ရွှေတောင်နန္ဒသူ
မွေ့နန်းရကန် - နိဂုံး
ဂဝံပတေ့ ရသေ့ဆရာ ကျမ်းအလာမူ ကာလကဏ္ဍီ ဂမုန်းနီကတိုး မွှေးမျိုးများစွာ နံ့သာကရမက် ယင်သေဖက်မှာ ထည့်စွက်၍လောင်းတုံ ဆင်မုန်နှစ်ပါး ပြဒါးသံလိုက် ဆေးသိုက်ရှိတိုင်း ဉာဏ်ရိုင်းသည့်ဆရာ မြင်းသီလာထပ်လောင်း ဖယောင်းပျားသွန် စီမံသည်တခြား ရုပ်ထားပုံနှိပ် ကျိတ်လိပ်သေယတြာ ခြေရာမြေကောက် အလျောက်ရုပ်ထွေ နတ်စေနတ်တွန်း စရိတ်များပွန်းအောင် မီးထွန်းအင်းချ တချို့ကသော်လည်း တော်မိကြထင့် တေဇပွင့်ငုံ မြို့ဒဂုံမှာ ကြေးမုံမျက်နှာ မင်းနန္ဒာ၏ ရတနာအသက် သန်လျင်ဘက်မှာ ဖြူညက်နှစ်နှော အိပ်မက်ဇောမျှ မော၍ဟိုက်ပန်း မယ်နွန်းရိုးရိုးကို လူကိုစင်ထား မိုးသကြားမှ ဖျားလုဖျားချင် မြင်တိုင်းချစ်လို့ မေတ္တာဝင်သည် မိန်းမတွင်ဂုဏ်ထင်သည့် ယဉ်ခေါင်ကြူးလေ ။
Subscribe to:
Post Comments (Atom)
-
ကြာနီကန်ဆရာတော် ဦးဇဋိလ ၊ သာမညတောင်ဆရာတော် အမြဲရွတ်ဖတ် ပူဇော်တော်မူသော အောင်ခြင်းရှစ်ပါးဂါထာတော် ပါဠိ နိဿယ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စ...
-
အောင်ခြင်းရှစ်ပါး ဂါထာ မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂ...
-
အပြင်အောင်ခြင်းရှစ်ပါး ပါဠိ နှင့် မြန်မာပြန် ( အပြင်အောင်ခြင်းရှစ်ပါး ပါဠိ နှင့် မြန်မာပြန် ) ၁။ မာရ်နတ်သားကို အောင်မြင်ခြင်း ဗာဟုံသဟဿမ...
No comments:
Post a Comment