Friday, June 13, 2025

အောင်တော်မူ ဘုရားရှိခိုး ဂါထာ

ပွဲတိုင်းအောင် ဂါထာ(အမှတ်စဉ် ၈) ဒေဝါနံ နန္ဒနော ဒေဝေါ ဒေ၀ ဒေ၀ န နန္ဒိနော။ ဝေဒ ဒိနေန ဝေဒေန ဝေဒိ ဝေဒေန ဝေဒိနော။ ဧတေနသစ္စဝဇ္ဇေန ဟော တုမေ ဇယျမင်္ဂလံ။ အနက် နတ်တို့၏ နှစ်သက် မြတ်နိုးရာဖြစ်သော၊သိကြားမင်းသည် ငါတို့၏ နတ်ထက်၊ နတ်တစ်ပါး မြတ်ဘုရား၌၊ မနှစ်သက်ပြီ၊ အဘယ်ကြောင့်နည်း၊သိကြားမင်းမှာ၊ပညာ၏အားနည်းခြင်းကြောင့်သာ တည်း။ ထိုမှတပါး၊ ပညာရှိ ရှင်တော်မြတ်ဘုရား၏၊ ပညာအစွမ်းကြောင့်၊ စွမ်းပကားကို ထင်ရှား သိခဲ့လေပြီ၊ ဤသစ္စာစကားကြောင့်၊ငါ့အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။ အောင်တော်မူ ဘုရားရှိခိုး ဂါထာ ဥုံ နမော တေ ဝိဇေတုံ မေ ဇယတော ဒဒတော ဇယံ၊ နဋ္ဌထမ္ဘံ သဗ္ဗသန္တံ ကရမေ ဇယမင်္ဂလံ။ ဥုံ-အန္တရာယ်ကင်း, ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ကာ မယှဉ်သာအောင်, မင်္ဂလာကြီး ဖြစ်ပါစေသတည်း။ နဋ္ဌထမ္ဘံ ထောက်ပံ့မည့်သူ့ ကူညီမည့်နတ်, ရံပတ်ဝဲယာ, ဗြဟ္မာလည်း မရှိပါပဲ၊ သဗ္ဗသန္တံ-ကိုယ်နေရှိန်မပျက်, တသိန်ထွက်ဖို့ ငြိမ်သက် ဖွေးဖြူ, အေးအေးလူသာလျှင်၊ ဇယတော -ပါရမီစက်ဟုန့် လက်နက်စုံဖြင့်, ချက်ကုန်မလွဲ ပွဲတိုင်းမရှောင်, နွှဲတိုင်းပင် အောင်တော်မူထသော၊ ဇယံ ဒဒတော-အောင်ရာ စည်းကမ်း, အောင်နည်းလမ်း၌ မှီးငြမ်းမလစ်, အသစ်အဆန်း တစ်ဂဏန်းက, မှန်းဆ၍မျှော်, အောင်ပန်း ရအောင်လည်း လမ်းပြပေးသနားတော် မူထသော၊ တေ (တဝ) - မကိုဋ်ရောင်လျှံ .. ဥသျှောင်ပျံမှာ, အောင်လံစွင့်စွင့်, လွှင့်တလူလူ့, အောင်တော်မူ အရှင်မြတ်ဘုရား ၊ မေ(မမ )-မအောင်သေးခင်, အောင်ကြွေး တင်၍ အောင်မြင်ရန်မျှော် တပည့်တော်၏၊ ဝိဇေတုံ- မရှောင်ခပင်း, အခေါင်နင်း၍ အောင်ခြင်းကြီး အောင်ပါစေခြင်း အကျိုးငှာ၊ နမော- အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးစုံ မှန်းဆ၍ တမ်းတ ရှိခိုးပါ၏ အရှင်ဘုရား။ မေ (မမ) - မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် တပည့်တော်အား၊ ဇယမင်္ဂလံ-အောင်ရန်အတိတ် အောင်နိမိတ်ဖြင့် အောင်ဘိသိက်သွင်း, အောင်ဟိတ် ကျင်း၍, အောင်ခြင်းဆင့်ကာ, မင်္ဂလာကို၊ ကရ-သပြေအနု, ငွေခရုဖြင့်, ဇေယျတုပုံ မေရုတုန်အောင် အဖုံဖုံ အပူအေးဖို့ ပြုပေးတော်မူပါ့ အောင်တော်မူ အရှင်မြတ်ကြီး ဘုရား
ဥုံ တာပုန္န ဂမ္ဘိ မာတာတေ ကတွာဟေတွာ ဗလံ ဝိဇ္ဇာရိယာ ပုတ္တံ သုခေနစ။

No comments:

Post a Comment