာပါပြီ။ ကိုယ်တိုင်ရေးတာတွေသာများပြီး တိုက်ရိုက်ကူးချတာမျိုး တတ်နိုင်သမျှ ရှောင်ပါတယ်။ကျွန်တော့ဘဝမှာ ဆေးကုမ္ပဏီရဲ့ဖိတ်ကြားချက်နဲ့ ဆေးဝါးမိတ်ဆက်ပွဲတွေ တက်ခဲ့တာ မနည်းပါဘူး။ ဒါပေမယ့် ဆောင်းပါးအနေနဲ့တော့ မရေးဖြစ်ခဲ့ဘူး။ ဒီရက်ပိုင်းတွေမှာ ဆေးကုမ္ပဏီရဲ့ sponsorနဲ့ အထူးကုတွေက symposiumတွေလုပ်ကြ၊ပြောကြတဲ့အခါ အဲဒီအကြောင်းတွေ ဖော်ပြချင်လာတယ်။ဆိုင်ရာအထူးကုတွေ ဆွေးနွေးကြတဲ့ ပြောင်းလဲလာတဲ့ ဆေးပညာ ကုထုံးတွေ၊သဘောတရားတွေကို ပြန်လည်ဖော်သည်ချချင်လာတယ်။ အထူးသဖြင့် symposiumမတက်လိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေ၊ ဆေးပညာစိတ်ဝင်စားသူတွေ အလွယ်တကူဖတ်လို့ရအောင် ကိုယ်ပိုင်ဘလော့ခ်မှာ တင်ပေးဖို့ စိတ်ကူးရလာတယ်။နောက်တချက်က သူတို့ပင်ပင်ပန်းပန်းကြိုးစား စုဆောင်းထားတဲ့စာတွေ အလကားဖြစ်မှာ စိုးရိမ်လို့တချက်လည်း ပါပါတယ်။ ဒါ့ကြောင့် ဒီနောက်ပိုင်းကစပြီး ဆေးပညာဆိုင်ရာ နောက်ဆုံးကုထုံးများ ခေါင်းစဉ်အောက်မှာ ဆိုင်ရာအထူးကုတွေရဲ့ တင်ပြချက်များကို အနှစ်ချုပ်ပြီး ပြန်လည်မျှဝေပေးပါမယ်။
၆.၁၀.၁၃မှာ Dr reddyက sponsorပေးပြီး ကျင်းပတဲ့ omez instaဆေးဝါးမိတ်ဆက်ပွဲမှာ "surgical management of acute pancreatitis"ခေါင်းစဉ်နဲ့ ခွဲစိတ်အထူးကု ဒေါက်တာ ထွန်းထွန်းဦး ပြောသွားတဲ့ အချက်အလက်တွေကို အောက်မှာ ဖော်ပြပေးပါမယ်။
-pancreatitisဆိုတာ ပန်ကရိယ ရောင်ရမ်းခြင်းပါ။ acuteဆိုတာ ရုတ်တရက် ရောင်လာတဲ့သဘောဖြစ်ပါတယ်။pancreas(ပန်ကရိယ) ကို မြန်မာလို မုန့်ချိုအိတ်လို့လည်း ခေါ်ပါတယ်။
-acute pancreatitis ဆိုတာ ရုတ်တရက်ဗိုက်နာတဲ့ပြဿနာတွေမှာ အတွေ့များတယ်။
-၂၀ရာခိုင်နှုန်းဟာ အသက်အန္တရာယ်ဆိုးရိမ်ရလောက်အောင် ပြင်းထန်ကြတယ်။
-ကံကောင်းတာက အများစုဟာ mild pancreatitis ဖြစ်လို့သိပ်မဆိုးကြဘူး။
-ဖြစ်စေတဲ့ အကြောင်းရင်းခံ ၅၀ရာခိုင်နှုန်းဟာ သည်းခြေကျောက်တည်လို့ acute pancreatitis ဖြစ်ရတယ်။၂၀ရာနှုန်းက အရက်သောက်လို့ ဖြစ်ကြတယ်။
-၁၉၀၁ခုနှစ်မှာ bile reflux theoryဆိုတာ ထွက်လာတယ်။ အဲဒီသီအိုရီအရ ပိတ်နေတဲ့သည်းခြေကျောက်ကြောင့် သည်းခြေရည်တွေဟာ အထက်ကိုဆန်တက်ပြီး pancreas(ပန်ကရိယ)ကို ဒုက္ခပေးလို့ pancreatitisဖြစ်လာရတယ်။
-နောက်ဆုံးထွက်လာတဲ့သီအိုရီမှာ ပန်ကရိယအင်ဇိုင်းဓာတ်ကိုယ်တိုင်က ပန်ကရိယကိုသွားရောက် ဒုက္ခပေးတဲ့သဘောမျိုး ဖြစ်လာတယ်။ရောင်ရမ်းခြင်းဖြစ်စဉ်အရ တခြားTNFလို အင်ဇိုင်းတွေထွကိလာပြီး ပိုမိုရောင်ရမ်းပျက်စီးစေတယ်။ နောက်ဆုံးမှာ တခြားအစိတ်အပိုင်းတွေကိုပါ ဒုက္ခပေးပြီး multi organ failureဝင်လာတယ်ဆိုတဲ့ သီအိုရီဖြစ်ပါတယ်။
acute pancreatitisလို့ ဘယ်လိုသိနိုင်လဲ။
၁။ရုတ်တရက် ဗိုက်ပြင်းပြင်းထန်ထန် နာရမယ်။
၂။သွေးစစ်ကြည့်ရင် Amylaseနဲ့ lipaseလိုအင်ဇိုင်းတွေ သုံးဆမက တက်နေတယ်။
၃။CTရိုက်ကြည့်နိုင်တယ်။(တပတ်အတွင်း လက္ခဏာမသက်သာမှ ရိုက်ခိုင်းတယ်)
၄။သည်းခြေကျောက်အတွက် အက်ထရာဆောင်း ရိုက်နိုင်တယ်။
-ဘယ်အချိန်မှာ ဘယ်လိုကုသမလဲဆိုတာ criteriaတွေနဲ့ သတ်မှတ်တယ်။
-မြန်မာနိုင်ငံနဲ့ အဆင်ပြေတာက glasgow scaleဖြစ်ပါတယ်။
-အရင်က မခွဲမနေရဆိုတာမျိုးဖြစ်ပေမယ့် အခုလက်ရှိမှာ စောင့်ကြည့်ပြီးမှ လိုအပ်တာတွေလုပ်ခိုင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ သေနှုန်းက သိပ်ကွားခြားမှု မရှိလို့ပါတဲ့။
-မှတ်သားစရာကောင်းတာက multi organ failureကို ဘယ်လိုသိနိုင်လဲ။ organ failureဆိုတာ နှစ်ရက်အတွင်း သက်ဆိုင်ရာ အစိတ်အပိုင်းတွေ ပြန်ကောင်းမလာတဲ့အခြေအနေကို ခေါ်ပါတယ်။
(၁)renal failure-creatinine level>2mg/dl after rehydration
(၂)circulatory failure-systolic BP<90mmHg despite fluid resustation
(၃)respiratory failure-Pa O2<60mmHg
(၄)neurological failure-GCS score<10
(organ အစိတ်အပိုင်း အနည်းဆုံးနှစ်ခုအလုပ်မလုပ်တာကို multi organ failureခေါ်ပါတယ်)
တွေ့ရတဲ့ အဆင့်(၂)ဆင့်
Acute pancreatitisမှာ အဆင့်(၂)ဆင့်ရှိပါတယ်။ ပထမအဆင့်က ဖြစ်စမှ၂ပတ်လောက်ကြာတတ်တယ်။တကိုယ်လုံးမှာရောင်ရမ်းတဲ့ဖြစ်စဉ်ရှိလို့ systemic inflammatory response syndrome(SIRS)လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာ အများအားဖြင့် multi organ failဖြစ်ပြီး သေဆုံးနိုင်တယ်။ ၂ပတ်ကျော်ရင် ဒုတိယအဆင့်ကို counteractive anti-inflammatory response syndrome(CARS)ခေါ်ပါတယ်။ ရောင်ရမ်းခြင်းသဘောလျှော့နည်းလို့ ဝမ်းမသာစေချင်ဘူး။ ဖြစ်တဲ့နေရာမှာကြာလာတဲ့အခါ infected necrosis ပိုးဝင်ပြီး သွေးဆိပ်တက်သေနိုင်ပြန်တယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးအပြင်းစားတွေ ကြိုတင်ပေးတတ်ကြတယ်။
ကုသခြင်း
-အရည်အစားထိုးဖြည့်ခြင်း(fluid resustation)
-အကိုက်အခဲပျောက်ဆေး ထိုးခြင်း(opioid analgesic)
-အာဟာရဖြည့်တင်းခြင်း(nutrition support)
-ခွဲစိတ်ဖြတ်ထုတ်ခြင်း(surgical treatment)
Mild pancreatitisဆိုတာ ဗိုက်နာတာလောက်ပဲ ရှိပြီး ဆိုးဆိုးရွားရွားမရှိဘူး။ အကိုက်အခဲပျောက်ဆေး၊IV fluid ပေးရုံလောက်နဲ့ ပျောက်ကင်းသွားတယ်။ Antibioticပေးဖို့မလိုဘူးဆိုပေမယ့် မလွန်အောင် ပေးနိုင်တယ်။
Severe acute pancreatitisဆိုတာ multi organ failureဖြစ်တတ်လို့ အထူးသတိထားရတယ်။ အခန့်မသင့်ရင် သေနိုင်တယ်။အထက်မှာ ပြောခဲ့တဲ့ ၄ချက်လုံး ပေးရတယ်။ Ringer lactateလို IV fluidပေးသင့်တယ်။ အကိုက်အခဲပျောက်ဆေးမှာ opioid လို အပြင်းစားတွေပေးမှ သက်သာတယ်။acute pancreatitisမှာ ပိုးသတ်ဆေး ပေးတဲ့အခါ imipenemလိုဆေးမျိုးက အကောင်းဆုံးဖြစ်ပါတယ်။အရင်က ရောင်တဲ့ပန်ကရိယကို အနားပေးခိုင်းပေမယ့် လက်ရှိမှာ နည်းနည်းအလုပ်ပေးပါတဲ့။ ဒါ့ကြောင့် နှာခေါင်းပိုက်ထည့်ပြီး အစာကျွေးဖို့ ပြောလာပြန်တယ်။ သည်းခြေကျောက်ဖြစ်ရင် သုံးရက်အတွင်း ERCPလုပ်ပေးနိုင်တယ်။ ပိတ်တဲ့ကျောက်ကို မထုတ်ရင် ၃၀ရာခိုင်နှုန်းက ပြန်ဖြစ်တတ်တယ်။ဒါပေမယ့် ၆ပတ်အတွင်း ထုတ်ပြန်ရင် resultမကောင်းတာတွေ့ရလို့ အခြေအနေစောင့်ကြည့်ပါဦးတဲ့။ လိုအပ်မှ ထုတ်ပါဆိုတဲ့သဘော။ အလျင်မလိုခိုင်းဘူး။ ခွဲပြန်ရင်လည်း အခြေအနေက သိသိသာသာကောင်းလာမယ်မဟုတ်ဘူး။ conservative ထားပြီး အခြေအနေကောင်းမှ နောက်ပိုင်းမှ ခွဲမယ်ပေါ့။ခွဲနည်းက ဗိုက်ဖွင့်ပြီး ပုပ်တဲ့အပိုင်းကို ဖြတ်ထုတ်တဲ့open necrosectomyနည်းနဲ့ minimal invasive surgery နှစ်မျိုးရှိတယ်။ ဒုတိယနည်းက မြန်မာနိုင်ငံမှာလုပ်ဖို့ အဆင်မပြေသေးဘူး။ ခွဲပြီးရင် drainage pipeတွေ ထားပေးခဲ့ရတယ်။ လူနာတွေအနေနဲ့ ဆေးရုံမှာ ၁-၂လလောက် နေရတတ်တယ်။ခွဲစိတ်ဆရာဝန်တွေမှာ pancreatitisခွဲတာကြောင့်တော့ နာမည်မရတတ်ဘူး။ သုတေသနတွေ့ရှိချက်အရ ပထမ၂ပတ်အတွင်းခွဲရင် သေနှုန်းက ရ၅ရာခိုင်နှုန်း၊၂ပတ်-၁လအတွင်းဆိုရင် သေနှုန်းက ၄၅ရာခိုင်နှုန်း အသီးသီးရှိလို့ပါ။ ၁လကျော်မှခွဲရင် သေနှုန်းက ၈ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်။ ဒါ့ကြောင့် ရီစရာပြောတာက ခွဲပြီးရင် ဘုရားအရင် ရှိခိုးရတယ်တဲ့။ လက်ရှိချိန်ထိတော့ ခွဲစိတ်ပညာမှာ acute pancreatitisဆိုတာ စိန်ခေါ်မှုကြီး တခုဖြစ်နေဆဲပါ ဆိုတဲ့အကြောင်း.....
ဒေါက်တာ အေးမင်းထူး
၆.၁၀.၁၃...
source : http://drayeminhtoo.blogspot.com.au/2013/10/blog-post_6.html
Tuesday, April 21, 2015
အယ်ထရာစောင်း (Ultrasound)၊ တီဗွီဓါတ်မှန် ဆိုတာ ဘာလဲ။

အယ်ထရာစောင်း (Ultrasound) ဆိုတာ လူတွေ မကြားနိုင်တဲ့ ကြိမ်နှုန်းမြင့်အသံ ကို ပြောခြင်းဖြစ်ပါတယ်။ အယ်လ်ထရာစောင်း (Ultrasound) ရိုက်တဲ့အခါ အဲဒီ ကြိမ်နှုန်းမြင့်အသံ ကို Transducer လို့ခေါ်တဲ့ ကိရိယာ တစ်ခုကနေတစ်ဆင့် လူရဲ့ ခန္ဓာကိုယ် တစ်သျှူးတွေဆီ ဖြတ်ခိုင်းပြီး ပဲ့တင် ပြန်လာတဲ့ အသံကို ပြန်ဖမ်းယူပါတယ်။ ပြီးတော့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတီဗွီမျက်နှာပြင် ပေါ်မှာ ပုံဖေါ်ပေးပါတယ်။ အဲဒီလိုဖေါ်ပေးတဲ့ ပုံကို Ultrasonogram (USG) လို့ခေါ်ပါတယ်။ အချို့လူ(မြန်မာ) တွေက တီဗွီမျက်နှာပြင် နဲ့ ကြည့်ရတဲ့အတွက် တီဗွီဓါတ်မှန် လို့ ခေါ်ကြပါတယ်။ တကယ်က ဓါတ်မှန် နဲ့ သဘောတရား မတူပါဘူး။ ဓါတ်မှန် ဆိုတာ ဓါတ်ရောင်ခြည်အသုံးပြုပြီး၊ အယ်ထရာစောင်း (Ultrasound) က အသံလှိုင်းအသုံးပြုတာပါ။ အယ်ထရာစောင်း (Ultrasound) က ခန္ဓာကိုယ်တွင်း အင်္ဂါတွေကို ပုံဖေါ်ပေးပါတယ်။ သွေးကြောတွေ အတွင်း သွေးစီးဆင်းမှုကို လည်း ကြည့်နိုင်လို့ သွေးကြောတွေ ပိ်တ်မပိတ် ကြည့်နိုင်ပါတယ်။
အယ်ထရာစောင်း (Ultrasound) ကို ဘာအတွက် ရိုက်တာလဲ။
ဝမ်းဗိုက် အယ်ထရာစောင်း (Abdomen Ultrasound) ကို
ဗိုက်နာရခြင်း အကြောင်းအရင်းကို သိရအောင်
ဝမ်းဗိုက်သွေးကြောမကြီး (Abdominal aorta) မှာ ဖေါင်းထွက်နေခြင်း (Aneurysm) ကို ရှာရအောင်၊ တွေ့ရင် အရွယ်အစား တိုင်းတာရအောင်၊ နောက်ပိုင်းတွင် အခြေအနေစောင့်ကြည့်ရအောင် (Aneurysm of abdominal aorta ကို ဗိုက်ကနေ လက်နဲ့စမ်းကြည့်ရင် အလုံးအကြိတ် အနေနဲ့ တွေ့ရတတ်ပါတယ်)
အသည်း (Liver) ရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန် နဲ့ အနေအထား သိရအောင် (အသားဝါနေတဲ့အခါ၊ အသည်းခြောက်ရောဂါ၊ အသည်းအဆီဖုံးရောဂါ နဲ့ အခြားအသည်းရောဂါတွေ ရှိတယ်လို့ ထင်တဲ့အခါ၊ Liver function tests လို့ခေါ်တဲ့ အသည်းလုပ်ဆောင်မှု ကောင်းမကောင်းသိဖို့ အသည်းကထုတ်တဲ့ ဓါတ်ပစ္စည်းတွေကို သွေးကနေ စစ်ဆေးခြင်း မှာ အဖြေကပုံမှန်မဟုတ်တဲ့အခါ)
သည်းခြေအိတ် (Gallbladder) ယောင်မယောင်၊ သည်းခြေအိတ်မှာ ကျောက် (Gallstones) ရှိမရှိ နဲ့ သည်းခြေပြွန် (Bile duct) ပိတ်မပိတ် သိရအောင်
ဘေလုံး (Spleen) ကြီးကြောင်း စမ်းမိတဲ့အခါ ဘေလုံး (Spleen) အရွယ်အစား၊ ရောဂါ ရှိမရှိ၊ ပျက်စီးနေလား သိရအောင်
ပန်ကရိယ (Pancreas) အခြေအနေကို ကြည့်ရအောင်. ဥပမာ... ပန်ကရိယ အကြိတ် (Pancreas tumours) တွေ ရှိမရှိ
ကျောက်ကပ် (Kidneys) တွေရဲ့ အရွယ်အစား၊ အလုံးအကြိတ် ရှိမရှိ၊ ကျောက်ကပ် (Kidneys) တွေရဲ့ ဘေးနားမှာ ရေတွေ စုနေခြင်း ရှိမရှိ၊ သိရအောင်၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခဏခဏ ဖြစ်တဲ့အခါ အကြောင်းအရင်းသိရအောင်၊ ကျောက်ကပ် အစားထိုးထားတဲ့အခါ အစားထိုးထားတဲ့ ကျောက်ကပ် (Transplanted kidney) ရဲ့ အခြေအနေ သိရအောင်
ဝမ်းဗိုက်တွင်း အလုံး တစ်ခုခု တွေ့တဲ့အခါ အလုံးဟာ ခဲနေတဲ့ အကြိတ်လား (Solid tumours)၊ ရေအိတ်လား (Cysts) ခွဲခြား သိရအောင်
ရေဖျဉ်း (Ascites) လို့ခေါ်တဲ့ ဝမ်းဗိုက်တွင်းစုနေတဲ့ ရေ ရှိမရှိ သိရအောင်
ဝမ်းဗိုက်ကို အပ် သို့မဟုတ် အခြားကိရိယာ တစ်ခုခု နဲ့ အပြင်ကနေ ဖေါက်ပြီး အသားစယူတဲ့အခါ၊ ရေဖျဉ်း (Ascites) စုပ်ထုတ်တဲ့အခါ၊ အပ် သို့မဟုတ် အခြားကိရိယာ အနေအထား ကြည့်ရအောင် ရိုက်ကြပါတယ်။
ဆီးခုံ အယ်ထရာစောင်း (Pelvic Ultrasound) ကို
ဆီးထဲသွေးပါခြင်းကို အကြောင်းအရင်း သိရအောင်
ဆီးလမ်းကြောင်းပြဿနာများကို အကြောင်းအရင်း သိရအောင်
ဆီးအိမ် (Bladder) ရဲ့ အရွယ်အစား သိရအောင် (ဆီးမသွားခင် တစ်ခါ၊ ဆီးသွားပြီး တစ်ခါ တိုင်းကြည့်ခြင်းဖြင့် ဆီးသွားပြီး ဆီးအိမ်ထဲမှာ ဆီးကျန်မကျန် သိနိုင်ပါတယ်)
အူမကြီးကင်ဆာများ (Colorectal cancer) ကို စစ်ဆေးရအောင်၊ ကုသမှု ထိရောက်မှု သိရအောင်
ဆီးခုံပိုင်း ခန္ဓာကိုယ်တွင်းရှိ ရေအိတ်၊ ပြည်တည်အိတ် များကို ဖေါက်ထုတ်တဲ့အခါ သို့မဟုတ် အသားစယူ (Biopsy) တဲ့အခါ အပ် သို့မဟုတ် အခြားကိရိယာ အနေအထား ကြည့်ရအောင်။
အမျိုးသမီးများမှာ...
ဆီးခုံနာခြင်း (Pelvic pain) အကြောင်းအရင်း သိရအောင်
မိန်းမကိုယ်မှသွေးယိုခြင်း (Vaginal bleeding) အကြောင်းအရင်းသိရအောင်
ဆီခိုယောင်ယမ်းနာ (Pelvic inflammatory disease) ကို သိရအောင်
သားအိမ်းထဲထည့်သည့် သန္ဓေတားပစ္စည်း (Intrauterine device) ကို ရှာရအောင်
သားအိမ် အရွယ်အစား၊ ပုံသဏ္ဍာန် နဲ့ သားအိမ်နံရံ (Endometrium) အထူ ကို ကြည့်ရအောင်
သားဥအိမ် အရွယ်အစား၊ ပုံသဏ္ဍာန် ကို ကြည့်ရအောင်
ကလေးမရနိုင်တဲ့ရောဂါ မှာ သားဥအိမ် ကို ကြည့်ရအောင်
သန္ဓေတည်ခြင်း ကို သားအိမ် ထဲမှာ ဟုတ်မဟုတ် သိရအောင် ( သားဥပြွန်ထဲမှာ သန္ဓေတည်ခြင်း၊ အမွှာကိုယ်ဝန် ဖြစ်နေခြင်း၊ သိရအောင် နဲ့ ကိုယ်ဝန်သက်တမ်း သိရအောင် ကိုယ်ဝန်ဆောင် အစောပိုင်း မှာ ရိုက်တတ်ပါတယ်)
ကိုယ်ဝန်ဆောင် အမျိုးသမီး တွေမှာ လမစေ့ပဲ ကလေးမွေးနိုင်တဲ့ လက္ခဏာရှိရင် သားအိမ်လည်တိုင်အရှည် သိရအောင်
ဆီးခုံ ကို စမ်းသပ်တဲ့အခါ အလုံးတစ်ခုခု စမ်းမိရင် အလုံးကို စစ်ဆေးရအောင်
အမျိုးသားများမှာ ...
ဆီးကြိတ် (Prostate gland) ကြီးခြင်း ကြောင့်လို့ ထင်ရတဲ့ ဆီးလမ်းကြောင်း ပြဿနာတွေ ဖြစ်တဲ့အခါ ဆီးကြိတ် ကိုကြည့်ရအောင် (ဆီးကြိတ်ကင်ဆာ (Prostate cancer)၊ ဆီးကြိတ်ကြီးခြင်း၊ (Benign prostate hypertrophy) ကို သိရအောင်)
ကလေးမရနိုင်တဲ့ ရောဂါ မှာ ဆီးကြိတ် ကိုကြည့်ရအောင် ရိုက်ပါတယ်။
အယ်ထရာစောင်း (Ultrasound) ရိုက်ဖို့ ဘာတွေ ပြင်ဆင်လုပ်ဆောင်ဖို့ လိုသလဲ။
Barium ဓါတ်ဟာ အယ်ထရာစောင်း (Ultrasound) အဖြေကို ပြောင်းလဲစေနိုင်တဲ့အတွက် Barium Enema (Barium ဓါတ်ကို စအိုမှတဆင့် အူမကြီးထဲထည့်ပြီး ဓါတ်မှန် ရိုက်ခြင်း)အပါအဝင် အူလမ်းကြောင်တွက် စမ်းသပ်မှုတစ်ခုခု ကို နှစ်ရက်အတွင်းက လုပ်ထားဖူးရင် ဆရာဝန်ကို ပြောပြထားသင့်ပါတယ်။
ကျန်တဲ့ ပြင်ဆင်မှုတွေ က ရိုက်ချင်တဲ့ နေရာပေါ် မူတည်ပြီး မတူပါဘူး။
အသည်း (Liver)၊ သည်းခြေအိတ် (Gallbladder)၊ ပန်ကရိယ (Pancreas)၊ ဘေလုံး (Spleen) တို့ကို ရိုက်မယ်ဆိုရင် ရိုက်မယ့်နေ့မတိုင်ခင် ည မှာ အဆီမပါတဲ့ အစာပဲစားရပြီးတော့ မရိုက်ခင် ၈-၁၂ နာရီလောက် အတွင်း အစားမစားရပါဘူး။
ကျောက်ကပ် (Kidneys) ကို ရိုက်မယ်ဆိုရင်တော့ ဘာမှ ပြင်ဆင်ဖို့မလိုတတ်ပါဘူး။ တခါတလေတော့ မရိုက်ခင် ရေ ဒါမှမဟုတ် အချိုရည် တစ်ခုခုကို ၄-၆ ခွက်လောက်သောက်ခိုင်းတတ်ပါတယ်။ မရိုက်ခင် ၈-၁၂ နာရီလောက် အတွင်း အစားမစားဖို့ ပြောတတ်ပါတယ်။
ဝမ်းဗိုက်တွင်း သွေးလွှတ်ကြောမကြီး (Aorta) ကို ရိုက်မယ်ဆိုရင် မရိုက်ခင် ၈-၁၂ နာရီလောက် အတွင်း အစားမစားရပါဘူး။
ဆီးခုံ အယ်ထရာစောင်း (Pelvic Ultrasound) ကို ဗိုက်ပေါ်ကနေ (Transabdominal)၊ စအိုကနေ (Transrectal)၊ မိန်းမကိုယ်ကနေ (Transvaginal) ရိုက်လို့ရပါတယ်။ ဆီးခုံ အယ်ထရာစောင်း (Pelvic Ultrasound) ရိုက်မယ်ဆိုရင် အဝတ်အစားပေါ့ပေါ့ပါးပါး ဝတ်သွားသင့်ပါတယ်။ ဗိုက်ပေါ်ကနေ ရိုက်မယ်ဆိုရင်တောင် ဆီးစပ်နားထိ ဖေါ်ပြရမှာပါ။
ဗိုက်ပေါ်ကနေ ရိုက်မယ်ဆိုရင် မရိုက်ခင်လေးမှာ ရေ ဒါမှမဟုတ် အချိုရည် တစ်ခုခု ၄-၆ ခွက်လောက် သောက်ရပါမယ်။ ပြီးတော့ ရိုက်လို့ မပြီးမချင်း ဆီးမသွားရပါဘူး။ ဆီးအိမ်တင်းနေအောင်လို့ပါ။ ဆီးအိမ်တင်းနေမှ အူတွေကို အပေါ်ဖက်တွန်းထားပြီး ဆီးခုံတွင်းအင်္ဂါတွေကို မြင်ကွင်းရှင်းရှင်း မြင်ရမှာပါ။
စအိုကနေ (Tranrectal)၊ မိန်းမကိုယ်ကနေ (Transvaginal) ရိုက်မယ်ဆိုရင် Latex ဆိုသည့်ပစ္စည်း နဲ့ ဓါတ်မတည့်ပါက ဆရာဝန်ကို ပြောပြဖို့ လိုပါတယ်။ အဲဒီနေရာတွေမှာ သုံးတဲ့ Transducers တွေမှာ Latex cover ရှိ ပြီး ဓါတ်မတည့်ပါက Latex free cover သုံးပေးပါလိမ့်မယ်။
စအိုကနေ (Transanal) ရိုက်မယ်ဆိုရင် မရိုက်ခင် တစ်နာရီ အလိုမှာ ဝမ်းချူဖို့ လိုအပ်ပါလိမ့်မယ်။
မိန်းမကိုယ်ကနေ (Transvaginal) ရိုက်မယ်ဆိုရင် မရိုက်ခင် ၄ နာရီအတွင်း ရေသောက်လို့ မရပါဘူး။ ဗိုက်ကနေ ရိုက်တာလို ဆီးအိမ်တင်းနေဖို့မလိုပါဘူး။
အယ်ထရာစောင်း (Ultrasound) ကို ဘယ်လိုရိုက်တာလဲ၊ ရိုက်နေစဉ် ဘယ်လိုနေရမလဲ။
အယ်ထရာစောင်း (Ultrasound) ကို ဓါတ်မှန်ပါရဂူ (Radiologist) (ဓါတ်မှန်နှင့် အခြား ပုံဖေါ်၍ရောဂါရှာဖွေခြင်း ပညာကို အထူးပြုထားသော ဆရာဝန်) သာ ရိုက်ပြီး အဖြေကို ထုတ်ပေးပါသည်။ ဓါတ်မှန်ပါရဂူ (Radiologist) ညွှန်ကြားမှု အောက်တွင် ဆရာဝန်မဟုတ်သော ဓါတ်မှန်အကူ က ရိုက်ပေးနိုင်ပါသည်။ အယ်ထရာစောင်း (Ultrasound) အခန်းတွင် ရိုက်ရပါသည်။
အယ်ထရာစောင်း (Ultrasound) ရိုက်မည့်နေရာကို အဝတ်အစားများ ဖေါ်ပေးရမှာ ဖြစ်ပါတယ်။
ဗိုက်ပေါ်ကနေရိုက်မယ် (Transabdominal) ဆိုရင် ကုတင်တစ်ခု ပေါ်မှာ လှဲနေရမှာပါ။ ရိုက်မယ့်နေရာမှာ အရင်ဆုံး Gel လိုမျိုး အရည်တစ်ခု သုတ်ပေးပါလိမ့်မယ်။ ပြီးရင် Transducer လို့ ခေါ်တဲ့ လက်ကိုင်ကိရိယာ တစ်ခုနဲ့ ရိုက်မယ့် နေရာပေါ်မှာ အနည်းငယ် ဖိပြီး ဟိုဟို ဒီဒီ လျှောက်ရွှေ့ကြည့် နေမှာ ဖြစ်ပါတယ်။ တီဗွီစခရင် ပေါ်မှာ ခန္ဓာကိုယ်တွင်း အင်္ဂါများ၊ သွေကြောများ ရဲ့ ပုံရိပ် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလို ရိုက်နေတုန်းမှာ မလှုပ်ရှားပဲ ငြိမ်ငြိမ်လေး နေနေရပါမယ်။ ခန္ဓာကိုယ် အနေအထား ပြောင်းခိုင်းတာ၊ အသက်ရှု ခဏ အောင့်ခိုင်းတာ လုပ်ခိုင်းတတ်ပါတယ်။ စအိုကနေရိုက်မယ် (Transrectal) ဆိုရင် ကုတင်တစ်ခုပေါ်မှာ ဘယ်ဘယ်စောင်းအိပ်ပြီး ဒူးနှစ်ဖက် ကို ကွေးထားရပါမယ်။ အယ်ထရာစောင်းမရိုက်ခင်မှာ လက်ချောင်းထည့်ပြီး အရင်စမ်းပါလိမ့်မယ်။ အဲဒီနောက်မှာ ချောဆီ သုတ်ထားတဲ့ Transducer ကို စအိုထဲ ဖြည်းဖြည်းချင်း ထည့်ပါလိမ့်မယ်။ ထောင့်စုံ က ပုံရိပ်တွေ ဖမ်းယူဖို့ Transducer ကို အနည်းငယ် ဖြည်းဖြည်းချင်း ရွှေ့နေပါလိမ့်မယ်။ Transducer ထိပ်ကို သန့်ရှင်းရအောင် စအိုထဲ ရေ ထည့်တတ်ပါတယ်။
မိန်းမကိုယ်ကနေရိုက်မယ် (Transvaginal) ဆိုရင် ကုတင်တစ်ခုပေါ်မှာ ပတ်လတ်လှန်ပြီး တင်ပါး နှစ်ဖက်ကို အနည်းငယ် မြှောက်ပေးထားရပါမယ်။ ချောဆီ သုတ်ထားတဲ့ Transducer ကို မိန်းမကိုယ်ထဲ ဖြည်းဖြည်းချင်း ထည့်ပါလိမ့်မယ်။ ရိုက်နေတုန်း ဲငြိမ်ငြိမ်လေး နေနေရမှာပါ။ မိန်းကကိုယ်နေ (Transvaginal) ရိုက်တာဟာ အဝလွန်နေတဲ့အခါ၊ ကလေးမရနိုင်တဲ့ရောဂါအတွက် စစ်ဆေးတဲ့အခါ အူတွေထဲမှာ gas တွေ အရမ်းများနေပြီး ဆီးခုံတွင်း အင်္ဂါတွေကို မမြင်ရတဲ့အခါ မှာ ရိုက်တာဖြစ်ပါတယ်။
အယ်ထရာစောင်း (Ultrasound) ရိုက်ရင် ဘာတွေ ခံစားရမလဲ။
ဝမ်းဗိုက်အယ်ထရာစောင်း (Abdominal Ultrasound) မှာ Gel သုတ်တဲ့အခါ အနည်းငယ် အေးသလိုခံစား ရတတ်ပါတယ်။ ဗိုက်ပေါ် Transducer တင်တဲ့အခါ အနည်းငယ် ဖိအားကို ခံစားရပါမယ်။ မသက်မသာ ဖြစ်လောက်အောင် တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဗိုက်မှာ ဒါဏ်ရာ အနာတရ ရှိတဲ့အခါမှာတော့ အနည်းငယ်ဖိတဲ့အားက နာတာကို ပိုဆိုးစေနိုင်ပါတယ်။
ဆီးခုံအယ်ထရာစောင်း (Pelvic Ultrasound) မှာ ဗိုက်ပေါ်ကနေ (Transabdominal) ရိုက်မယ်ဆိုရင် ဝမ်းဗိုက်အယ်ထရာစောင်း ရိုက်သလိုပဲ ခံစားရမှာပါ။ တစ်ခုပိုတာက ဆီးအိမ်တင်းနေတဲ့အတွက်ကြောင့် ဗိုက်ပေါ်ကို Transducer နဲ့ အနည်းငယ် ဖိတဲ့အခါ ဆီးအရမ်းသွားချင်နေပါလိမ့်မယ်။ စအိုကနေ (Transrectal)၊ မိန်းမကိုယ်ကနေ (Transvaginal) ရိုက်မယ်ဆိုရင် အနည်းငယ် နာကျင်ပါလိမ့်မယ်။
အသံလှိုင်းနဲ့ ပတ်သတ်ပြီးတော့ ဘာမှ ကြားရမှာ၊ သိရှိခံစားရမှာ မဟုတ်ပါဘူး။
အယ်ထရာစောင်း (Ultrasound) ရိုက်ရင် ဘာအန္တရာယ် ရှိနိုင်သလဲ။
ဝမ်းဗီုက်ကနေရိုက်တဲ့အယ်ထရာစောင်း (Transabdominal) က ဘာမှ အန္တရာယ်မရှိပါဘူး။ စအိုကနေ (Transrectal) မိန်းမကိုယ်ကနေ (Transvaginal) ရိုက်တဲ့ အယ်ထရာစောင်းက တော့ ရောဂါပိုးဝင် နိုင်ချေ အနည်းငယ် ရှိပါတယ်။ မိန်းမကိုယ်ကနေ အယ်ထရာစောင်း ရိုက်ပြီးမှ မိန်းမကို်ယ်မှ အဖြူဆင်းတာ၊ ဖျားတာ တို့ ဖြစ်လာလျှင် ဆရာဝန် နဲ့ ပြသင့်ပါတယ်။
အယ်ထရာစောင်း (Ultrasound) ကနေ ဘာတွေ သိနိုင်သလဲ။
ပဲ့တင်ပြန်လာတဲ့ အသံတွေကို ပုံဖေါ်ထားတဲ့ ပုံရိပ်တွေကို ဓါတ်မှန်ပါရဂူ (Radiologist) က ကြည့်ပြီး ခန္ဓာကိုယ်တွင်း အင်္ဂါတွေ၊ သွေးကြောတွေ ရဲ့ အခြေအနေကို ပြောပြပါလိိမ့်မယ်။ စာရွက်ပေါ်မှာ ရေးပေးပါလိမ့်မယ်။
အယ်ထရာစောင်း (Ultrasound) ရိုက်လို့မရတဲ့ အခြေအနေ သို့မဟုတ် အယ်ထရာစောင်း အဖြေကို မှားယွင်းစေနိုင်တဲ့ အခြေအနေတွေ က ဘာလဲ။
ငြိမ်သက်စွာမနေနိုင်တဲ့ လူနာတွေ၊ အရမ်း ဝ လွန်းတဲ့သူတွေ၊ ရိုက်မယ့်နေရာမှာ ပွင့်ထွက်နေတဲ့အနာ (Open wound) သို့မဟုတ် ပတ်တီးစည်းထားဖို့လိုတဲ့အနာ ရှိတဲ့လူနာတွေ၊ အူထဲမှာ မစင်တွေ၊ လေတွေ (gas)။Barium လိုမျိုး ဓါတ်ပစ္စည်းတွေ ရှိနေရင် အယ်ထရာစောင်း (Ultrasound) ရိုက်လို့မရပါဘူး။
ဒေါက်တာ ယံလင်း။.. Source : http://drmedicine14.weebly.com/412941224153411341234140414541014140410041534152-ultrasound.html

Subscribe to:
Posts (Atom)
-
ဓဇဂ္ဂသုတ် (ပါဠိ + အနက်) ၁။ ယဿာနုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။ ပတိဋ္ဌမဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ၊ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မေ့ဆင်...
-
ဂုဏ်တော် ကွန်ချာ ၁၊ သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊ အရဟန္တံ သိရသာ နမာမိ၊ ပထမော ဝဇီရပါကာရော၊ ...
-
ဆရာလေး၊ ဆရာလှ၊ ဆရာကြီး အဖေ by ဒီဇိုင်း မျိုးဆွေသန်း အဖေဆုံးတာ ၂၀၁၃ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ညက ဆိုတော့ ၄ နှစ်ပြည့်ပြီ။ သားတွေအ...