ပွဲတိုင်းအောင် ဂါထာ(အမှတ်စဉ် ၈)
ဒေဝါနံ နန္ဒနော ဒေဝေါ
ဒေ၀ ဒေ၀ န နန္ဒိနော။
ဝေဒ ဒိနေန ဝေဒေန
ဝေဒိ ဝေဒေန ဝေဒိနော။
ဧတေနသစ္စဝဇ္ဇေန ဟော တုမေ ဇယျမင်္ဂလံ။
အနက်
နတ်တို့၏ နှစ်သက် မြတ်နိုးရာဖြစ်သော၊သိကြားမင်းသည်
ငါတို့၏ နတ်ထက်၊ နတ်တစ်ပါး မြတ်ဘုရား၌၊ မနှစ်သက်ပြီ၊
အဘယ်ကြောင့်နည်း၊သိကြားမင်းမှာ၊ပညာ၏အားနည်းခြင်းကြောင့်သာ တည်း။
ထိုမှတပါး၊ ပညာရှိ ရှင်တော်မြတ်ဘုရား၏၊
ပညာအစွမ်းကြောင့်၊ စွမ်းပကားကို ထင်ရှား သိခဲ့လေပြီ၊
ဤသစ္စာစကားကြောင့်၊ငါ့အား အောင်ခြင်းမင်္ဂလာသည်
ဖြစ်ပါစေသတည်း။
အောင်တော်မူ ဘုရားရှိခိုး ဂါထာ
ဥုံ နမော တေ ဝိဇေတုံ မေ
ဇယတော ဒဒတော ဇယံ၊
နဋ္ဌထမ္ဘံ သဗ္ဗသန္တံ
ကရမေ ဇယမင်္ဂလံ။
ဥုံ-အန္တရာယ်ကင်း, ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ကာ မယှဉ်သာအောင်,
မင်္ဂလာကြီး ဖြစ်ပါစေသတည်း။
နဋ္ဌထမ္ဘံ ထောက်ပံ့မည့်သူ့ ကူညီမည့်နတ်, ရံပတ်ဝဲယာ, ဗြဟ္မာလည်း မရှိပါပဲ၊
သဗ္ဗသန္တံ-ကိုယ်နေရှိန်မပျက်, တသိန်ထွက်ဖို့ ငြိမ်သက် ဖွေးဖြူ, အေးအေးလူသာလျှင်၊
ဇယတော -ပါရမီစက်ဟုန့် လက်နက်စုံဖြင့်, ချက်ကုန်မလွဲ ပွဲတိုင်းမရှောင်, နွှဲတိုင်းပင် အောင်တော်မူထသော၊
ဇယံ ဒဒတော-အောင်ရာ စည်းကမ်း, အောင်နည်းလမ်း၌ မှီးငြမ်းမလစ်, အသစ်အဆန်း တစ်ဂဏန်းက,
မှန်းဆ၍မျှော်, အောင်ပန်း ရအောင်လည်း လမ်းပြပေးသနားတော် မူထသော၊
တေ (တဝ) - မကိုဋ်ရောင်လျှံ .. ဥသျှောင်ပျံမှာ, အောင်လံစွင့်စွင့်, လွှင့်တလူလူ့, အောင်တော်မူ အရှင်မြတ်ဘုရား ၊
မေ(မမ )-မအောင်သေးခင်, အောင်ကြွေး တင်၍ အောင်မြင်ရန်မျှော် တပည့်တော်၏၊
ဝိဇေတုံ- မရှောင်ခပင်း, အခေါင်နင်း၍ အောင်ခြင်းကြီး အောင်ပါစေခြင်း အကျိုးငှာ၊
နမော- အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးစုံ မှန်းဆ၍ တမ်းတ ရှိခိုးပါ၏ အရှင်ဘုရား။
မေ (မမ) - မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် တပည့်တော်အား၊
ဇယမင်္ဂလံ-အောင်ရန်အတိတ် အောင်နိမိတ်ဖြင့် အောင်ဘိသိက်သွင်း, အောင်ဟိတ် ကျင်း၍, အောင်ခြင်းဆင့်ကာ, မင်္ဂလာကို၊
ကရ-သပြေအနု, ငွေခရုဖြင့်, ဇေယျတုပုံ မေရုတုန်အောင် အဖုံဖုံ အပူအေးဖို့ ပြုပေးတော်မူပါ့
အောင်တော်မူ အရှင်မြတ်ကြီး ဘုရား
ဥုံ တာပုန္န ဂမ္ဘိ မာတာတေ ကတွာဟေတွာ ဗလံ ဝိဇ္ဇာရိယာ ပုတ္တံ သုခေနစ။